en
Feedback
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

Open in Telegram

ᵀʰⁱˢ ᶜʰᵃⁿⁿᵉˡ ⁱˢ ᶠᵒʳ ʸᵒᵘ...💌💗 ˢᵗᵃʳᵗᵉᵈ ᵈᵃᵗᵉ- ¹⁹.⁷.²⁰²⁴ᴵ

Show more
644
Subscribers
No data24 hours
+37 days
-330 days
Posts Archive
စိတ်အဆင်မပြေရင် မုန့်အချိုစားပါ သီချင်းအေးအေးလေးတွေနားထောင်ပြီး တိတ်တဆိတ် အေးချမ်းမှုကို ရှာဖွေလိုက်ပါ ✨💚 #Hatsuki
စိတ်အဆင်မပြေရင် မုန့်အချိုစားပါ သီချင်းအေးအေးလေးတွေနားထောင်ပြီး တိတ်တဆိတ် အေးချမ်းမှုကို ရှာဖွေလိုက်ပါ ✨💚 #Hatsuki

ကမ္ဘာတစ်ပတ် ပြန်လည်တိုင်း ချစ်ခြင်းမေတ္တာတွေ တစ်ပတ်ပြန်လည်မယ်လို့ ဘယ်သီအိုရီတွေမှာများ ကြားခဲ့ဖူးလို့လဲဗျာ မဖြစ်နိုင်တဲ့အရာတွ
ကမ္ဘာတစ်ပတ် ပြန်လည်တိုင်း ချစ်ခြင်းမေတ္တာတွေ တစ်ပတ်ပြန်လည်မယ်လို့ ဘယ်သီအိုရီတွေမှာများ ကြားခဲ့ဖူးလို့လဲဗျာ မဖြစ်နိုင်တဲ့အရာတွေဆိုတာ တကယ်ရှိခဲ့ပါရဲ့.... #Mai

လူတွေဟာ အသားဖြူခြင်း ၊ လှပခြင်းတွေနဲ့ တန်ဖိုးသတ်မှတ်ကြတဲ့အခါ ဒီကမ္ဘာမှာ ကျွန်တော်ဟာ တန်ဖိုးနည်း လူသားတစ်ယောက်အဖြစ် ရှိနေခဲ့ပြန်တယ် #Mai

ဒီစာအုပ်လေး ဖတ်လို့ကောင်းတယ်
ဒီစာအုပ်လေးထဲမှာ ပုဂံမင်းဆက်တစ်ဦးဖြစ်တဲ့ နရသူ ရဲ့ အကြောင်း၊ နရသူ တည်ခဲ့တဲ့ ဓမ္မရံကြီးဘုရား ဖြစ်တည်လာတဲ့ သမိုင်းကြောင်း တစ်စိတ်တစ်ပိုင်း စတဲ့အကြောင်းအရာတွေအပြင် တစ်ခြားစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေပါ, ပါဝင်ပါတယ်။
ဘယ်စာအုပ်ဖတ်ရမှန်းမသိဖြစ်နေတယ်ဆိုရင် "နရသူ" ဆိုတဲ့ စာအုပ်လေးဖတ်ဖို့ recommend ပေးပါတယ်‌ဗျို့...📚❤️ crd- @Nova_Library #Chan #book #knowledge_nexus

ကျနော် က " နရသူ " ပါ ဒါပေမယ့် အတိတ်ဘဝက "နရသူ" တော့ မဟုတ်ဘူး ။ ပစ္စုပ္ပန်တည့်တည့်က အစ်မရဲ့ နံဘေးနားနေချင်တဲ့ " နရသူ " ပါ ။ အစ်
ကျနော် က " နရသူ " ပါ ဒါပေမယ့် အတိတ်ဘဝက "နရသူ" တော့ မဟုတ်ဘူး ။ ပစ္စုပ္ပန်တည့်တည့်က အစ်မရဲ့ နံဘေးနားနေချင်တဲ့ " နရသူ " ပါ ။ အစ်မဆီလှမ်းလာခွင့်မရှိတဲ့ ခြေလှမ်းတွေအတွက် ကျွန်တော်ကို ကျွန်တော် မုန်းလိုက်တာ ။ ကျွန်တော် နာကျင်ရတိုင်း ကျွန်တော် ပြိုလဲရတိုင်း... အစ်မကို သတိရတယ်... ကျွန်တော်ဆီ ပြန်လာခဲ့ပါတော့ အစ်မရာ ။ " ကျွန်တော် အစ်မကို ဘဝဆက်တိုင်းဆက်တိုင်း ချစ်နေဦးမှာ ။ အဲဒါ ကျွန်တော်ကိုယ်ကျွန်တော် ကျိန်လိုက်တဲ့ ကျိန်စာပဲ " -နရသူ #Chan #crd #knowledge_nexus

သင်္ကြန်ဆိုတာနဲ့ ပိတောက်ပန်းကိုပဲ ပြေးမြင်မိကြတာမျိုး... ငုဝါလေးတွေဟာ အမေ့ခံလိုတောင်ဖြစ်နေတတ်တာ ဒါပေမဲ့ ငုဝါလေး‌တွေကတော့ သစ္စ
+2
သင်္ကြန်ဆိုတာနဲ့ ပိတောက်ပန်းကိုပဲ ပြေးမြင်မိကြတာမျိုး... ငုဝါလေးတွေဟာ အမေ့ခံလိုတောင်ဖြစ်နေတတ်တာ ဒါပေမဲ့ ငုဝါလေး‌တွေကတော့ သစ္စာရှိရှိနဲ့ အချိန်ရာသီမှန်မှန် ပွင့်လန်းရင်း လောကကြီးကို အလှဆင်နေဆဲပါပဲ နွေအပူကို အံတုရင်းပေါ့... လှရက်လိုက်တာ ငုဝါတို့ရယ် 💛💛 #Chan #knowledge_nexus

မြွေနဲ့ပတ်သတ်တဲ့ အိပ်မက်အကြောင်း တင်ပေးဖို့ ပြောထားတာလေး တင်ပေးလိုက်ပါပြီနော်...❤️ #Chan #crd_for_source #knowledge_nexus
+1
မြွေနဲ့ပတ်သတ်တဲ့ အိပ်မက်အကြောင်း တင်ပေးဖို့ ပြောထားတာလေး တင်ပေးလိုက်ပါပြီနော်...❤️ #Chan #crd_for_source #knowledge_nexus

အိပ်မက်ကို လူတိုင်းမက်သည်။ သို့သော် မိမိတို့အိပ်မက်၏ ကောင်းကျိုးဆိုးကျိုးကို ကြိုတင်၍သတိမထားသည့်အတွက် အကျိုးခံစားသင့်သောအရာများ လွဲချော်သွားသည်လည်းရှိပေသည်။ မကောင်းကျိုးကိုမခံစားရမီ ကြိုတင်၍ နိမိတ်အနေအထားအားဖြင့် အိပ်မက်မြင်မက်သည်ဖြစ်လျက် မိမိတို့၏ အိပ်မက်ကို သတိမမူ၍ဖြစ်စေ၊ အဓိပ္ပာယ်ကို နားမလည်၍ဖြစ်စေ အမှုမဲ့အမှတ်မဲ့နေသည့်အတွက် ဒုက္ခမတွေ့သင့်လည်း တွေ့ရတတ်သည်။ ဓာတ်လေချောက်ချား၍ မြင်မက်ခြင်းသည်လည်း ရှိတတ်၏။ ထိုအိပ်မက်ကို အမှန်မယူနိုင်ပါ။ အကယ်၍ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် မြင်မက်သည်ဟု ယူဆမိလျှင် မိမိမြင်မက်သော အိပ်မက်၏ ကောင်းကျိုး ဆိုးပြစ်ကို ဝေဖန်တတ်သူကို ရှာ၍ ထိုသူအား ပြောပြရမည်။ သို့မဟုတ် အိပ်မက်ဆိုင်ရာ ကျမ်းစာအုပ်တို့ကို ဖတ်၍ ဝေဖန်ချက်ချပြီးလျှင် ကောင်းကျိုးပေးမည့် အိပ်မက်ဖြစ်က ပေးရန် အချိန်ကာလကို စောင့်ဆိုင်းလျက်အထူး သတိနှင့်နေရမည်။ ဆိုးကျိုးပေးမည့် အိပ်မက်ဖြစ်က ထိုပေးလတ္တံ့သောအကျိုးကို မပေးရန် အဟောသိကံ ဖြစ်သွားအောင် ရတနာသုံးပါး၊ ဆရာသမား၊ ဘိုးဘွားမိဘတို့ကို ကိုးကွယ်ဆည်းကပ်၍ ယတြာများဆင်ရပေမည်။ ဤသို့ ညွှန်ပြအပ်သည့်အတိုင်း အိပ်မက်မြင်မက်တိုင်း ဂရုပြုရန်သတိရှိကြစေလိုသည်။ ဤသို့ ကျမ်းအစောင်စောင်တို့ အဆိုမတူညီကြ၊ သို့သော်လည်း အိပ်မက်မကောင်း ထင်မြင်လျက် မက်သည့်အချိန်အခါ နေ့၌မက်သော အိပ်မက်ဖြစ်စေ 'ယတြာကောင်းက မင်း လောင်းပျောက်' ဆိုသကဲ့သို့ ဆေးရှစ်ပါးဖြင့် ခေါင်းဆေးခြင်း ကိုလည်းကောင်း၊ ဘုရားပုထိုးရှိခိုးခြင်း၊ နံ့သာပန်းတို့ဖြင့် သက်စေ့ပူဇော်ခြင်း၊ တြိရန်း, စတုန်ရန်း, နံ့သင့်သစ်သားတို့ကို အောက်ခံပြု၍ ခေါင်းဆေးခြင်းကိုလည်းကောင်း ဤသို့စသော လောကဓမ္မယတြာကို ပြုခြင်းကြောင့် လွန်သည်မရှိ ကင်းပျောက်ကုန်၏။ #Chan #crd_for_source #knowledge_nexus

စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့်‌ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေ....❤️🌷
*ခုမှလိုင်းရလို့ channel မှာ ပေါ်လာနိုင်တယ် 😌 #Chan #knowledge_nexus

“Guilt ကို ဖြေဖျောက်ကြတဲ့အခါ” 🔳 ကိုယ်တိုင်မဖြစ်ဖူးသေးဘဲ တကယ်ကိုယ်ချင်းစာနိုင်ဖို့ မလွယ်မှန်း ပိုပြီး သဘောပေါက်ခဲ့ရတဲ့ ကာလပါပဲ။ ငလျင်ဆိုတဲ့ သဘာဝဘေးက တကယ့်စက္ကန့်ပိုင်း၊ မိနစ်ပိုင်း။ ခုနလေးကမှ ပြုံးပြုံးရွှင်ရွှင် ပျော်ပျော်ပါးပါး ပြောပြောဆိုဆို ရှိနေကြဦးမယ်။ အခိုက်အတန့်ကလေးတစ်ခုအတွင်းမှာပဲ ပျောက်ကွယ်ပျက်ဆီးသွားရတယ်။ 🔳 မိသားစုတွေ၊ ဆွေမျိုးရင်းချာတွေ၊ ချစ်သူခင်သူတွေ ဆုံးရှုံးရတယ်။ ငွေက ပြန်ရှာလို့ ရပါတယ်ဆိုရင်တောင် ကိုယ့်တစ်သက်လုံး ရှာဖွေစုဆောင်းလာတဲ့အရာတွေ ခဏလေးအတွင်း ဆုံးရှုံးသွားတာ။ ငွေ ၄-၅ သိန်းလောက် လိမ်ခံရရင်တောင် ဘယ်လိုခံစားရသလဲ စဉ်းစားကြည့်။ အခုက ပျက်စီးမှုလည်း များတယ်။ အချိန်ကလည်း တကယ့်တိုတိုလေး။ စိတ်ပိုင်းဆိုင်ရာအရ ဘာပြင်ဆင်ချိန်မှ မရခဲ့ဘူး။ နောက်ဆက်တွဲ ကျန်းမာရေး၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ရင်ဆိုင်ကြရလိမ့်ဦးမယ်။ မြင်မြင်သမျှကလည်း တကယ့်အနိဌာရုံတွေ။ တော်ရုံလူ ကြုံဖူးမှာမဟုတ်တဲ့ အရာတွေပါ။ 🔳 ဒီလိုအချိန်မှာ အပေါ်ယံ အားပေးစကားပြောတာ၊ တရားပြနေတာတွေထက် သူတို့ခံစားချက်ကို အရှိအရှိအတိုင်းလေး နားထောင်ပေးတာ၊ ရင်ဖွင့်ချင်တာကစလို့ ဘာအကူအညီလိုလို ကိုယ်ရှိကြောင်း အသိပေးထားတာတွေက ပိုအကူအညီဖြစ်လိမ့်မယ်လို့ ထင်တယ်။ တကယ်လို့ ကိုယ်တိုင်လည်း စိတ်အဆင်မပြေနေဘူးဆိုရင် ဘာမှကို မပြောနဲ့။ ဘာမှကို မရေးနဲ့။ မဟုတ်ရင် ဒဏ်ရာရပြီးသား လူတွေကို နောက်ထပ် စိတ်ဆင်းရဲစရာတွေ ထပ်ပေးနေမိမှာစိုးလို့။ အထူးသဖြင့် လူမှုကွန်ရက်ပေါ် အတိုင်းအတာတစ်ခုထိ လူသိများသူတွေ ပိုသတိထားသင့်တယ်။ 🔳 ကာယကံရှင်တွေမှ မဟုတ်ဘဲ တပြည်လုံး အတိုင်းအတာနဲ့ကို သွယ်ဝိုက်ပြီး စိတ်ထိခိုက်မှုတွေ ကြုံနေရပါတယ်။ အဲဒီအခါ အများစုမှာ Guilt လို့ ခေါ်တဲ့ အပြစ်ရှိသလိုဖြစ်တဲ့ ခံစားချက်မျိုး ရလာတယ်။ စိတ်ဓါတ်တွေ ကျလာတယ်။ လုပ်ချင်ကိုင်ချင်စိတ်တွေ လျော့နည်းလာတယ်။ ဒါ စိတ်ကျန်းမာရေးအတွက် မကောင်းသလို၊ တစ်ဖက်မှာလည်း အဲဒါကို ဖြေဖျောက်ဖို့ ကြိုးစားရင်း တလွဲတချော်တွေ လုပ်မိတတ်တယ်။ ဥပမာ ပို့စ်တွေ၊ သတင်းတွေ မစိစစ်ဘဲ မြင်မြင်သမျှ အကုန်ကူးတင်ပစ်တာမျိုး။ တကယ်တော့ အကူအညီတစ်ခုခု ဖြစ်စေချင်တာပဲ။ နေရတာ မပျော်တော့လို့၊ အသုံးမကျသလို ခံစားလာရလို့ တစ်ခုခု ထလုပ်တာ။ သို့သော် အဲဒီလို လုပ်လိုက်တော့မှ သတင်းမှားတွေ ပိုပျံ့ပြီး ရှုပ်ကုန်တာပေါ့။ 🔳 မိုတီဗေးရှင်း ပေးတာ၊ တရားပြတာ၊ နားချတာတွေကလည်း အဲဒီအတိုင်းပဲ။ ကူညီပုံ ကူညီနည်း မမှန်တော့ ဖတ်ရသူတွေကို စိတ်ပိုရှုပ်ထွေးစေတယ်။ တကယ်ခက်ခဲနေသူတွေ ဖတ်မိရင်လည်း ဘယ်လောက်တောင် ဒေါသထွက်ကြရမလဲ စဉ်းစားကြည့်။ ငွေလှူတာတောင်မှ လူတွေ တအားလှူချင်နေတာ သိတော့ လိမ်မယ့် ပေ့ချ်အတုတွေ ပေါ်လာတယ်။ ထမင်းထုပ်တွေ အများကြီးဖြစ်ပြီး သိုးကုန်တာ၊ ပိုလျှံကုန်တာတွေလည်း ဘယ်သဘာဝဘေးကို ကူတုန်းကဖြစ်ဖြစ် ရှိခဲ့ဖူးကြတယ်။ 🔳 ဒီအတွက် Guilt ကို ဖြေဖျောက်တဲ့နေရာမှာ ပိုပြီး နည်းမှန်လမ်းမှန်နဲ့ လုပ်ကြစေချင်တယ်။ ဘယ်သူ့ကိုမှ အန္တရာယ် မဖြစ်နိုင်တာတွေပေါ့။ တကယ်လည်း ထိရောက်မယ့်အရာတွေပေါ့။ လုပ်အားမကူနိုင်တောင် ငွေလှူဒါန်းတာ၊ စိတ်ချယုံကြည်ရတဲ့ သတင်းရင်းမြစ် သို့မဟုတ် လူပုဂ္ဂိုလ်က တင်ထားတဲ့ ပို့စ်တွေကိုပဲ ဦးစားပေး မျှဝေတာ၊ တစ်ခုခုကို မျှဝေတော့မယ်ဆိုလည်း အချိန်ကလေး နည်းနည်းတော့ပေးပြီး စိစစ်တာ စသဖြင့် လုပ်လို့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာအတွက်လည်း နားထောင်ပေးတာ၊ သူတို့ခံစားချက်ကို အသိအမှတ်ပြုတာ၊ လိုအပ်မယ့် အရာတွေအတွက် ကူညီပေးနိုင်သူတွေနဲ့ ချိတ်ဆက်ပေးတာ၊ ဒီလိုနည်းတွေနဲ့ ကူလို့ရတယ်။ ပိုပြီး စိတ်ထိခိုက်သွားစေမယ့် စကားလုံးတွေ၊ အရေးအသားတွေကိုတော့ ရှောင်စေချင်ပါတယ်။ ကျွန်တော်ဆို ဒီတစ်ခါ သဘာဝဘေးမှာ နိုင်ငံရေးအကြောင်းတောင် သိပ်မပြောဖြစ်ပါဘူး။ ပြောရတာ အပ်ကြောင်းလည်း ထပ်နေပြီမို့၊ နောက်ပြီး ကိုယ့်မိသားစုသာ ဒီလိုဖြစ်နေခဲ့ရင် ကိုယ်လည်း အဲဒီလိုစာတွေ ဖတ်နေချင်မှာ မဟုတ်ဘူး တွေးမိလို့ပါ။ 🔳 တစ်ခါရေးဖူးသလို၊ အပြစ်ရှိသလို ဖြစ်တဲ့ခံစားချက်ဟာ ကောင်းပါတယ်။ လူမှန်ရင် ရှိကိုရှိရလိမ့်မယ်။ ခု ငလျင်မှ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဒုက္ခပင်လယ်ဝေနေတာ ၄ နှစ်ကျော်ခဲ့ပါပြီ။ အမြဲထမ်းပိုးထားရမယ် မဟုတ်ပေမဲ့ ဒီခံစားချက်က ဖြစ်ကိုဖြစ်ရမယ်။ မဖြစ်ဘဲ ကိုယ်နဲ့မဆိုင်သလို ပျော်နေနိုင်တယ်၊ အလုပ်တွေ လုပ်နေနိုင်တယ် ဆိုရင်သာ တစ်ခုခု မှားနေတာပါ။ 🔳 သို့သော် လွန်ကဲသွားရင်တော့ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်လာတတ်တယ်။ ဒါကြောင့် ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။ အဲဒီလို ဖြေရှင်းရာ၊ ထွက်ပေါက်ပေးရာမှာလည်း အများအတွက် အကူအညီ မဖြစ်တောင် အနှောင့်အယှက် ပိုမဖြစ်ရစေဖို့ကို သတိထားစေချင်တယ်။ 🔳 တိတ်တိတ်ကလေးနေခြင်း၊ သိုသိုသိပ်သိပ်နေခြင်းက မပေးတတ် ပေးတတ်နဲ့ ပေးနေတဲ့ အကူအညီတွေထက် တစ်ခါတလေ ပိုအသုံးတည့်တတ်ပါတယ်။ ဒေါက်တာ ဖြိုးသီဟ ၁.၄.၂၀၂၅ Credit to original writer sir Phyo 🌱 #Hatsuki

ခန့်မှန်းချေပေါ့နော် Db တွေလဲရှိသေးတယ် မိုးလဲရွာနေတယ်ဆို မန်းလေးမကြာခင် Infection Outbreakဖြစ်နိုင်ချေတွေရှိလာနိုင်ပါတယ် အတက်နိုင်ဆုံးDbက စီးကျမယ့်အရည်တွေ Db တွေကိုလက်နဲ့တိုက်ရိုက်မထိကျပါနဲ့ နှာခေါင်းစည်းတွေလဲတပ်ပေးထားကြပါလို့မှာပါရစေ ထပ်သတိပေးပါ့မယ် Dbကရတဲ့infection က အတော်ဆိုးသလိုကုရတာလဲခက်ပါတယ် ကယ်ဆယ်ရေး/ ဆေးဝန်ထမ်းနဲ့အခြားလူများ အထူးဂရုစ်ိုက်ကြပါ Edit: Hepatitis B and hepatitis C, HIV, enteric intestinal pathogens, tuberculosis, cholera အသည်းရောင်အသားဝါရောဂါကပျံ့နှံမှုအမြန်ဆုံးပါတဲ့ရောဂါများပါပါတယ်ရှင့် #Crd_to_owner #Mai

လွမ်းမိပါတယ်.... ညဘက်တွေအိမ်တိုင်းမှာ တံခါးတွေမလိုတဲ့အထိ လုံခြုံခဲ့တာတွေ ညနက်သန်းခေါင် မြို့ပတ်ပြီး မူးရူးနေရင်တောင် တံတားပေါ်မှာပဲ ဆိုင်ကယ်ဒေါက်ထောက်ပြီး လွတ်လွတ်လပ်လပ် အိပ်ခဲ့ရတာတွေ New year ညမှာ နိုင်ငံ့ဝန်ထမ်းဆိုသူတွေနဲ့ ဂစ်တာတီး ၊ သီချင်းအော်ဆိုခဲ့ကြတာတွေ ခရီးထွက်ရင်း ‌ကားက လမ်းမှားမောင်းနေမိတာတောင် နောက်ကနေ ‌ဆိုင်ကယ်နဲ့လိုက်ပြီး လမ်းမှန်ပြပေးခဲ့သူတွေ ဆိုင်ကယ်ဆီမရှိလို့ ရပ်ထားတယ်ဆိုတဲ့စကားကို အဲ့အချိန်တုန်းကတိုင် အိပ်ပျော်နေတဲ့သူတစ်ယောက်ခုနေများ ပြန်နိုးလာခဲ့ရင်ယုံပါ့မလား ( သေချာတာတော့ မင်းငါ့ကို ခုမှပြန်နိုး‌တဲ့ကောင်ဆိုပြီးမနောက်ပါနဲ့ကွာလို့ ငိုသံပါနဲ့ပြောမှာ သေချာပါတယ်) Nabati တစ်ထုတ် 200 , အာလူးကြော် တစ်ထုတ် 150 , max+ တစ်ဗူး 450 ဆိုတဲ့ အချိန်တွေ.... လွမ်းမိပါတယ် .... တစ်ချိန်ကလူတွေကို.... အမှတ်တရတွေကို.... အဲ့အချိန်တွေကို...... ကျွန်တော်တို့ အိပ်မက်တွေထဲမှာထိ တော့ငိုမနေချင်တော့ဘူး အရင်ချိန်တွေ အပြီးပြန်မရနိုင်တာသိရင်တောင် အိပ်မက်ထဲမှာတော့ မိသားစုလူစုံတဲ့ ထမင်းဝိုင်း၊သူငယ်ချင်းတွေဆုံတဲ့ကစားဝိုင်း၊စကားနိုင်လုတဲ့ဝိုင်းလေးတွေပြန်ရနိုင်တယ်မဟုတ်လား..... အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တယ်နော်တဲ့ ပြုံးပြပြီး ဟုတ်ကဲ့ဆိုတာကလွဲ မဟုတ်တာဗျာ ..... ရင့်ကျက်လာရတာပါလို့တော့ ဘယ်တော့မှ ပြန်ပြောပြဖြစ်တော့မယ်မထင်မိဘူး (လွမ်းမိတာတွေ)² ဘာပဲဖြစ်ဖြစ်မတည်မြဲတဲ့၊ အစိုးမရတဲ့ဒီလောကကြီးမှာ အရာရာကို အကောင်းဘက်ကတွေးပြီး ၊ တတ်နိုင်တဲ့ဘက်ကနေဖေးမကူညီရင်း အသက်ရှင်သန်ခြင်းကို အဓိပ္ပါယ်ရှိစေကြတာပေါ့ စစ်မှန်တဲ့ လူစိတ်,နှလုံးသား ရှိတဲ့သူတိုင်း စိတ်ကောလူကောကျန်းမာပါစေ။ အစစအရာရာ အဆင်ပြေကြပါစေ။ အန္တာရယ် ကျရောက်နေတဲ့သူတွေလည်း ဘေးဒုက္ခအသီးသီးကနေ လွတ်မြောက်ကြပါစေ ။ #Hatsuki

ကိုဗစ်တုန်းက မပါပဲ ကျန်တာ။ ရေဘေးမှာလည်း အကောင်းအတိုင်း ချန်တာ။ အာဏာရူးဘေးကလဲ လွတ်ခဲ့ရတာ။ အခု ငလျင်မှာလည်း မထိခိုက်တာ ... တွေဟာ ငါတို့ကို ဘုရားရှင်က လုပ်စေ့ချင်တာ တခုပဲ ရှိနေလို့ဖြစ်မယ်။ ထိခိုက် ဆုံးရှုံးရရှာသူတွေကို ... ကူဖို့ ကယ်ဖို့။ ဘေးရန်လွတ်ခဲ့တဲ့ လက်တဘက်ဆိုတာ ဖေးမ ကူတဲ့ လက်တဘက် ဖြစ်သင့်တယ်။ ဒါမှလဲ ... ငါတို့ ရှင်ကျန်ရတာ အဓိပ္ပါယ်ရှိမယ်။ သွန်းနေစိုး #Crd #Mai

ငလျင်ဘေးကြောင့် ချိုးရေ/သုံးရေ အဆင်မပြေသူများ ဖုန်းအားသွင်းချင်သူများ၏ အခက်အခဲများ နှင့် အစားအသောက် အခက်အခဲများကိုအဆင်ပြေနိုင်စေရန် စစ်ကိုင်းမြို့ ဇေယျာတိုးချဲ့ ၁လမ်း ရှိ "စုအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းနှင့်အွန်ကွန်ချမ်းယိုးဒယားစားသောက်ဆိုင်လုပ်ငန်း"တို့မှပူပေါင်း၍ မိဘပြည်သူများအား မိမိတက်နိုင်သည့်ဘက်မှ လှူဒါန်းပေးနေပါသည်။ ဆက်သွယ်ရန်ဖုန်းနံပတ်- 09776656464 09450062591 09798979036 #Crd #Mai

🚨🚨🚨မြန်မာပြည်ကငလျင်ကြီးဖြစ်ပြီးရင်ကြောက်နေကြတာက နောက်ဆက်တွဲငလျင်ပဲထင်နေကြတာနော် သမိုင်းတစ်လျှောက်နိုင်ငံအသီးသီးမှာမှာငလျင်ဖြစ်ပြီးရင် နောက်ဆက်တွဲအဆိုးဆုံးကကူးစက်ရောဂါတွေဆိုတာကိုမေ့နေကြတယ် ဘယ်ပညာရှင်တွေကမှလည်းပြောပြနေတာမတွေ့ကြဘူး ကျွန်တော် video တွေ online ကနေလေ့လာကြည့်ရသလောက်တော့နောက်ဆက်တွဲရောဂါတွေအများကြီးဖြစ်နိုင်ပါတယ် ခေတ်အဆက်ဆက်လည်းငလျင်ဖြစ်ပြီးတိုင်းကာကွယ်ရခက်တဲ့လက္ခဏာတွေပါ အဓိကတော့ငလျင်ဖြစ်ပြီးရင်ငလျင်ဒဏ်ထိတဲ့လူတိုင်းကနေရာတစ်ခုတည်းမှာတစ်စုတစ်ဝေးထဲမေထိုင်လာတတ်ကြပါတယ် အဲ့အချိန်မှာရောဂါပြံ့နံ့မှုကကြောက်စရာအကောင်းဆုံးပါ မြန်မာပြည်ရဲ့အခုအခြေအနေနဲ့ဆိုကြည့်ပေးမဲ့သူကမရှိရင်ပိုဆိုးနိုင်ပါတယ် မဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်ထားကြပါဗျာ အောက်မှာတော့ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတွေကိုစုစည်းပေးထားပါတယ် ငလျင်ဖြစ်ပြီးနောက် ဖြစ်ပွားနိုင်သော ရောဂါများ --- ၁။ ထိခိုက်ဒဏ်ရာနှင့် ဆက်စပ်သော ရောဂါများ 1. ဒဏ်ရာပိုးဝင်ခြင်း - သွေးဆိပ်တက်ခြင်း (Sepsis)၊ ကြွက်သားပုပ်ရောဂါ (Gas Gangrene)။ - ခြေဆောင့်ပြတ်ရောဂါ (Tetanus) : မြေကြီး/သံချေးတို့နှင့် ထိတွေ့သောဒဏ်ရာမှ ကူးစက်နိုင်။ 2.ဖိမိနေသော ကြွက်သားရောဂါ (Crush Syndrome) -ကြွက်သားများပျက်စီးကာ ကျောက်ကပ်ပျက်ခြင်း၊ ပိုတက်စီယမ်များခြင်း။ ၂။ ရေ/အစားအသောက်မှ ကူးစက်သော ရောဂါများ* - *ဝမ်းပျက်ဝမ်းလျှောရောဂါများ* -ကာလဝမ်းရောဂါ (Cholera)၊ သွေးဝမ်းရောဂါ (Dysentery)၊ တိုင်ဖွိုက်ရောဂါ (Typhoid)။ - အသည်းရောင် အသားဝါ A နှင့် E (Hepatitis A & E) ၃။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ - တုပ်ကွေး (Influenza) - ကိုရိုနာဗိုင်းရပ်စ် (COVID-19) - တီဘီရောဂါ (Tuberculosis) - နမိုးနီးယား (အဆုတ်ရောင်ရောဂါ) ၄။ ခြင်/ကြွက်မှ ကူးစက်သော ရောဂါများ -ငှက်ဖျားရောဂါ (Malaria) -သွေးလွန်တုပ်ကွေးရောဂါ (Dengue) -ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis) -ကြွက်မှတစ်ဆင့် ကူးသောရောဂါ (Leptospirosis) ၅။ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများ - ဝက်သက်ရောဂါ (Measles) -ဆုံဆို့ရောဂါ (Diphtheria) -ကြက်ညှာချောင်းဆိုးရောဂါ (Whooping Cough) ၆။ စိတ်ပိုင်းဆိုင်ရာ ရောဂါများ - စိတ်ဒဏ်ရာနောက်ဆက်တွဲ (PTSD)၊စိတ်ကျရောဂါ (Depression)၊ စိုးရိမ်ပူပန်မှုများ (Anxiety) *ကာကွယ်ရန် အကြံပြုချက်များ* 1. သန့်ရှင်းသောရေကို သောက်ပါ၊ ရေကို ကျိုချက်ပါ။ 2. လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးပါ။ 3. ခြင်နှင့်ကြွက်များကို ဖယ်ရှားပါ (ပိုးသတ်ဆေးဖြန်းခြင်း၊ ရေအိုင်များကို ဖုံးအုပ်ခြင်း)။ 4.*အရေးပေါ်ကာကွယ်ဆေးများ*(တက်တန့်၊ ဝက်သက်) ထိုးပါ။ 5. လူစုလူဝေးရှောင်ပါ၊ နှာခေါင်းစည်းတပ်ပါ။ သတိပြုရန် ရောဂါလက္ခဏာတစ်ခုခုပေါ်ပါက ဆေးရုံ/ဆေးပေးခန်းသို့ အမြန်သွားပါ။ 🚨🚨🚨 ကျွန်တော်ချစ်တဲ့မြန်မာပြည်ကြီးမြန်မြန်နေပြန်ကောင်းပါစေ လူတိုင်းပြန်ပြီးအဆင်ပြေပြေပြန်ဖြစ်ကြပါစေဗျာ လှူဒါန်းနိုင်တဲ့သူများလည်းများများလှူဒါန်းပေးဖို့တိုက်တွန်းချင်ပါတယ် 🙏 ( မူရင်းရေးသားသူအား လေးစားစွာဖြင့် crd ပါရှင့် ) ╭───────༺♡༻───────╮ ╰┈➤ #Forward_only :✧˖°࿐ ╰┈➤ #Knowledge :✧˖°࿐ ╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐ ╰───────༺♡༻───────╯

ငလျင်နှင့်ဆိုင်သမျှသိစရာမှတ်စရာ အထူးဆောင်းပါး (၂၀၂၅၊ မတ်လ ၂၈ ရက်၊ သောကြာနေ့) ရေးသားသူ - ထက်

Repost from Ael.
MDY မှာ WiFi လေးဖွင့်ကြည့်ပါ Wireless 5G လို့ပေါ်နေရင် password eeeeeeee ( e ရှစ်လုံးရိုက်ပြီး အသုံးပြုလို့ရပါတယ် ) မိတ်ဆွေမျ
MDY မှာ WiFi လေးဖွင့်ကြည့်ပါ Wireless 5G လို့ပေါ်နေရင် password eeeeeeee ( e ရှစ်လုံးရိုက်ပြီး အသုံးပြုလို့ရပါတယ် ) မိတ်ဆွေများအား ပြန်လည်မျှဝေခြင်းဖြင့် ကူညီပါ #𝐶𝑟𝑑

၇။ လှေခါးခွင်ထဲမှာ ဘယ်တော့မှမနေပါနဲ့။ လှေခါးတွေဟာ ပင်မအဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိတတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေအောင် တည်ဆောက်ထားတတ်တာမို့ ငလျင်လှုပ်ပြီဆိုရင် ပြုတ်ကျလာပြီး အောက်မှာရှိတဲ့ သူတွေကို လှေခါးထစ်တွေက အပိုင်းပိုင်းခုတ်ဖြတ်ပစ်တတ်ပါတယ်။ အဆောက်အအုံမပြိုကျနိုင်ဘူးဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေခါး ပြည့်သွားပြီး ပြုတ်ထွက်သွားနိုင်တဲ့ အန္တရာယ်ရှိလို့ လှေခါးကြံ့ခိုင်မှုကို မပြတ်စစ်ဆေးသင့်ပါတယ်။ ၈။ နံရံတွေရဲ့ အတွင်းဘက်ထက် အပြင်ဘက်မှာ ရောက်နေစေဖို့ကြိုးစားပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက်ရှာမရဖြစ်တတ်ပါတယ်။ ၉။ ငလျင်လှုပ်ချိန်မှာ မော်တော်ယာဉ်အတွင်းဝင်ရောက်ပုန်းအောင်းသူတွေဟာ ပြင်ပက အရာတွေသူတို့အပေါ်ပိတဲ့ခါ ထွက်ပြေးလို့မရဘဲ ပိသေကြရပါ တယ်။ တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနားမှာ ကပ်လျက်ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပိပိသူတို့ရဲ့ဘေးကပ်လျက်မှာ သုံးပေ လောက်ကွက်လပ်ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ် လေးဟာ အသက်ကယ်တြိဂံပါပဲ့။ ၁၀။ ပြိုကျပျက်စီးနေတဲ့ သတင်းစာတိုက်တွေနဲ့ စာရွက်အသုံးများတဲ့ အခြားရုံးတွေကို ဝင်ရောက်ကြည့်ရှုဖူးတဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာတွေကို တွေ့ရပါတယ်။ စက္ကူပုံကြီး ဘေးနားမှာဆိုရင်တော့ နေရာလွတ်ကြီးကြီးမားမား ကျန်တတ်ပါတယ်။ ဒီအချက်တွေကို ၁၉၉၆ခုနှစ်မှာ လက်တွေ့စမ်းသပ်ကြည့်ပြီးသားဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ်ချက်မှာ သိပ္ပံနည်းကျ အဖြေ ထွက်ခဲ့ပါတယ်။ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ လူသားတို့ရဲ့ခံစားမှုအတိုင်းသိရှိ ခံစားနိုင်တဲ့ လူတူစက်ရုပ် (၂၀)ကို ကျောင်းတစ်ကျောင်းနဲ့ နေအိမ်တစ်လုံးထဲထည့်ပြီး အဆောက်အအုံတွေကို ဖြိုချကြည့်ခဲ့ပါတယ်။ စက်ရုပ် (၁၀) ရုပ်ကို အောက်ထဲပြေးဝင်ပုန်းတဲ့ စနစ်အတိုင်း နေရာချထားခဲ့ပြီး ကျန်တဲ့စက်ရုပ် (၁၀)ရုပ်ကို တော့ ကျွန်တော့ရဲ့ အသက်ကယ်တြိဂံနည်းစနစ် အတိုင်းနေရာချထားခဲ့ပါတယ်။ အဆောက်အအုံပြိုကျသွား ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ အဆောက်အအုံအပျက်ထဲဝင်ပြီး မှတ်တမ်းတင်ခဲ့ပါ တယ်။ အဲဒီအခါမှာ တစ်ခုခုအောက် ပြေးဝင်ပုန်းတဲ့နည်းကို သုံးရင် အသက်ရှင်စရာလမ်းမမြင်တဲ့ အနေအထား တွေမှာ အသက်ကယ်တြိဂံနည်းစနစ်ကို သုံးတဲ့သူတွေဟာ အသက်အန္တရာယ်ကနေ လွတ်ငြိမ်းချမ်းသာဖို့ ရာ နှုန်းပြည့်ရှိနေတာကို တွေ့ခဲ့ရပါတော့တယ်။ ဒီဥပမာကို ကြည့်ခြင်းအားဖြင့် ငလျင်လှုပ်ပြီဆိုရင် ပြာယာခတ်မသွားပဲ ခိုင်ခံ့ပစ္စည်းတွေရှိတဲ့နေရာတွေ ဘေးကွေးကွေးကလေးဝင်ထိုင်နေတတ်ဖို့လိုအပ်တယ်ဆိုတာ သိကြမယ်လို့ ထင်ပါတယ်။ ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာလို့ လူသားတွေရဲ့ အသက်အန္တရာယ်ပိုမိုရှိလာတဲ့အတွက် တစ်ခုခုဖြစ်လာခဲ့လို့ရှိရင် အဆင်သင့်ဖြစ်နေ စေဖို့ မိမိနေထိုင်ရာ အိမ်၊ ပတ်ဝန်းကျင်မှာ အသက် ကယ်ပစ္စည်းတွေ များများစားစား ထားရှိဖို့လိုအပ်ပါမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အသက်ကယ်တြိဂံဘယ်နှခုရှိနိုင်တယ်ဆိုတာကို ကြိုတင်ရှာဖွေထားသင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။ ( Doug Copp ၏ “ The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။) Credit: Original Writer #Mai