2 002
Subscribers
No data24 hours
-177 days
-10030 days
Posts Archive
2 002
ဒီစာရေးပြီးရင် ငါလည်းမင်းကို မုန်းချင်မုန်းသွားမှာ(၂)
_____
၁၄။
ရည်းစားဖြစ်ခွင့်တောင် မရဘဲ
ဘာကိစ္စအသည်းကွဲရတာလဲတဲ့
ဘော်ဒါတွေ စကားနာထိုးတာပါ
ရပါတယ် အေးဆေးပါ
တကယ်ချစ်မိရင် တစ်ဖက်သတ်လည်းကွဲတယ်
နှစ်ဖက်သတ်လည်း ကွဲတယ်
ငါ့မှာ အရက်ခွက်တွေကြား ထထငြင်းရသေးတယ်။
-ကြံတိုင်းအောင်
2 002
လောကကြီးထဲမှာ
ခေါင်းစဥ်နဲ့စာကိုယ်မကိုက်ညီတဲ့
သမိုင်းကြောင်းတွေအများကြီးရှိတယ်
အထူးသဖြင့် ကျုပ်ရေးတဲ့သမိုင်းကြောင်းတွေ....။
-ဘယ်လာခင်
2 002
သတိရတယ်မှာ အချိန်အတိုင်းအတာ၊တည်နေရာ
ဘယ်တော့မှ မသတ်မှတ်ထားဘူး...
နာရီကိုပဲရပ်ရပ်၊အဆက်အသွယ်ပဲဖြတ်ဖြတ်
ရောက်လေရာအရပ်က သတိရတယ်။
•ခန့်သွယ်
လတ်တေး - ၂
2 002
ပွဲတော်တွေဟာလည်း
ပျော်စရာမကောင်းတော့ပါဘူး။
ဒို့ခေါင်းပေါ်မှာ
ကောင်းကင်ကြီးဟာ
လွတ်လွတ်လပ်လပ်မှမဟုတ်တာ ။
-မောင်ချောနွယ်
2 002
ငါလဲ နင်တို့တွေလို ရည်းစားလေးနဲ့
မှတ်ပုံတင်လေကိုင်ပီး ဘုရားသွားချင်တယ်လေ
Tele - https://t.me/lynn70322feb
2 002
လပြည့်နေ့လေးဆိုတော့
မနက်ငါးနာရီထ ဆွမ်းလောင်းဖို့ထချက်
ဘုရားဆွမ်းနဲ့သောက်တော်ရေလေးကပ်
တစ်အိမ်လုံးသန့်ရှင်းရေးလေးလုပ်
မနက်စာစားဖို့ချက်ပြုတ်
ဘုရားလေးဘာလေးရှိခိုး
အိမ်ကမေမေပေါ့ ငါကတော့အိပ်နေတာ
ဆောနမှနိူးတာ
2 002
ကျွန်တော်တို့ အကောင်းတွေချည်း
မမျှော်လင့်ပါဘူး၊
ဒါပေမဲ့ အဆိုးချည်းပဲဆိုလည်း
ဘာလုပ်မှာလဲ ။
- အောင်ချိမ့်
2 002
" မေ့သွားတယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ
ခဏလောက်မေ့ကြည့်ရုံလေးပါ "
တကယ်ကို အဆင်မပြေခဲ့ပါဘူး ကွယ် "
-လွမ်းနောင်အိမ်
