en
Feedback
∆ Triangles & Numbers 0_0

∆ Triangles & Numbers 0_0

Open in Telegram

Hola •⁠ ⁠ᵕ⁠ ⁠•⁠ မင်မင်တို့ သုံးယောက်ရဲ့ သုတရသရဖွယ် ဆောင်းပါးတွေဖတ်ဖို့၊ ကိုယ်တိုင်ရေးပြီး ဖတ်ပြတဲ့ကဗျာလေးတွေနဲ့ အမျိုးအစားစုံလင်တဲ့ သီချင်းလေး‌တွေ နားဆင်ဖို့ "T&N"ချန်နယ်လေးက အမြဲတံခါးဖွင့် ကြိုဆိုလျက်ပါဗျ။ ③ = @trinum_bot ☆ ≥ 14.5.2025

Show more
662
Subscribers
No data24 hours
-87 days
-2230 days
Posts Archive
ကမ္ဘာပေါ်မှာ လူကိုးကွယ်မှုအများဆုံးဘာသာမှာ __ ဖြစ်သည်။ #Nat
Anonymous voting

ယနေ့ခေတ် ကမ္ဘာပေါ်မှာ ဘာသာပေါင်း __ ရှိတယ်။ #Nat
Anonymous voting

ညီမက မနက်ကတင်ခဲ့တဲ့ စာနဲ့ပတ်သတ်တဲ့ poll လေးတွေ မေးသွားပါမယ်။ လွယ်လွယ်လေးတွေပဲမို့ အကုန်လုံး ဖြေနိုင်ကြမယ်ထင်ပါတယ်။ #Nat

5F ကsurvivalအတွက်အရေးပါလား #Heathen
Anonymous voting

Victim blaming cultureက စာဖတ်သူနဲ့ ရောဆိုင်ပါသလား။ #Heathen
Anonymous voting

Flight ကဘာလဲ။ #Heathen
Anonymous voting

Stress responseဘယ်နှစ်မျိုးရှိသလဲ။ #Heathen
Anonymous voting

အောက်ပါ အကြောင်းအရာတွေ ထဲက Victim blaming cultureကိုရွေးပါ။ #Heathen
Anonymous voting

Pollဆော့ကြမယ် စာပြန်ကြည့်ထားအုံး😙 #Heathen

ဘာသာတရား [𝚁𝚎𝚕𝚒𝚐𝚒𝚘𝚗] ကမ္ဘာတစ်၀ှမ်းမှာ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေ၊ ဘာသာတရားတွေ အများကြီးရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ အခု‌မျက်မှောက်ခေတ် ကမ္ဘာတစ်ဝှမ်းမှာပဲ ဘာသာတရားပေါင်း ၄၂၀၀ ခန့်ရှိပါတယ်။ ကမ္ဘာပေါ်မှာ လူတွေ ကိုးကွယ်ယုံကြည်မှု အများဆုံးဘာသာတွေကတော့… •ခရစ်ယာန်ဘာသာ (Christianity) •အစ္စလာမ်ဘာသာ (Islam) •ဗုဒ္ဓဘာသာ (Buddhism) •ဟိန္ဒူဘာသာ (Hinduism)နဲ့ •ရဟူဒီဘာသာ ခေါ် ဂျူးဘာသာ (Judaism)တို့ပဲ ဖြစ်ပါတယ်။
ဒီနေ့နဲ့ နောက်အပတ်တွေအထိ ၁၆ မျိုးသော မတူကွဲပြားတဲ့ ကိုးကွယ်ယုံကြည်မှုတွေ၊ ဘာသာတရားတွေ နဲ့ ဘာသာမဲ့၀ါဒအ‌ကြောင်းကို ညီမနဲ့အတူ နည်းနည်းချင်းစီ လေ့လာကြည့်လိုက်ရအောင်။
အနီးမစ်ဘာသာ (𝙰𝚗𝚒𝚖𝚒𝚜𝚖) ရှေးအကျဆုံး ယုံကြည်ကိုးကွယ်မှုဖြစ်တဲ့ Animism ဟာရှိသမျှဘာသာအားလုံးထက် များစွာစောပြီး ဘီစီ ၄၀၀၀၀ နဲ့ ၁၀၀၀၀ ကြား အထက်ပိုင်း ကျောက်ခေတ်သစ်မှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ လက်တင်ဝေါဟာရ 'anima' မှဆင်းသက်ကာ '၀င်သက်ထွက်သက် သို့ ဝိညာဉ်' လို့အဓိပ္ပာယ်ရပါတယ်။ ယင်းဘာသာရဲ့ အဓိကယုံကြည်မှုဟာ "နတ်များမှာ လူနှင့်သပ်သပ်စီရှိသည်" ဟူသော ယုံကြည်မှုဖြစ်ပါတယ်။ "အသက်ရှုခြင်းဟာ ဝိညာဉ်"ဖြစ်ပြီး အသက်ရှုရပ်သောအခါ ဝိညာဉ်က အပင်တွေ၊ တိရစ္ဆာန်တွေနဲ့ သက်မဲ့အရာ၀တ္ထုတွေဆီသို့ ကူးပြောင်း၀င်စားတယ်လို့ ယုံကြည်ကြတယ်။ ယင်းမှာ ကမ္ဘာဦးလူသားတို့ရဲ့ အိပ်စက်ခြင်း၊ အိပ်မက်မက်ခြင်းနဲ့ သေခြင်းတို့ကို ရှင်းပြနည်းလို့ ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။ နေကိုးကွယ်မှု (𝚂𝚞𝚗 𝚠𝚘𝚛𝚜𝚑𝚒𝚙/𝙷𝚎𝚕𝚒𝚘𝚕𝚊𝚝𝚛𝚢) စိုက်ပျိုးရေးလုပ်တဲ့ လူအဖွဲ့အစည်းတွေရဲ့ ကောက်ပဲသီးနှံနဲ့ စား၀တ်နေရေးဟာ ရာသီဥတုကို မှီခိုနေရတာကြောင့် နေကို အဓိက ကိုးကွယ်ခဲ့ကြတယ်။ ရှေးခေတ် အီဂျစ်ပြည်တွင် ဘီစီ ၁၅၀၀ လောက်မှာ နေနတ်ဘုရား 'ရား'ကို ကိုးကွယ်ခဲ့ပြီး ဖာရိုးဘုရင်ဟာ 'ရား'ရဲ့ သားတော်၊ ကမ္ဘာမြေပေါ်မှ နေနတ်ဘုရားကိုယ်စားလှယ်လို့ ယုံကြည်ခဲ့ကြတယ်။ အခြားသော နေနတ်ကို ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်းတွေလည်း ရှိခဲ့ပြီး ခေါ်ဝေါ်တဲ့ အမည်‌တွေတော့ ကွဲပြားတယ်။ မက်ဆိုပိုတေးမီးယားမှာ ၎င်းကို 'ရှာမက်(ရှ်)' လို့ခေါ်ပြီး ရှေးခေတ်ဂရိလူမျိုးတွေက 'အပိုလို'နဲ့ 'ဟီလီယို' လို့ခေါ်ကြပါတယ်။ အင်ကာလူရိုင်းမျိုး အက်(ဇ်)တက်လူမျိုးတွေနဲ့ ဇိုရိုစတြီးယန်းဘာသာ၀င်တွေအားလုံး နေကို ကိုးကွယ်ခဲ့ပါတယ်။ လကိုးကွယ်မှု (𝙼𝚘𝚘𝚗 𝚠𝚘𝚛𝚜𝚑𝚒𝚙/𝙻𝚞𝚗𝚊𝚛 𝚍𝚎𝚒𝚝𝚢 𝚠𝚘𝚛𝚜𝚑𝚒𝚙) ဘီစီ ၂၅၀၀ ၀န်းကျင်က ဆူမားရီးယားပြည်သားတွေနဲ့ အ‌ခြားရှေးခေတ် လကိုးကွယ်မှုတွေဟာ တစ်နှစ်တာရဲ့ နောက်ဆုံးနေ့ဟာ တစ်နှစ်ပတ်လုံး မင်းမူနေခဲ့တဲ့ နေမင်းကြီးက လမင်းကြီးအတွက် စတေးခံသည့်အချိန်လို့ ယုံကြည်ကာ ပွဲတော်တွေ ကျင်းပခဲ့တယ်။ ယင်းပွဲတော်မှာ နေနဲ့ပတ်သတ်တယ်လို့ ယုံကြည်ထားတဲ့ တိရစ္ဆာန်ရဲ့ မျိုးပွားအင်္ဂါကိုဖြုတ်ပြီး သွေးကိုသောက်ကာ ၎င်းကို စားကြပါတယ်။ ပွဲတော်ကျင်းပနေစဉ် ကမ္ဘာကြီး အသက်ရှင်စေဖို့ နေကို လကပြန်အသက်သွင်းပေးတယ်လို့ ယုံကြည်ကြတယ်။ အချို့က လကိုးကွယ်မှုကို ၂၀ ရာစု ထူးခြားဖြစ်စဉ်တစ်ခုဖြစ်သည့် မွန်းနီး(Monnies) ခေါ် အယူသီးဘာသာရေးဂိုဏ်းနဲ့ မှားတတ်ကြပါတယ်။ ရဟူဒီဘာသာ (ဂျူးဘာသာ) ရှေးအကျဆုံး၊ သက်တမ်းအရင့်ဆုံး ဘာသာတရားတွေထဲက တစ်ခုဖြစ်သည့် ရဟူဒီဘာသာမှာ ဂျူးလူမျိုးတို့ရဲ့ ဘာသာတရားဖြစ်ပြီး ယခုခေတ် အစ္စရေးနဲ့ လက်ဘာနွန်တို့ တည်နေရာဖြစ်ဖွယ်ရှိသော ကင်နန်အရပ်တွင် ဘီစီ ၁၉၀၀ လောက်က အေဘရာဟမ်က တည်ထောင်ခဲ့ပါတယ်။ ရဟူဒီဘာသာမှာ 'ထာ၀ရဘုရားသခင်တစ်ပါးတည်းရှိသည်'ဟု လက်ခံထားကာ ဘုရား၏ အမည်မှာ "ယာဝေး(ယေဟောဝါ)" ဖြစ်ပြီး ၎င်းတို့ရဲ့ သမ္မာကျမ်းစာအုပ်မှာ 'ထိုးရား' လို့လည်းသုံးနှုန်းကြပါတယ်။ အောက်ပါ ဘာသာရေးအကြောင်းအရာများကို ကလေးများ မဖတ်ရပါ၊ (18+)လိင်တံထိပ်ဖျားဖြတ်ခြင်း ဟီးဘရူးသမ္မာကျမ်းစာ 'တိုးရား' မှာယေဟောဝေါက အေဘရာဟမ်အား ၎င်းအပါအ၀င် ၎င်း၏သားများ၊ ကျွန်များနဲ့ အစေခံများကို လိင်တံထိပ်အရေပြားဖြတ်ရန် အမိန့်ပေးကြောင်း ပါရှိပြီး ယင်းကျမ်းစာကို ဘီစီ ၁၂၈၀ ကမိုးဇက်အား လက်ဆင့်ကမ်းခဲ့သည်ဟု ဆိုပါတယ်။ လိင်တံထိပ်အရေပြားဖြတ်ခြင်းဓလေ့ရဲ့ မူလဇာစ်မြစ်ကို တိကျစွာ မသိရသေးပေမဲ့ ဘီစီ ၆၀၀၀ လောက်က အရှေ့မြောက်ပိုင်း အာဖရိကနဲ့ အာရေဗျကျွန်းဆွယ်တို့ရှိ လူမျိုးစုတွေက ယောင်္ကျားလေးများ အရွယ်ရောက်ခြင်းဓလေ့အဖြစ် ပြုလုပ်ခဲ့ကြတယ်။ ဘီစီ ၃၁၀၀ တွင်အီဂျစ်လူမျိုးတို့က အသက် ၆၂ နှစ်နဲ့ ၁၂ နှစ်အရွယ်ကြား ယောင်္ကျားလေးများကို သန့်စင်မှုဓလေ့အဖြစ် လိင်တံထိပ်အရေပြား ဖြတ်ပေးခဲ့ကြတယ်။ အေဒီ ၅၇၀ တွင်တမန်တော် မိုဟာမက်ဟာ မွေးကတည်းက လိင်တံထိပ်အရေပြားဖြတ်ပြီးသားဖြစ်တယ်။ ဒါကြောင့် မွတ်စလင်များဟာ ယောင်္ကျားလေးမွေးပြီးမကြာခင် လိင်တံထိပ်အရေပြား ဖြတ်ပေးခဲ့ကြတယ် (အခုခေတ်ထိ မွတ်စလင်တွေ ဒီလေ့အထကို ကျင့်သုံးလားဆိုတာတော့ မသိပါဘူး)။
ဒီနေ့တော့ ဒီလောက်ပါပဲ၊ နောက်အပတ်ကြရင် နောက်ထပ် ဘာသာတရား ၄ မျိုးအကြောင်းနဲ့အတူ ပြန်လာခဲ့ပါ့မယ်။ ဖတ်ပေးကြတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။
#Nat #T&N

Don't you give up, nah, nah, nah I won't give up, nah, nah, nah Let me love you
#Nat #T&N

မှတ်မိကြလား ယော်ရော်ဘွန်းတို့ရေ၊ သွေးလရိပ်ညိုပါဗျ။ ဟိုနေ့က ကျွန်တော် ပြောခဲ့တယ်၊ ဘယ်က စလေ့ကျင့်ရမလဲ။
သွား အခုထ။ ခဲတံနဲ့ စာအုပ်ထယူ။ နောက်ပြီး ကိုယ့်စိတ်ထဲ ပေါ်လာသမျှကို စုစည်းပြီး စတင်ခြစ်ကြည့်ပါ။ မင်းတို့ကတော့ စာအုပ်ပေါ် ခဲတံနဲ့ လိုသလို ပုံသွင်းလို့ ရပေမဲ့ သူမအပေါ်ကိုတော့ လိုသလို ပုံသွင်းလို့မရပါဘူး။
အသေးစိတ်ပြောပြရရင်တော့… အခြေခံပုံသဏ္ဍာန် ဆွဲတာနဲ့ စတင်ရအောင်။ အချိန်ကတော့ ပျမ်းမျှနေ့စဉ် 5 မိနစ် 10 မိနစ်လောက်ကျင့်ရုံပဲ။ 1. စက္ကူတစ်ရွက်မှာ ꩜ circle, square, triangle, oval, rectangle စတဲ့ပုံသဏ္ဍာန်တွေ အရင်စဆွဲမယ်။ တစ်ထပ်ပြီးတစ်ထပ် ထပ်ဆွဲကြည့်။ အဲ့မှာ line control တွေတိုးတက်လာမယ်။ အဓိကက မတူညီတဲ့ shape များကို တစ်မျိုးတည်းဖြစ်အောင် လက်ထဲထိန်းတတ်ဖို့ပါ။ 2. ပစ္စည်းရိုးရိုးလေးတွေ စမ်းဆွဲကြည့်ပါ။ ꩜ အချိန်က နေ့စဉ် 5 မိနစ် 10မိနစ်လောက် ကျင့်ပေးပါ။ ဖန်ခွက်၊ လိမ္မော်သီး၊ ခဲတံ ဘာမှမရွေးပဲ အရှေ့မှာ မြင်ရတဲ့ အရာမှန်သမျှ စမ်းဆွဲကြည့်။ ပထမနေ့ – ဖန်ခွက် နောက်နေ့ – ပန်းအိုး ပြီးနောက် – ဖုန်း ဒီမှာ Pencil နဲ့ စာရေးစက္ကူတစ်အုပ်ရှိရုံနဲ့တင်လုံလောက်တယ်။ 3. အထွေထွေအတွေးအခေါ်နဲ့ Doodle လုပ်ပေးပါ။ ꩜ စိတ်ထဲမှာ လာတဲ့ပုံ/image/နိဒါန်း တစ်ခုခုကို တစ်ပုဒ်ချင်း doodle ဆွဲစမ်းကြည့်ပါ။ ဥပမာ – တိမ်တွေ၊ပန်းတွေ၊သက်တံ့ တွေလိုမျိုး။ ဒီနည်းက စိတ်ဖိစီးမှုလျော့စေပြီး ဆွဲချင်စိတ်ကို တဖြည်းဖြည်းဖွင့်ပေးတယ်။ ဒီမှာ အခြေခံ လိုအပ်တာတွေ ပြောပြမယ်။ လိုအပ်တာတွေ‌ကတော့… ᯓခဲတံ 2B ဒါမှမဟုတ် HB ᯓစက္ကူ / စာရေးစာအုပ် ᯓလက်ပတ်နာရီ (ဒါမှမဟုတ် ဖုန်းမှာ 15 မိနစ် set လုပ်ထား) ဒီမှာ မေးခွန်းတွေ ရှိလာပြီ။ ဘာလို့ လက်ပတ်နာရီလိုတာလဲ။ ကျွန်တော်တို့တွေက အချိန်နဲ့ လေ့ကျင့်ရမှာ ဖြစ်တဲ့အတွက် အဲ့ အချိန်မရောက်မချင်း မနားရသလို အဲ့အချိန်ပြီးသွားရင် ဆက်ဆွဲဖို့လည်း မလိုဘူး။ ခဲခြစ်ပြီးရင် ဘာလာမလဲ။ Digital art ပါ။ Digital art မှာကော ဘယ်လိုစလေ့ကျင့်ရမလဲ။ ဘာတွေ လိုအပ်လဲ။ လိုအပ်တဲ့ Tools: ဒီမှာ အဓိက လိုအပ်တာ ဖုန်းပါ။ ဖုန်းထဲမှာ ဆွဲပါတယ်ဆိုမှ app ရှိမှ ရပါမယ်။ 1. App (Free/Low cost) ≽Ibis Paint X – စတင်သူတွေအတွက် Feature များပြီးလွယ်ကူစေတယ်။ ≽MediBang Paint – Lightweight, Cloud sync ရှိတယ်။ ≽Sketchbook (Autodesk) – Simple UI နဲ့ ကျစ်လစ်တယ်။ 📚 လေ့ကျင့်နည်း (စတင်အဆင့်) 1. Basic Shapes ချရာကနေ စတင်ပါ။ *Circle, Square, Triangle စသည်ဖြင့် နေစဉ် ခဲခြစ်လို လေ့ကျင့်ပါ။ *တစ်နေ့ကို 10–15 မိနစ်ပုံဖော်လေ့ကျင့်ပါ။ 2. Line Control လေ့ကျင့်ပါ။ *တည့်တည့်၊ ကွေးကွေး မျဉ်းများ ဆွဲပါ။ *Pressure (ဖိအား) နဲ့ Brush Control ကို စဉ်းစားပါ။ 3. Layer အသုံးပြုတာ သင်ယူပါ။ *Sketch Layer / Lineart Layer / Color Layer စသုံးနည်း အဲ့တာတွေ သိထားရင် ပုံက ပိုလှလာပါလိမ့်မယ်။ 4. Reference ပုံအတိုင်း Drawing လုပ်ပါ။ (ပန်းချီဆရာကြီးတွေအကြိုက်ဆုံးလေ့ကျင့်နည်းပါ) 5. Daily Challenge လေးတွေလုပ်ပါ။ *ဥပမာအနေနဲ့ "Draw a cup", "Draw your favorite food", "Draw your pet" အ့လိုလေးတွေ note မှတ်ထားပါ။ ဒီမှာ အကြံပြုချက်များစွာရှိပါတယ်။ ᨒနေ့စဉ် အနည်းဆုံး15-30 မိနစ်လောက်လေ့ကျင့်ပါ။ ᨒကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းတွေကို ပုံဆွဲကြည့်ပါ။ ᨒတစ်ပတ်တစ်ခါ Feedback ရဖို့ Art Community (ex: Reddit, Discord) တက်ပါ။ အိုကေ။ ဒီမှာ တချို့တွေ ပြောကြတယ်။ ဘာလဲ။ ဝါသနာက ပါတယ်။ ပါရမီမပါဘူး။ ပါရမီပါတယ်။ ကွေကြေးက ပါမလာဘူး။ ဟုတ်သလိုလိုရှိပေမဲ့ မဟုတ်ပါဘူး။ ကိုယ်ထူကိုယ်ထပါ။ အနည်းဆုံးတော့ သင်တန်းမတက်ရင်တောင် YouTube channel, TikTok ကနေ ရှာဖွေလေ့လာနိုင်ပါတယ်။ ငွေကြေးက အဓိကပါပဲ။ ဒါမဲ့ လက်လျှော့လိုက်ဖို့ မစဉ်းစားပါနဲ့။ ဝါသနာကို လက်မလွှတ်ပါနဲ့။ အကောင်းဆုံးကြိုးစားပါ။ အကောင်းဆုံးရှင်သန်ပါ။ ဝါသနာသည် သင့်၏ခွန်အား ဇွဲမလျှော့ခြင်းဖြင့် ရှေ့ဆက်ပါ။ (⁠。⁠•‌⁠ᴗ⁠-⁠)⁠ Fighting! #ThwayLaYate #T&N

ကျွန်တော်ကတော့ နန္ဒပါ။ ယခု ချန်နယ်မှာ ကျွန်တော်တာ၀န်ယူထားတဲ့ အပိုင်းကတော့ ဗဟုသုတ ပိုင်းကိုပဲ ဖြစ်ပါတယ်ဗျာ့။ ဗဟုသုတ တော်တော်များများကို ယခုချန်နယ်ရဲ့ မင်မင်များက ပုံမှန်တင်ပေးနေတာ ဖြစ်တဲ့အတွက် ကျွန်တော်က ဗဟုသုတနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာကို ဦးတည်ချင်ပါတယ်ဗျာ့။
ကျွန်တော်တို့ စကြ၀ဋာကြီးရဲ့ ပေါ်ပေါက်လာပုံကို စဉ်းစားကြတာမျိုးပဲဖြစ်ဖြစ်။ အချိန်ရဲ့ လုပ်ဆောင်မှုကို စူးစမ်းချင်တာပဲဖြစ်ဖြစ် အတူတူ ရှေ့ဆက်ရအောင်ပါ။
လူတိုင်းမှာ သိချင်စိတ်တော့ ရှိပါတယ်။ ဒါမဲ့ စဉ်းစားဖို့ရာတော့ ၀န်လေးကြတယ်။ ငါဒီလိုတွေးလို့ ငါ့ကို ရူးတယ်ထင်မှာလားဆိုပီး တွေးမိတတ်ကြတယ်ဗျာ့။ အဲ့တာတွေအကုန်လုံးကို ကျွန်တော်တို့အတူတူ စိတ်ညီ လက်ညီနဲ့ တွေးရင် အသိစိတ်တွေ များလာတဲ့ အခါ အသိဉာဏ်တွေလည်း တိုးလာမှာ အသေအချာပါပဲ။ ကျွန်တော်ကတော့ စဉ်းစားသင့်တဲ့ အကြောင်းအရာတွေကို ဗုဒ္ဓဘာသာနဲ့ မော်ဒန်ပညာရပ်တွေ (physics, system theory) ဘယ်လိုပေါင်းစပ်လို့ရလဲ ဆိုပြီး စူးစမ်းလေ့လာနေတဲ့ သူတစ်ယောက်ပါဗျာ့။ ကျွန်တော့်ရဲ့ ထိုအမြင်များကိုလည်း တစ်စိတ်တစ်ဒေသ ချပြခွင့်ပေးပါက အကျိုးမယုတ်စေရဖို့ အာမခံပါတယ်ဗျာ့။ Theory တွေ၊ Laws တွေကနေ တစ်ဆင့် ပိုပီးမြင့်မားရာများကို စူးစမ်းကြည့်ကြရအောင်ပါဗျာ့။ ယခုလို စိတ်ပါ၀င်စားစွာ ဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်ဗျာ့။ ဟုတ်ကဲ့၊ ကျွန်တော် နန္ဒပါ၊ သင်နဲ့အတူ တွေးပေးမဲ့ လူတစ်ယောက်ပါ။ #NanDA #T&N

ကျွန်တော်ကတော့ နန္ဒပါ။ ယခု ချန်နယ်မှာ ကျွန်တော်တာ၀န်ယူထားတဲ့ အပိုင်းကတော့ ဗဟုသုတ ပိုင်းကိုပဲ ဖြစ်ပါတယ်ဗျာ့။ ဗဟုသုတ တော်တော်များများကို ယခုချန်နယ်ရဲ့ မင်မင်များက ပုံမှန်တင်ပေးနေတာ ဖြစ်တဲ့အတွက် ကျွန်တော်က ဗဟုသုတနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာကို ဦးတည်ချင်ပါတယ်ဗျာ့။
ကျွန်တော်တို့ စကြ၀ဋာကြီးရဲ့ ပေါ်ပေါက်လာပုံကို စဉ်းစားကြတာမျိုးပဲဖြစ်ဖြစ်။ အချိန်ရဲ့ လုပ်ဆောင်မှုကို စူးစမ်းချင်တာပဲဖြစ်ဖြစ် အတူတူ ရှေ့ဆက်ရအောင်ပါ။
လူတိုင်းမှာ သိချင်စိတ်တော့ ရှိပါတယ်။ ဒါမဲ့ စဉ်းစားဖို့ရာတော့ ၀န်လေးကြတယ်။ ငါဒီလိုတွေးလို့ ငါ့ကို ရူးတယ်ထင်မှာလားဆိုပီး တွေးမိတတ်ကြတယ်ဗျာ့။ အဲ့တာတွေအကုန်လုံးကို ကျွန်တော်တို့အတူတူ စိတ်ညီ လက်ညီနဲ့ တွေးရင် အသိစိတ်တွေ များလာတဲ့ အခါ အသိဉာဏ်တွေလည်း တိုးလာမှာ အသေအချာပါပဲ။ ကျွန်တော်ကတော့ စဉ်းစားသင့်တဲ့ အကြောင်းအရာတွေကို ဗုဒ္ဓဘာသာနဲ့ မော်ဒန်ပညာရပ်တွေ (physics, system theory) ဘယ်လိုပေါင်းစပ်လို့ရလဲ ဆိုပြီး စူးစမ်းလေ့လာနေတဲ့ သူတစ်ယောက်ပါဗျာ့။ ကျွန်တော့်ရဲ့ ထိုအမြင်များကိုလည်း တစ်စိတ်တစ်ဒေသ ချပြခွင့်ပေးပါက အကျိုးမယုတ်စေရဖို့ အာမခံပါတယ်ဗျာ့။ Theory တွေ၊ Laws တွေကနေ တစ်ဆင့် ပိုပီးမြင့်မားရာများကို စူးစမ်းကြည့်ကြရအောင်ပါဗျာ့။ ယခုလို စိတ်ပါ၀င်စားစွာ ဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်ဗျာ့။ ဟုတ်ကဲ့၊ ကျွန်တော် နန္ဒပါ၊ သင်နဲ့အတူ တွေးပေးမဲ့ လူတစ်ယောက်ပါ။ #NanDA #T&N

ကျွန်တော်ကတော့ နန္ဒပါ။ ယခု ချန်နယ်မှာ ကျွန်တော်တာ၀န်ယူထားတဲ့ အပိုင်းကတော့ ဗဟုသုတ ပိုင်းကိုပဲ ဖြစ်ပါတယ်ဗျာ့။ ဗဟုသုတ တော်တော်များများကို ယခုချန်နယ်ရဲ့ မင်မင်များက ပုံမှန်တင်ပေးနေတာ ဖြစ်တဲ့အတွက် ကျွန်တော်က ဗဟုသုတနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာကို ဦးတည်ချင်ပါတယ်ဗျာ့။
ကျွန်တော်တို့ စကြ၀ဋာကြီးရဲ့ ပေါ်ပေါက်လာပုံကို စဉ်းစားကြတာမျိုးပဲဖြစ်ဖြစ်။ အချိန်ရဲ့ လုပ်ဆောင်မှုကို စူးစမ်းချင်တာပဲဖြစ်ဖြစ် အတူတူ ရှေ့ဆက်ရအောင်ပါ။
လူတိုင်းမှာ သိချင်စိတ်တော့ ရှိပါတယ်။ ဒါမဲ့ စဉ်းစားဖို့ရာတော့ ၀န်လေးကြတယ်။ ငါဒီလိုတွေးလို့ ငါ့ကို ရူးတယ်ထင်မှာလားဆိုပီး တွေးမိတတ်ကြတယ်ဗျာ့။ အဲ့တာတွေအကုန်လုံးကို ကျွန်တော်တို့အတူတူ စိတ်ညီ လက်ညီနဲ့ တွေးရင် အသိစိတ်တွေ များလာတဲ့ အခါ အသိဉာဏ်တွေလည်း တိုးလာမှာ အသေအချာပါပဲ။ ကျွန်တော်ကတော့ စဉ်းစားသင့်တဲ့ အကြောင်းအရာတွေကို ဗုဒ္ဓဘာသာနဲ့ မော်ဒန်ပညာရပ်တွေ (physics, system theory) ဘယ်လိုပေါင်းစပ်လို့ရလဲ ဆိုပြီး စူးစမ်းလေ့လာနေတဲ့ သူတစ်ယောက်ပါဗျာ့။ ကျွန်တော့်ရဲ့ ထိုအမြင်များကိုလည်း တစ်စိတ်တစ်ဒေသ ချပြခွင့်ပေးပါက အကျိုးမယုတ်စေရဖို့ အာမခံပါတယ်ဗျာ့။ Theory တွေ၊ Laws တွေကနေ တစ်ဆင့် ပိုပီးမြင့်မားရာများကို စူးစမ်းကြည့်ကြရအောင်ပါဗျာ့။ ယခုလို စိတ်ပါ၀င်စားစွာ ဖတ်ရှု့ပေးခဲ့တဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်ဗျာ့။ ဟုတ်ကဲ့၊ ကျွန်တော် နန္ဒပါ၊ သင်နဲ့အတူ တွေးပေးမဲ့ လူတစ်ယောက်ပါ။ #NanDA #T&N

သံစဉ်ခပ်မြူးမြူးလေးနဲ့ နားထောင်လို့ကောင်းမယ့်… [Lyrics] #Nat #T&N

Art ဆိုတာနဲ့ ဘာကို ပြေးမြင်မိတတ်ကြလဲ။
ကျွန်တော်ကတော့ digital artist ပါ။ ဒီနေ့ ကျွန်တော် သွေးလရိပ်ညိုကနေပြီးမှ digital art နဲ့ ခဲခြစ်အကြောင်းကို ကျွန်တော်သိသမျှ တင်ဆက်ပေးသွားပါမယ်။
ပထမဆုံးအနေနဲ့ art ဆိုတာက အခြားသူတွေရဲ့ အမြင်မှာ လွယ်ကောင်း လွယ်နိုင်လိမ့်မယ်။ တစ်ကယ်တော့ အခြေခံ အချက်တွေ အများကြီး လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ပုံကောင်းတစ်ပုံရဖို့အတွက် အချိန်တွေ၊ အာရုံစိုက်မှုတွေ အများကြီး လိုအပ်ပါတယ်။ အဲ့တာမှလည်း ထွက်လာတဲ့အခါ ကိုယ်စိတ်ကျေနပ်မှုရှိသောပုံမျိုး ထွက်လာမှာပါ။ Art ဆိုတာနဲ့သိရမဲ့ အခြေခံသဘောတရားတွေက‌ - 1. Idea/Concept -အနုပညာတစ်ခုစဖွင့်ဖို့အတွက် အဓိကလိုအပ်တာကတော့ ဘာကိုဖော်ပြချင်တာလဲ ဆိုတဲ့အတွေးပါ။ ဥပမာအ‌နေနဲ့ လူရုပ်ပုံ ဒါမှမဟုတ် ယဉ်ကျေးမှုတစ်ခု ဒါမှမဟုတ် ခံစားချက်တစ်ခု။ 2. Observation -Observation ကလည်း Art ထဲမှာ အလွန်အရေးကြီးတဲ့ အခြေခံတစ်ခု ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင်တော့ သေသပ်ဖို့၊ ကြည့်ပြီးနားလည်ဖို့ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ တကယ့်ဘဝမှာရှိနေတဲ့ ပစ္စည်း၊ လူ၊ ပတ်ဝန်းကျင်ကို အသေးစိတ်ကြည့်ပြီး သူ့ရဲ့ပုံသဏ္ဍာန်၊ အနားသတ်၊ အရောင်၊ အရွယ်အစားကွဲပြားခြားနားမှုတွေကို သဘောတရားနဲ့ နားလည်နိုင်ခြင်း။ 3. Technical Skills -Technical skill ဆိုတာကတော့ ပုံဆွဲခြင်း၊ ပန်းချီ၊ digital art စတာတွေကို လက်တွေ့အသုံးချနိုင်တဲ့ အတတ်ပညာတွေကို ဆိုလိုခြင်း ဖြစ်တယ်။ အလွယ်ပြောရရင်တော့.. ကြည့်တာ နားလည်တာက Observation ဆိုရင်၊ ဆွဲတာကို မှန်မှန်ကန်ကန်လုပ်နိုင်ဖို့ လက်တွေ့ကျွမ်းကျင်ရတဲ့အတတ်ပညာတွေ” ကို Technical Skill လို့ခေါ်တယ်။ 4. Medium -ခဲတံ၊ watercolor၊ acrylic၊ digital tablet စသဖြင့် မတူညီတဲ့ပစ္စည်းတွေနဲ့ ရေးဆွဲနိုင်ပါတယ်။ သင်ဘာနဲ့ အသင့်တော်ဆုံးဖြစ်သလဲဆိုတာရှာဖွေပြီး ရွေးချယ်သင့်တယ်။ 5. Composition -Composition ဆိုတာက art ထဲမှာ အရာတွေကို ဘယ်လိုတပ်ဆင်ထားသလဲ၊ ဘယ်အရာက ဘယ်မှာထားလဲ၊ ဘယ်အရာက အဓိကလဲ ဆိုတာကို စနစ်တကျစဉ်းစားပြီး ဖော်ပြထားတဲ့ နည်းပညာတစ်ခုပါ။ အလွယ်ပြောရရင်... နေက အလည်မှာ ထားတာထက်စာရင် အရှေ့မှာထားတာက ပိုသဘာဝကျပြီး လှပသလိုမျိုးပေါ့။ ကျွန်တော်တို့၊ ကျွန်မတို့က အခြေခံသိပါပြီ။ ဝေဖန်တာတွေကို မကြိုက်လို့ ဆက်မဆွဲတော့ပါဘူး။ စိတ်ညစ်သွားပါပြီ။ ဒါတွေက artist လောကကို ခြေချလိုက်ပြီ ဆိုတာနဲ့ ကြုံရမဲ့ အရာတွေပါ။ အဲ့ဒါတွေကြောင့် လက်မလျှော့လိုက်ပါနဲ့။
အခြေခံတွေ သိပါပြီ။ ဘယ်လိုလေ့ကျင့်ရမလဲ။ ငွေမတက်နိုင်ဘူး။
အိုကေ။ ဒီမှာ ပြောမယ်။ artist တစ်ယောက်ဖြစ်ဖို့ ငွေအများကြီး သုံးစရာမလိုဘူး။ ခင်ဗျားမှာ စာအုပ်၊‌ခဲတံရှိတယ်မလား။ အဲ့တာတွေနဲ့ စတင်လို့ရတယ်။ digital art တွေဆို ကျွန်တော်တို့က tablet မရှိလို့ပါဆိုပြီး စိတ်ဓာတ်ကျမနေနဲ့။ တိုးတက်နေတဲ့ ခေတ်မှာ ဖုန်းကိုယ်စီ ရှိကြတယ်။ အဲ့ထဲမှာ ipis paint ကိုကျွန်တော် အကြံပေးတယ်။ သိပါပြီ။ ဘယ်လိုလေ့ကျင့်ရမလဲ။ လေ့ကျင့်ဖို့အတွက် ခင်ဗျားတို့မှာ ယုံကြည်ချက်၊ အာရုံစိုက်မှုတွေ လိုအပ်တယ်။ အချက်က ၅ ချက်သာရှိပါတယ်။ အဲ့ဒီအရာတွေ မပြောပြခင် အချို့အရာတွေ ပြောပြချင်ပါတယ်။ လူတွေက ပုံဆွဲဖို့ ဘာကြောင့် ကြောက်ကြတာလဲ။ ဘာလို့ စတင်ဖို့ ခဲယဉ်းကြတာလဲ။ ဘာကြောင့်စတင်ဖို့ခဲယဉ်းလဲဆိုရင် 1. မည်သည့်အချက်မှ စရမယ်ဆိုတာမသိခြင်း၊ 2. မိမိရဲ့ပါရမီမပါဘူးဟူ၍ စိတ်ဓာတ်ကျခြင်း၊ 3. တခြားသူတွေနဲ့ယှဉ်ပြိုင်ရမှာ ကြောက်ရွံ့ခြင်း။ ဒါတွေကိုဖြေရှင်းဖို့ "ငါလုပ်နိုင်တယ်" ဆိုတဲ့ဆုံးဖြတ်ချက်က အရေးကြီးဆုံးပါ။ ဘာကြောင့် ကြောက်ကြတာလဲ။ •မိမိကိုယ်ကို မယုံကြည်ခြင်း ပုံဆွဲဖို့ စမယ်ဆိုတာနဲ့ ငါ့ရဲ့ skill မလုံလောက်ဘူး၊ မကျွမ်းကျင်ဘူးလို့ မယုံကြည်ကြတာ။ •အခြားသူတွေရဲ့ ပြန်လည်သုံးသပ်ချက် (ဝေဖန်ခြင်း) မကြိုက်ခြင်း ပထမဆုံး ပုံဆွဲတဲ့အခါ ဝေဖန်တတ်တဲ့သူတွေကြောင့် မစလုပ်ချင်တာ၊ (ဒီမှာသိစေချင်တာ ဝေဖန်မှ တိုးတက်မှာပါ။) •လေ့ကျင့်မှုပမာဏနည်းခြင်း ပုံဆွဲရာမှာ ကျွမ်းကျင်ဖို့ အချိန်လိုတာကို မသိ၊ ဒါမှမဟုတ် စိတ်ရှုပ်ခြင်း။ •စတင်ဖို့နည်းလမ်းမသိခြင်း ဘယ်လို စတင်ရမယ်၊ ဘယ်ကနေ လေ့လာရမယ်မသိခြင်း။ ဒီလိုအချက်တွေကြောင့် သင့်ရဲ့ ဝါသနာက မှေးမှိန်သွားတတ်ရပြီး ပျောက်ကွယ်သွားတတ်တယ်။ ဘယ်လို လေ့လာရမလဲ။ ဘယ်လို လေ့လာရမလဲ။ ဘယ်က စလေ့ကျင့်ရမလဲ ဆိုရင်တော့… #ThwayLaYate #T&N

💔 နာကျင်ရပြီဆိုရင် တစ်ကယ်ချစ်မိတယ်ဆိုတာ သိနိုင်တာပေါ့။ ❤️‍🩹 Lyrics #Nat #T&N

Repost from Ads Burma 📢
မင်္ဂလာပါအုံနာတို့...... 📌အုံနာတို့channel subscribers တိုးချင်တယ်ဆိုရင်တော့ အခုပဲ @DayC2Teambot ကိုAdsလို့အမြန်ဆုံးပို့ပေးလိုက်တော့နော်.... New channel=⭕️ Swam's Diamond shop
🎮 MLBB Diamonds / Weekly Pass နဲ့ PUBG UC စျေးနှုန်းချိုချိုလေးတွေ ရောင်းချပေးနေတဲ့chဖြစ်ပါတယ်
Knowledge & Art
⭕️∆ Triangles & Numbers 0_0
Subliminal
⭕️Calista world 🎀💗
Horror stories
⭕️Another World
Knowledge of Science
⭕️Science And Astronomy Facts
အစုံတင်
⭕️My Journal (ရေးချင်တာရေး😜😜)
Public
⭕️𐙚⋆.˚𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐁𝐲 𝐌𝐞𝐥𝐥𝐨˚.⋆𐙚
Music ( Cover Song Entertainment )
⭕️TBE Entertainment
BLINK Channel
⭕️BLACK PINK Update
Subliminals & Tarot Reading....
⭕️: ℝ𝔸ℕ𝕒_𝕌𝕟𝕚𝕍𝔼ℝ𝕤𝔼🔮🧚‍♀️
Cp pfp and အစုံတင်
⭕️ Couple Channel
ဆောင်းပါး
⭕️Paw Sain Hmwe
Theme,pfp, wallpaper and song
⭕️Theme World By Nora ⭕️ Anime pfp and Wallpaper
အစုံတင် Channel owner လေးတွေအတွက်🫶🏽 အစုံသုပ် Ch လေးတွေအတွက်ကတော့ သီးသန့်တင်ပေးတာမို့ { @MixDayTeamBot } or { @MixDay2TeamBot } မှာပါဝင်ပေးကြပါဗျ။
Spv-Rubblekhant Total ch- 14 Total type - 13 Version-2.0 @TheAdsBurma #DayC2

5F in Response to Stress
ဟိုးအပတ်တွေက fight or flight ကိုခနခန mental discorder article တွေထဲမှာ သတိထားမိမယ်ထင်ပါတယ်။ ဒီလိုစာတွေ အရှည်ကြီးတွေဖတ်နေရရင် ပျင်းးမှာစိုးလို့ ဒီနေ့တော့ အဲ့ဒီ fight, flight တို့လို stress response တွေကိုဘဲရှင်းလင်းပါမယ်။
Stress reponse 5 ခုရှိပါတယ်(5F)။ Fight= အန္တရာယ်ကို ကြုံတွေ့လာရင် ကိုယ်ကာယအားဖြင့် လက်တုံ့ပြန်တာဖြစ်ပါတယ်။ အဲ့တာကြောင့် အရမ်းကြောက်နေတဲ့လူအနားကို မကပ်ခိုင်းတာ၊ ဥပမာ တိရစ္ဆာန်လေးတွေမှာဆို လူကသွားစမိရင် ပြန်ကိုက်တာမျိုး။ Flight= flight ကတော့အန္တရာယ်နဲ့ကြုံလာရင် ထွက်ပြေးတာဖြစ်ပါတယ်။ သရဲကြောက်လို့ထွက်ပြေးတာကလည်း flight ပါဘဲ။ ဥပမာ ကြောင်တွေက လူလာတာမြင်ရင် များသောအားဖြင့် ရှောင်တာမျိုး။ Freeze= အကြောက်လွန်သွားရင် ခြေတွေလက်တွေလှုပ်မရတော့တာ ကြုံဖူးတယ်မဟုတ်လား။ အဲ့တာကတော့ Freeze response ပါ။ Fawn= အန္တရာယ်နဲ့ လိုက်ရောညီထွေနေခြင်း။ ကိုယ်ကြောက်တဲ့လူခိုင်းသမျှကို လိုက်လုပ်ပေးနေရင် အဲ့တာက fawn ဖြစ်ပါတယ်။ ဥပမာ ဆင်ထိန်းတဲ့အခါ၊ ဆင်ကို တောရိုင်းကနေဖမ်းယူပြီး လေကျင့်ပေးတဲ့အခါ ဆင်ကလူကို ပြန်မခုခံနိုင်မှန်းသိတော့ လူခိုင်းသမျှလိုက်လုပ်ပေးပါတယ်၊ ဒါကယဉ်ပါးသွားတာမဟုတ်ပါဘူး။ 5F ထဲက Fawn သာဖြစ်ပါတယ်။ Flop= အကြောက်လွန်လို့ မူးဝေမေ့လဲတာ၊ စိတ်နဲ့လူနဲ့မကပ်တော့တာက flop လို့ခေါ်ပါတယ်။ ဥပမာ ​တစ်ချို့မြွေတွေဆို လူကိုမြင်ရင် အကြောက်လွန်ပြီး သေချင်ယောင်ဆောင်တတ်ပါတယ်။ အကျဉ်းချုပ်အနေဖြင့် 🥊 Fight – punch, yell 🏃 Flight – run, escape 🧊 Freeze– paralyzed 🙏 Fawn – people-pleasing 💫 Flop – pass out/disconnect ဘာကြောင့်ကျွန်တော်က ပြီးခဲ့တဲ့ဆောင်းပါးတွေမှာ fight နဲ့ flight ဘဲပြောခဲ့တာလဲ။ No.1ကတော့ ရှင်းပါတယ်၊ ကျွန်တော်နိဒါန်းထဲထည့်ရေးဖို့မေ့သွားပါ။ no.2ကတော့ flight or fight ကပိုနားလည်ရလွယ်လို့ပါ။
ပြီးရင် bipolar နဲ့ depression အကြောင်းရှင်းတော့မှာမို့လို့ ဒီနေ့တော့ဒီ 5 response ကိုအရင်နားလည်အောင်လုပ်ရပါမယ်။
#Heathen #T&N