en
Feedback
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

Open in Telegram

ᵀʰⁱˢ ᶜʰᵃⁿⁿᵉˡ ⁱˢ ᶠᵒʳ ʸᵒᵘ...💌💗 ˢᵗᵃʳᵗᵉᵈ ᵈᵃᵗᵉ- ¹⁹.⁷.²⁰²⁴ᴵ

Show more
644
Subscribers
No data24 hours
+37 days
-330 days
Posts Archive
နောက်လာမခေါ်ဘူး 😏 #Hatsuki Just for fun Crd photo
နောက်လာမခေါ်ဘူး 😏 #Hatsuki Just for fun Crd photo

ဘဝမှာ ကိုယ့်အားကိုယ်ကိုးရမှာ မကြောက်နဲ့ ။ 🙅‍♂️ သူများကို အားကိုးချင်တဲ့ စိတ်လေးဖြစ်ပေါ်နေတာကမှ ကြောက်ဖို့ကောင်းတာပါ။ ဘဝမှာ ဆ
ဘဝမှာ ကိုယ့်အားကိုယ်ကိုးရမှာ မကြောက်နဲ့ ။ 🙅‍♂️ သူများကို အားကိုးချင်တဲ့ စိတ်လေးဖြစ်ပေါ်နေတာကမှ ကြောက်ဖို့ကောင်းတာပါ။ ဘဝမှာ ဆင်းဆင်းရဲရဲနဲ့ နေရမှာ ကိုမရှက်နဲ့။ စိတ်ဓာတ်တွေ အောက်တန်းကျနေတာကမှ ပိုရှက်ဖို့ကောင်းတာပါ။ ဘဝမှာ သူများဝေဖန်မှာကို မကြောက်နဲ့ ။ သူများဝေဖန်မှာကို ကြောက်ပြီး ဘာမှ မလုပ်ပဲ အချိန်တွေ အလကားဖြစ်မှာကိုပဲ တွေးကြောက်ပါ။ ဘဝမှာမဖြစ်နိူင်တာမရှိဘူး ဖြစ်အောင် မလုပ်နိူင်တာပဲရှိတာပါ။ ကြိုးစားရင် အရာအားလုံးက ဖြစ်နိူင်တာချည်းပါပဲ။ (1) ကြောက်စိတ်တွေ (2) တွေဝေမှုတွေ (3) ပူပန်မှုတွေနဲ့ (4) ဘဝကို မရှင်သန်ပါနဲ့ (5) လွတ်လပ်စွာ ပျံသန်းပါ။ ဘဝလေ အဟုန်မှာ ကိုယ် ခွန်အား စိုက်ရင် စိုက်သလောက်တော့ အမြင့်ရောက်ပါတယ်။ ဒါပေမယ့် ဘဝင်တော့မမြင့်ပါနဲ့ အကျနာ တတ်ပါတယ်။ 🌿🍀🍀 #crd #Mai

အတူရှိဖို့ကံပါရင် အတူရှိကြမှာပါတဲ့ အတူရှိဖို့ကံကို လူတွေကရပ်ပစ်ချင်တဲ့အခါ ကံကိုအပစ် ပုံချကြောင်းကိုတော့ မပြောတော့ဘူး ...✨ #Hatsuki

ဪ...အေး ကျေးဇူးပါအေ....🫨 တစ်နေ့တစ်မျိုးမရိုးရတဲ့ Sister from another mother 🥳 #Hatsuki
ဪ...အေး ကျေးဇူးပါအေ....🫨 တစ်နေ့တစ်မျိုးမရိုးရတဲ့ Sister from another mother 🥳 #Hatsuki

အမြဲတမ်း ငြိမ်ပေးနေတော့ အ တယ်ထင်နေကြတာ ဖြစ်မယ် အ လို့ငြိမ်နေတာမဟုတ်ပဲ သံယောဇဉ်တွေကြောင့် ဆိုတာမသိကြဘူး သူလုပ်သလို ကိုယ်ပြန်လုပ်တော့ မခေါ်နိုင် မပြောနိုင်တွေ လာဖြစ်ပြနေကြတယ် လူတွေလူ‌တွေ အချိန်တွေရင်းရတာ တန်ပါတယ် လူတွေအကြောင်း ပိုသိလာတာပေါ့ သည်းခံနိုင်သမျှတော့ ရယ်နေအုံးမှာဖြစ်ပြီးသည်းမခံနိုင်တဲ့အဆုံး ကိုယ့်ကို လုပ်သလိုပြန်လုပ်မှာ ဖြစ်ပါတယ် အတုအယောင်အများကြီးထက် အစစ်အမှန်တစ်ယောက် ရှိရင်ပဲရပါတယ် Toxic Friendship and Relationship တွေကနေ ရုန်းထွက်ပြီး ရပ်တန့်လိုက်ရအောင် #Hatsuki

တစ်ကြိမ်တစ်ခုကြိုးစားလိုက်တာနဲ့ တန်းအဆင်ပြေသွားတာ ကံကြောင့် ငြင်းခံရပေမယ့် ဆက်လုပ်ရင်း အောင်မြင်သွားတာလူကြောင့် တကယ်အောင်မြင်တဲ့သူတွေကိုလေ့လာရင် ကျရှုံးမှုတွေကို သင်ခန်းစာယူပြီး မြန်မြန်ရှေ့ဆက်တာများတယ် feel နေဖို့ ကိုယ့်ကိုယ်ကိုသိပ်အချိန်မပေးကြဘူး Move on quickly with lessons -thelapyae #Chan #knowledge_nexus

သင့်အတ‌ွက္မနက်ဖြန် ....⚡ #Hatsuki

အမှိုက်တွေကို အမှိုက်ပုံးထဲ ပစ်တတ်ရမယ်နော်။ ဘဝမှာလေ ခံစားဖို့ မတန်တဲ့ လူတွေ၊ ခံစားဖို့ မတန်တဲ့ အရာတွေမှ အများကြီးပဲ သိလား။ ကိုယ့်ရဲ့ စိတ်အကြည်ဓာတ်ကို ပျက်ပြားအောင် လုပ်တဲ့လူတွေ၊ ကိုယ့်ရဲ့ ယုံကြည်မှုကို လိမ်လည် လှည့်ဖျားတဲ့သူတွေ၊ ကိုယ့်အတွက် မဟုတ်တဲ့လူတွေ... အဲ့လိုလူတွေအတွက်လေ ဘဝမှာ အကြာကြီး မခံစားပါနဲ့။ ခံစားရရင်တောင် ခဏပဲ ခံစား။ Accept that it's not meant for me and move on. ဘဝမှာလေ အရေးအကြီးဆုံးက ရှိသင့်ရှိထိုက်တဲ့ နေရာမှာ ရှိနေဖို့နဲ့ လှည့်ပြန်သင့်တဲ့အချိန်မှာ လှည့်ပြန်တတ်ဖို့ပါပဲ။ ဘဝဆိုတာ တိုတိုလေးမလား။ မတန်တဲ့အရာတွေအတွက် အချိန်အကြာကြီး ဝမ်းမနည်းစမ်းပါနဲ့။ -စူးရှမေ #Chan #knowledge_nexus

တပေါင်းလပြည့်နေ့ (မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့)
၂၀၂၅ ခုနှစ်၊ မတ်လ (၁၃) ရက်၊ ကြာသပတေးနေ့၊ ဟာဆိုရင် "တပေါင်းလပြည့်နေ့ ပြည်တော်ဝင်အခါတော်နေ့" ဖြစ်ပါတယ်။ တပေါင်းလပြည့်နေ့ မြတ်ဗုဒ္ဓ ပြည်တော်ဝင်အခါတော်နေ့မှစ၍ မြန်မာပြည်သူ၊ ပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည် ထို့အတူ တပေါင်းလပြည့်(ယနေ့)ဟာ အဖေများနေ့ လည်းဖြစ်ပါတယ် အဖေများနေ့ ကို ဂုဏ်ပြုသောအနေဖြင့် ကမ္ဘာပေါ်တွင်ရှိကြသော အဖေ များအားလုံးလည်း အသက် ရှည်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ လို့ ထပ်မံ တောင်းဆုခြွေအပ်ပါသည် #Chan #knowledge_nexus ‎ ‎

ဘဝမှာ ထားရှိသင့်တဲ့ စိတ်ဓာတ်နိယာမများ💌 -Sir Hein KoKo #Chan #knowledge_nexus
+5
ဘဝမှာ ထားရှိသင့်တဲ့ စိတ်ဓာတ်နိယာမများ💌
-Sir Hein KoKo #Chan #knowledge_nexus

အောင်မြင်မှုဆိုတာ ကံမဟုတ်ဘူး... စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုဖြစ်တယ်... ။ "Success is not luck, it is constant effort." - ha
အောင်မြင်မှုဆိုတာ ကံမဟုတ်ဘူး... စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုဖြစ်တယ်... ။ "Success is not luck, it is constant effort." - han kyi #Chan #knowledge_nexus

သည်းခံခြင်းသည် ပျော့ညံ့ခြင်း မဟုတ် အားသာချက် တစ်ခုသာဖြစ်တယ် - ဦးဘုန်းဓာတု #Mai

အကျိုးတိုင်းမှာ အကြောင်းရှိပါတယ်။ ဖြတ်သန်းပါ။ ချစ်ပါ။ သင်ခန်းစာယူစရာရှိတာယူပါ။ ပြီးရင် မဖြစ်မနေ ရှေ့ဆက်ပါ။ #Chan #crd #knowledge_nexus

နှလုံးသားရဲ့ စွမ်းအား ပြင်းထန်လာတဲ့အခါ ဦးနှောက်လည်း မတားနိုင်တော့ပေ....
 //Chan// *ဒီစာကိုဘယ်တုန်းကဘယ်လိုစိတ်မျိုးနဲ့ရေးခဲ့လဲမသိ ၊ စာကကောင်းတော့ကောင်းတယ်ထင်တာပဲ >⁠.⁠< #Chan #knowledge_nexus

အမျိုးသမီးတွေအချင်းချင်းကြားမှာ Sisterhood လို့ခေါ်တဲ့ ညီမအရင်းလို စိတ်ဓာတ်မျိုး ရှိထားသင့်တယ်လို့ထင်တယ်။ ကိုယ့်နဲ့ ဘာမှန်းမသိခင်ကတည်းက ယုံယုံကြည်ကြည် ဖွင့်ပြော၊ အကြံဉာဏ်ပေးနိုင်တဲ့ ဘော်ဒါမျိုး ရှိကို ရှိသင့်တယ်။ ကိုယ့်ကောင်းကျိုး သူ့ကောင်းကျိုးကိုမှ အပြန်အလှန် မြင်တတ်တဲ့ မိန်းကလေးမျိုး ရှိသင့်တယ်။ ကိုယ့်စိတ်ရဲ့ အတက်အကျအခြေအနေကိုစောင့်ကြည့်ပြီး နှစ်ဦးနှစ်ဖက်ရဲ့ ပျော်ရွှင်မှုကိုပဲ အလေးပေး လိုလားအပ်တဲ့ ဘော်ဒါမျိုး ရှိသင့်တယ်။ ငိုမှ မျက်ရည်သုတ်ပေးတာမျိုးထက် မငိုအောင် စည်းစောင့်တတ်မယ့် ဘော်ဒါမျိုး ရှိကိုရှိသင့်တယ်။ Sisterhood စိတ်ဓာတ်မျိုးရှိတဲ့သူငယ်ချင်းက တစ်ခုခုဆို ကိုယ့်အတွက်စဉ်းစားပေး၊ စိတ်ပူပေးတတ်တယ်။ ကိုယ်လှတာထက် ကိုယ်.. ဘယ်လိုနေနေ လှတာကိုပဲ စဉ်းစားပေး၊ နဂို ရှိရင်းစွဲအလှကို မပိုမလိုဘဲ မြင်တတ်တယ်။ ကိုယ့်နဲ့ နည်းနည်းလေးတောင်မှ ဆွေမျိုးမတော်ဘဲ အစ်မရင်း ညီမရင်းတစ်ယောက်လို နွေးထွေးမှုပေးတယ်။ သူ့နဲ့နေရင်ကိုပဲ လုံခြုံမှုရှိနေတာမျိုး ဖြစ်တတ်တယ်။ မင်းအနေနဲ့ တစ်စုံတစ်ယောက်သော အမျိုးသားဆီမှာ အချစ်ခံရတာ ကံကောင်းပါတယ်။ အဲ့ဒီထက် မိန်းကလေးချင်း အချစ်ခံရတာ ပိုပြီး ကံကောင်းစေတယ်။ ကိုယ်လျှောက်မယ့် လမ်းကို ပိတ်တာမျိုး မရှိဘူး၊ ကိုယ့်ကို ပြိုင်ဖက်ရန်သူဆိုပြီး သတ်မှတ်ထားတာမျိုး သူတို့မှာ မရှိသလို နှလုံးသားကိစ္စနဲ့ ယှဉ်လိုက်တဲ့အခါမှာလည်း စနှိုက် ကြော်တာတွေ.. မလုပ်ဘူး။ တစ်ခုတော့ ရှိတယ်။ နောက်ကျောကို ဓါးနဲ့ ကောက်ထိုးပြီး အောက်ဖဲလှန်တဲ့ တချို့ကိုတော့ ဘယ်တော့မှ Sisterhood လို့ မခေါ်ဆိုနဲ့ပေါ့ ..✌ # HappyLand #crd #Mai