en
Feedback
MOD News

MOD News

Open in Telegram

An Official channel of MOD,NUG.

Show more
5 007
Subscribers
No data24 hours
-107 days
-6530 days
Posts Archive
လေ့ကျင့်ရေးနည်းပြများ စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်ပြီးစီး ၂၀၂၆ ခုနှစ်၊ မတ်လ (၆) ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ လေ့ကျင့်ရေးကဏ္ဍကို ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင်မှု ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ လေ့ကျင့်ရေးနည်းပြများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းတွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ် နယ်မြေတနေရာတွင် ရက်သတ္တ (၃) ပတ်တာ ဖွင့်လှစ်သင်ကြားခဲ့ပြီး လေ့ကျင့်ရေးနည်းပြ (၁၀၀) ကျော်ခန့် တက်ရောက်ခဲ့ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်အခြေခံသဘောတရား (Military Doctrine)၊စစ်မြေပြင်ဆိုင်ရာ စိတ်ပညာ၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၊ အခြေခံနိုင်ငံရေး မိတ်ဆက်၊ မြန်မာ့နိုင်ငံရေးသမိုင်း အကျဉ်းချုပ်၊ Cyber Security၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ဆင်ရေး၊ ရေး၊ ထောက်၊ လှမ်း၊ လုံ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စစ်ဥပဒေဆိုင်ရာ ဘာသာရပ်များ နှင့် စိတ်ဓာတ်စစ်ဆင်ရေးဆိုင်ရာ သင်ခန်းစာများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ နှင့် တပ်မှူးများက သင်ကြားပို့ချခဲ့ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်တည်ဆောက်ရေးလုပ်ငန်းများတွင် လေ့ကျင့်ရေးကဏ္ဍသည် အခြေခံအကျဆုံးနှင့် အရေးပါဆုံးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

photo content
+7

မိုးကုတ်-မိုးမိတ် စစ်ဆင်ရေး အခြေအနေ သတင်းထုတ်ပြန်ချက် (၃) ၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့) (၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိုက်ပွဲကြီး (၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ကြီးငယ်ပေါင်း (၁၀) ကြိမ် ဖြစ်ပွားခဲ့ပါသည်။ (၂) ရန်သူ၏ အုပ်ချုပ်ထောက်ပံ့မှုရပ်ဝန်းများနှင့် အရေးကြီး ပစ်မှတ်များအားလည်း မိမိတို့ဘက်က အထူးစစ်ဆင်ရေးများဖော်ဆောင်ပြီး အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက် ရှိပါသည်။ (၃) အထက်ဖော်ပြပါ တိုက်ပွဲများနှင့် စစ်ဆင်ရေးများအတွင်း ရန်သူဘက်မှ (၂၁) ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိပါသည်။ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကိုလည်း လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးထားပြီး စနစ်တကျ ထိန်းသိမ်းထားရှိပါသည်။ (၄) ပြည်သူ့ကာကွယ်ရေးတပ်မတော်/ အဖွဲ့များ အနေဖြင့် မိုးကုတ်- မိုးမိတ်ဒေသအတွင်း အကြမ်းဖက်စကမ ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တုံ့ပြန်ရုံတင်မက နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကိုပါ စနစ်တကျ ဆောင်ရွက်လျက်ရှိပါသည်။ (၅) ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကိုလည်း စနစ်တကျဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ စီရင်နိုင်ရေး သက်ဆိုင်ရာသို့ တရားခံများအား ညွှန်းပို့ လွှဲပြောင်းနိုင်ခဲ့ပါသည်။ (၆) စစ်ဆင်ရေးများအတွင်း ထိခိုက်ကျဆုံးခဲ့ရသော ရဲဘော် ရဲဘက်များ နှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်သော ရဲဘော် ရဲဘက်များအား မိမိတို့အနေဖြင့် ဦးညွှတ်အလေးပြုပြီး တော်လှန်ရေးတာဝန်များအား အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

photo content

အမျိုးသားညီညွတ်ရေးအစိုးရနှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေး ၂၇ရက် ဖေဖော်ဝါရီလ ၂၀၂၆ခုနှစ် ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နေ့လည် (၂) နာရီအချိန်တွင် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများသည် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့တက်ရောက်ခဲ့ကြပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)မှ ခေါင်းဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် SRA ဦးဆောင်ကော်မတီဝင် ဆလိုင်းဝီလျံချင်းတို့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဦးရည်မွန်က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မူဝါဒအပေါ် အပြန်အလှန်ဆွေးနွေးပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာများကို ရင်းနှီးပွင့်လင့်စွာဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်လက် တွေ့ဆုံဆွေးနွေးရေး ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ အစည်းအဝေးကို ညနေ(၄း၄၅) နာရီ အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။

photo content
+1

BNRA အဖွဲ့မှ ပြစ်မှုရှိသူများကို အရေးယူမှု အခြေအနေ သတင်းထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့ ၁။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်နှင့် ဆက်စပ်နေရာများတွင် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) အမည်ဖြင့် ဒေသကာကွယ်ရေးအဖွဲ့ကို ဦးဆောင်သူ ဖြစ်သည့် နိုင်လင်း (ခ) ထင်လင်း (ခ) ဗိုလ်နဂါးသည် ပြည်သူ့တော်လှန်‌ရေးနှင့် တရားဥပဒေ စိုးမိုး‌ရေးကို ဆန့်ကျင်သည့် အောက်ပါလုပ်ရပ်များကို ကိုယ်တိုင်လုပ်ဆောင်ခြင်း၊ တပ်ဖွဲ့ဝင်များအား လုပ်ဆောင်စေခြင်း၊ တပ်ဖွဲ့ဝင်များ လုပ်ဆောင်သည်ကို မျက်ကွယ်ပြုခြင်း တို့ကို လုပ်ဆောင် ခဲ့ပါသည်။ (က) ပြည်သူလူထုအပေါ် ဖိနှိပ်ခြင်း၊ သက်ငယ်မုဒိန်းမှု၊ လူသတ်မှု၊ လူသတ်အလောင်းဖျောက်မှုစသည့် ရာဇဝတ်မှုများ ကျူးလွန်ခြင်း (ခ) တရားမဝင် အခွန်ဂိတ်များ ဖွင့်လှစ်ကာ အခွန်ကောက်ခံရုံသာမက ဂိတ်နှင့်အတူ အများပြည်သူသုံးလမ်းများတွင် လူအင်အား (၅၀-၁၀၀) ဝန်းကျင်ဖြင့် အထိုင်စခန်း ချခြင်း၊ မိုင်းများထောင်ခြင်း၊ အများပြည်သူသွားလာမှုကိုအနှောင့် အယှက်ပြုခြင်း၊ အုပ်ချုပ်ရေး၊ ပညာရေး နှင့် ကျန်းမာရေး ကဲ့သို့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို နှောင့်ယှက်ခြင်း၊ မိမိတို့၏ စစ်ရေးအရ လှုပ်ရှားသွားလာမှုကို ကန့်သတ်နှောင့်ယှက်ရန်ကြိုးပမ်းခြင်း (ဂ) မိမိတို့၏ ဂိတ်စခန်းများကို စီးနင်းခြင်း၊ မိမိတို့၏ တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများကိုပင် ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လာခြင်း၊ ၎င်းတို့၏ပြစ်မှုများနှင့် ပတ်သက်၍ အတွင်းကျကျ သိရှိနိုင်သူများကို လုပ်ကြံသတ်ဖြတ်ခြင်း နှင့် ဆက်လက်‌ဆောင်ရွက် လာနိုင်ခြေရှိခြင်း (ဃ) ရန်သူအကြမ်းဖက်စစ်တပ်နှင့် ဆက်သွယ်ခြင်း၊ သတင်းပေးပို့ခြင်း စသည့် လုပ်ရပ်များအတွက် ယုံကြည်ရလောက်သည့် အထောက်အထားများရှိနေခြင်း ၂။ အထက်ပါအခြေအနေများကြောင့် BNRA အဖွဲ့မှ ပြစ်မှုရှိသူများကို အရေးယူ ဆောင်ရွက်ရာတွင် သာမန် တရားဥပဒေစိုးမိုးရေးယန္တရား သက်သက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက် နိုင်ရန်နှင့် တော်လှန်ရေး၏ ဆူး‌ညှောင့်တခုကို ဖယ်ရှား ရှင်းလင်းရန် စစ်အင်အား အသုံးပြုခြင်းကို မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရပါသည်။ ၃။ ဤလုပ်ငန်းစဉ်အား ဆောင်ရွက်စဉ် ပြည်သူလူထုအား ထိတ်လန့်စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ခြင်းအတွက်လည်း ဝန်ကြီးဌာနအနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရကြောင်း နှင့် BNRA အဖွဲ့ မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် တပ်ဖွဲ့ဝင်များကို ၎င်းတို့ စိတ်ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များတွင်ဖြစ်စေ ပူးပါင်းပါဝင်၍ တော်လှန်ရေးတွင် ဆက်လက်ပါဝင် တိုက်ပွဲဝင်နိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

🧧Gong Xi Fa Cai🧧 Happy Chinese (Lunar) New Year ၂၀၂၆ ခုနစ်၊ တရုတ်နှစ်ကူး (​မြင်းနှစ်) အခါသမယမှာ ကမ္ဘာတဝန်းမှ တရုတ်လူမျိုးမျ
🧧Gong Xi Fa Cai🧧 Happy Chinese (Lunar) New Year ၂၀၂၆ ခုနစ်၊ တရုတ်နှစ်ကူး (​မြင်းနှစ်) အခါသမယမှာ ကမ္ဘာတဝန်းမှ တရုတ်လူမျိုးများ၊ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားများ အားလုံး စိတ်နှလုံး​ပျော်ရွှင်ချမ်း​မြေ့ကာ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

photo content
+4

ပြည်သူ့ကာကွယ်ရေးတပ်မတော် အတွက် “Road to Mandalay - ထိုးစစ်ထောက်ပို့မန်းတိုင်းသို့” ကမ်ပိန်းမှ ထောက်ပို့သော ကာကွယ်ရေးပစ္စည်းများ တပ်ရင်းတပ်ဖွဲ့များက လက်ခံရရှိ ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ပြုလုပ်ခဲ့သော ‘Road to Mandalay - ထိုးစစ်ထောက်ပို့မန်းတိုင်းသို့’ ကမ်ပိန်းမှ ထောက်ပို့ကူညီသော ကာကွယ်ရေးပစ္စည်းများဖြစ်သည့် ကျည်ကာများ၊ ဦးထုပ်များ မြေပြင်တပ်ရင်းတပ်ဖွဲ့များထံသို့ ရောက်ရှိပြီ ဖြစ်သည်။ ထိုသို့ ကူညီထောက်ပို့မှုအတွက် Forward Myanmar အဖွဲ့ နှင့် တော်လှန်ပြည်သူများအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူး အထူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ Forward Myanmar အဖွဲ့က ယခု လုပ်ဆောင်နေသော “ဆီသို့လှမ်းချီ တနင်္သာရီ” ကမ်ပိန်းတွင်လည်း ပါဝင် အားဖြည့်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ 🔗 ကမ်ပိန်း Page Link 🔗 https://www.facebook.com/4wardMyanmar 🔗 နိုင်ငံတကာ Fundraiser List 🔗 https://www.facebook.com/share/p/1EwnX6Z85Z/ 🔗 ဆီသို့လှမ်းချီ တနင်္သာရီအတွက် SCF link 🔗 https://springcrowdfund.org/.../3fcb9ad0-66df-47ce-a5a9... #တနင်္သာရီဆီသို့ #RoadToTenasserim #ဆီသို့လှမ်းချီတနင်္သာရီ #ForwardMyanmar

သတင်းထုတ်ပြန်ချက် တပ်မှူးကြီးများ အစည်းအဝေး (၁/၂၀၂၆) အောင်မြင်စွာ ကျင်းပပြီးစီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့
+4
သတင်းထုတ်ပြန်ချက် တပ်မှူးကြီးများ အစည်းအဝေး (၁/၂၀၂၆) အောင်မြင်စွာ ကျင်းပပြီးစီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့

Table 1 - Monthly Air Strikes and Sorties Flown by the Terrorist Military (January–December 2025) It has been reported that,
+1
Table 1 - Monthly Air Strikes and Sorties Flown by the Terrorist Military (January–December 2025) It has been reported that, between January and December 2025, the Terrorist Military conducted air strikes involving a total of 8,821 sorties, with the highest intensity recorded in October, December, and September. Table 2 - Monthly Civilian Casualties and Infrastructure Damage Caused by the Terrorist Military’s Air Strikes (January–December 2025) It has been reported that, between January and December 2025, a total of 2,326 civilians were killed and 4,146 were injured due to air strikes conducted by the Terrorist Military, with the highest number of civilian fatalities recorded in October, August, and May. Ministry of Defence National Unity Government

🔗 ကမ်ပိန်း Page Link 🔗 https://www.facebook.com/4wardMyanmar 🔗 နိုင်ငံတကာ Fundraiser List 🔗 https://www.facebook.com/share/p/1EwnX6Z85Z/ 🔗 ဆီသို့လှမ်းချီ တနင်္သာရီအတွက် SCF link 🔗 https://springcrowdfund.org/.../3fcb9ad0-66df-47ce-a5a9... #တနင်္သာရီဆီသို့ #RoadToTenasserim #ဆီသို့လှမ်းချီတနင်္သာရီ #ForwardMyanmar

*ဆီသို့လှမ်းချီ တနင်္သာရီ* - ပြည်ထောင်စုအဝှမ်းမှာ နေရာတိုင်းက တော်လှန်နေကြတယ်။ နေရာတိုင်း ဒေသတိုင်း တော်လှန်ရေးအဖွဲ့တိုင်း တေ
*ဆီသို့လှမ်းချီ တနင်္သာရီ* - ပြည်ထောင်စုအဝှမ်းမှာ နေရာတိုင်းက တော်လှန်နေကြတယ်။ နေရာတိုင်း ဒေသတိုင်း တော်လှန်ရေးအဖွဲ့တိုင်း တော်လှန်ရေးသမားတိုင်းဟာ အရေးကြီးပါတယ်။ - တနင်္သာရီဟာ ပထဝီအနေအထားအရရော သမိုင်းအရရော တော်လှန်ရေးပါဝင်မှုအရရော သိပ်ကိုအရေးကြီးတဲ့ နေရာဒေသဖြစ်ပါတယ်။ - တနင်္သာရီဟာ တော်လှန်ရေးမှာ အင်ပြည့် အားပြည့်နှင့် ပါဝင်နေတယ်။ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်နေတယ်။ ပေးဆပ်နေ၊ စွန့်လွှတ်စွန့်စားနေတယ်။ အောင်ပွဲတွေရနေတယ်။ - ဒီအချိန်မှာ တော်လှန်ရေးနောက်တစ်ဆင့်တက် အောင်ပွဲရရှိရေး ရှေ့သို့လှမ်း ချီတက်ကြရမှာဖြစ်ပါတယ်။ ရှေ့သို့လှမ်းချီ တနင်္သာရီ အားလုံးပါဝင်ပေးကြပါ။ ပြည်တွင်းပြည်ပပြည်သူများ ပါဝင်ပေးကြပါ။ ရှေ့သို့လှမ်းချီ၊ ဆီသို့လှမ်းချီ တနင်္သာရီ။ ဒေါက်တာဇော်ဝေစိုး ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုဝန်ကြီးချုပ်ရုံး (၃၁/၀၁/၂၀၂၆)

၅ နှစ်တာ ပေးဆပ်မှုတွေကို အရင်းတည်ပြီး တော်လှန်ရေး အောင်ပွဲရသည်အထိ ပြည်သူ့အားနဲ့ ဆက်လက်ထမ်းဆောင်သွားပါမည်။
၅ နှစ်တာ ပေးဆပ်မှုတွေကို အရင်းတည်ပြီး တော်လှန်ရေး အောင်ပွဲရသည်အထိ ပြည်သူ့အားနဲ့ ဆက်လက်ထမ်းဆောင်သွားပါမည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ အကြမ်းဖက်စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လအလိုက် အရပ်သားပြည်သူ ထိခိုက်သေဆုံး၊ ပျ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ အကြမ်းဖက်စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လအလိုက် အရပ်သားပြည်သူ ထိခိုက်သေဆုံး၊ ပျက်ဆီးမှုပြ ဇယား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု စုစုပေါင်း (၂,၃၂၆) ဦး၊ ဒဏ်ရာရရှိမှု စုစုပေါင်း (၄,၁၄၆) ဦးထိ ရှိခဲ့ပြီး အောက်တိုဘာလ၊ ဩဂုတ်လ နှင့် ​မေလ တို့တွင် လေကြောင်းက အရပ်သားပြည်သူ သတ်ဖြတ်ခံရမှု အများဆုံးဖြစ်သည်ကို တွေ့ရှိရပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ အကြမ်းဖက်စစ်တပ်၏ လအလိုက် လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ် နှင့် အကြိမ်ရေပြ ဇယား ၂၀၂၅ ခုန
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ အကြမ်းဖက်စစ်တပ်၏ လအလိုက် လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ် နှင့် အကြိမ်ရေပြ ဇယား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှုအကြိမ်ပေါင်း (၈,၈၂၁) ကြိမ်ထိ လုပ်ဆောင်ခဲ့ပြီး အောက်တိုဘာလ၊ ဒီဇင်ဘာလ နှင့် စက်တင်ဘာလ တို့တွင် တိုက်ခိုက်မှု အကြိမ်အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်သူ့ကာကွယ်ရေးတပ်မတော် အတွက် ‘စစ်ကိုင်းဆီသို့’ ကမ်ပိန်းမှ အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်း ကျော် ထောက်ပို့ကူညီ ၂၀၂၆ ခုနှစ်၊
ပြည်သူ့ကာကွယ်ရေးတပ်မတော် အတွက် ‘စစ်ကိုင်းဆီသို့’ ကမ်ပိန်းမှ အမေရိကန်ဒေါ်လာ ၁ သိန်း ၆ သောင်း ကျော် ထောက်ပို့ကူညီ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များအတွက် ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၆၇, ၄၃၉.၂၂) (ခန့်မှန်း အမေရိကန်ဒေါ်လာ တစ်သိန်းခြောက်သောင်းခုနစ်ထောင် လေးရာသုံးဆယ့်ကိုး ဒသမ နှစ်နှစ် ) ‘စစ်ကိုင်းဆီသို့ ကမ်ပိန်း’ မှ Forward Myanmar အဖွဲ့ နှင့် တော်လှန်ပြည်သူများက ထောက်ပို့ကူညီခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာစေရေး နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ အတွက် ကျည်ကာပစ္စည်းများ ဝယ်ယူရန် ရည်ရွယ်ကာ ထောက်ပို့ကူညီခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကူညီထောက်ပို့မှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူး အထူးတင်ရှိပါကြောင်း၊ မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လက်မှတ်ရေးထိုး၍ မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးပို့ခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

photo content
+5

တိုက်ပွဲသတင်းထုတ်ပြန်ချက် တောကျွဲအင်းမြို့ အပါအဝင် ရန်ကုန်-မန္တလေးလမ်းဟောင်း ဒေသရှိ စစ်စခန်း (၁၄) ခုကို တိုက်ခိုက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ ပဲခူးတိုင်း၊ တောကျွဲအင်းမြို့ (အောင်မြင်မြို့)၊ ရန်ကုန်-မန္တလေး လမ်းဟောင်း ဒေသ အုတ်တွင်း မြို့နယ်၊ ညောင်ခြေထောက် နှင့် ကျွဲပွဲကြား စည်ပင်သာကျေးရွာရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်း တံတားတွင် အထိုင်ချထားသော စစ်တပ်ကင်းစခန်း အပါအဝင် အကြမ်းဖက်စစ်တပ်စခန်း (၁၄) ခုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇန်နဝါရီလ (၉) ရက်နေ့ နံနက်တွင် တိုက်ခိုက်ချေမှုန်းခဲ့ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်း ဒေသ အောင်မြင်စစ်ဆင်ရေး အဖြစ် ဖော်ဆောင်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင် (၅၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့သည်။ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရား အဆောက်အဦများ၊ ရွေးကောက်ပွဲကော်မရှင်ရုံး နှင့် နယ်မြေရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့သည်။ ထို့အပြင် တောကျွဲအင်းမြို့ နယ်မြေရဲစခန်းတွင် အကြမ်းဖက်စစ်ကော်မရှင်က မတရားဖမ်းဆီး ချုပ်နှောင်ထားသော ပြည်သူ (၈) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က စိစစ်၍ လွှတ်ပေးနိုင်ခဲ့သည်။ ညောင်လေးပင်မြို့ နှင့် ပိန်းဇလုပ်မြို့ကြားရှိ ရန်ကုန် - မန္တလေးလမ်းဟောင်းတွင်လည်း လုံခြုံရေးဆိုင်ရာ စစ်ဆေး ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့သည်။ လက်ရှိ စစ်ဆင်ရေးကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဗျူဟာ(၂၄) ကွပ်ကဲမှုအောက်ရှိ P27803 အာဠာဝကတပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ P29914 အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ပူးပါင်းတပ်ဖွဲ့ နှင့် အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ်ပကဖ တို့ ဆောင်ရွက်ခဲ့ကြသည်။ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၉) က ပူးပေါင်းစစ်ဆင်ရေးအနေဖြင့် တိုက်ပွဲ ဖော်ဆောင်ခဲ့ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ