en
Feedback
MOD News

MOD News

Open in Telegram

An Official channel of MOD,NUG.

Show more
5 007
Subscribers
No data24 hours
-107 days
-6530 days
Posts Archive
ယနေ့ အချိန်အထိ မိမိတို့ရဲ့ အသက်နဲ့ ခန္ဓာကို ပေးဆပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား အပေါင်းကို လေးနက်စွာ အသိအမှတ်ပြုကြောင်း
ယနေ့ အချိန်အထိ မိမိတို့ရဲ့ အသက်နဲ့ ခန္ဓာကို ပေးဆပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား အပေါင်းကို လေးနက်စွာ အသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးသမိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှား ရေးထွင်းပုံဖော်လာနိုင်ပြီဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေထဲမှာ၊ အသက်နဲ့ ခန္ဓာကို ပေးစွန့်ခဲ့ကြသူတွေရဲ့ မိသားစုဝင် တွေနဲ့၊ ထိခိုက်ဒဏ်ရာရရှိထားတဲ့ရဲဘော်‌ တွေကိုလည်း အချင်းချင်း ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ပြည်သူ့အစိုးရ ပီသစွာ ပြည်သူတော်လှန်ရေး ကို ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့အတူ စစ်အာဏာရှင် စနစ် အမြစ်ပြတ် ချေမှုန်းရေးကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်နေကြောင်း ပြောကြားလိုပါတယ်။ ဒူဝါလရှီးလ နိုင်ငံတော်ယာယီသမ္မတ PDF (၅) နှစ်ပြည့် မိန့်ခွန်းမှ ကောက်နုတ်ချက်

ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက သူရဲကောင်းဘွဲ့နှင့် ဆုတံဆိပ်မ
ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက သူရဲကောင်းဘွဲ့နှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်ကြောင်း အသိပေး ကြေငြာခြင်း ၂၀၂၆ ခုနှစ်၊ မေလ (၅) ရက်နေ့

photo content
+2

ထို့ကြောင့် တော်လှန်ပြည်သူများအနေဖြင့် လတ်တလော အခြေအနေများအပေါ် စိတ်ဓာတ်ကျဆင်းခြင်း မရှိဘဲ၊ မိမိတို့၏ ခိုင်မာသော သန္နိဋ္ဌာန်၊ ပြင်းပြသော ယုံကြည်ချက်များဖြင့် တော်လှန်ရေးပန်းတိုင်သို့ မရောက်မချင်း ဇွဲမလျှော့စတမ်း ဆက်လက်လက်တွဲ ဝိုင်းဝန်းပေးကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်ကိုယ်တိုင်နှင့်တကွ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မြေပြင်ရှိ ရဲဘော်များနှင့်အတူ အမြဲတစေ အတူတကွ ရှိနေမည်ဖြစ်ပြီး၊ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ အပြီးသတ်အောင်ပွဲကို မုချရယူပေးသွားမည် ဖြစ်ပါသည်။ ​ပြည်သူ့တော်လှန်ရေးသည် ပြည်သူ့အင်အားဖြင့်သာ အောင်ရမည်ဖြစ်ပါကြောင်းနှင့် တော်လှန်ပြည်သူတစ်ရပ်လုံး ဘေးအန္တရာယ်ကင်းစင်ကာ မျှော်လင့်တောင့်တအပ်သော ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ မကြာမီ ရောက်ရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤ (၅) နှစ်ပြည့် သဝဏ်လွှာကို လေးစားစွာဖြင့် ပေးပို့အပ်ပါသည်။ ​ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။ ရည်မွန် ပြည်ထောင်စုဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

တော်လှန်ပြည်သူများထံသို့ ပေးပို့သော (၅) နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာ ​၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် (၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်) ​ချစ်ကြည်လေးစားအပ်ပါသော တော်လှန်ပြည်သူအပေါင်းတို့ခင်ဗျား - ​ယနေ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို စတင်တည်ထောင်ဖွဲ့စည်းခဲ့သည်မှာ (၅) နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ လွန်ခဲ့သော (၅) နှစ်တာကာလကို ပြန်လည်စူးစမ်းကြည့်မည်ဆိုလျှင် လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည့် ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီမှ ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့ရာမှစ၍၊ မတရားမှုကို ခေါင်းငုံ့မခံလိုသော တော်လှန်လူငယ်များသည် တောတောင်ထဲသို့ ဝင်ရောက်ကာ မိမိတို့ရရှိနိုင်သော လက်လုပ်သေနတ်၊ တူမီးစသည်တို့ဖြင့် အသက်ကို ပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ စတင်ခုခံခဲ့ကြပါသည်။ ထိုသို့သော ခက်ခဲကြမ်းတမ်းလှသည့် အခြေအနေမှသည် ယနေ့အချိန်အခါတွင် ခေတ်မီလက်နက်တပ်ဆင်ထားပြီး စစ်ရေးဗျူဟာကျကျ တိုက်ပွဲဝင်နိုင်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖြစ်သို့ ရောက်ရှိလာခြင်းသည် တော်လှန်ပြည်သူများ၏ သမိုင်းဝင် ကြိုးပမ်းမှုကြီးပင် ဖြစ်ပါသည်။ ​တော်လှန်ပြည်သူများခင်ဗျား - ​ဤ (၅) နှစ်တာ ခရီးကြမ်းတစ်လျှောက်လုံးတွင် တော်လှန်ပြည်သူများ၏ မယိုင်လဲသော ထောက်ခံအားပေးမှု၊ ယုံကြည်ကိုးစားမှုနှင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးမှုများသာ မရှိခဲ့လျှင် ကျွန်ုပ်တို့၏ တော်လှန်ရေးသည် ယနေ့ကဲ့သို့ အောင်မြင်မှုအဆင့်တစ်ခုသို့ ရောက်ရှိလာနိုင်မည် မဟုတ်ပါ။ စစ်ကောင်စီ၏ လူမဆန်သော ရွာလုံးကျွတ်မီးရှို့မှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများနှင့် လေကြောင်းရန်များကြားမှပင် မိမိတို့၏ ထမင်းလုပ်ကို ခွဲဝေကျွေးမွေးခဲ့ကြသော၊ ရရာနည်းလမ်းဖြင့် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသော ပြည်သူများ၏ ကျေးဇူးတရားသည် တိုင်းထွာ၍ မရနိုင်လောက်အောင် ကြီးမားလှပါသည်။ အထူးသဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် မိမိတို့၏ ဘဝ၊ အိုးအိမ်နှင့် စည်းစိမ်များကို စွန့်လွှတ်အနစ်နာခံကာ တော်လှန်ရေးအင်အားစုများနှင့်အတူ ရေနှင့်ငါးပမာ တသားတည်း ရပ်တည်ပေးခဲ့ကြသော တော်လှန်ပြည်သူတစ်ရပ်လုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဦးညွှတ်ကာ အလေးအမြတ်ပြု ဂုဏ်ပြုအပ်ပါသည်။ ​ထို့အတူပင် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် မိမိအသက်နှင့် ခန္ဓာကို စွန့်လွှတ်ပေးဆပ်သွားခဲ့ကြသော အာဇာနည်သူရဲကောင်း ရဲဘော်များ၊ ယခုအချိန်အထိ ရှေ့တန်းစစ်မျက်နှာပြင် အသီးသီးတွင် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားပြီး တိုက်ပွဲဝင်နေကြဆဲဖြစ်သော ရဲဘော်ရဲဘက်များ၏ ကြီးမြတ်သော စွန့်လွှတ်အနစ်နာခံမှုများကိုလည်း ကျွန်ုပ်တို့ ဘယ်သောအခါမျှ မေ့ပျောက်မည် မဟုတ်ပါ။ ​တော်လှန်ပြည်သူများခင်ဗျား - ​ကျွန်ုပ်တို့၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ပြည်သူ့ရင်သွေးများဖြင့် ဖွဲ့စည်းထားသည့် တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူ့ယုံကြည်မှုကို ထိန်းသိမ်းရန်မှာ အသက်တမျှ အရေးကြီးပါသည်။ (၅) နှစ်တာ ဖြတ်သန်းမှုအတွင်း အောင်မြင်မှုများ ရှိခဲ့သလို၊ စစ်ရေးအတွေ့အကြုံနှင့် ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ထိန်းကျောင်းကွပ်ကဲမှု လိုအပ်ချက်များကြောင့် နေရာဒေသအချို့တွင် ပြည်သူလူထု၏ ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ ထိခိုက်စေခဲ့သည့် အမှားအယွင်းများ၊ ဟာကွက်များ ရှိခဲ့သည်ကိုလည်း ကျွန်ုပ်တို့ မျက်ကွယ်ပြုထားမည် မဟုတ်ပါ။ ဤအချက်များအပေါ် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးသတိပြု ဆန်းစစ်နေပြီး ထိရောက်သော အရေးယူဖြေရှင်းမှုများ ပြုလုပ်လျက်ရှိပါသည်။ နောင်တွင်လည်း ကွပ်ကဲမှုစနစ် ပိုမိုခိုင်မာအားကောင်းစေရန်၊ စစ်သည်တော်ကျင့်ဝတ်ကို တိကျစွာ လိုက်နာရန်နှင့် တော်လှန်ပြည်သူများကို အမှန်တကယ် အကာအကွယ်ပေးနိုင်သော ကျင့်ဝတ် စည်းကမ်းရှိသည့် တပ်မတော်ဖြစ်လာစေရန် ပြုပြင်ထိန်းကျောင်းမှုများကို ဆထက်ထမ်းပိုး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု ပြည်သူလူထုရှေ့မှောက်တွင် ကတိသစ္စာပြုပါသည်။ ​လက်ရှိ စစ်ရေးအခြေအနေများကို သုံးသပ်ရလျှင် ကျွန်ုပ်တို့ သိမ်းပိုက်ရရှိထားသည့် မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရမှုများ အပါအဝင် မြေပြင်တွင် အခက်အခဲများ၊ အတက်အကျများ ရှိနေမည်မှာ စစ်မက်ရေးရာ၏ သဘာဝပင် ဖြစ်ပါသည်။ သို့ရာတွင် လှေနံဓားထစ် စစ်ဗျူဟာများကို မသုံးဘဲ ရန်သူ့အခြေအနေနှင့် မိမိအင်အားအပေါ် မူတည်၍ ပြောင်းလွယ်ပြင်လွယ်ရှိသော ပြည်သူ့စစ်မဟာဗျူဟာများကို ကျင့်သုံးကာ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းများနှင့် ပိုမိုခိုင်မာစွာ လက်တွဲ၍ တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။

(၈၁) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သမိုင်းပေးတာဝန်ကို ပခုံးထမ်းလို့၊ အမှန်တရားအတွက် ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ ရှေ့ဆက်နေကြပါ
(၈၁) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သမိုင်းပေးတာဝန်ကို ပခုံးထမ်းလို့၊ အမှန်တရားအတွက် ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ ရှေ့ဆက်နေကြပါတယ်။ မတရားမှုကို အမြစ်ဖြတ်ပြီး လွတ်လပ်တဲ့ အနာဂတ်ဆီကို ငါတို့အားလုံး တူတူတက်လှမ်းကြမယ်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကွပ်ကဲမှု အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ခံယူ ၂၀၂၆ ခုနှစ်၊ မတ်လ (၂၆) ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းများအဖြစ် စစ်ကိုင်းတိုင်း၊ တမူးဒေသ အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) က ကူးပြောင်းရပ်တည်၍ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုကို ၂၀၂၆ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ခံယူခဲ့ပါသည်။ ကွပ်ကဲမှုခံယူခြင်း အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဘက်တံဆိပ်များ အပ်နှင်းတပ်ဆင်ခြင်း အစရှိသည့် အခမ်းအနားအစီအစဉ်များ ကျင်းပပြုလုပ်ခဲ့သည်။ NLA သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့တွင် Myanmar Federal Army (MFA) အမည်ဖြင့် ပထမဆုံးသော တိုက်ပွဲကို တိုက်ခိုက်ခဲ့ပြီး အမျိုးသားလွတ်မြောက်ရေးတပ်တော် (National Liberation Army-NLA) အဖြစ် ၂၀၂၃ ခုနှစ်၊ မတ်လ (၅) ရက်နေ့တွင် စတင်ပြောင်းလဲဖွဲ့စည်းခဲ့ကာ ယနေ့အချိန်တွင် PDF တပ်ရင်းများအဖြစ် ဆက်လက်တိုက်ပွဲဝင်နေပြီ ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ကွပ်ကဲမှု‌အောက် မရောက်ရှိသေးသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအား ကွပ်ကဲမှု‌အောက် တာဝန်ထမ်းဆောင်ရန် ဖြစ်‌စေ၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်‌စေ အစဉ်အမြဲ ကြိုဆိုလျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

photo content
+8

photo content
+4

“အီးဒ်မုဘာရတ် (Eid Mubarak)” မင်္ဂလာရှိသော အီးဒ်ပွဲတော်နေ့ထူးနေ့မြတ်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေကြသည့
“အီးဒ်မုဘာရတ် (Eid Mubarak)” မင်္ဂလာရှိသော အီးဒ်ပွဲတော်နေ့ထူးနေ့မြတ်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေကြသည့် အစ္စလာမ်ဘာသာဝင် တော်လှန်ရေးရဲဘော်များနှင့် နွေဦးတော်လှန်ရေး၏ ကဏ္ဍအသီးသီးမှ တတ်စွမ်းသမျှ ပါဝင်စွမ်းဆောင်နေကြသော အစ္စလာမ်ဘာသာဝင် မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန် တောင်းအပ်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

photo content
+3

သတင်းထုတ်ပြန်ချက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကွပ်ကဲမှု မတ္တရာမျိုးမှန်တပ်ဖွဲ့ ခံယူ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့ ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရာတွင် နိုင်ငံတဝှမ်းရှိ တော်လှန်ပြည်သူများအား စုရုံး၍လည်း‌ကောင်း၊ တော်လှန်ပြည်သူများဖြင့် စုဖွဲ့ထားသည့် ရာ၊ ထောင်ချီ‌သော ကာကွယ်ရေးအဖွဲ့မျိုးစုံကို စုစည်း၍လည်း‌ကောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များကို ဖွဲ့စည်းထူထောင်လျက် တခုတည်းသော ကွပ်ကဲမှုယန္တရားကို ဖော်ဆောင်၍ တော်လှန်တိုက်ပွဲအား ဆင်နွှဲလျက်ရှိပါသည်။ ကွပ်ကဲမှု‌အောက် မရောက်ရှိသေးသည့် ဒေသကာကွယ်ရေးအဖွဲ့များအားလည်း ကွပ်ကဲမှု‌အောက် ရောက်ရှိရေး ဆက်လက် စည်းရုံး၍လည်း‌ကောင်း၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း အစဉ်အမြဲ ကြိုဆို စည်းရုံးလျက်ရှိပါသည်။ ၂။ မတ္တရာမျိုးမှန်တပ်ဖွဲ့သည် မန္တလေးတိုင်း၊ မတ္တရာအခြေပြု ဒေသကာကွယ်ရေးတပ်တခု ဖြစ်ပြီး ရှမ်းမန်း စစ်ဆင်ရေးတွင်လည်း‌ကောင်း၊ ရှမ်းမန်းစစ်ဆင်ရေးအလွန် ခုခံစစ်တွင်လည်း‌ကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ နှင့်အတူ အတူတကွလက်တွဲ တိုက်ပွဲဝင်လျက်ရှိသည့် တော်လှန်ရေးအဖွဲ့အစည်း တခုဖြစ်ပါသည်။ ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က "အထွေထွေထိုးစစ်ကို ဆင်နွှဲရာတွင် တပ်ဖွဲ့များ အကွဲကွဲအပြားပြားဖြင့် ဆောင်ရွက်၍ မဖြစ်နိုင်သောကြောင့် တခုတည်းသော ကွပ်ကဲမှု၊ တခုတည်းသော ဦးတည်ရာနှင့် စုစည်း ညီညွတ်သော အားထုတ်ကြိုးပမ်းမှုတို့ ရှိနေရန်လိုအပ်‌ကြောင်း၊ မတ္တရာမျိုးမှန်တပ်ဖွဲ့ အနေဖြင့်လည်း မတ္တရာကိုအခြေပြု၍ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ဆန့်ကျင်နေသော အားကောင်းသည့် တပ်ဖွဲ့တခုအဖြစ် သိရှိထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်က တည်ဆောက်လျက်ရှိသည့် ကွပ်ကဲမှုစနစ်အတွင်းသို့ ဝင်ရောက် လုပ်ဆောင်မည်ဆိုပါက ယခုထက် ပို၍ တော်လှန်ရေးအတွက် အကျိုးပြုနိုင်မည်ဟု ယုံကြည်ကြောင်း" ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်က တည်ဆောက်လျက်ရှိသည့် ဆင့်ကဲကွပ်ကဲမှုစနစ်အတွင်း ဝင်ရောက်၍ တပ်မတော်၏ အစိတ်အပိုင်းအဖြစ် တော်လှန်တိုက်ပွဲ ဝင်သွားရန် ဖိတ်ခေါ်ခဲ့ရာ တော်လှန်ရေးအကျိုးကျေးဇူးကို ကောင်းစွာ ရှေးရှုနိုင်ကြသည့် မတ္တရာမျိုးမှန်တပ်ဖွဲ့ ခေါင်းဆာင်များကလည်း လက်ခံသဘောတူခဲ့ကြပါသည်။ ၄။ သို့ဖြစ်ပါ၍ မတ္တရာမျိုးမှန်တပ်ဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတာ်၏ ဆင့်ကဲကွပ်ကဲမှုတွင် ပါဝင်လျက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအဖြစ် ကွပ်ကဲမှုခံယူ၍ တော်လှန်တိုက်ပွဲဝင်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

“ညောင်လေးပင်မြို့နယ်အတွင်း အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်”
“ညောင်လေးပင်မြို့နယ်အတွင်း အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်” ၂၀၂၆ ခုနှစ် ၊ မတ်လဆန်းပိုင်းအတွင်း ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်ရှိ ကျေးရွာများတွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ခိုင်လုံသော သက်သေ အထောက်အထားများ ၊ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များပါဝင်သော သတင်းစာရှင်းလင်းပွဲတခုကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ PVTV (Public Voice Television ) နှင့် သတင်းမီဒီယာအချို့၏ လူမှုကွန်ယက်စာမျက်နှာများမှ တဆင့်တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ရက်စွဲ - ၂၀၂၆ ခုနှစ် ၊ မတ်လ (၁၄) ရက် ၊ စနေနေ့ အချိန် - မြန်မာစံတော်ချိန် နံနက် (၁၀) နာရီ နေရာ - NUG Zoom Platform

သတင်းထုတ်ပြန်ချက် အကြမ်းဖက်စစ်တပ်ထံမှ ကယ်ထုတ်လာသည့် ပြည်သူများကို PDF တပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက် ၂၀၂၆ ခုနှစ်၊ မတ်လ
+5
သတင်းထုတ်ပြန်ချက် အကြမ်းဖက်စစ်တပ်ထံမှ ကယ်ထုတ်လာသည့် ပြည်သူများကို PDF တပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ (၃၀၀) ကျော်ကို ဓားစာခံ အဖြစ် ဖမ်းဆီးခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် မဟာမိတ် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် က ကယ်ထုတ်ခဲ့ကာ အဆိုပါ ပြည်သူများကို PDF တပ်ဖွဲ့ဝင်များက ကျန်းမာရေး စောင့်ရှောက်ပေးလျက် ရှိပါသည်။ ကယ်ထုတ်လာသည့် ပြည်သူများကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၅)၊ Spring Warriors Column က ကျန်းမာရေး စောင့်ရှောက်ပေးလျက် ရှိသည်။ ညောင်လေးပင်ခရိုင်၊ ပိန်းဇလုတ်မြို့နယ်က ရေတွင်းကုန်း၊ ခရုကုန်း၊ ကျောင်းကုန်းကျေးရွာများအား အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းကာ ပြည်သူ ၃၀၀ ကျော်ကို ဓားစာခံ ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်ခဲ့ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

PDF and alliance joint forces rescue over 300 people held hostage by the terrorist military 10th March, 2026 More than 300 civilians, from Yay Twin Gone Village, Khayu Gone Village, Kyaung Gone Village, Nyaunglebin Township, Bago Region, who had been taken hostage by the terrorist military council forces were successfully rescued through a joint operation conducted by battalions and units under the National Unity Government, Ministry of Defence, People’s Defence Forces and the Karen National Union, Karen National Liberation Army. The rescue operation was conducted by battalion and units under the PDF No. (2) Military Operation Area, Bago Regional Command, together with battalions under the Karen National Liberation Army (KNLA) Brigade (3). This operation was carried out as part of the “People’s Rescue Operation.” Participating forces included Battalion 3702, under Tactical (25) of the PDF Bago Regional Command, Spring Warriors Battalion, Special Commando Battalion, Royal Peacock Battalion, Seven Ravens, and Battalion 3703 under Tactical (26), KNLA Commando units, KNLA Battalion (7) and Battalion (9), and drone units. During the operation, PDF and KNLA suffered some casualties and more than (10) terrorist military soldiers were killed and no fewer than (20) were seriously wounded. More than 300 civilians were rescued safely without injury, and joint forces of the People’s Defence Forces and the Karen National Liberation Army assisted in transporting them safely to liberated areas. Ministry of defence National Unity Government

သတင်းထုတ်ပြန်ချက် ဓားစာခံအဖြစ် ဖမ်းဆီးထားသော ပြည်သူ (၃၀၀) ကျော်ကို PDF နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ ကယ်ထုတ် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၀)ရက် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်း ကျေးရွာတွင် အကြမ်းဖက်စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားသော ပြည်သူ (၃၀၀) ကျော်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၃) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်း၍ ကယ်ထုတ်နိုင်ခဲ့သည်။ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ (၃၇၀၂) တပ်ရင်း၊ Spring Warriors တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်ရှိ တော်ဝင်ဒေါင်းတပ်ရင်း၊တောကျီးကန်းတပ်ရင်း၊ (၃၇၀၃) တပ်ရင်း၊ KNLA ကွန်မန်ဒိုတပ်ဖွဲ့များ၊ KNLA တပ်ရင်း (၇)၊ တပ်ရင်း (၉) နှင့် ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းပြီး “ပြည်သူကိုကယ်ထုတ်သော စစ်ဆင်ရေး” အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးအတွင်း ပဲခူးတိုင်းစစ်ဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ (၁၀) ယောက်ကျော် သေဆုံးပြီး အယောက် ၂၀ ထက်မနည်း ပြင်းထန်ဒဏ်ရာ ရခဲ့သည်။ ပြည်သူ ၃၀၀ ကျော်အား ထိခိုက်မှုမရှိ ဘေးရန်ကင်းစွာဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကရင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်များက လွတ်မြောက်ရာဒေသများသို့ ကူညီပို့ဆောင်ပေးခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

သတင်းထုတ်ပြန်ချက် ပြည်သူ (၃၀၀) ကျော်ကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး၊ (၄၀) ကျော် သတ်ဖြတ် ၂၀၂၆ ခုနှစ်၊ မတ်လ (၉) ရက်နေ့ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်း နှင့် ကျောင်းကုန်း ကျေးရွာများသို့ အကြမ်းဖက် စစ်တပ် တပ်မ (၇၇) ဦးဆောင်သော အင်အား (၁၀၀) ပါ စစ်ကြောင်း (၄) ကြောင်းဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ (၅) ရက်နေ့၊ မနက် (၅) နာရီဝန်းကျင်တွင် ဝင်ရောက်လာခဲ့ပြီး ပြည်သူ (၃၀၀) ကျော်ကို ဖမ်းဆီးခဲ့ကာ ပြည်သူ (၄၀) ကျော်ကို သတ်ဖြတ်သွားခဲ့ပါသည်။ ကျေးရွာများအတွင်းရှိ ပြည်သူ (၃၀၀) ကျော်ကို အကြမ်းဖက်စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ပြီး ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်။ ၎င်းတို့၏ ညှင်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုများကြောင့် ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး နှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူ (၄၀) ဦးကျော် သေဆုံးခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

ခေတ်အဆက်ဆက် အမျိုးသမီးများသည် လူ့အဖွဲ့အစည်း၏ ကန့်သတ်မှုများနှင့် ဖိနှိပ်မှုများကို ကျော်ဖြတ်ကာ မိမိတို့၏လမ်းကို ကိုယ်တိုင် ဖေ
ခေတ်အဆက်ဆက် အမျိုးသမီးများသည် လူ့အဖွဲ့အစည်း၏ ကန့်သတ်မှုများနှင့် ဖိနှိပ်မှုများကို ကျော်ဖြတ်ကာ မိမိတို့၏လမ်းကို ကိုယ်တိုင် ဖောက်ခဲ့ကြသည်။ အာဏာရှင်စနစ်ကို ခုခံတွန်းလှန်ရမည့် အချိန်များတွင်လည်း မကြောက်မရွံ့ ရှေ့တန်းမှရပ်တည်ကာ တော်လှန်ရေးကို ဆက်လက် ဦးဆောင်လာခဲ့ကြသည်။ နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများအားလုံး၏ အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် ကြိုးစားမှုများကို တန်ဖိုးထား လေးစား​ကြောင်း ​ဖော်ပြအပ်ပါသည်။ ယနေ့ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ညီအမများ၊ အမများနှင့် မိခင်များအား လေးစားဂုဏ်ယူစွာ ဂုဏ်ပြုအပ်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

photo content
+4