en
Feedback
∆ Triangles & Numbers 0_0

∆ Triangles & Numbers 0_0

Open in Telegram

Hola •⁠ ⁠ᵕ⁠ ⁠•⁠ မင်မင်တို့ သုံးယောက်ရဲ့ သုတရသရဖွယ် ဆောင်းပါးတွေဖတ်ဖို့၊ ကိုယ်တိုင်ရေးပြီး ဖတ်ပြတဲ့ကဗျာလေးတွေနဲ့ အမျိုးအစားစုံလင်တဲ့ သီချင်းလေး‌တွေ နားဆင်ဖို့ "T&N"ချန်နယ်လေးက အမြဲတံခါးဖွင့် ကြိုဆိုလျက်ပါဗျ။ ③ = @trinum_bot ☆ ≥ 14.5.2025

Show more
662
Subscribers
No data24 hours
-87 days
-2230 days
Posts Archive
မိုးအေးအေးလေးနဲ့ Feel လို့ရအောင် Remix လေး။ ✧ Lyricsノ⁠♬ #Heathen #T&N

≧⁠▽⁠≦ အကုန်လှနေရော၊ တစ်ကောင်လောက် လိုချင်လာပြီ။ #Nat
+3
≧⁠▽⁠≦ အကုန်လှနေရော၊ တစ်ကောင်လောက် လိုချင်လာပြီ။ #Nat

ကိုယ့်လူတို့တွေ psyche အကြောင်းတွေချည်း ဖတ်နေရတာပင်ပန်းမှာဆိုးလို့ ပေါ့ပေါ့ပါးပါး topic လေးကိုဘဲ ရေးပေးလိုက်ပါတယ်။
Arabian လို့ခေါ်တဲ့ မြင်းတွေအကြောင်း • ဒီကောင်လေးတွေကတော့ ကမ္ဘာ့ပေါ်မှာ ရှေးအကျဆုံးမျိုးဖောက်ရောင်းဝယ်ခံရတဲ့ မြင်းအမျိုးအစားလေးတွေထဲကတစ်မျိုးဖြစ်ပါတယ်။ • သူတို့ကို Arabian Peninsulaမှာစပြီး မျိုးဖောက်ခဲ့ကြပါတယ်။ Arabian မြင်းတွေရဲ့ စတင်ရာလို့ပြောလို့ရပါတယ်။ Arabian တွေက ဘာကြောင့်တခြားမြင်းတွေနဲ့ မတူတာလဲ။ ✷ ထူးခြားချက်ကတော့ တခြားမြင်းမျိုးစိတ်တွေနဲ့မတူတဲ့ ပေါ့ပါးလျှင်မြန်မှု၊ နှာခေါင်းချွန်ပြီး ကော့တက်ခြင်း၊ အမြီးက သာမာန်မြင်းတွေထက် ပိုမြင့်တာကြောင့်ဖြစ်ပါတယ်။ ✧ သူတို့ဟာသာမာန်မြင်းတွေနဲ့ယှဉ်ရင် သေးငယ်ပေမယ့် သာမာန်မြင်းတွေထက်ကို ပိုမြန်ပါတယ်။ ဒါ့ကြောင့် မြင်းပြိုင်တွေမှာ မြင်းပြိုင်သူတွေက ဒီကောင်လေးတွေနဲ့ မျိုးဖောက်ထားတဲ့ မြင်းတွေကို စီးနင်းလေ့ရှိကြတာ ဖြစ်ပါတယ်။ အရင်ခေတ်တွေက Arabian မြင်းဆိုရင် pure breed ဖြစ်မှ၊ မျိုးကောင်းမျိုးသန့်ဖြစ်မှ တန်ဖိုးထားကြပေမယ့် ဒီနေ့ခေတ်မှာတော့ cross breeding လုပ်ခြင်းကို အားပေးလာကြပါပြီ။
Arabian နဲ့မျိုးနွယ်တူတာကြောင့်၊ စတင် breeding လုပ်ရာနေရာ တူနေတာကြောင့် Arabian လို့ထင်ရပေမယ့် Arabian မဟုတ်တဲ့ မြင်းအမျိုးအစားတစ်ခုရှိပါတယ်။
သူတို့ကတော့ အရောင်တောက်ပနေတဲ့ coat ကိုပိုင်ဆိုင်ထားတယ့် Takhal မြင်းတွေဖြစ်ပါတယ်။ Arabian သွေးပါပေမယ့် သွင်ပြင်ကတော့ arabian နဲ့ကိုယ်လုံးသွယ်တာဘဲ ဆင်ရုံဘဲဆင်တာပါ။ ခက်တာက များသောအားဖြင့် သူတို့ကတော့ local breed တွေဖြစ်နေပါတယ်၊ ပြောချင်တာက များသောအားဖြင့် အလုပ် (ဥပမာ မြင်းလှည်းဆွဲတာတို့) အတွက် breed ထားတာကြောင့် ပြိုင်ပွဲဝင်ဖြစ်နေတာ ရှားပါတယ်။ Arabian နဲ့ Takhal ဘာကွာလဲ။ • ကိုယ်လုံးကတော့တူတူလောက်ပါဘဲ ဒါပေမယ့် Takhal က arabian ထပ်ပိုပြီး အရွယ်အစားကြီးပါတယ်။ (နှစ်မျိုးလုံးကတော့ ခန္ဓာကိုယ်သွယ်ပါတယ်၊ ဒါပေမယ့် Takhal ကတော့ ပိုပြီးအရပ်ရှည်သလို ကိုယ်လုံးပါ ပိုကြီးပါတယ်)။ • Coat နဲ့မျက်နှာ လဲကွာပါတယ်။ ဒါကတော့ အဓိကအပိုင်းလို့ပြောလို့ရပါတယ်။ Takhalရဲ့ coat က Arabian ထပ်ကို ပိုတောက်ပလေ့ရှိပါတယ် (cross breed တွေမပါ)။ Arabian ကနှာခေါင်းကော့ပေမယ့် Takhal ကတော့ နှာခေါင်းကော့ခြင်းမရှိပါဘူး။ ▽ဒါပေမယ့် Arabian pure blood တွေကလှသလောက် Breeding အပိုင်းမှာ လူတွေရဲ့ဒုက္ခပေးမှုကို ခံနေရတဲ့မြင်းတွေလည်း ဖြစ်ပါတယ်။ Arabian မြင်းမျိုးစိတ်တွေက နှာတံကော့တာကြောင့် လူကြိုက်များကြပါတယ်။ ဒါ့ကြောင့် Breederတွေ ကအဲ့ဒီ trait ကိုရဖို့အတွက် Arabian တွေကို inbreeding ပါစလုပ်လာပါတယ် (ဘာကြောင့်လဲဆိုတော့ တစ်ခြားမြင်းမျိုးစိတ်တွေနဲ့ဆက်ရင် ဒီ trait ရနိုင်ချေနည်းတာကြောင့်ပါ)။ Inbreeding ကဘာလဲ။ Inbreeding ဆိုတာကို ကျွန်တော်နားလည်သလောက် ရှင်းပြရရင် လူတွေမှာဆို မျိုးနွယ်စုတစ်ခုထဲအပြင် လူအဝင်မခံဘဲနဲ့ နှစ်ပေါင်းများစွာ ဒီလူတွေကိုဘဲ ပြန်လက်ထက်ယူစေတာဖြစ်ပါတယ်။ အမျိုးနီးစပ်ယူရင်လည်း Inbreeding ဖြစ်ပါတယ်။ ဒီ Inbreedingကတော့ trait တွေကို ထိန်းထားပေးနိုင်ပေမယ့် အဲ့ဒီ inbreed အလုပ်ခံရတဲ့သတ္တဝါတွေကို သိသိသာသာထိခိုက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ gene diversity နည်းသွားတာကြောင့် မိဘနှစ်ပါးမှာ ရောဂါအခံတစ်ခုခု recessive gene မှာဘဲဖြစ်ဖြစ်၊ Dominant gene မှာဘဲဖြစ်ဖြစ် ပါလာရင် သားသမီးက အဲ့ဒီပြဿနာကို ဆက်ခံမှာကြောင့်ဖြစ်တယ်။ ပြီးတော့ဒီ Inbreeding အလုပ်ခံရတယ့် Arabian မြင်းတွေက မူလ Arabian မြင်းတွေထက် ပိုနှေးကွေးတာ၊ အားနည်းတာ၊ ရောဂါပိုထူတာတွေ၊ အဆိုးဆုံးကတော့ အဲ့ဒီနှာခေါင်းက deform ဖြစ်သွားလို့ အသက်ရှူရခက်လာတာတွေအထိပါ ဖြစ်တတ်ပါတယ်။ ပြီးတော့ အရမ်းလှတဲ့ မြင်းမျိုးစိတ်ဖြစ်တာကြောင့် တစ်ချို့လူတွေက သူတို့ကို သက်ရှိတွေထက် ခင်းကျင်းပြသစရာပစ္စည်းလို့ဘဲ သဘောထားကြပါတယ်။
တကယ်တော့ Arabianတွေရော တခြားမြင်းတွေရောက Inbreeding မလိုလောက်အောင်ကိုလှပြီးသားပါ။ လူတွေရဲ့လောဘတွေကြောင့်ဘဲ ဒီကောင်လေးတွေက တန်ဖိုးကြီးကြီး အဖြတ်ခံနေရတယ်လို့ပြောရမယ်။
Inbreed အလုပ်ခံထားတဲ့ purebreed arabian တစ်ကောင်က ဒေါ်လာထောင်နဲ့ချီ စျေးပေါက်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ကျန်းမာရေးစရိတ်စခကတော့ သူ့ကိုဝယ်ရတဲ့ စျေးထက်များနေတာကို သတိထားမိလောက်မှာပါ။ ဒီအချက်ကိုကြည့်ပြီး တစ်ချို့က Arabian တွေကို နူးညံ့ပြီး အကြမ်းမခံနိုင်တဲ့မြင်းတွေလို့ ထင်ကုန်ကြတာပါ။ တကယ်တော့ Arabianတစ်ကောင်က inbreed အလုပ်မခံထားရင် သာမာန်မြင်း တစ်ကောင်လိုဘဲ အကြမ်းပတမ်းခံနိုင်ပါတယ်။ #Heathen #T&N

လူတိုင်းသိလောက်မဲ့ သီချင်းလေးပေါ့ ❤️ #Nat #T&N

ဟရို သွေးလရိပ်ညိုပါ။
ဒီနေ့ ကျွန်တော့် birthday နဲ့ ပတ်သတ်ပြီးတော့ ရေးချင်စိတ်ပေါက်လာလို့ ချရေးဖြစ်တာပါ။
မွေးနေ့တဲ့........။ ကျွန်တော်တို့တွေ လူ့လောကထဲ ရှင်သန်ဝင်ရောက်လာတဲ့ ရက်တဲ့၊ မွေးနေ့လို့ သတ်မှတ်တတ်ကြတယ်။ လူငယ်သဘောဆို ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြတယ်။ စားကြ သောက်ကြတယ်။ လူကြီးပိုင်းသဘောဆို မွေးနေ့တစ်နှစ်ပြီးလေ သေ‌နှစ်တစ်နှစ်နီးလေဆိုပြီး တရားသဘောပြု အားထုတ်တတ်ကြတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေ စဦးမွေးဖွားလာခြင်းနဲ့ပတ်သတ်ပြီး ဦးစွာ ကျေးဇူးတင်ရမှာက မိဘနှစ်ပါးပါ။ ဘယ်လောက်ပဲ မိဘဆိုးဖြစ်နေပါစေ ကိုယ့်ကိုမွေးထုတ်ပေးခဲ့ပါသော မိခင်နှင့် ကျွေးခဲ့ပါသော ဖခင်ပါ။ ဒုတိယံပိ အနေနဲ့ တစ်ဦးတည်းသောသားမဟုတ်သော အချို့တွေ င်္အတွက်ကျ အစ်မပါ။ မိဘကမွေးထုတ်ပေးသည်ထားဦး။ အိမ်မှုကိစ္စနဲ့ငွေရှာ၊လူမှုရေးရာတွေမှာပါဝင်နေကြချိန် အစ်မဆိုသော အမျိုးသမီးကပဲ ချီပိုးထိန်းကျောင်းပေးခဲ့တာပါ။ စကားစုလေးတောင်ရှိ‌ပါသေးတယ်။ "အစ်မကြီး အမိရာ" တဲ့။ သူတို့တွေကလည်း ဒုတိယမိခင်လောင်းလေးပါပဲ။ ကိုယ့်ရဲ့မောင်ငယ် ညီမငယ်လေးတွေ အထိအခိုက် အပွန်းအပဲ့ မခံနိုင်အောင် မျက်စိဒေါက်ထောက် ကြည့်ပေးသူဟာ အစ်မပါ။ တတိယံပိအနေနဲ့ ကိုယ်ချစ်ရသူ သူငယ်ချင်း ဒါမှမဟုတ် ချစ်သူ ဒါမှမဟုတ် ကိုယ့်ရဲ့ ဝါဿနာ၊ ရည်မှန်းချက်ကို တိုးတတ်အောင် တစ်နေရာရာက ထောက်ပံ့ဖူးသော လူလေးတွေပါ။ သူတို့လေးကလည်း ကျွန်တော်တို့တွေအတွက် ကျေးဇူးရှင်ပါပဲ။ ကျွန်တော်သွေးလရိပ်ညိုသည် ဤနေရာကနေပင် မွေးထုတ်၊ကျွေးမွေးပေးခဲ့ပါသော မိဘနှင့် ချီပိုးထိန်းကျောင်းပေးခဲ့ပါသော သွေးသားရင်းချာ အစ်မကို မြတ်နိုးစွာဖြင့် ကျေးဇူးတင်ပါတယ်။ နောက်ပြီး author သွေးလရိပ်ညို ဒါမှမဟုတ် artist ဉာဏ် ဖြစ်လာအောင် အထောက်အပံ့ပေးခဲ့ဖူးတဲ့ ‌အကို ခေတ်မင်းမောင်ကိုလည်း ကျေးဇူးတင်ပါတယ်။ စာဆိုတာ ဘာမှန်းမသိ၊ မျဉ်းတစ်ကြောင်းကိုတောင် ‌ဖြောင့်အောင် မဆွဲတတ်ခင်အချိန်က အများကြီး အထောက်အပံ့ပေးခဲ့တဲ့ အကို့ကိုလည်း ကျေးဇူးများကြီးတင်ပါတယ်။ ဘဝတက်လမ်းတစ်ကွေ့မှာ ရခဲ့ဖူးပါသော အဟာရဖြည့်စွက်စာလေး တစ်ခုအနေနဲ့ ကျွန်တော်အပိုင်မယူရလိုက်ပါဘူး။ •ဒီနေ့ ၁၆ရက်နေ့ ၆လပိုင်းမှာ ကျရောက်တဲ့ ကျွန်တော့်မွေးနေ့နဲ့ ၆လပိုင်းမှာ ကျရောက်တဲ့ မွေးနေ့ရှင်တွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့စေပြီး အနာဂတ်မှာ တိုးတတ်စေမဲ့ နိုင်ငံရတနာလေးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။
မွေးနေ့ဆိုတာကလည်း နေ့ထူးနေ့မြတ်တစ်ခုမဟုတ်ပေမဲ့ ကျွန်တော်တို့ ရှင်သန်မွေးဖွားလာတဲ့ရက်မြတ်တစ်ခုပဲမို့ အပျော််အပါး လိုက်မနေပဲ ကောင်းမှုကုသိုလ်ယူစေချင်ပါတယ်။
မွေးနေ့ရောက်သော် ပျော်မနေဘဲ ကောင်းမှု တစ်ခုခု ပြုကြလော့။ စိတ်လိုက်မာန်ပါ ပြုမနေဘဲ ရည်မှန်းရာသာ ‌လျှောက်လှမ်းလော့…။ #ThwayLaYate #T&N

အားလုံး မင်္ဂလာညချမ်း‌ေလးပါဗျ 👋 ကျနော်တို့ရဲ့ ads post ထဲမှာပါဝင်ချင်ရင်တော့ @DayBTeambot ကို ads ဆို‌ပြီးပေးပို့ပေးပါခင်ဗျာ New Channel =⭕️
VIP Channel
Glitzy Girl Creations ✿⁠ ⁠♡⁠‿⁠♡
✨ Glitzy Girl Creations Handmade Crochet Shop ✨    ဟေးး~ အဂျစ်လေးတို့ရေ!!🎐 Handmade ပစ္စည်းမျိုးစုံလေးတွေကိုဈေးနှုန်းသင့်တင့်စွာမှာယူလိုပါသလား ဒါဆိုရင်  Glitzy Girl Creations စိတ်ချယုံကြည်စွားလာရောက်ဝယ်ယူလိုက်တော့နော် --- ### 🛍️ Order & Delivery Info  ✅ Prepaid/Full Paid စနစ်ဖြင့် အာမခံချက်နှင့်  ✅ Preorder - ၁-၂ ပတ်အတွင်း အဆင်သင့်ဖြစ်မည်  ✅ အခမဲ့ပို့ဆောင်ခြင်း - ၁၀၀၀၀ ကျပ်အထက် အမှာများအတွက်  ⏰ အမှာယူနိုင်ချိန် - 9:00 AM ~ 9:00 PM (တနင်္ဂနွေနေ့ *ပိတ်ပါသည်*)  --- ### 🌸 လက်ကားဝယ်ယူရန်  - တစ်မျိုး ၁၀ခု ဝယ်ယူပါက လက်ကားဈေးဖြင့်ရရှိ  - ကိုယ်ပိုင် Design ၃မျိုး အထိ ရွေးချယ်နိုင်  --- ### 📌 သတိပြုရန်  ❌ ဝယ်ပြီးပြန်လဲမပေးပါ  ❌ Voucher ဖွင့်ပြီးပါက Cancel ခွင့်မရှိပါ  ✅ ပစ္စည်းအမှားပါပါက ၂၄နာရီအတွင်း အစားထိုးပေးမည်  --- ### 💎 VIP အထူးအခွင့်အရေး  - ၅ကြိမ်အထက် ဝယ်ယူပါက Lifetime 2% Discount ရရှိမည်!  --- ### 📲 ဆက်သွယ်ရန်  - TikTok Shop: https://vm.tiktok.com/ZSMPs77PV/  - Telegram: https://t.me/Glitzy_Girl_Creations28  - မေးမြန်းရန်: @Wahwah3119 သို့ DM ပို့ပေးပါ  💝 အားပေးမှုအတွက် ကျေးဇူးတင်ပါသည်!  #HandmadeWithLove #CrochetMyanmar #GGC_Handmade
Poem
- ထွေရာလေးပါး
Free English Center
⭕️- Bright Future Education Center
Knowledge
- Knowledge Atmosphere - Knowledge Sharing by Hein💌😍
Movies
- BL & GL Cinema (WangM) - Best anime series channel - Thai Series (WangM) - Chinese Movie (WangM) - Korean Movie (WangM)
စာတိုကဗျာ& Audio Books
- စာတို - Collection - Thoon Kari
Musice
- 𝙿𝚘𝚈𝚘 𝚋𝚢 𝚂𝚘𝚗𝚐 𝙻𝚢𝚛𝚒𝚌𝚜
Knowledge & Art
- ∆ Triangles & Numbers 0_0
Subliminal
- Calista world 🎀💗
Horror stories
- Another World
Knowledge of Science
- Science And Astronomy Facts
အစုံတင်
- My Journal (ရေးချင်တာရေး😜😜) - 🏰 𝐀𐓣𐓣α 𝖼α𝗌𝗍ᥣ𝖾 🏰
Public
- 𐙚⋆.˚𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐁𝐲 𝐌𝐞𝐥𝐥𝐨˚.⋆𐙚 - Channel by Lynn
Music ( Cover Song Entertainment )
- TBE Entertainment
BLINK Channel
- BLACK PINK Update
Cp pfp and အစုံတင်
- Couple Channel
ဆောင်းပါး
- Paw Sain Hmwe
Theme,pfp, wallpaper and song
- Theme World By Nora - Anime pfp and Wallpaper
စာတို
- The only
Computer Knowledge💻
- Computer Knowledge 💻
အစုံ
ရသစုံမြေ ⭕️ ˚⋆𐙚。𝓓𝓮𝓵𝓲𝓵𝓪𝓱 𖦹.ᡣ𐭩˚
Korean Language Channel
Hangul Hub
Education
Champion Education
Education & Knowledge sharing
Chill Space
Series Channel
Movie World (WangM) Korean Ongoing (WangM) WangM Cinema World Chinese Animes (WangM)
Science, The earth, Physics,Chemistry,Biology
⭕️ The world of science
VIP Channel
Glitzy Girl Creations ✿⁠ ⁠♡⁠‿⁠♡
✨ Glitzy Girl Creations Handmade Crochet Shop ✨    ဟေးး~ အဂျစ်လေးတို့ရေ!!🎐 Handmade ပစ္စည်းမျိုးစုံလေးတွေကိုဈေးနှုန်းသင့်တင့်စွာမှာယူလိုပါသလား ဒါဆိုရင်  Glitzy Girl Creations စိတ်ချယုံကြည်စွားလာရောက်ဝယ်ယူလိုက်တော့နော် --- ### 🛍️ Order & Delivery Info  ✅ Prepaid/Full Paid စနစ်ဖြင့် အာမခံချက်နှင့်  ✅ Preorder - ၁-၂ ပတ်အတွင်း အဆင်သင့်ဖြစ်မည်  ✅ အခမဲ့ပို့ဆောင်ခြင်း - ၁၀၀၀၀ ကျပ်အထက် အမှာများအတွက်  ⏰ အမှာယူနိုင်ချိန် - 9:00 AM ~ 9:00 PM (တနင်္ဂနွေနေ့ *ပိတ်ပါသည်*)  --- ### 🌸 လက်ကားဝယ်ယူရန်  - တစ်မျိုး ၁၀ခု ဝယ်ယူပါက လက်ကားဈေးဖြင့်ရရှိ  - ကိုယ်ပိုင် Design ၃မျိုး အထိ ရွေးချယ်နိုင်  --- ### 📌 သတိပြုရန်  ❌ ဝယ်ပြီးပြန်လဲမပေးပါ  ❌ Voucher ဖွင့်ပြီးပါက Cancel ခွင့်မရှိပါ  ✅ ပစ္စည်းအမှားပါပါက ၂၄နာရီအတွင်း အစားထိုးပေးမည်  --- ### 💎 VIP အထူးအခွင့်အရေး  - ၅ကြိမ်အထက် ဝယ်ယူပါက Lifetime 2% Discount ရရှိမည်!  --- ### 📲 ဆက်သွယ်ရန်  - TikTok Shop: https://vm.tiktok.com/ZSMPs77PV/  - Telegram: https://t.me/Glitzy_Girl_Creations28  - မေးမြန်းရန်: @Wahwah3119 သို့ DM ပို့ပေးပါ  💝 အားပေးမှုအတွက် ကျေးဇူးတင်ပါသည်!  #HandmadeWithLove #CrochetMyanmar #GGC_Handmade
Spv - ZAKILOD Total type - 26 Total ch - 38 Version - 2.0 @Theadsburma #DayB1+B2+C1+C2+D1+D2+E2

နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာက ဒီဘာသာရေးဆိုတာကြီးက လူတွေအကူအညီပေးဖို့၊ ယုံကြည်ချက်ပေးဖို့ ပေါ်ပေါက်လာတဲ့ အတွက်ကြောင့် အခုထိလည်း အဲ့ဒီအတိုင်းဘဲ ဆက်ကျင့်သုံးပေးကြပါ။
လူတစ်ယောက်ကို မင်းရဲ့ ဘာသာက ထိခိုက်စေတယ်ဆိုရင် မင်းရော မင်းရဲ့ ဘာသာရော အမှားကြီးမှားနေပါပြီဆိုတာသတိရပါ။
#Heathen #T&N

နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာက ဒီဘာသာရေးဆိုတာကြီးက လူတွေအကူအညီပေးဖို့၊ ယုံကြည်ချက်ပေးဖို့ ပေါ်ပေါက်လာတဲ့ အတွက်ကြောင့် အခုထိလည်း အဲ့ဒီအတိုင်းဘဲ ဆက်ကျင့်သုံးပေးကြပါ။
လူတစ်ယောက်ကို မင်းရဲ့ ဘာသာက ထိခိုက်စေတယ်ဆိုရင် မင်းရော မင်းရဲ့ ဘာသာရော အမှားကြီးမှားနေပါပြီဆိုတာသတိရပါ။
#Heathen #T&N

LGBTQIA+နှင့် ဘာသာရေး
ဒီလိုမျိုး lgbt+ နဲ့ဘာသာရေးဆိုတဲ့ ပြဿနာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံတို့၊ အိန္ဒိယတို့လို ရှေးရိုးစွဲနေတဲ့ နိုင်ငံတွေကစလို့ အမေရိကန်ပြည်ထောင်စုတို့၊ ကနေဒါတို့လို နိုင်ငံတွေမှာပါ အနည်းနဲ့အများဆိုသလို ဖြစ်နေတဲ့ ပြဿနာတစ်ခုလို့ ပြောနိုင်ပါတယ်။
ဘာကြောင့် ဘာသာရေးအရ ပြဿနာရှိကြတာလဲ။ ဒီအရာကတော့ သဘောထားကွဲလွဲမှုကစတဲ့ ပြဿနာပါ။ ဘာသာတိုင်းမှာ လူတစ်ယောက်နဲ့တစ်ယောက် အယူအဆ မတူပါဘူး။ Christian မှာတောင် LGBT+ကို လက်ခံတဲ့ အမျိုးအစားတွေရှိသလို လက်မခံတဲ့ အမျိုးအစားတွေ (ဥပမာ Jehova's witness) ရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ နေတဲ့ နိုင်ငံဟာ ဗုဒ္ဓဘာသာ အဓိကထား ကိုးကွယ်တဲ့ နိုင်ငံမို့လို့ ဒီမှာ တစ်ခြားဘာသာတွေရဲ့သဘောထားအကြောင်းကို အကျဉ်းချုပ်ဘဲ ပြောပြပါမယ်။ Christianity လက်ခံတာမခံတာက mix ဖြစ်ပါတယ်။ တစ်ချို့ကိုးကွယ်သူတွေက "ဖန်ဆင်းရှင်ဟာ သူ့ပုံရိပ်အတိုင်း လူကိုဖန်ဆင်းခဲ့သည်" ဆိုတဲ့ ဟောကြားချက်ကို လက်ခံတဲ့ အနေနှင့် LGBT+ဟာ ဘုရားဖန်ဆင်းတာလို့ ယူဆကြပါတယ်။ တစ်ချို့ကတော့ "ဒါဟာဘုရားရဲ့ အလိုတော်ကို ဆန့်ကျင်တယ်၊ ဘာကြောင့်လဲဆိုတော့ ဘုရားကအာဒမ်နဲ့ အေဝကို ဖန်ဆင်းခဲ့တာကြောင့်" လို့ယူဆပြီး LGBT+ကို လက်မခံပါဘူး။ Hinduism ဒါကလည်း Mixဖြစ်ပါတယ်။ တစ်ချို့က "လူဟာ စိတ်ဓာတ်ကောင်းနေသ၍ ဘာကြီးဘဲဖြစ်နေနေ ဘုရားဟာ ဂရုမစိုက်ဘူး" လို့ပြောကြပေမယ့် တစ်ချို့ကြတော့လည်း "ဒါက သဘာဝကို ဆန့်ကျင်တယ်" ဆိုပြီး ကန့်ကွက်ကြပါတယ်။ Islam LGBT+ကို လုံးဝလက်မခံတဲ့ ဘာသာဆိုလည်း မမှားပါဘူး။ Saudi တို့လိုနိုင်ငံတွေမှာဆို LGBT+ဆိုရင် ကိုယ်က သေဒဏ်ကျခံရမှာ အသေအချာဘဲဖြစ်ပါတယ်။ သူတို့အယူအဆအရတော့ ဒါက Allah ရဲ့ အလိုတော်ကို ဆန့်ကျင်တဲ့ကိစ္စလို့ ယူဆကြပါတယ်။ လူငယ်ပိုင်းတွေမှာတော့ LGBT+ကို တဖြည်းဖြည်း လက်ခံလာပေးတာ တွေ့ရပါတယ်။ ကဲအခု ကျွန်တော်ပြောထားတဲ့ ဗုဒ္ဓဘာသာဘက် သွားရအောင်။ -အခုဒီမှာ အာရုံစိုက်မှာကတော့ မြန်မာနိုင်ငံမှာ ယုံကြည်သူအများအဆုံးဖြစ်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာဘဲဖြစ်တယ်။ •ထေရဝါဒလို့ပြောရတဲ့ အကြောင်းကတော့ လက်ရှိ ဗုဒ္ဓဘာသာနိုင်ငံတော်တော်များများက မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်နေကြတာကြောင့် နှစ်ခုမရောစေချင်လို့ဖြစ်ပါတယ်။ အရင်ဆုံး မဟာယာန ဗုဒ္ဓဘာသာနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ဘာကွာလဲအပေါ် အရင်အကျဉ်းချုပ် ရှင်းပြချင်ပါတယ်။ မဟာယာန ဗုဒ္ဓဘာသာဟာ ဂေါတမ ဗုဒ္ဓဘုရားဟောခဲ့တဲ့ တရားတော်တွေ၊ ပိရိကတ်တွေကို လူတွေအလွယ်တကူ လေ့လာနိုင်အောင်၊ လိုက်နာနိုင်အောင် ခေတ်နှင့်အညီ လိုက်လျောညီထွေ ပြောင်းလဲပေးထားတဲ့ ဗုဒ္ဓဘာသာဖြစ်ပါတယ် (ဥပမာ ကိုရီးယားက ဘုန်းကြီးတွေက ခြေအိတ်ဝတ်ခွင့်ရတာမျိုး)။ ထေရဝါဒ ဗုဒ္ဓဘာသာကတော့ ဘုရားဟောခဲ့သမျှ တရားတော်အားလုံးကို ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း မရှိဘူး။ အတိအကျ လိုက်နာကျင့်သုံးစေတဲ့ဘာသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် အထူးသဖြင့် လူကြီးတွေက ဘာကြောင့် Gayတာကို ဝဋ်ကြွေးလို့ ယူဆတာလဲ။ √ဒီမေးခွန်းကိုမဖြေခင် အရင်ဆုံး ဘာသာတရားတွေ ဘယ်လိုရည်ရွယ်ချက်နဲ့ ပေါ်ပေါက်လာတာလဲဆိုတာကို အရင်သိရပါမယ်။ ဘာသာတရားတွေက လူတွေကို လမ်းပြပေးဖို့၊ မကောင်းတာကောင်းတာတွေ ခွဲခြားပေးဖို့ သို့မဟုတ် မသိတဲ့ အရာတွေအပေါ်မှာရှိတဲ့ အကြောက်တရားကို ဖြေဖျောက်ဖို့ ပေါ်လာတာဖြစ်တယ်။ (ဥပမာ လူတွေက နေဟာ ကြယ်မှန်းမသိခင်က နတ်ဘုရားလို့ယူဆပြီး ကိုးကွယ်ခဲ့သလိုမျိုး)။ ဒါကြောင့်လူတွေက အဲ့ဒီခေတ်ထဲက ကိုယ်မသိတဲ့ အရာတစ်ခုကိုတွေ့ရင် ဘာသာရေးနဲ့ ဆက်နွယ်ပြီး တွေးလာပါတယ်။ ကြယ်ကြွေတယ်၊ နတ်သမီးလေး နတ်သက်ကြွေတယ် အစရှိသဖြင့်ပေါ့။ ဒီအယူအဆက သိပ္ပံဘာသာရပ် တွင်တွင်ကျယ်ကျယ် မထွန်းကားခင်အထိ ဖြစ်ခဲ့သလို ယခုထိလဲ ဘာသာတရားဦးစားပေးတဲ့ နိုင်ငံတွေမှာ ရှိနေဆဲပါဘဲ။ ဒါ့ကြောင့် လူကြီးတွေက LGBT+ ကိုဘာသာရေးနဲ့ ဆက်လျဥ်းတွေးခြင်းဖြစ်ပါတယ်။ ဒုတိယမေးခွန်းက သူတို့က LGBT+ကို သိပ္ပံနည်းကျ ရှင်းပြရင်တောင် ဘာလို့ လက်မခံဘဲ ဘာသာရေးအယူအဆတွေဘဲ ဆွဲတွေးနေကြတာလဲ။ လူတွေဟာ ကိုယ်ကြိုသိတဲ့အရာနဲ့ မသိတဲ့အရာယှဉ်ရင် မသိတဲ့အရာကို ပိုကြောက်ရွံ့ကြပါတယ်။ ဘာသာတရားနဲ့ သိပ္ပံဆို ဘာသာတရားဟာ ကိုယ်ကြိုမသိရတဲ့အရာလို့ ပြောနိုင်ပါတယ်။ ဘာသာရေးအရ ဘယ်နေ့ ဒီအမှားအတွက် ဒဏ်ခတ်ခံရမယ်ကို ကြိုမှ မမှန်းနိုင်တာကိုး။ ဒါကြောင့် ဘာသာတရားအယူအဆကို ပို လက်ခံတာဖြစ်ပါတယ်။ ဒီပြဿနာကိုဘယ်လိုရှင်းရမလဲ။ LGBT+က လုံးဝလက်ခံစရာမလိုပါဘူး။ လေးစားမှု၊ နားလည်မှုပေးဖို့ဘဲ လိုတာပါ။ ဥပမာပြောရရင် Christianနဲ့ Buddhist တစ်ယောက်ဟာ သူငယ်ချင်းဖြစ်ပါတယ်ထား။ သူတို့က အချင်းချင်းရဲ့ အယူအဆတွေအကုန်လက်ခံလား။ လက်မခံဘူးလေ။ တူမှမတူတာကိုး။ ဒါဆိုဘာကြောင့် သူတို့ သူငယ်ချင်း ဆက်ဖြစ်နေတာလဲ။ နားလည်မှုကြောင့်၊ လေးစားမှုကြောင့်ဘဲ။ အချင်းချင်းအော်ပြီး ဆဲမနေဘူး၊ အပြစ်တင်မနေဘူး၊ ဘာသာရေးအကြောင်း အားတိုင်းယားတိုင်း ဆွဲထည့်မနေဘူး၊ ဒါတွေကြောင့်ဘဲ။ ဒါကြောင့် LGBT+ကိုလည်း အဲ့ဒီနည်းနဲ့ဖြေရှင်းရင် ပြဿနာက အရင်ကထက် နည်းလာမှာဘဲဖြစ်ပါတယ်။

👻 သရဲကားကြည့်ပြီးရင်နားထောင်ရန်။ {𝙻𝚢𝚛𝚒𝚌𝚜} #Heathen #T&N

မင်္ဂလာပါအုံနာတို့...... 📌အုံနာတို့channel subscribers တိုးချင်တယ်ဆိုရင်တော့ အခုပဲ @DayC2Teambot ကိုAdsလို့အမြန်ဆုံးပို့ပေးလိုက်တော့နော်.... New channel=⭕️ Swam's Diamond shop
🎮 MLBB Diamonds / Weekly Pass နဲ့ PUBG UC စျေးနှုန်းချိုချိုလေးတွေ ရောင်းချပေးနေတဲ့chဖြစ်ပါတယ်
🎵 Hip-hop စချင်သူတိုင်း ဒီမှာစပါ!  "အခြေခံကနေ စပြီး သင်ယူဖို့ အချိန်ကောင်းပဲ!"  Hip-Hop dance class လဲတက်ချင်တယ် အတွေ့အကြုံလဲမရှိဘူး🤷‍♀ အလုပ်တွေရှုပ်လို့🤓 အပြင်မှာလဲသွားမတက်နိုင်ဘူး🏃🏻‍♀‍➡️ဆိုတဲ့ အဂျစ်လေးတို့အတွက်🫵🏻💋 Onilne Hip-Hop dance Class လေးလာပီးနော်🙌🏻🫦 🗣အသက်အရွယ်အပိုင်းခြား မရှိတာကြောင့် အခုပဲမြန်မြန်လာအပ်လိုက်တော့နော်🏃🏻‍♀‍➡️👀
ထပ်သိရအောင်_@KMG4Lilly2
Knowledge & Art
⭕️∆ Triangles & Numbers 0_0
Subliminal
⭕️Calista world 🎀💗
Horror stories
⭕️Another World
Knowledge of Science
⭕️Science And Astronomy Facts
အစုံတင်
⭕️My Journal (ရေးချင်တာရေး😜😜) ⭕️🏰 𝐀𐓣𐓣α 𝖼α𝗌𝗍ᥣ𝖾 🏰
Public
⭕️𐙚⋆.˚𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐁𝐲 𝐌𝐞𝐥𝐥𝐨˚.⋆𐙚 ⭕️Channel by Lynn
Music ( Cover Song Entertainment )
⭕️TBE Entertainment
BLINK Channel
⭕️BLACK PINK Update
Subliminals & Tarot Reading....
⭕️: ℝ𝔸ℕ𝕒_𝕌𝕟𝕚𝕍𝔼ℝ𝕤𝔼🔮🧚‍♀️
Cp pfp and အစုံတင်
⭕️ Couple Channel
ဆောင်းပါး
⭕️Paw Sain Hmwe
Theme,pfp, wallpaper and song
⭕️Theme World By Nora ⭕️ Anime pfp and Wallpaper
စာတို
⭕️The only
အစုံတင် Channel owner လေးတွေအတွက်🫶🏽 အစုံသုပ် Ch လေးတွေအတွက်ကတော့ သီးသန့်တင်ပေးတာမို့ { @MixDayTeamBot } or { @MixDay2TeamBot } မှာပါဝင်ပေးကြပါဗျ။
Spv-Rubblekhant Total ch- 17 Total type - 14 Version-2.0 @TheAdsBurma #DayC2

စိတ်နှင့် ခန္ဓာဆက်နွယ်မှု (အဆက်) ဟိုးအပတ်တွေက ကျွန်တော်တို့တူတူလေ့လာခဲ့ကြတဲ့ ptsd တို့ anxiety တို့ကို မှတ်မိအုံးမယ်ထင်ပါတယ်။
မနေ့ကလည်း 5F အကြောင်းသိရှိပြီးပြီဆိုတော့ ဒီနေ့တော့ Depression အကြောင်းကို လေ့လာကြပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က နောက်အပတ်ကြရင် bipolar အကြောင်းတင်ပေးချင်လို့ပါ။
Depression ကဘာလဲ။ Depression ကတော့ စိတ်မပျော်မရွှင်ဖြစ်တဲ့၊ စိတ်ဓာတ်ကျနေတဲ့အခြေအနေလို့ မြန်မာလို အရှင်းဆုံးပြန်ဆိုထားပါတယ်။ ဒါပေမယ့် တကယ်တော့ depression ကအဲ့လောက်ရိုးရှင်းနေတဲ့အရာ မဟုတ်ပါဘူး။ Depression ကဝမ်းနည်းတာနဲ့ မတူပါဘူး။ Depression ခံစားနေရတဲ့ လူတွေက မျှော်လင့်ချက်မဲ့မှုနဲ့ ပျော်ရွှင်မှုကိုလည်း တစ်ရက်ထဲမှာတင် ခံစားနေတတ်ပါတယ်။ စိတ်ဓာတ်ကျတိုင်း မပျော်ရွှင်တော့တာမဟုတ်ဘူး။ Depression ရဲ့လက္ခဏာများ အမြဲလိုလိုဝမ်းနည်းနေသလိုခံစားနေရခြင်း အရင်ကဝါသနာပါတဲ့အရာတွေကိုလုပ်ကိုင်ချင်းစိတ်မရှိခြင်း စိတ်ဆတ်လာခြင်း အစားအသောက်ပြောင်းလဲခြင်း အိပ်ရေးပျက်လာခြင်း သို့မဟုတ် အလွန်အမင်းအိပ်စက်ခြင်း အာရုံစိုက်ရခက်ခြင်း ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်ဖို့ စိတ်ကူးခြင်း စတာတွေဖြစ်ပါတယ်။ Depression ဘာကြောင့်ဖြစ်တာလဲ။ Stress မိသားစုပြဿနာ ငွေရေးကြေးရေးပြဿနာ စိတ်ဒဏ်ရာ မျိုးရိုးလိုက်ခြင်း ဟော်မုန်းမညီမျှခြင်း ရောဂါအခံရှိခြင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Depression ကခန္ဓာကိုယ်ကို ထိခိုက်နိုင်ပါတယ်။ Depression ရှိတဲ့လူဟာ anxiety, discorder တို့၊ panic discorder, eating discorder တို့တွေဝင်ဖို့ ပိုရာခိုင်နှုန်းများပါတယ်။ Depression ကဖြစ်တဲ့ ရောဂါတွေကတော့ ရင်ဘက်အောင့်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း ခေါင်းကိုက်ခြင်းနဲ့ မိမိကိုယ်ကို ထိခိုက်နာကျဉ်အောင်လုပ်ရင်း ရလာတဲ့ဒဏ်ရာတွေ စသဖြင့် ရှိပါတယ်။ Depression ဝင်လာရင် ဘာလုပ်ရမလဲ။ တစ်ကိုယ်တည်းမနေပါနဲ့။ အဓိကကတော Depression ကမင်းကို တစ်ယောက်တည်းသာ အကောင်းဆုံးလို့ ပြောနေပေမယ့် မင်းပိုအထီးကျန်လာလေလေ Depression ပိုဆိုးလာလေလေပါဘဲ။ မိသားစုကို ရင်ဖွင့်ပြော၊ ဖွင့်မပြောရဲရင် သူငယ်ချင်းတွေကိုပြောပါ။ တစ်ယောက်တည်း အချိန်အရမ်းမကုန်စေနဲ့။ ကိုယ့်ကိုအရင်က ပျော်စေခဲ့တာလေးတွေကို ဆက်လုပ်ပေးပါ၊ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးပါ။ Self Harm ကိုတော့ လုံးဝမစဉ်းစားပါနဲ့။ တစ်ခါလုပ်ဖူးတာနဲ့ နောက်အခါတွေဆိုတာ လိုက်လာမှာမို့ပါ။ မလုပ်ရမနေနိုင်ရင် ရေခဲတုံးကို အသားပေါ်တင်ကြည့်ပါ၊ အလုပ်ဖြစ်ပါတယ်။ Suicide ကိုလည်းမစဉ်းစားပါနဲ့။ အသက်ရှင်ရတာတန်ဖိုးရှိပါတယ်။ အခုချိန်မှာ အရာအားလုံးကို မင်းအဆုံးသတ်ချင်နေပင်မဲ့ နောင်အချိန်ကြရင် မင်းနားလည်လာမှာပါ။
Depression အကြာင်းကတော့ ဒီလောက်ပါပဲ၊ မနက်ဖြန်မှာတော့ LGBTQIA+ နဲ့ပတ်သတ်တဲ့ အကြောင်းအရာတစ်ခုနဲ့ ပြန်လာခဲ့ပါ့မယ်။
#Heathen #T&N

အသဲကွဲသီချင်းပေမဲ့ အေးအေးငြိမ့်ငြိမ့်လေးမဟုတ်သော… ᯓLyrics ᐢ⑅ᐢ #Nat #T&N

ရို သွေးလရိပ်ညိုပါ။ ♡
ဒီနေ့ ကျွန်တော်ကနေပြီး ပြောပြပေးသွားမှာက လူတွေကြားထဲမှာမှ မိသားစုနဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာရတဲ့ကလေးတွေ ဘယ်လိုရှင်သန်ရလဲ။ ဘယ်လို ကုစားကြတာလဲ။ နောက်ပြီး ဘယ်လိုတွေ ရုန်းကန်ရလဲဆိုတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးတင်ပြသွားပါမယ်။
ကျွန်တော်တို့ ဘဝတွေက ထင်ထားတာထက် လွယ်ကူမနေပါဘူး။ တစ်ချို့‌တွေက ပင်ပန်းဆင်းရဲဒဏ်ကို ခံရတယ်။ တစ်ချို့တွေကတော့ ဝမ်းစာအတွက် နေပူမရှောင်၊ မိုးရွာမရှောင် အလုပ်တွေ လုပ်ရတယ်။ သားသမီးတွေ ဗိုက်ဝဖို့အရေး မိဘတွေက ရုန်းကန်ရသလို တစ်ခါတစ်လေ မိဘတွေအတွက် သားသမီးတွေက ရုန်းကန်ပေးရပါတယ်။ ဒီလိုတွေ ကြားထဲကနေ မိသားစုရဲ့အကြီးဆုံး ဖြစ်စေ။ အလတ်ဖြစ်စေ။ အငယ်ဖြစ်စေ။ သူတို့တွေ ကြုံတွေ့ရတဲ့ မိသားစုနှင့်ပတ်သတ်ပြီး စိတ်ဒဏ်ရာတွေ ရတတ်ကြပါတယ်။ ဒီလိုပြောလို့ မရတတ်ဘူး မထင်ပါနဲ့။ မိသားစုတွေကြားထဲမှာလည်း ဘက်လိုက်မှုတွေ ရှိပါတယ်။ မရှိဘူး မထင်ပါနဲ့ ။ စာရေးသူ ကျွန်တော့် ကိုယ်တွေ့ပါ။ မိသားစုထဲလည်း ရှိသလို သူငယ်ချင်း မိသားစုမှာလည်း ရှိပါတယ်။ ဘယ်လို ဘက်လိုက်မှုတွေလည်းဆိုရင် အမေက အကြီးကိုဖြစ်စေ၊ အငယ်ကိုဖြစ်စေ၊ ပိုအလေးပေး ပိုဂရုစိုက်ပေးသလိုမျိုးပေါ့။ အဲ့ဒီလို ဂရုစိုက်မှုတွေက သူတို့အတွက် ပုံမှန်ဆိုပေမဲ့ မရတဲ့ ကလေးတွေစိတ်ထဲ ကိန်းအောင်လာတာ တစ်ခုက အမေက အစ်ကို့ကို ပိုချစ်တယ်။ အမေက ညီလေးကို ဒါမှမဟုတ် မောင်လေးကို ပိုချစ်တယ်။ ဒီလို အတွေးတွေကနေ ပိုပြီးတွေးလာမယ်။ အမေက ငါ့ကိုမချစ်ဘူးလို့ တွေးလာမယ်။ တစ်ခုခုဖြစ်ရင် မိဘတွေကို ပြောမဲ့အစား ကိုယ်တိုင် ကျိတ်ဖြေရှင်းတတ်လာတယ် ။ ဒီလိုလုပ်တာတွေရဲ့ ဆိုးကျိုးက ဘာလဲ။ ဘာလဲဆိုရင် စိတ်ထဲ ကိန်းအောင်းနေတဲ့ စိတ်ဒဏ်ရာတွေက တစ်ဖြေးဖြေး ကြီးထွားလာပြီး လူ့စိတ်ကို အနိုင်ယူသွားတယ်။ အဲ့လိုကျ ဖြစ်တတ်လာတဲ့ အကျိုးဆက်တွေက ဘယ်သူ့ကိုမှ မယုံလာတာတွေ၊ ဘယ်သူကမှ ငါ့ကိုအတည်မချစ်ဘူး၊ မိဘက ငါဘယ်လိုဖြစ်ဖြစ် ပြစ်ထားမှာ၊ အဲ့လိုအတွေးတွေ တစ်ဖြေးဖြေးနဲ့ ကိုယ်ကိုယ်တိုင် ခေါင်းထဲ ရိုက်သွင်းတတ်လာမယ်။ နောက်ဆုံး ဒီအတွေးတွေကြောင့်ပဲ ကိုယ်တိုင် suicide လုပ်တဲ့အခြေအနေထိ ရောက်လာလိမ့်မယ်။ ဒါတွေကို မဖြစ်စေဖို့အတွက် စိတ်ဒဏ်ရာတွေ များလာတဲ့အခါ ကိုယ်ရဲ့ အခင်ရဆုံးသော သူငယ်ချင်းကို ဖြစ်စေ၊ ကိုယ်ချစ်ရတဲ့ သူစိမ်းကို ဖြစ်စေ ရင်ဖွင့်ပါ။ ဘာလို့ ဒီနေရာမှာ ကိုယ်ချစ်ရတဲ့ သူစိမ်းကို သုံးတာလဲ ဆိုရင် ကျွန်တော်ကိုယ်တိုင် ဖြစ်ခဲ့စဉ်တုန်းက ရင်ဖွင့်ခဲ့ဖူးလို့ပါ။
ဒီလို ရင်ဖွင့်ဖြစ်ခဲ့ရင် စိတ်ထဲ ပေါ့ပါးလာလိမ့်မယ်။ နေသာထိုင်သာရှိလာလိမ့်မယ်။ သူတို့ ပေးတဲ့ moti တွေကြောင့် အနည်းငယ် စိတ်ကျေနပ်မှု ရှိစေလိမ့်မယ်။
ကျွန်တော် ကျွန်မတို့က စိတ်ဒဏ်ရာမရှိပါဘူး။အဲ့လိုဆိုရင်တောင် သူငယ်ချင်းတွေ ရင်ဖွင့်လာတဲ့အခါ ခွန်အားဖြစ်စေမဲ့ စကားစုတွေ များများ‌ပြောပေးပါ။ ဘယ်စကားကိုမှ မပြောထွက်ဘူးဆိုရင် "နင့်ဘေးမှာ ဘယ်သူမှ မရှိရင်တောင် ငါရှိတယ် " ဆို‌တဲ့ စကားစုလေးနဲ့တင် အများကြီး အထောက်အကူဖြစ်စေမှာပါ။ ဒါကြောင့် လူသားတွေထဲ ဘယ်လိုလူတွေပဲ ဖြစ်နေပါစေ ဖေးမကူပေးကြပါ။ ကိုယ့်မွေးချင်းထဲ အငယ်တွေ ဖြစ်စေ အကြီးသည် ဖြစ်စေ မိဘအားလုံးက တန်းတူညီမျှ ချစ်ပေးကြပါ။ လူသားအားလုံး စိတ်ဒဏ်ရာမှာ ကင်းဝေးစေရန် ချစ်တဲ့ သွေးလရိပ်ညို✿ #ThwayLaYate #T&N

ရဟူဒီဘာသာတွင် ဘုရား၏အမည်မှာ __ ဖြစ်သည်။ #Nat
Anonymous voting

ရဟူဒီဘာသာမှာ ဘုရား၏အမည်သည် __ ဖြစ်သည်။ #Nat
Anonymous voting

ရဟူဒီဘာသာ(ဂျူးဘာသာ)ကို__ လောက်က အေဘရာဟမ်က တည်ထောင်ခဲ့သည်။ #Nat
Anonymous voting

ရှေးအကျဆုံး ယုံကြည်ကိုးကွယ်မှုမှာ __ ဖြစ်သည်။ #Nat
Anonymous voting