en
Feedback
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

Open in Telegram

ᵀʰⁱˢ ᶜʰᵃⁿⁿᵉˡ ⁱˢ ᶠᵒʳ ʸᵒᵘ...💌💗 ˢᵗᵃʳᵗᵉᵈ ᵈᵃᵗᵉ- ¹⁹.⁷.²⁰²⁴ᴵ

Show more
644
Subscribers
No data24 hours
+37 days
-330 days
Posts Archive
Good morning my guys 🌞🌅🌻 (⁠✿⁠^⁠‿⁠^⁠) #Chan #knowledge_nexus
Good morning my guys 🌞🌅🌻 (⁠✿⁠^⁠‿⁠^⁠) #Chan #knowledge_nexus

ရလဒ်က ဘယ်လိုပဲဖြစ်လာပါစေ မင်းအကောင်းဆုံးလုပ်ခဲ့ပါတယ်။ မျှော်လင့်သလောက် ဖြစ်မလာခဲ့လည်း နောင်တမရပါနဲ့။ စိတ်အားမငယ်ပါနဲ့။ မင်းက တကယ့်ကိုတာဝန်ကျေခဲ့ပြီမလို့ မင်းစွမ်းနိုင်သမျှ အကောင်းဆုံးကြိုးစားခဲ့ပြီမလို့ ရခဲ့တဲ့ရလဒ်အတွက် ကြောင့် လက်မခံနိုင်ဖြစ်ပြီး မင်းကိုယ်မင်း အပြစ်တင်မနေပါနဲ့။ မင်းလျှောက်ခဲ့တဲ့ခရီးမှာ အကောင်းဆုံး ပတ်ဝန်းကျင်လည်းရှိမနေခဲ့ဘူး လွယ်လွယ်လေးလည်းမဟုတ်ခဲ့ဘူး အဲဒါတောင်မှ မင်းကောင်းကောင်းလုပ်ပြခဲ့တယ်မလား... မင်းအတွက် အဘက်ဘက်က အားငယ်စရာတွေကြားကနေ မင်းရခဲ့တဲ့ရလဒ်အတွက် ကျေနပ်ပါလေ... အရမ်းကြီး မင်းကိုယ်မင်း ဖိအားမပေးပါနဲ့လား အခုတော့မင်းခံစားခဲ့ရတဲ့ ပင်ပန်းမှုတွေအတွက် ခဏပဲဖြစ်ဖြစ် အနားယူလိုက်ပါ။ အဲဒါပြီးမှ ဖြည်းဖြည်းချင်း မင်းရောက်ချင်တဲ့နေရာဆီကို ဆက်သွားပါ။ တကယ်ပြောတာပါ မင်းတော်တယ် မင်းတာဝန်ကျေခဲ့ပါတယ်ကွယ်...။ -လင်းနန် #Chan #knowledge_nexus

Rich Kid မဟုတ်တဲ့ လူငယ်အများစုမှာ အမြဲစိုးရိမ်နေရတဲ့ အရာတစ်ခုရှိတယ် .. ။ အဲတာဟာ မိဘကို ပြည့်ပြည့်စုံစုံ မထားလိုက်နိုင်မှာ၊ တဖန် ပြန်ပြီး လုပ်မကျွေးလိုက်ရမှာကိုပဲ ။ မိဘတွေက တစ်နေ့ထက် တစ်နေ့ အသက်တွေကြီးလာ ကျန်းမာရေးတွေက ချို့ယွင်းလာ … ကိုယ်က လုံလုံလောက်လောက် မပြည့်စုံသေး ၊ အလုပ်ကိုင်အတည်တကျနဲ့ ကိုယ်ပိုင် income နဲ့ မိဘကို ကျေးဇူးကမဆပ်ရသေး ။ အဲဒီအခြေနေဟာ တကယ်စိတ်ပင်ပန်းစရာကောင်းတယ် ။ ကိုယ့်အတွက်ဆို မရှိတဲ့ကြားက မဖြစ်ဖြစ်အောင် ကြိုးစားပေးခဲ့သူတွေ .. သူတို့လေးတွေကို မပူပန် မကြောင့်ကြပဲ ကောင်းကောင်းမွန်မွန်ထားချင်တယ် ။ သူတို့မရောက်ဖူးတဲ့နေရာတွေ ပို့ပေးချင်တယ် ။ သူတို့စားချင်တာတွေ ဝယ်ကျွေးချင်တယ် ။ အလှူတန်းတွေ လုပ်စေချင်တယ် ။ ဒီအချိန်မှာ ကိုယ့်အတွက် အရေးမကြီးဘူး ။ ကိုယ့်အတွက်ထက် မိဘတွေကို ပိုပြီး လုပ်ပေးလိုက်ချင်တယ်။ ကိုယ်သာဘာမှ လုပ်ပေးနိုင်ခင် တစ်ခုခုဖြစ်သွားရင်ဆိုတဲ့ စိတ်က တစ်ဘဝလုံး ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး ။ ဒီခံစားချက်ကို ပြည့်စုံတဲ့ မိသားစုကလူတွေက မသိပါဘူး ။ ကိုယ့်အလှည့်ရောက်တဲ့အချိန်မှာ မိဘတွေကို ပြည့်ပြည့်စုံစုံထားချင်သေးတယ် ။ သူတို့ကို ဘာတစ်ခုမှ မပူပန်ပဲ နားစေချင်သေးတယ် ။ မိဘတွေ ရှိတုန်းလေး ကိုယ့်ချွေးနဲစာနဲ့ လိုလေးသေးမရှိအောင် ထားချင်သေးတယ် …. ။ ကိုယ်လုံလုံလောက်လောက် ငွေရှာနိုင်တဲ့အချိန်ထိ မိဘတွေ ကျန်းကျန်းမာမာရှိနေဖို့ အမြဲဆုတောင်းနေရတယ်။ ဒီစိတ်လေးဟာ Rich Kid မဟုတ်တဲ့ လူငယ်လေးတွေမှာ အပြည့်ရှိတယ် … ။ -Thar Htwe #Chan #knowledge_nexus

Good morning 🌞🌄 သာယာပျော်ရွှင်ရတဲ့ နေ့သစ်လေးဖြစ်ပါစေဗျာ...🤎 #Chan #knowledge_nexus
Good morning 🌞🌄 သာယာပျော်ရွှင်ရတဲ့ နေ့သစ်လေးဖြစ်ပါစေဗျာ...🤎 #Chan #knowledge_nexus

“စာဖတ်ပါ”
-စာဖတ်တဲ့လူမျိုးက တိုးတက်တယ်… -ကျနော်တို့နိုင်ငံ ဘာလို့နိမ့်ကျသွားလည်းဆိုတော့ စာမဖတ်နိုင်တော့အောင် အဖိနှိပ်ခံရလို့ပါ… -စာမဖတ်တော့ အတွေးအခေါ်တွေအားနည်းပြီး ပြောသမျှယုံ လုပ်သမျှခံရတော့တာပဲ… -ပြထားတာပဲမြင်တတ်သွားတယ်… -အကြောင်းအကျိုးကျကျ မစဉ်းစားတတ်တော့ဘူး…
“ဘာလို့စာဖတ်သင့်တာလဲ”
-စာဖတ်ထားတဲ့သူဟာ အသိပညာဗဟုသုတများတယ်… -ကိစ္စရပ်တစ်ခုအပေါ်မှာ မတူညီတဲ့ဘက်ပေါင်းစုံကကြည့်တတ်တယ်… -သူတစ်ပါး အလိမ်မခံရတော့ဘူး… -အမှား နည်းသွားတယ်… -သူတစ်ပါးဘဝနဲ့ ရင်းပြီး ရခဲ့တဲ့သင်ခန်းစာတွေ တစ်ခဏလေးနဲ့ သိခွင့်ရတယ် ဆင်ခြင်နိုင်တယ်…
“ဘယ်လိုစာဖတ်မလဲ”
-စာဖတ်တဲ့အခါ စိတ်ကူးယဉ်ပါ… -တွေးတောကြံစည်ပါ… -စာအုပ်အရေအတွက်ထက် စာဖတ်အရည်အသွေးကို မြှင့်တင်ပါ… -စာအုပ်ထဲက အရာအားလုံးဟာ ကိုယ့်နဲ့ ကိုက်ညီချင်မှကိုက်ညီမှာဖြစ်လို့ စောလျှင်စွာ မဝေဖန်ပါနဲ့… -ခွဲခြမ်း စိတ်ဖြာပြီးဖတ်ပါ… မေတ္တာဖြင့်…🖤 #Chan #crd #knowledge_nexus

STORY အပေါ် သူမ၏ reaction :::: 🫤 I'm Parsley Lover 🙂‍↔️ လာမပြောနဲ့ နံနံပင် မကြိုက်ရင် လူဖြစ်ရှုံးတယ်ပဲ 🫤 #Hatsuki
STORY အပေါ် သူမ၏ reaction :::: 🫤 I'm Parsley Lover 🙂‍↔️ လာမပြောနဲ့ နံနံပင် မကြိုက်ရင် လူဖြစ်ရှုံးတယ်ပဲ 🫤 #Hatsuki

ဗမာလို - ပိုက်ဆံမရှိဘူး တရုတ်လို - ချန့်မိန့်ရုံ ထိုင်းလို - မိုင်းမီသန်းခ ကိုရီးယားလို - ဒုန် အော့(ပ်) ဆော အင်္ဂလိပ်လို - No money ဂျပန်လို - အိုခနဲဂနိုင်း မလေးလို - ပနန်းမီလာ အိန္ဒိယလို - ပိုက်ဆားနဟီး ဟိန္ဒူ ပုဏ္ဏားလို - ကောယီးလိတ်သဲ ကျူလီယာလို - ကာစီရစ်လဲ
ပိုက်ဆံမရှိကြောင်းကို ဘာသာစကားအမျိုးမျိုးနဲ့ ပြောပြထားပါတယ် နိုင်ငံတကာက ကူညီနိုင်အောင်လို့ပါ 🤣🤣
-Crd #Chan #just_for_fun #knowledge_nexus

နောက်မှလုပ်မယ်ဆိုတဲ့စိတ်က မနက်ဖြန်တွေအများကြီး ရှိနေသေးတယ်လို့တွေးထားလို့ပဲ တကယ်ရော မနက်ဖြန်တွေက အများကြီးရှိနေသေးတာလား ? နောက်မှဆိုတာတွေက မလုပ်ဖြစ်တော့တာတွေများနေခဲ့တာလဲ ကိုယ့်က်ုယ်သိနေရင် ကိုယ့်ကိုယ်ကို လိမ်နေတာတွေရပ်သင့်ပြီ အခုလောက်သေချာတာဘာမှမရှိဘူးမိတ်ဆွေ အချိန်ဆွဲတာရော အချိန်ရွှေ့တာရော အတတ်နိုင်ဆုံးရှောင်ပါ -thelapyae

ဒီကနေ့ March 8 ရက်နေ့ဟာ International women's day ပဲဖြစ်ပါတယ် ဒီနှစ် International women's day ရဲ့ ဆောင်ပုဒ်ကတော့--- “လူသားအာ
ဒီကနေ့ March 8 ရက်နေ့ဟာ International women's day ပဲဖြစ်ပါတယ်
ဒီနှစ် International women's day ရဲ့ ဆောင်ပုဒ်ကတော့---
“လူသားအားလုံးတိုးတက်ဖို့၊ အမျိုးသမီးများစွမ်းရည်မြှင့်တင်လို့ပုံဖော်ကြပါစို့” #Chan #knowledge_nexus

Good morning 🌻🌄🤎 #Chan #knowledge_nexus
Good morning 🌻🌄🤎 #Chan #knowledge_nexus

ကံထူးသူ နှစ်ဦး dm ကို လာပေးပါနော် ☞ @Chan_Is_Chan #Chan #knowledge_nexus
+1
ကံထူးသူ နှစ်ဦး dm ကို လာပေးပါနော် ☞ @Chan_Is_Chan #Chan #knowledge_nexus

ပြည့်နေတဲ့အိုးက မသောက်တာဟာ တစ်ခြားသူတွေအတွက်ဆိုတဲ့ စေတနာကြောင့်ဆိုတာတော့ မသိခဲ့ကြဘူးနော်.... That's my opinion...... Credit p
ပြည့်နေတဲ့အိုးက မသောက်တာဟာ တစ်ခြားသူတွေအတွက်ဆိုတဲ့ စေတနာကြောင့်ဆိုတာတော့ မသိခဲ့ကြဘူးနော်.... That's my opinion...... Credit photo #Hatsuki

Hello guys! ဒီနေ့ကစပြီး channel မှာ ပို့စ်တေပြန်တင်ပါတော့မယ်နော် ပစ်ထားမိတဲ့အတောအတွင်းမှာ subs တွေ အတော်လေးတိုးလာလို့ အားတက်ရပါတယ် ပြန်မထွက်သွားကြဖို့လည်းမျှော်လင့်ပါတယ်နော်👉👈☹️ ဒါနဲ့ channel မှာ အနည်းငယ်လေး gw ပေးမယ်နော် (ပစ်ထားမိတဲ့အတွက်) Ph bill - 1k × 2 တကယ်ကိုနည်း"လေးပါပဲ ပါဝင်မယ်ဆိုရင်တော့ ဒီပို့စ်အောက်မှာ No. 1 ကနေစပြီး ကိုအစဉ်လိုက်မန့်သွားပေးပါ ညပိုင်းကျ မဲဖောက်ပေးမယ်နော် #owner #knowledge_nexus

အချစ်ဆိုတာက တစ်ယောက်ကို တစ်ယောက် ပိုတောက်ပပြီး ပျော်ရွှင်စေရတဲ့အရာမဟုတ်လား Toxic relationship တွေဆို လွှတ်ချလိုက်ကြ sub တို့ရ
+1
အချစ်ဆိုတာက တစ်ယောက်ကို တစ်ယောက် ပိုတောက်ပပြီး ပျော်ရွှင်စေရတဲ့အရာမဟုတ်လား Toxic relationship တွေဆို လွှတ်ချလိုက်ကြ sub တို့ရေ 😙 #Hatsuki

ရည်မှန်းချက် ထားပါ ရည်မှန်းချက် ဆိုတာ အောင်မြင်မှု အကြီးကြီးတွေကိုမှ ရည်မှန်းချက် လို့ပြောတာ မဟုတ်ပါဘူး ကိုယ်လိုချင်တာလေးတွေ ဝယ်နိုင်အောင် ကြိုးစားတာလည်း ရည်မှန်းချက်ပါဘဲ အိမ်လှလှလေးတစ်လုံး ဆောက်နိုင်အောင် ကြိုးစားမယ် ဆိုတာလည်း ရည်မှန်းချက်ပါဘဲ စာမေးပွဲ မှာ အမှတ်ပြည့် ဖြေနိုင်အောင် ကြိုးစားမယ်ဆို တာလည်း ရည်မှန်းချက်ပါဘဲ ရည်မှန်းချက် ကြီးသည်ဖြစ်စေ သေးငယ်သည်​ ဖြစ်စေ ရည်မှန်းချက် ရှိတဲ့သူဟာ ဘဝမှာ ရှင်သန်ရတာ ပိုပြီးတော့ အဓိပ္ပါယ်ရှိတယ်လို့ ခံစားရစေပါတယ် ​လောကကြီးမှာ အခက်အခဲတွေနဲ့ ကြုံတိုင်း တောင့်ခံနိုင်ဖို့အတွက် ရည်မှန်းချက် တွေရှိနေဖို့လိုပါတယ်
ရည်မှန်းချက် မရှိတဲ့အချိန်မှာ အသက် ရှင်နေရတာ ဘာမှကို အသုံးမဝင်သလို ပါပဲ အခက်အခဲတွေရှိလာတိုင်း အသက်မရှင်ချင် သတ်သေဖို့အထိ​ တောင် တွေးမိတဲ့အထိ ဖြစ်ခဲ့ပါတယ်
#Mai

စာဖတ်ရလို့ မောလာရင် ဒီပုံပြန်ကြည့် 😝 Credit to original writer Credit __photo
စာဖတ်ရလို့ မောလာရင် ဒီပုံပြန်ကြည့် 😝 Credit to original writer Credit __photo

あの ひと は どなた ですか。 အဲဒီ လူက ဘယ်သူ ဖြစ်ပါသလဲ ひと 人 လူ どなた  ဘယ်သူ May Htet Lu さん です。 မေထက်လူ ဖြစ်ပါတယ် တခြားသူနာမည်ကို ပြောရင် မြန်မာလို (ဦး ,ဒေါ် ,ကို ,မ....စသဖြင့် အဓိပ္ပါယ်ရတဲ့ " さん" ဆိုတဲ့ စကားလုံးလေးကို အမည်နောက်မှာ ထည့်ပြောလိုက်ရုံပါပဲ * မိမိ အမည်‌ပြောရင် ထည့်စရာ မလိုပါ May Htet Lu さん は なにじん ですか。 မ မေထက်လူ က ဘာ လူမျိုးပါလဲ なに + じん ဘာ   လူမျိုး ミャンマーじん です。 မြန်မာလူမျိုး ဖြစ်ပါတယ် ミャンマー + じん  မြန်မာ     လူမျိုး じん ဆိုတာက လူမျိုး ပါ E.g   にほん +  じん  = にほんじん     ဂျပန်    လူမျိုး = ဂျပန်လူမျိုး May Htet Lu さん は どんなひと ですか。 မ မေထက်လူက ဘယ်လို လူဖြစ်ပါသလဲ どんな + ひと = どんなひと ဘယ်လို   လူ = ဘယ်လိုလူ かわいくて、サッカー が じょうずなひと です。 ချစ်စရာကောင်းပြီး ဘောလုံးကန်တာ တော်တဲ့သူ ဖြစ်ပါတယ် かわいい ချစ်စရာကောင်းသော ( い_ Adj ) ဖြစ်ခြင်းပြလေးတွေ ဂုဏ်ရည်တူလေးတွေ တခုထက်ပိုပြီး ပြောဆိုခြင်ရင် て: F ပြောင်းပေးရပါတယ် ( い_Adj ) လေးတွေကို て:F ပြောင်းချင်ရင် ( い ) ဖြုတ်ပြီး くて ပေါင်းထည့်ပေးလိုက်ရုံပါပဲ E.g やさしい သဘောကောင်းသော やさしくて、サッカー が じょうずなひと です。 သဘောကောင်းပြီး ဘောလုံးကန်တာ တော်တဲ့သူ ဖြစ်ပါတယ် じょうずな တော်သော ( な_Adj ) ဂျပန်ဘာသာစကားမှာ Adj ( 2 ) မျိုးသာရှိ い ဆုံးတဲ့ ( い_ Adj ) な ဆုံးတဲ့ ( な_Adj ) တို့ ဖြစ်ပါတယ် ဘာ Adj ဖြစ်နေပါစေ မြန်မာလို " သော " ဆုံးပြီး နောက်က Noun တိုက်ရိုက်သုံးလို့ ရပါသည် Adj + Noun かわいい + ひと   = かわいいひと ချစ်စရာကောင်းသော + လူ = ချစ်စရာကောင်းသောသူ じょうずな +  ひと  = じょうずなひと တော်သော    လူ   = တော်သောလူ やさしい  + ひと   = やさしいひと သဘောကောင်းသော လူ    = သဘောကောင်းသောလူ つめたい  + コーヒー  = つめたいコーヒー အေးသော    ကော်ဖီ    = အေးသောကော်ဖီ စသဖြင့် Adj + Noun တွဲသုံးလို့ ရပါတယ် かわいくて、サッカー ( が) じょうずな ひと です。 い_Adj: て 、サッカー ( が ) Adj + Noun ဒီနေရာလေးမှာ ( が ) လေးက ဘာအတွက်သုံးထားတာလဲဆိုရင် Ability ဆိုတဲ့ စွမ်းဆောင်ရည်ကို ပြချင်တဲ့ အတွက်ကြောင့်ပင် မ မေထက်လူက ချစ်စရာကောင်းပြီး ဘောလုံးကန်တာတော်တဲ့လူ ဖြစ်ပါတယ် ဆိုတဲ့ ဝါကျလေးက ဘောလုံးကန်စွမ်းရည်ကို ဖော်ပြချင်တာကြောင့်ပင် ဒီထက် ဥပမာလေးတွေက May Htet Lu さん は ピアノ が じょうずです。 မမေထက်လူက ပီယာနို တော်ပါတယ် ( တကယ်ဟုတ်မဟုတ် မသိဘူးနော် ဒါက ဥပမာ )😃😃 May Htet Lu さん は えいご が じょうず です。 မမေထက်လူက အဂ်လိပ်စာ တော်ပါတယ် May Htet Lu さん は うそ が へた です。 မမေထက်လူက အလိမ်အညာပြောတာ ညံ့ပါတယ် စသဖြင့်......... စာဖတ်ပြီး မောရင် ပုံလေးပြန်ကြည့်ပါ အမောပြေနိုင်မယ်လို့ ထင်ပါတယ် MayHtetLu さん心から感謝いたします🙇

စကားတွေကို ဂရုစိုက်ပါ အထူးသဖြင့် စိတ်တိုနေတဲ့အချိန်မှာပေါ့ ကိုယ်က စိတ်တိုလို့ လွှတ်ခနဲပြောလိုက်မိပေမဲ့ ပြောခံရတဲ့ တစ်ဖက်သူမှာ ဘယ်လောက်ထိခံစားသွားရမလဲဆိုတာ မသိနိုင်ပါဘူး သူ့နေရာမှာ ငါသာ​ဖြစ်ရင် ဆိုတဲ့အတွေမျိုးနဲ့ စကားတွေကို ထိန်းပြောပေးပါ #Mai

လူဆိုတဲ့အမျိုးက အချစ်ခံရင်ပျော်တာပဲ အချစ်ခံရခြင်း အမျိုးမျိုးရှိကြတယ် အဲ့ထဲက ကိုယ်ကတော့ သူငယ်ချင်းမလေးရဲ့ အချစ်တော်ဖြစ်ရတာ 🤍
လူဆိုတဲ့အမျိုးက အချစ်ခံရင်ပျော်တာပဲ အချစ်ခံရခြင်း အမျိုးမျိုးရှိကြတယ် အဲ့ထဲက ကိုယ်ကတော့ သူငယ်ချင်းမလေးရဲ့ အချစ်တော်ဖြစ်ရတာ 🤍(တော်တော်ဂုဏ်ဆာပါတယ် 🥱) ချစ်ကြောင်းထုတ်မပြတတ်တဲ့သူက ခုလိုမျိုးတွေလုပ်ပေးတော့ နှစ်ယောက်သား ပိုချစ်လာပါတယ်လို့ 🙂‍↔️ ကျေးဇူး 🙂‍↕️ သူငယ်ချင်းတွေကို ချစ်ကြောင်းပြောဖို့သတိရပါ တကယ်စစ်မှန်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရှိရင်တောင် ဘဝက ပျော်စရာကြီးပါ ကျန်တဲ့သူငယ်ချင်းတွေကတော့ ရေခဲတုံးတွေမလို့ 🙂‍↕️(သူတို့လည်း ချစ်ကြပါတယ် ) ဖြစ်နိုင်ရင် ချစ်ရင် ချစ်ကြောင်းပြောပြပါ မပြောပြတတ်ရင်အပြုအမူတွေကတစ်ဆင့်ပြပေးပါ #Hatsuki 4.3.2025