en
Feedback
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

Open in Telegram

ᵀʰⁱˢ ᶜʰᵃⁿⁿᵉˡ ⁱˢ ᶠᵒʳ ʸᵒᵘ...💌💗 ˢᵗᵃʳᵗᵉᵈ ᵈᵃᵗᵉ- ¹⁹.⁷.²⁰²⁴ᴵ

Show more
644
Subscribers
No data24 hours
+37 days
-330 days
Posts Archive
ငလျင်လှုပ်ရင် စားပွဲအောက်မှာနေပါတို့၊ တံခါးကျည်းဘောင်အောက်မှာ နေပါတို့ အစရှိသဖြင့် အရပ်ပြော စကားတွေရှိတာကို ကြားဖူးကြမှာပါ။ အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ တော့။ အခုဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ စာဖတ်ပရိတ်သတ်တွေရဲ့ အတွေးအခေါ်ပြောင်းသွားနိုင်ပြီး တစ်နေ့တစ်နေ့မှာ သင်တို့ရဲ့ အသက်တွေကို ကယ် တင်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။ (Doug Copp ၏ “The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်) ကျွန်တော့နာမည်က ဒေါက်တာကော့ပ်ပါ။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အတွေ့အကြုံ အရင့်ဆုံးကယ် ဆယ်ရေးအဖွဲ့အစည်းဖြစ်တဲ့ အမေရီကန်အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေးအကြီးအကဲနှင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲရေးမှူးရာထူးကို ရရှိထားသူပါ။ ကျွန်တော်ဟာ ပြိုကျနေတဲ့ အဆောက်အအုံ (၈၇၅) ခုထဲကို တွားသွားဝင်ရောက်ခဲ့ဖူးပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း (၆၀)ကျော်က ကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ်ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေမှာဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေကိုတောင် တည် ထောင်ပေးခဲ့ဖူးပါတယ်။ ၁၉၈၅ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်ခဲ့သမျှ အကြီးစားသဘာဝဘေး အန္တရာယ်တိုင်းမှာ ဝင်ရောက် တာဝန်ထမ်းဖူးပါတယ်။ ၁၉၈၅ခုနှစ်၊ မက္ကဆီကိုစီးတီး ငလျင်ဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျောင်းတစ်ကျောင်းထဲကို အရင်ဆုံးတွားသွားဝင်ရောက်တဲ့အခါမှာ ကျောင်းသားကလေး ငယ်အားလုံး သူတို့တွေရဲ့စာသင်စားပွဲတွေအောက်မှာ ရှိနေတဲ့မြင်ကွင်းပါပဲ့။ ဒါပေမယ့်ကလေးတွေအားလုံး အရိုးတွေ စိစိညက်ညက်ကြေတဲ့အထိပိမိနေကြတာကို စိတ်မချမ်းမြေ့ဖွယ်မြင်တွေ့ခဲ့ရပါတယ်။ တကယ်လို့သာ ကလေးငယ်တွေဟာ အခန်းအလယ်လျှောက်လမ်းထဲက သူတို့တွေရဲ့ စာသင်ခုံတွေနဲ့ ဘေးကပ်လျက်လဲလျောင်းနေခဲ့မယ်ဆိုရင်တောင် အသက်ဆုံးရှုံးချင်မှ ဆုံးရှုံးကြရမှာပါ။ အရှင်ဆုံးပြောပါမယ်။ အဆောက်အအုံးတစ်ခု ပြိုကျတဲ့အခါ မျက်နှာကြက်တွေရဲ့ အလေးချိန်ဟာ ပရိဘောဂတွေရဲ့အပေါ်တည့်တည့်ကိုသက်ရောက်တာကြောင့် အောက်တည့်တည့်မှာ ရှိတဲ့ အရာဝတ္တုအားလုံးကြေမွသွားကြပါတယ်။ ဒါပေမဲ့ အဲဒီအပျက်အစီးပုံရဲ့ ဘေးနေရာလေးတွေကတော့ ကလိုင်များအဖြစ်ကျန်ခဲ့ပါတယ်။ အဲဒီနေရာအ လွတ်တွေကို ကျွန်တော်က “အသက်ကယ်တြိဂံ” လို့ အမည်ပေးထားပါတယ်။ အရာဝတ္တုတစ်ခုဟာ ကြီးမားတောင့်တင်းလေ ပိုမိုခိုင်ခံ့လေဖြစ်လို့ သူတို့ရဲ့ဘေးက ကွက်လပ်ဟာလည်း ပိုပြီးကြီးမားနိုင်ပါတယ်။ ဒီတော့ လူသားတွေအနေနဲ့ အဲဒီနေရာလွတ်ထဲမှာ ဘေးမသီရန်မခနေထိုင်နိုင်ဖို့ အခွင့်သာသွားစေပါတယ်။ ငလျင်ကြောင့်ပြိုပျက်နေတဲ့ အဆောက်အအုံပုံတွေကို တီဗွီမှာ တွေ့ရတဲ့အခါ အသက်ကယ်တြိဂံတွေကို လိုက်ပြီးရေတွက်ကြည့်ပါ။ ပြိုပျက်နေတဲ့ အဆောက်အအုံတစ်ခုအထဲမှာ အများဆုံး ဂျီသြမေတြီပုံသဏ္ဌာန်က တော့ တြိဂံဖြစ်ပြီးနေရာတကာမှာ တွေ့ရပါလိမ့်မယ်။ ဘေးကင်းဖို့ လက်တို့အညွှန်း ၁။ ငလျင်လှုပ်လို့ အဆောက်အအုံတစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူတော်တော်များများဟာ တစ်ခုခု အောက်ထဲဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေကြရပါတယ်။ စာရေးစားပွဲတွေ ကားတွေအစရှိတဲ့အရာတွေ အောက်ဝင်ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့ ကြုံတွေကြရပါတယ် ၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ်တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်းခွေအိပ်လေ့ရှိတာကို မြင်ဖူးကြမှာပါ။ ငလျင်လှုပ်ပြီဆိုရင်လည်း အဲလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြုံရေးအသိပညာပါပဲ။ ခွေခေါက်နေခြင်းအားဖြင့် နေရာလွတ်သေးသေးလေးထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့်သားသွားစေပါ တယ်။ အလွယ်တကူပြားချပ်မသွားနိုင်တဲ့ ဆိုဖာခုံ၊ ခု တင်အစရှိတဲ့ ထုထည်ကြီးကြီး အရာတွေဘေးမှာခွေ ခေါက်နေလို့ရမယ့် နေရာလွတ်မျိုးတွေရှိတတ်ပါတယ်။ ၃။ ငလျင်လှုပ်နေစဉ်ကာလအတွင်းမှာပျဉ်ထောင်အိမ် တွေဟာ အလုံခြုံဆုံးပါပဲ့။ သစ်သားဟာ ကွေးလွယ် ညွတ်လွယ်လို့ ငလျင်လှိုင်းတွေနဲ့အတူ အလိုက်သင့် လှုပ်ရှားနိုင်ပါတယ်။ ပျဉ်ထောင်တစ်လုံးပြိုကျတယ်ဆိုဦးတော့၊ နေရာလွတ်တွေ အများကြီးချန်ထားခဲ့ပါလိမ့် မယ်။ ဒါအပြင် ပျဉ်ထောင်အိမ်တွေဟာ ပြိုကျရင် ပိမယ့် အလေးအချိန်လည်းနည်းပါးပါတယ်။ အုတ်တိုက်တွေကတော့ ငလျင်လှုပ်ရင် အုတ်ချပ်တွေအဖြစ် တစ်စစီပြိုကွဲသွားတတ်လို့ အောက်မှာရှိနေမယ့်လူတွေအတွက် အန္တရာယ်ရှိပါတယ်။ ၄။ ညအချိန်ငလျင်လှုပ်တဲ့အခါကုတင်ပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေရင် ကုတင်ဘေးကိုသားလှိမ့်ချ လိုက်ပါ။ ငလျင်လှုပ်ရင် ကုတင်ဘေးလိမ့်ဆင်းဖို့ အကြံ ပြုချက်တွေကိုသာ ကုတင်ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထားပေးနိုင်မယ်ဆိုရင် လူအသေအပျောက်နည်းသွားနိုင်ပါတယ်။ ၅။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှမဟုတ် ပြတင်းပေါက်ကနေထွက်ပြေးဖို့ အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီး ကြီး ဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာ ခွေခေါက်ပြီးနေ လိုက်ပါ။ ၆။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းနေတဲ့သူတွေဟာ သေဆုံးကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်လှုပ်လို့ ကျည်းဘောင်ပြုတ်ထွက်သွားချိန်မှာ အ ပေါ်ကအုတ်၊ အင်္ဂတေအစရှိတာတွေ ပြိုကျလာနိုင်လို့ အခန့်မသင့်ရင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်၊

ဖုန်းလိုင်းမရှိဘဲ စာပို့လို့ရမဲ့ app လေးတွေပါ တစ်ခုခုဖြစ်လို့လိုင်းပျက်သွားခဲ့ရင်မိသားစုနဲ့အဆက်အသွယ်မပျက်အောင်ဒီအောက်ကappလေးတွေကိုထည့်ထားကြပါနော်🪻 ဘယ်မြို့မှာဖြစ်ဖြစ် လိုင်းမရတဲ့အခါ အသုံးပြုလို့ရပါတယ်တဲ့📢 Bridgefy App Firechat App Briar  App Serval mesh App Offline walkie-talkie Apps Signal App @Kolay_black_sheep #Black_sheep #credit

မန္တလေးမြို့မှာ ဖွင့်လှစ်ထားသော V.Jun Showroom မှာရှိတဲ့ပစ္စည်းမှန်သမျှ FREE !!! ယခုငလျင်ဘေးဒဏ်ကြောင့်ဒုက္ခရင်ဆိုင်ကြုံတွေ့နေ
မန္တလေးမြို့မှာ ဖွင့်လှစ်ထားသော V.Jun Showroom မှာရှိတဲ့ပစ္စည်းမှန်သမျှ FREE !!! ယခုငလျင်ဘေးဒဏ်ကြောင့်ဒုက္ခရင်ဆိုင်ကြုံတွေ့နေရသောပြည်သူ များအားလုံး V.Jun Mandalay Showroom မှာရှိတဲ့အရေးပေါ်သုံး ရန်လိုအပ်သည့်ပစ္စည်းများဖြစ်တဲ့… ✅Powerbank ✅LED Cable 2m (လျှပ်စစ်မီး မရရှိသည့်အချိန်တွင် USB ပေါက်နှင့်သော်လည်းကောင်း Powerbank နှင့်ချိတ်ပြီးသုံးလို့ရပါတယ်ခင်ဗျာ မီးအလင်းရောင် အရမ်းကြည်ပြီး အရမ်းလင်းပါတယ်ခင်ဗျာ။) ✅Charger ✅Cable ✅Cover ✅မှန်ကပ် များကို အခမဲ့လာရောက်ယူဆောင်လို့ရပါတယ်ခင်ဗျာ… 📌 မှတ်ချက်📌 ✅ ငလျင်ဘေးဒဏ်သင့်ပြည်သူများ နှင့် ပရဟိတလူမှုကူညီရေး အသင်းများသာ ရည်ရွယ်ပါတယ်ခင်ဗျာ.. အမှန်တကယ်လိုအပ်နေသူများတွက် အသုံးဝင်စေချင်သည့်အတွက် အမှန်တကယ်လိုအပ်နေသူများသာ လာရောက်ယူဆောင်စေချင်ပါတယ်ခင်ဗျာ.. ပြည်သူများအားလုံးဘေးအန္တရာယ် ကင်းရှင်းကြပါစေခင်ဗျာ..🙏🏻 V.Jun Mandalay Address📌 09753916004 62 x 109 ထောင့်၊ ချမ်းမြေ့သာစည်မြို့နယ်၊ မန္တလေး။ V.Jun Mandalay Location.📌 https://maps.app.goo.gl/j3jXbWxoPu4Hegcs9?g_st=ic #Crd #𝗋α𝗏𝖾𝐧_𝗄𝖾ᥣ𝗍 #staysafe

မန္တလေးဆေးရုံကြီးမှာ လူနာတွေမနိုင်မနင်းဖြစ်နေပါတယ်၊ မန္တလေးမြို့ရဲ့ နေရာတိုင်းမှာလဲ အရေးပေါ်ကားတွေဆူညံနေပါတယ်။ အကူညီလိုတဲ့လူတ
မန္တလေးဆေးရုံကြီးမှာ လူနာတွေမနိုင်မနင်းဖြစ်နေပါတယ်၊ မန္တလေးမြို့ရဲ့ နေရာတိုင်းမှာလဲ အရေးပေါ်ကားတွေဆူညံနေပါတယ်။ အကူညီလိုတဲ့လူတွေဒီဆေးခန်းလေးမှာလာရောက်ကုသလို့ရအောင် share ပေးကြပါဦးဗျ။ ဒီ QR ကို scan ဖတ်လိုက်တာနဲ့ အခမဲ့ပြည်သူ့ဆေးခန်း - FOC Teleclinic ရဲ့chatbot ဆီကိုတိုက်ရိုက်ရောက်သွားမှာဖြစ်ပါတယ်တဲ့၊ chatbot ကနေဆင့် ဆရာဝန်တွေနဲ့ချိတ်ဆက်ပြီး ကျန်းမာရေးဝန်ဆောင်မှုရယူနိုင်မှာပါတဲ့။ FoC Teleclinic စေတနာ့ဝန်ထမ်း ဆရာဝန် ၆၀ ကျော်ကိုစုစည်းထားပြီး မနက် ၈ နာရီ - ည ၁၂ နာရီအထိ ကျန်မာရေး နဲ့ စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေပေးနိုင်အောင် စီစဉ်ထားပါတယ်တဲ့။ #Credit #staysafe #𝗋α𝗏𝖾𝐧_𝗄𝖾ᥣ𝗍

အရေးပေါ်ဖုန်းအားသွင်းဖို့လိုပါက အခမဲ့ ဖုန်းအားသွင်းနိုင်သောနေရာများ စုစည်းမှု (Fb Page) Pro Tech Care - ရန်ကုန် တာမွေ Great One အိမ်ခြံမြေ - ရန်ကုန် ရွှေပြည်သာ Nail House by Grace - ရန်ကုန် ရွှေပြည်သာ AUTO LIFE Car Service - မန္တလေး Aye Myit Tar Store - ပဲခူး ဦးတရုတ် Battery ဆိုင်ကယ် - ပဲခူး အဆွေတော်-ကွမ်းဒိုင် - ပြည် A-One ဖိတ်စာဆိုင် - ပြည် Golden Galaxy - ကစားကွင်း - ကျိုက်ထို စိန်ချယ်-စားသောက်ဆိုင် - လင်းခေး အထင်ကရ မိုဘိုင်း - သာစည် Mobile City - သရက်မြို့ အောင်မြင်သူ သင်တန်းကျောင်း - မကွေး ဒေါ်လာလျှပ်စစ်ပစ္စည်းဆိုင် - မကွေး Shwe Yi Win Mobile - သနပ်ပင်မြို့ မိုးမခ Mobile - ပေါင်းတည်မြို့ ထပ်မံ၍ ဖြည့်စွက်ပါမည်။ #Crd #staysafe

🍚မန္တလေးမြို့၌ ငလျင်ဘေးဒုက္ခသည်များ အခမဲ့သုံးဆောင်နိုင်သော စားသောက်ဆိုင်များ⛑ 1. ရွှေကွတ်ခိုင် ☎️ 09-953832339 | 09-43016082 📍 58/36D| ရှမ်းခေါက်ဆွဲ ပြင်ဆင်ထားပါသည်။ အကူအညီလိုအပ်သူများ စိတ်ချလက်ချ အခမဲ့ သုံးဆောင်နိုင်ပါသည်။ 2. Beer Prince 📍 65/108 | ထမင်းကြော်၊ ခေါက်ဆွဲကြော်နှင့် ရေသန့်များ ရရှိနိုင်ပါသည်။ 3. xiaolajiao အကင်ဆိုင် 📍 63/39*40| အခမဲ့ ထမင်းဖြူ ရယူနိုင်ပါသည်။ 4. chilichacha 📍 လိပ်စာဖော်ပြမထား။ 5. 39° bar 📍 54/30 | အခမဲ့ ထမင်းဖြူ နှင့် ရေသန့်ရရှိပါသည်။ 6. 📍007 beach bar ကွင်းပြင်လွတ်၌ ခိုလှုနိုင်ပြီး အခမဲ့ ထမင်းကြော်သုံးဆောင်နိုင်ပါသည်။ 7. WeiDongNan အရှေ့တောင်အရသာစားသောက်ဆိုင် 📍 60/35*35A 8. IN.718 bar ☎️ 09-888599899 | 09-665713227 📍 55*56/39D| အခမဲ့ ထမင်းကြော်နှင့် ထမင်းဖြူ ရယူနိုင်ပါသည်။
Take care,guys ʕ⁠っ⁠•⁠ᴥ⁠•⁠ʔ⁠っ
#Chan #Crd #knowledge_nexus

ငလျင်လှုပ်ပြီးတာက ကြာပြီ ငါကမူးလို့ကောင်းလို့ 😣 Take care our subscribers 🫶✨ #Hatsuki

တစ်ခါတလေ တိတ်တိတ်လေးနေပြီး ပြုံးနေလိုက်တာပိုကောင်းပါတယ် ဆိုတဲ့ စကားကို ကျွန်မတော့ သိပ်သဘောကျတယ် ။ နေ့စဉ်ဘဝမှာ အရေးမပါတဲ့စကားတွေ အရေးမပါတဲ့လူတွေကို ဘေးဖယ်ထားဖို့ လိုအပ်တယ် ။ သူက ကိုယ့်ကို ဒေါသထွက်အောင် လုပ်တဲ့အခါ ကိုယ်က ဘာမှ မတုန့်ပြန်ပဲ တိတ်ဆိတ်လိုက်တာမျိုး ၊ တစ်ယောက်ယောက်က ကိုယ့်ရောက်နေတဲ့နေရာတစ်ခုကို လုဖို့ ကိုယ့်နာမည်ကိုဖျက်ဖို့ ကြိုးစားတဲ့အခါ ကိုယ်က မတုန်လှုပ်ပဲ ကိုယ်လုပ်စရာရှိတာကိုပဲ အေးအေးဆေးဆေး ဆက်လုပ်သွားတာမျိုး ၊ သူတို့လိုချင်တဲ့ တုန့်ပြန်မှုမျိုး ကိုယ်ကမပေးတဲ့အခါ သူတို့လုပ်ရပ် သူတို့စကားတွေက သူတို့ရဲ့အပူပါပဲ ။ ကိုယ်က တိတ်တိတ်လေးနေပြီး ပြုံးနေလိုက်တာက ပိုကောင်းပါတယ် ။ #ဖားစည်ရည်ကျော် Credit to original writer 🤍 #Hatsuki

တို့တစ်ရွာလုံးကတော့ 39 (စမ်းခရူး) ပဲ 🙂‍↔️ Just for fun Credit pic #Hatsuki
တို့တစ်ရွာလုံးကတော့ 39 (စမ်းခရူး) ပဲ 🙂‍↔️ Just for fun Credit pic #Hatsuki

ဘဝမှာ လက်တွေ့ဆန်တဲ့ လူကိုပဲ ရွေးချယ်ပါ။ ဘာပန်းကြိုက်တတ်လဲ မသိရင်တောင် ပန်းတွေ ယူလာပေးတဲ့ လူ၊ ဘာအစားအစာ ကြိုက်တတ်လဲ မသိရင်တောင် အစားကောင်းကျွေးချင်တဲ့ လူ ၊ ဘာဖြစ်ချင်နေလဲ မသိရင်တောင် သိအောင် ကြိုးစားတဲ့ လူ ၊ ဘာပဲဖြစ်ဖြစ် ကိုယ့်အပေါ်မှာ ကြိုးစားချင်စိတ်ရှိတဲ့ လူကိုပဲ ရွေး ၊ ကိုယ့်အနားကို ရောက်ဖို့ ကိုယ့်အကြိုက်ကို လိုက်ဖို့၊ ကိုယ်နဲ့ အတူတူရှိနေရဖို့ ကြိုးစားတဲ့ လူကိုပဲ ရွေးချယ် ပါ။ 🤍🍂 Crd to original writer 🍀 #Hatsuki

Good morning par 🍃🍃🍃 ဒီနေ့ မနက်အထိ အသက်ရှင်စွာ နိုးထခွင့်ရလို့ ကျေးဇူးတင်ပါတယ် လင်းကြက်တွန်သံ ၊ ငှက်တေးသီသံများကို ကြားခွင့်ရသေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် မျက်လူံး ၂ ဖက်ဖွင့်လိုက်တာနဲ့ ​အခန်းထဲက မြင်နေကျအရာတွေကို မြင်ခွင့်ရသေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ကျန်းကျန်းမာမာနဲ့ နိုးထခွင့်ရတဲ့ မနက်ခင်းလေး အတွက်လည်း ကျေးဇူးတင်ပါတယ် 🌄🫧✨ #Mai

ဘယ်လောက်ကြိုးစားကြိုးစား မဖြစ်နိုင်တာသေချာရင် ဆက်ပြီးမလုပ်တော့ဘူး အဲ့လိုလက်လျှော့တာက သတ္တိကြောင်တာမဟုတ်ပဲ ဖြစ်သင့်တာကိုပဲ လုပ်တာဆိုတာ တကယ်သိလာခဲ့တယ် ဆိုတော့ မဖြစ်နိုင်တဲ့ ကြိုးစားမှုတွေကို ရပ်ပြီး ဖြစ်နိုင်တာတွေအတွက်အစွမ်းကုန်ကြိုးစားရအောင် ✨🍀 #Hatsuki

Channel လေးကို သိပ်မရန်းဖြစ်တာက အလုပ်တွေများပြီး စာတွေပိနေတဲ့အတွက်ကြောင့်ပါ လူတွေ လျော့လျော့လာတာကို သတိထားမိပေမဲ့လည်း အားရင် အားသလိုလေး တင်ပေးပါမယ်နော် ထွက်မသွားဖို့တော့ မတောင်းဆိုတော့ပါဘူး တစ်ခြားသူရဲ့ စိတ်တွေကို ထိန်းချုပ်ပိုင်ခွင့် မှမရှိပဲလေ🥹 #Mai

မင်းမှာ ဘာမှမရှိရင် မင်းနားမှလည်း ဘယ်သူမှရှိမှာ မဟုတ်ဘူး
ဒီစကားလေးက ပိုက်ဆံမရှိတာကိုပဲ ဆိုလိုချင်တာ မဟုတ်ပါဘူး ကိုယ်ချင်းစာတရားတွေ နားလည်ပေးမှုတွေ သိတတ်မှုတွေ ပညာရှိတရားတွေ နှစ်ဖက်မျှတွေးပေးတာတွေ ကို ဆိုလိုခြင်း ဆိုရင် ပိုပြီးတော့ မှန်ပါလိမ့်မယ် သင့်မှာ ပိုက်ဆံမရှိဘူးဆိုရင်တောင် အပေါ်က အရာတွေ ရှိနေရင် သင့်ဘေးနားမှာ တစ်ယောက်ယောက်တော့ ရှိနေမှာ မလွဲဧကန်ပါ #Mai

လူတွေအများကြီး မလိုပါဘူး တစ်ခုခုဆို သတိရပေးတဲ့ ကိုယ့်အချစ်ဆုံးတွေ ရှိရင်ရပြီ💚 I'm lucky in FRIENDSHIP 🤍💚 #Hatsuki
လူတွေအများကြီး မလိုပါဘူး တစ်ခုခုဆို သတိရပေးတဲ့ ကိုယ့်အချစ်ဆုံးတွေ ရှိရင်ရပြီ💚 I'm lucky in FRIENDSHIP 🤍💚 #Hatsuki

တစ်ချို့အရာတွေကို ရွေးချယ်ခွင့်မရှိပေမဲ့ တစ်ချို့အရာတွေကိုတော့ ပိုင်ဆိုင်အောင် ကြိုးစားလို့ ရနိုင်ပါတယ်🐳🐳🐳 #Mai
တစ်ချို့အရာတွေကို ရွေးချယ်ခွင့်မရှိပေမဲ့ တစ်ချို့အရာတွေကိုတော့ ပိုင်ဆိုင်အောင် ကြိုးစားလို့ ရနိုင်ပါတယ်🐳🐳🐳 #Mai