en
Feedback
DYC: YOUTH PROGRAM (Students Affairs)

DYC: YOUTH PROGRAM (Students Affairs)

Open in Telegram

This channel is related to the political and vocational training of the Democratic Youth Council, For the Youth to By the Youth program. Courses to be opened, the Seminars and events of the Democratic Youth Council will be announced.

Show more
259
Subscribers
+1024 hours
+317 days
+4630 days
Posts Archive
Cyber Security Essential Training [ DYC-CSET ] ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်း၏ တတိယအကြိမ်မြောက် Cyber Security Essential Training ကို ဩဂုတ်လ #၅ ရက်နေ့ကစလို့ #တစ်လ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ တောင်လှန်ရေးအတွက်ပဲ Cybersecurity ကို အသုံးချချ၊ပုဂ္ဂိုလ်ရေး လုံခြုံစိတ်ချရမှုအတွက်ပဲ အသုံးပြုပြု၊ အရေးပါနေပါတယ်။ ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်သည့်အားလျှောက်စွာ နည်းပညာသုံး တော်လှန်ရေးနှင့် လူထုကြားထဲ ထိုးဖေါက်ပြန့်နှံ့ရန် အတွက် အထူးအရေးပါပါသည်။ ဒီမိုကရက်တစ်လူငယ်ကောင်စီအနေဖြင့် Foundation of Computing & Cyber Security ကို အပတ်စဉ် (၂)အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး လူငယ်အများစု (အထူးသဖြင့် တိုင်းရင်းသားများ) တက်ရောက်သင်ယူခဲ့ကြပါတယ်။ ယခုအခါ တက်ကြွလှုပ်ရှားသူ အမျိုးသမီးများ၊လူငယ်များ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အထူးအလေးပေးလက်ခံသွားမည်ဖြစ်ပါသည်။ သင်တန်းကာလ -တစ်လ သင်တန်းချိန်- ည ၉:၀၀ မှ ၁၀:၃၀ အထိ သင်တန်းနေ့ - အပတ်စဉ် စနေ နှင့် တနင်္ဂနွေ သင်တန်းလက်ခံမည့် နောက်ဆုံးရက် ဩဂုတ်လ ၀၁ရက်နေ့ သင်တန်းလျှောက်ထားရန် link https://docs.google.com/forms/d/e/1FAIpQLSedYYek6yXP3HJ1eWbrBrlqOYrO9vD_KWBo9VmUDq943ZRbAA/viewform?usp=sf_link [သင်တန်းကြေး အခမဲ့ဖြစ်ပါသည်] “လူငယ်မှ လူငယ်သို့ “ အစီအစဉ် သင်တန်းများရေရှည်ဖွင့်လှစ်ရပ်တည်နိုင်စေရန် တစ်ဦးချင်းဖြစ်စေ၊အစုအဖွဲ့အလိုက်ဖြစ်စေ လှူဒါန်းပေးခြင်း၊စေတနာ့ဝန်ထမ်းအဖြစ် ပြန်လည်ပါဝင်ခြင်း စသည့် ပါဝင်မှုများကိုလည်း လက်ခံပေးသွားမည် ဖြစ်ပါသည်။ သင်တန်းများနှင့် ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖေါ်ပြပါ သင်တန်း Link အား ချိတ်ဆက်ပေးထားနိုင်ပါသည်။ https://t.me/YouthProgram_DYC ဒီမိုကရက်တစ်လူငယ်ကောင်စီ လူငယ်နိုင်ငံရေးအဖွဲ့အစည်း

ဝိမုတ္တိ လူငယ်စကားဝိုင်း အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာလုယူပြီးနောက်ပိုင်း ပြည်သူအားလုံးနှင့်အတူ လူငယ်များပါ ထိခိုက်ခဲ့ကြရသည်။ ဒီမိုကရေစီအရပ်သားအစိုးရလက်ထပ် မပြည့်တပြည့် လူ့အခွင့်အရေးဖြင့် တရားဥပဒေ မစိုးတမိုး နေခဲ့ကြရာမှ အာဏာလုယူမှုဖြစ်စဉ်အပြီး အကြမ်းဖက်စစ်တပ်၏ လက်ရဲဇက်ရဲ ကြမ်းတမ်းမှုများကို ခံစားခဲ့ရပြီး လူငယ်ဟုဆိုပါလျှင် အကြမ်းဖက်စစ်အုပ်စုသည် စောင့်ကြည့်ခြင်း၊ဖမ်းဆီးခြင်း၊အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် မုဒိန်းကျင့်ခြင်း၊မတရား ညှင်းပန်းနှိပ်စက်ခြင်း၊ပြစ်မှုကျူးလွန်ခြင်း မရှိပါပဲ ထောင်ချောက်ဆင် ဖမ်းဆီးခြင်း စသည့် စိတ်ကြိုက် အကြမ်းဖက်မှုများ မြောက်များစွာ ကျူးလွန်လျှက်ရှိသည်။ ထို့အပြင် ပညာရေး၊ကျန်းမာရေး ၊အလုပ်အကိုင် နှင့် လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်ချက်များသည်လည်း လူငယ်များ ရင်ဆိုင်နေကြရပေသည်။ထို့ကြောင့် ရှေ့လျှောက် ကြုံတွေ့ရမည့် စိန်ခေါ်ချက်များ၊လူငယ်များ၏ တော်လှန်ရေးကာလအတွင်း လိုအပ်နေသည့် အကြောင်းအရာများ၊လူငယ်များ တော်လှန်းရေးတွင်း စိန်ခေါ်ချက်များ၊ပြသနာများကို မည်သို့ လက်တွေ့ကျကျကျော်လွှားမည် စသည့် အတောမသတ်နိုင်သည့် အကြောင်းအရာများကို အတွေးစုံ၊အမြင်စုံ ရူဒေါင့်စုံမှ ဆွေးနွေးပွဲပုံစံမဟုတ်ပါပဲ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသွားကြမည်ဖြစ်သည်။ စကားဝိုင်းခေါင်းစဉ် “တော်လှန်ရေးကာလမှာ လူငယ်တွေအတွက် စိန်ခေါ်ချက်တွေက ဘာတွေလည်း ” စကားဝိုင်းကျင်းပမည့် နေ့ရက် ဇူလိုင်လ ၂၁ရက်၊၂၀၂၃ခုနှစ်။(သောကြာနေ့) စကားဝိုင်းကျင်းပခဲ့သည့် အချိန် ညနေ ၆:၀၀နာရီ မှ ည ၇:၀၀ အထိ။ [[[ REGISTER HERE ]]] https://form.jotform.com/231974838067065 zoom link https://us06web.zoom.us/j/89086652588?pwd=cXBXSTdKZE5QY05RWm5neVFxK0Zudz09 Meeting ID: 890 8665 2588 Passcode: 0105905468 ရှင်းတမ်း ဒီမိုကရက်တစ်လူငယ်ကောင်စီမှ စီစဉ်သည့် “ဝိမုတ္တိ” လူငယ်စကားဝိုင်းကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ပညာရှင်များ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊တိုင်းရင်းသားလူငယ်များနှင့် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများမှ အမြင်ချင်းဖလှယ် ဆွေးနွေးသွားကြမှာ ဖြစ်ပါသည်။လူငယ်စကားဝိုင်းအစီအစဉ်သည် လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အခွင့်အလမ်းရရှိစေရေး “လူငယ်မှ လူငယ်သို့” အစီအစဉ်မှ စီစဉ်ကျင်းပရခြင်းဖြစ်ပါသည်။ ဝိမုတ္တိဟူသည် ပါဠိဘာသာစကားဖြစ်ပြီး “လွတ်မြောက်ခြင်း”ဟူ၍ အဓိပ္ပါယ်ရပါသည်။မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီဖေါ်ဆောင်ရေး၊အာဏာရှင်စနစ် နိဂုံးချုပ်နိုင်စေရေး နှင့် လူငယ်များ နိုင်ငံရေးတွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်လာနိုင်စေရေးအတွက် လွတ်လပ်သော အတွေးအခေါ်၊အသိပညာတို့ဖြင့် တည်ဆောက်နိုင်စေရေးအတွက် အမြင်အတွေးစုံ၊အတွေးအခေါ်စုံနှင့် နယ်ပယ်စုံမှ ပညာရှင်များ၊လူငယ်များ၊တိုင်းရင်းသားများ ဖြင့် စကားဝိုင်းကျင်းပသွားမှာဖြစ်ပါသည်။ Facebook နှင့် YouTube Channel များမှလည်း ပြန်လည် တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။ ယခုခေါင်းစဉ်နှင့် ပတ်သတ်၍ သိရှိစေလိုသော၊ဆွေးနွေးစေလိုသည့် အကြောင်းအရာများကို ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ Facebook Messenger မှလည်းကောင်း သို့မဟုတ် Email democraticyouthcouncil.mm@gmail.com သို့လည်းကောင်း ပေးပို့၍ မေးမြန်းနိုင်ပါပြီ။ ဒီမိုကရက်တစ်လူငယ်ကောင်စီ လူငယ်နိုင်ငံရေးအဖွဲ့အစည်း

Cyber Security Essential Training [ DYC-CSET ] ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်း၏ တတိယအကြိမ်မြောက် Cyber Security Essential Training ကို ဩဂုတ်လ #၅ ရက်နေ့ကစလို့ #တစ်လ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ တောင်လှန်ရေးအတွက်ပဲ Cybersecurity ကို အသုံးချချ၊ပုဂ္ဂိုလ်ရေး လုံခြုံစိတ်ချရမှုအတွက်ပဲ အသုံးပြုပြု၊ အရေးပါနေပါတယ်။ ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်သည့်အားလျှောက်စွာ နည်းပညာသုံး တော်လှန်ရေးနှင့် လူထုကြားထဲ ထိုးဖေါက်ပြန့်နှံ့ရန် အတွက် အထူးအရေးပါပါသည်။ ဒီမိုကရက်တစ်လူငယ်ကောင်စီအနေဖြင့် Foundation of Computing & Cyber Security ကို အပတ်စဉ် (၂)အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး လူငယ်အများစု (အထူးသဖြင့် တိုင်းရင်းသားများ) တက်ရောက်သင်ယူခဲ့ကြပါတယ်။ ယခုအခါ တက်ကြွလှုပ်ရှားသူ အမျိုးသမီးများ၊လူငယ်များ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အထူးအလေးပေးလက်ခံသွားမည်ဖြစ်ပါသည်။ သင်တန်းကာလ -တစ်လ သင်တန်းချိန်- ည ၉:၀၀ မှ ၁၀:၃၀ အထိ သင်တန်းနေ့ - အပတ်စဉ် စနေ နှင့် တနင်္ဂနွေ သင်တန်းလက်ခံမည့် နောက်ဆုံးရက် ဩဂုတ်လ ၀၁ရက်နေ့ သင်တန်းလျှောက်ထားရန် link https://docs.google.com/forms/d/e/1FAIpQLSedYYek6yXP3HJ1eWbrBrlqOYrO9vD_KWBo9VmUDq943ZRbAA/viewform?usp=sf_link [သင်တန်းကြေး အခမဲ့ဖြစ်ပါသည်] “လူငယ်မှ လူငယ်သို့ “ အစီအစဉ် သင်တန်းများရေရှည်ဖွင့်လှစ်ရပ်တည်နိုင်စေရန် တစ်ဦးချင်းဖြစ်စေ၊အစုအဖွဲ့အလိုက်ဖြစ်စေ လှူဒါန်းပေးခြင်း၊စေတနာ့ဝန်ထမ်းအဖြစ် ပြန်လည်ပါဝင်ခြင်း စသည့် ပါဝင်မှုများကိုလည်း လက်ခံပေးသွားမည် ဖြစ်ပါသည်။ သင်တန်းများနှင့် ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖေါ်ပြပါ သင်တန်း Link အား ချိတ်ဆက်ပေးထားနိုင်ပါသည်။ https://t.me/YouthProgram_DYC ဒီမိုကရက်တစ်လူငယ်ကောင်စီ လူငယ်နိုင်ငံရေးအဖွဲ့အစည်း

Repost from DYC4MM
ကံစမ်းမဲဖွင့်ပါတော့မည်… (၅) ရက်သာလိုပါတော့သည်။ အားပေးကြပါအုံး🙏 အဆောင်ရေ ၅၀၀ မှန်းထားတာ ၁၀၀ ကျော်ကျော်ပဲ ရောင်းရသေးတယ်ရှင့်။
ကံစမ်းမဲဖွင့်ပါတော့မည်… (၅) ရက်သာလိုပါတော့သည်။ အားပေးကြပါအုံး🙏 အဆောင်ရေ ၅၀၀ မှန်းထားတာ ၁၀၀ ကျော်ကျော်ပဲ ရောင်းရသေးတယ်ရှင့်။ 🥹 https://www.facebook.com/100081416633364/posts/pfbid02z75yW7HNVLsDBw9ckXUmgcut4AHX9tBkyAkYK5xdgxtfc47wjxAphpQxTbPrfTkvl/?mibextid=SDPelY

INTERMEDIATE ENGLISH GRAMMAR COURSE [DYC-IEC] လူငယ်များ၏ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများအတွက် ရည်ရွယ်၍ Intermediate English Courseကို ပညာရေး အတွေ့အကြုံရှိသည့် Speaker မှ မျှဝေသွားမှာဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် IELTS ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အတွက်သာမကပဲ အင်္ဂလိပ်သဒ္ဒါ၊အင်္ဂလိပ်စာ ရေး၊ဖတ်၊ပြော၊နားထောင် စသည့် စွမ်းရည်များ မြှင့်မားလာစေရေးကိုလည်း လေ့ကျင့်ပေးသွားမှာဖြစ်ပါသည်။ထို့အပြင် Cambridge English Grammar ကို အထူးပြု၍ သင်ကြားပေးသွားမှာဖြစ်ပြီး Assignment များ၊ Listening Test များ၊ SpeakingTests များလည်း ပါဝင်မည်ဖြစ်ပါသည်။သင်တန်းများ မစခင် English Level Test ကိုလည်း ဖြေဆိုကြရမည်ဖြစ်ပါသည်။ သင်တန်းကာလ - ၄လ သင်တန်းအချိန် - ည ၇:၀၀ နာရီ မှ ၈:၀၀ နာရီအထိ သင်တန်းရက် - (တနင်္လာနေ့ မှ ဗုဒ္ဓဟူးနေ့ အထိ) ဇူလိုင် ၁၀ရက်နေ့ မှ နိုဝင်ဘာလအထိ) [သင်တန်းကြေး အခမဲ့ဖြစ်ပါသည်] လျှောက်ထားလိုသူများ အောက်ဖေါ်ပြ Link မှတဆင့် လျှောက်ထားနိုင်ပါပြီ။ https://docs.google.com/forms/d/e/1FAIpQLSdMUeBxh-DEuHhEdRxagMXjaDgaSkhZRygnekHke2ibJ5eadg/viewform?usp=sf_link [သင်တန်းကြေး အခမဲ့ဖြစ်ပါသည်] “လူငယ်မှ လူငယ်သို့ “ အစီအစဉ် သင်တန်းများရေရှည်ဖွင့်လှစ်ရပ်တည်နိုင်စေရန် တစ်ဦးချင်းဖြစ်စေ၊အစုအဖွဲ့အလိုက်ဖြစ်စေ လှူဒါန်းပေးခြင်း၊စေတနာ့ဝန်ထမ်းအဖြစ် ပြန်လည်ပါဝင်ခြင်း စသည့် ပါဝင်မှုများကိုလည်း လက်ခံပေးသွားမည် ဖြစ်ပါသည်။

ELEMENTARY ENGLISH COURSE [DYC-EEC] လူငယ်များ၏ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများအတွက် ရည်ရွယ်၍ Elementary English Courseကို ပညာရေး အတွေ့အကြုံရှိသည့် Speaker မှ မျှဝေသွားမှာဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် IELTS ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အတွက်သာမကပဲ အင်္ဂလိပ်သဒ္ဒါ၊အင်္ဂလိပ်စာ ရေး၊ဖတ်၊ပြော၊နားထောင် စသည့် စွမ်းရည်များ မြှင့်မားလာစေရေးကိုလည်း လေ့ကျင့်ပေးသွားမှာဖြစ်ပါသည်။ထို့အပြင် Cambridge English Grammar ကို အထူးပြု၍ သင်ကြားပေးသွားမှာဖြစ်ပြီး Assignment များ၊ Listening Test များ၊ SpeakingTests များလည်း ပါဝင်မည်ဖြစ်ပါသည်။သင်တန်းများ မစခင် English Level Test ကိုလည်း ဖြေဆိုကြရမည်ဖြစ်ပါသည်။ သင်တန်းကာလ - ၄လ သင်တန်းအချိန် - ၉:၀၀ နာရီ မှ ၁၀:၀၀ နာရီအထိ သင်တန်းရက် - (တနင်္လာနေ့ မှ ကြာသပတေးနေ့အထိ) ဇူလိုင် ၁၀ရက်နေ့ မှ နိုဝင်ဘာလအထိ) [သင်တန်းကြေး အခမဲ့ဖြစ်ပါသည်] လျှောက်ထားလိုသူများ အောက်ဖေါ်ပြ Link မှတဆင့် လျှောက်ထားနိုင်ပါပြီ။ https://docs.google.com/forms/d/e/1FAIpQLScNe-fC8S4YZagoCCtO4SmDaDUljm1kMppzSi0ANWWOJaPMCA/viewform?usp=sf_link [သင်တန်းကြေး အခမဲ့ဖြစ်ပါသည်] “လူငယ်မှ လူငယ်သို့ “ အစီအစဉ် သင်တန်းများရေရှည်ဖွင့်လှစ်ရပ်တည်နိုင်စေရန် တစ်ဦးချင်းဖြစ်စေ၊အစုအဖွဲ့အလိုက်ဖြစ်စေ လှူဒါန်းပေးခြင်း၊စေတနာ့ဝန်ထမ်းအဖြစ် ပြန်လည်ပါဝင်ခြင်း စသည့် ပါဝင်မှုများကိုလည်း လက်ခံပေးသွားမည် ဖြစ်ပါသည်။

ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်း၏ လူငယ်ရေးရာကော်မတီ မှ စီစဉ်သည့် “လူငယ်မှ လူငယ်သို့” အစီအစဉ်၏ ဇူလိုင်လအတွက် သင်တန်းများကို ဖွင့်လှစ်တော့မှာပဲဖြစ်ပါသည်။ ရည်ရွယ်ချက် လူငယ်မှ လူငယ်သို့ အစီအစဉ်ဖေါ်ဆောင်ရေးဆိုင်ရာ လမ်းညွန်ချက်ပါ မျှော်မှန်းချက်များ ပြည့်မှီနိုင်စေရေးနှင့် လူငယ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စနစ်တကျ၊ထိရောက်၍ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ဖွံ့ဖြိုးတိုးတက်သည့် ဖက်ဒရယ်ဒီမိုကရေစနစ် ဖေါ်ဆောင်ရေးတွင် ဦးဆောင်ဦးရွက်ပြုနိုင်ရေးတို့အတွက် ရည်ရွယ်၍ ဖေါ်ဆောင်ရခြင်းဖြစ်ပါသည်။ (၁) လူငယ်များ၏ နိုင်ငံရေးအသိပညာများတိုးတက်လာစေရေး။ (၂) တိုးတက်လာသည့် နိုင်ငံရေးပညာများအား လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရေး (၃) လူငယ်များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် နည်းပညာ၊အသိပညာ၊အတတ်ပညာနှင့် သက်မွေးဝမ်းကြောင်းပညာရပ်များ မျှဝေပြန့်ပွါးနိုင်စေရေး (၄) လူငယ်များ၏ အခွင့်အရေး၊တာဝန်ခံမှုနှင့် တာဝန်ယူမှု အား မြှင့်တင်နိုင်ရေး (၅) စွန့်ဦးတီထွင်မှု၊အလုပ်အကိုင်နှင့် နိုင်ငံတကာချိတ်ဆက်ဆောင်ရွက်နိုင်မှုတို့တွင် အားကောင်းလာစေရေး ဒီမိုကရက်တစ်လူငယ်ကောင်စီ “လူငယ်မှ လူငယ်သို့” အစီအစဉ် သင်တန်းလက်ခံရေးဆိုင်ရာ မူဝါဒ ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ ဖွင့်လှစ်သည့် သင်တန်းများအား လျှောက်ထားရာတွင် အောက်ဖေါ်ပြပါ မူဝါဒဖြင့် သင်တန်းများကို ဦးစားပေးရွေးချယ်လက်ခံသွားမည် ဖြစ်ပါသည်။ ဗမာတိုင်းရင်းသား နှင့် အခြားတိုင်းရင်းသား ယှဉ်ပြိုင်ရွေးချယ်ရန် အကြောင်းပေါ်ပေါက်လာပါက တိုင်းရင်းသားကိုသာ ဦးစားပေးရွေးချယ်သွားပါမည်။ လူကြီးနှင့် လူငယ် ယှဉ်ပြိုင်ရွေးချယ်ရန် အကြောင်းပေါ်ပေါက်လာပါက လူငယ်ကိုသာ ဦးစားပေးရွေးချယ်သွားပါမည်။ အမျိုးသားနှင့် အမျိုးသမီး ယှဉ်ပြိုင်ရွေးချယ်ရန် အကြောင်းပေါ်ပေါက်လာပါက အမျိုးသမီး ကိုသာ ဦးစားပေးရွေးချယ်သွားပါမည်။ “လူငယ်မှ လူငယ်သို့” အစီအစဉ်၏ ကျောင်းသားရေးရာ telegram Channel သို့လည်း Join နိုင်ပြီဖြစ်ပါကြောင်း နှင့် လူငယ်ရေးရာကော်မတီမှ ပြုလုပ်မည့် သင်တန်းများအား အချိန်နှင့်တပြေးညီ သိရှိတက်ရောက်နိုင်ပြီဖြစ်ပါသည်။ FOR THE YOUTH BY THE YOUTH PROGRAM TELEGRAM CHANNEL https://t.me/YouthProgram_DYC ဒီမိုကရက်တစ် လူငယ်ကောင်စီ လူငယ်နိုင်ငံရေးအဖွဲ့အစည်း

မကြာခင်မှာ ၇လပိုင်းအတွက် သင်တန်းလေးတွေကို ဖေါ်ပြပေးပါတော့မယ်ဗျ

Repost from DYC4MM
“ မည်သို့ပင်ဆိုစေကာမူ အားလုံးချစ်သည် အောင်ဆန်းစုကြည် ” လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်မြောက် မွေးနေ့အမှတ်တရ ဆုတ
“ မည်သို့ပင်ဆိုစေကာမူ အားလုံးချစ်သည် အောင်ဆန်းစုကြည် ” လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်မြောက် မွေးနေ့အမှတ်တရ ဆုတောင်းစကားများကို ပြည်သူလူထုမှ ပေးပို့နိုင်ပါသည်။ ပြည်သူလူထုမှ ပေးပို့လာသည့် မွေးနေ့ဆုတောင်းစကားများကို ပိုစတာပြုလုပ်၍ ဇွန်လ ၁၉ရက်နေ့တွင် ပြန်လည် ဖေါ်ပြပေးသွားမည်ဖြစ်ပြီး ဆုမွန်ကောင်းတောင်းပေးသည့် ပြည်သူတစ်ဦးတယောက်ခြင်းစီ၏ လုံခြုံရေးကိုလည်း ဒီမိုကရက်တစ်လူငယ်ကောင်စီ မှ အပြည့်အဝတာဝန်ယူပေးသွားမည်ဖြစ်ပါသည်။ ဆုမွန်စကားပေးပို့ရန် https://form.jotform.com/231664718960060 ဒီမိုကရက်တစ်လူငယ်ကောင်စီ လူငယ်နိုင်ငံရေးအဖွဲ့အစည်း

ကံစမ်းမဲဖွင့်လှစ်ရန် (၃)ရက်သာ လိုပါတော့သည်။ “ အမေပြန်လာဆင်မြန်း …သားတို့ရည်မှန်း” ဗေဒါအစီအစဉ်ကနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် ဒီမိုကရက်တစ်လူငယ်ကောင်စီ မှ ရန်ပုံငွေရှာဖွေရောင်းချခြင်းဖြစ်ပါသည်။အဆိုပါ လက်မှတ်အား စောင်ရေ ၅၀၀ အား နှုန်းထား ၁၀၀၀၀ (တစ်သောင်းကျပ်) ဖြင့်ရောင်းချသွားမည်ဖြစ်ပြီး ရရှိသည့် ရန်ပုံငွေများကို နိုင်ငံရေး၊လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။ စိတ်အားသန်သန်၊ယုံကြည်ချက်ခိုင်မာစွာဖြင့် ဝယ်ယူအားပေး၍ ဒီမိုကရက်တစ်လူငယ်ကောင်စီ နှင့်အတူ တော်လှန်ရင်း ကူညီကြပါစို့ !!!! Raffle Tickets များအား ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ website သို့ Telegram သို့ Email များမှတဆင့် ဝယ်ယူနိုင်ပြီး NUG pay သို့မဟုတ် KPay တို့ဖြင့်လည်း ပေးချေနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ Bayda Radfle Event ကံစမ်းမဲဖွင့်လှစ်မည့်နေ့ ဇွန် ၁၉၊ ၂၀၂၃ ခုနှစ် (တနင်္လာနေ့) ကံစမ်းမဲ နှုန်းထား လက်မှတ်တစောင်လျှင် - တစ်သောင်းကျပ်တိတိ ရောင်းချမည့် အစောင်ရေ ၅၀၀ #500challenge ဒီမိုကရက်တစ်လူငယ်ကောင်စီ၊လူငယ်နိုင်ငံရေးအဖွဲ့အစည်း၏ Bayda Radfle Eventတွင် ပါဝင်ကံစမ်းပေးကြရန် ဖိတ်ခေါ်အပ်ပါသည်။ အသေးစိတ်သိရှိလိုပါက - ဥက္ကဌရုံး၊ဒီမိုကရက်တစ်လူငယ်ကောင်စီ Facebook Account https://www.facebook.com/me/ ဒီမိုကရက်တစ်လူငယ်ကောင်စီ Facebook Page https://www.facebook.com/dyc22222/ ဒီမိုကရက်တစ်လူငယ်ကောင်စီ Office Telegram https://t.me/DYC22222 ဒီမိုကရက်တစ်လူငယ်ကောင်စီ Email democraticyouthcouncil.mm@gmail.com တို့မှလည်း ဆက်သွယ်ဝယ်ယူကံစမ်းနိုင်ပါပြီ။ #500challenge #raffel_tickets #june_19 #democratic_youthcouncil #never_forgive_never_forget

Repost from DYC4MM
အဆိုပါသင်တန်းကို နိုင်ငံရေး၊တော်လှန်ရေး မဟာမိတ်အင်အားစုများ၏ နိုင်ငံရေးကဏ္ဍ စွမ်းရည်မြှင့်တင်နိုင်စေရေး၊တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နိုင်ငံသားများ မိမိတို့ ဒေသတွင်း နိုင်ငံရေး၊တော်လှန်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊တည်ဆောက်ရေးနှင့် မိမိ ကံကြမ္မာ မိမိ ဖန်တီးနိုင်စေရေး စသည့် ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ သင်တန်းပြီးဆုံးအောင် တက်ရောက်ရန် နှင့် သင်တန်းပြီးဆုံးပါက Certificate of Completion ကိုပေးအပ်သွားမည်ဖြစ်သည်။ Federal & Constitutional Studies Certificate သင်တန်းပြီးဆုံးသွားသူများကို July & August တွင် Democratic Youth Council နှင့် International IDEA တို့ ပူးပေါင်း ဖွင့်လှစ်မည့် TOT Federal & Constitution Academy Courses (ဆရာဖြစ်သင်တန်း) ကို ဆက်လက် တက်ရောက်ခွင့်ပေးသွားမည်ဖြစ်ပြီး ဒေသတွင်း ဖက်ဒရယ်စနစ် ပုံဖေါ်ခြင်း၊တည်ဆောက်ခြင်း၊ စဉ်ဆက်မပြတ်ဆင့်ပွါးသင်တန်းများ ဖေါ်ဆောင်ရန် ကူညီခြင်း စသည့်လုပ်ငန်းများအား နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ချိတ်ဆက်အကောင်အထည်ဖေါ်နိုင်စေရန် ပံ့ပိုးကူညီသွားမည်ဖြစ်သည်။ သင်တန်းတက်ရောက်လိုပါက အောက်ဖေါ်ပြပါ သင်တန်းလျှောက်လွှာအား Google Link မှတဆင့် ဖြည့်စွက်နိုင်ပြီး နောက်ဆုံးလက်ခံမည့်နေ့သည် ဇွန်လ ၁၈ရက်နေ့ ဖြစ်ပါသည်။ ®️https://docs.google.com/forms/d/e/1FAIpQLSeUmKggvn1GOaKZHDeU1Tvzj7E1_7qykgLx4r03JTW_h8R4HQ/viewform?usp=sf_link သင်တန်းများနှင့်ပတ်သတ်၍ အသေးစိတ်စုံစမ်းလိုပါက ဥက္ကဌရုံး၊ဒီမိုကရက်တစ်လူငယ်ကောင်စီ Facebook Account ℹ️https://www.facebook.com/me/ ဒီမိုကရက်တစ်လူငယ်ကောင်စီ Facebook Page ℹ️https://www.facebook.com/dyc22222/ ဒီမိုကရက်တစ်လူငယ်ကောင်စီ Office Telegram ℹ️https://t.me/DYC22222 ဒီမိုကရက်တစ်လူငယ်ကောင်စီ Email ℹ️democraticyouthcouncil.mm@gmail.com သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ #ဒီမိုကရက်တစ်လူငယ်ကောင်စီ #never_forgive_never_forget #IDEA_Myanmar #FDFA #DCAF

Repost from DYC4MM
ဒီမိုကရက်တစ်လူငယ်ကောင်စီ၊International IDEA နှင့် Swiss Federal Department of Foreign Affairs (FDFA) & Asia Pacific Units of
+1
ဒီမိုကရက်တစ်လူငယ်ကောင်စီ၊International IDEA နှင့် Swiss Federal Department of Foreign Affairs (FDFA) & Asia Pacific Units of DCAF- Geneva Center for Security Sector Governance တို့ ပူးပေါင်း၍ Federal & Constitutional Studies Courses သင်တန်းအား ရက်သတ္တပတ် (၂)ပတ်ကြာ ကျင်းပဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်လိုပါက အောက်ဖေါ်ပြပါ သင်တန်းလျှောက်လွှာအား Google Link မှတဆင့် ဖြည့်စွက်နိုင်ပြီး နောက်ဆုံးလက်ခံမည့်နေ့သည် ဇွန်လ ၁၈ရက်နေ့ ဖြစ်ပါသည်။ ®️https://docs.google.com/forms/d/e/1FAIpQLSeUmKggvn1GOaKZHDeU1Tvzj7E1_7qykgLx4r03JTW_h8R4HQ/viewform?usp=sf_link