Maesot Sharing မဲဆောက်ရေးရာ
Open in Telegram
မဲဆောက်အတွင်း တက်ကြွလှုပ်ရှားသူတွေအတွက် သတင်းနဲ့ အခွင့်အလမ်းတွေ၊ သိသင့်တာတွေ မျှေ၀ဖို့
Show more1 024
Subscribers
+124 hours
+27 days
+1630 days
Posts Archive
ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်သည် သြဂုတ်လ ၂၈ ရက်နေ့တွင် အသက်ဝင်မည့် ပြည်နှင်ဒဏ်ဆိုင်ရာ စည်းမျဉ်းသစ်များကို လက်မှတ်ရေးထိုးခဲ့သည်။
စည်းမျဉ်းများတွင် တရားမဝင် ဝင်ရောက်မှု၊ တရားမဝင် အလုပ်အကိုင် သို့မဟုတ် စီးပွားရေးလုပ်ငန်းများ၊ စာရွက်စာတမ်း အတုပြုလုပ်မှုနှင့် ပြင်းထန်သော ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည့် နိုင်ငံခြားသားများကို အကျုံးဝင်ပါသည်။
ပြည်နှင်ဒဏ်ခံရသူများသည် ညှဉ်းပန်းနှိပ်စက်မှု၊ လူမဆန်သော ဆက်ဆံမှု သို့မဟုတ် အတင်းအကြပ် ပျောက်ဆုံးမှု အပါအဝင် အန္တရာယ်များနှင့် ရင်ဆိုင်ရသည့် တတိယနိုင်ငံများသို့ လွှဲပြောင်းရန်အတွက် လုပ်ထုံးလုပ်နည်းများကိုလည်း ၎င်းတို့က ပြဋ္ဌာန်းထားသည်။
#ပြည်နှင်ဒဏ် #နိုင်ငံခြားသား #တရားဝင်ချိုးဖောက်မှု #ထိုင်းနိုင်ငံ #နိုင်ငံ
ထိုင်းတွင် ဖမ်းဆီးခံရပြီး မူလနိုင်ငံပြန်ပို့ပါက နှိပ်စက်ခံရနိုင်သူများကို တတိယနိုင်ငံပို့နိုင်မည့် ထိုင်းဥပဒေသစ်စတင်
28 Aug 2026 By THIARATH
ထိုင်းနိုင်ငံတွင် ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများကို လျင်မြန်စွာ ပြည်နှင်ဒဏ်ပေးနိုင်ရန် ချမှတ်ထားသည့် စည်းမျဉ်းသစ်သည် ယနေ့ ဩဂုတ် ၂၈ ရက်မှစ၍ စတင်အသက်ဝင်ပြီဖြစ်သည်။
“Prime Minister's Office Regulation on Deportation B.E. 2569 (2026)” ဟု အမည်ပေးထားသည့် အဆိုပါစည်းမျဉ်းကို ထိုင်းတော်ဝင်ပြန်တမ်းတွင် ဩဂုတ် ၂၇ ရက်က ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးချုပ် အနူတင် ချန်ဗီရကူလ်က ဩဂုတ် ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
စည်းမျဉ်းသစ်အရ ပြည်သူ့စည်းကမ်း၊ လူမှုလုံခြုံရေးနှင့် နိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေသည့် အပြုအမူများ ပြုလုပ်သည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနက လျင်မြန်စွာ ဆောင်ရွက်နိုင်မည့် အာဏာများ ရရှိလာမည်ဖြစ်သည်။
ထောင်ဒဏ်ကျခံပြီး လွတ်မြောက်လာသည့် နိုင်ငံခြားသားများကိုလည်း ပြည်ထဲရေးဝန်ကြီး၏ အမိန့်ဖြင့် ချက်ချင်း ပြည်နှင်ဒဏ်ပေးနိုင်မည်ဖြစ်သည်။ ယင်းတွင် တရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် နေထိုင်ခြင်း၊ တရားမဝင် အလုပ်အကိုင်ဆိုင်ရာ လုပ်ငန်းများ၊ တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် အမည်ခံပိုင်ရှင်များ အသုံးပြုသည့် Nominee လုပ်ငန်းများ ပါဝင်သည်။
ထို့အပြင် အစိုးရ၏ တရားဝင်စာရွက်စာတမ်းများကို အတုလုပ်ခြင်း သို့မဟုတ် အသုံးပြုခြင်းနှင့် ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ထို့ထက်ပို၍ ချမှတ်နိုင်သည့် ပြစ်မှုများ ကျူးလွန်သူများကိုလည်း စည်းမျဉ်းသစ်အရ ပြည်နှင်ဒဏ်ပေးနိုင်မည်ဖြစ်သည်။ ပြစ်မှုကျူးလွန်သူများအပြင် ယင်းပြစ်မှုများကို အသုံးချသူ သို့မဟုတ် အားပေးကူညီသူများလည်း အကျုံးဝင်သည်။
ထောင်မှ လွတ်မြောက်မည့် နိုင်ငံခြားသားများနှင့် ပတ်သက်သည့် အချက်အလက်များနှင့် အမှုတွဲများကို အကျဉ်းဦးစီးဌာနက လွတ်မြောက်မည့်ရက်မတိုင်မီ အနည်းဆုံး ၁၅ ရက်ကြိုတင်၍ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ထံ ပေးပို့ရမည်ဖြစ်သည်။ ယင်းအချက်အလက်များကို အခြေခံ၍ ပြည်နှင်ဒဏ်ပေးရန်နှင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်မည့်ကာလကို သတ်မှတ်နိုင်မည်ဖြစ်သည်။
တရားရုံးက ထောင်ဒဏ်ဆိုင်းငံ့ခြင်း သို့မဟုတ် ငွေဒဏ်ချမှတ်ခြင်းကဲ့သို့သော ဆုံးဖြတ်ချက်များ ချမှတ်ပါကလည်း သက်ဆိုင်ရာတရားရုံးက ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ထံ အမြန်ဆုံး အကြောင်းကြားရမည်ဖြစ်သည်။
ပြည်နှင်ဒဏ်ပေးရာတွင် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့် ထိုင်းနိုင်ငံ၏ နိုင်ငံတကာတာဝန်ဝတ္တရားများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု စည်းမျဉ်းတွင် ဖော်ပြထားပြီး ပုံမှန်အားဖြင့် ပြည်နှင်ဒဏ်ခံရသူများကို မိမိတို့၏ မူလနိုင်ငံ သို့မဟုတ် သတ်မှတ်ထားသည့် နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။
သို့သော် မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပါက ညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြင်း၊ အတင်းအကျပ် ပျောက်ဆုံးခံရနိုင်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သည့် ဆက်ဆံမှုခံရနိုင်ခြေရှိပါက တတိယနိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ပေးရန် တောင်းဆိုနိုင်သည်။
အဆိုပါ တတိယနိုင်ငံသို့ လွှဲပြောင်းပေးရေးအတွက် အခြားနိုင်ငံတစ်နိုင်ငံ သို့မဟုတ် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက သံတမန်လမ်းကြောင်းမှတစ်ဆင့် ၇ ရက်အတွင်း တောင်းဆိုရမည်ဖြစ်ပြီး ပြည်နှင်ဒဏ်ခံရသူကိုယ်တိုင်ကလည်း လွှဲပြောင်းပို့ဆောင်မှုကို သဘောတူရမည်ဖြစ်ကာ၊ လက်ခံမည့်နိုင်ငံက လွှဲပြောင်းပို့ဆောင်ရေးကုန်ကျစရိတ်များကို တာဝန်ယူရမည်ဖြစ်သည်။
သတ်မှတ်ချက်များနှင့် ကိုက်ညီပါက တတိယနိုင်ငံသို့ လွှဲပြောင်းပို့ဆောင်မှုကို ရက်ပေါင်း ၃၀ အတွင်း ပြီးစီးရမည်ဖြစ်ပြီး လိုအပ်ပါက တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ ဖြင့် နှစ်ကြိမ်အထိ သက်တမ်းတိုးနိုင်ကြောင်း၊ သတ်မှတ်ထားသည့်ကာလအတွင်း တတိယနိုင်ငံသို့ ပို့ဆောင်ရန် မဖြစ်နိုင်ပါက ပုံမှန်လုပ်ထုံးလုပ်နည်းများအတိုင်း မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။
စည်းမျဉ်းသစ်အရ ပြည်နှင်ဒဏ်ပေးရေး လုပ်ငန်းများအတွက် ကုန်ကျစရိတ်များကို ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး အကောင်အထည်ဖော်ရာတွင် အငြင်းပွားဖွယ်ရာ သို့မဟုတ် မရှင်းလင်းသည့် အခြေအနေများ ပေါ်ပေါက်ပါက ပြည်ထဲရေးဝန်ကြီး၏ ဆုံးဖြတ်ချက်ကို အတည်ပြုချက်အဖြစ် သတ်မှတ်မည်ဖြစ်သည်။
#ပြည်နှင်ဒဏ် #နိုင်ငံခြားသား #တတိယနိုင်ငံ #MPA
August 31 ရက်နေ့မှာ Barista Training (Batch 28) ရှိပါမယ်နော်။
၅ ရက်တာသင်တန်းဖြစ်တာကြောင့် August 31st ရက်နေ့မှ September 4th ရက်နေ့ထိ နေ့လယ် 2 နာရီမှ ညနေ 5 နာရီထိ ဖြစ်ပါတယ်။
ကော်ဖီသင်တန်းများကို နိုင်ငံတကာတွင် တက်ရောက်ထားခဲ့ပြီး ကော်ဖီဆိုင်နှင့် အအေးဆိုင်များ ဖွင်လှစ်နိုင်အောင် သင်တန်းပေး/အကြံပေးနေသူမှ သင်ကြားပေးမှာ ဖြစ်ပါတယ်။
Coffee နဲ့ပတ်သက်ပြီး ဘာတွေသင်ကြားပေးမှာလဲ?
ကော်ဖီသမိုင်းကြောင်း။
Coffee Processing
Coffee Machine Brewing (ကော်ဖီဖျော်ခြင်းလုပ် ငန်းစဉ်တစ်ခုနဲ့တစ်ခု မတူညီမှုအပေါ်အရသာ ကွာခြားခြင်းအဆင့်အကြောင်း)
Cupping
ကော်ဖီအရည်အသွေးမြည်းစမ်းခြင်း
Roasting (ကော်ဖီစေ့လှော်ခြင်းအဆင့် [ Roasted Level ] သည် ကော်ဖီ အရသာကို အကျိုးသက်ရောက်ပုံအကြောင်း)
Grinding (ကော်ဖီ ကြိတ်စက်ရွေးချယ်ခြင်း ကော်ဖီကြိတ်ခြင်း(အနု၊ အကြမ်း ၊အနံ့၊အရသာ )သက်ရောက်မှုအကြောင်း)
Milk ရွေးချယ်ခြင်း ၊ ကော်ဖီနှင့်တွဲစပ်ခြင်း
Basic Menu
Hot/ Ice ( Espresso/ Americano/ Cappuccino / Latte/ Flat White ) ကိုယ်တိုင်ပြုလုပ်နိုင်စေခြင်း။
ကော်ဖီဖျော်စက်နှင့်ကြိတ်စက်တို့ကို သန့်ရှင်းသပ်ရပ်စွာ အသုံးပြုခြင်း နှင့် သန့်ရှင်းရေးလုပ်ခြင်း။
Daily Barista Life at Cafe အချက်လက်များကို သင်ကြားပေးခြင်း။
Perfect Espresso နှင့် Professional Barista Ethics စသည်တို့ကို နိုင်ငံတကာတွင် သင်ကြားပေးသောပုံစံဖြင့် စနစ်တကျသင်ကြားပေးသွားမှာဖြစ်ပါတယ်။
** တန်းခွဲတစ်ခုလျှင် ၇ ယောက်သာ လက်ခံပါသည်။
** သင်တန်းသင်ထောက်ကူပစ္စည်းများ free
သင်တန်းပြီးဆုံးချိန်တွင် လက်တွေ့ နှင့် ရေးဖြေ အရည်အချင်းစစ် Exam ဖြေဆိုရပါမည်။
သတ်မှတ်ထားသော အမှတ်ပြည့်မှီမှသာ သင်တန်းဆင်းအောင်လက်မှတ်ကို ပေးအပ်သွားမှာပါ။
သင်တန်းတည်နေရာ = Blue Pond Cafe
သင်တန်းကြေး = 3000THB
သင်တန်း ရက်စွဲ August 31st to September 4th
2PM - 5PM
သင်တန်းအပ်မည်ဆိုပါက အောက်ပါ Google form ကို ဖြည့်ပြီး enroll လုပ်ထားလို့ရသလို သင်တန်းနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိလိုပါက ဆိုင်ဖုန်း 06 441 959 73 ကိုဆက်သွယ်မေးမြန်းနိုင်သလို Blue Pond ရဲ့ Page Messenger မှာလည်း လာရောက်မေးမြန်းနိုင်ပါတယ်။
https://forms.gle/KtJ7mvTCd29bUGAv9
ထိုင်းတောင်ပိုင်းမှာ ဘာတွေဖြစ်နေတာလဲ
ထိုင်းနိုင်ငံတောင်ပိုင်း ယာလာ၊ နရာသီဝပ်နှင့် ပတ္တနီပြည်နယ်များတွင် ဩဂုတ် ၂၂ ရက်ညပိုင်းက ဗုံးခွဲမှု၊ မီးရှို့မှု၊ သေနတ်ပစ်ခတ်မှုနှင့် လမ်းပိတ်ဆို့မှုများ အပါအဝင် တိုက်ခိုက်မှု ၃၂ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်များသည် နေရာအများအပြားတွင် တချိန်နီးပါး ဖြစ်ပွားခဲ့ပြီး နရာသီဝပ်ပြည်နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။
ဒီဗီဒီယိုမှာ ထိုင်းတောင်ပိုင်းမှာ ဘာတွေဖြစ်ခဲ့သလဲ၊ ဘယ်ဒေသတွေမှာ တိုက်ခိုက်မှုတွေ အများဆုံးဖြစ်ခဲ့သလဲ၊ နှစ်ပေါင်း ၂၀ ကျော်ကြာနေတဲ့ တောင်ပိုင်းပဋိပက္ခနဲ့ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို အကျဉ်းချုပ် ရှင်းပြထားပါတယ်။
Source: Thai PBS, Reuters, Xinhua
#ထိုင်းတောင်ပိုင်း
#ထိုင်းသတင်း
#နရာသီဝပ်
#ယာလာ
#ပတ္တနီ
#BreakingNews
#ThailandConflict
#SouthThailand
#NewsUpdate
မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် သောင်ရင်းမြစ်ရေတက်လာ၍ မြဝတီမြို့ပေါ် ရပ်ကွက်များနှင့် မြစ်ကမ်းစပ်အနီးရှိ နေအိမ်များအတွင်းသို့ ရေများ စတင်ဝင်ရောက်နေသည့် မြင်ကွင်းများ ( ဓါတ်ပုံသတင်း )
---- --- ---
မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ရှိ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ကို သိသိသာသာ ကျော်လွန်ကာ မြင့်တက်လာလျက်ရှိကြောင်း သိရသည်။ ယနေ့ သြဂုတ်လ ၂၁ ရက် နံနက် ၆ နာရီအချိန် တိုင်းထွာချက်များအရ သောင်ရင်းမြစ်ရေချိန်သည် (၁၁၂၃) စင်တီမီတာသို့ ရောက်ရှိနေပါသည်
လက်ရှိ မြဝတီမြို့ပေါ်ရပ်ကွက်များနှင့် မြစ်ကမ်းစပ်အနီးရှိ နေအိမ်များအတွင်းသို့ ရေများ စတင်ဝင်ရောက်နေပြီဖြစ်သည်ဟု သိရသည်။
မြစ်ရေသည် ဆက်လက်မြင့်တက်လာဆဲဖြစ်သဖြင့် မြစ်ကမ်းအနီးနေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ဘေးကင်းရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေးနှင့် အရေးပေါ်အခြေအနေများအတွက် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာက အသိပေးနှိုးဆော်ထားသည်။
ဓါတ်ပုံ-CJ
https://www.facebook.com/share/p/1BdrT2qjFc/
🚨DDPM မှ သောင်ရင်းမြစ်ရေမြင့်တက်လာမှုအား သတိပေးချက်ထုတ်ပြန်ထားပါသည်။ 20-08-2026 ရက်နေ့ 18:31:20 နာရီအချိန်အထိ သောင်ရင်းမြစ်ရေမှာ ဆက်တိုက်မြင့်တက်လျက်ရှိပါသည်။
အောက်ပါဒေသများရှိ သောင်ရင်းမြစ်ကမ်းဘေးတွင် နေထိုင်ကြသော ပြည်သူများ သတိပြုရန် -
မဲဆောက်မြို့နယ် - မဲပ၊ မဲကု၊ မဟာဝမ်၊ သာဆိုင်လွတ်၊ မဲတောင်း နှင့် မဲကဆာ ကျေးရွာအုပ်စုများ
မဲရမတ်မြို့နယ် - မဲကျရဲ ကျေးရွာအုပ်စု
လိုက်နာဆောင်ရွက်ရန် လမ်းညွှန်ချက်များ -
▶️မြစ်ရေအခြေအနေကို အနီးကပ်စောင့်ကြည့်ပါ။
▶️ပစ္စည်းများနှင့် မော်တော်ယာဉ်များကို မြင့်သောနေရာများသို့ ရွှေ့ပြောင်းပါ။
▶️တန်ဖိုးကြီးပစ္စည်းများနှင့် အရေးကြီးစာရွက်စာတမ်းများကို စနစ်တကျသိမ်းဆည်းပါ။
▶️လျှပ်စစ်အန္တရာယ် (ဓာတ်လိုက်မှု) ကို ဂရုစိုက်ပါ။
▶️ကူညီစောင့်ရှောက်မှုလိုအပ်သော အားနည်းသည့်အုပ်စုများကို ဂရုစိုက်စောင့်ရှောက်ပါ။
— ဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လျော့ပါးသက်သာစေရေး ဦးစီးဌာန (DDPM)
Call for Applications (English Version Below)
Pyit Taing Htaung Youth Development Institute (PYDI) မှ "Youth in Society Fellowship Program (Cohort-3)/ လူ့အဖွဲ့အစည်းအတွင်းရှိလူငယ်များ လေ့လာရေးအစီအစဉ် (သင်တန်းအမှတ်စဉ်-၃)" အတွက် ဝင်ခွင့် လျှောက်လွှာများ စတင်ခေါ်ယူနေပါပြီ။
https://web.facebook.com/pyittainghtaung.youth/posts/pfbid02bGa867Fqtu99KwncqGMLM1XSb5ksKcVy47HQRAw4W4b5R9PUf4QmYcyQKGgcjQael
ထိုင်းက PV ကိုင်ထားတဲ့ မြန်မာတွေရဲ့ ပတ်စပို့စ်ကိစ္စ နေပြည်တော်က ခွင့်ပြုမှသာ သံရုံးကပြုလုပ်ပေးတော့မယ်
ဩဂုတ် ၁၉ ၊ ၂၀၂၆
GG (VOM)
ထိုင်းမှာ အလည်ပတ်စ်ပို့ Passport of Visit - PV အမျိုးအစားကိုင်ထားတဲ့ မြန်မာတွေကို စာအုပ် သက်တမ်းတိုးခြင်း ၊ စာအုပ်အသစ်လဲလှယ်တာ ၊ PV အမျိုးအစားကနေ တခြား Passport အမျိုးအစားကိုပြောင်းတာတွေအတွက် နေပြည်တော်က ခွင့်ပြုမိန့်ကျမှသာ သံရုံးက ပြုလုပ်ပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် PV စာအုပ်ကိုင်ထားသူတွေအနေနဲ့ သက်တမ်းတိုးခြင်း ၊ စာအုပ်လဲလှယ်တာ ၊ PV အမျိုးအစားကနေ တခြား Passport အမျိုးအစားကိုပြောင်းမယ်ဆိုပါက ဒီနေ့ကစပြီး သံရုံးမှာ လိုအပ်တဲ့အချက်အလက်နဲ့တကွ ဖောင်ဖြည့်ပြီး တင်ပြနေရပြီ ဖြစ်တယ်လို့ သိရပါတယ် ။
သံရုံးကမှတဆင့် နေပြည်တော်ကို တင်ပြပြီး နေပြည်တော်က ခွင့်ပြုမိန့်ကျလာမှသာ ပြုလုပ်ပေးမှာဖြစ်ကြောင်း ၊ ဒီကနေ့ သံရုံးမှာ PV သက်တမ်းလာတိုးသူတွေကိုတော့ အချိန်နှစ်လအကြာမှာ ပြန်စုံစမ်းရန် လက်ခံမှတ်တမ်းစာရွက်ပေးပြီး ပြန်လွှတ်လိုက်ပါတယ်။
"အရင်ဆုံး Visa အချက်အလက်အထောက်အထားအစုံနဲ့ သံရုံးဘက်ကို formဖြည့်ပေးစာတင်ပေးရပါတယ်။ Passport အထောက်အထား နဲ့ဖုန်းနံပါတ်ကို လူကိုယ်တိုင်ဖြစ်စေ ၊ Agentနဲ့ဖြစ်စေ သံရုံးမှာသွားတင်ရပါတယ်။ လူကိုယ်တိုင်ဆိုရင် လျှောက်ထားသူကိုတိုက်ရိုက်ဆက်သွယ်ပြီး Agentနဲ့ဆိုရင် Agentကို ပြန်လာရမယ့်ရက် ဖုန်းဆက်အကြောင်းကြားပေးပါမယ်ပြောတယ်။ နှစ်လအကြာမှာပြန်စုံစမ်းဖို့လည်းပြောတယ်။ " လို့ ဝန်ဆောင်မှုပေးနေသူတယောက်က ပြောပါတယ်။
PV အမျိုးအစားနဲ့ပတ်သက်ပြီး သက်တမ်းတိုးခြင်းကို သံရုံးဘက်က လုံးဝပြုလုပ်မပေးတော့တာမျိုးမဟုတ်ပေမယ့်လည်း အဆင့်ဆင့် တင်ပြရတာတွေ ၊ ခွင့်ပြုမယ့်အချိန်အတိအကျ မသိရတဲ့အခြေအနေတွေကြောင့် PV ကိုင်ထားသူတွေ အခက်အခဲ ဖြစ်နေပါတယ်။
" လုပ်မပေးတော့တာ မဟုတ်ပေမယ့်လည်း အခုက ဘာမှန်းလဲ မသိရဘူးလေ။ နှစ်လအကြာပြန်စုံစမ်းဆိုတော့ ရမလား မရဘူးလား မသိရဘူး ။ အရင်ပတ်စ်ပို့ အပျောက်တွေလျှောက်တုန်းကလည်း သုံးလကြာမယ်ဆိုပြီး တနှစ်ကျော် လောက်ကြာမှပြန်ဆက်သွယ်တာရှိတယ်။ ဒီတော့ သက်တမ်းမကုန်ခင် ကြိုပြီး ဖောင်တင်ကြပါ။ ဘယ်လိုတွေ လာမယ် မသိသေးဘူး ။ " လို့ ထိုင်းရောက် အကျိုးဆောင်တယောက်က ပြောပါတယ် ။
PV အမျိုးအစားကနေ PJ ၊ PE တခြားတခုခုကို ပြောင်းမယ်ဆိုရင် ရက်ချိန်းကြိုယူရပြီး စာအုပ်လဲလှယ်ခြင်းကို တရက်တည်းနဲ့ နေ့ချင်းပြီး ဆောင်ရွက်ပေးနေရာကနေ သံရုံးက ဒီနေ့ကစပြီး စည်းကမ်းတင်းကြပ်လိုက်တာ ဖြစ်ပါတယ်။
ခုလို စည်းကမ်းတင်းကြပ်လိုက်တဲ့အတွက် ထိုင်းနိုင်ငံမှာ PV စာအုပ် ကိုင်ဆောင်ပြီး အလုပ်လုပ်ကိုင်သူတွေ ၊ ကျောင်းတက်သူတွေ အပြင် မှီခိုဗီဇာနဲ့ နေထိုင်သူတွေပါ အခက်အခဲ ကြုံတွေ့ရနိုင်တယ်လို့ သိရပါတယ် ။
ခုလို PV စာအုပ်သက်တမ်းတိုးခြင်း ၊ PV ကနေ တခြား ပတ်စ်ပို့အမျိုးအစားကို ပြောင်းလဲတဲ့ကိစ္စတွေအပေါ် နေပြည်တော်က ခွင့်ပြုမှသာ ဆောင်ရွက်ပေးမယ်ဆိုတဲ့အပေါ် မြန်မာသံရုံးဘက်ကတော့ တရားဝင်ထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါဘူး ။
ဓာတ်ပုံ -CJ
VOM TelegramChannel: https://t.me/VOMNEWS2023/25663
VOM Viber Channel: https://invite.viber.com/?g2=AQB7wwugAc75sVHuHo%2Fd0CrKkpLcA%2BlNVq%2Bect5uDImn9%2FvvN4ftUbteUnFXd9we
VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g
VOM Website Link: https://voiceofmyanmarnews.com/?fbclid=IwZXh0bgNhZW0CMTEAAR28Qqj_pTGKuOlrWdk5tlcmboTRklj0D2qV0dGXdsU5I_lnrlUaygVFlCI_aem_H5NJKuvgYPc2NAKeA7aubQ.
#Voiceofmyanmar #VOM #ထိုင်း #မြန်မာ #PV #စာအုပ်သက်တမ်းတိုး #စာအုပ်ချိန်း #နေပြည်တော်စာတင်ရမယ်
🎶 Music Class for Kids (6-12) yrs –
ဖန်တီးနိုင်စွမ်းကို တိုးတက်စေမယ့် ဂီတသင်တန်း 🎶
ကလေးတွေကို ဂီတနဲ့ မိတ်ဆက်ပေးပြီး
ပျော်ရွှင်စွာ သင်ယူနိုင်မယ့် Music Class ကို 2026 ရဲ့ ဒုတိယအတန်းအနေနဲ့ ဖွင့်တော့မှာဖြစ်ပါတယ် ✨
🎼သင်ကြားပေးမယ့် အကြောင်းအရာများ
• Rhythm & Beat Training 🎶
• Singing 🎤
• body percussion 🥁
• Music Games & Activities 🪇
🌟 ကလေးတွေအတွက် ရရှိနိုင်မယ့် အကျိုးကျေးဇူးများ
• အာရုံစိုက်နိုင်မှု တိုးတက်လာခြင်း
• Creativity & Confidence တိုးတက်လာခြင်း
• Teamwork လုပ်ဆောင်နိုင်လာခြင်း
• Music ကို ပျော်ရွှင်စွာ သင်ယူနိုင်ခြင်း
👧🧒Age - ( 6) နှစ်မှ (12 ) နှစ်
📅 Date - Saturday & Sunday
⏰ Time - နေ့လည် 1:00-2:00
📍 Location - Joy House
🛑 ( 1 September )ကျောင်းအပ်လက်ခံပါမယ်။
📌 ( 5 September)မှာ အတန်း စတင်တက်ရမှာဖြစ်ပါတယ်။
google form ဖြည့်ရန်👇
https://forms.gle/LSg9U9JZojZS81pu7
#Joyhouse#ပီတိအိမ်#musicclassforkids
မဲဆောက်မြို့တွင် EVလျှပ်စစ်ဘတ်စ်ကား စမ်းသပ်ပြေးဆွဲ၊ ကျောင်းသားများ ကြိုပို့ရေး အသုံးပြုရန် စီစဉ်
မဲဆောက်၊ ဩဂုတ် ၁၁
တာ့ခ်ခရိုင် မဲဆောက်မြို့တော် စည်ပင်သာယာရေးအဖွဲ့က NEXT လျှပ်စစ်ဘတ်စ်ကား (EV Bus) ကို မြို့တွင်းနဲ့ အနီးဝန်းကျင် ရပ်ကွက်ဒေသများတွင် စမ်းသပ်ပြေးဆွဲခဲ့ပြီး မဲဆောက်ဒေသတွင်းက
စာသင်ကျောင်းတွေရဲ့ကျောင်းသား၊ ကျောင်းသူကြိုပို့ပေးတဲ့ ကျောင်းကားအဖြစ် အသုံးပြုနိုင်ဖို့ စီစဉ်နေတယ်လို့ ဩဂုတ်လ ၁၁နေ့လည်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။
လတ်တလော စမ်းသပ်ပြေးဆွဲမှုအတွင်း EVလျှပ်စစ်ဘတ်စ်ကားရဲ့ စွမ်းဆောင်ရည်၊ လမ်းကြောင်းအလိုက် ပြေးဆွဲနိုင်မှုနဲ့ လက်တွေ့အသုံးပြုဖို့ သင့်လျော်မှုတို့ကို မဲဆောက်အုပ်ချုပ် ရေးအာဏာပိုင်အဖွဲ့တွေ ကိုယ်တိုင်လိုက်ပါစီးနှင်းပြီး စစ်ဆေးအကဲဖြတ်ခဲ့ကြတာပါ။
အဲ့ဒီမြို့ပတ်စမ်းသပ်စီးနှင်းကြည့်ရှု့ ခဲ့တဲ့ မဲဆောက်မြို့တော်ဝန် ကွန်လ် ခရူးအီရာက " မြို့အတွင်း လူဦးရေ တိုးပွားလာမှုနှင့်အတူ ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချရန်၊ လေထုညစ်ညမ်းမှုနှင့် PM2.5 ပြဿနာကို လျှော့ချရန်အတွက် လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးစနစ်ကို မြှင့်တင်သွားမယ်လို့ ပြောပါတယ်။
လက်ရှိစမ်းသပ်မှုရလဒ်များအပေါ် မူတည်ပြီး လျှပ်စစ်ဘတ်စ်ကားများ ဝယ်ယူအသုံးပြုနိုင်ရေး ဘတ်ဂျက်ရေးဆွဲခြင်းနဲ့ ခွင့်ပြုချက် သက်ဆိုင်ရာ ဗဟိုအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အခုလို မဲဆောက်မြို့ရဲ့ EVလျှပ်စစ်ဘတ်စ်ကား စီမံကိန်းကို ယာဉ်ကြောပိတ်ဆို့မှုနဲ့ လေထုညစ်ညမ်းမှု လျှော့ချရေးအပြင် မဲဆောက်မြို့ကို သန့်ရှင်းသောစွမ်းအင်အသုံးပြုသည့် Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားခြင်းဖြစ်တယ်လို့ မဲဆောက်အာဏာပိုင်တွေ ပြောဆိုချက်အရ သိရပါတယ်။
သတင်းဓါတ်ပုံဆိုင်ရာ တစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုအား EMJN က သြဂုတ်လ ၂၈ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။
စီနီယာသတင်းဓါတ်ပုံဆရာ ရဲအောင်သူမှ အလုပ်ရုံဆွေးနွေးပွဲတွင် အပြန်အလှန်မျှဝေဆွေးနွေးသွားမည်ဖြစ်ပြီး နံနက် ၉း၀၀ နာရီမှ ညနေ ၄း၃၀ ထိဖြစ်ပါသည်။
မဲဆောက်မြို့တွင်နေထိုင်ပြီး သတင်းဓါတ်ပုံနှင့်ဆိုင်သောအကြောင်းအရာများ စိတ်ဝင်စားသူ ဓါတ်ပုံသတင်းထောက်၊ တိုက်ပိုင်သတင်းထောက်များ၊ အလွတ်တန်းသတင်းထောက်များနှင့် အယ်ဒီတာများ တက်ရောက်နိုင်သည်။
အနည်းဆုံး လုပ်သက် ၂ နှစ်ရှိရမည်ဖြစ်ကာ လက်ရှိ သတင်းမီဒီယာတိုက်များတွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်ရန်လိုအပ်ပါသည်။
တက်ရောက်သူဦးရေ ကန့်သတ်ထားပြီး ရွေးချယ်ခံရသူများအား Workshop တည်နေရာကို ပြန်လည်အကြောင်းကြားပေးမည်။
EMJN Member များ၏ ပါဝင်မှုများဖြင့် ပြုလုပ်သော ဆွေးနွေးပွဲဖြစ်ပြီး မည်သည့်ထောက်ပံ့ကြေးမျှ ပေးအပ်သွားမည်မဟုတ်ဘဲ တက်ရောက်လာသူများအား နေ့လယ်စာကျွေးမွေးပါမည်။
သတင်းဓာတ်ပုံပညာရပ်များအား အမှန်တကယ် နားလည်တတ်ကျွမ်းလိုသူများသာ လျှောက်ထားပေးရန်လိုအပ်ပါသည်။ လျှောက်ထားလိုသူများအနေဖြင့် အောက်ပါ Google Form တွင် ဖြည့်စွက်နိုင်ပါသည်။
သြဂုတ်လ ၂၂ရက်အထိ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။
https://forms.gle/MHTgiy6FCeREMRmRA
ပြည်ပရောက် မြန်မာဂျာနယ်လစ်ကွန်ရက်(EMJN)
🌟 Barista သင်တန်း (Batch 1) - လျှောက်လွှာခေါ်ယူခြင်း ☕
Community Partners Thailand Foundation (CPTF) ၏ New Future Youth Corner (NFYC) Project မှ မြန်မာလူငယ်များနှင့်အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လိုသူများအား Barista Course (Batch 1) သင်တန်းသို့ လျှောက်ထားနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
ဤသင်တန်းသည် Barista လုပ်ငန်းဆိုင်ရာ လက်တွေ့ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးရန်နှင့် အနာဂတ်တွင် ဝင်ငွေရရှိနိုင်သော အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
📅 သင်တန်းအချက်အလက်
သင်တန်းကာလ – ၂ ရက် (စုစုပေါင်း ၁၆ နာရီ)
သင်တန်းအချိန် – တနင်္လာနေ့နှင့် အင်္ဂါနေ့၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀ နာရီ
သင်တန်းနေရာ – The Passport Restaurant, မယ်ပ၊ မဲဆောက်မြို့၊ တာ့ခ်ခရိုင်
👥 လျှောက်ထားနိုင်သူ
👉အသက် ၁၈ မှ ၃၅ နှစ်အတွင်း ဖြစ်ရမည် (မြန်မာလူငယ်များကို ဦးစားပေးရွေးချယ်မည်)
👉အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလိုသူ ဖြစ်ရမည်
👉အနာဂတ်တွင် Barista အဖြစ် သို့မဟုတ် Food & Beverage (F&B) လုပ်ငန်းတွင် အလုပ်လုပ်ရန် စိတ်ဝင်စားပြီး ရည်ရွယ်ချက်ရှိသူ ဖြစ်ရမည်
👉 သင်တန်း ၂ ရက်လုံး အပြည့်အဝ တက်ရောက်နိုင်ရမည်
👉ထိုင်းနိုင်ငံတွင် တရားဝင်အသုံးပြုနိုင်သော အထောက်အထား (ဥပမာ - Passport၊ Pink Card သို့မဟုတ် အခြားတရားဝင် အထောက်အထား) ရှိရမည်
👉သင်တန်းနေရာသို့ ကိုယ်တိုင်သွားရောက်နိုင်ရမည်
🎁 သင်တန်းတက်ရောက်သူများ ရရှိမည့်အကျိုးကျေးဇူးများ
👉အတွေ့အကြုံရှိ Barista Trainer များထံမှ လက်တွေ့သင်ကြားခွင့်
👉သင်တန်းအောင်မြင်စွာ ပြီးဆုံးပါက Certificate of Completion ရရှိမည်
👉သင်တန်းကြေး ၈,၅၀၀ ဘတ်ကို CPTF မှ အပြည့်အဝ ထောက်ပံ့ပေးမည်
👉အလုပ်အကိုင် သို့မဟုတ် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အသုံးချနိုင်သော လက်တွေ့ကျွမ်းကျင်မှုများ ရရှိမည်
💰 မှတ်ပုံတင်ကြေး
👉သင်တန်းတက်ရောက်ရန် အတည်ပြုခြင်းအတွက် ၁,၅၀၀ ဘတ် အပ်ငွေ ပေးသွင်းရမည်။
👉သင်တန်းကို အောင်မြင်စွာ ပြီးဆုံးပြီး တက်ရောက်မှုစည်းကမ်းများကို ပြည့်မီပါက မှတ်ပုံတင်ကြေး ၁,၅၀၀ ဘတ် ကို အပြည့်အဝ ပြန်လည်ထုတ်ပေးမည်။
👉စာရင်းပေးသွင်းပြီးနောက် သင်တန်းမှ နုတ်ထွက်ခြင်း သို့မဟုတ် သင်တန်း၏ မည်သည့်အစိတ်အပိုင်းကိုမဆို ပျက်ကွက်ပါက မှတ်ပုံတင်ကြေးကို ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။
📌 သင်တန်းသားများ၏ တာဝန်
👉သွားလာစရိတ်၊ အစားအသောက်စရိတ်နှင့် ကိုယ်ပိုင်အသုံးစရိတ်များကို မိမိကိုယ်တိုင် ကျခံရမည်။
👉သင်တန်းပြီးဆုံးပြီးနောက် စီမံကိန်း၏ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း (Monitoring & Evaluation) လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရမည်။
👉သင်တန်းကို အောင်မြင်စွာ ပြီးဆုံးပြီး အလုပ်အကိုင် ရရှိပါက၊ နောင်လာမည့် လူငယ်များအတွက် အလားတူ သင်တန်းအခွင့်အလမ်းများ ဆက်လက်ဖန်တီးပေးနိုင်ရန် CPTF Revolving Training Fund သို့ သင်တန်းကြေး၏ ၃၀% (၂,၅၅၀ ဘတ်) ကို ထည့်ဝင်ပံ့ပိုးပေးရန် သဘောတူရမည် ဖြစ်ပါမည်။
📅 လျှောက်လွှာလက်ခံမည့်ကာလ
လျှောက်လွှာစတင်လက်ခံမည့်နေ့ – ၁၅ ဇူလိုင် ၂၀၂၆
လျှောက်လွှာနောက်ဆုံးပိတ်မည့်နေ့ – ၃၁ ဇူလိုင် ၂၀၂၆၊ ညနေ ၅:၀၀ နာရီ
📝 လျှောက်ထားရန် –
https://docs.google.com/.../1FAIpQLSeVvhA4FMp.../viewform...
⚠️ သင်တန်းသား (၅) ဦးသာ ရွေးချယ်မည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အမြန်လျှောက်ထားကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
အသေးစိတ်သိလိုပါက NFYC Facebook page Messager မေးမြန်းနိုင်ပါတယ်....
ဂျာမဏီ ကျောင်းအတွက် စကောလာရှစ်အခွင့်အလမ်း
https://www.facebook.com/naylin.tun.716/posts/pfbid02zinDSTN22AvYxBYpGUSyu6Tw6qT71Nceqk16A5pYQDHCTCTvarFJ5T42tdwsJ3Kzl
✨ 𝗛𝗜𝗣 𝗛𝗢𝗣 𝗖𝗔𝗠𝗣 𝟮𝟬𝟮𝟲: 𝗦𝘁𝗼𝗿𝗶𝗲𝘀 𝗕𝗲𝘆𝗼𝗻𝗱 𝗕𝗼𝗿𝗱𝗲𝗿𝘀 🔥
The Space နဲ့ The First Jam တို့ ပူးပေါင်းပြီး မဲဆောက်မှာရှိတဲ့ လူငယ်တွေအတွက် အချင်းချင်း ချိတ်ဆက်၊ သင်ယူပြီး မိမိတို့ရဲ့ ဖန်တီးမှုတွေကို လွတ်လပ်စွာ ဖော်ထုတ်နိုင်မယ့် Hip Hop Camp 2026 ကို ဖိတ်ခေါ်လိုက်ပါတယ်။ 🚀✨
❓ Hip Hop ဆိုတာ ဘာလဲ? Hip Hop Culture က ဘယ်က အစပြုခဲ့သလဲ? 🎨
၁၉၇၀ နှောင်းပိုင်း ကာလတွေမှာ နယူးယောက်မြို့၊ Bronx ရပ်ကွက်ကနေ စတင်ခဲ့တဲ့ Hip Hop ယဉ်ကျေးမှုဟာ လူမှုစီးပွား ခက်ခဲမှုတွေနဲ့ ဖိနှိပ်ခံရမှုတွေကို တုံ့ပြန်ဖို့၊ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်စွာ ဖော်ထုတ်နိုင်ဖို့အတွက် လူငယ်တွေ (အထူးသဖြင့် ဘေးဖယ်ခံထားရတဲ့ အသိုင်းအဝိုင်းများ) ရဲ့ အသံတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ လူငယ်တွေ စကားပြောခွင့်မဲ့နေတဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ့်အသံကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသနိုင်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီး တစ်ခုဖြစ်ပါတယ်။ 🌐💬
💡 ဂီတအမျိုးအစားတစ်ခုဆိုတာထက် ပိုတဲ့ Hip Hop Camp မှာ ဘာတွေ သင်ယူခွင့်ရမလဲ? 🎧🕺
🤸♂️ Breakin' (aka Breakdance) |💃 Street Dance | 🎧 DJing | 🎨 Graffiti Art | 🎼 Music Production အကြောင်းအရာတွေကို လက်တွေ့ကျကျ သင်ယူခွင့်ရရှိမယ်။
𝗗𝗮𝘁𝗲 & 𝗩𝗲𝗻𝘂𝗲
🗓️ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ – ၃၀ ရက်: (Instructors များ၏ ၃ ရက်တာ Workshop အစီအစဉ်)
🗓️ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်: (Closing Ceremony & International Youth Day Event)
📍 နေရာ: The Space - Youth Learning Center
📋ဘယ်သူတွေ လျှောက်ထားနိုင်လဲ။
📌 အသက် ၁၇ နှစ် မှ ၂၀ နှစ် အတွင်း (အသက် ၁၈ နှစ်အောက် ပါဝင်သူများအတွက် အုပ်ထိန်းသူ၏ သဘောတူညီချက်ပုံစံ လိုအပ်ပါမည်)
📌 မဲဆောက်မြို့ (အနီးပတ်ဝန်းကျင် နေထိုင်သည့်) မြန်မာ သို့မဟုတ် ထိုင်းလူငယ်များ
📌 ဩဂုတ်လ ၂၈ ရက်မှ ၃၁ ရက်အထိ အစီအစဉ်တစ်ခုလုံးကို အပြည့်အဝ တက်ရောက်နိုင်သူ ဖြစ်ရမည်။
📌 Hip Hop အတွေ့အကြုံ လုံးဝ မရှိသေးသူများ/အခြေခံ မရှိသေးသူများလည်း လျှောက်ထားနိုင်ပါတယ်။
လျှောက်ထားရန် - https://forms.cloud.microsoft/r/604NGVunfU
⏳ လျှောက်လွှာ ပိတ်မည့်ရက် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။ (စုစုပေါင်း သင်တန်းသား ၆၀ ဦး လက်ခံသွားမည်)
(ကျေးဇူးပြု၍ လျှောက်လွှာဖြည့်ချိန်တွင် မိမိစိတ်ဝင်စားဆုံး Class ၃ ခုကို ရွေးချယ်ပေးပါ။)
🌟 Aug 31, International Youth Day Event မှာလည်း သင်တန်းသားတွေရဲ့ အနုပညာဖန်တီးမှု ပြသခွင့်တွေနဲ့ စိတ်လှုပ်ရှားဖွယ် Hip Hop Performance တွေပါ ပါဝင်မှာဖြစ်လို့ မိမိတို့ရဲ့ Artist အိမ်မက်တွေကို “အတူဖန်တီး၊ ချိတ်ဆက်၊ ပြောင်းလဲ” သွားနိုင်ဖို့ လူငယ်များအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။ 🏆🔥
#HipHopCamp2026 #StoriesBeyondBorders #DifferentContextCommonAspiration #YouthHub #TheSpace #TheFirstJam
Basic Photojournalism Class 24 & 25 August 2026
【Place】Mae Sot (the detail will be provided for the selected participants)
【Date】
24 August (Monday) 1:00 PM – 5:00 PM
25 August (Tuesday) 1:00 PM – 5:00 PM
The participants must attend both days.
