Maesot Sharing မဲဆောက်ရေးရာ
Open in Telegram
မဲဆောက်အတွင်း တက်ကြွလှုပ်ရှားသူတွေအတွက် သတင်းနဲ့ အခွင့်အလမ်းတွေ၊ သိသင့်တာတွေ မျှေ၀ဖို့
Show more1 024
Subscribers
+324 hours
+47 days
+1730 days
Posts Archive
ကျွန်တော်တို့ရဲ့ EMC-Mandalay မှာ အတူတကွ လက်တွဲလုပ်ကိုင်ဖို့ Intern ဖိတ်ခေါ်နေပါတယ်။
အလုပ်အတွက် လိုအပ်ချက်များ (Job Description) နဲ့ လျှောက်ထားရမည့် ပုံစံကို အောက်ပါ Link တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။
🔗 Job Description ဖတ်ရန်နှင့် လျှောက်ထားရန် - https://tinyurl.com/twwefxcz
စိတ်ပါဝင်စားသူများသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်ထက် နောက်မကျစေဘဲ Email Subject တွင် "Application – Intern" ဟု ဖော်ပြ၍ emc.mdy2023@gmail.com သို့ လိပ်မူပြီး nayi.ny@emcmandalay.org ကို CC ထည့်သွင်း၍ အောက်ပါစာရွက်စာတမ်းများကို ပေးပို့လျှောက်ထားရမည်။
၁။ ကိုယ်ရေးရာဇဝင်အကျဉ်း - CV/resume (စာမျက်နှာ ၂ မျက်နှာထက်မပိုစေရ)
၂။ သင်၏ စိတ်ပါဝင်စားမှုနှင့် သက်ဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းထားသည့် Cover Letter အကျဉ်း (စာမျက်နှာ ၁ မျက်နှာထက်မပိုစေရ)
၃။ ထောက်ခံပေးမည့်သူ (References) ၂ ဦး၏ အမည်နှင့် ဆက်သွယ်ရန် အချက်အလက်များ
https://www.facebook.com/share/p/1JDiDJoitq/
ယခုရက်ပိုင်း ဆိုင်ထိုင်ကြရင် သတိထားကြဖို့ပါ။
ဘောလုံးပွဲအကြောင်းမဆွေးနွေးရ။
ဘောလုံးပွဲကိုချိတ်ပီး လေကြီးမိုးကြီးနိုင်ငံရေး မဆွေးနွေးရ။
မိတ်ဆွေများ ဒဏ်ရိုက်ခံရကင်းပီး အဆင်ပြေကြပါစေ 🤣😅
Mg Bos
Maesot Sport School ဘော်လုံးကွင်း
ကနေ ဟွေးကလုတ်ကို သွားတဲ့လမ်းမှာ အတူစီးလာတဲ့လူနှစ်ယောက်ကားမောင်းသမားကို လည်ပင်းလှီးပြီးပစ္စည်းလုယက်
ထွက်ပြေး မှုဖြစ်ပွား😦
https://www.facebook.com/esther.panag/videos/1327666676201027/
အခုပုံပါ ကလေးလေး သူ့နာမည်က Rocky ပါ။ ကျွန်မသားလေးပါ ဒီမနက်ပဲပျောက်သွားလို့တွေ့မိတဲ့သူရှိရင် ဒီဖုန်းနံပါတ်လေး တစ်ချက်ဆက်သွယ်လာပေးပါနော် ၊လည်ပတ်လေးလည်းမပါသွားလို့ပါ။ အရမ်းလည်းစိတ်ပူနေရပါတယ်။ မနက် ၈နာရီလောက်ကတည်းပတ်ရှာတာ ခုချိန်ထိမတွေ့သေးဘူးဖြစ်နေတယ်။ နေတာကတော့ မီးမီတာရုံးနား၊ မင်္ဂလာပါ မြန်မာ လက်ဖက်ရည်ဆိုင်နားတစ်ဝိုက်မှာ ပျောက်သွား တာပါ။ ကူညီပေးသူအားလုံးကို ရင်ထဲကနေတကယ်ကျေးဇူးတင်ပါတယ်နော်🙏🏻
0942257139
https://www.facebook.com/share/p/1Tms3T6Lg5/
Job Vacancy Announcement 📣
✅ Updated!! - 17 July 2026
M-FUND is hiring
◾Field Coordinator, Mae Hong Son Province
◾Field Coordinator, Mae Sot District, Tak Province
◾Community Worker (CW), Mae Hong Son Province
More information ➡︎ https://dreamlopments.com/jobs
DLP is an Equal Opportunity Employer
📣 မဲဆောက်မြို့တွင်း ရပ်ကွက်များ သန့်ရှင်းရေး လုပ်အားပေးအစီအစဉ် (တတိယအပတ်) အသိပေးဖိတ်ခေါ်ချက်
မဲဆောက်မြို့ကို ပိုမိုသန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ Thai-Myanmar Friendship Mae Sot အဖွဲ့မှ ဦးဆောင်ကာ ထိုင်းဒေသခံအာဏာပိုင်များနှင့် အဝေးရောက်ဧရာဝတီအသင်း (OIA) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်သည့် သန့်ရှင်းရေး လုပ်အားပေးအစီအစဉ် ကို ယခု တတိယအပတ် တွင်လည်း ဆက်လက်ကျင်းပသွားမည် ဖြစ်ပါသည်။
ပြီးခဲ့သည့် အပတ်များတွင် စေတနာ့ဝန်ထမ်းများ၏ တက်ကြွစွာ ပါဝင်ကူညီမှုကြောင့် မဲဆောက်မြို့အတွင်း ရပ်ကွက်များ၏ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုအပတ်တွင်လည်း မြို့၏ သန့်ရှင်းသာယာလှပရေးအတွက် အတူတကွ လက်တွဲပါဝင်ဆောင်ရွက်ကြရန် ဖိတ်ခေါ်အပ်ပါသည်။
📅 ရက်စွဲ – မနက်ဖြန် (စနေနေ့)
⏰ အချိန် – နံနက် (၈:၀၀) နာရီ
📍 လူစုမည့်နေရာ – TK Gyi စက်ရုံအကျော်
မဲဆောက်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ကိုယ်တိုင်ပါဝင်လုပ်အားပေးလိုသူများ၊ စိတ်ပါဝင်စားသူ ညီအစ်ကိုမောင်နှမများအားလုံးကို မနက်ဖြန် စနေနေ့ နံနက် (၈:၀၀) နာရီတွင် TK Gyi စက်ရုံအကျော် စုရပ်သို့ လာရောက်ပူးပေါင်းပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
🤝 သန့်ရှင်းသောမြို့တော်တစ်ခုကို အတူတကွ ဖန်တီးကြပါစို့။
အဝေးရောက်ဧရာဝတီအသင်း OIA
အားလုံးပဲ မင်္ဂလာပါခင်ဗျား
BEAM Education Foundation ၏ RISE Center နှင့် Mae Sot Technical College တို့မှ ပူးပေါင်းဖွင့်လှစ်မယ့် မော်တော်ဆိုင်ကယ်ပြင်သင်တန်းကို မကြာခင်မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
အခြေခံပြုပြင်နည်းကို အလေးပေး သင်ကြားပေးမယ့် မော်တော်ဆိုင်ကယ်ပြင်သင်တန်းကိုတော့ -
📆အချိန်ကာလ: ၂၀၂၆ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့ထိ
📆သင်ကြားမည့်ရက်များ: စနေနှင့် တနင်္ဂနွေ (တစ်ပတ် ၂ ရက်သာ)
⏱️အချိန်: နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ
📍နေရာ: မယ်ပခရိုင်ခွဲအတွင်းမှ မဲဆောက်နည်းပညာကောလိပ်
https://maps.app.goo.gl/ndGFGAqDYs7MCKuR6
📝သင်တန်းအား Online မှ တစ်ဆင့် လျှောက်ထားနိုင်ရင် အောက်ပါ Google Form Link သို့ဝင်ရောက်၍သော်၎င်း ပူးတွဲပါ QR Code ကို Scan ဖတ်၍သော်၎င်း လျှောက်ထားနိုင်ပါတယ် ခင်ဗျား။
https://docs.google.com/forms/d/e/1FAIpQLSe40pmDWn-3aZOAKIW2orD73cVvEfHR3r3AFYC-8FcjTSFZzg/viewform?usp=dialog
တစ်စုံတစ်ရာ အခက်အခဲရှိပါက ဆက်သွယ်ရန် -
RISE Center Skill Development Program Phone Number
📲(+66) 093 393 3758 (ရုံးချိန်တွင်းဆက်သွယ်နိုင်ပါတယ်)
‼️သင်တန်းချိန်အတွင်း နေ့လည်စာကို မိမိကိုယ်တိုင် စီစဉ်ရမှာ ဖြစ်ပါတယ်။
‼️သင်တန်းချိန်အသွားအပြန်ကိုလည်း မိမိကိုယ်တိုင်စီစဉ်ဥမှာ ဖြစ်ပါတယ်။
‼️သင်တန်းအချိန် အနည်းဆုံး ၈၀ ရာခိုင်နှုင်း (သို့) အချိန်ပြည့် တက်နိုင်ရပါမယ်။
‼️သင်တန်းတက်ရောက်ခွင့်ရှိသူ/ ရွေးချယ်ခံရသူများအား ဖုန်းဖြင့်တစ်ဆင့် ဆက်သွယ် အကြောင်းကြားပေးပါမယ်။
☑️အသက်အရွယ်/ ကျား/မ / လိင်စိတ်ခံယူမူကွဲပြားသူများ မရွေး လူအားလုံး လျှောက်ထားနိုင်ပါတယ်။
🙏အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား🙏
ပြည်နှင်ဒဏ်ပေးတဲ့လုပ်ငန်း မြန်ဆန်စေမယ့်နည်းဥပဒေကို ထိုင်းအစိုးရအဖွဲ့အတည်ပြု
ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ပြစ်မှု အမျိုးအစား ၆ မျိုးထဲက တစ်ခုခုကို ကျူးလွန်ရင် ပြည်နှင်ဒဏ်ပေးခံရမယ်လို့ဆိုပါတယ်။
- ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာသူတွေ
- တရားမဝင်နေထိုင်သူတွေ
- တရားမဝင် အလုပ်လုပ်သူတွေ
- တရားမဝင် လုပ်ငန်းလုပ်ကိုင်သူတွေ
- အစိုးရ စာရွက်စာတမ်းတွေကို တုပလုပ်သူတွေ
- သုံးနှစ်နဲ့အထက် ထောင်ချနိုင်တဲ့ပြစ်မှုတွေကို ကျူးလွန်ထားသူတွေကို ပြည်နှင်ဒဏ်ပေးမယ်လို့ နားလည်ရပါတယ်။
ပြစ်မှုကျူးလွန်ထားသူဟာ နိုင်ငံတစ်နိုင်ငံရဲ့နိုင်ငံသားဖြစ်ကြောင်း သက်သေမပြနိုင်ရင် ထိုင်းနိုင်ငံကို မလာခင်က သူရှိနေခဲ့တဲ့နိုင်ငံကို ပြန်ပို့မှာဖြစ်ပါတယ်။
သံတမန်လမ်းကြောင်းကနေတဆင့် လျှောက်ထားလာသူတွေကိုတော့ သူတို့မူရင်းနိုင်ငံမဟုတ်တဲ့ တတိယနိုင်ငံတစ်ခုခု ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခုထံ လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။
လက်ခံနိုင်ငံက ပြည်နှင်ဒဏ်ပေးခံရသူအတွက် ကုန်ကျစရိတ်အဝအဝကို တာဝန်ခံရမှာလည်းဖြစ်ပါတယ်။ အခုမူကြမ်းကို အစိုးရအဖွဲ့က မီးစိမ်းပြလိုက်ပြီမို့ တော်ဝင်ပြန်တမ်းကနေ ထုတ်ပြန်တာနဲ့ စတင်အသက်ဝင်မှာဖြစ်ပါတယ်။
https://www.bbc.com/burmese/live/c621267g95qt?fbclid=IwY2xjawTEAFJleHRuA2FlbQIxMABicmlkETF4MzFQNG9aUTU2UjZLaDV2c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHnhS3Gea3Ok1dz64jNGaKLcIe6UA83UKQTXTZOoYSzY2QrhEZhsczkyQvJ78_aem_BjA7cxPc4FBv7U06XW_LZg
မနေ့က ချင်းမိုင်မှာ မြန်မာတိုးဂိုက်ကို တိုးရစ်ရဲက အသွင်ယူပြီးဖမ်းတဲ့ ဗီဒီယို vlog ဖြစ်ပါတယ်။
သူကတော့ ရိုးရိုးခရီးသည်ပဲထင်ပြီး အများကြီးရှင်းပြခဲ့ပုံပါပဲ။
“ကျွန်တော် နိုင်ငံခြားသားတွေကို မပို့ဘူး ဘာလို့ဆို ဒီမှာပြဿနာတွေများတယ် ကျွန်တော်တို့မြန်မာတွေက သူတို့ရဲ့အလုပ်ကို လုယူတယ်လို့ ထိုင်းတွေက ထင်ကြတယ်လေ” လို့တောင် ခရီးသည်ကို ပြောနေခဲ့ပါသေးတယ်။
#chiangmaifyi #ချင်းမိုင်သတင်း #ထိုင်းသတင်း #ထိုင်းရောက်မြန်မာများ
https://www.facebook.com/share/v/1Jp8t2yGZV/
“မြန်မာနိုင်ငံရဲ့ပထမဆုံးသော ဖီးမနစ်သရုပ်မှန်ရုပ်သံပြိုင်ပွဲအစီအစဥ်” သို့မဟုတ် “တင့်တင့်တို့အရွယ်အသိကြွယ်” အစီအစဥ်တွင် ပါဝင်ရန် ဖိတ်ခေါ်ခြင်း
🟧 မြန်မာ့လူမှုအသိုက်အဝန်းက ဆယ်ကျော်သက်နဲ့ မြီးကောင်ပေါက်အရွယ် အမျိုးသမီးငယ်တွေအပေါ် ထားရှိတဲ့ တစ်ဖက်သတ် စံနှုန်းတွေကို ပယ်ဖျက်ပြီး မိမိတို့ရဲ့ အသိပညာကြွယ်ဝမှု၊ ဥာဏ်ပညာ ထက်မြက်မှု၊ တက်ကြွလှုပ်ရှားမှုနဲ့ ဦးဆောင်နိုင်စွမ်းတွေကို ချပြခွင့်ရမယ့် “တင့်တင့်တို့အရွယ် အသိကြွယ်” အစီအစဥ်လေးကနေ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဥ်လေးမှာ အပိုင်း (၁) ကြိုတင်စခန်းသွင်းလေ့ကျင့်သင်ကြားခြင်း နဲ့ အပိုင်း (၂) ပြိုင်ပွဲအစီအစဥ်ရိုက်ကူးရေးတို့ ပါဝင်ပြီး ပြိုင်ပွဲမှာ အနိုင်ရရှိသူကို ဆုငွေ ဘတ် ၁၀,၀၀၀ တိတိချီးမြှင့်သွားမှာပါ။
💢 “တင့်တင့်တို့အရွယ် အသိကြွယ်” သရုပ်မှန် ရုပ်သံပြိုင်ပွဲအစီအစဥ်မှာ ပါဝင်လိုသူများအနေနဲ့ အောက်ပါ အချက်အလက်လေးတွေကို သေချာဖတ်ရှုပြီး ဇူလိုင်လ ၁၅ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။ 💢
⏰ နေ့ရက် - သြဂုတ်လ ၃ ရက်မှ ၁၁ရက်နေ့အထိ
🗺️ ပြိုင်ပွဲကျင်းပမည့်နေရာ - ချင်းမိုင်မြို့
🏘️ ကျင်းပမည့် ပုံစံ - အဖွဲ့လိုက် စခန်းသွင်းလေ့ကျင့်ခြင်းနှင့် ပြိုင်ပွဲအစီအစဥ်ရိုက်ကူးခြင်း
ဘယ်သူတွေပါဝင်နိုင်မလဲ?
🔶 အသက် - ၁၅ နှစ်မှ ၂၁ နှစ်အရွယ်
🔶 ဂျဲန်ဒါ - အမျိုးသမီး
🔶 နေရာဒေသ - ချင်းမိုင် နှင့် မဲဆောက်တွင် နေထိုင်သူ များ
🔶 ရိုက်ကူးရေးနှင့် တီဗီအစီအစဥ်တွင် မျက်နှာဖော်ပြ ပါဝင်နိုင်သူ
🔶 အသက် (၁၈) နှစ်အောက် ဖြစ်ပါက အစီအစဥ်တွင်ပါဝင်ရန် မိဘ(သို့မဟုတ်) အုပ်ထိန်းသူ ခွင့်ပြုချက်ရရှိထားသူ (ရွေးချယ်ခံရပါက သဘောတူညီချက်စာရွက်လက်မှတ်ထိုးရပါမည်)
🔶 သင်တန်းကာလနဲ့ ရိုက်ကူးရေးအတွက် စုစုပေါင်း အချိန် (၉)ရက် အပြည့်ပေးနိုင်သူ
🔶 ချင်းမိုင်မြို့သို့ အထောက်အထားဖြင့် ခရီးသွားလာနိုင်သူ
✨ ဘယ်လို ပါဝင်နိုင်မလဲ? ✨
ဒီအစီအစဥ်လေးမှာ ပါဝင်လိုသူများအနေနဲ့ ⬇️
(၁) အောက်ပါ ဖောင် လင့်ခ်မှာ ကိုယ်ရေးအချက်အလက်လေးတွေနဲ့ မေးခွန်းလေးတွေကို ပြည့်စုံစွာ ဖြည့်စွက်ဖြေဆိုပေးပါ။
https://docs.google.com/forms/d/e/1FAIpQLSe_waOzhezdA4_Nuw2ViDieYwfJf23jbS7NdEaw_ObLUsoHNQ/viewform?usp=dialog
(၂) ပထမအဆင့် ရွေးချယ်ခံရသူများကို (၂)ပတ်အတွင်း email မှ တဆင့် အကြောင်းကြားသွားမှာဖြစ်ပါတယ်။
(၃) ပဏာမအဆင့် ရွေးချယ်ခံရသူများက စက္ကန့် (၃၀) မှ (၁) မိနစ်စာ မိတ်ဆက်ဗီဒီယို အတိုလေးကို ထပ်မံပေးပို့ရမှာဖြစ်ပါတယ်။
(၄) ဗီဒီယိုပေးပို့ပြီးနောက် ဒုတိယအဆင့်တွင် ထပ်မံရွေးချယ်ခံရသူများသာ ပြိုင်ပွဲမှာ ပါဝင်ခွင့် ရရှိမှာဖြစ်ပါတယ်။
🛑 မှတ်ချက်။ ။
🔶 စာရင်းပေးသွင်းခြင်းနှင့် အစီအစဥ်တွင်ပါဝင်ရန် အခကြေးငွေပေးစရာမလိုပါ။ နေထိုင် စားသောက်ခြင်းနှင့် သွားလာရေးအတွက် ပွဲစီစဥ်သူအဖွဲ့များမှ တာဝန်ယူပေးသွားမည် ဖြစ်ပါသည်။
🔶 ရွေးချယ်ခံရသူသည် အသက်(၁၈)နှစ်အောက်ဖြစ်ပါက မိဘ(သို့မဟုတ်) အုပ်ထိန်းသူတစ်ဦး ခေါ်ဆောင်ခွင့်ရှိသည်။
#တင့်တင့်တို့အရွယ်အသိကြွယ်
#tinttintknowsbetter
#RealityGameShow
#မြစ်ရေစီးသံ
#honestinformation
အမျိုးသမီးငြိမ်းချမ်းရေးနှင့်လုံခြုံရေး (Women Peace and Security )Workshop
နယ်စပ်ဒေသက conflict တွေထဲမှာ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဟာ အင်မတန် အရေးကြီးလှပါတယ်။
ဘာကြောင့် အရေးကြီးတယ်ဆိုတာ ကိုအမျိုးသမီးတွေကိုယ်တိုင်လည်းသိဖို့လိုအပ်ပါတယ်။
ဒါ့ကြောင့်အမျိုးသမီး ငြိမ်းချမ်းရေး၊ လုံခြုံရေး နဲ့ ဆိုင် တဲ့ အကြောင်း အရာများ ကို ဆွေးနွေးမည့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ဆရာမတစ်ဦးမှပါဝင်တက်ရောက်မည့်သူအမျိုးသမီးများ၏ဘ၀ အတွေ့ အကြုံ များ မှ တဆင့် ရိုးစင်းစွာ ဖလှယ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
စိတ်ပါဝင်စားသူ အမျိုးသမီးများသည် telegram (@bpkclass) မှတဆင့် လျှောက်ထားနိုင်ပါသည်။
Date.19th July 2026
Time-9:30 to 12:00
Location- Blooming Padauk Office
သင်တန်းနောက်ဆုံးထားလက်ခံချိန်- 17th July 2026
📢 အခြေခံ ထိုင်းဘာသာစကားသင်တန်း (Batch 2) လျှောက်လွှာများ စတင်ခေါ်ယူနေပါပြီ!
✨ "ကောင်းမွန်သော ဆက်သွယ်ပြောဆိုနိုင်စွမ်းသည် အခွင့်အလမ်းတိုင်း၏ အစဖြစ်သည်။" ထိုင်းနိုင်ငံတွင် နေထိုင်ခြင်း၊ ပညာသင်ကြားခြင်းနှင့် အလုပ်လုပ်ကိုင်ရာတွင် ယုံကြည်မှုရှိစွာ ဆက်သွယ်ပြောဆိုနိုင်စေရန် ရည်ရွယ်၍ အခမဲ့ အခြေခံထိုင်းဘာသာစကားသင်တန်း (လူကိုယ်တိုင်တက်ရောက်ရမည့် In-person Class) ကို ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။
📅 သင်တန်းကာလ – ၅ ဩဂုတ် ၂၀၂၆ မှ ၂၈ ဩဂုတ် ၂၀၂၆
🕘 သင်တန်းချိန် – တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး (၉:၀၀ နာရီ – ၁၂:၀၀ နာရီ)
📍 သင်တန်းနေရာ – New Future Youth Corner, Moo.1, 698, Subdistrict, Mae Pa, District, Take Province 63110
👥 လက်ခံမည့်ဦးရေ – ၁၅ ဦးသာ
လျှောက်ထားနိုင်သူ
✅ အသက် ၁၅ မှ ၃၅ နှစ်အတွင်းရှိသူများ
✅ သင်တန်းကာလတစ်လျှောက် ပုံမှန်တက်ရောက်နိုင်သူများ
📝 လျှောက်လွှာနောက်ဆုံးရက် – ၂၄ ဇူလိုင် ၂၀၂၆
📢 ရွေးချယ်ခံရသူများကို ၂၇ ဇူလိုင် ၂၀၂၆ တွင် NFYC Facebook Page မှ ကြေညာပေးမည်ဖြစ်ပါသည်။
📌 မှတ်ချက်
• သင်တန်းကြေး အခမဲ့ဖြစ်ပါသည်။
• မှတ်ပုံတင်ကြေး ၃၀၀ ဘတ် ပေးသွင်းရမည်ဖြစ်ပြီး သင်တန်းကို အောင်မြင်စွာ ပြီးဆုံးပါက အပြည့်အဝ ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။
• အသေးစိတ်အချက်အလက်များကို လျှောက်လွှာဖောင်တွင် ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/permalink.php?story_fbid=pfbid02h34Vs82VWa3fdFFmeAJLL9TnbatQLxqq8LzCWG5evJ5dF1De3vK4jeWHy5CDWWgLl&id=61579158663009
ဟောင်ကောင် activist ကို ထိုင်းအစိုးရက တရုတ်ဖိအားကြောင့် ဘန်ကောက်ကနေ ကနေဒါ တတိယနိုင်ငံ ဆီ ပေးမထွက်ဘူးတဲ့ 🤥
https://www.facebook.com/share/p/14sZLciegRC/
အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက်:
ဖမ်းဆီးခံရသည့်အခါတိုင်း ချက်ချင်းဆက်သွယ်နိုင်မည့် ပရိုတိုကောများကို တည်ဆောက်ပါ။
အထီးကျန်နေသူများနှင့် အသစ်ရောက်ရှိလာသူများထံသို့ အကူအညီပေးရေးလုပ်ငန်းများ ချဲ့ထွင်ပါ။
ရဲတပ်ဖွဲ့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် Signal အခြေပြု သတိပေးကွန်ရက်များကို အားကောင်းအောင် လုပ်ဆောင်ပါ။
ဝန်ထမ်းများအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် လုံခြုံရေးဆိုင်ရာ ပရိုတိုကောများကို တီထွင်ပါ။
လုံခြုံမှုမရှိခြင်း - ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာဒုက္ခသည်များ၏ ပြည်နှင်ဒဏ်ခံရမှု၊ ကြောက်ရွံ့မှုနှင့် အကာအကွယ်မဲ့မှုဆိုင်ရာ လေ့လာချက်
ရောစပ်သုတေသနနည်းလမ်းဖြင့် ဖမ်းဆီးမှုပုံစံများ၊ လူမှုအသိုက်အဝန်းအပေါ် သက်ရောက်မှုနှင့် အကာအကွယ်ပေးမှု အားနည်းချက်များကို လေ့လာခြင်း - ၂၀၂၁-၂၀၂၆
ဦးဆောင်သုတေသီ: Naiyana Thanawattho, အမှုဆောင်ဒါရိုက်တာ၊ Asylum Access Thailand | thailand@asylumaccess.org
REFCON 2026 · Asia School of Business, ကွာလာလမ်ပူ · ဇွန် ၂၀၂၆
နောက်ခံအကြောင်းအရာ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာစစ်အာဏာသိမ်းမှုနောက်ပိုင်း၊ ထိုင်းနိုင်ငံသည် ညှဉ်းပန်းနှိပ်စက်မှု၊ လက်နက်ကိုင်ပဋိပက္ခနှင့် အတင်းအဓမ္မစစ်မှုထမ်းရခြင်းတို့မှ ထွက်ပြေးလာကြသည့် နေရပ်စွန့်ခွာသူများကို အမြောက်အမြား လက်ခံထားရပါသည်။
ထိုင်းနိုင်ငံသည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားခြင်း မရှိပါ။ ၎င်း၏ အမျိုးသားအဆင့် စိစစ်ရေးယန္တရား (NSM) သည် လက်လှမ်းမီရန် အလွန်ခက်ခဲနေဆဲဖြစ်ပြီး၊ ယင်းလူဦးရေမှာ ညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် သေဒဏ်ပေးနိုင်သည့် နိုင်ငံသို့ အတင်းအဓမ္မပြန်ပို့ခံရမည့်အပြင်၊ ငွေညှစ်ခံရခြင်းနှင့် မတရားဖမ်းဆီးခံရခြင်းတို့နှင့် ရင်ဆိုင်နေရပါသည်။
သုတေသနပြုလုပ်ပုံနည်းလမ်းများ
မဲဆောက်မြို့တွင် Asylum Access Thailand မှ ပြုလုပ်ခဲ့သည့် ရောစပ်သုတေသနနည်းလမ်း (၂၀၂၁-၂၀၂၆)၊ အောက်ပါတို့ပါဝင်သည်:
၅၀ - ထိခိုက်ခံစားရသူများနှင့် အသေးစိတ်တွေ့ဆုံမေးမြန်းခြင်း
၁၁ - အသိုက်အဝန်းအခြေပြုအဖွဲ့အစည်း (CBOs) ၆ ခုမှ ပါဝင်သူများနှင့် အုပ်စုလိုက် ဆွေးနွေးခြင်း
၂၁ - တွေ့ရှိချက်များကို အတည်ပြုသည့် အစည်းအဝေးတွင် ပါဝင်သူများ
အဓိကတွေ့ရှိချက်များ - ဖမ်းဆီးမှုနှင့် ပြည်နှင်ဒဏ်ပေးမှု ပုံစံများ
၅၄% - အခြားသူများ ဖမ်းဆီးခံရခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရခြင်းကို မျက်မြင်ကြုံတွေ့ခဲ့ရသည်။
၅၂% - စာရွက်စာတမ်းစစ်ဆေးခြင်းထက် ကျော်လွန်၍ ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ဆက်ဆံခဲ့ရသည်။
၅၀% - ရဲ သို့မဟုတ် တာဝန်ရှိသူများက ငွေတောင်းခံခဲ့သည်။
၄၀% - အနည်းဆုံး တစ်ကြိမ် ဖမ်းဆီးခံခဲ့ရသည်။
၁၄% - လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံခဲ့ရသည်။
၁၂% - အနည်းဆုံး တစ်ကြိမ် ပြည်နှင်ဒဏ်ပေးခံခဲ့ရသည်။
လူမှုအသိုက်အဝန်းအပေါ် သက်ရောက်မှုနှင့် လူမှုဘဝ
၈.၉၂/၁၀ - ပြည်နှင်ဒဏ်ခံရမည်ကို ကြောက်ရွံ့မှု အမှတ်စဉ်။
၈၂% - ပြည်နှင်ဒဏ်ပေးခံရမည့် စိုးရိမ်ချက်ကြောင့် နေ့စဉ်သွားလာလှုပ်ရှားမှုများကို ကန့်သတ်ထားရသည်။
၆၂% - အကြောက်တရားမှာ လွှမ်းမိုးနေပြီး ပြင်းထန်သည်။ (အမြင့်ဆုံး ၁၀ မှတ်ပေးထားသူများ)
ပေါင်းစပ်နေသည့် မလုံခြုံမှု: ထိုင်းနိုင်ငံတွင် ကြာရှည်နေထိုင်လေလေ၊ ပိုမိုမလုံခြုံဟု ခံစားရလေလေဖြစ်သည်။ နေရပ်စွန့်ခွာရခြင်းမှာ ပုံမှန်အခြေအနေသို့ ပြန်မရောက်နိုင်ဘဲ ပိုမိုဆိုးရွားလာပါသည်။
အလုပ်အကိုင်နှင့် လုံခြုံရေး: အလုပ်အကိုင်သည် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် အဓိကအချက်ဖြစ်သော်လည်း၊ တရားဥပဒေစိုးမိုးမှုသည် စီးပွားရေးတွင် ပါဝင်လုပ်ဆောင်မှုကို တားဆီးနေသည်။
စာရွက်စာတမ်းများသည် အကာအကွယ်မပေးနိုင်: ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများပင်လျှင် ဖမ်းဆီးခြင်းနှင့် ငွေညှစ်ခံရခြင်းတို့နှင့် ရင်ဆိုင်နေရသည်။
"ကျွန်တော်သာ ပြန်သွားရင်၊ ကျွန်တော့် မိသားစုတောင် ကျွန်တော့် အလောင်းကို ရှာတွေ့မှာ မဟုတ်ဘူး။" - သုတေသနတွင် ပါဝင်သူတစ်ဦး၏ စကား
အကာအကွယ်မဲ့မှု အားနည်းချက်များ
၇၀% - NSM အကြောင်း ဘယ်သောအခါမှ မကြားဖူးပါ။
၆၄% - အကာအကွယ်ရရန် ဘယ်သောအခါမှ လျှောက်ထားခြင်း မပြုလုပ်ခဲ့ပါ။
၉၆% - ငွေစုဆောင်းနိုင်ခြင်း မရှိပါ။
၃၆% - လူမှုအသိုက်အဝန်းမှ အထီးကျန်နေရသည်။
အဓိက အကြံပြုချက်များ
ထိုင်းအစိုးရအတွက်:
၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးပါ။
ဘေးကင်းလုံခြုံစွာ ပြန်မသွားနိုင်သည့် မြန်မာနိုင်ငံသားများအား ယာယီတရားဝင်สถานะ (status) ပေးအပ်ပါ။
ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ပါ။
NSM ကို ပြုပြင်ပြောင်းလဲပါ - လူထုကို အသိပညာပေးခြင်းနှင့် လက်လှမ်းမီနိုင်အောင် ပံ့ပိုးပေးပါ။
မြန်မာနိုင်ငံသားများအပေါ် စနစ်တကျ ငွေညှစ်နေမှုများကို စုံစမ်းစစ်ဆေးပြီး အရေးယူပါ။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်များအတွက်:
မဲဆောက်ရှိ CBOs များကို အရေးပေါ် ရန်ပုံငွေ တိုးမြှင့်ထောက်ပံ့ပါ။
ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးရန် ထိုင်းနိုင်ငံကို တိုက်တွန်းပါ။
NSM လျှောက်ထားခြင်းအတွက် အကူအညီပေးရေးလုပ်ငန်းများကို ထောက်ပံ့ပါ။
နာတာရှည် စိတ်ဒဏ်ရာခံစားနေရသူများအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများကို ထောက်ပံ့ပေးပါ။
တိုက်လေယာဥ် ၄ ခေါက် ကြဲ၊ ထိုင်းဘက်ခြမ်းမှာ သောင်ရင်းမြစ်ကမ်းဘေးကသူတွေ နေရာရွှေ့နေဖို့ စပီကာတွေနဲ့အသိပေးနေ
https://www.facebook.com/share/v/192Ybb9kWv/
📣 Your leadership journey starts today. We can't wait to meet you!
🌟 လူငယ့်ရောင်ခြည်၏ လူငယ်ခေါင်းဆောင်စွမ်းရည်မြှင့်တင်ရေးပရိုဂရမ် (Batch 11) လျှောက်လွှာများ စတင်လက်ခံနေပါပြီ! 🌟
📝 သင်ဟာ နယ်စပ်ဒေသတွင်နေထိုင်နေပြီး လူငယ့်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ပါသလား။
✨ ခေါင်းဆောင်မှုစွမ်းရည်များကို မြှင့်တင်လိုပါသလား။
✨ မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေပြီး အတွေးအမြင်များကို ပိုမိုတိုးတက်လိုပါသလား။
✨ လူထုအကျိုးပြု လှုပ်ရှားမှုများနှင့် ပညာပေး Campaign များတွင် ပါဝင်ပြီး မိမိပတ်ဝန်းကျင်အတွက် အပြုသဘောဆောင်သော အပြောင်းအလဲများ ဖန်တီးလိုပါသလား။
အကယ်၍ သင့်ရဲ့ အဖြေက "ဟုတ်တယ်" ဆိုရင်တော့ ဒီအစီအစဉ်က သင့်အတွက်ဆိုတာ သေချာနေပြီနော်။
Rays of Youth Leadership Development Program – Batch 11 အတွက် လျှောက်လွှာများကို ယခု စတင်လက်ခံနေပါပြီ။ စွမ်းရည်အသစ်များ သင်ယူပြီး လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ် ကြီးထွားဖွံ့ဖြိုးနိုင်မည့် အခွင့်အရေးကို လက်မလွတ်လိုက်ပါနဲ့။
📅 လျှောက်ထားရမည့် နောက်ဆုံးရက် - ၁၅ ဇူလိုင် ၂၀၂၆
https://www.facebook.com/ROYprojectThailand/posts/pfbid0222fKe1TcXpBXvmmzXuZXjfTZLcSZXyKBE1dP5ahEZUAHvuLfCU2bzvwyBfhjYtBCl
