OC Series Channel
Closed channel
5 100
Subscribers
No data24 hours
-737 days
-40330 days
Posts Archive
5 100
+2
Echo (2024) Complete ✅
မာဗယ် စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Echo ကို ဒစ္စနေးကနေ စီးရီးအဖြစ် တင်ဆက်ထားပါတယ်။ အက်ခိုးကို Hawkeye စီးရီးမှာ စတင်မိတ်ဆက်ခဲ့ပြီး နောက်ဆုံးပိုင်းမှာ Daredevil ရဲ့ နာမည်ကြီးဗီလိန် ကင်းပင်ကို သေနတ်နဲ့ပစ်သတ်လိုက်တာနဲ့ အဆုံးသတ်ထားပါတယ်။ ဒီစီးရီးမှာတော့ ကင်းပင်မသေဘဲ ပြန်ပေါ်လာပြီး အက်ခိုးနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ရမှာပါ။
စူပါဟီးရိုး အက်ခိုးဟာ နားမကြားတဲ့သူဖြစ်ပေမဲ့ အတိုက်အခိုက်ပိုင်းမှာ အရမ်းကျွမ်းကျင်တာမို့ Daredevil နဲ့တောင် သူတင်ကိုယ်တင် ယှဉ်ဖိုက်နိုင်တာကို တွေ့ရမှာပါ။ ကာတွန်းထဲက အစွမ်းတွေကို အကုန်ယူရင်တော့ ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်တာတွေ၊ သဘာဝရဲ့ အားကို သုံးနိုင်တာတွေ တွေ့ရမှာပါ။ ဒီစီးရီးတွေသာ အရှိန်နဲ့ဆက်ထွက်လာရင်တော့ Daredevil စီးရီးနဲ့ နောက်ပိုင်းရုပ်ရှင်တွေမှာ ထပ်ပါလာနိုင်ပါတယ်။ Daredevil ရဲ့အကြီးဆုံးရန်သူတွေဖြစ်တဲ့ Hand အဖွဲ့နဲ့ရင်ဆိုင်တာတွေ၊ အဗန်ဂျာလူငယ်အဖွဲ့နဲ့ ပေါင်းမိတာတွေပါ ပါလာဖို့ မျှော်လင့်ရတာပါပဲ။
5 100
Suburræterna (2023) Complete ✅
အတိတ်ကာလ ရောမမြို့..
မြူနီစပယ်နိုင်ငံရေးနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့အုပ်ချုပ်မှုတွေကြားမှာ
ရောမမြို့ဟာ ပဋိပက္ခတွေထဲ နစ်မွန်းနေခဲ့တဲ့ကာလ..
လူတွေက မြို့တော်ကောင်စီရဲ့အုပ်ချုပ်ရေးပုံစံကို မကျေနပ်လို့ လမ်းမတွေပေါ်မှာဆန္ဒပြရုန်းရင်းဆန်ခတ်ဖြစ်နေကြတဲ့အချိန်..
မြို့တော်ကောင်စီနဲ့ ဗာတီကန်တွေ အရေးအခင်းတွေဖြစ်နေကြတဲ့အချိန်မှာ
မြေအောက်လောကကိုအပိုင်စိုးထားကြတဲ့ ရောမမြို့ရာဇဝတ်ဂိုဏ်းတွေရဲ့
ပဋိပက္ခတွေကလည်း စတင်လာပါတော့တယ်။
“အာဏာဆိုတာ ပျက်စီးစေတဲ့အရာပဲ။ အကြွင်းမဲ့အာဏာဆိုတာ
အကုန်လုံးကိုဖျက်ဆီးပစ်နိုင်တယ်။”
ဒီဇာတ်ကားမှာ အဖြစ်အပျက်တော်တော်များများက အော်စတီယာဆိုတဲ့
ပြည်နယ်လေးမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ အော်စတီယာဆိုတဲ့ပြည်နယ်ကို
ထိန်းချုပ်တာက မူးယစ်ဆေးတရားမဝင်ရောင်းဝယ်နေတဲ့ အန်နာလဲတစ်ဆိုတဲ့
ဂိုဏ်းတစ်ခုဖြစ်ပါတယ်။ သူတို့က နိုင်ငံရေးမှာလည်း ပါဝင်ပတ်သက်နေကြ
ပြီးတော့ နိုင်ငံရေးသမားတွေရဲ့လက်ပါးစေလည်းဖြစ်ပါတယ်။ တစ်ရက်မှာတော့အန်နာလဲတစ်ဂိုဏ်းက လုပ်ကြံခံရပြီး အန်နာလဲတစ်ဂိုဏ်းရဲ့သခင်မနဲ့ အခြားမိသားစုဝင်တစ်ချို့ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် သူတို့ရဲ့စံအိမ်တွေနဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုလည်း လုယူခံလိုက်ရပါတယ်။ အန်နာလဲတစ်ဂိုဏ်းရဲ့
ဆက်ခံသူဖြစ်တဲ့ စပါဒီနိုက အဲဒီအဖြစ်အပျက်ကြောင့် သူ့မိသားစုအတွက်
လက်စားပြန်ချေဖို့ကြိုးစားရာကနေ အစချီပြီး နိုင်ငံရေးလောကမတည်ငြိမ်မှုတွေ၊ ရောမမြို့ရဲ့လူတန်းစားမျိုးစုံတွေကြားက အငြင်းပွားမှုတွေကို ရိုက်ကူးပုံဖော်ပြထားတာပဲဖြစ်ပါတယ်။
ပြိုင်ဘက်ကိုရှုံးနိမ့်အောင်လုပ်ဖို့အတွက် ဘာမဆိုလုပ်ရလုပ်ရဆိုတဲ့လူတွေ
အာဏာအတွက် သံယောဇဥ်ကိုစတေးခဲ့တဲ့လူတွေ၊ လောဘရမ္မက်မီးအောက်မှာ
ကျေးကျွန်ဖြစ်သွားကြတဲ့သူတွေစတဲ့ လူတန်းစားမျိုးစုံကိုရိုက်ကူးပုံဖော်ထားတဲ့
အတွက် ကြည့်ရင်းနဲ့မွန်းကြပ်လာနိုင်ပေမဲ့ ဘဝအတွက် အသိတစ်ခုတော့ရသွားစေမယ့်စီးရီးကောင်းတစ်ခုပဲဖြစ်ပါတယ်။
