en
Feedback
Chill With Movie (Chaina)

Chill With Movie (Chaina)

Open in Telegram
2 987
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
The Coldest City(2023)

The Coldest City ( 2023 ) ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံကို ကျူးကျော်ထားတဲ့ ဂျပန်တွေဟာ လက်နက်ချခဲ့ပါတယ်အဲဒီအချိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက တုန်းပေဆိုတဲ့ မြို့လေးမှာ အုပ်ချုပ်သူမဲ့နေတဲ့ အခြေအနေမှာ ဒုစရိုက်သမားတွေနဲ့ ပြည့်နှက်နေသလို မကောင်းတဲ့ အင်အားစုတွေဟာ ဒီမြို့လေးမှာ ကြီးစိုးနေပါတယ်။ သူငယ်ချင်းရဲ့ မိသားစုဖြစ်တဲ့ ဖန်းမိသားစုတစ်စုလုံး အသတ်ခံလိုက်ရတာအပြင် ဖူရှန်းဘဏ်က လူ ၃၇ ယောက် အသက်ပေးလိုက်ရတဲ့ အမှု‌ကြောင့် လက်စားချေဖို့အတွက် ပင်းမြို့ကို ရောက်လာခဲ့တဲ့ လက်ဖြောင့်သေနတ်သမား ကုညန့်၊ ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်တဲ့ လီမိသားစုက သခင်ကြီး လီဟွမ်နဲ့ သားဖြစ်သူ လီချင့်၊ ကုညန့်ကို ကူညီပေးမယ့် လုပ်ကြံသတ်ဖြတ်သူ လောင်ကျောင်း၊ ပင်းမြို့မှာ နေရာရဖို့ မကောင်းမှုအားလုံးကို ကျူးလွန်နိုင်တဲ့ လောဘဇောတိုက်နေတဲ့ စီးပွားရေးသမားတွေ…တစ်မြို့လုံးမှာ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေကြားမှာ ကုညန့်ရဲ့ လက်စားချေဖို့ အစီအစဥ်ဟာ အောင်မြင်နိုင်ပါ့မလား လုပ်ကြံသတ်ဖြတ်သူဖြစ်တိုင်း မကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို သက်သေပြသွားမယ့် လောင်ကျောင်းကရော ကုညန့်ကို ဘယ်လောက်အထိ ကူညီသွားမလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ အားပေးကြပါဦးဒီဇာတ်ကားဟာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲကာလမှာ တိုင်းပြည်ကာကွယ်ရေးမှာ တစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ သေနတ်သမားတွေကို ကိုယ်စားပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်

photo content

The First Myth:Daji(2021)

The First Myth: Daji ( 2021 ) ရှေး‌ဟောင်းမှော်ဆန်ဖွယ်ဒဏ္ဍာရီကားကြိုက်နှစ်သက်သူများအတွက် ဇာတ်ကားလေးတစ်ခုတင်ဆက်ချင်ပါတယ် တစ်ခါကအရမ်းတင့်တယ်လှပတဲ့မြေခွေးမျိုးနွယ်က ဘုရင်မတစ်ယောက်ရှိတယ်။ကံမကောင်းစွာနဲ့ မေရှန်တောင်ကမိစ္ဆာခုနှစ်ကောင်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ယွမ်ဟုန်ကဖမ်းဆီးသွားတယ်။အဲ့အချိန်မှာ ကျန်းကျီယာကမိစ္ဆာတွေကိုလိုက်နှိမ်နင်းရင်း မတော်တဆနဲ့မြေခွေးဘုရင်မကိုကယ်တင်ခဲ့ပေမယ့် သူ့အမြီးတစ်ချောင်းကိုဖြတ်ပစ်ခဲ့ရာမှဘာတွေဆက်ဖြစ်ခဲ့သလဲ နွီဝါးမယ်တော်ရဲ့ညွန်ပြမှုဖြင့် ကျိကျိုးမြို့ရဲ့မြို့စားမင်းစူးဟုရဲ့ သမီးဖြစ်သူတာကျီပေါ်လူဝင်စားလိုက်တဲ့အခါ….. ရှန်မင်းဆက်ဘုရင်ဖြစ်တဲ့ကျုံးမင်းကြီးက ကျိကျိုးမြို့ကိုလာတိုက်ခိုက်ရင်းနဲ့ မင်းသမီးတာကျီကိုဖမ်းဆီးလိုက်တယ်။သူတို့နှစ်ဦးတွေ့ဆုံတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦးမေတ္တာသက်ဝင်ပြီး တိုင်းပြည်ကိုအုပ်ချုပ်ဖို့ပြန်သွားကြတဲ့အချိန်မှာ တိုင်းပြည်ကတည်မြဲမလား၊ပဋိပက္ခဖြစ်မလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါ

photo content

Coyote's Deadly Action(2023)

Coyote’s Deadly Action ( 2023 ) ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ တရုတ်ပြည်မကြီးမှာ တချိန်တခါက ဖြစ်ပွားခဲ့တဲ့ဂျပန်စစ်အကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ။ဇာတ်လမ်းကတော့ (၁၉၄၃) ခုနှစ်ဂျပန်နဲ့တရုတ်စစ်ဖြစ်နေတာကို ဇာတ်အိမ်တည်ထားပြီးတော့လက်နက်ထုတ်ရမှာအရေးပါအရာရောက်တဲ့ အဖြိုက်နက်သတ္တုတစ်မျိုးကကွန်မြူနစ်ပါတီအဖွဲ့ဝင် ဝမ်ဟွာဦးဆောင် ဖွက်ထားပြီးချန်းလန်ကွန်မန်ဒိုတပ်ဖွဲ့ကနေလိုက်လံကာကွယ်ပေးနေတာပေါ့။ ဂျပန်ဘက်ကလည်းအဲ့အဖြိုက်နက်ဖွက်ထားတဲ့နေရာကို သိရဖို့အတွက်ဝမ်ဟွာကိုဖမ်းဆီးကာ မေးမြန်းဖော်ထုတ်ခဲ့ပေမဲ့ ဘာအဖြေမှမရခဲ့ပဲဝမ်ဟွာကတော့ အသက်စတေးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ဝမ်ဟွာဖွဲ့စည်းထားတဲ့ တပ်ဖွဲ့သစ် (၄) တည်နေရာနဲ့အဆက်သွယ်လုပ်ဖို့ရန်အတွက် ချန်းလန်ကွန်မန်ဒိုအဖွဲ့နဲ့ အိုးယန်ပင်း, လုယန်တို့က ပူးပေါင်းရှာဖွေကြတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ရူပ်ထွေးလှတဲ့ နိုင်ငံရေးအခြေအနေကြားမှာ ဘယ်လိုတွေပတ်သက်ဆက်နွယ်နေကြမလဲ။ သူတို့ရှာနေတဲ့ အဖြိုက်နက်တည်နေရာကိုကော ရှာတွေ့ကြမှာလား။အစရှိတဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကွက်တွေနဲ့ မေးခွန်းတွေကိုဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်

photo content

Martial Universe ( 2018 ) အားလုံးသိကြတဲ့ Yang Yang(ယန်ယန်)ရဲ့2018ကထွက်ရှိခဲ့တဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီနော် လွန်ခဲ့တဲ့နှစ်ရာကျော်တုန်းက တာအိုသခင်ကြီးက နတ်ဝိညာဉ်စွမ်းအားကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့ပေမဲ့ အမှတ်မထင် လောကတံခါးကို ဖွင့်ချမိခဲ့တယ်၊ ဒီလိုနဲ့ တစ်ခြားကမ္ဘာခြား မှော်မိစ္ဆာက ရောက်ရှိလာခဲ့ပြီး ကမ္ဘာကြီးကို ကပ်ဘေးစိုက်စေခဲ့တယ်။ဒီလိုနဲ့ တာအိုသခင်ကြီးက တပည့်ရှစ်ဦးကိုဦးဆောင်ပြီး မှော်မိစ္ဆာကို တိုက်ခိုက်ချိတ်ပိတ်ခဲ့တယ်၊ဒါပေမဲ့ နှစ်ရာချီကျော်လွန်ပြီးနောက်မှာတော့ မှော်မိစ္ဆာက သွေးဆူလာခဲ့တော့တယ်။ မှော်မိစ္ဆာပြန်လည်ထကြွလာတဲ့အခါ ကမ္ဘာကြီးပျက်သုန်းခြင်းကပ်ဘေးဆိုက်ရောက်မှာဖြစ်ပါတယ်။ တစ်ဖန် မှော်မိစ္ဆာကိုသုတ်သင်ရှင်းလင်းဖို့ လူ့ပြည်ဆင်းသက်လာကြတဲ့ တာအိုဆရာအဖွဲ့အစည်းနဲ့ လင်သုန်းဆိုတဲ့ ပေါ့ပျက်ပျက်ကောင်လေးတို့ တွေ့ဆုံခဲ့ကြတယ်၊ အဲ့ဒီအချိန် တာအိုသခင်ကြီးက လင်သုန်းကို အဖွဲ့အစည်းဂိုဏ်းထဲဝင်ပြီး ဂိုဏ်းအကြီးအကဲရာထူးဆက်ခံဖို့ ကမ်းလှမ်းခဲ့ပြီးနောက်မှာတော့ …-မှော်မိစ္ဆာကိုဘယ်သူကဇီဝိန်ခြွေနိုင်မလဲ -လင်သုန်းကရော ဘယ်လိုရဲစွမ်းသတ္တိလမ်းကိုခင်းမလဲဆိုတာ အသေးစိတ်ကို ဆက်လက်ကြည့်ရှုခံစားပါ

photo content

White Fox Love Affair (2023)

White Fox Love Affair 2023 အခုတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ မိစ္ဆာမျိုးနွယ်ကိုအခြေတည်ထားတဲ့ဇာတ်လမ်းလေးပါ.... ဝူရှန်းဂိုဏ်းမှာ ဖန်တီးထားတဲ့မိစ္ဆာသန့်စင်ဓာတ်လုံးကို မြေခွေးမိစ္ဆာ ညီအစ်မနှစ်ယောက်ခိုးယူရင်း အစ်မဖြစ်သူ ပိုင်စူးစူးက မတော်တဆ စုပ်ယူလိုက်မိသွားခဲ့တယ်... ဓာတ်လုံးရဲ့တန်ပြန်မှုကြောင့် အရာအားလုံးကိုမေ့ပြီးဝူရှန်းတောင်အောက်က ဝူယိုးရွှာငယ်လေးက စိတ်ထားဖြူစင်တဲ့သမားတော်လေး ဟယ်အန်းရှန်းက ကယ်တင်ခြင်းကိုခံခဲ့ရတယ်.... ဟယ်အန်းရှန်းကတော့ ကျင့်စဥ်တွေကိုစိတ်ဝင်စားတတ်ပြီး သတ္တဝါအားလုံးကို ကယ်တင်တတ်တဲ့စိတ်ထားဖြူစင်တဲ့သမားတော်လေးတစ်ယောက်ပေါ့... အရာအားလုံးကိုမေ့နေတဲ့ မြေခွေးမိစ္ဆာမလေး ပိုင်စူးစူး နဲ့ စိတ်ထားဖြူစင်တဲ့သမားတော်လေး ဟယ်အန်းရှန်းတို့ လူနဲ့ မိစ္ဆာအတူမနေရ သတ်မှတ်ထားတဲ့ လောကကြီးထဲမှာ ရှေ့ဆက်ဘယ်လိုဆက်ဖြစ်ကြမလဲ...... မိစ္ဆာသန့်စင်​ဓာတ်လုံးကြောင့် အတိတ်မေ့တာကရောပျောက်ကင်းသွားမှာလား.... မိစ္ဆာသန့်စင်ဓာတ်လုံးပျောက်ဆုံးသွားတဲ့ ဂိုဏ်းတွေကြားကရှုပ်ထွေးမှုတွေရောဘယ်လိုဖြေရှင်းကြမလဲဆိုတာ.... ချစ်ခြင်းမုန်း​ခြင်းတွေကြား လိုက်ပါစီးမြောပေးကြပါဦးနော်....

photo content

Zhao ZiLong ( 2023 ) ဒီတစ်ခေါက်မှာတော့ အားလုံးရင်းနှီးကျွမ်းဝင်မှုရှိတဲ့ စစ်သူရဲကောင်း ကျောက်ကျစ်လုံရဲ့ဇာတ်လမ်းအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီတစ်ခါမှာတော့ ကကျောက်ကျစ်လုံရဲ့ငယ်ဘဝအကြောင်းလေးကိုရိုက်ကူးထားတာဖြစ်ပါတယ် အချင်းချင်းသတ်ဖြတ်နေကြတဲ့ ပြည်သူတွေခက်ခဲ နိုင်ငံတော်ရှုပ်ထွေးနေတဲ့အချိန်ကာလမှာ ကျောက်ကျစ်လုံနဲ့ သူ့သူငယ်ချင်းရှဟုန်လန်တို့က ဒီအရှုပ်အယှက်ထဲကို မထင်မှတ်ဘဲဝင်ပါမိခဲ့တယ် အစကအရမ်းကိုချစ်ခင်ကြတဲ့သူငယ်ချင်းနှစ်ယောက်က သူတို့နေတဲ့တစ်ရွာလုံးသတ်ဖြတ်ခြင်းကိုခံခဲ့ရပြီးတဲ့နောက်မှာ မတူညီတဲ့မလမ်းကိုရွေးချယ်ခဲ့ပါတယ် ရှဟုန်လန်ကတေ့ ရန်ငြိုးကနေ မလွတ်ရုန်းနိုင်ဘဲ လောဘစိတ်တက်ပြီးတော့ အာဏာကိုမက်ခဲ့တယ်ကျောက်ကျစ်လုံကတော့ နိုင်ငံတော်နဲ့ပြည်သူကိုကိုကယ်တင်ချင်စိတ်ပြင်းပြတဲ့အတွက် ရန်ငြိုးစိတ်ကနေလွတ်ရုန်းနိုင်ခဲ့ပြီး အကျိုးဆောင်မှုတွေအများကြီးကိုထမ်းဆောင်ခဲ့တယ် မတူညီတဲ့လမ်းကိုလျှောက်ခဲ့တဲ့ကျောက်ကျစ်လုံနဲ့ရှဟုန်လန်တို့ ဘယ်လိုထင်မြင်မှုတွေနဲ့ ဘယ်လိုတိုက်ခိုက်မှုတွေရှိမလဲ? နောက်ဆုံး ရှဟုန်လန်ကအမှန်တရားရပြီးတော့ တစ်ယောက်ကို တစ်ယောက်ခွင့်လွှတ်ပြီးတော့ နိုင်ငံအကျိုးကိုအတူတူထမ်းဆောင်နိုင်မလားဆိုတာတွေကို ကျောက်ကျစ်လုံရဲ့ရဲစွမ်းသတ္တရှိမှုတွေကိုမြင်ယောင်နိုင်မဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လို့ အားလုံးကိုကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်~~~

photo content

The First Myth: Clash of Gods(2021)

The First Myth: Clash of Gods ( 2021 ) ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ Three Kingdom (三国演义) တို့လို ဂန္တဝင်စာပေဝတ္ထုဖြစ်တဲ့ Investiture of the Gods (封神榜) ကိုမှီငြမ်းထားတဲ့ ကားလေးတစ်ကားကို ချပြပေးလိုက်ချင်ပါတယ်။ဒီထဲမှာ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ဆိုတဲ့အတိုင်း ထီးနန်းစည်းစိမ်အာဏာမှာယစ်မူးနေတဲ့ ရှန်းခေတ်ရဲ့နောက်ဆုံးဘုရင် ရှန်းကျုတ်ဘုရင်က သူ့ထီးနန်းတည်တံ့ဖို့ရာ အပြစ်မဲ့ပြည်သူကို နှိပ်စက်ပြီးသစ္စာရှိတဲ့မူးမင်းမတ်ရာတွေကိုပြည်နှင်ဒဏ်စေလွှတ်ခဲ့တယ်။ ဒါကို အမတ်ချုပ်ဖြစ်တဲ့ကျန်းကျီယာကမနှစ်မြို့တာကြောင့် နတ်ဘွဲ့တံဆိပ်အပ်နှင်းတဲ့ စာလွှာကိုပြင်ဆင်ပြီး ကောင်းကင်ဘုံကသတ်မှတ်တဲ့ရှင်ဘုရင်သစ်ကို တင်မြှောက်ဖို့ကြိုးစားပါတယ်။ ကျန်းကျီယာကတော့ အမတ တစ်ပါးဖြစ်ပြီးသူ့ဆရာတူညီတော် ရှန်းကုန်းပေါက်ကတော့ရှန်းကျုတ်ရဲ့မင်းဆရာလည်းဖြစ်၊ ရှန်းကျုတ်ကိုအားပေးအားမြှောက်ပြုကာ စည်းစိမ်အာဏာမှာယစ်မူးနေခဲ့တယ်။လောဘစိတ်ကို မငြိမ်းနိုင်တဲ့ရှန်းကုန်းပေါက်ကတော့ ဒီစာလွှာကိုယူပြီး စာလွှာရဲ့စည်းတံဆိပ်ကိုဖွင့်ကာ လူ့ပြည်မှာရှိတဲ့ အမတအပေါင်းတို့ရဲ့စွမ်းအားတွေကို ပိတ်လှောင်ပြီး လူ့ပြည်ကိုအုပ်စိုးခြယ်လှယ်ဖို့ကြိုးစားနေတာပေါ့။ ဒီလိုနဲ့ဝတ္ထုထဲမှာပါရှိတဲ့ စစ်သူကြီးယန်ကျန်,နီကျား, လေကျန်ကျီ,ထူရှင်စွန်းအစရှိတဲ့ အမတအပေါင်းတို့ကကျန်းကျီယာဖက်ကနေ ကူညီကာကွယ်ပေးရင်ဒီစာလွှာကိုကောင်းကင်ဘုံဆီ ပြန်လည်အပ်နှင်းဖို့ကြိုးစားကြတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာကြမလဲ။ ဘယ်လိုတွေအမတတွေရဲ့စစ်ပွဲမှာ ဓားစာခံအပြစ်မဲ့လူသားတွေက ဆင်းရဲဒုက္ခတွေခံစားရမလဲ။နောက်ဆုံးမှာ ဒီစာလွှာကဘယ်သူ့ လက်ထဲဆီရောက်သွားမလဲစတဲ့စိတ်ဝင်စားစရာအကြောင်းရာတွေကိုတော့ ဒီဇာတ်ကားလေးကနေ ကြည့်ရူစောင့်မျှော်လိုက်ကြရအောင် ~