DYC: YOUTH PROGRAM (Students Affairs)
Open in Telegram
This channel is related to the political and vocational training of the Democratic Youth Council, For the Youth to By the Youth program. Courses to be opened, the Seminars and events of the Democratic Youth Council will be announced.
Show more259
Subscribers
+1024 hours
+317 days
+4630 days
Posts Archive
Repost from DYC4MM
ဓာတ်ပုံကမ်ပိန်း
အကြမ်းဖက်စစ်အုပ်စုကို လက်နက်ရောင်းချနေတဲ့ တတိယအကြီးဆုံးစင်ကာပူနိုင်ငံကို ပစ်မှတ်ထားတဲ့ လှုပ်ရှားမှုအနေနဲ့ online Photo campaign ကို အောက်တို့ဘာ ၂၉ မှ ၃၁ ရက်နေ့အထိ လုပ်ဆောင်သွားဖို့ရှိပါသည်။
လှုပ်ရှားမှုနဲ့ပါတ်သက်တဲ့ အသေးစိပ်အကြောင်းအရာတွေကိုတော့ အချိန်နဲ့ တစ်ပြေးညီတင်ဆက်ပေးသွားပါမယ်။
ဒါကြောင့် မိမိတို့ တစ်ဦးခြင်းအနေနဲ့ စားဝတ်နေရေးအတွက် နေ့စဉ်ကြိုးစားရုန်းကန်နေရခြင်း၊ အကြမ်းဖက်စစ်တပ်ရဲ့ လုံခြုံရေးတင်းကြပ်မှုတွေကြောင့် လမ်းမအပေါ်ထွက်ဆန္ဒပြခြင်းကဲ့သို့သော လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ဖို့ မလွယ်ကူပေမဲ့ မိမိတို့ရဲ့ သဘောဆန္ဒကို Social Media တွေမှာ ဆန္ဒထုတ်ဖော်တဲ့နည်းလမ်းနဲ့ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ အတူ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုမှာ ပါဝင်နိုင်ပါတယ်။
#DoMoreSingapore #SG_BlockArmsJunta #ForwardSG #WhatsHappeningInMyanmar
#BloodMoneyCampaignMM
Repost from DYC4MM
“ နောက်ဆုံးပိတ် အိတ်နဲ့လွယ် လက်မှတ်ထိုးလို့ အားစိုက်မယ်”
🔹လာမယ့် အောက်တိုဘာ ၂၉ ရက်နေ့ ဟာ အကြမ်းဖက် စစ်တပ်အနေနဲ့ ပြည်သူတွေလက်ထဲက အာဏာကိုလုယူခဲ့တာ ရက်ပေါင်း ၁၀၀၀ ပြည့်မှာဖြစ်ပါတယ်။
အဲ့ဒီ အာဏာလု ရက်ပေါင်း ၁၀၀၀ ပြည့်မယ့် အောက်တိုဘာ၂၉ ရက်နေ့မှာ စင်ကာပူအစိုးရကို စာပို့ပြီး စင်ကာပူနိုင်ငံကနေ အကြမ်းဖက်စစ်တပ်ကို လက်နက် ရောင်းချနေတာတွေကို တာမြစ် အရေးယူပေးဖို့နဲ့ စင်ကာပူ ဘဏ္ဍာရေးစနစ်တွေ အကြမ်းဖက်စစ်အုပ်စုကို အသုံးပြုခွင့်ပေးနေတာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုသွားကြပါမယ်။ ဒီလှုပ်ရှားမှုမှာ ပြည်သူတစ်ဦးချင်းစီတိုင်း လက်မှတ်ရေးထိုးပြီး ပါဝင်နိုင်တဲ့ ရက်သတ္တပတ်လှုပ်ရှားမှု စတင်ပါပြီ။
တော်လှန်မိတ်ဆွေများခင်ဗျာ မြန်မာပြည်ကိုစစ်အာဏာရှင်စနစ်မှလွတ်မြောက်ရန် မိတ်ဆွေတို့ တစ်ဦးခြင်း၏လက်မှတ်များကောက်ခံလျက်ရှိပါသည်။
🔹အကြောင်းအရင်း
စင်ကာပူနိုင်ငံသည် အကြမ်းဖက်စစ်အုပ်စုအတွက် လက်နက်ရောင်းချနေသော တတိယအကြီးဆုံနိုင်ငံဖြစ်သကဲ့သို့ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံခြားဝင်ငွေများလက်ခံသိမ်းဆည်းပေးထားသည့် ပထမအကြီးဆုံးနိုင်ငံဖြစ်ပါသည်။ အကြမ်းဖက် စစ်တပ်သည် ထိုအရင်းအမြစ်များအားအသုံးပြု၍ နေ့စဉ် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်၍ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိပါသည်။ အကယ်၍ စင်ကာပူအစိုးရက မြန်မာစစ်တပ်ထံ လက်နက်များရောင်းချခြင်းအား
ရပ်တန့်လိုက်ပါက အကြမ်းဖက်စစ်တပ်၏စစ်ရာဇဝတ်မှုများဆက်လက်လုပ်ဆောင်နိုင်စွမ်းကို အကြီးအကျယ်ထိခိုက်သွားလိမ့်မည်ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးမှမှတ်ချက်ပြုထားပါသည်။
❓ဘယ်လိုတားဆီးကြမလဲ
ထို့ကြောင့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုနှင့်အတူ ပြည်တွင်းနှင့် နိုင်ငံခြားမိတ်ဖက်အဖွဲ့အစည်းများမှ စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့၍
၁. မြန်မာစစ်အုပ်စုထံလက်နက်များ ရောင်းချနေသော စင်ကာပူလက်နက် ကုမ္ပဏီများအား စစ်ဆေးမှုပြုလုပ်ရန်
၂. စင်ကာပူနိုင်ငံမှ စစ်အုပ်စုထံ လက်နက်များရောင်းချနေခြင်းကို စင်ကာပူအစိုးရမှ ပိတ်ဆို့တားဆီးပေးရန်
၃. စင်ကာပူအစိုးရမှ အကြမ်းဖက်စစ်အုပ်စုအား စင်ကာပူဘဏ္ဍာစနစ်များသုံးစွဲခွင့်ကို ပိတ်ဆို့ပေးရန်စသည်တို့ကို တောင်းဆိုသွားမည်ဖြစ်ပါသည်။
❓ပြည်သူတွေ ဘယ်လိုပါဝင်နိုင်သလဲ
ပြည်သူများ၏လက်မှတ်များအားကောက်ယူစုပေါင်း၍ စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူတစ်ဦးချင်းစီတိုင်း လက်မှတ်ထိုး၍ ပါဝင်နိုင်ပါသည်။ လက်မှတ်များများပါဝင်မှသာလျှင် ပိုမိုထိရောက်မှုရှိမည်ဖြစ်သောကြောင့် တော်လှန်ပြည်သူတစ်ဦးချင်းစီတိုင်း၏ လက်မှတ်များသည် အလွန်အရေးကြီးပါသည်။
လက်မှတ် ဘယ်လောက်ကောက်ယူမလဲ
လက်မှတ်များကို ယခု poster ပါ QR Scan တွင် Scan ပြုလုပ်၍ လက်မှတ်ရေးထိုးပါဝင်နိုင်ပါပြီ။
လက်မှတ်ထိုးသူ၏ အမည်အရင်းအား ဖေါ်ပြရန် မလိုပါပဲ မိမိတို့ အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးတောင်းဆိုသူ၏ ပုဂ္ဂိုလ်ရေးရာ အချက်အလက်များကို လုံခြုံစိတ်ချမှုရှိစေရန် တာဝန်ယူသွားမည်ဖြစ်ပါသည်။
#Petition Here
https://docs.google.com/forms/d/e/1FAIpQLSdVjdnrE6CPgmm9gM4e5818RjNKVQjqw-TKUfNflfEIffCbbQ/viewform?usp=sf_link
#DoMoreSingapore #Singapore
#WhatIsHappeningInMyanmar
#democratic_youth_council #dyc
လာမယ့် အောက်တိုဘာ ၂၉ ရက်နေ့ ဟာ အကြမ်းဖက် စစ်တပ်အနေနဲ့ ပြည်သူတွေလက်ထဲက အာဏာကိုလုယူခဲ့တာ ရက်ပေါင်း ၁၀၀၀ ပြည့်မှာဖြစ်ပါတယ်။
အဲ့ဒီ အာဏာလု ရက်ပေါင်း ၁၀၀၀ ပြည့်မယ့် အောက်တိုဘာ၂၉ ရက်နေ့မှာ စင်ကာပူအစိုးရကို စာပို့ပြီး စင်ကာပူနိုင်ငံကနေ အကြမ်းဖက်စစ်တပ်ကို လက်နက် ရောင်းချနေတာတွေကို တာမြစ် အရေးယူပေးဖို့နဲ့ စင်ကာပူ ဘဏ္ဍာရေးစနစ်တွေ အကြမ်းဖက်စစ်အုပ်စုကို အသုံးပြုခွင့်ပေးနေတာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုသွားကြပါမယ်။ ဒီလှုပ်ရှားမှုမှာ ပြည်သူတစ်ဦးချင်းစီတိုင်း လက်မှတ်ရေးထိုးပြီး ပါဝင်နိုင်တဲ့ ရက်သတ္တပတ်လှုပ်ရှားမှု စတင်ပါပြီ။
တော်လှန်မိတ်ဆွေများခင်ဗျာ မြန်မာပြည်ကိုစစ်အာဏာရှင်စနစ်မှလွတ်မြောက်ရန် မိတ်ဆွေတို့ တစ်ဦးခြင်း၏လက်မှတ်များကောက်ခံလျက်ရှိပါသည်။
အကြောင်းအရင်း
စင်ကာပူနိုင်ငံသည် အကြမ်းဖက်စစ်အုပ်စုအတွက် လက်နက်ရောင်းချနေသော တတိယအကြီးဆုံနိုင်ငံဖြစ်သကဲ့သို့ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံခြားဝင်ငွေများလက်ခံသိမ်းဆည်းပေးထားသည့် ပထမအကြီးဆုံးနိုင်ငံဖြစ်ပါသည်။ အကြမ်းဖက် စစ်တပ်သည် ထိုအရင်းအမြစ်များအားအသုံးပြု၍ နေ့စဉ် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်၍ စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိပါသည်။ အကယ်၍ စင်ကာပူအစိုးရက မြန်မာစစ်တပ်ထံ လက်နက်များရောင်းချခြင်းအား
ရပ်တန့်လိုက်ပါက အကြမ်းဖက်စစ်တပ်၏စစ်ရာဇဝတ်မှုများဆက်လက်လုပ်ဆောင်နိုင်စွမ်းကို အကြီးအကျယ်ထိခိုက်သွားလိမ့်မည်ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးမှမှတ်ချက်ပြုထားပါသည်။
ဘယ်လိုတားဆီးကြမလဲ
ထို့ကြောင့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုနှင့်အတူ ပြည်တွင်းနှင့် နိုင်ငံခြားမိတ်ဖက်အဖွဲ့အစည်းများမှ စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့၍
၁. မြန်မာစစ်အုပ်စုထံလက်နက်များ ရောင်းချနေသော စင်ကာပူလက်နက် ကုမ္ပဏီများအား စစ်ဆေးမှုပြုလုပ်ရန်
၂. စင်ကာပူနိုင်ငံမှ စစ်အုပ်စုထံ လက်နက်များရောင်းချနေခြင်းကို စင်ကာပူအစိုးရမှ ပိတ်ဆို့တားဆီးပေးရန်
၃. စင်ကာပူအစိုးရမှ အကြမ်းဖက်စစ်အုပ်စုအား စင်ကာပူဘဏ္ဍာစနစ်များသုံးစွဲခွင့်ကို ပိတ်ဆို့ပေးရန်စသည်တို့ကို တောင်းဆိုသွားမည်ဖြစ်ပါသည်။
ပြည်သူတွေ ဘယ်လိုပါဝင်နိုင်သလဲ
ပြည်သူများ၏လက်မှတ်များအားကောက်ယူစုပေါင်း၍ စင်ကာပူအစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူတစ်ဦးချင်းစီတိုင်း လက်မှတ်ထိုး၍ ပါဝင်နိုင်ပါသည်။ လက်မှတ်များများပါဝင်မှသာလျှင် ပိုမိုထိရောက်မှုရှိမည်ဖြစ်သောကြောင့် တော်လှန်ပြည်သူတစ်ဦးချင်းစီတိုင်း၏ လက်မှတ်များသည် အလွန်အရေးကြီးပါသည်။
လက်မှတ် ဘယ်လောက်ကောက်ယူမလဲ
လက်မှတ်များကို ယခု poster ပါ QR Scan တွင် Scan ပြုလုပ်၍ လက်မှတ်ရေးထိုးပါဝင်နိုင်ပါပြီ။
လက်မှတ်ထိုးသူ၏ အမည်အရင်းအား ဖေါ်ပြရန် မလိုပါပဲ မိမိတို့ အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးတောင်းဆိုသူ၏ ပုဂ္ဂိုလ်ရေးရာ အချက်အလက်များကို လုံခြုံစိတ်ချမှုရှိစေရန် တာဝန်ယူသွားမည်ဖြစ်ပါသည်။
#Petition Here
https://form.jotform.com/232774477524465
#DoMoreSingapore #Singapore
#WhatIsHappeningInMyanmar
နိုင်ငံရေးအထူးပြုသင်တန်း (အခြေခံအဆင့်)
[DYC-CS-B1)
ဒီမိုကရက်တစ်လူငယ်ကောင်စီ၏ မျှော်ရည်ချက်များထဲမှ တချက်ဖြစ်သည့် လူငယ်များ နိုင်ငံရေးတွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်လာစေရေးသည် တော်လှန်ရေး၏ အဆုံးအဖြတ် ဖြစ်သကဲ့သို့ တော်လှန်ရေးအလွန် နိုင်ငံရေးအခင်းအကျင်းတွင်လည်း အရေးပါလှပါသည်။ယခု နိုင်ငံရေးအထူးပြုသင်တန်းတွင် လေ့လာကြရမည့် နိုင်ငံရေးဆိုင်ရာဘာသာရပ်များကတော့ နိုင်ငံရေး၊နိုင်ငံရေးလေ့လာမှုဆိုင်ရာ လေ့လာချဉ်းကပ်မှု၊နိုင်ငံရေးသီအိုရီများ၊မော်ဒယ်လ်များ၊ပုံစံများ၊နိုင်ငံရေးဆိုင်ရာ ပါရာဒိုင်း၊နိုင်ငံရေးစနစ်များ၊နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်များ နှင့် နိုင်ငံရေးဆိုင်ရာ အယူအဆများ စသည့် ခေါင်းစဉ်များကိုလေ့လာကြရမှာဖြစ်ပါသည်။မိမိတို့ နိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖက်ဒရယ်နိုင်ငံရေးအုပ်ချုပ်မှုစနစ်ဆိုင်ရာတော်လှန်ရေးသို့ လျှောက်လမ်းနေကြရာတွင် ပြည်သူများ၏ နိုင်ငံရေးအသိပညာများ၊နိုင်ငံရေးဆိုင်ရာ နားလည်သဘောပေါက်မှု၊လိုက်နာဆောင်ရွက်မှုများ မှတဆင့် အနာဂတ်ကို ပုံဖေါ်ကြရမှာဖြစ်တဲ့ အတွက် အဆိုပါ နိုင်ငံရေးအထူးပြုသင်တန်းအား စီစဉ်ပို့ချရခြင်းဖြစ်ပါသည်။ အဆိုပါသင်တန်းကို နိုင်ငံရေးကို အထူးပြုလေ့လာလိုကြသည့် ပြည်သူတိုင်း ကန့်သတ်ချက်မရှိ တက်ရောက်နိုင်ပြီး အသက်အရွယ်၊ကျားမ၊လိင်နှင့်လိင်စိတ်ကွဲပြားမှုများအပေါ် အခြေမခံပဲ သင်တန်းလက်ခံရေးဆိုင်ရာ မူဝါဒများနှင့်အညီ လက်ခံပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။
[သင်တန်းကြေး အခမဲ့ဖြစ်ပါသည်]
https://docs.google.com/forms/d/e/1FAIpQLSfBeOuD9RBWQgfHRHSHKvKbI-LmVbAW99w_p2DsedzGiKdjtg/viewform?usp=sf_link
“လူငယ်မှ လူငယ်သို့ “ အစီအစဉ် သင်တန်းများရေရှည်ဖွင့်လှစ်ရပ်တည်နိုင်စေရန် တစ်ဦးချင်းဖြစ်စေ၊အစုအဖွဲ့အလိုက်ဖြစ်စေ လှူဒါန်းပေးခြင်း၊စေတနာ့ဝန်ထမ်းအဖြစ် ပြန်လည်ပါဝင်ခြင်း စသည့် ပါဝင်မှုများကိုလည်း လက်ခံပေးသွားမည် ဖြစ်ပါသည်။
ညီညာမှ ပြည်သာမည်
တော်လှန်ရေးဆိုတာဟာ ငါပိုင်မဟုတ်ဘူးဆိုတာ သတိရစေချင်တယ်။ တော်လှန်ရေးမှာ ကြည့်ရူထောက်ထား အားတင်းဆောင်ရွက်ရမှာက နိုင်ငံ့အကျိူးစီးပွါးနဲ့ ပြည်သူ့အကျိုးစီးပွါးရယ်ပါ။ တစ်စုတဖွဲ့ အကျိူးစီးပွါးကို ရှေ့တန်းတင်နေပါက တော်လှန်ရေးနဲ့ လွဲနေအုံးပါလိမ့်မယ်။တော်လှန်ရေးဟာ ရှေ့ဆက်နေမှာပါ။ ကိုယ့်အဖွဲ့၊ကိုယ့်အကျိုးစီးပွါး၊ပဲကြည့်ပြီး ဆောင်ရွက်နေသူတွေရဲ့ သမိုင်းဟာ အဖုအထစ်တွေ၊ခနော်ခနဲ့တွေနဲ့ မပြေပြစ်တဲ့ သမိုင်းတစ်ခုသာ ကျန်ရစ်နေမယ်ဆိုတာ မဖြစ်စလောက်အားနဲ့ တိုက်တွန်းလိုက်ရပါတယ်။ စုပေါင်းစွမ်းဆောင်၍ ဖန်တီးကြပါမှ ပြည်သူ့အနာဂတ်လှပမှာပါ။ ငြင်းခုံနေခြင်းဟာ တော်လှန်ရေးကို ရှေ့မရောက်စေပါဘူး။သည်းခံခြင်းဟာ တော်လှန်ရေးကို ခရီးပေါက်စေမှာမို့ ဆက်လက်ရှေ့ဆက်ကြစို့။
ဥက္ကဌ
ဒီမိုကရက်တစ်လူငယ်ကောင်စီ
ပြည်သူလူထုသို့ ပန်ကြားချက်
# ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ထိတိုင် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက ပြည်သူလူထု တစ်ရပ်လုံးအပေါ် မတရားမှုပြုခဲ့သည့် အချိန်ကာလ အတိုင်းအတာသည် ပြည်သူများနှင့်အတူ ဖမ်းဆီးခံနိုင်ငံ့ ခေါင်းဆောင်များ၊ နိုင်ငံရေးအကျဥ်းသားများ၏ အခွင့်အရေးများဆုံးရှုံးခဲ့ရသည့် အချိန်ကာလနှင့် ထပ်တူဖြစ် သည်။
# ပြည်သူလူထုသည် မတရားစစ်အာဏာသိမ်းမှုကို ယနေ့တိုင် အာခံဖီဆန်လျက် မြို့ပြ ကျေးလက်မကျန် တော်လှန်နေကြသည်မှာ ယနေ့တိုင် မျက်မြင်ဖြစ်သည်။
# ပြည်သူလူထု၏ ကြိုးပမ်းမှုဖြင့် အဘက်ဘက်တွင် စစ်ကောင်စီ၏ အင်အားချိနဲ့ အားနည်းယုတ်လျှော့လာမှုတို့ နှင့်အတူ ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများ၏ အနာဂတ်ရောင်နီတို့ကို တစ်ပါတည်း မြင်တွေ့နေရပြီဖြစ်သည်။
# ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ကြာသပတေးနေ့ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီတွင် မတရား အကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိလွတ်မြောက်ရေးနှင့် ဒေါ်အောင်ဆန်းစု ကြည် ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သသည့် ဆန္ဒပြုဆုတောင်းပွဲ ကျင်းပသွားမည်ဖြစ်ပါသည်။
# ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြန်မာပြည်သူများ၊ တော်လှန်ပြည်သူများအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိလွတ်မြောက်ရေးအတွက် ဆန္ဒပြုဆုတောင်းပွဲတွင် ပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းပန် ကြား အပ်ပါသည်။
နွေဦးအောင်လံ ဆုတောင်းပွဲကျင်းပရေးအဖွဲ့
#အကြမ်းဖက်စကစ_လုံးဝအုပ်ချုပ်ခွင့်မရစေရ
#PeoplePowerNetwork
#အရေးတော်ပုံအောင်ရမည်
ဒီမိုကရက်တစ်လူငယ်ကောင်စီအနေဖြင့် “လူငယ်မှလူငယ်သို့ အစီအစဉ် မူဝါဒအား ရေးဆွဲ၍ လူငယ်များ၏ နိုင်ငံရေး၊စွမ်းရည်မြှင့်တင်ရေး၊အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများ ပို့ချဖြန့်ဝေလျှက် ရှိပါသည်။ လူငယ်များ စွမ်းရည်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအနေဖြင့် စီစဉ်၍
(က) စဉ်ဆက်မပြတ် နိုင်ငံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ ( Sustainable Political Development Sharing Program,SPDSP)
(ခ) စဉ်ဆက်မပြတ် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် ( Sustainable Vocational Development Sharing Program,SVDSP)
(ဂ) စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုနှင့် အကဲဖြတ်ခြင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် ( Sustainable Evacuating and Management Development Sharing Program, SEMDSP)
စသည့် ကဏ္ဍသုံးရပ်ကို ခွဲခြား၍ ထိရောက်အောင် အကောင်အထည်ဖေါ်လျှက်ရှိပါသည်။
စဉ်ဆက်မပြတ် နိုင်ငံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ ( Sustainable Political Development Sharing Program,SPDSP)အရ လူထုအင်အားဖြင့်အပြောင်းအလဲဖေါ်ဆောင်ခြင်း၊ကုလသမဂ္ဂအဖွဲ့အစည်းနှင့် လူ့အခွင့်အရေး၊အခြေခံ နိုင်ငံရေး စီမံခန့်ခွဲမှုအား ချည်းကပ်လေ့လာခြင်းစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးသင်ကြားပို့ကြပေးခဲ့ပြီး လျှောက်ထားသူပေါင်း အသက် ၁၅နှစ်မှ ၃၅နှစ်အတွင်း အမျိုးသား ၂၇၈ဦး၊ အမျိုးသမီး ၁၄၅ဦး၊၃၅နှစ် အထက် အမျိုးသား ၄၀ဦး၊ အမျိုးသမီး ၁၆ ဦး၊ သင်တန်း အပတ်စဉ် ၁ မှ ၅ အထိ ဖွင့်လှစ်သင်ကြားပြီး ဖြစ်သည်။ တက်ရောက်ကြသူများထဲတွင် နိုင်ငံရေးအဖွဲ့အစည်းများ မှ ၅၅%၊ကျောင်းသားအဖွဲ့အစည်းများမှ ၂၅% နှင့် လူမှုရေး အဖွဲ့အစည်းနှင့် အခြား ၂၀ % နှုန်း တက်ရောက်ခဲ့ကြပါသည်။
စဉ်ဆက်မပြတ် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် ( Sustainable Vocational Development Sharing Program,SVDSP)သင်တန်းများ ဖြစ်သည့် အခြေခံအဂ်လိပ်စာသင်တန်း (၆)ကြိမ်၊ဆရာဖြစ် အဂ်လိပ်စာသင်တန်း (၂)ကြိမ်၊ လူမှုရေးအဂ်လိပ်စာ (Social English ) (၁)ကြိမ်၊အခြေခံစာရင်းကိုင်သင်တန်း (၁)ကြိမ် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဆက်လက်၍လည်း အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးဝမ်းကြောင်းသင်တန်းများ ဆက်လက်ဖွင့်လှစ်ရန် လျာထားလျှက်ရှိပါသည်။ အခြေခံအဂ်လိပ်စာသင်တန်း (၆)ကြိမ် တွင် သင်တန်းသားပေါင်း ၁၂၈၀ ကျော်၊ဆရာဖြစ် အဂ်လိပ်စာသင်တန်း (၂)ကြိမ်တွင် သင်တန်းသားပေါင်း ၂၆ဦး၊လူမှုရေးအဂ်လိပ်စာ (Social English ) (၁)ကြိမ် တွင် ၅၃ဦး၊အခြေခံစာရင်းကိုင်သင်တန်း (၁)ကြိမ် တွင် ၂၃ ဦး အထိ သင်ကြားပို့ချပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူပြုခဲ့သည်ဟူသော သတင်းစကားများလည်း ကြားသိခဲ့ရပါသည်။
ကျွန်တော်တို့၏ သင်တန်းအစီအစဉ်များကို သိရှိနိုင်ဖို့ STUDENTS AFfAIRS Telegram Channel လေးကို follow လုပ်ဖို့ မမေ့ကြပါနဲ့နော်။
https://t.me/YouthProgram_DYC
CONSTITUTIONAL STUDIES [DYC-CS]
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာမှုသင်တန်းသည် ပြည်သူများအတွက် ရည်ရွယ်သည့် သင်တန်းဖြစ်ပြီး အထူးသဖြင့် ဖက်ဒရယ်ဒီမိုကရေစီအား ဖေါ်ဆောင်နေသည့် ယနေ့ကာလတွင် ဖွဲ့စည်းပုံများ၏ အခန်းကဏ္ဍ၊ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမှု နဲ့ ပြည်ထောင်စုဖွဲ့မှုဆိုင်ရာ အသိပညာများ၊အကူးအပြောင်းကာလ တရားမျှတမှု၊တရားစီရင်ရေးနဲ့ လက်နက်ကိုင်အစုအဖွဲ့များ၏ အခန်းကဏ္ဍ စသည်တို့သည် အရေးပါသည့် လေ့လာသင့်သည့် အကြောင်းအရာများဖြစ်ပါသည်။ ထို့အပြင် အဆိုပါသင်တန်းသည် International IDEA အဖွဲ့၏ သင်ကြားမှု၊သင်ရိုးများကို ဒီမိုကရက်တစ်လူငယ်ကောင်စီ မှ ထပ်ဆင့်မျှဝေသည့် အစီအစဉ်လည်း ဖြစ်ပါသည်။
ဖွဲ့စည်းပုံရေးဆွဲရေးနှင့် စပ်လျဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအားလည်း အထူးအစီအစဉ်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သင်တန်းကာလ - ၃ပတ်
သင်တန်းအချိန် - ၇:၀၀နာရီ မှ ၈:၀၀ နာရီအထိ
သင်တန်းရက် - (စနေ၊တနင်္ဂနွေ)
စက်တင်ဘာလ ၂၃ရက်နေ့ မှ အောက်တိုဘာလ ၀၈ရက်)
[သင်တန်းကြေး အခမဲ့ဖြစ်ပါသည်]
လျှောက်ထားလိုသူများ အောက်ဖေါ်ပြ Link မှတဆင့် လျှောက်ထားနိုင်ပါပြီ။
https://forms.gle/68DFWabLGB8wtvva9
“လူငယ်မှ လူငယ်သို့ “ အစီအစဉ် သင်တန်းများရေရှည်ဖွင့်လှစ်ရပ်တည်နိုင်စေရန် တစ်ဦးချင်းဖြစ်စေ၊အစုအဖွဲ့အလိုက်ဖြစ်စေ လှူဒါန်းပေးခြင်း၊စေတနာ့ဝန်ထမ်းအဖြစ် ပြန်လည်ပါဝင်ခြင်း စသည့် ပါဝင်မှုများကိုလည်း လက်ခံပေးသွားမည် ဖြစ်ပါသည်။
တိုင်းဒေသကြီးတာဝန်ခံအဖွဲ့၊စစ်ကိုင်းတိုင်းဒေသကြီး၊
ဒီမိုကရက်တစ်လူငယ်ကောင်စီ မှ စီစဉ်ဖွင့်လှစ်သော
နိုင်ငံရေးအခြေခံသင်တန်း
ကို စက်တင်ဘာလ ၁၀ရက် မှ ၁၇ရက် အထိ တပတ်ကြာ သင်ကြားပေးသွားမှာဖြစ်ပါသည်။
အဆိုပါသင်တန်းကို စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူများအတွက် ရည်ရွယ်သင်ကြားပေးသွားမှာဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် တိုင်းဒေသကြီးတာဝန်ခံအဖွဲ့၊စစ်ကိုင်းတိုင်းဒေသကြီး သို့ ဆက်သွယ်စာရင်းပေးနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။
စက်တင်ဘာ ၈၊စစ်ကိုင်း
တိုင်းဒေသကြီးတာဝန်ခံအဖွဲ့၊စစ်ကိုင်းတိုင်းဒေသကြီး၊
ဒီမိုကရက်တစ်လူငယ်ကောင်စီ
https://www.facebook.com/profile.php?id=100084808580444&mibextid=nW3QTL
Repost from OCTOPUS (ရေဘဝဲ) 🐙
❝ ခေတ်လူငယ်သင်တန်း အမှတ်စဥ် (၅) ❞
ရေဘဝဲတွေဖွင့်ပြီ 🔴
ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်ကြမယ့်
ခေတ်လူငယ်တွေအတွက် ...
နိုင်ငံသားတိုင်းသိထားသင့်တဲ့ ပြည်သူ့နီတိ
ဟစ်အော်ကြွေးကြော်နေကြတဲ့ လူ့အခွင့်အရေး
လူငယ်တွေကြားထဲရေပန်းစားနေတဲ့ ဂျဲန်ဒါတန်းတူညီမျှမှု
ခေတ်ပြောင်း၊စနစ်ပြောင်းတော်လှန်ရေးမှာသိထားသင့်တဲ့ နိုင်ငံရေးပညာမိတ်ဆက်
လူနေမှုဘဝမှာကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး
စတဲ့ဘာသာရပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန နဲ့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) တို့က ပူးပေါင်းဖွင့်လှစ်ပြီး အခမဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
ဘာတဲ့ အခမဲ့ !!!
ဟုတ်ပါတယ် အခမဲ့ပါ။လေးလေးစားစားနဲ့
မပျက်မကွက် သင်ယူလေ့လာဆွေးနွေးဖို့ပဲ လိုပါမယ်။
အသေးစိတ်ကို ဖော်ပြပါပိုစတာမှာကြည့်လို့ရပါတယ်။
လျှောက်လွှာတင်ရမယ့် တယ်လီဂရမ်အကောင့်က
@OCTOPUSmanagment
#ခေတ်လူငယ်
#MOWYCA #OCTOPUS #ရေဘဝဲ
Repost from DYC4MM
Cyber Security Essential - Batch 3 သင်တန်းအား ဒီမိုကရက်တစ်လူငယ်ကောင်စီမှ ဖွင့်လှစ်လျှက်ရှိ
ရန်ကုန်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၅ ရက်
ဒီမိုကရက်တစ်လူငယ်ကောင်စီ မှစီစဉ်ဖွင့်လှစ်သော Cyber Security Essential - Batch 3 သင်တန်း ကို Saya Dark မှ သင်ကြားပေးပြီး ရက်သတ္တပတ် (၄)ပတ်ကြာ ကျင်းပဖွင့်လှစ်မည်ဖြစ်ပါသည်။
အဆိုပါသင်တန်းကို နိုင်ငံရေး၊ တော်လှန်ရေး မဟာမိတ်အင်အားစုများ၏ နိုင်ငံရေးကဏ္ဍ စွမ်းရည်မြှင့်တင်နိုင်စေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နိုင်ငံသားများ မိမိတို့ ဒေသတွင်း နိုင်ငံရေး၊တော်လှန်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ တည်ဆောက်ရေးနှင့် မိမိ ကံကြမ္မာ မိမိ ဖန်တီးနိုင်စေရေး စသည့် ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်လျှက်ရှိပြီး လူငယ်အဖွဲ့အစည်းများ၊နိုင်ငံရေးအင်အားစုများပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအပြင် CDMs လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြသည့် သူရဲကောင်းများ တက်ရောက်သင်ကြားလျှက်ရှိပြီး သင်တန်းသားဦးရေ ၉၀ ဦး လျှောက်ထားခဲ့ကြောင်းလည်း သိရှိရပါသည်။
ဒီမိုကရက်တစ်လူငယ်ကောင်စီ
လူငယ်နိုင်ငံရေးအဖွဲ့အစည်း
#Democratic_Youth_Council
#ForTheYouthByTheYouth
ဒီမိုကရက်တစ်လူငယ်ကောင်စီမှ ဩဂုတ်လ ၅ရက်နေ့တွင် ဖွင့်လှစ်မည့် CSET -Batch 3 သင်တန်း သို့ လျှောက်ထားမှုကို ကျေးဇူးအထူးတင်ရှိပါသည်။ သင်တန်းသူများ၏ ဖြည့်စွက်ထားသည့် Email address သို့ သင်တန်းဆိုင်ရာ အချက်အလက်များ ပေးပို့ထားရှိပြီးဖြစ်သလို Email စစ်ဖို့ကိုလည်း မမေ့ကြဖို့ တိုက်တွန်းအပ်ပါတယ်ဗျ။
