en
Feedback
အချစ်အကြောင်းတွေးရင်း မင်းကိုလွမ်းမယ်

အချစ်အကြောင်းတွေးရင်း မင်းကိုလွမ်းမယ်

Open in Telegram

လွမ်းမယ် ဆွေးမယ် တွေးမယ် ငေးမယ် ဒီလိုနဲ့ပဲအချစ်လို့ခေါင်းစဥ်တပ်လိုက်တာနဲ့မင်းကိုအရင်ဆုံးသတိရပါတယ်

Show more
9 710
Subscribers
+3724 hours
+1977 days
+46430 days
Posts Archive
ဒီစာကို မင်းဖတ်နေရချိန်မှာ ကိုယ်ဟာ မင်းရဲ့ နေ့စဉ်ဘဝတွေထဲကနေ အပြီးအပိုင် ထွက်ခွာသွားခဲ့ပြီ။ တကယ်တော့... နှုတ်ဆက်တယ်ဆိုတဲ့ စကားလုံးကို ကိုယ် အမုန်းဆုံးပဲ။ ဒါပေမဲ့ တစ်ခါတလေကျတော့လည်း ကိုယ် လိုချင်တဲ့အရာထက် ကိုယ် လက်ခံရမယ့် အမှန်တရားက ပိုပြီး အားကောင်းနေတတ်တယ်လေ။ မင်းနဲ့တွေ့ခဲ့ရတဲ့ အချိန်တွေဟာ ကိုယ့်ဘဝရဲ့ အတောက်ပဆုံး အမှတ်တရတွေပါ။ မင်းရဲ့ ရယ်သံလေးတွေ၊ ကိုယ့်ကို ကြည့်တဲ့ မင်းရဲ့ မျက်ဝန်းတွေ၊ ပြီးတော့ ကိုယ်တို့ အတူတူနားထောင်ဖူးတဲ့ သီချင်းလေးတွေ... အားလုံးကို ကိုယ့်နှလုံးသားထဲမှာ အသေအချာ ထုပ်ပိုး သိမ်းဆည်းထားခဲ့ပါတယ်။ ကိုယ်တို့နှစ်ယောက်ကြားမှာ ပြောလက်စ စကားတွေ အများကြီး ကျန်ခဲ့သလို၊ အတူတူ လုပ်ဖို့ ရည်ရွယ်ခဲ့တဲ့ အိပ်မက်တွေလည်း အများကြီး ကျန်နေသေးတယ်နော်။ ဒါပေမဲ့ ကံကြမ္မာက ကိုယ်တို့ကို ဒီမျှပဲ ခွင့်ပြုခဲ့ပုံရပါတယ်။ ကိုယ် မင်းအနားမှာ မရှိတော့တဲ့အခါ... မင်းကိုယ်မင်း ဂရုစိုက်ပါ။ ထမင်းကိုအချိန်မှန်မှန်စားပါ။ ညဘက်တွေ အိပ်ရေးပျက်မခံပါနဲ့။ မငိုပါနဲ့လို့ ကိုယ်မတားတော့ဘူး။ ဝမ်းနည်းရင် ငိုချလိုက်ပါ။ ဒါပေမဲ့ ငိုပြီးရင်တော့ ပြန်ပြုံးနိုင်အောင် ကြိုးစားပေးပါ။ ကိုယ့် ကို လွမ်းနေမယ့်အစား ကိုယ်တို့တူတူရှိခဲ့တဲ့ ပျော်စရာ အချိန်လေးတွေကိုပဲ သတိရပေးပါ။ ကိုယ့်အတွက်တော့ မင်းဟာ အစားထိုးလို့မရတဲ့ "ကမ္ဘာငယ်လေး" တစ်ခု ဖြစ်ခဲ့ရုံတင်မကဘဲ၊ ကိုယ့်ဘဝရဲ့ အလှပဆုံးသော နာကျင်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ကိုယ့်ကို မေ့ပစ်လိုက်ဖို့ မတောင်းဆိုပါဘူး... ဒါပေမဲ့ ကိုယ်မရှိလို့ မင်းရဲ့ ကမ္ဘာကြီး ရပ်တန့်မသွားပါစေနဲ့။ မင်းဟာ ကိုယ်မပါဘဲလည်း တောက်ပနေရမယ့် ကြယ်တစ်ပွင့်ပဲလေ။ ဒီစာဟာ ကိုယ့်ရဲ့ နောက်ဆုံးနှုတ်ဆက်ခြင်း ဖြစ်ပေမဲ့၊ မင်းအပေါ် ထားခဲ့တဲ့ ကိုယ့်ရဲ့ မေတ္တာတွေကတော့ မင်းသွားလေရာ အရိပ်လို လိုက်ပါ စောင့်ရှောက်နေမှာပါ။ ကောင်းကောင်းနေရစ်ပါ... ငါ့ရဲ့ အချစ်ရဆုံးသူလေး။ #Crd #Nafisah@Feelitsadly

လူတစ်ယောက်ဟာ သူမကျေနပ်တဲ့ ကိစ္စတစ်ခုကို ထပ်ခါထပ်ခါ ပြောနေပြီဆိုရင်..." သူ ဇာတ်လမ်းရှာနေတာ မဟုတ်ပါဘူး။ အေးအေးဆေးဆေး ပြီးသွားနိုင်တဲ့ကိစ္စကို တမင်သက်သက် ပုံကြီးချဲ့ပြီး အာရုံနောက်အောင် လုပ်နေတာလည်း မဟုတ်ပါဘူး။ တကယ်တော့... အဲဒီအကြောင်းအရာကြောင့်၊ အဲဒီဖြစ်ရပ်ကြောင့် သူ ဘယ်လောက်အထိ နာကျင်ခံစားနေရတယ်ဆိုတာကို တစ်ဖက်လူကို "သိစေချင်လွန်းလို့" ပါ။ ကျွန်တော်တို့ဟာ ကိုယ် သိပ်မခံစားရတဲ့ကိစ္စဆိုရင် တစ်ခါပြောပြီး မေ့ပစ်လိုက်လို့ ရပါတယ်။ ဒါပေမဲ့ ရင်ဘတ်ထဲအထိ နက်နက်ရှိုင်းရှိုင်း ထိခိုက်သွားတဲ့ ဒဏ်ရာမျိုးကျတော့ လွယ်လွယ်နဲ့ လွှတ်ချဖို့ ခက်ခဲသွားတတ်ပါတယ်။ နှုတ်ကနေ ထပ်ခါထပ်ခါ ထွက်နေမိတယ်ဆိုတာ စိတ်ထဲကနေ အဲဒီအနာတရကို မေ့ဖျောက်လို့မရသေးတဲ့ သဘောပါပဲ။ သူ အဲဒီလို ထပ်ခါထပ်ခါ ပြောနေရတဲ့အထဲမှာ "ငါ့ကို နားလည်ပေးပါ၊ ငါ့ခံစားချက်ကို အသိအမှတ်ပြုပေးပါ၊ ငါ တကယ် စိတ်မကောင်းဖြစ်ရလို့ပါ" ဆိုတဲ့ တောင်းဆိုသံတွေ ကပ်ပါနေတတ်ပါတယ်။ ဒါကို တစ်ဖက်လူက နားမလည်ဘဲ "ပြီးပြီးသားကိစ္စကို ဘာလို့ ခဏခဏ ပြန်ပြောနေတာလဲ" ဆိုပြီး စိတ်ပျက်လက်ပျက် တုံ့ပြန်လိုက်တဲ့အခါ အဲဒီလူမှာ ဒဏ်ရာအပေါ် ဒဏ်ရာဆင့်ပြီး ပိုလို့တောင် အားငယ်သွားရတတ်ပါတယ်။ ချစ်ခြင်းမေတ္တာ၊ ခင်မင်မှုဆိုတာ တစ်ဖက်လူရဲ့ ပျော်ရွှင်မှုကိုတင်မကဘဲ သူ ထပ်ခါထပ်ခါ ညည်းညူနေမိတဲ့ နာကျင်မှုတွေကိုပါ စိတ်ရှည်လက်ရှည်နဲ့ နားထောင်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနားကလူတစ်ယောက်က ကိစ္စတစ်ခုကိုပဲ ထပ်ခါထပ်ခါ လာပြောနေတယ်ဆိုရင် စိတ်မဆိုးပါနဲ့ဦး။ အပြစ်တင်မယ့်အစား သူ့လက်ကို ဆုပ်ကိုင်ပြီး... "နင် တကယ် ခံစားနေရမှာပဲနော်၊ ငါ နားလည်ပါတယ်" ဆိုတဲ့ စကားတစ်ခွန်းလေးနဲ့တင် သူ့ရင်ထဲက အပူတွေ ငြိမ်းအေးသွားနိုင်ပါတယ်...။ #Crd #Nafisah@Feelitsadly

တချို့ relationship တွေက...... မချစ်တော့လို့ လမ်းခွဲကြတာမဟုတ်ဘူး…..။ ချစ်နေသေးပေမယ့်..... တစ်ယောက်နဲ့တစ်ယောက်..... မနာကျင်စေချင်တော့လို့..... လွှတ်ပေးလိုက်ရတာမျိုးတွေရှိတယ်.....။ အစကတော့ “အတူတူဖြတ်သန်းမယ်” ဆိုတဲ့စိတ်နဲ့ စခဲ့ကြပေမယ့်...... နောက်ဆုံးမှာ “ဒီလိုဆက်သွားရင်...... နှစ်ယောက်လုံးပင်ပန်းသွားမယ်” ဆိုတဲ့အတွေးက..... အချစ်ထက်တောင် ကြီးလာတတ်တယ်......။ လမ်းခွဲခြင်းဆိုတာ...... အမြဲတမ်း မုန်းလို့ဖြစ်လာတာမဟုတ်ဘူး......။ #Crd #Nafisah@Feelitsadly

ဆိုးကွက်တွေချည်းပဲ..... ထုတ်ပြခဲ့တာတောင်..... သူက..... "ချစ်တယ်" တဲ့......။ #Nafisah@Feelitsadly

သံသရာ အကွေ့လေးမှာ...... ငါ့ကို စမြင်ပေးခဲ့တာရော..... ဒီမှာ...ဒီမှာပါလို့..... အသံပြုခဲ့တာရောအတွက်..... ကျေးဇူးတင်ပါတယ်ကွယ်.....။ #Crd #ပြည့်စုံဝင်း #Nafisah@Feelitsadly

နေ့ရက်တွေဟာ အဓိပ္ပါယ်ရှိလာတယ်......။ မင်း ရောက်လာပေးခဲ့လို့လား......။ ကိုယ် ရောက်လာပေးခဲ့လို့လား......။ ဒါမှမဟုတ်..... ကိုယ်တို့နှစ်ယောက်လုံး တိုးလာခဲ့လို့လား.....။ တစ်ခုခုပေါ့ အချစ်ရယ်......။ ဆုံတွေ့ခွင့်ရခဲ့လို့ ကျေးဇူးတင်ပါတယ်ကွယ်.....။ ကိုယ့်ဆီ နောက်ကျမှ ဝင်လာခဲ့သော်လည်း...... ကိုယ့်ကိုယ်ကို အကောင်းဆုံးလူလို့...... တွေးထင်မိစေတဲ့အပြင်..... ချစ်ခြင်းမေတ္တာဆိုတာ ဒါပဲ ဆိုပြီး...... သိမ်သိမ်မွေ့မွေ့သင်ပြပေးနေတဲ့...... မင်းကို ငါ တကယ်ကျေးဇူးတင်ပါတယ်.....။ #Crd #လင်းမာအို #Nafisah@Feelitsadly

ကျေးဇူးတင်တာပေါ့အချစ်ရယ်..... ကိုယ့်လို အမြဲအတွေးလွန်တတ်တဲ့သူကို..... မငြိုငြင်ပဲ သည်းခံပြီးချစ်ပေးတာရော.....။ ကိုယ့်အတွက် မအားတဲ့ကြားက အချိန်ပေးတာလေးတွေရော.....။ ကိုယ်စကားဆိုအမြဲ နားထောင်တာလေးရော.....။ ဘယ်လောက်အနိုင်ယူယူ..... အပြစ်မမြင်ပဲချစ်ပေးတာလေးရော.....။ မမြင်ကွယ်ရာ မှာစိတ်ချလို့ရတာလေးရော....။ အရာရာ အသက်ရှုကြပ်ရတဲ့ ကာလကြီးမှာ..... လက်ကလေးဆွဲထားပေးတာရော..... အရာရာအတွက်ကျေးဇူးတင်ရပါတယ်.....။ အချစ်ရယ်.....။ #Crd #Nafisah@Feelitsadly

ငါ့ဘဝထဲကို ရောက်လာပေးလို့..... မင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်.....။ မင်းက ငါကို..... ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာအောင်...... ပြောင်းလဲပေးခဲ့သလို...... စစ်မှန်တွဲ ပျော်ရွှင်မှုဆိုတာ...... ဘာလဲဆိုတာကိုလည်း သိစေခဲ့တယ်.....။ မင်းရဲ့ နားလည်ပေးမှုတွေ..... ကြင်နာမှုတွေနဲ့အချစ်တွေက..... ငါ့အတွက်တော့ အစားထိုးလို့မရတဲ့ အရာတွေပါ.....။ လူတွေက ကံကောင်းခြင်းတွေကို..... နေရာအနှံ့မှာ လိုက်ရှာနေကြပေမယ့်..... ငါ့အတွက်..... ကံကောင်းခြင်းကတော့ မင်းပါပဲ.....။ #Crd #Nafisah@Feelitsadly

တစ်ခုခုအဆင်မပြေတိုင်း..... အားမငယ်ပါနဲ့.....။ စိတ်ဓာတ်မကျပါနဲ့ အချစ်ရယ်......။ ဘယ်သူမှ မင်းဘက်မှာမရှိလည်း...... ကိုယ်အမြဲရှိပါတယ်.....။ တစ်ကမ္ဘာလုံးနဲ့...... မင်းဖြစ်နေရင်တောင်...... မင်းဘက်ကရပ်တည်ပေးဖို့ အသင့်ပါ အချစ်ရယ်.....။ #Crd #Nafisah@Feelitsadly

ချစ်သူကိုတစိမ့်စိမ့်ကြည့်မိရင်း...... ငိုချင်လာတာမျိုး..... အခုတော့ကြုံဖူးပြီ.....။ ဒီလူဟာကိုယ့်အပိုင်မှန်းလဲသိတယ်......။ ကိုယ့်တစ်ယောက်အပေါ်မှာပဲ...... သူ့ရဲ့ရှိရှိသမျှမေတ္တာတွေ...... ပုံအပ်ထားမှန်းသိရက်နဲ့တောင်ငိုချင်လာတာ......။ ဝေးသွားရမှာ ဆွေးသွားရမှာတွေ..... တွေးမိလိုက်ရင် ကြောက်တတ်လာတော့တာပဲ......။ တကယ့်ကိုမဝေးရဲဘူး......။ နီးနီးလေးပဲအမြဲတမ်းနေချင်ပါတယ် အချစ်ရယ်......။ #Crd #Nafisah@Feelitsadly

တံခါးခေါက်မနေနဲ့..... မင်းခြေသံဖွဖွ အလွတ်ရတယ်.....။ ခွင့်လွှတ်ပါတယ် ကလေးရယ်.....။ ရဲရဲဝင်ခဲ့ကွယ်.....။ #Crd #ဆန်းကျော်စွာဝင်း #Nafisah@Feelitsadly

အချစ်ရေ..... အစစ အရာရာ..... အချိုးမညီတဲ့ ကိုယ့်ကို..... စက္ကူစွန်လေးလို..... ခေါက်သိမ်းထားပေးခဲ့လို့..... ကျေးဇူးပါကွယ်.....။ #Crd #Nafisah@Feelitsadly

အချစ်ဦးကပြန်လှည့်ကြည့်လာတဲ့အခါ ဘယ်သူကများတောင့်ခံနိုင်မှာတဲ့လဲ အချစ်ဦးဆိုတာ ပထမဆုံးရည်းစားကိုပြောတာမဟုတ်ဘူး၊ မချစ်တက်သေးတဲ့အချိန် အချစ်ကိုနားမလည်သေးတဲ့အချိန်မှ ပထမဆုံးရင်ခုန်စပြုခဲ့ရတဲ့သူ့တစ်ဦး။ ပါးပြင်လေးကိုနမ်းရှိုက်ခွင့်ရခဲ့တဲ့သူ့တစ်ဦး သေချာပေါက်မြတ်နိုးခဲ့ရပေမယ့် သေချာပေါက်မပိုင်ဆိုင်ခဲ့ရတဲ့သူ့တစ်ဦးပေါ့။ အချစ်ဦးဟာ အချစ်ဦးပါဘဲ ဘယ်လောက်နှစ်တွေကြာကြာ စိတ်ထဲရှိနေကျ နေရာလေးမှ ငြိမ်ငြိမ်လေးရှိနေတုန်းပါပဲ။ #Crd #Nafisah@Feelitsadly

အချစ်ဦးဆိုတဲ့အရာကို..... ဘယ်သူကမှ..... ဦးနှောက်နဲ့ မရွေးချယ်ခဲ့ဘူး.....။ နှလုံးသားနဲ့ပဲ ရွေးချယ်ခဲ့ကြတယ်......။ #Crd #လယ်တွင်းသားစောချစ် #Nafisah@Feelitsadly

အချစ်ဦးဆိုတာ.... ကမ္ဘာဦးအစလိုပဲ.....။ ပြန်သွားလို့မရဘူး.....။ ပြန်တွေးခွင့်ပဲရှိတယ်......။ #Crd #နေကြာဖြူ #Nafisah@Feelitsadly

အချစ်ဦးဆိုတာ..... ငယ်ရွယ်မှုတွေ..... အတူကုန်ဆုံးခဲ့ရတဲ့..... နယ်မြို့လေး တစ်ခုပါပဲ.....။ #Crd #CoffeeVibes #Nafisah@Feelitsadly

မိမိမှာ ကိုကို့ကို အတည်အတံ့ အမှန်တကယ် အချစ်စစ် အချစ်မှန်နဲ့ ချစ်သော်လည်း ကိုကိုမှ "တကယ်ရော ချစ်ရဲ့လား" လို့ လာမေးသောအခါ..... မိမိ - ချူစားချင်လို့ ကိုကို အရင်သေရင် ကိုကိုထားခဲ့တဲ့စည်းစိမ်တွေကို အပိုင်သိမ်းပြီး အမ်းစော်ကြီး လုပ်ချင်လို့ ချစ်ပြတာ #Nafisah@Feelitsadly

ဒီနေ့ 16.06.2026မှာဆိုရင်ဖြင့် ကျွန်မတို့ အက်မင်တို့ရဲ့ အိမ်ထောင်သက် 1နှစ် ပြည့်သွားပြီ ဖြစ်ပါတယ်ရှင့်။ ယောက်ျားရေ ချစ်တယ်.....။ #Nafisah@Feelitsadly

ကိုယ်ပြောဖူးပါတယ်...... မင်းက ကိုယ့်ဘဝရဲ့..... နောက်ဆုံးသော ကောက်ရိုးလေးတစ်မျှင်ဆိုတာ..... #Crd #Nafisah@Feelitsadly

သူ့ဘက်ကကြည့်ရင်.... သူတာ‌ဝန်ကျေခဲ့တာပေါ့လေ.....။ ဒါပေမယ့်..... ကိုယ်မလုံခြုံခဲ့တာ..... သူမှ မသိတာ.....။ #Crd #Nafisah@Feelitsadly