2 549
Subscribers
No data24 hours
+677 days
+7630 days
Posts Archive
Rangasthalam [2018]
ဇာတ်လမ်းလေးကတော့၁၉၈၀ခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးက ဇာတ်လမ်းတပုဒ်ပဲ ဖြစ်ပါတယ်။
ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူးရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်။
ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ် (၃၀) ဆ က်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါလူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူးသူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။
ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး သူကြီးနေရာက ဝင်ပြိုင်မယ်လို့ စိန်ခေါ်လိုက်တဲ့သူ တစ်ယောက်ရှိပါတယ်။
သူနာမည်က ကူမာရ် ဘာဘူပါကူမာရ်ဟာ ချစ်တီးဘာဘူရဲ့ အစ်ကိုဖြစ်ပြီး၊ ဒူဘိုင်းမှပြန်လာတဲ့ ပညာတတ် တစ်ယောက်လည်း ဖြစ်ပါတယ်။
မတရားမှုကို ရင်ဆိုင်ဖို့ သူကြီးအဖွဲ့နဲ့ထိပ်တိုက်တွေ့နေတဲ့ အစ်ကိုဖြစ်သူကို ချစ်တီးဘာဘူတစ်ယောက်
Yashoda [2022]
IMDB: 8.4/10
ဒီတစ်ခါတော့ ဇာတ်လမ်းအစတည်းက ရှုပ်ထွေးမှုတွေ မြှုပ်ကွက်တွေနဲ့ အစပြုထားတဲ့ ကားလေးတင်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းအစမှာ
-ဟောလိဝုဒ်အကျော်အမော်မင်းသမီးဟာ အိန္ဒိယလာပြီး ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့တယ်
-အိန္ဒိယရဲ့ သူဌေးကြီးတစ်ဦးဟာ သူ့ချစ်သူ Miss India Pageant က ထိပ်တန်းမော်ဒယ်တစ်ဦးအာရူရှီနဲ့အတူ ကားအက်ဆီးဒင့်နဲ့ သေဆုံးသွားခဲ့တယ်
ဒီလို အကျော်အမော်နှစ်ဦးကားအက်ဆီးဒင့်ဖြစ်သေဆုံးရတာဟာ သွေးရိုးသားရိုးလား နောက်ကွယ်က အကြောင်းအရင်းတွေရှိနေလားဆိုတာ အားလုံးကသိချင်နေကြပါတယ်
လိုက်စစ်ဆေးရင်း အာရူရှီဟာ ကြော်ငြာတွေလက်မခံခင်စစ်ဆေးတတ်တဲ့သူ ဖြစ်ကြောင်းတွေ့ရှိခဲ့တယ်
သူ့ရဲ့ မေးလ်တွေထဲကနေ ပစ္စည်းတစ်ခုဟာသံသယဝင်စရာကောင်းတာမို့ စာချုပ်မချုပ်ဖို့ သတိပေးထားတဲ့ မေးလ်တစ်ခုတွေ့ရှိခဲ့တယ်
အဲဒီပစ္စည်းဟာ နိုင်ငံအကြီးအကဲတစ်ယောက်နဲ့ ဆက်စပ်သူထုတ်လုပ်တဲ့ပစ္စည်း-တစ်ဖက်မှာလည်း ယာရှိုဒါဟာ သူ့ညီမလေးခွဲစိတ်ခအတွက် အငှားကိုယ်ဝန်ဆောင်ပြီးဖြေရှင်းဖို့ လုပ်နေပါတယ်
ဒီမှာလည်း သူ့ရဲ့သားအိမ်အားနည်းချက်ကြောင့် ကိုယ်ဝန်ကို ဒီတစ်ကြိမ်ပဲဆောင်ခွင့်ရတော့မယ်ဆိုတာကို ဆရာဝန်ကထိမ်ချန်ထားပါတယ်
Vikram [2022]
==============
HC DVDrip ဗားရှင်း
ဒီရုပ်ရှင်ကတော့ ရုံတင်ပြီး သုံးရက်အတွင်း
ကုဋေ၁၀၀ကျော်ရရှိထားပြီးworld wideအနေနဲ့ကုဋေ၂ရာကျော်ရရှိတဲ့အထိ အောင်မြင်ထားတဲ့ရုံတင်ကားပဲဖြစ်ပါတယ်
တောင်ပိုင်းက စူပါစတားတွေဖြစ်ကြတဲ့ မင်းသားကြီး ကမာလ်ဟာစန်း ဗီဂျေးစည်သူပတီ ဖဟဒ်ဖာဆစ်လ် ဆူရီးယားတို့အပြိုင်ကြဲပြီးပါဝင်တစ်ယောက်ဆောင်ထားတယ်....
တောင်ပိုင်းအက်ရှင်တွေကိုဆိုရင် အိုဗာများလွန်းလို့ မကြည့်ရဲတဲ့ ပရိသတ်တွေအတွက်လည်း ဒီဇာတ်ကားမှာ လုံးဝ အိုဗာအက်ရှင်တွေမပါဘဲ နောက်ဆုံးထိ ဇာတ်ကွက်ကို ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်....
ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အစိုးရအရာရှိတွေကိုချည်း လိုက်သတ်နေတဲ့ မျက်နှာဖုံးစွပ်
ကွင်းဆက်လူသတ်သမားအဖွဲ့တစ်ဖွဲ့ရှိရှိနေတယ်....
လူသတ်ပြီးရင် ခြေရာလက်ရာ ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် ရဲဌာနကိုပါ လူသတ်ဗီဒီယိုကို ရိုက်ပို့တဲ့ထိ ရဲတင်းသတ္တိပြောင်လွန်းလှတဲ့အဖွဲ့တဖွဲ့ရှိတယ်...
ဌာနကလူတွေက ဒီအမှုကိုမနိုင်တော့တဲ့အတွက် ဘလက်စကွက်ဒ်ဆိုတဲ့အဖွဲ့ကို တာဝန်ပေးလိုက်တယ်....ဒီအဖွဲ့ကလည်း မဖြေရှင်းနိုင်တဲ့အမှုရယ်လို့ကို မရှိတဲ့ထိ ဂုဏ်သတင်းကျောဇောပြီး ညဏ်ပြေးတဲ့အဖွဲ့ပါ..
ဒီလို ပြိုင်စံရှားအဖွဲ့နှစ်ဖွဲ့ကြား ညဏ်ကစားမှုတွေ
ထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်း အများကြီးနဲ့မို့ အားရကျေနပ်စေမှာ အမှန်ပါပဲ.....
#Credit
#ChannelMyanmar
လွန်ခဲ့တဲ့၇နှစ်က ဖြစ်ခဲ့တဲ့အမှုမှာ သားဖြစ်သူတွေကိုဆုံးရှုံးလိုက်ရတဲ့ Samudharamမိသားစု နဲ့
သားသေဆုံးမှုမှာတာဝန်ရှိနေတဲ့ PRVမိသားစု ဆိုပြီး ရွာနှစ်ခြမ်းကွဲသွားခဲ့ပါတယ်
မိသားစုနှစ်ဖက်လုံးကလည်း ကျိကျိတက်နဲ့ နာမည်ကြီးကြတဲ့လူတွေချည်းပါပဲ
မင်းသားကြီး Arun Vijay ကတော့ PRV ဘက်ပါ ဖအေတူမအေကွဲဖြစ်နေတာကြောင့် ဖအေ့ဘက်ကပါလာတဲ့အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ
ကြင်ကြင်နာနာနဲ့ လူတိုင်းချစ်ခင်ကြပြီး
တစ်ဖက်မိသားစုရဲ့သားသေဆုံးမှုကိုတာဝန်ရှိတယ်လို့ခံယူထားတဲ့တစ်ဦးတည်းသောလူပေါ့
အငယ်ဆုံးဖြစ်ပေမယ့် တစ်အိမ်လုံးကို ဆင်တစ်ကောင်လိုထမ်းပိုးပြီး ကာကွယ်လိမ့်မယ်ဆိုတဲ့ ဇာတာအရ ဖခင်ဖြစ်သူက အားကိုးနေရတဲ့ရာဗီးတစ်ယောက် နှစ်ဖက်မိသားစုရဲ့ ပဋိပက္ခတွေကြားက
မိသားစုကိုဘယ်လိုကယ်တင်မလဲ
ကြမ်းရမ်းနေလို့လည်းမပြီးသေးတာကြောင့်ကြားထဲမှာ ရိုမန့်လေးတွေနဲ့
ဘယ်လိုရိုကြမလဲ ခံစားမှုအစုံရစေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့်
စီးမျောသွားစေရန်တင်ဆက်ပေးလိုက်ရပါတယ်
#Credit
🇷 🇷 🇷
1920ခုနှစ် အိန္ဒိယနိုင်ငံကို ဗြိတိသျှအစိုးရ အုပ်ချုပ်နေစဥ်အခါက မြို့စားမင်း စကော့နဲ့ အမျိုးသမီးဖြစ်သူ ကတ်သရင်းတို့ဟာ အာသီလာဘတ်တောအုပ်ထဲကိုသွားရင်း မာလီဆိုတဲ့
ကလေးလေးတစ်ယောက်ကို အဆိုကောင်းတာကြောင့် မတရား ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်
မာလီရဲ့ အစ်ကိုဖြစ်တဲ့ ဘင်းတစ်ယောက်ကတော့ သူ့ညီမလေးကို ကယ်ဖို့ အစွမ်းကုန်ကြိုးစားနေရင်း
တစ်နေ့ ရာမာ(ရမ်) နဲ့ ဆုံခဲ့ပါတယ်
သူတို့နှစ်ယောက် အလုပ်အတူတူလုပ်ရင်းနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတာပေါ့
သို့သော် ဘင်းမသိခဲ့တဲ့ ရမ်ရဲ့အကြောင်းကတော့ ရမ်ဟာ အင်္ဂလိပ်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ရဲအရာရှိတစ်ယောက် ဖြစ်နေခဲ့တာပါ
ရမ်က ရဲသားတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ့်လူမျိုးတွေကိုပါ ညှာတာခြင်းမရှိ
နှိပ်စက်သတ်ဖြတ်နိုင်တဲ့သူတစ်ယောက်ပါ ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက်တွေအများကြီးရှိနေခဲ့ပါတယ်
ဘင်းနဲ့ ရမ်ရဲ့ ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်မှာလဲ…
ရမ်နဲ့ စီသာ (မင်းသမီး Alia Bhatt) ကကော ဘယ်လိုဆက်နွယ်မှုရှိနေတာလဲ….
IMDb 8.4/10 ရရှိထားပြီး ဗြိတိသျှအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတူ အဖိနှိပ်ခံပြည်သူတွေရဲ့ ဇာတ်ကြောင်းနဲ့ ဘဝတွေကို အကောင်းဆုံးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ
Laal Singh Chaddha [2022]
Forrest Gump Remake ကားလည်းဖြစ်
မင်းသားကလည်း မင်းသားကြီး အမီခန်းလည်းဖြစ်တော့
ကြည့်မကောင်းမှာ ပူစရာမလိုတော့ပါဘူး
နာမည်ကြီးကားကို ပြန်ရိုက်ထားတဲ့ ကားဖြစ်တော့
အများကြီးတော့ ညွှန်းစရာလိုမယ် မထင်ပါဘူးနော်
Kisi.Ka.Bhai.Kisi.Ki.Jaan(2023)
Genre: Action, Romance
ဒီကားလေးကတော့ နာမည်ကြီး မင်းသား Salman Khanရဲ့ Action Romanceကားလေးပါ။ မိဘတွေမရှိပဲ တကိုယ်တည်း ကြိုးစားကြီးပြင်းလာခဲ့တဲ့ ဘာဟိဂျန်(မင်းသား)ဟာ သွေးမတော် သားမစပ်တဲ့ မို့၊အချစ်၊အက်ရှ်ဆိုတဲ့ သူ့လိုမိဘမဲ့ကလေးသုံးယောက်ကို သူ့ညီအရင်းသဖွယ် ကြိုးစားစောင့်ရှောက်ပျိုးထောင်ပေးခဲ့တယ်။ မိန်းမယူချိန်တန်နေပြီဖြစ်တဲ့ ဘာဟိဂျန်က သူ့ညီသုံးယောက်အတွက် အနစ်နာခံပြီး မိန်းမမယူပဲနေနေပါတယ်။ သူ့ညီသုံးယောက်ကတော့ မိန်းမယူချင်နေတော့ လူပျိုကြီးအကိုကြီး ဘာဟိဂျန်အတွက် ကောင်မလေးရှာပုံတော်ဖြစ်လာတယ်။ သူတို့ရှာတွေ့လိုက်တဲ့ကောင်မလေးဟာ ဘာဟိဂျန်ရဲ့ exနာမည်နဲ့တူနေတဲ့ ဘာဟတ်ဂရာဆိုတဲ့ မိန်းမငယ်ချောချောလှလှလေးဖြစ်နေတဲ့အခါ….
ဒီလိုနဲ့ ဘာဟိဂျန်က သူ့exနဲ့နာမည်တူနေတဲ့ ကောင်မလေး ဘာဟတ်ဂရာနဲ့ အဆင်ပြေနိုင်ပါ့မလား? ဘယ်လိုတွေRoကြမလဲဆိုတာကို အခုပဲကြည့်ကြည့်လိုက်တော့နော်
Sita Ramam (2022)
Action, Drama, Mystery
IMDB 8.5/ 14k
ဒီတစ်ခေါက် CM က တင်ဆက်ပေးမှာကတော့
အားလုံးရဲ့အချစ်တော် မင်းသမီး ရက်ရှ်မီကာ ပါဝင်အားဖြည့်ပေးထားတဲ့
အိန္ဒိယ ပါကစ္စတန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်
အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီး
အိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ်
အိန္ဒိယကျောင်းသားနဲ့ ပါကစ္စတန်ကျောင်းသားတွေ
အဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကို
မီးရှိခဲ့တဲ့အတွက်
သူဟာ အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ကားကို
ပြန်ပြီး မီးရှိခဲ့ပါတယ်
အဲဒီအတွက် ဟိုဘက်က သူ့ကို တောင်းပန်ရင်ပန်
မဟုတ်ရင် လျော်ကြေး ၁ သန်းပေးရမယ်လို ပြောပါတယ်
ဒါနဲ့ပဲ အိန္ဒိယတွေကို တအားမုန်းတဲ့ အက်ဖရင်းဟာ
အိန္ဒိယတစ်ယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်လို
ဆုံးဖြတ်ပြီး အဘိုးဖြစ်သူဆီက ပိုက်ဆံတောင်းလိုက်ပါတယ်
ဒါပေမယ့် သူ့အဘိုးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်ပြီး
သေတမ်းစာထဲမှာ သူ လွန်ခဲ့တဲ့နှစ် (၂၀) က မတည်နိုင်ခဲ့တဲ့
ကတိတစ်ခုကို "အက်ဖရင်း" က တည်အောင်လုပ်ပေးရမယ်
အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို ရေးထားခဲ့ပါတယ်.....
7-A-u-m A-r-i-v-u (2011)
ဒီတစ်ခါတော့ တရုတ်နဲ့ အိန္ဒိယ
တွဲရိုက်ထားတဲ့ သိုင်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ကုလားသိုင်းကားလေးပေါ့။❤️
ဇာတ်လမ်းအကျဉ်း
ဟိုးရှေးရှေးအခါက အိန္ဒိယနိုင်ငံမှာ သိုင်းတစ်ဖက်ကမ်းကျွမ်းကျင်ပြီး မီးတွေကို ကိုင်တွယ်ပြီး တိုက်ခိုက်နိုင်ပြီး
စွမ်းအားကြီးမားလွန်းတဲ့ သိုင်း ဂုရုကြီး
တစ်ယောက်ရှိပါတယ်။
သူဟာ တရုတ်နိုင်ငံကိုထွက်လာခဲ့ပြီး
သူ့ရဲ့သိုင်းပညာတွေကို တရုတ်လူမျိုးတွေကို ပို့ချခဲ့ပါတယ်။
ရှောင်လင်သိုင်းတွေ တရုတ်သိုင်းတွေဟာ ဒီဂုရုကြီးဆီက ဆင်းသက်လာခဲ့ကြတာလို့ ဒီဇာတ်ကားထဲမှာ ပြသထားပါတယ်။
ယနေ့ခေတ်ရောက်တော့ တရုတ်နိုင်ငံဟာ
သိုင်းပညာတိုးတက်နေပြီး မူလသိုင်းပညာအစ
အိန္ဒိယမှာတော့ သိုင်းပညာ တိမ်မြုပ်ပျောက်ကွယ် နေပါပြီ။
တရုတ်နိုင်ငံက ရှောင်လင်ကျောင်းဆင်း သိုင်းပညာရှင် Dong Lee ဟာ
အိန္ဒိယမှာ သူ့ထက်ပိုတော်တဲ့ သိုင်းဆရာရှိနေတယ်ကြားလို့
အိန္ဒိယကိုလာပြီး လိုက်ရှာပါတော့တယ်။
တစ်ဖက်မှာလည်း ဂုရုကြီးဝင်စားတဲ့
အိန္ဒိယအင်ဂျင်နီယာကျောင်းသားဟာ
သိုင်းဆိုတာဘာမှန်းမသိပါဘူး။
တရုတ်သိုင်းပညာရှင်ကရော ဘယ်လောက် စကေးကြမ်းမလဲ၊
