en
Feedback
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

Open in Telegram

ᵀʰⁱˢ ᶜʰᵃⁿⁿᵉˡ ⁱˢ ᶠᵒʳ ʸᵒᵘ...💌💗 ˢᵗᵃʳᵗᵉᵈ ᵈᵃᵗᵉ- ¹⁹.⁷.²⁰²⁴ᴵ

Show more
644
Subscribers
No data24 hours
+37 days
-330 days
Posts Archive
လွယ်ကူတဲ့ဘဝရဖို့ ဆုမတောင်းနဲ့ ခက်ခဲတဲ့အရာတွေကို ရင်ဆိုင်နိုင်မယ့် ဘဝရအောင်ပဲ ကြိုးစား....
-Bruce Lee
#Chan #knowledge_nexus

သက်ရှိရယ်လို့ ဖြစ်လာရင် ရောဂါဝေဒနာ တစ်မျိုးမျိုးကတော့ ခံစားကြရစမြဲပါ။ လူသားတွေတင်မကပဲ တခြားသော သတ္တဝါများလည်း ခံစားကြရတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ အားလုံးလည်းဗဟုသုတရသွားအောင် နားနဲ့ပတ်သတ်ပြီး ဖြစ်နိုင်တဲ့ ရောဂါဝေဒနာတွေကို ပြောပြပေးသွားပါမယ်နော်။
၁။နားလေးခြင်း
နားလေးရခြင်းမှာ (က)အသံလှိုင်းပို့ဆောင်မှု ချွတ်ယွင်းခြင်းကြောင့် နားလေးခြင်း နဲ့ (ခ) အကြားအာရုံ ချွတ်ယွင်းမှုကြောင့် နားလေးခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။
၂။နားပြည်ယိုခြင်း
(က)နားအပြင်ဘက်ပိုင်းမှာ ရောဂါဖြစ်၍ ပြည်ယိုခြင်း နဲ့ (ခ) နားအလယ်ပိုင်းတွင် ရောဂါဖြစ်၍ ပြည်ယိုခြင်းဆိုပြီး နှစ်မျိုး ရှိပါတယ်။
၃။ နားကိုက်ခြင်း
နားကိုက်တဲ့ဝေဒနာဟာ အတော်ခံရခက်ပြီး မအိပ်နိုင်၊မစားနိုင် စကားမပြောနိုင်တဲ့အထိပင် ခံစားရတတ်ပါတယ်။ နားကိုက်ခြင်းမှာ - (က)နားရဲ့အစိတ်အပိုင်းတစ်ခုခုကိုက်ခဲနေခြင်း၊ (ခ) နားရဲ့အာရုံကြောနဲ့ဆက်စပ်လျက်ရှိတဲ့ အခြားနေရာများတွင် ဖြစ်ပေါ်လျက်ရှိသော ရောဂါတစ်ခုခုမှ နားဆီသို့ အကြောလိုက်ပြီး နားကိုက်သလို ခံစားနေရခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။
၄။နားရောဂါကြောင့် မူးဝေခြင်း
မူးဝေခြင်းဝေဒနာဖြစ်ပေါ်စေနိုင်သော အကြောင်းအရင်းများစွာရှိသည်။ ထိုများစွာထဲမှ နားရောဂါကြောင့် မူးဝေခြင်းဟာ အရေးကြီးတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။
၅။နားလေထွက်ခြင်း
နားလေထွက်ခြင်းဟာ မကြာခဏခံစားရတတ်တဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။ လူတိုင်းလိုလိုနားလည်ထားတာက နားလေထွက်ခြင်းဟာ အားနည်းခြင်း၊အိပ်ရေးပျက်ခြင်း တို့ကြောင့် ဖြစ်တယ်လို့ သာမန်အားဖြင့် ယူဆကြပါတယ်။တကယ်တော့ နားရောဂါတစ်ခုခုရှိနေလို့သာ နားလေထွက်ခြင်းဖြစ်ပေါ်တာပါ။ နားလေထွက်ခြင်းကိုဖြစ်စေတဲ့ ရောဂါတွေ များစွာရှိတဲ့အထဲကမှ အများဆုံးဖြစ်စေနိုင်တဲ့ ရောဂါတွေကတော့ ▪️ နားရဲ့ အပြင်ပိုင်းမှာရောဂါဖြစ်ခြင်း၊ (ဥပမာ- နားဖာချေးခြောက်ပိတ်ဆို့ခြင်း၊နားမှိုတက်ခြင်း ) ▪️နားအလယ်ပိုင်းမှာရောဂါဖြစ်ခြင်း (ဥပမာ- နားစည်ပေါက်ခြင်း၊နားပြည်ယိုရောဂါဖြစ်ခြင်း၊ နားအယိုလေးများခိုင်မာခြင်း၊ နားလေပြွန်ပိတ်ဆို့ခြင်း) ▪️နားအတွင်းပိုင်းရောဂါဖြစ်ခြင်း (ဥပမာ- နားအတွင်းပိုင်းအရည်များခြင်း၊ ဦးခေါင်းနဲ့‌နားပတ်ဝန်းကျင်တွင် ဒဏ်ရာရခြင်း၊ ကျယ်လောင်သောအသံကို နားထောင်မိခြင်း၊ အချို့ဆေးဝါးများကြောင့် နားအကြားအာရုံထိခိုင်ခြင်း) စတာတွေကြောင့်ပဲဖြစ်ပါတယ်။ နားနဲ့ပတ်သတ်တဲ့‌ ရောဂါဝေဒနာတွေကို သိရှိသွားပြီဆိုတော့ အပေါ်မှာပြောထားတဲ့ထဲက ဝေဒနာတစ်ခုခုကိုခံစားနေရတယ်ဆိုရင် မပေါ့မဆပဲ ဆေးဝါးကုသမှုခံယူကြပါနော် #Chan #knowledge_nexus

Me to someone..😅😶‍🌫 #Chan #just_for_fun #knowledge_nexus
Me to someone..😅😶‍🌫 #Chan #just_for_fun #knowledge_nexus

“အချိန်ကပဲ ဆုံးဖြတ်ပေးသွားလိမ့်မယ်” 🔳 ဒီရက်ပိုင်း တွေးမိနေတာလေးပါ။ တချို့လည်း လက်ခံချင်မှတော့ လက်ခံလိမ့်မယ်။ ကျွန်တော့်ရဲ့ ဘဝဒဿနတစ်ခုပါပဲ။ အတုလား၊ အစစ်လား ဆိုတာ အချိန်ကပဲ အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်လို့။ 🔳 ဒီခေတ်မှာက တရားရုံးနှစ်ခု ရှိတယ်။ တစ်ခုက ဥပဒေကြောင်းအရ အဆုံးအဖြတ်ပေးမဲ့ တရားရုံး။ နောက်တစ်ခုကတော့ ဆိုရှယ်မီဒီယာ လူမှုကွန်ရက်တွေပေါ်က တရားရုံး။ ကောင်းတဲ့အချက်ကတော့ ဥပဒေအရ အပြစ်ပေးအရေးယူလို့ မရနိုင်တဲ့ ကိစ္စတွေကို ဆိုရှယ်မီဒီယာမှာ ထုတ်ပြောကြတယ်။ ကဲ့ရဲ့ကြတယ်။ ရှုံ့ချပြစ်တင်ကြတယ်။ Social Punishment လို့ ခေါ်ကြတာပေါ့။ 🔳 မကောင်းတဲ့အချက်ကတော့ တရားရုံးမှာက ထိန်းကွပ်ထားတဲ့ စည်းမျဉ်းတွေ ရှိတယ်။ ဥပမာ Innocent until proven guilty - အပြစ်ရှိတယ်လို့ သက်သေမပြနိုင်မချင်း အပြစ်မဲ့တယ်လို့ပဲ မှတ်ယူပေးရမယ် ဆိုတာမျိုး၊ အပြစ်ရှိသူ အယောက်တစ်ရာ လွတ်ရင်လွတ်သွားပါစေ၊ အပြစ်မဲ့သူတစ်ယောက်ကိုတော့ မှားယွင်းပြီး အပြစ်မပေးမိစေနဲ့ ဆိုတာမျိုး။ လူမှုကွန်ရက် တရားရုံးမှာတော့ အဲဒါမျိုး မရှိဘူး။ Live တစ်ခု၊ စာတစ်ကြောင်းကနေလည်း ဒေါသထွက်နေတဲ့ လူအုပ်ကြီးက အပြစ်ပေးချလိုက်တာပဲ။ အဆုံးအဖြတ်တွေ လုပ်ချလိုက်တာပဲ။ ဒီတော့ လူတစ်ယောက်ကို နာမည်ဖျက်ရ၊ အပုပ်ချရ သိပ်လွယ်လာတယ်။ လူအများရဲ့ Emotion ကို ကစားတတ်ရင် ကစားတတ်သလိုပေါ့။ 🔳 ဂျပိုးကို လိပ်ဖြစ်အောင်ပြောတယ်။ Half-truth တွေနဲ့ တိုက်ခိုက်တယ်။ ဒါမျိုးကလည်း ကြုံဖူးမှ သိမှာ။ အတော့်ကို ခံရခက်တယ်။ အသွေးအသားတွေ ဆူပွက်လာတဲ့အထိကို ဒေါသထွက်စရာ ကောင်းတာ။ ဒါပေမဲ့ အဲဒီခဏလေးကို သည်းခံလိုက်။ သည်းခံ ဆိုတာ ငြိမ်ခံနေုဖို့ ပြောတာမဟုတ်ဘူး။ ဒီခံစားချက်တွေရဲ့ သားကောင် မဖြစ်စေနဲ့။ သူ့လိုလူ အဖြစ်မခံနဲ့။ ကိုယ့်စည်း ကိုယ့်ဘောင် ကိုယ့်အဆင့်အတန်းနဲ့ကိုယ် တုံ့ပြန်။ အချိန်က စကားပြောသွားလိမ့်မယ်။ 🔳 အဲဒီလိုအခိုက်အတန့်ဟာ ကိုယ့်ကို ဘယ်သူတွေ ကြည့်မရဘူးလဲ၊ တိတ်တိတ်ကလေး ကြိတ်မုန်းနေသလဲ ဆိုတာကိုလည်း သိနိုင်တဲ့အချိန်ပဲ။ ကိုယ်မမှားတာ သူတို့သိနေတယ်။ ဒါပေမဲ့ မျက်ကွယ်ပြုကြတယ်။ ရောယောင်ပြီး ဝင်နှိပ်ကွပ်တယ်။ အဆင်းဘီးတပ်တယ်။ ဒါတွေကို မြင်တွေ့ရင်း လောကသဘာ၀ ဆိုတာကို ပိုနားလည်လာလိမ့်မယ်။ တစ်ဆက်တည်းမှာ - မင်း ဘယ်လိုနေနေ၊ ဘယ်လောက်ကောင်းအောင် ကြိုးစားကြိုးစား၊ မုန်းတဲ့သူက မုန်းမှာပဲ ဆိုတဲ့ ဘဝအသိကို ရလာမယ်။ အဲဒီအခါ လူအားလုံးဆီက ချစ်ခြင်းမေတ္တာတွေ၊ အမြင်ကြည်ခြင်းတွေကို လိုချင်နေတာဟာ ဘယ်လောက်တောင် လက်တွေ့မကျဘူးလဲ၊ စိတ်ကူးယဉ်ဆန်သလဲ ဆိုတာ သဘောပေါက်လာမယ်။ အဲဒီလိုဖြစ်ဖို့လည်း မကြိုးစားတော့ဘူး။ ပိုပြီး လွတ်လပ်လာမယ်။ အတိုက်အခိုက်၊ အကဲ့အရဲ့တွေကိုလည်း ပိုပြီး ခံနိုင်ရည် ရှိလာမယ်။ မာကျောလာမယ်။ 🔳 ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကျွန်တော်ဆို အဲဒီလို မျှော်လင့်ခဲ့ဖူးတယ်။ အံ့အားလည်း သင့်ခဲ့ဖူးတယ်။ စိတ်တွေလည်း ပျက်ဖူးတယ်။ ငါ ဒီလောက်ကောင်းအောင် နေနေပါလျက်နဲ့ ဘာလို့ အမြင်မကြည်ကြတာလဲ ဆိုပြီးတော့ပေါ့။ နောက်မှ ဒါဟာ သူများတွေမှာ တာဝန်ရှိတာ မဟုတ်ဘဲ ကိုယ့်ရဲ့ အလွန်အကျွံ မျှော်လင့်ထားမှု (Over-expectation) ကနေပဲ ပြဿနာပေးနေတယ် ဆိုတာကို သဘောပေါက်သွားတာ။ ဒါကြောင့် ဒီလိုအတိုက်အခိုက်တွေက ကိုယ့်ကို Test လုပ်နေတဲ့ အရာတွေ၊ ကိုယ့်စိတ်စွမ်းရည်ကို Upgrade လုပ်ပေးနေတဲ့ အရာတွေပဲလို့ မြင်ကြည့်လိုက်လို့လည်း ရတယ်။ 🔳 ဒီအတွက် စိတ်ခံစားချက် မလွန်ကဲစေနဲ့။ ကိုယ့်အဆင့်ကိုယ်ထိန်းထား။ ကိုယ့်ပုံစံနဲ့ကိုယ် မယိမ်းမယိုင် ဆက်လျှောက်။ အချိန်ကြာလာတဲ့အခါ ကိုယ်ဘယ်လိုလူလဲ ဆိုတာ သိလာကြလိမ့်မယ်။ နားလည်လာကြလိမ့်မယ်။ 🔳 ဆိုရှယ်မီဒီယာမှာပဲ ဟန်ဆောင်လို့ ရတာပါ။ ဒါတောင် အကြာကြီး မဟုတ်ဘူး။ လူဆိုတာ တစ်ဦးတစ်ယောက်တည်း နေလို့ရတာမျိုးမှ မဟုတ်ပဲ။ ပြင်ပဘဝမှာ ဘယ်လိုနေ ဘယ်လိုထိုင်တယ်၊ ဘယ်လိုစိတ်နေစိတ်ထားရှိတယ် ဆိုတာ သိကြတာပဲ။ အချိန်တန်တဲ့အခါ ဘူးပေါ်သလို ပေါ်လာမှာပဲ။ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းတတ်ဖို့ရယ်၊ ကဲ့ရဲ့ခံရခြင်းဆိုတဲ့ လောကဓံတရားနဲ့ ဘယ်လောက်ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ မတုန်လှုပ် မယိမ်းယိုင်သွားဖို့ရယ်ပဲ လိုတာပါ။ 🔳 တစ်ခါရေးခဲ့ဖူးသလိုပဲ။ စိတ်ခံစားချက်တွေက ဘယ်လောက်ပဲ လှုံ့ဆော်နေပါစေ၊ ကိုယ့်အဆင့်ကိုယ် ဆွဲချမသွားတဲ့သူ၊ လူအများက ဝိုင်းတိုက်ခိုက်နေလို့လည်း ကိုယ့်ရဲ့ လုပ်ရပ်ကောင်းတွေကို ရပ်တန့်မပစ်လိုက်တဲ့သူဟာ လောကမှာ ဖြိုလှဲရအခက်ဆုံး လူပုဂ္ဂိုလ်ပါပဲ။ ဒေါက်တာ ဖြိုးသီဟ ၄.၂.၂၀၂၅ Credit to original writer sir Phyo #Hatsuki

မြန်မာစာလုံးပေါင်း သတ်ပုံ [ဟထိုး(ှ) ပိုခြင်းအမှား]
❌ ✅ ၁။ မကြာမှီ မကြာမီ ၂။ ခေတ်မှီ ခေတ်မီ ၃။ မှင်ရည် မင်ရည် ၄။ မြှား မြား ၅။ လျှက်ဆား လျက်ဆား ၆။ ....လျှက် ....လျက် ၇။ လျှင်မြန်စွာ လျင်မြန်စွာ ၈။ အပေါင်းအနှုတ် / အပေါင်း အနုတ် ၉။ ထုတ်နှုတ် ထုတ်နုတ် ၁၀။ အမွှေးအမှင် အမွေးအမှင် ၁၁။ အညွှန့် အညွန့် #Chan #knowledge_nexus

❝ပညာဉာဏ်ရှိသူတို့၏ အမူအကျင့်များ❞
၁။ အသေးအမွှားကိစ္စများကို အလေးထားပြီး စိတ်လိုက်မာန်ပါ မတုံ့ပြန်တတ်၊ ၂။ စကားပြောလျှင် သတိထားပြီးစကားလုံးကို ရွေးချယ်သုံးတတ်၊ ၃။ သူဘာတွေ တွေးနေသလဲဆိုခြင်းကို လူသိမခံတတ်၊ ၄။ သူတို့အကြံအစည်တွေကို ထုတ်မပြောတတ်၊ ၅။ သူတစ်ပါး ကိုယ်ပိုင်ကိစ္စတွေမှာ ဝင်မစွက်ဖက်၊ ၆။ သူတစ်ပါးအကြံပြုချက်ကို အလေးထား၊ ၇။ အတင်းမပြော၊ ၈။ သူတို့စိတ်ဝင်စားသည့်အကြောင်းကိုသာ ဆွေးနွေးတတ်၊ ၉။ အရေးမပါသည့်အရာများတွင် အချိန်မဖြုန်း၊ ၁၀။ လွှဲပြောင်းပေးသင့်သည်တို့ကို လွှဲပြောင်းပေးနိုင်စွမ်းရှိ၊ ၁၁။ ကိုယ်ဘာလေးလုပ်နေသည်၊ ဘာတွေစားနေသည် စသည်တို့ကို ဆိုရှယ်မီဒီယာပေါ် တက်မကြွား၊ ၁၂။ မည်သည့်နေရာတွင်မဆို လေးနက်စွာ စဉ်းစားတတ်၊ ၁၃။ မှားနေလျှင် မှားနေကြောင်း ထောက်ပြတတ်၊ ၁၄။ အရူးနှင့် ဖက်ပြိုင်ပြောကာ အရူးနှစ်ယောက်ဘဝအရောက်မခံ၊ ၁၅။ တည်ငြိမ် အေးချမ်းစွာဖြင့် ရင့်ကျက်တည်ကြည်စွာ နေထိုင်တတ်၊ ၁၆။ သူတို့စိတ်ခံစားချက်ကို ထိန်းသိမ်းနိုင်စွမ်းရှိ၊ ၁၇။ သူများပြော၍ ကိုယ့်စိတ်ကို လိုက်ပြောင်းခြင်းမရှိ၊ ၁၈။ အမြဲ ကောင်းမွန်သည့် တီထွင်၊ ဖန်တီး၊ ဖော်ထုတ်မှုတစ်ခုခုကို လုပ်နေတတ်၊ ၁၉။ ကြောင်းကျိုးဆက်နွှယ် ယုတ္တိနည်းကျကျ တွေးခေါ်ပြောဆိုတတ်၊ ၂၀။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိ၊ စိတ်ဓာတ်ခိုင်မာသူများဖြစ်သည်။ ။ -တင်ညွန့် #Chan #knowledge_nexus

ပြည်ထောင်စုနေ့ စာစီစာကုံး #Chan #knowledge_nexus
+2
ပြည်ထောင်စုနေ့ စာစီစာကုံး
#Chan #knowledge_nexus

အဟမ်း" မရှိမဲ့ရှိမဲ့ အရည်အသွေးလေး လာကြွားတာ ( ပွင့်ဖတ်တွေ ချွန်ဖို့လိုသေးပေမဲ့🌻) Btw.... ကိုယ့်အရည်အသွေးတွေကို ထုတ်ပြတတ်ခြင်
+1
အဟမ်း" မရှိမဲ့ရှိမဲ့ အရည်အသွေးလေး လာကြွားတာ ( ပွင့်ဖတ်တွေ ချွန်ဖို့လိုသေးပေမဲ့🌻) Btw.... ကိုယ့်အရည်အသွေးတွေကို ထုတ်ပြတတ်ခြင်း ဟာလည်း ကိုယ့်ကိုကိုယ် ကျေးဇူးတင်ခြင်းပါပဲ ( ကျွန်မဘာသူ မှတ်ယူထား🤣🤣) #Mai

ဒီစာအုပ်လေး သုံးအုပ်ကိုတော့ အိမ်ခေါ်နိုင်ခဲ့ပြီ....🤩💟 #Chan
ဒီစာအုပ်လေး သုံးအုပ်ကိုတော့ အိမ်ခေါ်နိုင်ခဲ့ပြီ....🤩💟
#Chan

ငါတို့ ဘယ်ရထားမှာ လွဲခဲ့ကြတာလဲ မဟုတ်ဘူး ငါတို့ ဘယ်အဆင့်မှာ လွဲခဲ့ကြတာလဲ ( ထိုးတိုင်းလွဲ🥹🤣) #Mai
+1
ငါတို့ ဘယ်ရထားမှာ လွဲခဲ့ကြတာလဲ မဟုတ်ဘူး ငါတို့ ဘယ်အဆင့်မှာ လွဲခဲ့ကြတာလဲ ( ထိုးတိုင်းလွဲ🥹🤣) #Mai

ငြိမ်သက်ခြင်း
Author : မောရိသျှ Crd : @black_white_Library #Chan #book_4u #knowledge_nexus

ဒီစာအုပ်က ထူးခြားတယ်။ အတွင်းစွဲ Introverts တွေဘက်က လူ့အဖွဲ့အစည်းကို စိန်ခေါ်ထားတဲ့ စာအုပ် Extroverts (လူပေါ်လူဇော်) တွေကိုပဲ ခင်ဗျားတို့ အဟုတ်ထင်မနေနဲ့ ငြိမ်ငြိမ်သက်သက်နေတတ်တဲ့ Introverts (ငြိမ်သက်သူ) တွေမှာလည်း ကိုယ်ပိုင်အစွမ်းအစတွေ ဒုနဲ့ဒေးဆိုတာ တည့်တည့်ကြီး ပြောလိုက်တဲ့ စာအုပ်။ ကမ္ဘာမှာ ချီးကျူးမှုတွေ သောသောညံသွားတယ် အတွေး တော်လှန်ရေးတရပ်လို့တောင် တင်စားခံရတယ်.. 'မိတ္တဗလ' ဆိုတဲ့ လူပေါင်းဆံ့ရေးဟာ ကျွန်တော်တို့ ခင်ဗျားတို့ လူအဖွဲ့အစည်းကို အရိုးစွဲ လွှမ်းမိုးထားတဲ့ အတွေး.. တိတိကျကျ ပြောရရင် ၂၀ ရာစုအစ မြို့ကြီးပြကြီးတွေ စက်ရုံ အလုပ်ရုံတွေ တိုးပွားလာမှုကနေ ဒီ လွှမ်းမိုးမှုက ကျယ်ပြန့်လာတယ်။ အဓိက ဇစ်မြစ်အတွေးက 'မြင်တာနဲ့ လူအထင်ကြီးရမယ်'.. 'လူပေါ် လူဇော် ဖြစ်ရမယ်'။ ဒါ ခင်ဗျားတို့သိတဲ့ ဒေးလ်ကာနယ်ဂျီပေါ့ (ဦးနုရဲ့ မိတ္တဗလဋီကာပေါ့) ဒီတော့ ... လူပေါ် လူဇော် Extroverts တွေက ကိုယ်ရည်ကိုယ်သွေး တဆင့် ပိုမြင့်သူတွေလို့ လူ့အဖွဲ့အစည်းမှာ သတ်မှတ်ခံလာရတယ်။ ငြိမ်သက်တိုးတိတ်သူ introverts တွေကို အရည်အသွေးနိမ့်သူတွေလို့ သတ်မှတ်ချင်လာတယ် 'ဘေးလူ' လို့တောင် သတ်မှတ်ချင်လာကြတယ်... ဝေးဝေး မကြည့်နဲ့.. ကလေးတွေကိုကြည့်။ စကားတပြောပြောနဲ့ တက်တက်ကြွကြွနေတဲ့ ကလေးကို 'ဟယ် တော်လိုက်တဲ့ ကလေး'လို့ တဖွဖွ ချီုးကျူးနေချိန်မှာ ... တစ်ယောက်ထဲ ငြိမ်ငြိမ်ကုပ်ကုပ်နေပြီး တစ်စုံတစ်ခုအပေါ် အာရုံစိုက်နေတတ်တဲ့ စကားနည်းတဲ့ကလေးဆီမှာ အားမလို အားမရမှုကို ပိုခံရတယ်.. ဒါကို ခင်ဗျား မငြင်းနဲ့။ လူ့အဖွဲ့အစည်းရဲ့ စံလွဲချော်မှုက ဒီကစတယ် Extroverts တွေနဲ့ Introverts တွေမှာ ပုံစံမတူတဲ့ ကိုယ်ရည်ကိုယ်သွေးကိုယ်စီရှိတယ် တစ်ယောက်က အာရုံလှုံ့ဆော်မှုတွေကိုကြိုက်တယ် စကားများများပြောတယ် လူများများကြားသွားတယ်.. တစ်ယောက်က ငြိမ်သက်တီထွင်ဖန်တီးမှုကို ကြိုက်တယ် အာရုံစူးစိုက်တယ် စနစ်တကျ အသေးစိတ်ပုံဖော်တယ် လူများများကြားမှာ မောဟိုက်တယ်။ Steve Job က ငြိမ်သက်သူတစ်ယောက် introverts အတွင်းစွဲ အိုင်းစတိုင်းက ငြိမ်သက်သူတစ်ယောက် ဂန္ဒီဟာ ငြိမ်သက်သူတစ်ယောက် သူတို့ပြောင်းလဲပေးခဲ့တဲ့ ကမ္ဘာကို ခင်ဗျား သိတယ်.. ထပ်သိအောင် ဒီစာအုပ်က ခင်ဗျားကို တွင်တွင်ကျယ်ကျယ် ပြောပြလိမ့်မယ်.. ဒီစာအုပ်က သုတေသနပြုချက်တွေအများကြီးနဲ့ တဖက်စောင်းနင်း လက်ခံထားမှုကြီးကို မျှခြေပြန်တည့်အောင် ကြိုးစားထားတယ်.. အတွင်းစွဲ ငြိမ်သက်သူတွေရဲ့ တန်ဖိုးကို နားလည်သဘောပေါက်စေပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး 'အစစ်'အတိုင်း ရှင်သန်နေထိုင်တတ်ဖို့ တိုက်တွန်းထားတယ်။ ဖတ်ကြည့်ဗျာ ၃ ပုံ ၁ ပုံသော လူတွေဟာ အတွင်းစွဲ ငြိမ်သက်သူတွေတဲ့ ကျွန်တော်တော့ ပါတယ် ခင်ဗျားလည်း ပါမှာပါပဲ။
-ထက်အောင် (ပန်းဆက်လမ်း)
စာအုပ် review ကို ကိုယ်တိုင်ရေးပေးဦးမလို့ပဲ ဒါမဲ့ သူရေးထားတာနဲ့ ကိုယ်ပြောချင်တာနဲ့က တစ်ထပ်တည်းတူနေတာရယ်၊ ဘာမှထပ်ဖြည့်စရာမလိုအောင် ပြည့်စုံနေတာရယ်ကြောင့် crd လေးနဲ့ပဲ book review ပေးလိုက်ပါတယ် ကိုယ်ကလည်း introvert တစ်ယောက်ဖြစ်တာကြောင့် ကိုယ့်အတွေးထဲမှာ အမြဲ ကိုယ်ဟာ "ဘေးလူ" လို့ သတ်မှတ်နေတတ်ပြီး သိမ်ငယ်စိတ်တောင်ဝင်မိပါတယ် ဒါမဲ့ ဒီစာအုပ်လေးဖတ်ပြီးချိန်ကစပြီး အဲဒီလိုအတွေးတွေ မြူတစ်မှုန်လောက်တောင် မကျန်တော့အောင် ခွန်အားဖြစ်စေခဲ့ပါတယ် //Chan// #Chan #book_review #knowledge_nexus

စိတ်ဓာတ်ကျတယ် ဆိုတာ ..... ကိုယ့်အနာဂတ်ကို ကိုယ်တိုင် အဆိပ်ခပ်သတ်လိုက်ခြင်းမျိုးပဲ ဘယ်တော့မှ စိတ်ဓာတ်မကျနဲ့ ....။ -ဦးဘုန်း(ဓာတု)
နေ့သစ်လေးမှာ စိတ်ဓာတ်ကျဖို့ကို မတွေးပဲ သန်မာတဲ့ခွန်အား၊ ဆန်းသစ်တဲ့ စိတ်ကူးတွေနဲ့ အကောင်းဆုံး နေ့တစ်နေ့ဖြစ်အောင် ကြိုးစားနိုင်ကြပါစေနော်...🥳💛
#Chan #knowledge_nexus

Repost from Ads Burma 📢
ဟယို  သတင်းကောင်းလေးလာပါပြီဗျာ့ လူကြီးလေးတို့ရဲ့ 𝐂ɦα𐓣𐓣𝖾ᥣ မှာ 𝐀𝖼𝗍𝗂𝗏𝖾 ဖြစ်တဲ့ sub လေးတွေ၊ VIEW တွေတဟုန်ထိုး တိုးလာစေချင်ပါသလား ဒါဆိုရင်တော့ ❝ @DayA2TeamBot ❞ လေးကို အမြန်ဆုံးဆက်သွယ်လိုက်တော့နော်
𝐕𝐈𝐏 𝐂𝐡𝐚𝐧𝐧𝐞𝐥
Handmade ပစ္စည်းမျိုးစုံလေးတွေကိုဈေးနှုန်းသင့်တင့်စွာမှာယူလိုပါက မင်မင်တို့ Glitzy Girl Creations ✿⁠ â â™Ąâ â€żâ â™ĄChလေးမှာ ယုံကြည်စွာမှာယူအားပေးလို့ရပါပြီနော်။❤️
Tlg Ch- https://t.me/Glitzy_Girl_Creations28 Tt Ch- https://www.tiktok.com/@glitzy.girl.creca?_t=ZS-8tV8fdC7L3S&_r=1
Knowledge + Songs
N𝐞w𝐬B𝐞s𝐭 ❤️Music Crazy
ဗဟုသုတ ဉာဏ်စမ်း အမေးအဖြေချန်နယ်
Knowledge Quizzes
Grow up tips and Knowledge
𝐁𝐞𝐚𝐮𝐭𝐲 𝐰𝐢𝐭𝐡 𝐁𝐫𝐚𝐢𝐧 𝙹𝚊𝚗'𝚜 𝚁𝚒𝚋𝚋𝚘𝚗 𝚅𝚒𝚋𝚎
For Education
Champion Education
10 pages Reading Challenge
Reading Challenge (2025)
Learning Language
Learn English with me 🇬🇧
ဆောင်းပါး Channel
❝မြ (စံကားဝါမြေ)❞ရဲ့ ဆောင်းပါးများ
Studying & Knowledge
۰  Start Smart ۰໋࣭
Subliminal Channel
  Aera's fairyland   𝐈𝐯𝐲'𝐬 𝐀𝐧𝐠𝐞𝐥 𝐖𝐨𝐫𝐥𝐝.˚౨ৎ ˚ ❤️Irine's Care
သင့်ဖုန်းထဲမှ စာကြည့်တိုက်
●○ 𝙗𝙡𝙖𝙘𝙠 𝙬𝙝𝙞𝙩𝙚 ●○🌼ပန်းပျိုးသူ🌼   IdeaHub Ebooks and Media Library   E-books Library
Knowledge Sharing
  𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔   𝐿𝒾𝓉𝑒𝓇𝒶𝓉𝓊𝓇𝑒 𝓁𝒾𝒻𝑒 𝓀𝓃𝑜𝓌𝓁𝑒𝒹𝑔𝑒   Knowledge Sharing by Hein ❤️My Collections
Moti Quote & Poem
စာတို - Collection Akari Poetophile Talk About Our Future The Poems of in your heart ☞ ဘဝအတွက်စာပေ     ကဗျာ၊စာပေ လောက
𝗠𝗟𝗕𝗕 𝗗𝗶𝗮 𝗦𝘁𝗼𝗿𝗲
OMC Game Shop
Theme Channel
❤️𝐌𝐇𝐙|•𝐉𝐘 𝐁𝐲 𝐓𝐡𝐞𝐦𝐞 New Channel =❤️
အစုံတင် Channel owner လေးတွေအတွက်
အစုံသုပ် Ch လေးတွေအတွက်ကတော့ သီးသန့်တင်ပေးတာမို့ @MixDayTeamBotor@MixDay2TeamBotမှာပါဝင်ပေးကြပါဗျာ @TheAdsBurma//Up3.0 DayA29 #DayA2

တစ်နေ့ကျရင်... စစ်မှန်တဲ့ လူတစ်ယောက်နဲ့ ဆုံစည်းချင်တယ်...။ အေးချမ်းတဲ့ရပ်ဝန်းမှာ ပန်းတွေ အတူတူစိုက်ပြီး အကြိုက်မတူတာလေးတွေ ငြင်းခုန်ရင်း ချစ်စရာ အကောင်လေးတွေ မွေးမယ် ။ ဘဝရဲ့ နာကျင်မှုတွေကို အပြန်အလှန်ဖေးမရင်း... အခက်အခဲမှန်သမျှကိုလည်း ပျော်"ရွှင်"နဲ့ပဲ အတူတူရင်ဆိုင်ဖြေရှင်းချင်တယ် ။ ဒီကမ္ဘာပေါ်မှာ ကိုယ့်ကိုဆုံးရူံးရမှာကြောက်တဲ့ လူသားတစ်ယောက်နဲ့ ဘဝရဲ့နေဝင်ချိန်တွေကို ကုန်ဆုံးချင်မိတယ်...။ #Maple_Khin 🍁 #crd #Mai

နောက်မှသောက်ဆိုရင် coffee တွေကအေးသွားတယ် နောက်မှလုပ်မယ်ဆို Motivation တွေကကျသွားတယ် နောက်မှဖတ်မယ်ဆို သိမ်းထားဖြစ်သွားတာများတယ် နောက်မှကြည့်မယ်ဆို အသစ်တွေပိုစုထားမိတယ် နောက်မှဆိုတာတွေက နောင်တတွေကိုယူဆောင်လာစေတယ် @thelapyae #Chan #knowledge_nexus