en
Feedback
အချစ်အကြောင်းတွေးရင်း မင်းကိုလွမ်းမယ်

အချစ်အကြောင်းတွေးရင်း မင်းကိုလွမ်းမယ်

Open in Telegram

လွမ်းမယ် ဆွေးမယ် တွေးမယ် ငေးမယ် ဒီလိုနဲ့ပဲအချစ်လို့ခေါင်းစဥ်တပ်လိုက်တာနဲ့မင်းကိုအရင်ဆုံးသတိရပါတယ်

Show more
9 744
Subscribers
+3024 hours
+2207 days
+50430 days
Posts Archive
လောကဓံမှ မိမိအား...... မျိုးစုံ တက်နင်းမှု ဖြစ်ပွား......။ #crd #Nafisah@Feelitsadly

ငွေကြေးအင်အားအရ..... လုံးဝ မရှိတဲ့သူက နည်းနည်းရှိတဲ့သူကို ဦးစားပေးကြတယ်..... နည်းနည်းရှိတဲ့သူက အသင့်အတင့်ရှိတဲ့သူကို ဦးစားပေးကြတယ်..... အသင့်အတင့်ရှိတဲ့သူက ပိုရှိတဲ့သူက ဦးစားပေးကြတယ်...... ပိုရှိတဲ့သူက ပူပင်စရာမလိုတဲ့သူကို ဦးစားပေးကြတယ်..... (ဦးစားပေးတယ်ဆိုတာ....... ‌လူရာ(ဘောင်)သွင်းတာကို ပြောတာနော်) #Nafisah@Feelitsadly

Jealous ဖြစ်နေတယ်တဲ့...... အစ်မရယ်...... လက်ရှိမှာ ကျွန်မက သူ့ရင်ခွင်နဲ့ သူ့အိပ်ရာထဲမှာ...... တရားဝင် ပေါင်းသင်းနေတဲ့ အမျိုးသမီးတစ်ယောက်ပါ...... ကျွန်မကတော့ အစ်မရဲ့ အတွေးထဲရောက်နေတာပေါ့...... အစ်မရဲ့ အတွေးထဲမှာ ပူလောင်နေတာနဲ့ပဲ ကျွန်မ နိုင်‌သွားပြီ..... #Nafisah@Feelitsadly

လူတန်းစားခွဲခြားတာ မရှိတော့ဘူးဆို? #Nafisah@Feelitsadly

အမတို့ အကိုတို့ ညီမလေးတို့ မောင်လေးတို့ရယ် ရှင်တို့ဘာသာ ရည်းစားထားတဲ့အချိန် ကျုပ်တို့ မသိရပါဘူး ရှင်တို့ ပြတ်လည်း ကျုပ်တို့ မသိချင်ပါဘူး ဒါပေမယ့် ပြတ်တော့မှ ရင်လာဖွင့်တယ် နားထောင်ပေးရုံကလွဲရင် ဘယ်သူက ဘယ်သူ့ကိုဖြတ်တာလဲ ထားခဲ့တာလဲ ကျန်ခဲ့ရတာလဲ ကျုပ် မသိချင်ဘူး လာမမဲကြပါနဲ့ လူဆိုတာ အားနေတဲ့အချိန်ရှိသလို မအားတဲ့အချိန်နဲ့ တိုးရင် စိတ်မကြည်တဲ့ အချိန်နဲ့ တိုးရင် ရှင်တို့ကို ကျုပ်ပါးစပ်ကြီးက ပြောမိ ဆိုမိလိမ့်မယ် သတိပေးတာ နှစ်ခါရှိပြီနော် #Nafisah@Feelitsadly

စားချင်တာစား..... ချီးတုံးတော့မစားပါနဲ့ #Nafisah@Feelitsadly

ကျွန်တော့်ကို မငေးဘူးဆိုတာရော..... ကျွန်တော့်လက်ကြောင့် မနွေးဘူးဆို‌တာရော.... ကျွန်တော်သိတယ်.....။ ကိုယ် ချစ်နှစ်သက်တဲ့သူက...... မချစ်မနှစ်သက်တာလည်း..... ဘေးတစ်မျိုးပဲလား......။ ကျွန်တော့်နေရာ ဝင်လာကြည့်.... ခင်ဗျား ပြာဖြစ်သွားလိမ့်မယ်.....။ #crd #ဘုန်းမင်းနွေ #Nafisah@Feelitsadly

ကျုပ်ကို အစ်မတစ်ယောက်အနေနဲ့ တော်ကြည့်လိုက် အကုန်မျက်ရည်နဲ့မျက်ခွက်ပဲ #Nafisah@Feelitsadly
ကျုပ်ကို အစ်မတစ်ယောက်အနေနဲ့ တော်ကြည့်လိုက် အကုန်မျက်ရည်နဲ့မျက်ခွက်ပဲ #Nafisah@Feelitsadly

တခြားလူရဲ့ပါးစပ်မှာ သင်ပုံစံဘယ်နှမျိုးရှိမှန်း သင်မသိသလို သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ သင့်ကို ဘယ်လိုအပုပ်ချခဲ့မှန်းလည်း သင်သိမှာ မဟုတ်ပါဘူး ဒါတွေကို လိုက်ရှင်းပြစရာမလိုပါဘူး သင့်ကိုနားလည်တဲ့သူက သင့်ကိုအမြဲယုံကြည်နေလို့ပါ အရမ်းကြိုက်မိတဲ့စကားတစ်ခွန်းက "သင်သာမျက်စိမကန်းရင် တခြားလူရဲ့ ပါးစပ်ကနေ ကိုယ့်ကိုမသိချင်ပါနဲ့” တဲ့ #crd #Nafisah@Feelitsadly

နမ်းတဲ့အခါ တံတွေးချင်း ဖလှယ်နိုင်ကြပေမဲ့ သွားပွတ်တံတစ်ခုတည်းကို အတူသုံးဖို့ကျတော့ ရွံရှာတတ်ကြပြန်ရော မစင်ထည့်ထားဖူးတဲ့ အူမကြီးကိုတော့ လူတွေစားကြပေမဲ့ မစင်ထည့်ထားဖူးတဲ့ ပန်းကန်ကိုတော့ သန့်စင်အောင်ဆေးကြောထားရင်တောင် ဘယ်သူမှ ပြန်မသုံးရဲကြဘူး ခြေထောက်ဆေးထားတဲ့ရေနဲ့ မျက်နှာသစ်ဖို့ မဖြစ်နိုင်ပေမဲ့ ရေကူးကန်ထဲမှာတော့ မရေမတွက်နိုင်တဲ့ ခြေထောက်တွေနဲ့အတူ ရေကူးနေကြတာပဲလေ ရေပိုက်ခေါင်းကလာတဲ့ရေကို တိုက်ရိုက်သောက်လို့မရပေမဲ့ အဲဒီရေနဲ့ဆေးထားတဲ့ ပန်းသီးကိုတော့ စားလို့ရတယ်လို့ သတ်မှတ်ကြတယ် ပိုက်ဆံဆိုတာ လူပေါင်းသောင်းခြောက်ထောင်ရဲ့ လက်ထဲကနေ ဖြတ်သန်းလာတာဖြစ်ပေမဲ့ ကျွန်တော်တို့အားလုံးကတော့ ရတနာတစ်ခုလို တန်ဖိုးထားနေကြတုန်းပဲ တကယ်တော့ ဒီလောကမှာ လုံးဝဥဿုံသန့်ရှင်းတယ်ဆိုတာ မရှိပါဘူး ကိုယ့်စိတ်က ခွင့်ပြုထားတဲ့ ညစ်ပတ်မှု တွေပဲ ရှိတာပါ #crd #Nafisah@Feelitsadly

ဒီမိန်းမ မင်းကို..... ဘယ်လောက်ချစ်လဲ သိချင်ရင်..... ဘယ်အခြေအနေမျိုးမှာမဆို..... ထွက်သွားလို့ရခဲ့တာတောင်...... ပြန်လှည့်လာခဲ့တဲ့..... ခြေလှမ်းတွေကို သတိရပါ....။ #crd #မယ်ညို #Nafisah@Feelitsadly

ကျုပ်ရဲ့ယောင်္ကျား - မေရယ် ကို့ကို ဘာလို့ ချစ်ရတာလဲ ကျုပ် - ချူစားချင်လို့ #Nafisah@Feelitsadly

Recommend မပေးချင်တဲ့ Sign လေးတွေ ပြောကြပါအုံးအေ. #Nafisah@Feelitsadly

နိုင်တဲ့သူက တရားကြေးဆိုပြီး..... ကျည်ဆန်တွေနဲ့ သမိုင်းရေးဖို့..... မင်းတို့ ကြိုးစားနေတာလား.....။ ဟောဒီ..... ကျောင်းသားမျိုးဆက်ကုန်မှ..... အဲ့ဒီတရားကို မင်းတို့ရမယ်.....။ တရားတဲ့သူသာ နိုင်ကြေးဟေ့.....။ #crd #ကိုဂျင်မီ #Nafisah@Feelitsadly

ကောင်းကင်ဘုံမှာ...... အိပ်မပျော်ချင်ပါဘူး.....။ ဒီလောက..... ဒီမြေကြီးပေါ်မှာပဲ...... နှစ်နှစ်ခြိုက်ခြိုက်ကြီး..... အိပ်ပျော်ချင်ပါတယ်.....။ #crd #မောင်ချောနွယ် #Nafisah@Feelitsadly

အကူအညီလိုရင် ပြောနော်လို့..... ပြောခဲ့ပေမယ့်..... တကယ်တမ်း ကူညီပါအုံးလို့..... ပြောလာခဲ့မှာကို ကျွန်တော်ကြောက်နေမိတယ်......။ ကျွန်တော် မကူညီပေးချင်တာထက်..... သူတို့တောင်းလာမယ့်အကူအညီဟာ..... ကျွန်တော် မကူညီနိုင်တဲ့အနေအထားမှာ ရှိနေမှာ ကြောက်လို့ပါ..... #Nafisah@Feelitsadly

ခေါင်ရမ်းပန်းလေးရဲ့ အဓိပ္ပါယ်က..... နာကျင်နေမှန်းသိရင်တောင်..... မစွန့်လွှတ်ရက်ဘူးတဲ့...... #crd #Nafisah@Feelitsadly

ရထားမှားစီးမိရင် သိသိချင်း အနီးဆုံးဘူတာ မှာ ဆင်းပါ... ဂျပန်မှာ ဆိုရိုးတစ်ခု ရှိပါတယ်။ “ရထားမှားစီးမိရင် သိသိချင်း အနီးဆုံးဘူတာမှာ ဆင်းပါ” တဲ့။ မှားမှန်း သိသိနဲ့ ဆက်စီးလေလေ အပြန်ခရီးက ပိုရှည်လာလေပါပဲ။ (ဒါအပြင်) တချို့အချိန်တွေဆို ရင် နောက်ဆုံးရထားတောင် မမီတော့လို့ အိမ်ပြန်ဖို့ ဈေးကြီးကြီး ပေးပြီး ကားငှားစီးခဲ့ရတာတွေတောင် ဖြစ်တတ်ပါသေးတယ်။ ဒီ လိုပဲ...ချစ်ခြင်းတရားတွေ၊ ဆက်ဆံရေးတွေ၊ ကိုယ် စွဲလမ်းထားတဲ့ အရာတွေလည်း ဒီလိုပဲ ။ ချစ်နေရင်းနဲ့ပဲ စိတ်ပင်ပန်းလာပြီဆိုရင်၊ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးလာပြီဆိုရင်၊ တစ်ခုခု မမှန်တော့ဘူး လို့ သိလာပြီဆိုရင် အမြန်ဆုံး ရပ်တန့်ရဲဖို့ လိုပါတယ်။ မှားတဲ့လမ်း ကို သိသိနဲ့ ဆက်လျှောက်နေမယ်ဆိုရင် ဆုံးရှုံးမှုတွေက ပိုများလာ မယ်။ နာကျင်မှုတွေက ပိုနက်လာမယ်။ နောက်ပြန်လှည့်ဖို့ အချိန်နဲ့ အင်အားတွေပါ ပိုပြီး ကုန်သွားမယ်ဆိုတာ သေချာပါတယ်။ အနီးဆုံးဘူတာမှာ ဆင်းရဲတာက ရှုံးနိမ့်ခြင်း မဟုတ်ပါဘူး။ ကိုယ့်ဘဝ ကို ချစ်တတ်လာခြင်းလို့ မြင်ပါတယ်။ ဘဝသစ်တစ်ခု ပြန်စနိုင်ဖို့နဲ့ နောက်တစ်ခုက ကိုယ်တိုင်ကိုယ့်ကိုယ် ရွေးချယ်လိုက်ခြင်း လည်း ဖြစ်ပါတယ်။ #crd #Nafisah@Feelitsadly

နာမယ်ဆို နာ‌စရာတွေ အများကြီးပေါ့ လူတွေအပေါ်မှာ......။ ဒါပေမယ့်..... ချစ်တဲ့သူတွေ ဖြစ်နေတော့..... ဒီဆက်ဆံရေးလေး ပျက်သွားမှာစိုးလို့သာ..... ဒဏ်ရာကို အနာဖေးမခွာတော့ပဲ..... မှတ်ဉာဏ်ထဲမှာ ဒီတိုင်းပဲ ထားလိုက်ရတယ်......။ ခုနက ပြောခဲ့သလို..... ခွင့်လွှတ်နိုင်လို့ မဟုတ်ပဲ...... အတူဆက်ရှိနေဖို့ကို..... ရွေးချယ်ခဲ့ရုံလေးပါ.....။ အနာဟာ အနာအတိုင်းရှိနေပါတယ်.....။ ဘယ်သူတွေ ဘယ်လိုလုပ်ခဲ့သလဲဆိုတာ...... သေချာပေါက် မှတ်မိနေပါသေးတယ်......။ #crd #Nafisah@Feelitsadly

မင်းကို ရွေးချယ်ခဲ့တာ..... မမှားဘူးလို့..... သက်သေပြခဲ့ချင်ရုံပါ......။ #crd #Nafisah@Feelitsadly