en
Feedback
Let's Answer

Let's Answer

Open in Telegram

တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Show more

📈 Analytical overview of Telegram channel Let's Answer

Channel Let's Answer (@letsanswerch) in the Burmese language segment is an active participant. Currently, the community unites 11 894 subscribers, ranking 16 917 in the Education category and 10 394 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 894 subscribers.

According to the latest data from 24 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -1 053 over the last 30 days and by -1 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.72%. Within the first 24 hours after publication, content typically collects 2.81% reactions from the total number of subscribers.
  • Post reach: On average, each post receives 799 views. Within the first day, a publication typically gains 334 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 4.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️”

Thanks to the high frequency of updates (latest data received on 25 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Education category.

11 894
Subscribers
-124 hours
-1767 days
-1 05330 days
Posts Archive
အငြိမ့်သဘင်ရဲ့ ခေတ်တစ်ခေတ်တွင် ထွန်းတောက်အောင်မြင်ခဲ့သော အငြိမ့်မင်းသမီး ဒေါ်စိန်သုံရဲ့ ယောကျာ်း ဦးချစ်ဖွယ်သည်..........ဖြစ်သည်။ #thadar
Anonymous voting

What language does Bright Vachirawit speak? #chlish #quiz
Anonymous voting

ကွက်လပ်ဖြည့်ပြီး စာလုံးပေါင်း သတ်ပုံအမှန်ကို ရွေးပါ။ ဆံပင်ကို.......မထားဘဲ သပ်သပ်ရပ်ရပ် ထားဖို့ မေမေက အမြဲဆုံးမသည်။ #chlish #quiz
Anonymous voting

ကွက်လပ်ဖြည့်ပြီး စာလုံးပေါင်း သတ်ပုံအမှန်ကို ရွေးပါ။ ကျွန်မတို့ မောင်နှမ နှစ်ယောက်သည် ထမင်းဝိုင်းတွင် ......များကို အမြဲလုစားလေ့ ရှိသည်။ #chlish #quiz
Anonymous voting

လူရှိလား? 😊 #chlish

Morning ပါအူဝဲလေးတို့ရေ ညကတို့က အစောကြီးစက်တော်ခေါ်သွားတော့ ဘာတွေဖြစ်သွားမှန်းမသိလိုက်ဘူး #thadar

ကိုယ်က ကျောင်းသားဖြစ်ပြီး ကျောင်းမှာ မလုပ်/လုပ် သင့်တဲ့ အရာများ ပေါ‌တောတော မနေပါနဲ့။ ရည်းစားအရမ်းမထားပါနဲ့ (ရည်းစားထားတာ အရမ်းများခဲ့ရင် ကြီးလာရင်တောင် အဲ့ဒီကိုယ်တွဲခဲ့တဲ့ ‌လူတွေက ကို့ယ်ကို ငပေါမကြီးလို့ ပြောလိုက်မယ်) အပေါင်းအသင်းမမက်ပါနဲ့။ ခပ်တည်တည်လေးနေပါ။ Best friend တွေ အရမ်းမထားပါနဲ့ (အကောင်းဆုံး သူငယ်ချင်းဆိုတာ ရှားပါတယ်) အရမ်းမရောပါနဲ့။ တိုင်မပြောပါနဲ့ (ကိုယ်နဲ့ ပတ်သက်ပြီး ပါလာတဲ့ အကြောင်းတွေကိုတော့ တိုင်လို့ရပါတယ်) အနိုင်မကျင့်/ရန်မဖြစ်/ရိုင်းတဲ့ စကားတွေ မပြောမိပါနဲ့။ ကျောင်းမှာ အမြဲအဆူမခံအောင် နေပါ။ လေမပေါပါနဲ့။ စာကြိုးစားပါ (Me: 🥹❤️‍🩹) အမှတ်စာရင်းတွေထဲမှာ အမှတ်ကောင်း‌အောင် နေပါ။ Crush တွေ များရင်မကောင်းပါဘူး။ ဉပမာ - လူတစ်ယောက်ကို crush နေပြီ သူငယ်ချင်း တစ်ယောက်ကို သွားပြောတော့မယ်၊"ဟဲ့ငါ့မှာ crush ရှိနေပြီ။" နောက်တစ်ယောက်ကို crushလိုက်၊အဲ့သူငယ်ချင်းတစ်ယောက်ကိုပဲ ပြောလိုက်ဆိုရင် အဲ့သူငယ်ချင်းက ငါသူနဲ့ ဆက်မပေါင်းချင်‌တော့ဘူးတို့ ဖြစ်သွားနိုင်ပါတယ်။ "Crush တွေ များရင်မကောင်းပါဘူး"ဆိုတဲ့ Reason နောက်တစ်ခု အဲ့တစ်ယောက်ကို crushနေတယ်၊crushက အခြားသူကို ချစ်နေတယ်ဆိုရင် နာကျင်နိုင်ပါတယ်။ (ကိုယ်ကတော့ မနာကျင်ဘူး၊သူ့ကိုcrushနေရင် ပြီးရော 🤭🎈) စာမခိုးချပါနဲ့ (Me: 🌚🫶) ဆရာကြီး အရမ်းမလုပ်ပါနဲ့။ ကိုယ်ပိုင် Ideaလေးမို့လို့ ဘာမှလုပ်ခွင့်မပေးပါဘူး၊ဖတ်လို့တော့ ရတယ်။ #own_idea #Do_not_copy #knowledge #chlish

👉 " ဋ " လား " ဍ "လား၊ " ဌ" လား " ဠ" လား 👈 မြန်မာ့ ဗျဉ်းအက္ခရာ ၃၃ လုံးမှာ " ဋ၊ ဍ၊ ဌ၊ ဠ" ဆိုတဲ့ဗျည်းတွေကို မှန်မှန်ကန်ကန်မရေးတတ်တဲ့ သူတွေတော်တော်များများရှိပါတယ်။ ဘယ်ဗျည်းက ဘယ်ဘက်ကိုမျက်နှာလှည့်သလဲ၊ ဘယ်ဘက်ကို ခြေထိုးသလဲလို့ မေးရင် ဇဝေဇဝါဖြစ်နေတတ်ကြပါတယ်။🍁 ဒါကြောင့်ထင်ပါရဲ့။ တချို့က ဒီဗျည်းတွေကို " ကကြီး ခခွေး" ထဲက လုံးဝဖြုတ်ပစ်ချင်ကြတယ်။ " စာ.စသင်တဲ့ကလေးတွေ မှတ်ရခက်လို့" ဆိုတာမျိုး၊ " တခြားအသံတူစာလုံးတွေရှိနေတာမို့ " ဆိုတာမျိုး အကြောင်းပြတတ်ကြတယ်။ " ဃ၊ ဈ၊ ဎ၊ ဏ" တွေပါ ဖြုတ်ပစ်ချင်တဲ့သူတွေလဲရှိတယ်။🍁 တကယ်တော့ ဒီအက္ခရာတွေဟာ မြန်မာစာအရေးအသားစထွင်တဲ့ ၁၀၊ ၁၁ ရာစုကတည်းက ရှိခဲ့တာမို့ ခုဆိုရင် နှစ်တစ်ထောင်လောက် သက်တမ်းရှိပါပြီ။ ပါဠိဘာသာနဲ့ရေးထားတဲ့ ပိဋကတ်တော်တွေမှာ ဒီအက္ခရာတွေ မပါမဖြစ်ပါဝင်နေတာ အများသိကြပါတယ်။ နောက် မြန်မာတွေကမွေးစားယူထားတဲ့ "ပါဠိသက်" လို့ခေါ်တဲ့စကားလုံးတွေမှာလည်း.ဒီအက္ခရာတွေ အများကြီးပါတယ်လေ။ "ဋီကာ"တဲ့ " ဌာန" တဲ့၊ " သီဟိုဠ်" တဲ့။ " ဍ" က အသုံးနည်းပေမဲ့ "ကဏ္ဍ" ဆိုတဲ့စကားလုံးမှာ "ဏ္ဍ"ဆိုပြီး မှောက်လျက်ကလေး ပါနေတာမဟုတ်လား။ ဒီလိုပဲ " သံဃာ၊ ဈာန်၊ ဝုဍ္ဎိ၊ ဝဏ္ဏ" ဆိုတဲ့ စကားလုံးတွေမှာ ဃ၊ ဈ၊ ဎ၊ ဏ ဆိုတဲ့ စကားလုံးတွေပါနေတာပဲ။ ဌ ဆိုရင် " ဌေး" ဆိုပြီး မြန်မာစကား လုံးစစ်စစ်လိုတောင် ရေးနေပြီမဟုတ်လား။ " သူဌေး"၊ "ဌေးတယ်"၊ " တင်တင်ဌေး" ဆိုတာတွေမှာ တွေ့နိုင်ပါတယ်။အသံတူစာလုံးတွေရှိသားပဲဆိုပြီး " သူဌေး" ကို " သူထေး" လို့ ပြောင်းရေးကြစို့ ဆိုရင် အများလက်ခံနိုင်ပါ့မလား။ " သံဃာ" ကို " သံဂါ" လို့ ရေးရမလိုဖြစ်နေပြီ။🍁 သမိုင်းအစဉ်အလာကိုကြည့်ရင် မြန်မာစာပေဟာ ဗုဒ္ဓစာပေကို အခြေခံပြီးဖွံ့ဖြိုးလာရသလို မြန်မာစကားထဲကို ပါဠိစကားလုံးတွေ အများအပြား မွေးစားယူထားတဲ့အတွက် မြန်မာစကား. ကြွယ်ဝလာရတယ်ဆိုတာ တွေ့နိုင်ပါတယ်။ မှတ်ရခက်တယ်ဆိုတာလဲ ကလေးတွေတောင် မှန်အောင်ရေးတတ်နေတာပဲ။ အသံတူစာလုံးတွေရှိလို ဖယ်ပစ်မယ်ဆိုတာလဲ သဘာဝ မကျပါဘူး။ မြန်မာစာထဲမှာ တခြားအသံတူစာလုံးတွေ အများကြီးရှိနေတာလေ။" ကျင်- ကြင်- ကျဉ်- ကြဉ်" ဆိုရင် အသံတူစာလုံး ၄ လုံးတောင်ရှိတယ်။🍁 ဒီတော့ နှစ်ပေါင်းတစ်ထောင်သက်တမ်းရှည်ပြီး မြန်မာစာထဲမှာ ကွန်ရက်ကြီးလို ဖြန့်ပြီး ဖွဲ့ယှက်နေတဲ့ ဒီအက္ခရာတွေကို ဖြုတ်ပစ်စရာလိုလို့လား ဖြုတ်ပစ်ရင် ဘယ်လိုအကျိုးဆက်တွေဖြစ်နိုင်သလဲဆိုတာ အလေးအနက် စဉ်းစားကြည့်နိုင်ပါတယ်။🍁 🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖 📓မြန်မာစကား မြန်မာစာ၊ အလှကွက်တစ်ရာ 📓 { ဆရာကြီးမောင်ခင်မင်} ( ဓနုဖြူ) #thadar #knowledge *

နှမ်းဆီ ၁ ထောပတ် ၂ တင်လဲရည် သို့မဟုတ် သကာရည် ၅ ပျားရည် ၇ ပေါင်း ၁၅ ဆေးအမည် လေးမျိုးကို ကြွေဇလုံကြီးထဲတွင် ထည့်၍ ဒန်အိုးကြီးထဲတွင် ရေထည့်ပြီး ဆေးဇလုံကို အပေါ်တင်၍ အဖုံးဖုံးကာ ရေနွေးငွေ့ဖြင့် နှစ်နာရီမှ သုံးနာရီထိ ချက်ရသည်။ #knowledge #thadar

စတုမဓူ စတုမဓူသည် စတုမဓု ဟူသော á€•á€Ťá€ á€­á€˜á€Źá€žá€Źá€™á€ž ဆင်းသက်လာသည်၊ စတု၏အနက်မှာ လေးခုသင်္ချာ၊ မဓု၏ အနက်မှာ အချိုအရသာဖြစ်၏။ ထိုကြောင့် စတုမဓုသည် အချို ၄ မျိုးဟု အဓိပ္ပာယ်ရသည်။ ထိုအချိုလေးမျိုးကား၊ á€‘္ဏပတ်၊ တင်လဲ၊ á€•ဝဏးရည်နသငအ် ဆီဖြစ်သည်။ ယင်းလေးပါးကို အမျှစီပေါင်းစပ်လျက် နေ သို့မဟုတ် မီးဖြင့်ချက်လျှင် စတုမဓုဖြစ်သည်။ မြတ်စွာဘုရားသခင်က နိဿဂ္ဂိယပါစိတ်၊ ပတ္တဝင်္ဂ၊ ဘေသဇ္ဇသိက္ခာပုဒ်တွင် ရဟန်းတော်များသည် စတုမဓူကို ဆေးဝါးအဖြစ် အခါမရွေး သုံးဆောင်နိုင်ကြောင်း ခွင့်ပြုတော်မူသည်ကို ထောက်၍ စတုမဓူသည် မြတ်စွာဘုရားလက်ထက်တော်ကပင်ရှိနှင့်ပြီးဖြစ်သည်ဟုသိရသည်။ သမန္တစက္ခုဒီပနီကျမ်း၊ á€›á€žá€„á€şá€žá€Žá€á€œá€­á€›á€Żá€•á€şá€á€Ż á€“á€Źá€á€şá€á€ąá€Źá€şá€Ąá€€á€źá€ąá€Źá€„á€şá€¸á€€á€­á€Żá€†á€­á€Żá€›á€ŹáŒ 'မထေရ်သည် ကောသလမင်း၏ နန်းတော်သို့သွား၏။ မင်းသည် á€žá€•á€­á€á€şá€á€ąá€Źá€şá€€á€­á€Żá€œá€žá€™á€şá€¸á ဤအခါသည် ဆွမ်း၏အခါ မဟုတ်ပြီဟု သပိတ်ပြည့်အောင် စတုမဓူကို မွတ်သိပ်ဆာလောင်ရုံသက်သက်ဖြင့် မစားကောင်း၊ အားနည်းသော ရောဂါနှင့်လေရောဂါ စသည်ရှိသူတို့ စားကောင်းသည်ဟု ဝိနည်းတော်လာ စကားကို အဋ္ဌကထာဋီကာဆရာတို့က ဖွင့်ထားသဖြင့် စတုမဓူသည် ထိုရောဂါများအတွက်ဆေးတစ်ပါး ဖြစ်သည်ဟု ပိုမိုထင်ရှား၏။ ပါရာဇိကဏ် အဋ္ဌကထာ၌ 'ကောန္တတိဿထေရ်သည် လေနာကို ကုအံ့သောငှာ ဆွမ်းခံဝတ်ဖြင့် လှည့်လည်လတ်သော်၊ တစ်လက်ဆွမ်းမျှလောက်သော ထောပတ်ကို မရ၍ အနာသည်းသဖြင့် ကုန်သော အာယုသင်္ခါရ ရှိသည်ဖြစ်၍ ရဟန်းအပေါင်းကို မမေ့မလျော့သော သတိတရားဖြင့် ဆုံးမ၍ ကောင်းကင်၌ တေဇောဓာတ်လျှင် အာရုံရှိသော တေဇောကသိုဏ်းကို ဝင်စား၍ ပရိနိဗ္ဗာန်ပြုတော်မူ၏။ အသောကမင်းကြီးသည် ထိုအကြောင်းကိုကြား၍ ထေရဿမထေရ်အား ကောင်းစွာ အရိုအသေကိုပြု၍ ငါသို့သောမင်း မည်သည် မင်းအဖြစ်ကို ပြုပါလျက်သာလျှင် သခင်ရဟန်းတို့အား ဆေး ပစ္စည်းတို့သည် ရခဲ့ကုန်၏တကား။ ဤသို့ကြံ၍ မြို့၏တံခါး လေးပေါက်တို့၌ လေးခုလေးခုသော ကန်တို့ကို တူးစေ၍ စတုမဓူဖြင့် ပြည့်စေ၍ လှူ၏။'ဟု လာရှိသည်က ထင်ရှားစေသည်။ ဇိနတ္ထပကာသနီကျမ်း၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခြင်းကို အမတ်တို့က á€Ąá€‡á€Źá€á€žá€á€şá€™á€„်းဥဏး လျှောက်ထားခန်း၌ 'ဤမင်းသည် ဘုရား လွန်တော်မူကြောင်းကို ကြားရလျှင် တစ်ခဏခြင်း နှလုံးကွဲ၍ သေရာသည်။ ထိုကြောင့် ငါတို့သည် မင်း၏အသက်ကို စောင့်သင့်ပေသည်ဟု ကြံ၍၊ လျောင်းတန်ရုံသော ရွှေကျင်းသုံးခုကိုယူ၍၊ စတုမဓူဖြင့် ပြည့်စေပြီးသော်၊ မင်းကြီးထံသို့ ကပ်၍ ဤသို့ လျှောက်ကြ၏။ အရှင်မင်းကြီး အကျွန်ုပ်တို့သည် ကြောက်မက်ဘွယ်သော အိပ်မက်ကို မြင်ပါသည်။ ထိုအိပ်မက်ကို ဖျောက်ဖျက်စေချင်ပါသည်။ အရှင်မင်းကြီးသည် ဘွဲ့ဖြူပုဆိုးနှစ်ထည်ကိုဝတ်၍ နှာခေါင်းဝမျှကို ဘော်စေလျက်၊ ဤစတုမဓူ ကျင်းထဲ၌ အိပ်စက်တော်မူပါဟု ဆို၏။ ထိုစကားကို ကြားသောအခါ အဇာတသတ်မင်းကြီးကလည်း ငါ၏အကျိုးစီးပွားကို ရွက်ဆောင်လို၍ ဆိုသည်ကို ဘယ်မှာ နားမထောင် ရှိတော့အံ့နည်းဆို၍ ထိုအမတ်တို့ လျှောက်ထားတိုင်း အိပ်ပေ၏။ ထိုအခါ အမတ် တစ်ယောက်သည် ဘုရားပရိနိဗ္ဗာန်စံတော်မူရာ အရပ်ဆီသို့ လက်အုပ်ချီပြီးသော်၊ အရှင်မင်းကြီး၊ ကိုယ်တော်၏ သံသယကို ပျောက်ပ ကျေနပ်စေတတ်သော ရိုသေလေးမြတ် ဆည်းကပ်ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် á€€á€Żá€žá€­á€”á€Źá€›á€Żá€śá€•á€źá€Šá€şá€Ąá€•á€Ťá€¸áŒ နိဗ္ဗာန်လားတော်မူချေပြီဟု လျှောက်တင်၏။ မင်းကြီးလည်း ထိုစကားကို ကြားလျှင် သစ်ပင်ထက်မှ ကျသောသူကဲ့သို့ သည်းအူလိုက်ဖိုလျက် ကိုယ်အလုံးတုန်ဘိ၍ သတိမရ၊ တသမိန်းမော၍ မြောလေ၏။ စိမ်အပ်သောစတုမဓူပင် ကျိုက်ကျိုက်ဆူ၍ အငွေ့ထွက်၏။ အမတ်တို့ကလည်း မင်း၏ကိုယ်ကို ချီ၍ တစ်ခုသော ကျင်း၌ သိပ်ပြန်ကြသဖြင့် သတိရသောအခါ အမောင်တို့ အဘယ်ကို ဆိုကြသနည်းဟု မေးပြန်လျှင်၊ အရှင်မင်းကြီး မြတ်စွာဘုရား ပရိနိဗ္ဗာန်လားချေပြီဟု လျှောက်ကြ၏။ မင်းကြီးလည်း ရှေးနည်းတူ မိန်းမော၍ မြောပြန်သဖြင့် တစ်တန်သောကျင်းသို့ ပြောင်းရ၏။'ဟု ဖော်ပြထားသည်ကိုထောက်၍ စတုမဓူသည် á€™á€‡á€šá€ˆá€­á€™á€’á€ąá€žá€á€­á€Żá€€á€şáŒ အသုံးပြုလေ့ပြုထရှိသော ပစ္စည်းတစ်မျိုးဟု သိနိုင်သည်။ စတုမဓူကို ရှေးအခါက မုံ့ပြုလုပ်၍၎င်း၊ စတုမဓူနှင့် ယှဉ်သော ဆွမ်းများပြုလုပ်၍၎င်း၊ ကျွေးမွေးပေးကမ်း လှူဒါန်းကြကြောင်းကို မဟာဝင်ဝတ္ထု၌ ဗိန္ဒုသာရ အကြောင်းတွင်၎င်း၊ ဇိနတ္ထပကာသနီကျမ်း၌ ရှင်ဥပဂုတ်ထေရ်သည် မာရ်နတ်သားကို ဆုံးမခြင်းတွင်၎င်း တွေ့ရသည်။ နရသာသနကျမ်းတွင် 'အပျော်ဆေးကု၊ စတုမဓူ၊ ပေးကမ်းလှူသည်' ဟုလည်း ဖော်ပြထားသဖြင့် စတုမဓူကို ပေးလှူကြောင်း သိရ၏။ ယခုတိုင်အောင် စတုမဓူကို ရဟန်းတော်များအား ပေးလှူဆက်ကပ်ကြလေ သည်။ စတုမဓူ ပြုလုပ်နည်း မြန်မာ့ရှေးသူဟောင်း တို့သည် စတုမဓူ အသက်ရှည်ဆေးကို အမြတ်တနိုးထားကာ မှီဝဲသုံးဆောင် ခဲ့ကြသည်။ သုံးဆောင်ဆဲလည်း ဖြစ်သည်။ ထို့ကြောင့် နောင်လာနောက်သားတို့ မှတ်သားလွယ်ကူစေရန် ကဗျာတို့ဖြင့် ဖွဲ့နွဲ့ သီကုံးခဲ့ကြသည်။ ယင်းတို့မှာ− (၁) နှမ်း ၊ ထော ၊ တင် ၊ ပျား ၊ ဤလေးပါး ၊ ယူငြားမဓူမှတ်။ (၂) ဧက် ၊ ဒွေး ၊ ပဉ္စ ၊ သတ္တရ ၊ ပေါင်း တစ်ဆယ့်ငါးကျပ်။ (၃) ရိပ်တွင်မွှေကာ ၊ ရောစပ်ပါ ၊ ရသာဂုဏ်ကြီးမြတ် (၄) စတုမဓူ ၊ သုံးလိုသူ ၊ ဖော်ယူ ဤနည်းမှတ်။ (၅) သွေးသားဖွံ့ဖြိုး ၊ အားခွန်တိုး၊ ကောင်းကျိုးဖြစ်စေတတ် အထက်ပါ သံပေါက် ၅ ပိုဒ်အရ ရသာယန အာယုဝဍ္ဎန ဆေးမျိုးဖြစ်သော စတုမဓူ တွင် ပျားရည်ကို အများဆုံး ကဲထားသည်ကို တွေ့ရှိရသည်။

သင်္ကြန်ဟူသော ဝေါဟာရသည် သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာသော ဝေါဟာရဖြစ်သည်။ သင်္ကန္တ၊ သင်္ကြန္တဟူသည် ကူးပြောင်းခြင်းဟု အနက်အဓိပ္ပာယ်ရသည်။ တပေါင်းလတွင် မြန်မာနှစ် တစ်နှစ်ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံရသောကာလ၊ နှစ်သစ်ကူးပြောင်းသောကာလဟု ဆိုလိုရင်းဖြစ်သည်။ သင်္ကြန်သိကြားမင်းနှင့် ဗြဟ္မာမင်းကြီး ( Arsi ) အငြင်းပွားကြရာ သိကြားမင်းနိုင်သဖြင့် ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကိုရခဲ့သည်။ ဗြဟ္မာမင်းကြီးမှာ တန်ခိုးကြီးလှသဖြင့် ထိုဦးခေါင်းကြီးကို ပင်လယ်ထဲပစ်ချလျှင် ရေခန်းမည်ဖြစ်ပြီး မြေကြီးမှာထားလျှင် မီးလောင်ပျက်စီးကြမည်ဖြစ်သည်။ လေထဲကို ပစ်လျှင်လည်း သတ္တဝါအားလုံး မီးလောင်ကြမည်ဖြစ်သဖြင့် သိကြားမင်းက မည်သည့်နေရာတွင်မှ မထားလိုဘဲ လက်ထဲ၌သာ ကိုင်ထားရလေသည်။ နောက်ပိုင်းတွင် တန်ခိုးကြီးသော နတ်မင်းကြီးများကို တာဝန်လွှဲပြီး တစ်နှစ်လျှင် နတ်မင်းတစ်ပါးက ဦးခေါင်းကြီးကို ထိန်းသိမ်းထားရန် မိန့်ဆိုသည်။ ဦးခေါင်းကြီးကို တစ်ဦးလက်မှ တစ်ဦးလွှဲမည့် အချိန်အတိအကျကို ပုဏ္ဏားတို့က တွက်ချက်ဖော်ထုတ်ကြပြီး ထိုအကူးအပြောင်းကာလကို 'သင်္ကန္တ'အခါဟု ဆိုကြသည်။ နှစ်တစ်နှစ်ပြည့်သည်ဟုလည်း သတ်မှတ်သည်။ ထိုကာလ၌ သိကြားမင်းသည် လူ့ပြည်တွင် ကောင်းမှုကုသိုလ်ထွန်းကားရန်နှင့် ဗုဒ္ဓသာသနာပြန့်ပွားရန်အတွက် လူ့ပြည်ဆင်းကာ ဆောင်ရွက်လေ့ရှိသည်။ မှတ်တမ်းများကို မှတ်သားသည်ဟုလည်းဆိုသည်။ ကောင်းသူများကို ရွှေပေလွှာတွင် ရေးမှတ်ပြီး၊ မကောင်းသူများကို ခွေးသားရေတွင် ရေးမှတ်သည်။ (သေခါနီးစိတ်၊ ခန္ဓာငါးပါးချုပ်ပုံ၊ အကုသိုလ်သဘောနှင့် ငရဲ၊ ယမမင်း စသည့်အကြောင်းများကို ဘုရားရှင်က အဘိဏှသုတ်တွင် ဟောကြားခဲ့ပြီးဖြစ်သဖြင့် ထိုသို့ရေးမှတ်သည်ဆိုသည်မှာ မည်သို့မျှ အကျိုးအကြောင်းမရှိပေ။ ဆိုလိုသည်မှာ သိကြားမင်းက မည်သို့မျှ အရေးမပါ၊ သတ္တဝါတိုင်း မိမိကံနှင့်မိမိသာဖြစ်သည်။) ထို့အပြင် ဘုရားရှင်များလက်ထက်ကပင် နတ်နှင့်သိကြားတို့သည် တရားနာလိုလျှင် ညသန်းခေါင်ကျော် လူသူကင်းရှင်းချိန်မှသာ လာလေ့ရှိသည့် သာဓကများရှိပေသည်။ မင်္ဂလသုတ်၊ သက္ကပညာသုတ၊ အာနာပါနသုတ် စသည်တို့မှာ ညအချိန်တွင် ဟောကြားခဲ့သည့် သုတ်များဖြစ်ပေသည်။ အကြောင်းမှာ လူတို့၏ ဝမ်းထဲမှ အစာဟောင်းအနံ့ကို နတ်တို့က မခံနိုင်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် သင်္ကြန်တွင် သိကြားမင်းက လူတို့အကြားဆင်းသည်ဟူသော အပြောမှာ မဖြစ်နိုင်ပေ။ #Knowledge #Venn

ခဏနေမင်knowledgeလာတင်ပေးမယ်ဗျ #Venn

အားလုံးပဲမင်္ဂလာနံနက်ခင်းပါ သာယာသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေဗျာ။ #thadar

မင်မင်ရဲ့ဒီနေ့ postလေးတွေကတော့ဒီလောက်ပါပဲခင်ဗျာ။ နောက်နေ့မှာ ပြန်ဆုံကြပါမယ် ချစ်တယ်။အာဘွား။ သုခံ သုပတိ။ #thadar

မစ္ဆရိယဆိုသည်မှာ...... ဖြစ်သည်
Anonymous voting

စတုမဓူ ဆိုသည်မှာ အဘယ်နည်း။ #thadar
Anonymous voting

ဝဂ္ဂ ဟုခေါ်သော ဝဂ်၏ မြန်မအဓိပ္ပါယ်မှာ #thadar
Anonymous voting

Queen Victoria နှင့် ခေတ်ပြိုင်နန်းတက်ခဲ့သော ကုန်ဘောင်မင်းတရားမှာ..... #thadar
Anonymous voting