အချစ်အကြောင်းတွေးရင်း မင်းကိုလွမ်းမယ်
Open in Telegram
လွမ်းမယ် ဆွေးမယ် တွေးမယ် ငေးမယ် ဒီလိုနဲ့ပဲအချစ်လို့ခေါင်းစဥ်တပ်လိုက်တာနဲ့မင်းကိုအရင်ဆုံးသတိရပါတယ်
Show more9 710
Subscribers
+3724 hours
+1977 days
+46430 days
Posts Archive
ကျွန်မ ယောက်ျား ရာသီမလာတာ ၂၈နှစ်ရှိနေပြီ
စိုးရိမ်ရလားရှင့်.....။
#Nafisah@Feelitsadly
Argentina Fan ဖြစ်တဲ့ ကိုကို့အား စိတ်ပြေအောင် ချော့နည်း.....
ကိုကိုရယ် ကိုကိုအားပေးတဲ့အသင်းက ဒုတိယ ရသွားပေမယ့် ကိုကိုက မေ့ရဲ့ရင်ထဲမှာတော့ အမြဲ ပထမနေရာမှာပါပဲ.....။
#Nafisah@Feelitsadly
အေးလေ စဉ်းစားမရဘူး ရုပ်လည်း အဲ့လောက်မချောတဲ့ဟာ အရပ်ကလည်း ပုသေးတယ်....
#Nafisah@Feelitsadly
ငါ ချည်ခဲ့သော....
ငါ့ကို ချည်ထားသော.....
အရာခပ်သိမ်းမှ လွတ်မြောက်ပါစေ......
#Crd
#မယ်ညို
#Nafisah@Feelitsadly
အားသာချက် - Problem Solving လုပ်တဲ့နေရာမှာ ဆရာမကြီး
အားနည်းချက် - ကိုယ်ပိုင် Problem တွေကို မဖြေရှင်းတတ်
#Nafisah@Feelitsadly
ပြစ်ထားရင်
အတွေးလွန်တက်မှန်းသူသိတယ်။
ကလေးတယောက်လိုချွဲနေချင်တာလည်းသူသိတယ်။
ဒါကို သိသိရက်နဲ့တစ်ဖက်လူဟာ
ကိုယ့်ရဲ့မေတ္တာတွေကိုလျစ်လျူရှုလာတဲ့အခါ
ဝတ္တရားအရပဲ နေပေးလိုက်တော့တယ်။
သူစကားလာပြောရင်
သူ့စိတ်တိုင်းကျပြောပေးလိုက်တယ်။
သူပစ်ထားတဲ့အခါလည်းကိုယ့်ဟာကိုယ်နေလိုက်တယ်။
#Crd
#Nafisah@Feelitsadly
ကျွန်မ Wattpad မှာ Non-fictional ဝတ္ထုလိုမျိုး ရေးဖို့ စီစဉ်နေတယ်ပေါ့နော်
ဖတ်ချင်ကြလားရှင့်
ချစ်ခြင်းမေတ္တာ ဥပဒေအရ.....
သေမိန့်ကျပြီးသားလူက ငါပါ.....။
#Crd
#ခွန်စဝ်လွန်းနောင် (အဓိပတိလမ်းထက်က မောင့်ခြေရာ)
#Nafisah@Feelitsadly
ကျွန်မကိုလေ ကျွန်မယောက်ျားက ဘာလို့ မကြူးတာလဲဆိုတော့လေ ကြူးစရာတွေက များနေတာ....။
မျက်မှန်အောက်က မျက်ဝန်းလေးဆိုလည်း ကျွန်မနဲ့ တူတယ်။
မျက်လုံးနားက မှဲ့လေးဆိုလည်း ကျွန်မမှာပါတယ်။
နှုတ်ခမ်းနားက မှဲ့ဆိုလည်း ပါတယ်။
လည်ပင်း ပခုံး လက်တွေက မှဲ့ဆိုလည်း ပါတယ်။
ဆံပင်လည်း ကောင်းတယ်။
စိတ်ထားလည်း Perfect
ရုပ်ရည်ကလည်း အပြစ်မရှိ
အသားအရေဆို ညိုညက်ညက်လေး
အရပ်ဆိုလည်း 5'5"
ခြေတံလက်တံလေးကလည်း သွယ်တယ်။
ခန္ဓာကိုယ်ကလည်း Chubby Cutie လေး။
အရာအားလုံးပြည့်စုံနေတော့ ကြူးစရာတွေများပြီး မောနေတော့ မကြူးနိုင်တော့တာ.....။
#Nafisah@Feelitsadly
တာဝန်မယူနိုင်တဲ့ဇာတ်ကို...
မစနဲ့.... မ,ကနဲ့.....။
ဘဝဇာတ်ခုံက.....
မီးစင်ကြည့်ကဖို့.....
ထင်သလောက်မလွယ်ဘူး.....။
#Crd
#နောင်
#Nafisah@Feelitsadly
ကြည့်ချင်တာကြည့်ပြီးနောက် မိမိအခြေအနေ 🫠🫠
#Nafisah@Feelitsadly
ရေစက်ဆိုလည်း.....
မြဲပါစေ.....။
ဝဋ်ကြွေးဆိုလည်း.....
ကြာပါစေ......။
ကျွန်မ သူနဲ့ မခွဲနိုင်ဘူး......။
#Crd
#Nafisah@Feelitsadly
ယောက်ျားမာယာက မန်ကျည်းကိုးပင်ဆိုတာ တကယ်လားဟင်😭😭
#Nafisah@Feelitsadly
တခြားလူက ကိုယ့်ကို.....
ဘယ်လိုပဲ တိုက်ခိုက်ပါစေ.....
ကိုယ့်ရဲ့ တုံ့ပြန်မှုက.....
မှန်ကန်ရမယ်.....။
အဆင့်အတန်းရှိရမယ်.....။
#Crd
#ဒေါ်အောင်ဆန်းစုကြည်
#Nafisah@Feelitsadly
ဘဝမှာ ကိုယ်လိုချင်တာတွေ.....
အားလုံး မရနိုင်ဘူး.....။
စွန့်လွှတ်ရမှာတွေ ရှိတယ်.....။
ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမယ်.....။
#Crd
#ဒေါ်အောင်ဆန်းစုကြည်
#Nafisah@Feelitsadly
အရင်က ဆတ်ဆတ်ထိမခံတဲ့ ကျွန်မက ဘာလို့ ငြိမ်သွားလဲဆိုတော့ ကျွန်မလက်ကိုင်ထားတဲ့ စကားတစ်ခုရှိတယ်။
"When someone says something very harsh to you, think about it in two ways - If that person is important in your life, forget what they said. If they are not important to you, then forget about them."
တစ်စုံတစ်ဦးက သင့်ကို ထိခိုက်နာကျင်စေတဲ့ စကားပြောလာတဲ့အခါ ၂ခုကိုပြန်စဉ်းစားပါတဲ့ ထိုသူဟာ သင့်ဘဝအတွက် အရေးကြီးတဲ့သူလား အဲ့ဒါဆို သူဘာပြောလိုက်လဲဆိုတာ မေ့လိုက်ပါ။ ထိုသူဟာ သင့်အတွက် အရေးမကြီးတဲ့သူဆိုရင်တော့ ထိုသူကိုပါ မေ့လိုက်ပါတဲ့ နာကျင်စေတဲ့စကားတွေ ပြောပါများလာရင်တော့ သူတို့ ပြောတာလည်း မေ့လိုက်တယ်၊ သူတို့ကိုလည်း မေ့လိုက်တယ်။ ကိုယ့်ဟာကိုယ်တောင် ရှုပ်ထွေးပွေလီနေတဲ့ လောကကြီးမှာ အရေးမပါတဲ့အရာတွေကို အရာမပေးတဲ့အခါ အရေးပါတဲ့အရာတွေအတွက် နေရာပို ပေးနိုင်လာပါလိမ့်မယ်......
#Crd
#Nafisah@Feelitsadly
သူတို့အတွက် ဗီလိန်ဖြစ်နေလည်း.....
ကိစ္စမရှိပါဘူး......။
လူတိုင်းကလည်း......
ကိုယ့်ကို မကြိုက်နိုင်သလို......
ကိုယ့်အတွက်လည်း.....
လူတိုင်းက အရေးမပါဘူးလေ.....။
#Crd
#ခင်အောင်
#Nafisah@Feelitsadly
လောကမှာ ရှက်တတ်ဖို့၊ လူ့ကျင့်ဝတ် သိတတ်ဖို့ ဆိုတာတွေက အသိဥာဏ်ရှိဖို့ လိုသေးတယ်။
ဉာဏ်ရည်မြင့်မှသာ ဘယ်အရာက ရှက်စရာ ဘယ်အရာက ရှက်စရာမဟုတ်ဘူးဆိုတာကို သိနိုင်တာ။
လူတစ်ယောက်ဖြစ်နေရင် ဘယ်အရာကို ထိန်းသိမ်းရမလဲ ဘယ်အရာက မလုပ်သင့်ဘူးလဲ ဘယ်လိုအပြုအမူက သိက္ခာရှိတာလဲ ဘယ်လိုအပြုအမူတွေက သိက္ခာမရှိတာလဲ ဆိုတာကို ခွဲခြားပြီးသိမှာ၊ ဆင်ခြင်တတ်မှာ။
ဉာဏ်ရည်နိမ့်တဲ့ လူတွေက မရှက်တတ်ဘူး အရှက်တရားဆိုတာ ဘာမှန်းမသိကြဘူး လူမှု့ပတ်ဝန်းကျင်ဆိုတာ နားမလည်ကြဘူး သူတို့တစ်ယောက်တည်း အဆင်ပြေဖို့နဲ့ စိတ်ချမ်းသာဖို့ဘဲသိကြတာ။
ဒါကို "မရှက်တတ်ဘူးလား,မရှက်ဘူးလား သိက္ခာမရှိတဲ့လူ "လို့ သွားမေးနေလို့၊ သွားပြောနေလို့ အလကားဘဲ။
"အဲဒါ ရှက်စရာမို့လို့လား၊ ဘာကြောင့်ရှက်ရမှာလဲ" လို့ပဲ သူတို့က ပြန်ပြောကြမှာ။
ဉာဏ်ရည်နိမ့်လို့ မရှက်တတ်တဲ့အပြင် သူတို့လုပ်တာ မှန်ပြီး ပြောတဲ့လူက အပြစ်ကြီးအောင်ပါ လုပ်ကြ၊ ပြောကြဦးမှာ။
အဲ့လို brain level နိမ့်တဲ့သူတွေအတွက် update လုပ်မယ့် application ကို ဘယ်သူမှ မတီထွင်နိုင်ဘူး။"
#Crd
#ဦးအောင်သင်း
#Nafisah@Feelitsadly
