cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

ရန်နိုင်

Dsgh1000 counter media

Show more
Advertising posts
896
Subscribers
No data24 hours
+37 days
+1230 days

Data loading in progress...

Subscriber growth rate

Data loading in progress...

သံဃာနဲ့ တပ်မတော်ကို ရန်တိုက်နေကြတဲ့ ပြည်ဖျက်မီဒီယာတွေ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ဖြစ်စဉ်အပေါ် ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေနဲ့ ပြည်ဖျက်မီဒီယာတွေဘက်က အလွန်အမင်း အာရုံစိုက် လှုံ့ဆော်နေကြပါတယ်။ သူတို့ လိုလားချက်ကို ရောက်ဖို့ ပုံဖော်လှုံ့ဆော်နေကြခြင်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လိုလားချက်ကတော့ သံဃာအဖွဲ့အစည်းနဲ့ တပ်မတော် ပဋိပက္ခပေါ်ပေါက်လာစေဖို့ ဦးတည်လှုံ့ဆော်တဲ့ လှုံ့ဆော်မှုမျိုးဖြစ်ပါတယ်။ တစ်နည်းဆိုရရင် ရွှေဝါရောင်လို အခင်းအကျင်းတစ်ခုကို သူတို့ ဖန်တီးချင်နေကြတာ ဖြစ်ပါတယ်။ ဖြစ်စဉ်ဖြစ်ပေါ်ရာ နေရာအခင်းအကျင်းနဲ့ ပတ်သက်လို့ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက (၂၁-၆-၂၀၂၄) ရက်နေ့က သံဃာတော် အရှင်သူမြတ်များကို လျှောက်ထား တင်ပြသွားတဲ့အထဲမှာ "ဒီဖြစ်စဉ်ဟာ ယခု ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်မဖြစ်ပွားမီ အဲဒီဒေသရဲ့အခြေအနေများကိုလည်း သိရှိရန်လိုအပ်ပါတယ်။ ငါန်းဇွန်၊ မြို့သာဒေသဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမြောက်ခြမ်းက PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ရွာသားအယောင်ဆောင် ဝင်ရောက်နေထိုင်ပြီး ဆက်ကြေးကောက်၊ ပြန်ပေးဆွဲ၊ မိုင်းထောင်မိုင်းခွဲ ဖောက်ခွဲတိုက်ခိုက်တာတွေ စတာတွေကို မကြာခဏလုပ်ဆောင်နေတဲ့နေရာဖြစ်ပါတယ်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2024/06/blog-post_459.html
Show all...
👍 1
Repost from Ko Thet
ဆရာတော်ယာဥ်ပစ်ခတ်ခံရမှုအပေါ်အမြင် ဇွန် ၂၀ ရက်မှာ မန္တလေးမြို့ ရွှေကျင်ဂိုဏ်းချုပ်ရှိတဲ့ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) မှာ အစည်းအဝေးပြုလုပ်ဖို့ရှိပါတယ်။ အစည်းအဝေးတက်ဖို့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒါဘိဝံသ နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကံသုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ တို့နှစ်ပါးဟာ ဇွန် ၁၉ ရက်က မန္တလေးကို လေကြောင်းနဲ့ကြွချီခဲ့ပြီး မနက် ၈ နာရီကျော်မှာ မန္တလေးတံတားဦးလေဆိပ်ကို ရောက်ခဲ့ပါတယ်။ လေဆိပ်ကထွက်တော့ ဆရာတော်နှစ်ပါးကို လာကြိုသူယာဥ်မောင်းရဲ့ အစီအစဥ်နဲ့ တံတားဦးကတဆင့် ကန်သုံးဆင့်ဆရာတော်ရဲ့မွေးရပ်ရွာ ငါန်းဇွန်မြို့နယ်ထဲက ပန်းချီကမ္မရွာကို ထွက်ခွာခဲ့ကြပါတယ်။ ကမ္မရွာကနေ တံတားဦးဘက်ကို ကားနဲ့ပြန်ကြွလာပြီး မနက် ၁၀ နာရီခွဲအချိန် ကမ္မရွာအထွက် ၁ မိုင်ကျော်အကွာအဝေးမှာ ဆရာတော်နှစ်ပါး လိုက်ပါလာတဲ့ Surf အမျိုးအစားကားနဲ့ Faw ကား ဆုံခဲ့ပါတယ်။ ယာဥ်မောင်းကမှန်မချဘဲအတင်းမောင်းတာကြောင့် faw ကားပေါ်ကပစ်ခတ်ခဲ့ပြီး ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရပါတယ်။ ကန်သုံးဆင့်ဆရာတော် ကားပေါ်ကဆင်းပြီး "ဘုန်းကြီးတွေကို ဒီလောက် ရက်စက်ရသလားလို့ Faw ကားပေါ်မှာပါသူတွေကို ရက်စက်လှချည်လားလို့ပြောတော့ အရှင်ဘုရားတို့ဘုန်းကြီးမှန်း မသိလို့ပစ်ခတ်တာဖြစ်ကြောင်း၊ ကားတံခါးမှန်အလုံပိတ်ထားတော့ ရန်သူ့ကားထင်လို့ပစ်မိပါကြောင်း" ပြောပါတယ်။ ပစ်ခတ်မှုမှာရှိနေတဲ့ လုံခြုံရေးတာဝန်ရှိသူတွေကိုယ်တိုင်က ရန်သူထင်ပြီး မှားယွင်းပစ်ခတ်မိတဲ့အကြောင်း ဝန်ခံခဲ့တယ်လို့ ကန်သုံးဆင့်ဆရာတော်က ရှင်းပြခဲ့ပါတယ်။ အထက်ပါအချက်တွေကို ဇွန်လ ၂၀ ရက်မှာလုပ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော် ဈာပနအစည်းအဝေးမှာ သံဃာတွေတွေနဲ့ လူထုပရိသတ်ကို ကန်သုံးဆင့်ဆရာတော်ကြီး ဘဒ္ဒန္တ ဂုဏိကာဘိဝံသ ဖြစ်စဉ်ကို ရှင်းလင်းပြောဆိုခဲ့တာပါ။ နစကဘက်ကတော့ ပထမအကြိမ်သတင်းထုတ်ပြန်ချိန်မှာ လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်မှ ပေးပို့လာသည့် အချက်များကို အခြေခံကာ PDF က ပစ်ခတ်သည်ဟု သတင်းထုတ်ပြန်ခဲ့ပါတယ်။ နစက ရဲ့သတင်းထုတ်ပြန်ချက်နဲ့ ပစ်ခတ်ခံရသည့် ကားပေါ်တွင် ကိုယ်တိုင်လိုက်ပါခဲ့ပြီးဒဏ်ရာရရှိခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်ကြီးရဲ့မိန့်ကြားချက်ကွဲလွဲမှုဖြစ်ပေါ်နေလို့မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး ဖော်ထုတ်လျက်ရှိကြောင်း၊ ဖြစ်စဉ်မှန်သိရှိပါကလိုအပ်တဲ့ အရေးယူမှုများ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ============ ကျွန်တော့်အမြင်ကတော့ ၁။ ယာဥ်မောင်းကဘာလို့မှန်မချဘဲအတင်းမောင်းတာလဲ။ အထင်ကရဆရာတော်ကြီးတွေလိုက်ပါလာတဲ့ယာဥ်မောင်းသမားတစ်ယောက်ဟာ PDF မြင်မြင်၊ လုံခြုံရေးအဖွဲ့တွေမြင်မြင်ရပ်တန့်ပြီးအကျိုးအကြောင်းပြောပြလို့ရပါတယ်။ တာဝန်ရှိတဲ့သူတွေအမြင်မှားပစ်ခတ်အောင်ကားမရပ်၊ မှန်မချပဲ ဘာလို့အတင်းမောင်းရတာလဲ။ ရိုးသားမှုရှိသလား။ သံဃာ့ယာဥ်မောင်းတစ်ယောက်အနေနဲ့ အထင်ကရဆရာတော်ကြီးတွေကိုယာဥ်မောင်းပေးရတာ လုံခြုံရေးအဖွဲ့တွေကိုကြောက်လို့မောင်းရပါတယ်ဆိုရင် ယုတ္တိမရှိပါဘူး။ ၂။ ကန်သုံးဆင့်ဆရာတော်ကားပေါ်ကဆင်းလာတဲ့အခါ Faw ပေါ်မှာပါလာသူတွေက ကားမှန်မချလို့၊ အတင်းမောင်းလို့ရန်သူအမှတ်နဲ့ပစ်မိတယ်လို့တောင်းပန်ပါတယ်။ ဒါဟာ ရည်ရွယ်ချက်ရှိရှိပစ်တာမဟုတ်ဘဲ လုံခြုံရေးတာဝန်ထမ်းဆောင်ရင်း အထင်မှားပစ်မိတာဆိုတာရှင်းပါတယ်။ ယာဥ်မောင်းလုပ်ရပ်အရ မှားလဲမှားလောက်ပါတယ်။ ၃။ တပ်မှာ ပစ်ခတ်မှုထိန်းသိမ်းခြင်းအမိန့် ဆိုတဲ့သင်ခန်းစာသင်ပေးထားကြပါတယ်။ ပွင့်လင်းမြင်သာလာတဲ့ခေတ်နဲ့အညီ " ထိတွေ့တိုက်ခိုက်မှုစည်းမျဥ်း ROE တွေ " ရှိပေမဲ့ " အပြစ်မဲ့သူကိုမပစ်မိဖို့၊ တစ်ဘက်မှာလည်း အယောင်ဆောင်ရန်သူကြောင့်မိမိစစ်သည်တော်တွေလုံခြုံရေးမထိခိုက်ဖို့ " ခေါင်းဆောင်ဟာ အခြေအနေ၊ အချိန်အခါ 'ကာလံ၊ဒေသံ' နဲ့ မိမိရဲ့ထိုးထွင်းကြံဆမှု ပေါ်မူတည်ပြီး ပစ်မိန့်ပေးခြင်းကို ပါးပါးနပ်နပ်ဆောင်ရွက်ရပါတယ်။ အခုဖြစ်စဥ်ကိုတော့ ပစ်ခတ်မှုစနစ်တကျရှိခဲ့ခြင်းရှိမရှိ ခုံရုံးဖွဲ့ပြီးအဖြစ်မှန်ပေါ်အောင်စစ်ကြပါလိမ့်မယ်။ ၄။ ဆရာတော်ဘုရားကြီးတွေအခုလိုဖြစ်ရတဲ့အတွက် ဗုဒ္ဓသာသနာအတွက်ကြီးမားတဲ့နစ်နာမှုကြီးဖြစ်ပြီး၊ အလွန်စိတ်ထိခိုက်ရကြောင်းပြောလိုပါတယ်။ ၅။ အခုဖြစ်စဥ်မှာ လုံခြုံရေးအဖွဲ့တွေကပစ်မိတာဆိုရင် ရည်ရွယ်ချက်မရှိဘဲရန်သူနဲ့မှားပစ်ခဲ့ရင်တောင် ထိရောက်တဲ့အရေးယူမှုခံကြရမှာပါ။ ဒီနေရာမှာ... ဖြစ်စဥ်ကိုပြောင်းပြန်လှန်ကြည့်မယ်ဆိုရင် ဒီပစ်ခတ်မှုမှာ PDF ပစ်မိတာဆိုရင် တရားခံဟာလူမသိသူမသိပျောက်သွားမှာပါ။ မီဒီယာအချို့တွေဟာလဲအခုလိုမျိုး အသံကောင်းဟစ်မနေဘဲ နှုတ်ပိတ်နေကြမှာပါ။ အရင်ကလဲ သံဃာတော်တွေကိုရည်ရွယ်ချက်ရှိရှိလုပ်ကြံမှုတွေလုပ်ခဲ့ကြတာ pdf တွေချည်းပါပဲ။ တရားခံမပေါ်ခဲ့သလို၊ အရေးယူမခံခဲ့ရပါဘူး။ မီဒီယာအချို့တွေကလဲဖုံးဖိပေးခဲ့ကြတာချည်းပါပဲ။ ၂၁.၆.၂၀၂၄ Geopolitics Admin #Crd
Show all...
Repost from Min Chit Oo
Photo unavailableShow in Telegram
ဟက်ခံရတယ်ဆိုပြီး လုပ်စားဦးမယ်နဲ့တူတယ်
Show all...
Repost from Ko Thet
Photo unavailableShow in Telegram
ချင်းညီနောင် အမည်ခံထားတဲ့ (CDF တမဟ ၁)အကြမ်းဖက်အဖွဲ့က AA ကို ချင်းပြည်နယ်ထဲ ခေါ်လာတယ်။ AA က ချင်းပြည်သူတွေကို နှိပ်စက်တယ်၊ အသက်မပြည့်သေးတဲ့ ကလေးကအစ ဒိန်းဒိန်းလုပ်တယ်။ ချင်းရွာတွေ မြို့တွေကို ဖျက်ဆီးတယ်။ ချင်းတွေကို လူသစ်စုတယ်။ ဆက်ကြေးကောက်တယ်။ - အဲဒီအဖွဲ့ကို Chinland Council အောက်က (CDF တမဟ ၂ + CNA) အဖွဲ့က ဟိုအကြမ်းဖက်အဖွဲ့ကို ပြန်တိုက်တယ်။ CNA နဲ့ပေါင်းထားတဲ့ တမဟ ၂ အဖွဲ့က အစိုးရတပ်တွေနဲ့လည်း ပူးပေါင်းထားတယ်လို့ ကြားရတယ်။ - ချင်း ၂ ဖွဲ့ချင်းတူတူ ချင်းလူမျိုးတွေကို ကာကွယ်စောင့်ရှောက်တဲ့ တမဟ ၂ ကို ချင်းလူမျိုး အများအပြား ထောက်ခံတာ မမှားဘူး။ နို့မိုဆို AA ကြောင့် ချင်းတွေ မျိုးသုဉ်းပြီး နယ်မြေပါ ပျောက်လိမ့်မယ်။ KT
Show all...
Repost from TREND News
Photo unavailableShow in Telegram
ပဲခူးဆရာတော်ဖြစ်စဥ်နှင့်ပက်သက် ၍ သီတဂူဆရာတော်ကြီး မိန့်ကြား ချက် သီတဂူဆရာတော်ကြီးက- "ဒီကနေ့ တိုင်းပြည်အခြေအနေက ညီညွတ်ဖို့က သိပ်အရေးကြီးနေ တယ်။နိုင်ငံတော်နဲ့ တပည့်တော်တို့ သံဃာ၊ နိုင်ငံတော်အစိုးရနဲ့ သံဃာ လက်မတွဲနိုင်ရင် တပည့်တော်တို့ တိုင်းပြည်က ဒုက္ခဖြစ်စရာအများကြီးရှိ တယ်။အဲ့ဒါကြောင့် တိုင်းသူပြည်သား လူအများကို ပြန်ငဲ့ညှာ တိုင်းပြည်ရဲ့ အစဉ်အမြဲတည်တံ့မှု Union Unitedဆို တဲ့ ညီညွတ်မှုကိုလည်း အားပေးတဲ့အနေ နဲ့.... ၁။ သည်းခံတော်မူကြပါဘုရား။ ၂ ခွင့်လွှတ်တော်မူကြပါ။ ၃ မေ့ပျောက်တော်မူကြပါ။ ပြန်ပြင်လို့ မရတော့တဲ့ ဒီအမှားကို တစုံတယောက်မှားတဲ့ ဒီအမှားကို တပည့်တော်တို့ သံဃာတော်တွေဟာ အားပေးမိရာ မရောက်အောင် ထပ်ပြီး တော့ မမှားမိအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်း စောင့်ရှောက်တော်မူကြပါ ဘုရား"လို့ မိန့်ကြားသွားတာဖြစ်ပါတယ်။
Show all...
Repost from Ko Thet
နီပိတ်တွေ များများဖတ်ဖို့ ဆရာတော်ဘုရားကြီးကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ဒီဇင်ဘာ ၁၂ ရက်နေ့လောက်မှာ လာတွေ့ရင်းနဲ့ တပည့်တော်ရဲ့ ဆရာတော်လုပ်ပါဆိုပြီး စည်းရုံးသိမ်းသွင်းတဲ့ ရုပ်သံဖိုင်ကို ကြည့်ဖူးသူလည်း ရှိကောင်းရှိလိမ့်မယ်။ ဆရာတော်ကတော့ ညီညွတ်ရေးကို ဦးစားပေးသူမို့ ငါကတော့ တတိုင်းပြည်လုံးရဲ့ ဆရာတော်ပဲ လုပ်မယ်ဆိုပြီး ဖြေခဲ့ဖူးတယ်။ - တကယ်တော့ ဆရာတော်ဘုရားကြီးနား နေဖူးသူတွေ ဆိုရင် ဆရာတော်ဘုရားရဲ့ လက်ရင်း တပည့်တွေတောင် အနီထောက်ခံ အားပေးများတယ်ဆိုတာ သိကြမှာပါ။ တချို့ တချို့သော ဘာမှန်းမသိတဲ့ ငနီကြောင်တွေတော့ ဒါတွေသိမှာမဟုတ်ပါဘူး။ ဆရာတော်ကြီးနဲ့ ဒေါ်စုအစိုးရ ခွာပြဲသွားရတဲ့ အကြောင်းက တနိုင်ငံလုံးက ရဟန်းသံဃာတွေကို ဘာသာပေါင်းစုံ ညီညွှတ်ရေးခေါင်းစဉ်နဲ့ ဗုဒ္ဓဘာသာဟာ အခြားဘာသာတွေနဲ့ တန်းတူပါတယ်ဆိုတဲ့ လုပ်ပေါက်ကို NLD ပါတီကိုယ်တိုင်က နေရာမရွေး၊ အချိန်မရွေး ဇောင်းပေးလုပ်လာခဲ့ရာကနေ အစပြုတာ ဖြစ်မယ်လို့ ရိုးရိုးသားသား ယုံကြည်ပါတယ်။ - ဆရာတော်ဘုရားကြီးဟာ လူမျိုးမြိုမှာ အင်မတန်စိုးရိမ်တတ်တဲ့ ဆရာတော်ဖြစ်တယ်လို့ စိတ်က ယူဆထားပါတယ်။ ဒီကနေ့ ဖြစ်တဲ့ အရေးမှာလည်း နှစ်ဖက်အမှား ဖြစ်တာကို သိတော်မူသလို စိတ်ဝမ်းမကွဲဘဲ ညီညွှတ်ရေးကိုသာ ဦးစားပေးဖို့ မိန့်ဆိုတာဟာ သမာသမတ်ကျပါတယ်။ ကိုယ်ရယ်ချင်တာတခုက ဒေါ်စုနဲ့ ဆရာတော်တို့ရဲ့ Close ဖြစ်မှု အနေအထားသမိုင်းကြောင်းတောင် မသိကြတဲ့ ငနီကြောင်၊ လဒ တွေ၊ ဆရာတော်ကို မိုက်မိုက်ရိုင်းရိုင်း ပြောခဲ့ကြတဲ့ အဆိုတော် အောင်လတို့ ကအစ ၊ ဂူရွှေး၊ ကတုံး ဆိုပြီး ပက်ပက်စက်စက် ပြောခဲ့ကြတဲ့ အနီကြောင် ထောက်ခံသူတွေ အလယ်၊ သံဃာကိုတောင် သံဃာ မှန်း မသိနိုင်လောက်တဲ့အထိ ရိုင်းစိုင်းယုတ်မာတဲ့သူတွေအဆုံးက ခုဖြစ်စဉ်ကြမှ "သေဆုံးသူက အညတရ ဆရာတော်မဟုတ်ဘူးတို့" ၊ ရွှေကျင် ဂိုဏ်းချုပ်က ဘာမှမပြောတော့ဘူးလား " ဆိုပြီး သံဃာထုအရေး ဖြစ်လာအောင် မြောင်းပေးပြောဆိုနေကြတာတော့ အံ့အားသင့်စရာ ပါပဲ။ - တကယ်တော့ သူတို့ထောက်ခံတဲ့ မိခင်ပါတီကအစ မဘသ မလိုအပ်တော့ဘူး၊ ဓမ္မစကူးတွေ ဖွင့်မှာစိုးလို့ နွေကျောင်းပိတ်ရက်ကို ဆန့်ခဲ့ကြတာတွေ၊ ဇာတိမာန်သီချင်းတောင်ဆိုဖို့ ပိတ်ပင်ခဲ့တာတွေကအစ ရုပ်ပေါက်ခဲ့ကြတာပါ။ တကယ်လို့ NLD ပါတီကသာ ရဟန်းသံဃာတွေကို ဆရာ-တကာ ဆိုတဲ့ ဆက်ဆံရေးမျိုး ထူထောင်ခဲ့ရင်တော့ တစ်မျိုးပေါ့။ (နရီမိုး)
Show all...
နီပိတ်တွေ များများဖတ်ဖို့

ဆရာတော်ဘုရားကြီးကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ဒီဇင်ဘာ ၁၂ ရက်နေ့လောက်မှာ လာတွေ့ရင်းနဲ့ တပည့်တော်ရဲ့ ဆရာတော်လုပ်ပါဆိုပြီး စည်းရုံးသိမ်းသွင်းတဲ...

👍 1
Repost from Min Zaw Lwin
ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး၏ ဈာပနသို့ သီတဂူဆရာတော်ကြီး ကြွရောက် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး၏ ဈာပနသို့ သီတဂူဆရာတော်ကြီး ကြွရောက်ခဲ့ကြောင်း သိရပါတယ်။ သီတဂူဆရာတော်ကြီးသည် ဇွန် ၂၂ ရက်(ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး၏ ဈာပနစတုတ္ထရက်)တွင် ယခုကဲ့သို့ ကြွရောက်ခဲ့ခြင်းဖြစ်ပါတယ်။ “ကျေးဇူးတော်ရှင်_သီတဂူဆရာတော်ဘုရားကြီး ကြွရာက်ချီးမြှောက်၍ သံဝေဂယူတော်မူပြီး၊ သံဃာတော် အရှင်သူမြတ်တို့အား ဩဝါဒစကားများ မိန့်ကြားတော်မူခဲ့ပါသည်”ဟု ဝင်းနိမ္မိတာရုံစာသင်တိုက်၏ Facebook လူမှုကွန် ရက်စာမျက်နှာတွင် ဖော်ပြထားပါတယ်။
Show all...
👍 2
Repost from Min Zaw Lwin
ဆရာတော်ဘုရားကြီးကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ဒီဇင်ဘာ ၁၂ ရက်နေ့လောက်မှာ လာတွေ့ရင်းနဲ့ တပည့်တော်ရဲ့ ဆရာတော်လုပ်ပါဆိုပြီး စည်းရုံးသိမ်းသွင်းတဲ့ ရုပ်သံဖိုင်ကို ကြည့်ဖူးသူလည်း ရှိကောင်းရှိလိမ့်မယ်။ ဆရာတော်ကတော့ ညီညွှတ်ရေးကို ဦးစားပေးသူမို့ ငါကတော့ တတိုင်းပြည်လုံးရဲ့ ဆရာတော်ပဲ လုပ်မယ်ဆိုပြီး ဖြေခဲ့ဖူးတယ်။ တကယ်တော့ ဆရာတော်ဘုရားကြီးနား နေဖူးသူတွေ ဆိုရင် ဆရာတော်ဘုရားရဲ့ လက်ရင်း တပည့်တွေတောင် အနီထောက်ခံ အားပေးများတယ်ဆိုတာ သိကြမှာပါ။ တချို့ တချို့သော ဘာမှန်းမသိတဲ့ ငနီကြောင်တွေတော့ ဒါတွေသိမှာမဟုတ်ပါဘူး။ ဆရာတော်ကြီးနဲ့ ဒေါ်စုအစိုးရ ခွာပြဲသွားရတဲ့ အကြောင်းက တနိုင်ငံလုံးက ရဟန်းသံဃာတွေကို ဘာသာပေါင်းစုံ ညီညွှတ်ရေးခေါင်းစဉ်နဲ့ ဗုဒ္ဓဘာသာဟာ အခြားဘာသာတွေနဲ့ တန်းတူပါတယ်ဆိုတဲ့ လုပ်ပေါက်ကို NLD ပါတီကိုယ်တိုင်က နေရာမရွေး၊ အချိန်မရွေး ဇောင်းပေးလုပ်လာခဲ့ရာကနေ အစပြုတာ ဖြစ်မယ်လို့ ရိုးရိုးသားသား ယုံကြည်ပါတယ်။ ဆရာတော်ဘုရားကြီးဟာ လူမျိုးမြိုမှာ အင်မတန်စိုးရိမ်တတ်တဲ့ ဆရာတော်ဖြစ်တယ်လို့ စိတ်က ယူဆထားပါတယ်။ ဒီကနေ့ ဖြစ်တဲ့ အရေးမှာလည်း နှစ်ဖက်အမှား ဖြစ်တာကို သိတော်မူသလို စိတ်ဝမ်းမကွဲဘဲ ညီညွှတ်ရေးကိုသာ ဦးစားပေးဖို့ မိန့်ဆိုတာဟာ သမာသမတ်ကျပါတယ်။ ကိုယ်ရယ်ချင်တာတခုက ဒေါ်စုနဲ့ ဆရာတော်တို့ရဲ့ Close ဖြစ်မှု အနေအထားသမိုင်းကြောင်းတောင် မသိကြတဲ့ ငနီကြောင်၊ လဒ တွေ၊ ဆရာတော်ကို မိုက်မိုက်ရိုင်းရိုင်း ပြောခဲ့ကြတဲ့ အဆိုတော် အောင်လတို့ ကအစ ၊ ဂူရွှေး၊ ကတုံး ဆိုပြီး ပက်ပက်စက်စက် ပြောခဲ့ကြတဲ့ အနီကြောင် ထောက်ခံသူတွေ အလယ်၊ သံဃာကိုတောင် သံဃာ မှန်း မသိနိုင်လောက်တဲ့အထိ ရိုင်းစိုင်းယုတ်မာတဲ့သူတွေအဆုံးက ခုဖြစ်စဉ်ကြမှ "သေဆုံးသူက အညတရ ဆရာတော်မဟုတ်ဘူးတို့" ၊ ရွှေကျင် ဂိုဏ်းချုပ်က ဘာမှမပြောတော့ဘူးလား " ဆိုပြီး သံဃာထုအရေး ဖြစ်လာအောင် မြောင်းပေးပြောဆိုနေကြတာတော့ အံ့အားသင့်စရာ ပါပဲ။ တကယ်တော့ သူတို့ထောက်ခံတဲ့ မိခင်ပါတီကအစ မဘသ မလိုအပ်တော့ဘူး၊ ဓမ္မစကူးတွေ ဖွင့်မှာစိုးလို့ နွေကျောင်းပိတ်ရက်ကို  ဆန့်ခဲ့ကြတာတွေ၊ ဇာတိမာန်သီချင်းတောင် ဆိုဖို့ ပိတ်ပင်ခဲ့တာတွေကအစ ရုပ်ပေါက်ခဲ့ကြတာပါ။ တကယ်လို့ NLD ပါတီကသာ ရဟန်း သံဃာတွေကို ဆရာ-တကာ ဆိုတဲ့ ဆက်ဆံရေးမျိုး ထူထောင်ခဲ့ရင်တော့ တစ်မျိုးပေါ့။ နရီမိုး
Show all...
05:41
Video unavailableShow in Telegram
ငွေကြေးနှင့်ပျော်ရွှင်မှု……
Show all...
IMG_0110.MOV67.37 MB
👍 1
BBC ကလူတွေကို အကုသိုလ်ပေးတယ်နော်။ လူတွေကလည်း တစ်ပျော်တစ်ပါးယူကြတာပဲ။ ကပ်ဆိုးကတော့ အရှိန်ထပ်ရပေဦးမယ်။😢
Show all...
👍 1😢 1
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.