en
Feedback
Mental Note

Mental Note

Open in Telegram

ကဗျာ မမည်တဲ့ စာတိုပေစတွေပါ

Show more
608
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive

ချစ်ခြင်းမေတ္တာနဲ့မထိုက်တန်သူဆိုတာ တကယ်ရှိတယ် ချစ်သူရည်းစားချစ်ခြင်းမှမဟုတ်ဘူး မိတ်ဆွေသူငယ်ချင်းကြားကမေတ္တာကအစ မထားအပ်တဲ့ လူတန်းစားတရပ်ကသပ်သပ်ရှိတယ် အပယ်ခံထားရတိုင်း ပတ်ဝန်းကျင်မှားတာပါလို့ ကျွန်တော်တော့မမြင်ဘူး လူ့အသိုင်းဝိုင်းမှာဝင်မဆံ့နိုင်တဲ့ ကိစ္စရပ်ဟာ သူကိုယ်တိုင်ဖန်တီးထားတဲ့ ပြဿနာတွေကြောင့်‌ဆိုဘယ်လိုလုပ်မလဲ ငယ်ငယ်က ကျွန်တော်ဖတ်ဖူးတဲ့ ပုံပြင်တစ်ပုဒ်ရှိတယ်။ ရှေးတုန်းက ‌သမားတော်တစ်ယောက်ဟာ တောထဲဆေးပင်တူးရင်း မျောက်တစ်ကောင် ဦးခေါင်းဒဏ်ရာကြီးရနေတာတွေ့လို့ ဂရုဏာဝင်ပြီး ခေါ်ယူဆေးကုသပေးခဲ့တယ်။ သက်သာပြီး ပျောက်ကင်းစပြုတော့ မျောက်တို့သဘာဝအတိုင်း အငြိမ်မနေမှာစိုး၍တကြောင်း သမားတော်ကြီးရဲ့ ရင်သွေးဟာ ငယ်လွန်းသေးတာကြောင့်တကြောင်း ဒီမျောက်ကို ပြန်လွှတ်ခဲ့တယ်။ ဒါပေမဲ့ဒီမျောက်ဟာ ဘယ်လိုနှင်နှင်ကပ်တွယ်ပြီး နေစရာစားစရာမရှိတဲ့အတွက် ငြိမ်ငြိမ်လေး ကျွေးတာစားကာနေပါ့မယ်ဆိုတဲ့ကတိကို ပေးလိုက်တယ်။ (မျောက်ကစကားပြောတတ်သလားဆို ‌ငယ်စဉ်ကပုံပြင်တွေထဲမှာ လူတွေနဲ့တိရိစ္ဆာန်တွေလည်း စကားပြောနိုင်ကြပါတယ်) ဆက်ရရင် ဒီမျောက်နဲ့ကလေးငယ်ကိုထားခဲ့ပြီး ဆေးထွက်ရှာဖို့ကြုံလာပြန်တယ်။ စိတ်မချပေမဲ့ သွားရမှာမို့ ဒီကလေးနားကိုမဆော့ဖို့ အတန်တန်မှာကာ ထွက်သွားခဲ့တယ်။ ဒီဆေးဆရာကြီးပြန်လာတော့ မျောက်ကုတ်ထားတဲ့ဒဏ်ရာတွေနဲ့ ငိုနေတဲ့ကလေးငယ်ကိုတွေ့တော့ ရိုက်ပုတ်ရင်း ထိုမျောက်ကို မောင်းထုတ်လိုက်တယ်တဲ့။ ပုံပြင်ကတော့ ဒါလေးပဲ။ ကလေးငယ်လေးတွေဖတ်ဖို့ ရုပ်ပြနဲ့ထုတ်ထားတာမို့ ရည်ရွယ်ချက်တော့ ကြီးကြီးရှိပုံမပေါ်ပါဘူး။ ဒါပေမဲ့ ဘာသိရသလဲဆိုတော့ မေတ္တာနဲ့မထိုက်တန်လို့ စွန့်ပစ်ခံထားရသူကို ‌လိုတာထက်ပိုတဲ့မေတ္တာထပ်ပေးမိတော့ ကိုယ်လည်းနစ်နာရသလို ထပ်မံစွန့်ပစ်ရတဲ့အတွက် ကောင်းခဲ့သည့်အရာတွေထက် မကောင်းတဲ့လူလို့သာသတ်မှတ်ခံရလိမ့်မယ်။ တူမလေးတစ်ယောက်ရှိတယ် အခုမှမူကြိုတက်ခါစအရွယ်။ ကလေးကမိဘတွေထိန်းသိမ်းမှုကောင်းတာရော စိတ်ရင်းအခံလေးကြောင့်ရော လူတွေကိုစာနာသနားတတ်ပြီး အရွယ်လေး‌နဲ့မလိုက် ကိစ္စတော်တော်များများမှာ သူကစလျော့လေ့ရှိတယ်။ တစ်နေ့သူမူကြိုကပြန်လာတော့ ကိုယ့်နားပြေးလာပြီး သူဒီနေ့ဘယ်သူမှမပေါင်းတဲ့ကောင်မလေးကို မုန့်ဝယ်ကျွေးခဲ့ကြောင်း သိပ်သနားဖို့ကောင်းကြောင်း သူကသူငယ်ချင်းလုပ်ပေးမယ်ဆိုတဲ့အကြောင်း ‌ပြောပြတယ်။ ဒီတော့ကိုယ်လည်းမေးတယ် သူ့ကိုဘာလို့မပေါင်းကြတာလဲ သဲလေးသိလားဆိုတော့ ဟင့်အင်းတဲ့။ ကိုယ်လည်းဘာမှဆက်မပြောတော့ဘဲ သိပ်မကြာဘူးတစ်ပတ်လောက်နေတော့ ကလေးက ဒဏ်ရာရလာတယ် တစ်အိမ်လုံးအသဲနှလုံးလေးဆိုတော့ အကုန်စိတ်ပူတာပေါ့။ ကိုယ်သူ့ကိုအနားလေးအသာခေါ်ရင်းမေးကြည့်တယ်။ ဘယ်သူလုပ်တာလဲသဲလေးဆိုတော့ အဲ့ဒီကလေးမလေးတဲ့။ ဘာကြောင့်လဲကိုယ်မေးတော့ သမီးကသူ့ထက်စာအရင်ပြလို့တဲ့ နောက်ပြီးဟင်းကိုသူမစားတဲ့ဟင်းထည့်လာတာလည်း မကြိုက်ဘူးတဲ့။ ငိုမဲ့မဲ့နဲ့ကလေးငယ်လေးကို စိတ်ဒဏ်ရာမပေးလိုပေမဲ့ ထပ်မမှားအောင် သူငယ်ချင်းတွေသူ့ကိုမပေါင်းတဲ့ အကြောင်းရင်းခုရော သဲလေးသိပြီလားလို့မေးတော့ ခပ်မြန်မြန်လေးခေါင်းငြိမ့်ရှာတယ်။ ကျွန်တော်ပြောပြခဲ့တာတွေက မေတ္တာထားမိရုံပဲရှိသေးတာပါ။ ချစ်မိရင်ပိုဆိုးပါတယ်။ ချစ်ပါတယ်ဆိုပြီး ညှင်းပန်းတတ်တဲ့ အောက်တန်းစားတွေ၊ သူကလွဲရင် ဘယ်သူနဲ့မှ အရောမဝင်စေလိုချုပ်နှောင်တတ်တဲ့ အတ္တသမားတွေ၊ သူ့ဆန္ဒသာသိပြီး တစ်ဖက်ရဲ့စိတ်ကို အလေးမထားတဲ့ တစ်ဘို့ထဲသမားတွေ နောက်ဆုံးကတော့ ကံအကျိုးပေးကြောင့် နာခဲ့ရတဲ့ဘဝကို အကြောင်းပြကာအရာရာမှာ အလျော့ပေးခိုင်း အခွင့်ရေးပေးခိုင်းတဲ့ နစ်နာသူဇာတ်ဖန်တီးသူတွေ ဒီလိုလူတွေနဲ့ချစ်မိရင်တော့ အချိန်မီရုန်းထွက်သင့်ပါတယ်။ တကယ်ပါ မေတ္တာနဲ့မနိုင်တဲ့လူတန်းစားတွေကို ဥပေက္ခာကလွဲဘာမှမပေးသင့်။ #Mental_Note

မနက်က သူငယ်ချင်းတစ်ယောက် သူ့ကောင်လေးနဲ့ ကတောက်ကဆဖြစ်ကာ အိမ်ရောက်လာတယ်။ ဒီတစ်ခါကိစ္စက အတော်ကြီးတဲ့ပုံ ဘာကြောင့်ဒီလိုပြောသလဲဆို သမီးရည်းစားနှစ်ဘက်လုံးက ကိုယ့်သူငယ်ချင်းအရင်းတွေမို့ အကြောင်းသိတွေ။ ပုံမှန်ဆို ကောင်လေးဘက်က လိုက်လာရင်းချော့နေကြ။ ဒီတစ်ခါ သူမတစ်ယောက်ထဲမို့ ကိုယ်မေးကြည့်မိတယ် ဘာဖြစ်သလဲပေါ့။ "ရန်ဖြစ်ရင်းငါစိတ်တိုပြီး သူပတ်နေကျနာရီလေး ခွဲလိုက်မိတယ်"တဲ့။ "ငါအသစ်ဝယ်ပေးမယ်ပြောတာကိုမရဘူး ဒါလေးကို တအားစိတ်ဆိုးနေတယ်"တဲ့။ သူအဲ့လိုပြောနေတဲ့အချိန်မှာပဲ စာကြည့်ခန်းထဲမှာ အဘိုးဟာ ကိုယ့်တစ်သက်လောက်ရှိပြီဖြစ်တဲ့ မှင်ထည့်သုံးရတဲ့ သူ့ဘောပင်လေး ဘယ်သူယူကိုင်မှန်းမသိ ထားတဲ့နေရာမှာမရှိဘဲ ပျောက်သွားလို့ သောင်းကျန်းနေလေရဲ့။ ကိုယ်လည်း စကားစလိုက်တယ် "အဘိုးက သိပ်သဘောကောင်းပြီး သိပ်ကြင်နာတတ်တာ"။ သူဘာမှပြန်မပြောသေးခင်မှာ ဆက်ပြောလိုက်တယ်။ "နောက်ပြီးအဘိုးက အလှူအတန်းရက်ရောသလို ဘယ်သူ့မဆိုကျွေးချင်မွေးချင်ပြီး နှမျောခြင်း၊ ကပ်စေးနဲခြင်း မရှိတာလည်း နင်ရောသိတယ်မလား"ဆိုတော့ ဘာကိုဆိုလိုချင်မှန်းမသိစွာနဲ့ ခေါင်းငြိမ့်တယ်။ တကယ်လည်းအဘိုးဟာ အိမ်လာတဲ့ ဧည့်သည်တိုင်း သူ့မှာရှိသမျှချကျွေးတတ်ပြီး မရှိရင်တောင် သူ့ပင်စင်လစာကလေးနဲ့သွားဝယ်ကျွေးတတ်သူ။ အလှူအတန်းဆိုရင်လည်း ဘယ်တော့မှမငြင်းသလို အပတ်စဉ်ဆွမ်းလောင်းတာ၊ အဖိတ်၊ဥပုဿ်တိုင်း မယ်သီလရှင်တွေကို ‌ဆွမ်းဆန်စိမ်းလောင်းတာ သူ့ဝင်ငွေအနည်းငယ်လေးနဲ့လုပ်နေကြပင်။ အခုအဘိုးဒေါသထွက်နေတယ် ဘာလို့လဲနင်သိလားလို့မေးတော့ နားမလည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ခေါင်းခါတယ်။ အဘိုးငယ်ငယ်က အဖေလိုချစ်ခင်ရတဲ့ ဆရာဆီက ဆုရထားတဲ့ ဘောပင်လေးပျောက်သွားလို့လေ။ ဒီဘောပင်လေးဟာ ငါ့တစ်သက်လောက်ရှိပြီ တခြားလူတွေအတွက် တန်ကြေးမရှိပေမဲ့ သူ့အတွက်တော့ အဖိုးမဖြတ်နိုင်ရာပဲ။ ဒီဟောင်းနွမ်းနေတဲ့ ဘောပင်လေးမှလာနှမျောနေတယ်လို့ ငါတို့ပြောလို့မရဘူး။ ဘာလို့ဆိုသူတန်ဖိုးထားတဲ့အရာမို့လေ။ ကိုယ်ဒီလိုပြောတော့ ဘာကိုဆိုလိုချင်လည်း အနည်းငယ်သဘောပေါက်လာသယောင် ခပ်တွေတွေမျက်ဝန်းတွေနဲ့ ပြန်ကြည့်တယ်။ ကိုယ်လည်း ပြောချင်တဲ့အကြောင်းအရာကို ရောက်ရှိလာပြီမို့ သူ့မျက်နှာကိုစေ့စေ့ကြည့်ရင်း ဆက်ပြောလိုက်တယ်။ "ဒီမှာ သူငယ်ချင်း လူတိုင်းမှာ အထိမခံနိုင်တဲ့အပိုင်း သည်းမခံနိုင်တဲ့အခြေအနေဆိုတာ ရှိကြတယ် တစ်ယောက်နဲ့တစ်ယောက်မတူညီပေမဲ့ပေါ့။ ဒါကိုသွားထိပြီး ဒီလောက်ဖြစ်ရသလားဆိုပြီး သွားပြောလို့မရဘူး။ ဒါလူတိုင်းမှာရှိနိုင်တဲ့ ခြွင်းချက်ပဲ။ ငါ့မှာလည်းရှိသလို နင့်မှာလည်းရှိမှာပဲမဟုတ်လား။" စိတ်ရှည်ရှည်နဲ့ရှင်းပြချက်အဆုံးမှာတော့ အတော်လေး သဘောပေါက်လက်ခံသွားတယ်။ "ငါမှားသွားတယ်သူငယ်ချင်းတဲ့ အဲ့နာရီအကြောင်း‌နင်ပြောမှ တွေးမိတာ။ သူ့အဖေမဆုံးခင်က မွေးနေ့လက်ဆောင်ပေးခဲ့တာလို့ပြောဖူးတယ်။ ငါတောင်းပန်ရမယ်ထင်တယ်တဲ့"ရှင်းပြရကျိုးနပ်ပြီမို့ ကျွန်တော်လည်း အပြုံးနဲ့ပဲတုန့်ပြန်လိုက်တယ်။ ကျွန်တော်တို့ဘဝတွေမှာလေ အရာရာကို အလျော့ပေးတဲ့လူတွေဟာ အမြဲမှားနေလို့မဟုတ်ဘူး ဒီဆက်ဆံရေးအပေါ်တန်ဖိုးထားလို့။ အဲ့ဒီလူတွေ ထိလွယ်ရှလွယ်ဖြစ်တဲ့အခါတွေမှာလည်း ကျွန်တော်တို့က ပြန်လည်နားလည်ပေးသင့်တယ်မလား။ ဒီဆက်ဆံရေးတွေတည်မြဲချင်တယ်ဆိုရင်လေ...။ #Mental_Note

"ဦးလေးမောင် မူးနေပြီထင်တယ် ပြန်ပို့လိုက်ပါဦး" ဆိုင်ရှင်ကိုတိုး အသံကြားမှ ပစ္စုပ္ပန်ဆီ သတိပြန်လည်လာရတယ်။ လိုက်ပို့ဖို့ပြင်‌နေတဲ့ ကောင်လေးကို လက်ကာပြရင်း သောက်လက်စ အရက်ခွက်ကို အစသတ်ကာ ပိုက်ဆံလေးတချို့ခုံပေါ်တင်ရင်း ဆိုင်ထဲကထွက်ခဲ့တယ်။ မျက်ရည်မပါတဲ့ ငိုကြွေးမှုတွေကိုတော့ ဘယ်သူမှမမြင်ကောင်းပါရဲ့လေ။ #Mental_Note

"အချစ်ဦးပေမဲ့လည်းလေ ပေါင်းဖို့ကံပါမလာတော့ ကြိုးစားပေမဲ့လည်း အချည်းနှီးပါ" သီချင်းစာသားလေးက နားထဲကကြားရုံလေး ဆိုပေမဲ့ ရင်ထဲလှိုက်ဝင်သွားတာ သိမ့်ခနဲပဲ။ စိတ်ဟာအတိတ်ဆီသို့ပြန်လည်ရင်း.... သူမနာမည်က မိုးနှောင်း။ တစ်ခါကြည့် တစ်သက်မှတ်မိစေမယ့် အလှမျိုး မဆိုသာပေမဲ့ သိပ်ကျက်သရေရှိပြီး ကြည့်ကောင်းတဲ့ အမျိုးသမီးလေးပါပဲ။ ကြောင်လေးတွေ ခွေးလေးတွေကို ချစ်တတ်တယ်။ ပန်းပင်စိုက်ရတာဝါသနာပါပြီး ပန်းမခူးတတ်တဲ့ အမျိုးသမီးလေးရယ်ပေါ့။ ‌ မိုးတွေ ခပ်ကျဲကျဲရွာတဲ့ အခုလိုနေ့တစ်နေ့ပဲ။ ကျွန်တော်တို့စတွေ့ပုံဟာ ထူးထူးခြားခြားမဟုတ်ခဲ့ပါဘူး။ မြို့ပြမှာ ကျောင်းလာတက်ရင်း အဆောင်ကြေးလေးကာမိဖို့ရယ် အတွေ့အကြုံလေးရယ် လိုချင်တာမို့ အလုပ်တစ်ခုကို အင်တာဗျူးသွားဖြေရင်း သူမနဲ့ဆုံခဲ့ရတယ်။ Form ဖြည့်ဖို့ အခက်အခဲဖြစ်နေတဲ့ကျွန်တော့်ကို သူမ အပိုပါတဲ့ ဖောင်တိန်လေး ကမ်းပေးရင်း ကူညီပေးခဲ့တယ်။ ဒါပေမဲ့ ခန့်အပ်မယ့်သူရှိပြီးသား အင်တာဗျူးကို ကျွန်တော်ရောသူမရော မအောင်ခဲ့ပါဘူး ထားပါ။ ကျွန်တော်နဲ့သူမ နောက်တစ်ကြိမ်ဆုံဖြစ်တာက ဘာသာစကားသင်တန်းတစ်ခုမှာ။ ကျွန်တော် သူမကိုနှုတ်ဆက်တော့ ချက်ချင်းမမှတ်မိဘဲ တွေတွေလေးတွေးပြီးမှ ကျွန်တော့်ကိုပြုံးပြတယ်။ နောက်တော့ အဲ့ဒီကစ ကျွန်တော်တို့တတွေ ရင်းနှီးခဲ့ကြတယ်ဆိုပါတော့ဗျာ။ နှောင်းကလေ သိပ်ကြင်နာတတ်ပြီး ချစ်ဖို့ကောင်းတဲ့အမျိုးသမီးလေးဆိုတာ တဖြည်းဖြည်း ပိုသိလာရတယ်။ ခေတ်မီခြင်းတွေထက် ယဉ်ကျေးမှုတွေ ရိုးရာဓလေ့တွေကိုပိုမြတ်နိုးတဲ့ ‌ကောင်မလေး။ သူမ တစ်ခါကပြောဖူးတယ် ဘဝမှာဘာမှထပ်မရရင်တောင် ဘာမှတော့ပျောက်ပျက်မသွားစေလိုဘူးတဲ့။ စာအုပ်တွေကို ချစ်တဲ့ကျွန်တော်တို့ အပတ်စဉ်ပိတ်ရက်တိုင်း စာကြည့်တိုက်မှာ အချိန်ကုန်လေ့ရှိတယ်။ သူမကြိုက်တတ်တဲ့ ကော်ဖီခါးခါးကို ကျွန်တော်ဖျော်ပြီးယူသွားပေးတတ်သလို ကျွန်တော်ကြိုက်တတ်တဲ့ သရေစာမုန့်ကလေးတွေကို သူမကိုယ်တိုင်လုပ်ပြီးလည်း မကြာခနကျွေးတတ်သေးတယ်။ အဲ့ဒီနောက် ကျွန်တော်တို့ အနေနီး အကြိုက်တူတာမို့ စိတ်ချင်းချည်ရင်း မေတ္တာသက်ဝင်ခဲ့ကြပါတယ်။ မင်းခန့်မောင်ဆိုတဲ့ ကျွန်တော့်ကို သူမကမောင်လို့ အမြတ်တနိုးခေါ်သလို သူမကိုလည်း နှောင်းဆိုတဲ့နာမ်စားလေးကို တယုတယခေါ်ခွင့်ရခဲ့တယ်ပေါ့။ နှောင်းဟာ အတော်အသင့်ချမ်းသာပြည့်စုံတဲ့အသိုင်းဝိုင်းကဖြစ်သလို တစ်ဦးတည်းသောသမီးမို့ အတော်လေး အချစ်ခံခဲ့ရပုံပါပဲ။ ဆယ်ကျော်သက်အရွယ်ကလေးမလေးကို ဆယ်ကျော်သက်ရွယ်ကောင်လေးပေးခဲ့တဲ့ချစ်ခြင်းမေတ္တာမှာ ပြီးပြည့်စုံမှုတွေမပါတာမို့ မကြာခနစိတ်အားငယ်ရပါတယ်။ ကျွန်တော်ဟာ အိမ်မှာအကြီးဆုံးသား အဖေနဲ့အမေ့ကိုပြန်ငဲ့ရသလို အငယ်တွေကိုလည်း ပစ်ပယ်ထားလို့မရတဲ့အနေအထားမို့ ကျွန်တော့်ဘက်က သူမအပေါ်ပျက်ကွက်ခဲ့တာတွေ သိပ်များမယ်ထင်ပါတယ်။ ဒါတွေကြောင့်လည်း ကျွန်တော်သူမဘက်က ပေးတဲ့အကြင်နာတွေကိုခံယူဖို့ တစ်ခါတလေ မဝံ့မရဲဖြစ်ရပါတယ်။ နှောင်းနဲ့ မေတ္တာသက်ဝင်တဲ့ကာလတစ်လျောက်မှာ တစ်ခါလေးတောင် မပြည့်စုံတဲ့ ကျွန်တော့်အပေါ် ငြိုငြင်ခြင်းမရှိခဲ့သလို သူမဘက်ကတော့ ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဖြည့်စည်းပေးခဲ့တာပါ။ ကျွန်တော့်ဘက်ကရော နှောင်းအပေါ်မချစ်ခဲ့ဘူးလားလို့ မေးခွန်းထုတ်လာခဲ့ရင် အဲ့ဒီနေ့ရက်တွေမှာ တစ်ခါတစ်ခါဆို နှောင်းမျက်နှာလေး ငေးကြည့်နေရင်း ပိုင်ဆိုင်ရခြင်းကိုကျေးဇူးတင်ပြီး ခွဲခွာရမှာစိုးရိမ်တကြီး မျက်ရည်ကျရသည်ထိ ဆယ်ကျော်သက်အရွယ် ပထမဆုံးကျွန်တော့်အချစ်က လေးနက်ခဲ့ပါတယ်။ ချစ်သူသက်တမ်းသုံးနှစ်ပြည့်တဲ့နေ့မှာ နှောင်းအိမ်ကို ကျွန်တော်ဖိတ်ခေါ်ခံခဲ့ရပါတယ်။ နှောင်းမိဘတွေက တကယ်ကို မထင်မှတ်ထားတဲ့နွေးထွေးမှုပျူငှာမှုတွေနဲ့ ကြိုဆိုပေးကြပါတယ်။ ကျွန်တော်တို့ကိုသဘောတူကြောင်းရယ် စေ့စပ်ပေးပြီး ကျွန်တော်တို့နှစ်ယောက်ကို နိုင်ငံခြားမှာဆက်လက်ပညာသင်စေလိုကြောင်း စကားဖောင်ဖွဲ့ဆိုလာခဲ့ပါတယ်။ ကျွန်တော့်ဘဝအတွက် အပျော်ဆုံးနဲ့ စိတ်အညစ်ဆုံးဆိုတဲ့ခံစားချက်နှစ်ခုကို တပြိုင်နက်ခံစားလိုက်ရတာပါပဲ။ ကျွန်တော့်ဝင်ငွေလေးသာမရှိရင် ကျွန်တော့်ညီလေးညီမလေးတွေ အဆင်ပြေနိုင်ပါ့မလား။ အဖေ့ထီးပြင်ဖိနပ်ချုပ်ဆိုင်ကရတဲ့ ငွေလေးဟာ အမေ့ဆေးဖိုးလုံလောက်ပါ့မလား။ တစ်ဖက်မှာလည်းချစ်ရသူနဲ့ သာယာတဲ့လမ်း တကယ်ကိုဒုက္ခများစေတာပါပဲ။ ကျွန်တော်ဟာမမီတဲ့ပန်းကို ခူးခွင့်ရပြီးခါမှ မပန်ရက်အောင် မတန်တာမို့ ပြန်လှည့်ခဲ့တဲ့ကောင်ပါပဲ။ ကျွန်တော် သူမနဲ့လိုက်ဖို့ကို ရင်နာနာနဲ့ ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒီတုန်းက သူမမျက်ဝန်းမှာလဲ့နေတဲ့ မျက်ရည်တွေကို ကျွန်တော်မမြင်ရက်ပေမဲ့ သုတ်မပေးမိခဲ့ပါဘူး။ ထိုကိစ္စတွေ ဖြစ်ပျက်ပြီးနောက် နှောင်းဟာ ကျွန်တော်ရှိရာမြို့လေးကအပြီးတိုင်ထွက်ခွာသွားခဲ့ပါတယ်။ ကျွန်တော် နှောင်းကို ဘယ်မှာမှထပ်ရှာမရခဲ့သလို ကျွန်တော့်ဆီလည်း နှောင်းနဲ့ပတ်သတ်တဲ့ ဘာသတင်းအစအနမှ သဲ့သဲ့တောင်မကြားရတော့ပါဘူး။ စိတ်နာတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့ဗျာ။ နာကျည်းရတဲ့ရပ်ဝန်း မုန်းတီးရတဲ့ ဒေသက အပြီးတိုင် ပျောက်ကွယ်လိုက်တာမျိုး။

Short noteလေးတွေ Fbက saveရင် မကြည်မှာစိုးလို့ တိုက်ဆိုင်တာလေး saveလို့ရအောင်ပါနော်🤍

photo content
+2

photo content
+9

photo content
+9

🤍
+9
🤍

ကျွန်တော်ရုံးဆင်းသည်ထိမစောင့်နိုင်တော့ အရေးကြီးကိစ္စရှိသည်ဆိုပြီး casual leave တင်ကာ အိမ်ကိုပြန်ဖို့လုပ်သည်။ အပြန်လမ်းတွင် သမီးလေးမွေးပြီးထဲက ခင့်ကိုမပေးဖြစ်တော့တဲ့ ခင်အကြိုက်ဆုံး နှင်းဆီအဖြူတွေကို ဝင်ဝယ်သည်။ နောက်ပြီးသမီးရည်းစားဘဝက တကူးတက ခနခနကျွေးဖြစ်ပေမဲ့ သမီးလေးရထဲက အိမ်စောစောပြန်ချင်သည့် အကြောင်းပြချက်နှင့် မဝယ်ကျွေးဖြစ်တော့တဲ့ ခင်အကြိုက်ဆုံး ညဈေးကဖက်ထုတ်ကိုလမ်းမကြုံပေမဲ့ဝင်ဝယ်လိုက်သည်။ ပြန်ရောက်တော့ ခင်ဟာ အရင်လိုမျက်နှာမကောင်းပေမဲ့ စားပွဲပေါ်မှာချက်ပြီးပြုတ်ပြီးစ ထမင်းဟင်းများကအပြည့်ပင်။ သမီးလေးကိုချီရင်း ပန်းစီးကြီးနှင့်ကျွန်တော့်အား ‌အံ့ဩရိပ်သန်းစွားကြည့်နေသည်။ နောက်မှ ပြန်လာတာစောတယ်နော်တဲ့ ကြားရတယ်ဆိုရုံ အသံလေးဖြင့်ကျွန်တော့်ကို နှုတ်ဆက်သည်။ ကျွန်တော်လည်းလက်ထဲက နှင်းဆီပန်းတွေကိုပေးရင်း "မောင်တောင်းပန်ပါတယ်ခင် မောင်စကားပြောအရမ်းလွန်သွားတယ် မောင့်ကိုခွင့်လွှတ်နိုင်မလားခင်"လို့ အတတ်နိုင်ဆုံးနွေးထွေးစွာပြောလိုက်တယ်။ "ပန်းစီးတွေထိမလိုပါဘူးရှင်ရယ် တောင်းပန်စကားတစ်ခွန်းနဲ့တင် ကျွန်မဘက်ကကျေအေးပြီးသားပါတဲ့" ကဲဗျာ ဘယ်လောက်တောင် ချစ်ဖို့ကောင်းပြီးသိမ်မွေ့တဲ့ အမျိုးသမီးလဲ။ တဆက်တည်း လက်ထဲကဘာတွေလဲလို့ ကျွန်တော်ကိုင်ထားတဲ့ အသားအပြည့်နဲ့ဖက်ထုပ်တွေကို ကြည့်ရင်းမေးလာတယ်။ "ခင်ကြိုက်တဲ့ညဈေးက ဖက်ထုပ်တွေလေ" ဆိုပြီးချိုသာစွာပြန်ဖြေတော့ ခင့်မျက်နှာက စားချင်တာစားရတော့မယ့်ကလေးငယ်လေးလို သိပ်ဝမ်းသာသွားတယ်။ ပူတုန်းစားလိုက်ပါလား ပြောတော့ သမီးလေးသိပ်ပြီးရင်စားလိုက်ပါ့မယ်တဲ့။ ကျွန်တော်လည်း ခင့်လက်ထဲက သမီးလေးကိုညင်သာစွာ ပွေ့ယူရင်း "ဒီညတော့ သမီးလေး အိပ်မှစားတဲ့လူဟာ မောင်ဖြစ်ပါရစေခင် နောက်နောင်လည်း သမီးလေးဝေယျာဝစ္စတွေ အိမ်မှုကိစ္စတွေကို မောင်နိုင်သလောက်ကူပါ့မယ်နော်"ဟု ကျွန်တော်ပြောတော့ ခင်ကလှိုက်လှိုက်လှဲလှဲပြုံးပြရင်း "ခင်လည်းတောင်းပန်ပါတယ် နောက်ပြီးကျေးဇူးတင်ပါတယ်မောင်"တဲ့ ကျွန်တော်လည်းအပြုံးနှင့်တုန့်ပြန်ရင်း သမီးလေးကိုချီကာ အိပ်ခန်းဘက်လျောက်လာခဲ့တယ်။ စိတ်ထဲမှာတော့ ပြောမိတယ် "ခင်နဲ့မောင်အတူကြိုးစားတည်ဆောက်ထားတဲ့ ဒီလိုချစ်စရာကောင်းတဲ့ မိသားစုလေးကို မပြိုလဲအောင်ထိန်းသိမ်းပေးတာနဲ့တင် မောင်က ပိုကျေးဇူးတင်ရတာပါ"..

"မနက်ဖြန် မနက်10နာရီရုံးအရောက်လာခဲ့ပါ သူဇာ သားကိုတော့မခေါ်ခဲ့နဲ့ အလကားကလေး စိတ်မကောင်းဖြစ်နေမယ်" အဖေ့စကားမဆုံးခင်မှာပဲ အမေက "ကျွန်မသိတယ် ဒါပဲမလား ရှင်ပြန်တော့ ကျွန်မအရောက်လာခဲ့မယ်" ဆိုပြီးခပ်ပြတ်ပြတ်ပြန်ပြောတယ်။ အဖေပြောတဲ့ စိတ်ထိခိုက်စေမဲ့ ကိစ္စရပ်ဆိုတာ ကွာရှင်းပြတ်စဲခြင်းဖြစ်ကြောင်း အသက်၁၀နှစ်အရွယ် ကျွန်တော်သဘောပေါက်ပြီးသားပါ။ အဖေနဲ့အမေက ချစ်လို့ကြိုက်လို့ပဲ အမေ့အကို‌ ကျွန်တော့်ဦးကြီးတွေ အဖေ့ မိဘတွေဖြစ်တဲ့ ကျွန်တော့်အဘိုး၊အဘွားတွေ တားတဲ့ကြားက ရအောင်ယူခဲ့ကြသည်ဟု ကျွန်တော်သိတတ်စအရွယ်က ဒေါ်လေးလှကပြောဖူးသည်။ ဒေါ်လေးလှဆိုတာ အမေနဲ့အမျိုးမကင်း ဖြစ်ပြီး အမေတို့လက်ထပ်စဉ်ထဲက အိမ်မှာ ကူဖော်လောင်ဖက်လုပ်ရင်း ကျွန်တော့်ကိုထိန်းကျောင်းပေးခဲ့သူပင်။ အဖေနဲ့အမေဘာကြောင့် မချစ်တော့သလဲ ကျွန်တော်အကြိမ်ကြိမ်စဉ်းစားဖူးသည်။ ကျွန်တော်အမှတ်ရသလောက်က ကျွန်တော့်အသက် လေး၊ငါးနှစ် အရွယ်လောက်ထိ အဖေဟာ အိမ်ပြန်လာတိုင်း အမေ့ဖို့လက်ဆောင် ဒါမှမဟုတ် စားစရာလေးတွေဝယ်လာတတ်ပြီး ကျွန်တော့်အတွက်လည်း ကစားစရာတစ်ခုခုပါလာတတ်သည်။ အမေကလည်း အဖေမရောက်ခင် ထမင်းဘယ်တော့မှမစားတတ် အဖေပြန်လာမှ လက်ဆုံစားရင်း စကားတွေဖောင်ဖွဲ့ရတာကို သဘောကျတတ်သူ။ အဲ့ဒီအချိန်က ကျွန်တော်တို့မိသားစုကလေး ပြိုကွဲလိမ့်မယ်လို့ မတွေးမိခဲ့တာအမှန်ပင်။ ဒီလိုအခြေအနေရောက်သွားခဲ့ရတာ အဖေစီးပွားပျက်သွားတဲ့ အချိန်ကစမည်ထင်သည်။ အဖေစီးပွားရေးလုပ်ရင်း လူလိမ်ခံရသည့်အတွက် ဆုံးရှုံးမှုကြီးကြီးမားမား ခံလိုက်ရတဲ့အပြင် အကြွေးတချို့ပါတင်ခဲ့ရသည်။ အမေလည်း မနေသာတော့ဘဲ ဈေးထွက်ရောင်းရသည်။ အဖေထိုအချိန်ကစ စိတ်ညစ်တဲ့အကြောင်းပြချင်နှင့် ယမကာတချို့ကို မှီဝဲလာခဲ့သည်။ အမေလည်းထိုအချိန်ကစ အလုပ်ပင်ပန်းတယ်ဆိုကာ အဖေနှင့်ထမင်းအတူမစားတော့သလို ကျွန်တော်နှင့်လည်း အ‌ချိန်ပေးမကစားတော့ပေ။ အဖေနှင့်အမေရဲ့ ဆက်ဆံရေး အပ်ကြောင်းဟာ ကုသခြင်းမရှိသည့်အတွက် အချိန်ကြာလေ ပိုမိုအေးဆက်လေဖြစ်ကာ ဒီအခြေအနေထိရောက်ကုန်သည်ထင်သည်။ ကျွန်တော်အဲ့ဒီနေ့က အဖေ့ကို နောက်ဆုံးမြင်ခဲ့ခြင်းဖြစ်သည်။ အချိန်တွေတိုက်စားရင်း ကျွန်‌တော်လည်း ခင်သစ္စာဆိုသည့် အမျိုးသမီးတစ်ဦးနှင့် အကြောင်းပါခဲ့သည်။ ခင့်ကို ကျွန်တော် အကောင်းဆုံးဆိုတာတွေပဲပေးပြီး ကျွန်တော့်သား၊သမီးတွေကိုလည်း ကျွန်တော့်ခံစားချက်မျိုး မသိရှိလေအောင် ကျွန်တော်ထားချင်သည်။ ဒါဟာခင့်ကို လက်ထပ်ဖို့ဆုံးဖြတ်ကတည်းက ချမှတ်ခဲ့တဲ့ ကျွန်တော့်ကတိပင်။ ခင်နှင့်ကျွန်တော် ရန်ဖြစ်သည်က ရှားသည်။ ခင်သည် အိမ်ထောင်မှုတာဝန်ကျေသည့် အမျိုးသမီးကောင်းဖြစ်သလို ကျွန်တော်သည်လည်း အိမ်ထောင်ဦးစီးတာဝန်ကို အတတ်နိုင်ဆုံးကျေပွန်အောင် စွမ်းဆောင်သည်။ ကျွန်တော့် သက်ဦး သမီးလေး မွေးတဲ့ထိ ကျွန်တော်တို့ဘဝတွေဟာ သာယာပျော်ရွှင်ဖွယ်ကောင်းခဲ့သည်။ သို့သော် ကလေးမွေးပြီးနောက် ခင်ဟာယခင်နှင့်မတူတော့ပေ။ သမီးအပေါ် အာရုံစိုက်ရသည့်အကြောင်းပြချက်နှင့် ကျွန်တော့်အား အလေးမထားတော့။ တစ်ခါတလေဆို ထမင်းချိုင့်မပါဘဲရုံးသွားရသည့်နေ့တို့ ရုံးအပြန်စားစရာဘာမှမရှိလို့ ရေသောက်ကာ အိပ်ရသည့်ရက်တို့ပါရှိလာသည်။ ဒီအထိက ကျွန်တော်စိတ်ခုသည်ကလွဲ ဘာမှမပြောသေးပေ။ တစ်ရက်ရုံးတွင် ကျွန်တော့်ဌာနကို ဝန်ထမ်းမလေး အသစ်ရောက်သည်ကစမည်။ ကျွန်တော်ဟာ ရုံးတွင် ဌာနတစ်ခု၏အကြီးအကဲဖြစ်တာမို့ ထိုနေ့ညက ဝန်ထမ်းသစ်ကြိုဆိုပွဲကို ခနဝင်ခဲ့သည်။ နောက်ရက်မနက်တွင် ခင်သည် ပြဿနာစရှာသည် ဒီဝန်ထမ်းမ‌လေးနှင့် တွဲရိုက်ထားသောပုံများကို တခြားရုံးကဝန်ထမ်းများမှ တင်ထားသည်ကိုမြင်သွားခြင်းဖြစ်လိမ့်မည်။ တကယ်ဆို နှစ်ယောက်ထဲတွဲရိုက်ထားသည်မှ မဟုတ်ဘဲ အဖွဲ့လိုက်ပုံကိုတမင်ရစ်နေခြင်းဖြစ်သည်။ ဒီမျှတင်မပြီး ထိုကလေးမရဲ့ accountကိုရော ဖုန်းကိုပါ ကျွန်တော့် ဖုန်းမှ blockထားသည်။ ဒီတစ်ခါတော့ ကျွန်တော်အတော်လေး ဒေါသထွက်သွားသည် တစ်ဖက်မိန်းကလေးကို အားနာရရုံတင်မက ကျွန်တော့် ကိုယ်ကျင့်သိက္ခာကိုပါစော်ကားလာပြီ မဟုတ်ပါလား။ "မင်းဘာသာလှအောင်မနေတော့လို့ စိတ်မလုံခြုံတော့တာ ငါလည်းမတတ်နိုင်ဘူး ငါ့ကိုယ်ရေးကိုယ်တာကို မစွက်ဖက်နဲ့လို့"ပြောရင်း အသင့်ပြင်ပေးထားတဲ့ ထမင်းချိုင့်ပါမယူတော့ဘဲ ဒေါသထွက်စွာရုံးလာခဲ့သည်။ သူမ ငိုကျန်နေခဲ့မည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော်ဒီအခြေအနေဟာ သူဖန်တီးထားသည်မဟုတ်လား။ ကျွန်တော်ဒေါသ‌အနည်းငယ်ပြေသွားတော့ ခင်ဖုန်းဆက်ထားမလား ဖုန်းထုတ်ကြည့်မိသည်။ ကျွန်တော် wallpaper ထားထားသော သမီးလေး၏ချစ်စဖွယ် မျက်နှာလေးကလွဲဘာမှမတွေ့။ တစ်ဆက်ထဲ ကျွန်တော်သမီးလေးကို တွေးမိသွားသည် နှစ်နှစ်အရွယ်ကလေးလေးက ဘာမှသေချာမသိသေးပေမဲ့ သူ့အမေငိုတော့ လိုက်ငိုကာကျန်ခဲ့သည်။ နောက်ထပ်စဉ်းစားမိတာက သမီးလေးမွေးကတည်းက အခုထိ ကျွန်တော်သည် ငွေကြေးကလွဲ ဘာမှတာဝန်မယူခဲ့ နာရီဝက်လောက်ပွေ့ချီခြင်းကလွဲ ‌သမီးလေးအိပ်အောင် ချော့သိပ်ဖူးတာတောင် လက်ချိုးရေလို့ရအောင်နည်းပါးသည်။ ခင့်အပေါ်ကိုသာ တာဝန်အကုန်ပုံအပ်ထားပြီး ဖခင်ဝတ္တရားပျက်ကွက်နေသည်က ကျွန်တော်ပင်ဖြစ်ကြောင်းသိလာသည်။

မောင့်ကိုဒီအကြောင်းသိသိချင်း ဆက်သွယ်ပေမဲ့ မောင့်ဖုန်းဟာအရင်တိုင်း ပိတ်ထားမြဲ။ မေမေ့ကိုပြောပြကာ မောင့်အကြောင်းမေးတော့လည်း မေမေဟာ စကားလမ်းကြောင်းလွှဲတတ်သလို ရေရာတဲ့အဖြေမပေးတတ်။ ဒီလိုနဲ့ကျွန်မ ပြန်ရောက်မှ မောင့်ကိုဘယ်လောက်လွမ်းနေကြောင်းတွေ၊ မောင့်ကို ထပ်ခွဲမသွားတော့ဘူး‌ဆိုတာတွေ ကိုယ်တိုင်ပဲပြောပြဖို့စိတ်ကူးခဲ့ပါတယ်။ ဒီလိုနဲ့ဆက်ရရင် မောင့်အိမ်ကိုရောက်တော့ အိမ်ရှေ့ခုံတန်းလေးမှာထိုင်နေတဲ့ မောင့်မေမေကို ဦးစွာမြင်လိုက်တယ်။ သမီးလေးပြန်ရောက်လာပြီလားဆိုတဲ့ အသံမှာ ဝမ်းသာခြင်းနဲ့ စို့နစ်ခြင်းတွေရောယှက်နေတာ ကျွန်မသတိထားမိပါတယ်။ ခ‌နနေတော့ မောင့်ရဲ့တစ်ဦးတည်းသောအမ မမကြီးထွက်လာပြီး ညီမလေးကတော့ ရောက်ပြီ ဖိုးသားကတော့မစောင့်နိုင်ရှာလို့ထင်ပါတယ် မရှိတော့ဘူးကွဲ့ဆိုပြီး ရှိုက်ကြီးတငင်ငိုတော့တယ်။ ခနနေတော့ ကျွန်မကိုမောင့်အခန်းဆီခေါ်သွားတယ်။ မောင်ဟာ ကျွန်မသွားပြီး တစ်နှစ်အကြာလောက်ကပဲ ဆုံးပါးသွားကြောင်း၊ သူမဆုံးခင် ကျွန်မပြန်မရောက်မချင်း သူ့အခြေအနေကို သ‌တင်းပေးပြီး စိတ်ပူအောင်မလုပ်စေလိုကြောင်းပါမှာသွားတာမို့ မောင့်အိမ်ရော၊ ကျွန်မအိမ်ကပါ မောင်မရှိတော့တဲ့ကိစ္စကို နှုတ်ဆိတ်ထားရကြောင်းဆိုတယ်။ မောင့်အခန်းထဲက သောက်ပြီးသား စီးကရက်‌ဖင်ခံတွေထည့်ထားတဲ့ ပုလင်း‌တော်တော်များများကိုတွေ့တော့ စိတ်အရမ်းညစ်မှ စီးကရက်တစ်လိပ်လောက်‌ သောက်လေ့ရှိတဲ့ မောင်ဟာ ဒီရက်တွေမှာ ဘယ်လောက်တောင် စိတ်ပင်ပန်းနေခဲ့မလဲဆိုတာ အတိုင်းသားမြင်ရပါတယ်။ ကျွန်မအချိန်တော်တော်ကြာကြာထိ ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘဲ မောင့်မမကြီးပြောသမျှလည်း ကြားတစ်ချက်မကြားတစ်ချက်နှင့် မောင်မရှိတော့တဲ့ မောင့်အခန်းလေးထဲက မောင့်အငွေအသက်တွေကိုငေးရင်း အသိစိတ်ရတစ်ချက် လွတ်တစ်ချက်ပါပဲ။ မှန်တင်ခုံပေါ်က မောင်ရဲ့ပြုံးနေတဲ့ဓာတ်ပုံလေးကိုငေးရင်း ပျော့ညံ့လွန်းတဲ့မောင့်ကိုပဲ အပြစ်တင်ရမလား၊ မောင့်ခံစားချက်ကို အလေးမထားခဲ့တဲ့ ကျွန်မကိုယ်ကျွန်မပဲ မုန်းတီးရမလား မတွေးတတ်ပါ။ သေချာတာတော့ ရင်ဘတ်တစ်ခုလုံးရော စိတ်ဝိညာဥ်ထိ ဟာလာဟင်းလင်းဖြစ်သွားပြီး အသိစိတ်ပါမကပ်ချင်တော့တဲ့ထိ လူဟာ ဗလာနတ္တိဖြစ်သွားခြင်းပါပဲ... လက်လွှတ်လိုက်ရမှန်းမသိခဲ့ဘဲ ဆုံးရှုံးသွားခဲ့တဲ့ အဖိုးတန်နှောင်ကြိုးလေးဟာ မောင်ပါပဲ....လူသာရှင်သန်နေခဲ့ရပြီး စိတ်တွေသေသွားတဲ့လူအဖို့ အချစ်ဆိုတာ မောင်တစ်ယောက်အတွက်ကလွဲ ထပ်မဖြစ်လာနိုင်တော့တဲ့ အရာ‌လေးဆိုတာ မောင့်ကိုသိစေချင်ပါသေးရဲ့......

လေဆိပ်ကဆင်း မြန်မာပြည်မြေပြင်ကိုခြေချထဲက ကျွန်မတန်ဖိုးထားမြတ်နိုးရတဲ့ လေထုရဲ့ အငွေ့အသက်ကိုပြန်ရလိုက်တယ်။ တစ်ညနားပြီးမှ ဇာတိပြန်ဖို့ရန်ကုန်က သူငယ်ချင်းကပြောပေမဲ့ ကျွန်မ စောင့်စားမနေနိုင် ရရာကားလက်မှတ်ဖြတ်ပြီး သိပ်လွမ်းနေရတဲ့မြေ၊ သိပ်သတိရနေတဲ့လူတွေ၊ သိပ်ချစ်ရတဲ့မောင် တမ်းတနေရတဲ့အရာအားလုံးရှိတဲ့ ပုဂံကို ပြန်လာခဲ့ပါတယ်။ ညထဲကကားစီးလာခဲ့တော့ မိုးသောက်အာရုံဦး ပုဂံရဲ့အလှဆုံးအချိန်မှာ ဆိုက်ရောက်ခဲ့ပါတယ်။ အိမ်ကိုအကြောင်းကြားမထားလို့ လာကြိုသူမရှိပေမဲ့ ကျွန်မအတွက် စိမ်းသက်မနေတဲ့ ဒီမြေ၊ဒီရေ၊ ဒီလေထု အငွေ့အသက်တွေဟာ တကယ်မပြုံးဘဲမနေနိုင်အောင် အလွမ်းပြေခဲ့ရတာပေါ့။ အိမ်ကိုရောက်တော့ မိဘတွေတင်မက၊ မောင်နှမတွေဆွေမျိုးတွေကပါ အကုန်ပြုံးပျော်ပြီး သုံးနှစ်လောက်ခွဲနေရတဲ့ ကျွန်မကို အလွမ်းသယ်မဆုံးဖြစ်နေကြတာပေါ့။ ကျွန်မလည်း အကုန်လုံးနဲ့နှုတ်ဆက်စကားပြောပြီးတာနဲ့ မေမေ့ကို မောင့်အကြောင်းမေးမိတယ်။ မေမေက မျက်နှာမကောင်း သမီးအရင်နားလိုက်ပါဦးတဲ့။ ကျွန်မ မနားနိုင် မောင်နေမကောင်းလို့လား၊ ဒါမှမဟုတ် အိမ်ထောင်ရပ်သား‌တွေဘာတွေများ... အို မဖြစ်နိုင်တာ မောင်က ကျွန်မကလွဲဘယ်မိန်းကလေးမှ မပတ်သတ်၊အရောမဝင်တာ ကျွန်မ အသိဆုံးပါ။ လောကမှာ စိတ်လုံခြုံမှုအပေးဆုံးနဲ့ စိတ်အချရဆုံး ယောင်္ကျားဟာ မောင်ပဲမလား။ ရေမိုးချိုးပြီးတာနဲ့ မောင်နဲ့မောင့်မေမေရယ် မောင့်မမကြီးရယ်အတွက် ဝယ်လာခဲ့တဲ့လက်ဆောင်လေးတွေကို စနစ်တကျထည့်ပြီး မောင်တို့ ခြံရှိရာ ကံကော်လမ်းဘက်ကို အထက်တန်းကျောင်းတက်စဥ်က ကျွန်‌မကို မောင်အမြဲတင်စီးတတ်တဲ့ စက်ဘီးလေး နင်းရင်း ခပ်သုတ်သုတ်ထွက်လာခဲ့တယ်။ မောင်နဲ့ကျွန်မဟာ ပုဂံဇာတိကဖြစ်သလို ငယ်စဉ်ထဲက နှစ်ဖက်မိဘတွေဟာ သိပ်ခင်မင်ရင်းနှီးတာမို့ ကျောင်းနေဖက်၊ ကစားဖက်၊ အားကိုးရာအားကိုးဖက်အဖြစ် အပြန်အလှန် ဆယ်စုနှစ်နှစ်ခုစာလောက်ထိ အတူရှိခဲ့ကြတယ်ပြောရမယ်။ မောင်ဟာ ကျွန်မနဲ့အမြဲအတူရှိတတ်ပြီး ကလေးဘဝ သံယောစဉ် ဖြူစင်ချိန်ကစ မေတ္တာမျှချိန်ထိ ကျွန်မအလိုရှိတာကို မောင်အမြဲ အလျော့ပေးလိုက်လျောခဲ့တာချည်းပင်။ ‌ဒီလို အချိန်အကြာကြီးအတူရှိပြီး တစ်ယောက်ကို တစ်ယောက် သိပ်တန်ဖိုးထားမြတ်နိုးကြပေမဲ့ မောင်နဲ့ကျွန်မဟာ စိတ်သဘောထားချင်းရော၊ ဘဝနေထိုင်မှုပုံစံရော၊ အနာဂတ်ရည်မှန်းချက်ရော ဘာတစ်ခုမှမတူညီခဲ့။ မောင်ဟာငယ်စဉ်ထဲက ခပ်အေးအေးနေတတ်သူ ဘဝကိုပြဿနာတွေ၊ စိန်ခေါ်မှုတွေထက် ငြိမ်းအေးသာယာစွာ အပူပင်နည်းစွာဖြတ်သန်းလိုသူ၊ ချစ်ရတဲ့လူတွေအတွက်ဆို ဘာမဆိုလုပ်ပေးနိုင်သလို၊ အနာဂတ်ကိုလည်း အများကြီးသိပ်မတွေးတတ်။ ကျွန်မက မောင်နဲ့ပြောင်းပြန် စိန်ခေါ်မှုတွေကို သဘောကျသလို၊ ကြုံလာနဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်ဖြတ်သန်းလိုက်ချင်တယ်။ နယ်မြို့လေးက မိန်းကလေးဟာ တချိန်မှာ နိုင်ငံရပ်ခြားကပညာတတ်တွေနဲ့ ရင်ဘောင်တန်းလုပ်ကိုင်နိုင်ရမယ်ဆိုတဲ့ အနာဂတ်စိတ်ကူးတစ်ခုလည်း ကျွန်မမှာ အမြဲရှိတယ်။ မောင့်ကိုအနာဂတ်အကြောင်းပြောတဲ့အခါ မောင်ဟာမသိမသာလေး မျက်နှာညိုးလေ့ရှိပြီး မေ့အနာဂတ်မှာမောင်ပါမနေဘူးလားလို့ မေးခွန်းထုတ်လေ့ရှိတယ်။ ဒီလိုအချိန်တိုင်း မောင့်လက်လေး‌ဆုပ်ကိုင်ရင်း ဖြစ်ချင်တာတွေဖြစ်လာဖို့က မေ့အနောက်မှာမောင်က support နေဖို့လိုတာပေါ့။ ဘယ်ချိန်မဆို မောင်ရှိနေမှ မေကပျော်တာဆိုပြီး ပြန်ဖြေလေ့ရှိတယ်။ ဘဝကြီးဟာ နှုတ်ကတိတွေ၊ သာယာနာပျော်ဖွယ်စကားတွေထက် လက်တွေ့ဆန်တာပဲမလား။ ကျွန်မကျောင်းပြီးလို့နိုင်ငံခြားသွားဖို့ ပြင်ဆင်ချိန်ကစ မောင်နဲ့အဆင်မပြေစဖြစ်လာပါတယ်။ မောင်နဲ့ကျွန်မတစ်ရက်လေးတောင် မတွေ့ဘဲမနေဖူးတာမို့ မောင်ကမနေနိုင်ကြောင်းနဲ့မသွားဖို့တားတယ်။ ကျွန်မအတွက်လည်း ဘဝရဲ့အိမ်မက်ဆန္ဒဖြစ်သလို တိုးတက်ရာတိုးတက်ကြောင်း အခွင့်လမ်းဖြစ်နေတာမို့ ဘယ်လိုမှလက်မလွှတ်နိုင်။ အဲ့လိုကနေ ကတောက်ကဆဖြစ်ရင်း ကျွန်မသွားဖို့တစ်ပတ်အလိုမှာ မောင်ကကျွန်မဆီမလာတော့ပါ။ ကျွန်မလည်း ရေခြားမြေခြားနှစ်ချီသွားရမှာမို့ ပြင်ဆင်စရာတွေများနေတာနဲ့ မောင့်ကိုအချိန်ပေးမချော့ဖြစ်ဘဲ သွားမယ့်နေ့မှ မောင့်မေမေကို ကန်တော့ရင်း မောင့်ကိုဝင်တွေ့တော့ မောင်ဟာစိတ်ဆိုးနေတုန်းမို့ ထင်ပါရဲ့ ကျွန်မကိုထွက်မတွေ့။ မောင်နဲ့အတိုက်ခံလုပ်ကာ ရွေးချယ်ခဲ့တဲ့လမ်းဆိုပေမဲ့ ကျွန်မမိသားစုကရော မောင့်မိသားစုကပါ ကျွန်မကိုအားပေးပြီး အစဆုံးပံ့ပိုးပေးခဲ့ကြတာပါ။ ကျွန်မဟိုကိုရောက်ပြီး အချိန်ရရင်ရသလို ကျန်ရစ်ခဲ့တဲ့ချစ်ရသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ မောင်ကတော့ ကျွန်မရဲ့မည်သို့ဆက်သွယ်မှုကိုမဆို လက်မခံခဲ့တာမို့ မေမေကတဆင့်ပဲ မောင်နေကောင်းကျန်းမာရဲ့လား အဆင်ပြေရဲ့လားမေးမြန်းခဲ့ရတယ်။ အချိန်ဆိုတာ စိတ်ရောကိုယ်ပါမအားလပ်တဲ့အခါ အကုန်မြန်တယ်ထင်ပါတယ်။ သုံးနှစ်ဆိုတဲ့အချိန်ဟာ ဒီလိုနဲ့ပြီးသွားခဲ့ပြီး မြန်မာပြည်က international company တစ်ခုမှာ ရာထူးကြီးကြီးနဲ့ ကမ်းလှမ်းခြင်းခံရတာမို့ ကျွန်မသိပ်လွမ်းနေတဲ့ အရာတွေအားလုံးရှိတဲ့ မြေကို ပြန်ဖို့အကြောင်းဖန်လာခဲ့တာပေါ့။

စိတ်ရော ကိုယ်ပါ နီးကပ်ချင်တဲ့ ခံစားချက်ကို မေတ္တာလို့ခေါ်ပါတယ် မဆိုင်နိုင် မပိုင်နိုင်ခဲ့ရင်တောင် မေတ္တာမပျက်ခဲ့ခြင်းကိုတော့ အချစ်စစ်လို့မည်ပါတယ် တစ်စုံတစ်ယောက်ပေါ်လည်း ထိုကဲ့သို့ မျှော်လင့်ခြင်းကင်းမဲ့စွာ အဆုံးစမဲ့ မေတ္တာသက်ဝင်ရပါတယ်။ #Mental_Note

မနေ့ကပဲ သူနဲ့ လမ်းခွဲခဲ့ကြတယ် အကြောင်းအရာတွေက ရေရေရာရာမရှိဘဲ အမြင်မတူတာကြောင့်လား အချိန်ကြာလာတာမို့လားတော့မသိဘူး ပြဿနာတွေဟာ အမြဲလိုလိုဖြစ်ခဲ့တာမို့ လက်တွဲဖြုတ်ဖို့ ကြိုးစားခဲ့ကြတာပါ။ နှစ်ယောက်လုံး ပင်ပန်းနေပြီမို့ နှစ်ဦးသဘောတူ ပြတ်ဆဲခဲ့ကြတယ်ပေါ့ ။ အပြန်လမ်းမှာလည်း သက်ပြင်းချသံကလွဲပြီး ဘာစကားသံမှ မကြားဖြစ်ပဲ တိတ်ဆိတ်စွာနဲ့ သူအိမ်ပြန်ပို့ပေးခဲ့တယ်။ အခန်းထဲက သူနဲ့ပတ်သတ်တဲ့အမှတ်တရတွေကို ရှင်းလင်းရင်း အတိတ်ကိုတရေးရေးပြန်ထင်ဟတ်မိတယ်.... သူနဲ့ချစ်သူဖြစ်ခဲ့တာဟာ သူငယ်ချင်း သံယောဇဥ်ကစခဲ့တာမို့ ထွေထွေထူးထူးတော့ ရင်ခုန်စရာမရှိခဲ့ဘူး။ ချစ်သူဖြစ်ခါစကတော့ သိပ်ကိုပျော်ဖို့ကောင်းခဲ့ပါတယ်။ပျော်ပျော်နေတတ်တဲ့သူကပဲ ကိုယ့်ကိုတမျိုးပြီးတမျိုး အပျော်တွေပေးခဲ့တယ်။ သူငယ်ချင်းအားလုံးပါမက ပတ်ဝန်းကျင်ကပါ အားကျရတဲ့ ဆက်ဆံရေးတစ်ခုဖန်တီးနိုင်ခဲ့တာပေါ့ ။ သူငယ်ချင်းဘဝက မသိသာပေမဲ့ နှစ်ယောက်တစ်ဘဝဖြစ်လာတဲ့အချိန် အမြင်မတူမှုတွေဟာ တဖြည်းဖြည်း အတားအစီးဖြစ်လာခဲ့တယ်။ သိပ်ကို socialကောင်းလွန်းတဲ့သူဟာ အားလည်းအရမ်းနာတတ်တာမို့ တွေ့သမျှသူတိုင်း အကူညီတောင်းတိုင်း မငြင်းဖဲလုပ်ကိုင်ပေးတတ်တယ်။ ဒါတွေဟာ ချစ်သူ မဖြစ်ခင်က သိပ်ချစ်ဖို့ကောင်းတဲ့ အပြုအမူဆိုပေမဲ့ ချစ်ခဲ့ပြီးနောက် ပြဿနာရဲ့ အရင်းအမြစ်တစ်ခုဖြစ်လာခဲ့တယ်... တစ်ခါကဆို ရည်းစားသက်တမ်း ၁နှစ်ပြည့် ရုပ်ရှင်ကြည့်ဖို့တူတူစောင့်နေတုန်း သူ့ဘော်ဒါတစ်ယောက်က ဖုန်းလှမ်းဆက်ခေါ်လို့ တစ်ယောက်ထဲရုပ်ရှင်ကြည့်ပြီး ပြန်ခဲ့ရတယ် ဒီလိုအဖြစ်အပျက်တွေဟာ အကြိမ်ပေါင်းမနည်း... တစ်ရက်တုန်းကလည်း မတွေ့ဖြစ်တာကြာပြီမို့ လျောက်လည်ဖို့ ကတိပေးခဲ့ပေမဲ့ ချိန်းထားတဲ့နေရာကို သူမရောက်လာနိုင်ခဲ့ဘူး။ အကြောင်းအရင်းက သူ့သူငယ်ချင်း အကူညီတောင်းလို့ လိုက်ပို့ပေးနေရလို့တဲ့ ဒီလိုကိစ္စတွေဖြစ်တိုင်း ပြဿနာတတ်ကြရတယ် သူသမုတ်တဲ့စကားလုံးက လူမှုရေးခေါင်းပါးတယ်တဲ့ ဟုတ်ပါတယ်... ကိုယ်ကအပေါင်းအသင်း ရှားတယ်။ လူအများကြီးကိုလည်း မခင်တွယ်တတ်ဘူး။ သူအမြဲပြောတယ် ပြဿနာမဟုတ်ဖဲ ပြဿနာလုပ်တယ် သူမဟုတ်တာလည်းမလုပ် သစ္စာလည်းရှိရက်နဲ့ သူ့အပေါ်နားလည်မှုမပေးနိုင်ဘူးတဲ့ သူမခံစားမိတာက ချစ်ခြင်းမေတ္တာဟာ မဖောက်ပြန်ရုံနဲ့ ပြည့်စုံနေတာမဟုတ်ဘူး ကိုယ့်မေတ္တာကို တဖက်လူ ခံစားမိစေဖို့ ချစ်ပြ ဂရုစိုက်ပြပြီး ချစ်ခြင်းမေတ္တာကို ထုတ်ပြတတ်ဖို့လည်းလိုအပ်တယ်ဆိုတာကိုပဲ... သူနဲ့ ချစ်သူသက်တမ်း ၅နှစ်ကျော်အတွင်း သိပ်ကိုပင်ပန်းခဲ့ရတယ် ပြဿနာကြီးကြီးမားမားမရှိပေမဲ့လည်း မခေါ်မပြောဖြစ်တာ အကြိမ်ကြိမ်ပါ ၊ ပြဿနာတွေဖြစ်ပြီးတိုင်း ကိုယ်ကဖဲ မနေနိုင်စွာ နားလည်ပေးဖို့ကြိုးစားမိပေမဲ့ သူ့ဗီဇကတော့ ပျောက်ကွယ်မသွားနိုင်ခဲ့...... ပင်ပန်းခက်ခဲလွန်းတဲ့ အချိန်တွေမှာ လက်လွတ်ဖို့စဥ်းစားပေမဲ့ နှစ်တွေချီပြီးတည်ဆောက်ထားတဲ့ ဆက်ဆံရေးကို လက်တွေ့မှာ ဖြတ်ဖို့ကျ ထင်သလောက်မလွယ်ဘူး။ ဘေးပတ်ဝန်းကျင်ရဲ့ အပြောအဆိုတွေလည်းမခံချင်တာမို့ အတတ်နိုင်ဆုံး သည်းခံမြိုသိပ်ခဲ့ရတယ် ။ အဲ့ဒီမြိုသိပ်သည်းခံခြင်းတွေကပဲ စိတ်ကုန်ခြင်းဆီတွန်းပို့ခဲ့တယ်ထင်ပါတယ် ။ မချစ်တော့တာမဟုတ်ပေမဲ့ သူ့ကို အတိအကျ စိတ်ကုန်နေပြီဖြစ်ကြောင်းတဖြေးဖြေးသေချာလာတယ် ။ နောက်ပြီး ဒီ၅နှစ်အတွင်းက ကိုယ့်ပုံစံကိုပြန်မြင်ရင်း သိပ်စိတ်ပျက်လာခဲ့တယ်။ သူလည်း ကိုယ့်လို ခံစားရကောင်းခံစားရနေနိုင်ပါတယ် ။ အမြဲသည်းခံခဲ့တဲ့ကိုယ် သည်းမခံဘဲ ရင်ထဲက အလိုမကျခြင်းတွေကို ထုတ်ပြောမိတဲ့နေ့က သူနဲ့ကိုယ်ရဲ့ ဆက်ဆံရေးနောက်ဆုံးနေ့ပါပဲ ။ ကိုယ့်ဘက်ကပဲ လမ်းခွဲစကားစပြောခဲ့တယ်။ သူ့ဘက်ကလည်း ငြင်းဆန်မှုမရှိ တည်ငြိမ်စွာပဲ လက်ခံပေးခဲ့တယ် ။ထူးထွေပြီး အံ့သြတာမျိုးတော့ မဖြစ်မိပါဘူး လက်တွေတွဲထားရင်း စိတ်ချင်းဝေးနေခဲ့တာ နှစ်အတော်ကြာပြီမဟုတ်လား ။ ခံယူမှုတွေ ခံစားချက်တွေမတူတော့လည်း နောက်ဆုံး ခွဲခွာခြင်းကသာ လွတ်မြောက်ရာဖြစ်ခဲ့တာပါပဲ ။ ကံအကြောင်းတွေဖန်လို့ ထပ်ချစ်ဖြစ်ခဲ့ရင်တော့ ချစ်ခြင်းမေတ္တာကိုသေချာသိပြီး နွေးထွေးတဲ့ ရင်ခွင်တစ်စုံကိုပဲ ပိုင်ဆိုင်လိုတယ် ။သူ့ကိုလည်း မေတ္တာဟာ ထုတ်ပြဖို့လိုကြောင်း ကိုယ့်ကိုသာနားလည်ခိုင်းပြီး တစ်ဖက်သား ခံစားချက်ကို မငဲ့ကြည့်တတ်ရင် တဖြည်းဖြည်းနဲ့ အချစ်ဟာ ပျောက်ကွယ်သွားနိုင်ကြောင်း သေချာ သိစေချင်ပါသေးတယ် ။ #Mental_Note

မျှော်လင့်ချက်က ဘဝမှာ ဘယ်လောက်အရေးကြီးသလဲသိလား။ ကိုယ့်တူမလေး ငယ်ငယ်က သူ့အဖေကို battery နဲ့မောင်းတဲ့‌က‌လေးစီး ဆိုင်ကယ်လေး ပူဆာတော့ ကလေးကိုအန္တရာယ်ဖြစ်မှာက တစ်ကြောင်း၊ တန်ဖိုးကြီးတာကတစ်ကြောင်း၊ အတန်းထဲအဆင့်တစ်ရမှ ဝယ်ပေးမယ်ဆိုပြီး challenge တစ်ခုလုပ်လိုက်တယ်ပေါ့။ ကလေးဟာ အဲ့နေ့ထဲက စာအတော်လုပ်သလို၊ မနက်တွေပါနှိုးစရာမလိုဘဲ ကျောင်းစောစောသွားတာ၊ အိမ်စာတွေ ခိုင်းစရာမလိုဘဲလုပ်တာ စသဖြင့်အတော်လေးပြောင်းလဲလာတယ်။ နောက်စာမေးပွဲကျ သူတကယ်ကြိုးစားတဲ့အတိုင်း အဆင့်တစ်လည်းရခဲ့ပါတယ်။ သူ့အဖေကတော့ ကလေးကို လူကြီးတို့ထုံးစံအတိုင်းဘာမှအသုံးမဝင်တဲ့ ကစားစရာသာသာ ဆိုင်ကယ်ကိုဈေးကြီးပေးဝယ်ပေးမယ့်အစား ကျောင်းသွားရင်စီးလို့ရအောင် ဂျပန်စက်ဘီးတစ်စီးဝယ်ပေးခဲ့ပါတယ်။ ဈေးမကွာသလို အသုံးလည်းဝင်တာမို့ လူကြီးဘက်ကကြည့်ရင်မှန်သလိုထင်ရပေမဲ့ ကလေးမှာကျ မျှော်လင့်ထားသမျှ သဲထဲရေသွန်သလိုပါပဲ။ အဲ့ကလေးက နောက်ပိုင်း သူ့ကိုကတိတောင်းလို့မရတော့သလို ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်ပြောပြီးလည်း လိုချင်တာကိုဖြစ်အောင် တောင်းဆိုလို့မရတော့ပါဘူး။ ကလေးက ဆိုးသွမ်းသွားတာမဟုတ်ပေမဲ့ ကတိဆိုတာကိုတော့ မယုံတော့သလို မျှော်လင့်ရတာလည်း မုန်းသွားတာဖြစ်ပါလိမ့်မယ်။ နောက် အကိုဝမ်းကွဲတစ်ယောက်မှာ လက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့ကောင်မလေးရှိတယ်။ အဲ့အကိုဟာ ပတ်ဝန်းကျင်မှာ social ကောင်းသလို၊ စိတ်ရင်းလည်းကောင်းပြီး ကူညီတတ်တာမို့ လူချစ်လူခင်ပေါတယ်။ သူငယ်ချင်း မျှော်လင့်ချက်ဟာ စိတ်ဖြစ်စဉ်နဲ့တိုက်ရိုက်အချိုးကျတာမို့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့အခါ စိတ်ပါကျိုးကြေသွားတာမျိုးပေါ့