en
Feedback
Phoo Pwint Ngon
Phoo Pwint Ngon
Open in Telegram
အသွေးအသားထက် ပိုသော သို့ ခယ်မ
Show more
1 626
Subscribers
-124 hours
+47 days
-3030 days
Posts Archive
သူမနဲ့ လုံးဝ အံကျ.... ။ မျက်လုံးချင်း ဆုံအောင် ကြည့်ရင်းမှ သူမက ပြုံးပြန်သည်...။ နှုတ်ခမ်းက ပြုံးနေပေမဲ့ မျက်လုံးထဲမှာက မျက်ရည်လေးဥလေးတွေ ခိုနေသလိုပင်...။ ခဏနေမှ သူမ ဆီက စကား ထွက်လာသည်...။ " ရှိတာပေါ့... လောကကြီးမှာ ချစ်လို့ မရတဲ့ သူတွေ အများကြီးပဲ ရှိတယ်... လူချင်း တူပေမဲ့ ကံချင်း မတူဘူး... ရှင် ရှင်းရှင်းလင်းလင်း နားလည်အောင် ပင်ပျို ပြောပြမယ်....။ ချစ်လို့ မရတဲ့ လူတွေထဲမှာ ရှင့်ရဲ့ ရှေ့က နွယ်ပင်ပျို ဆိုတဲ့ မိန်းမက ထိပ်ဆုံးကပဲ...." ပြောနေတဲ့ လေသံတွေထဲမှာ နာကျင်မှုတွေ ရောထွေးပါနေတယ် ဆိုတာ သိသာလှပါသည်...။ မော်ကွန်း သူမကို ဒီ စိတ္တဇ တောထဲကနေ ဆွဲထုတ်ပေးချင်လှသည်...။ ခက်တာက သူမက သတ္တိမရှိ...။ " ပင်ပျိုက အဲလို ယုံကြည်ထားတာလား.... ပင်ပျိုက ချစ်လို့ မရတဲ့ မိန်းမတစ်ယောက်လို့ အဲလိုမျိုး ယုံကြည်ထားတာလား...." မော်ကွန်းကလည်း သူမရဲ့ မျက်နှာလှလှလေးကို ကြည့်ကာ လေးလေးနက်နက် မေးလိုက်သည်....။ ပင်ပျိုက ခေါင်းကို ညိတ်ပြသည်....။ " ယုံကြည်မှု ဆိုတာက စိတ်စွဲလမ်းမှုအပေါ်မှာ အခြေခံတာလို့ ပင်ပျို ကိုယ်တိုင် စောစောက ပြောတယ်လေ... ဒီတော့ ပင်ပျိုရဲ့ ယုံကြည်မှုကလည်း ပကတိ အမှန်တရားပါလို့ ပင်ပျို ပြောနိုင်လို့လား... ကိုယ်ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို စိတ္တဇ လို စွဲလမ်းမိတာရော မဖြစ်နိုင်ဘူးလား....." ပင်ပျို ပါးစပ်ကလေး ဟ သွားသည်....။ ကိုယ့်စကားနဲ့ ကိုယ် ပိတ်မိနေပြီ....။ ဒီမြို့သား က အစွမ်းမသေးလှ....။ စကားကို ချည်ပြီးတုပ်ပြီး ပိုင်မှ လုပ်တာ...။ ဒါကြောင့်လည်း အမျိုးတွေက အားကိုးရတဲ့ သူ ဖြစ်နေတာ ရှိမှာ....။ " ရှင်က လူလည်ပဲ...." ပင်ပျို မနေနိုင်တော့... ။ မျက်စောင်းလေး ထိုးကာ ချီးကျူးလိုက်သည်...။ " ချီးကျူးတာလား...ကဲ့ရဲ့တာလား..." မော်ကွန်းလည်း ပေါ့ပေါ့ပါးပါး ဖြစ်သွားအောင် ပြန် အရွှန်းဖောက် လိုက်တော့ သူမက ထပ်ပြီး မျက်စောင်းထိုးသည်....။ " ကဲ့ရဲ့တာ..ကဲ့ရဲ့ တာ.... လူလည်ပတ်ကား လို့ ပြောတာ..." ပြုံးပြုံးကြီး နဲ့ မျက်စောင်း ထပ်ထိုးပြန်သည်...။ ဒီလိုမျိုး ပေါ့ပေါ့ပါးပါး လေးနဲ့ မြင်ရတဲ့ အခိုက်အတန့် က မျက်နှာလေးဟာ တိမ်ကင်းစင်တဲ့ လမင်းကြီး သဖွယ်....။ နာကျင်မှုတွေ ကြောက်ရွံမှုတွေ စိတ်တ္တဇ တွေ ကင်းလွတ်နေတဲ့ အခိုက်က အရမ်း ကြည်စင်ဝင်းပတာပဲ.....။ ဒါပမေဲ့ ဒါက ခဏပါပဲ....။ ထုံးစံ အတိုင်း သူမရဲ့ မျက်နှာလေးက ညှိူးသွားပြီး သက်ပြင်းကို လေးလေး ချပြန်သည်...။ " ပင်ပျို ရဲ့ ယုံကြည်မှုက ပကတိ တရားလား...စိတ်တဇ လား ဆိုတာ ခွဲခြားဖို့ ခက်လှပါတယ်... ဒါက အမှန်တရား ဖြစ်စေ... စိတ်စွဲလန်းမှု ဖြစ်စေ..... ဒီယုံကြည်ချက်ကို ဆက်လက် စွဲကိုင်ထားရမှာပါပဲ... ဘာဖြစ်လို့လဲ ဆိုတော့ ပင်ပျိုကြောင့် နောက်ထပ် ယောကျာ်းတစ်ယောက် ထိခိုက်မှာကို မလိုလားတော့ဘူး...။ ရှင်လည်း ပြန်လိုက်ပါတော့....။ ဗီဒီယိုပြီးရင် အားလုံး ရှုပ်ကုန်မယ်.... ပင်ပျိုကို သနားပါ...." မော်ကွန်း မပြန်ချင်သေးပေမဲ့ သူမကို ငဲ့ကွက်ရမှာမို့ စူးစူးနစ်နစ် ကြည့်ရင်း " အဲဒါဆို ကျွန်တော် ပြန်မယ်..." နှုတ်ဆက်ပြီး လာရာ လမ်းအတိုင်း ပြန်လာခဲ့လိုက်သည်.. ။ သိပ်ချစ်တယ် ပင်ပျိုရယ်...။ ကိုယ့်ကို ကြိုးစားခွင့်တော့ ပေးပါနော်....။ .
ရှင့် ဦးနှောက်က ဘယ်နေရာ သွား သုံးစားရမှာလဲ...." " ခုထိ အန္တရာယ်က ကင်းနေဆဲ လေ..." "အဲဒါပင်ပျို မအော်လို့လေ... အော်ရင် ရှင်အခုအချိန်ဒုက္ခရောက်နေပြီ " " ပင်ပျို မအော် ပါဘူး.. ကျနော်သိနေပါတယ်..." မော်ကွန်း အရိပ်ကျတဲ့ နေရာကနေ ကိုယ်လေး မှီပြီး ပြောလိုက်သည်....။ "ဒီမှာရှင်သိပ်ပြီးတော့... ကိုယ့်ဘာသာကိုယ် အထင်ကြီးမနေနဲ့... ပင်ပျို မအော် ရဲဘူးလို့ထင်နေတာလား...." မျက်စောင်းလေးထိုးကာ ပြောတော့ သူရယ်မိသည်...။ "ကျနော့် စိတ်ထဲမှာသိနေတဲ့ အရာတစ်ခုက ပင်ပျိုစိတ်ထဲ ကျွန်တော်ကို ဒုက္ခရောက်အောင် လုပ်မယ်လို့ တွေးထားမှာမဟုတ်ပါဘူး..... အကယ်၍ ပင်ပျို အော်ချင်ရင် ခုလို စကားတွေကို အများကြီး ပြောမနေဘူးလေ...." ပင်ပျို သူကိုကြည့်ပြီး သက်ပြင်း ရှိုက်လိုက်မိသည်။ အိမ်ကလူတွေ သိသွားမှာ ကြောက်လို့လည်း အော်က မအော်ရဲ...။ ဒါကိုပဲသူက မာန်တက်ပြနေသည်....။ " နေပါအုံး ရှင်က ဘယ်လိုလုပ်ပြီး ဒီအထိရောက်လာတာလဲ ရှင်ကိုကူညီပေးလိုက်တဲ့ သူတွေရှိလား..." ပင်ပျို မယုံသင်္ကာဟန်နဲ့ မေးတော့ သူကရယ်သည်။ "ဒီအထိရောက်ဖို့ ကျနော် ဘယ်လောက်ထိကြိုးစားခဲ့ရတယ်ဆိုတာ ကို ပင်ပျိုမသိပါဘူး ဗျာ.." " ကဲ..ရှင့် ကိုမေးနေတာသာဖြေစမ်းပါ။ ရှင်ဒီအိမ်ပေါ်အထိ ဘယ်လို လုပ်ရောက်လာတာလဲ...ကူညီတဲ့ သူတွေ မရှိဘဲနဲ့တော့ ရောက်လာမှာ မဟုတ်ဘူး...." မော်ကွန်း ကူညီပေးတဲ့လူတွေကို ပြောပြလိုက်တော့သည်....။ ပင်ပျို ပါးစပ်အဟောင်းသားလေး.... " သူတို့က ရှင့်ကိုကူညီပေးကြတယ် ... အဲဒီ ကောင်တွေ ဦးနှောက်မကောင်းသေးရဲ့လားမသိဘူး...." " ပင်ပျို ဘာကို ပြောချင်တယ်ဆိုတာ ကျွန်တော်သိပါတယ်.. သူတို့ကလည်း ကျနော် အတင်းအကြပ် ပြောတာကိုမလွန်ဆန်နိုင်လို့ ကူညီရတဲ့သဘောပါ....." ပင်ပျို ဘာမှကို မပြောတော့....။ ဖြစ်နိုင်ပါတယ် ....။ သူက အဲလိုပဲ အကြပ်ကိုင် အနိုင်ကျင့်ပြီး လုပ်တတ်သူလေ....။ ဒါကြောင့် သူ့ကိုသာ ကြည့်ပြီး " ကဲ...သက်စွန့်ဆံဖျား ဒီအထိ လာရတဲ့ ရှင့်ရဲ့ ရည်ရွယ်ချက်လေးကို သိပါရစေ...." " ဒါဆို ထိုင်လို့ ရမလား...." " အဲ အမှောင်ရိပ်ကျတာပဲ နေ...ခဏ ပင်ပျို ထိုင်ခုံ ယူပေးမယ်....." နောက်ဆုံးတော့ ပင်ပျို တစ်ယောက် သစ်သား ကုလားထိုင် သေးသေးလေးကို ယူပေးလိုက်ရသည်....။ သူက အမှောင်ထဲမှာမို့ အောက်က ကြည့်ရင် မမြင်ရ....။ ဗီဒီယိုက ဇာတ်ရှိန်တက်နေပြီမို့ ဘယ်သူမှလည်း သူတို့ကို အာရုံထားမိမှာ မဟုတ်တော့ နည်းနည်း သက်သာရာ ရသည်...။ " ကဲ...ပြော...ရှင်ရဲ့ အရေးကြီး ကိစ္စ...." မော်ကွန်း ကျကျနန ထိုင်ရင်း သူမကို စေ့စေ့ကြည့်ကာ " ရင်လာဖွင့်တာ ပါ...ကျွန်တော် ကောင်မလေး တစ်ယောက်ကို ချစ်မိသွားပုံ ရတယ်ဗျာ... အဲဒါ ဘာဆက်လုပ်ရမှန်း မသိတော့လို့..... အဲဒါ ပင်ပျို ဆီက အကြံဉာဏ် လေး ဘာလေးများ ရမလားလို့ပါ....." ပင်ပျို ယဲ့ယဲ့လေး ပြုံးလိုက်သည်....။ ဘယ်လမ်းကြောကို ရောက်နေတယ် ဆိုတာ သူမ သိပါသည်....။ သူက နည်းနည်းတော့ ပါးနပ် သည်....။ ဘယ်တော့မှ ဒဲ့ဒိုး မဝင်.....။ သွယ်ကာဝိုက်ကာနဲ့ တစ်ဖက်လူ သိအောင် ပြောတာ....။ " ရှင်က ပင်ပျို အကြံပေးတဲ့ အတိုင်း.. တကယ် လုပ်မှာ မို့လား..." မော်ကွန်း အလင်းရောင်အောက်က သူမကို ကြည့်ကာ " ​ပြောကြည့်လေ...ကျွန်တော် နားထောင်ကြည့်မယ်.... " " ရှင်ကြားဖူးမှာပါ...မီးနဲ့ မကစားရဘူး ဆိုတာလေ.... တခါတလေမှာ ငါ ယုံကြည်တာ ငါလုပ်မယ် ဆိုတာကလည်း အကုန်မှန်မှာ မဟုတ်ဘူးလေ....။ ရှင့် အတွက် အန္တာရာယ် ဖြစ်စေတတ်ရင် ရှောင်တာ အကောင်းဆုံးပါ.... ပင်ပျို အကြံပေးချင်တာက ချစ်လို့ မရတဲ့သူကို မချစ်ရဘူး...။ မမိုက်မဲပါနဲ့..." မော်ကွန်း သူမကို စူးစူးနစ်နစ် ကြည့်ရင်း " ကျွန်တော် ယုံကြည်ထားတာ တစ်ခုတော့ ရှိတယ်...ကျွန်တော်က ကျွန်တော့်ရဲ့ အချစ်သာ စစ်ခဲ့ရင် အရာအားလုံးကို ကျော်ဖြတ်နိုင်မယ်လို့.... ဒါကိုတော့ လုံးဝ ယုံတယ်..." သူမက ပြုံးပြန်သည်....။ ပြီးမှ ပြုံးပြုံးလေးနဲ့ " ယုံကြည်မှု ဆိုတာ ပကတိ တရားနဲ့ ဘာမှ မသက်ဆိုင်ပါဘူး...။ ယုံကြည်မှုက စိတ်စွဲလမ်းမှုအပေါ်မှာ. အခြေခံတာလေ....။ ဒါကြောင့် ယုံကြည်မှု ရှိတာ ကောင်းပေမဲ့ ပကတိ တရားကို လွန်ဆန်ဖို့ တော့ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလေ...." မော်ကွန်း ပင်ပျို ကို ကြည့်ရင်း သဘောကျမိတာ တစ်ခု ရှိသည်...။ စကားပြောတတ် ဆိုတတ်တဲ့ နေရာမှာ အနုတ်အသိမ်း အရမ်းကောင်းသည်...။ ကျွံနေခဲ့တာ မရှိ...။ ကျန်နေခဲ့တာ မရှိ...။ တခြားသူ ပြောတာကို ချေပနိုင်တဲ့ လျှပ်တပြက် ဉာဏ်ကလည်း ပြေးလှသည်...။ စာအရမ်းဖတ်တာ သိသာလှသည်...။ " ချစ်လို့ ရတဲ့သူ... ချစ်လို့ မရတဲ့ သူ... အဲလိုမျိုး ခွဲခြားလို့ ရလို့လား....။ လူတွေ အတူတူပဲလေ...ခွဲခြားသတ်မှတ်မှုတွေက ဒီဘက် ခေတ်ကြီးမှာ မလိုတော့ပါဘူး... အဲလိုမျိုးတွေ မရှိလောက်တော့ပါဘူး...." ပင်ပျိုက သူ့ကို မျက်လုံးချင်း ဆုံအောင် ကြည့် လာသည်....။ ကော့မျက်တောင် လှလှကြီးတွေက ည အလင်းရောင် မှိန်မှိန်မှာကို ထင်ရှားနေသည်...။ တောင်းဆုတွေ ပြည့်ဝခဲ့သူ ဆိုတဲ့ ခင်မောင်တိုး ရဲ့ သီချင်းထဲက စာသား က
အနန္တထိတိမ်းညွှတ်အပ်သော အခန်း ၁၃ ဗီဒီယို မှ ဇာတ်ကားသံက ကြားနေရဆဲ...။ ပင်ပျို ဇာတ်ကားမကောင်းရင် မကြည့်တတ်.....။ ဇာတ်ကား ကောင်းခြင်း မကောင်းခြင်းထက် ကြိုက်တဲ့ မင်းသား မဟုတ် ရင် မကြည့်တတ်....။ ဒါကြောင့် ဗီဒီယိုရုံထဲကို နေ့တိုင်း မရောက်....။ ဒီလိုညမျိုးဆို စောစော ဘုရားရှိခိုး... စာအုပ်ဖတ်ချင်ရင် ဖတ်... မဖတ်ရင် အိပ်ပဲ...။ အိပ်မပျော်ရင်တော့ ဝရံတာ မှာ ထွက်ပြီး တွေးနေမိတာ များသည်....။ ခုလည်း အိပ်မပျော်တာနဲ့ ဝရံတာမှာ ထိုင်နေမိပြန်ပြီ......။ ပင်ပျို တခြားသူတွေလို လွတ်လပ်စွာ ရယ်မောခွင့် ၊ နောက်ပြောင်ခွင့် ဒီအခွင့်အရေးတွေ ရချင်တာပေါ့....။ ဒါပေမဲ့ ခုတော့ သူမဟာ အတိတ်ရဲ့ အရိပ်ဆိုးတွေထဲမှာ ပိတ်လှောင်မိနေတဲ့ ငှက်ကလေး မျှသာ....။ ဒါတွေ မတွေးချင်ပေမဲ့ တွေးနေမိရပြန်ပြီ....။ အလုပ်တွေ ပတ်လျောက်ထားတာ.... ။ ရရင်တော့ မြို့တက်ပြီး လွတ်လပ်စွာ နေချင်သေးတယ်.....။ ဘယ်သူမှ မသိတဲ့ မြို့လေးမှာ ပျော်ရွှင် အေးချမ်းစွာ နေထိုင်ချင်မိသေးတယ်....။ ဒါပေမဲ့ အကြောင်းမသိတဲ့ သူတွေက သူမရဲ့ အလှကို ယစ်မူးပြီး ကြိုးစားလာကြမှာ ကိုလည်း လန့်နေရသေးသည်...။ စိတ်ကူးထဲ ပေါ်လာသမျှတွေကို အကုန်လိုက်တွေးရင်း မှ သတိရမိကာ ခေါင်းကို ယမ်းလိုက်သည်...။ သတိကပ်ပြီး မတွေးဘဲ နေတာက ကောင်းပါတယ် လေ....။ မတွေးဘူးဆိုမှ အတွေးထဲမှာ ပေါ်လာတာက လူချော မြို့သား....။ မိန်းမတိုင်း စိတ်ကူးယဥ် ချင်စရာ....။ စူးရှတဲ့ အကြည့်နဲ့ ပြုံးလိုက်ရင် ရီဝေစွာ ဆွဲဆောင်မှု ရှိသူ...။ စကားပြောရင် ရှင်းပြီး အသံက သြဇာသံ ပေါက်သူ....။ အရပ်အမောင်းနဲ့ လိုက်ဖက်ညီစွာ ယောကျာ်းပီသသူ......။ မေးရိုးက ကားပြီး ကြည့်ခဲ့ဖူးတဲ့ သိုင်ကားထဲက ကျန်ကျောင်း လိုလို...။ သူမ အကြောင်းကိုလည်း မသိတာ မဟုတ်ဘဲနဲ့ သူမနားကို ချဥ်းကပ်ချင်တဲ့ အရိပ်အယောင်တွေ ကိုလည်း နားလည်လို့ မရ....။ တိုက်ဆိုင်မှုတွေပါ လို့ သူကောက်ချက်ချတိုင်း ရင်မောရတာက ပင်ပျို.....။ ရှင့်ကိုတော့ ဘာ အနာတရ မှ မရစေချင်ပါဘူး .....။ ဒါကြောင့်လည်း ရှင့် မျက်ဝန်းတွေကို နားလည်ရဲ့သားနဲ့ တမင် လမ်းပိတ်ခဲ့ရသူပါ....။ ကျွန်မ ရင်ထဲကို ရှင် မမြင်နိုင်ပါဘူးလေ........။ ဝေ့တက်လာတဲ့ မျက်ရည်လေးတွေ ကို ပုပ်ခတ်ပုတ်ခပ် လုပ်ရင်း ထိန်းလိုက်ရသည်.....။ အတွေးထဲ နစ်မျောနေစဥ် မသိစိတ်က တစ်ခုခုကို နှိုးဆော်သတိပေးနေတာမို့ မသိုးမသန့် နဲ့ ချားခနဲ နောက်ကို လှည့်ကြည့်လိုက်သည်.... ။ " အမလေး......" " မကြောက်ပါနဲ့ ပင်ပျို...ကျွန်တော်ပါ..." ဟင်.......။ မြို့သား.....။ မြတ်စွာဘုရား..... ။ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ....။ စိတ်ညစ်ချက်....။ " ရှင် ဘယ်လို ရောက်နေတာလဲ...အခု ထွက်သွား..." ဒေါသသံ စွက်ကာ ပြောတော့ လက်ကလေး ပြကာ " ခဏလေးပါ ပင်ပျို....။ ကျွန်တော် ပင်ပျိုကို တွေ့ချင်လို့ အရဲစွန့် လာခဲ့တာပါ... သူများအိမ် အပေါ်ထပ်ထိ ခွင့်မတောင်းဘဲ လာမိလို့ အပြစ်က ရှိပါတယ်.... ဒါပေမဲ့ ပင်ပျို နားလည်ပေးစေချင်ပါတယ်...." " နားလည်ပေးစေချင်ရင် နားလည်ပေးနိုင်လောက်တဲ့ အပြုအမူတော့ လုပ်လေ.... ရှင့်ကြောင့် တခြားသူ အထိတ်တလန့် ဖြစ်သွားရင် အဲဒါ ဘယ်ကောင်းမလဲ..... အထူးသဖြင့် ရှင်လို ပညာတတ်တဲ့သူက ဒီလို ခိုးကြောင်ခိုးဝှက် လုပ်တာက တော်တော် စည်းကမ်း မရှိတာပဲ.... " ပင်ပျို စွတ်ကော ပစ်လိုက်သည်...။ သူကတော့ ဝရံတာ အမှောင်ဘက်မှာ ချောင်ကပ်ရင်း သူမ ပြောတာတွေကို ငြင်းဆန်ခြင်း မရှိ ခံယူနေသည်...။ အမှန်က ပင်ပျိူလည်း လန့်သွားလို့ ဆိုတာထက် သူ တစ်ခုခု ဖြစ်မှာ စိုးရိမ်လို့ပါ...။ ဘယ်လိုလုပ် အိမ်ပေါ်ထိ တက်လာသလဲ စဥ်းစားလို့မရ...။ ဒါပေမဲ့ ပြန်တွေးတော့လည်း တစ်အိမ်သားလုံးက ဇာတ်ကားထဲ စီးဝင်မျော်နေလောက်ပြီ...။ ဒါကို အခွင့်ကောင်းယူပြီး တက်လာပုံ ရပါသည်....။ " ပင်ပျို အပြစ်တင်ရင်လည်း ကျွန်တော် ခံရမှာပါ ပဲ... ဒါပေမဲ့ ကျွန်တော့်မှာလည်း ပင်ပျိုကို တွေ့ရဖို့က ဒီနည်းလမ်းပဲ ရှိလို့ ဒီလို လုပ်ခဲ့တာပါ.... မှန်တာပြောရရင် ဒီလို စည်းကမ်းမရှိတဲ့ အလုပ်ကို အရဲစွန့် လုပ်တာ ဒါ ပထမဆုံးပါ....." ပင်ပျိူ ခေါင်းကိုသာ ခါယမ်းလိုက်သည်...။ ဒီမြို့သားနဲ့တော့ မလွယ်....။ " ရှင်က ဘာကိစ္စ ကျွန်မနဲ့ တွေ့ချင်ရတာလဲ..." " ပင်ပျို အလှမှာ ယစ်မူးလို့ပေါ့...." ပင်ပျို မချိတင်ကဲ့ ပြုံးလိုက်မိသည်...။ " ရှင် ဦးနှောက်ကော ပါလား....." လက်ကလေးကို ပိုက်ကာ ဆံပင်ရှည်ကြီးကို ဝေ့ယမ်းရင်း ဟန်ပါပါနဲ့ မေးလိုက်သည်...။ မော်ကွန်း ည အလှမှာတောင် ထင်းနေတဲ့ သူမ အလှကို တကယ် ချီးကျူးမိသည်...။ သူမကတော့ ဓာတ်ပြားဟောင်းကြီးကို ဖွင့်ဖို့ တာဆူနေပြီ....။ ဖွင့်ပါစေလေ......။ ဒါတွေကို နားထောင်ပေးပြီး ကိုယ်လိုချင်တဲ့ အနက်အဓိပ္ပာယ်ကို ဆွဲ ဖွင့်ယူရမှာပဲ... ...။ " ဦးနှောက်မပါတဲ့ လူက ဒီလို အကြံအဖန်နဲ့ ပင်ပျိုရဲ့ အိမ်ပေါ်ကို တက်ဖို့ထိ ကြံနိုင်ပါ့မလား...." " အဲဒါကကို ဦးနှောက် မပါတာလေ... ကိုယ့်အန္တရာယ်ကို တောင် မမြင်နိုင်တဲ့
photo content
တင်း..ပြသေးတာပဲ...။ ဒါပေမဲ့ ဒီ တစ်ကြိမ်ပြီးရင်တော့ သူတို့ ပျော့ကျတောမှာ အသေအချာ... ။ " လုပ်လေ....။ အဲဒါက... ။ ငါက လည်း ဓား မိုးတားတောင် ရအောင် ဖောက်ထွက်မှာလေ....." မော်ကွန်းကလည်း လေသံ မာမာနဲ့ ခပ်ဆတ်ဆတ်လေး တုန့်ပြန်သည်...။ သူတို့ ငြိမ်သွားပြန်သည်...။ " ကျွန်မတို့က ဘယ်လို ကူညီရမှာလဲ..." " ဟဲ့...ချိုရီသဲ...." အောင်လေးက အလန့်တကြား ဟန့်သည်...။ " ဟဲ့..လုပ်မနေနဲ့ လေ....။ ခုက ဘယ်လို လုပ်မှာလဲ......။ ကိုလတ်ကို ဒီအတိုင်း လုပ်ချင်ရာ လုပ် ဆိုပြီး လွတ်ထားလိုက်ရင် ပိုပြီး ဒုက္ခမများဘူးလား...။ ပြီးတော့ မနွယ်ပင်ပျို နဲ့ က ယူမှ ဒုက္ခရောက်တာ လေ....။ မယူခင်ဆို ဘာမှ မပြုဘူးလေ....။ ခုက သူ့ဘာသူ လျောက်လုပ်ရင်း လူကြီးတွေပါ သိကုန်ရင် ရှင်း မနိုင် ဖြစ်ကုန်မယ် ...။ တားရအောင်လည်း အကိုတို့ ကိုလတ်က ဇွတ်တရွတ် သမား... ကဲ...." ချိုရီသဲ က ချက်ကျ လက်ကျ ပြောတော့. ကျန်နှစ်ယောက် ငြိမ်သွားသည်....။ " ဒါကြောင့် နင့်ကို ဉာဏ်ကောင်းတယ် လို့ ပြောကြတာ....။ ငါ ပြောချင်တဲ့ အချက်ကို နင်က တန်းမိတာပဲ..." " တော်ပါ....ကိုလတ်ကို ကြောက်ပါ ကြောက်လာပြီ...ဇွတ်တရွတ်...။ အကျိုးအကြောင်းနဲ့ ပြောလို့လည်း လက်မခံဘဲ ခေါင်းအရမ်းမာတာ...." ထွန်းနိုင်က အောင်လေးကို ကြည့်ရင်း " ဦးခန့် ကိုလတ်ကို ရွာကို ပို့လိုက်တာ သေမင်းခံတွင်းဝ ပို့လိုက်သလို ဖြစ်နေပြီ...." " အဲဒါ ပြောတာ....။.အဲလိုမှန်းသိ အစကတည်း က တားခဲ့ပါတယ်.....။ အရင်က အကျိူးအကြောင်း ပြောပြထားလိုက်ရင် ရှောင်လိမ့်မယ် ထင်ခဲ့ တာ... ခုတော့....." " မင်းတို့ကလည်း ကွာ...။ မသိရင် ငါက လူဆိူးကြီး ကျနေတာပဲ.... ။ အဲလောက်ကြီးလည်း စိတ်ပျက်မနေကြပါနဲ့ ကွ..." " စိတ်ပျက်တာ မဟုတ်ဘူး ကိုလတ်ရေ.... စိတ်ကုန်တာ...ပျက်တာက ပြင်ရတယ်... ကုန်တာက ဘာမှ လုပ်လို့မရဘူး...." " ကဲပါ...နောက်မှ ညည်း...။ ခု ငါပြောတာ လက်ခံလား..." သုံးယောက်သား ပြန်ကြည့်ကြပြန်သည်.. ။ ပြီးမှ " ကိုလတ်က လည်း ကျွန်မတို့ မသိအောင် ဘာမှ လျှောက် မလုပ်ရဘူးနော်...ဇွတ်တရွတ် မဆုံးဖြတ်ရဘူး....။. ဘယ်သူမှ မထိခိုက်တဲ့ နည်းနဲ့ အတတ်နိုင်ဆုံး လုပ်ရမယ်..။" ချိုရီသဲ က အလည်... ။ သူ့ကို ပြန်ချုပ်သည်...။ သူကလည်း ခေါင်းညိတ်လက်ခံလိုက်သည်... ။ မော်ကွန်း သူတို့ အကူအညီ ကို မရ ရအောင် တောင်းနေရတယ် ဆိုတာက စိတ်ဒဏ်ရာတွေ ပြည့်နေတဲ့ ပင်ပျိုကို ချဥ်းကပ် ရာမှာ အတတ်နိုင်ဆုံး ငြင်ငြင်သာသာ ဖြစ်စေသည်.. ။ သူမ လန့်ဖြန့်သွားအောင် မလုပ်ရက်....။ ဒါကြောင့် ဒီသုံးယောက်ကို သူ့ ကစားကွက်ထဲ ထည့်လိုက်တာ....။ ပင်ပျိုရေ...။ မင်းလေး ရဲ့ ဆိုးဝါးတဲ့ အဖြစ်အပျက် တွေကို ကိုယ့် အချစ်တွေနဲ့ ချေဖျက်ပြပါမယ်....။ အရာအားလုံး နဲ့ ရင်ဆိုင်ခဲ့ရရင် တောင်မှ ပေါ့.....။
ကိုလတ် ပုံစံက အရင် တိုက်ဆိုင်ခဲ့တဲ့ သူတွေနဲ့ အတူတူပဲ..." " ဘယ်လို တူတာလဲ..." "ချမ်းသာတာ...မိသားစုမှာ အရေးပါတာ.... ဒါမျိုးတွေပေါ့....ကိုလတ် ယုံမလား မသိဘူး.... ရှေ့က တိုက်ဆိုင်တဲ့သူတွေ ဟူသမျှက ပေါ့သေးသေး တစ်ယောက်မှ မပါဘူး.... ချမ်းသာကြွယ်ဝပြီး အဆင့်တန်း မြင့်တဲ့ လူတွေချည်းပဲ....ခု ကိုလတ် ကိုကြည့်... အဲ ပုံစံမျိုးပဲ...မဖြစ်နိုင်ပါဘူး ကိုလတ်ရယ်.. ဒါကြောင့် ကိုလတ်ရဲ့ မိုက်ရူးရဲ ဆန်မှုကို စွန့်လွတ်လိုက်ပါ...." " ဟုတ်တယ်...ကိုလတ်....ကျွန်တော်တို့လည်း မနွယ်ပင်ပျို ကို ခင်ပေမဲ့ သူမရဲ့ ကျိန်စာက ကိုလတ်ကို ထိမှာကိုတော့ လက်မခံနိုင်ဘူး...... အစွမ်းကုန် တားရမှာပဲ..." မော်ကွန်း ခေါင်းယမ်းရင်း မတ်တပ် ပြန်ရပ်လိုက်သည်...။ " မင်းတို့ကို တားဖို့ အတွက် အခုလို တိုင်ပင်တာ မဟုတ်ဘူး... ငါ့ကို ကူညီပေးဖို့..." " ဟာ...မဖြစ်နိုင်တာ မပြောနဲ့လေ...။ သေတွင်းခုန်ချဖို့ အရေး ကျွန်တော်တို့က တွင်းတူး ပေးရအုံးမှာလား....." " ကျွတ်...ခက်နေပြီ...။ ငါ တစ်ခုတော့ သေချာပြောမယ်...။ ငါ က ဆုံးဖြတ်ထားရင် နောက်မဆုတ်တတ်ဘူး.... ရှေ့ဆက် ရောက်အောင် တိုးမှာ... မင်းတို့လည်း တားနိုင်မှာ မဟုတ်ဘူး..... " သူ့ စကားကြောင့် သူတို့ သုံးယောက်စလုံး မျက်နှာပျက်သွားသည်...။ " အဲလိုကြီး မလုပ်နဲ့ ကိုလတ်ရာ... ကျွန်တော်တို့က ကိုလတ် အတွက် စိုးရိမ်လို့ တားနေတာ....တခြားကိစ္စ ဆို ဘာလုပ်ပေးရ လုပ်ပေးရ လေ..... ခုက သေလမ်းကို တွန်းချသလိုကြီး ဖြစ်နေတော့ ဒါကြီးကို ကိုလတ် အလိုကျ လိုက်လုပ်ပေးဖို့က မဖြစ်နိုင်လို့ပါ...." မော်ကွန်း လေသံပြောင်းပြီး စိတ်မကောင်းသလို ဖြစ်သွားတဲ့ သူတို့အသံကို နားထောင်ပြီး ပထမမြား ပစ်တာ ပစ်မှတ် ထိသွားပြီမို့ ဒုတိယမြားကို ထုတ်သုံးသည်...။ " မင်းတို့က ငါ့ကို ကူညီတာမှ မဟုတ်တာ... တွန်းချနေတာလေ...." " ကိုလတ်ကတော့ လုပ်ပြီ.. ပြောင်းပြန်တွေ ဖြစ်မနေဘူးလား.... ကျွန်တော်တို့က ဆွဲထားတာလေ...တွန်းချနေတာမှ မဟုတ်တာ.." " အဲဒါ မင်းတို့ ထင်တာ...။ ငါလည်း ငါ့ဘဝကို ချစ်တာပေါ့ကွ...။ ငါလည်း သေမှာ ကြောက်တာပေါ့..." " အဲဆိုလည်း ပြီးပြီလေ ကိုလတ်ရယ်.... ကြောက်ရင် နောက်ဆုတ်လိုက်.. ဒါဆို အားလုံးအေးချမ်းပြီလေ...." " နောက်လည်း မဆုတ်နိုင်ဘူး... ငါ စ, မယ်လို့လည်း စိတ်ကူးကတည်းက နောက်ဆုတ်ဖို့ အစီအစဉ် မရှိဘူး..." " ဘာတွေလဲ ကိုလတ်ရာ...ကျွန်တော်တို့ နားမရှင်းတော့ ဘူး....။ ရှင်းအောင် ပြောပြစမ်းပါ....." အောင်လေးက ခေါင်းတွေ ကုတ်ကာ သူ့ကို ကြည့်ရင်း ပြောသည်....။ မော်ကွန်း စိတ်တော့ မကောင်း...။ ဒါပေမဲ့ နည်းလမ်းက ဒါပဲ ရှိတာမို့ နိုင်ဖဲကို လက်လွတ်လို့ မရ..... ။ ခုတော့ သုံးယောက်စလုံး သူ့ အကွက်ထဲကို မသိမသာ ဝင်လာသည်....။ " မင်းတို့ စဥ်းစားကြ့ည်လေ....။ ငါက နွယ်ပင်ပျို ကို ချစ်တယ်...။ ဒါပေမဲ့ သူ့ကို ယူရင် တစ်ခုခု ဖြစ်မယ်...။ ငါက အရမ်းကာရော လက်ထပ်ရအောင် ငါ မမိုက်သေးဘူးလေ....။ ငါ သူ့ရဲ့ ကျိန်စာကို ဘယ်လိုနည်းနဲ့ ပျယ်မလဲ အဖြေထုတ်မယ်.... အကြောင်းရင်း ရှာမယ်...။ အတားအဆီး အစီအရင်တွေ လုပ်မယ်... အဖြေကို ရှာတွေ့လောက်မှ လက်ထပ်မှာပေါ့ ဟ... အဖြေကို မတွေ့ရင်လည်း သမီးရည်းစား ဘဝနဲ့ပဲ နေသွားလို့ ရတာပဲလေ... အဓိက က ငါ သူ့ အချစ်ကို ပိုင်ဆိုင်ဖို့ပဲ...." သုံးယောက်စလုံး က သူ့ကို ဂေါက်သွားပြီ ဆိုတဲ့အကြည့်နဲ့ ကြည့်နေကြသည်. .။ သူတို့ အကြည့်ကြောင့် မော်ကွန်းပင် ရယ်ချင်သွားသည်....။ ဒါပေမဲ့ မရယ်ရဲ....။ မရယ်မှ တန်ကာ ကျတာ.....။ ဒီတော့ မျက်နှာကို တည်တည်ထားပြီး နောက်ဆုံး မြားကို ထုတ်ကာ ပစ်လိုက်သည်...။ အောင်မြင်အောင် ခြိမ်းခြောက် သံပါ နည်းနည်း ထည့်ထားလိုက်သည်....။ " အေး...မင်းတို့က နွယ်ပင်ပျို ရဲ့ အချစ်ကို ရဖို့ ငါကြိုးစားတာကို မကူဘူး ဆိုပါတော့.....။ ငါက တစ်ယောက်ထည်း ဆက်လုပ်ရမှာ...။ သူ လက်မခံရင်လည်း ငါက ဇွတ် အတင်းယူမှာ... ငါ့မှာ စောစောက ပြောခဲ့သလို ဆန်းစစ်ခွင့်တွေ... ပြင်ဆင်ခွင့်တွေ...ကာကွယ်မှု ယူဖို့တွေ.... ဘာတစ်ခုမှ လုပ်ချိန် ရမှာ မဟုတ်တော့ဘူး... မင်းတို့ မကူညီလည်း ငါက မရ ရအောင် ယူမှာမို့ မင်းတို့ အခု ယုံကြည်နေကြသလို ငါ တစ်ခုခု ဖြစ်ချင်လည်း ဖြစ်သွားမယ်...ဖြစ်ချင်မှ လည်း ဖြစ်မယ်... အဲတော့ မင်းတို့ စဥ်းစား....။ မင်းတို့ ယုံကြည်ထားတဲ့ အန္တရာယ်များတဲ့ လမ်းကို ငါက သွားဖို့တော့ သေချာနေပြီ....။ အကာအကွယ် ယူဖို့ ကူညီမှာလား... ဒီအတိုင်း သွားချင်သွား လုပ်မှာလား.... အဲဒါတော့ စဥ်းစား...... မင်းတို့ ကူညီရင်တော့ ငါ ပြင်ဆင်ခွင့် ရှိတာပေါ့ကွာ....မကူရင်တော့လည်း ငါ့ကံပေါ့....." မော်ကွန်း ပြောပြီး သူတို့ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်....။ သုံးယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြာနေတော့သည်...။ ဘာဆက်လုပ်ရမလဲ သူတို့ မဝေခွဲတတ်တော့...။ မော်ကွန်း စကားတွေထဲ ပိတ်မိနေတော့သည်....။ " ကျွန်တော်တို့က မကူညီဘဲ နဲ့ မသွားဖို့ အတတ်နိုင်ဆုံး တားဆီးမယ် ဆိုရင်ကော...." သူတို့ကလည်း နောက်ဆုံး အနေနဲ့
အနန္တထိတိမ်းညွှတ်အပ်သော အခန်း ( ၁၂) " ကိုလတ်....အရေးတကြီး ပြောစရာ ရှိလို့ဆိုတာ ဘာလဲ...." ရွာဦး ဘုန်းတော်ကြီး ကျောင်းရဲ့ ရေကန်ကြီး နံဘေးတွင် ပေါက်လျက်ရှိတဲ့ ထနောင်းပင်ကြီး အောက်မှာ စုစုပေါင်း လေးယောက်......။ ချိုရီသဲက တော့ မော်ကွန်း ဘာပြောမလဲ စောင့်နေပုံ ပေါ်သည်....။ ရောက်နေတာ ကြာပေမဲ့ မော်ကွန်း က ဘာမှ မပြောတော့ ဘာကိစ္စ ဆိုတာ ခုထိ မသိရသေးး.....။ မော်ကွန်း က ရေစပ်မှာ မတ်တပ်ရပ်ရင်း ကြာပန်းတွေနဲ့ လှနေတဲ့ ရေကန်ကြီးကို ငေးမောကြည့်နေ လိုက်သည်......။ နောက်က မေးတဲ့ အသံကို ကြားပေမဲ့ ပြန်မလှည့်မိသေး...။ ဒီကိစ္စက အရေးကြီးတာမို့ သူတို့ အားလုံးကို သူ့ဘက် ပါအောင် ဆွဲခေါ်ရမှာ....။ အစီအစဉ် မအောင်ရင်က အကုန် ပတ်ရှုပ်မဲ့ အနေအထား....။ သုံးယောက်သားကတော့ သူ့ဆီက စကားကို မျှော်တလင့်လင့်....။ မော်ကွန်း အောက်က ရွှံ့ခဲ သေးသေးလေးကို ကောက်ကာ ရေပြင်ထဲကို ရှပ်တိုက်ပစ်လိုက်သည်.....။ ရေပြင်ပေါ်မှာ ခဲကလေးက ပြေးသွားရင်း ကြာပန်းကလေးကို ထိကာ နစ်မြုပ်သွားသည်....။ မော်ကွန်း ပြောချိန်ကျပြီမို့ သူတို့ဆီကို ဦးတည်လျောက်ကာ ထိုင်လိုက်သည်... ။ " ငါ ရွာ ရောက်ကတည်းက အတူရှိတာ အများဆုံးက မင်းတို့ သုံးယောက် နော်...." စကားခေါ်လိုက်တော့ သုံးယောက်သား ခေါင်းညိတ်ပြသည်....။ " ဒီနေ့ ငါ မင်းတို့ကို ပြောစရာ ရှိတယ်....။ လန့်တော့ မသွားနဲ့အုံး... " " ဘာစကားမို့ လန့်ရမှာလဲ...." ထွန်းနိုင်က နားမလည်စွာ ဝင် မေးသည်...။ " ငါ နွယ်ပင်ပျို ကို ချစ်မိနေပြီ...." " အမ်..." " ဟာ...ကိုလတ်..." " ဗုဒ္ဓေါ......" အာမေဋိတ်သံ ၃ခုက တပြိုင်နက် ထဲ ထွက်လာသည်....။ ဟန်ဆောင်ပန်ဆောင် မဟုတ်....။ တကယ်ကို အံ့သြထိတ်လန့်စွာ ထွက်ပေါ်လာတာ......။ ပြီးတော့ သုံးယောက်စလုံးက မယုံနိုင်သလို ကြည့်ကြသည်.....။ သူတို့ရဲ့ မျက်ဝန်းတွေထဲမှာတော့ စိုးထိတ်မှုပေါင်း များစွာနဲ့.....။ မော်ကွန်း က တည်တည်ငြိမ်ငြိမ် နဲ့ပဲ သူတို့ကို ကြည့်လိုက်သည်...။ " ကိုလတ်...ဒါ နောက်စရာ မဟုတ်ဘူးနော်...." " ငါ့ မျက်ဝန်းတွေက နောက်နေတဲ့ ပုံစံ ပေါက်နေလို့လား ချိုရီသဲ..." " ဟယ်...ကိုလတ်ရယ်...စဥ်းစားပါအုံး... အခြေအနေတွေကို ဘာလို့ ရှုပ်ထွေးစေချင်ရတာလဲ...." " မရှုပ်ထွေးပါဘူး နင်တို့ စိုးရိမ်လွန်နေလို့ပါ...." " ကိုလတ်... အကျိုးအကြောင်းကို မသိတာလည်း မဟုတ်ဘဲနဲ့.၊ ဘာလို့ ဇွတ် ပြောနေတာလဲဗျာ.. တကယ် နားမလည်နိုင်တော့ဘူး..." အောင်လေးက ညည်းသည်....။ " ခု ကိုလတ် ပြောနေတဲ့ စကားတွေက ဘယ်လောက် အန္တရာယ် နီးလဲ ကိုလတ် မသိဘူးနော်..." မော်ကွန်း လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်...။ ထင်ထားတဲ့ အတိုင်းပဲ သူတို့ အစွဲကို တိုး မပေါက်နိုင်...။ " ဒီဘက်ခေတ်ကြီးထဲမှာ မင်းတို့က ဒါတွေကို ယုံနေတုန်းပဲလား...." " ယုံခြင်း မယုံခြင်းထက် အရေးကြီးတာတွေ အများကြီး ကိုလတ်....။ မီးဆိုတာ ပူလောင်ပါတယ် ဆိုတာကို အဲဒါကို မယုံးဘူး ဆိုပြီး ကိုင်ရင်လည်း ပူမှာပဲ.. လောင်မှာပဲ... မယုံလို့ ရတယ်...ဒါပေမဲ့ သွားကိုင်တဲ့ အဆင့်ထိ မိုက်မဲလို့မရဘူး..." " မှန်တာ ပြောရင် ငါ လည်း မကိုင်ချင်ပါဘူး... ဒါပေမဲ့ ငါ့နှလုံးသား က ခိုင်းစေနေတော့ ငါ ငြင်းလို့မရဘူး..." " ကိုလတ်ကို နှမြောတယ်ဗျာ....." " ဟာ... ဘာပြုလို့လဲ..." " ဒီလောက် ပညာတွေ တတ်ထားတာကို ကိုလတ် ဦးနှောက်က ဘာမှ အလုပ်မလုပ်လို့လေ.... အရေးမပါတဲ့ နှလုံးသား ကိစ္စကို ကိုယ့်ဘဝနဲ့ လောင်းကြေးထပ်စရာ လားဗျာ..." ထွန်းနိုင်ကတော့ အားမနာတမ်း ပြောနေချေပြီ....။ မော်ကွန်း နားလည်ပါတယ်... ။ သူတို့က ကိုယ့်အတွက် စိုးရိမ်လို့ ပြောနေတာပဲလေ...။ " ဟုတ်တယ်နော် ကိုလတ်...။ မိန်းမတွေ အများကြီးပါ ဗျာ....။ ဘာဖြစ်လို့ ဒီ ကန့်သတ်နယ်မြေ ထဲမှ သွားချင်ရတာလဲ.... ပြီးတော့ မသိတာလဲ မဟုတ်....။ " သတိ. .ကန့်သတ်နယ်မြေ ၊ ယောကျာ်းတိုင်းအတွက် အန္တရာယ် ရှိသည်..." ... အဲလို အခြေအနေကြီးကိုလည်း ရှင်းရှင်းလင်းလင်း သိပြီးနေတာပဲ...မမိုက်ချင်စမ်းပါနဲ..." အောင်လေးက လက်ဟန် ခြေဟန်တွေနဲ့ ဝင်ပြောသည်...။ " မင်းတို့ စိတ်ထဲ အယူသီးနေလို့ပါကွာ.... ဒါတွေက တိုက်ဆိုင်မှုတွေပါ... ချိုရီသဲ တောင် သိတယ်...နော်..." " မိချိုရီ...နင် အဲလို ကိုလတ်ကို ပြောထားတာလား...." ထွန်းနိုင်က စိတ်တိုစွာ မေးတော့ " ဟင်...မပြောပါဘူး နော်...ကိုလတ် နော်... ဘယ်မှာ ပြောလို့လဲ..." " နင်ပဲ မုန့်ဝက်သခေါက် စားတုန်းက ဟိုမိန်းမကြီး ပြောတာကို အဲလို ပြန်ချေပတာလေ...." မော်ကွန်း ရယ်ချင်စိတ်ကို မြိုသိမ့်ပြီးတော့ ပြောတော့ ချိုရီသဲ မျက်လုံးလေး ပြူးခနဲ....။ " ဟင်...အဲဒါက မမကို အတင်းပြောလို့ ကာကွယ်ပြောတာလေ...။ ကိုလတ်ကို ရည်ရွယ် ပြောတာမှ မဟုတ်တာလေ..." " ဘာပဲ ဖြစ်ဖြစ် ၊ ဒါက တိုက်ဆိုင်မှုလို့ နင်မထင်ဘူးလား...." "အဲဒါက..." ချိုရီသဲ ဆက်မပြောတတ်တော့... ။ ခေါင်းကုတ်ကာ စဥ်းစားနေသည်...။ ပြီးမှ " တိုက်ဆိုင်တယ် ဆိုရင်တောင် သူက ဘယ်နှကြိမ်ဆက် တိုက်ဆိုင်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ....
photo content
" ကိုယ် နားထောင်နေတာပါ....။ ငေးတာက အကျင့်ပါနေလို့ပါ..." သူမက မျက်စောင်းလေး ထိုးသည်...။ " ပင်ပျို..." " ဟင်...." " ကိုယ် သတိထားမိတယ်...။ ပင်ပျိုရဲ့ ပုံမှန် မဟုတ်တဲ့ အစွမ်းသတ္တိ တွေ...။ ဒါတွေဟာ အဓိပ္ပါယ် မဲ့ ရနေတာတော့ မဟုတ်လောက်ဘူး... " "ရှင်က ဘယ်လို ထင်လို့လဲ..." " ကိုယ်လည်း မထင်တတ်ပါဘူး....။ ဒါပေမဲ့ ထူးဆန်းနေလို့လေ...။ ပင်ပျို စိတ်မဆိုးရင် ကျွန်တော် သိချင်တာတွေ ရှိသေးတယ်...မေးရင် စိတ်ညစ်မလား လည်း စိုးရိမ်မိတယ်... အနာဟောင်းကို ဆွသလို ဖြစ်နေမှာ စိုးလို့..." " မေးပါလေ....၊ ပင်ပျီု ထင်တာ မမှားရင် ရှင် မေးချင်တာက ပင်ပျို ရဲ့ မယူဖြစ်ခဲ့တဲ့ ယောကျာ်းတွေ အကြောင်းမို့လား..." စိတ်မကောင်း ဖြစ်ပေမဲ့ သိချင်နေတာက ရှိတော့ မေးလိုက်ရသည်....။ " ပင်ပျို..သူတို့ မဆုံးခင်မှာ ဘာတွေ ထူးထူးခြားခြား ပြောမိ တွေ့မိလဲ..." ပင်ပျို လေးပင်စွာ ခေါင်းယမ်းပြ ရင်း " ဘာမှ ထွေထွေထူးထူး မဖြစ်ဘူးး... ဒီအတိုင်း ဖြစ်ကုန်တာ...." မော်ကွန်း စိတ်ထဲ ဘဝင်မကျ.....။ " သူတို့ တစ်ခုခု ကိုများ ပြောခဲ့သေးလား.... စဥွးစားပါအုံး..." " တကယ် မရှိတာ....။ စိုင်းခမ်း တုန်းက ရယ်...၊ နောက်ဆုံး တစ်ယောက်ရယ်တုန်းက တော့ သူတို့ ပေါင်ရင်းမှာ ဆစ်ခနဲ စူးခနဲ နာကျင်မှုတွေ ခံစား ခဲ့ရတယ် တဲ့....။ အဲဒါ ပဲ တူညီတယ်....။ ကျန်တာ တူညီတာ မတွေ့ဘူး...." " ပင်ပျိုက လှန်မကြည့်ဘူးလား..." " ဟာ...လှန် ကြည့်စရာလား......။ သူတို့ ပေါင်တွေကို..." သူမက ခပ်ဆတ်ဆတ် ပြန်ပြောမှ သတိထားမိသွားသည်...။ ဟုတ်သားပဲ....။ မိန်းမပျိုလေး ကို....။ " ဒါနဲ့ စိုင်းခမ်း ဆိုတာက.... " ပင်ပျို အသက်မပါစွာ ပြုံးရင်း " စိုင်းခမ်းနောင်လေ....။ ပင်ပျို သူငယ်ချင်းလည်း ဟုတ်...ရည်းစားဦး လည်း ဟုတ်ပါတယ်...။ နောက်ပြီး ပင်ပျိုရဲ့ ကျိန်စာကို ပထမဆုံး ခံစားသွားရတဲ့သူပေါ့..." " သြော်..." မော်ကွန်း ဆက် မပြောတတ်တော့... ။ ပင်ပျိုက သက်ပြင်းလေးလေး ချရင်း " ကဲ...ရှင်လည်း ပုလိပ်စစ် စစ်ပြီးပြီ...။ ပင်ပျိုလည်း ပြန်တော့မယ်...။ နောက်တစ်ခါ ပင်ပျိုကိုကော ချိုရီသဲ ကိုကော ဖိအားမပေးပါနဲ့...." ပြောပြောဆိုဆို ထရပ်ကာ ကျောခိုင်းသွားပုံက တစ်ချက် လှည့်မကြည့်....။ မော်ကွန်း လိုက်မသွားမိ.....။ ခေါင်းထဲမှာ ရောက်နေတာက ပင်ပျို ရဲ့ အံ့ဩဘနန်း အဆိပ်နိုင်မှု....၊ ပထမဆုံး လူနဲ့ နောက်ဆုံးလူရဲ့ ဆုံးပါးခါနီး ပေါင်ရင်းမှာ ဆစ်ခနဲ စူးခနဲ နာကျင်မှု.....။ ဆက်စပ်မှု ရှိလောက်ပေမဲ့ သူ ကောက်ချက် မဆွဲတတ်.....။ အင်း...။ ပဟေဠိ တွေ များလှချည်လား ပင်ပျိုရယ်....။
" ဟုတ်ပြီ.....အဲဆို ရအောင် ပြောပေးမယ်....." ချိုရီသဲ ရဲ့ ကတိပေးသံက သူ့ရင်ကို အမှန်တကယ် ပျော်ရွှင်စေသည်..... နွယ်ပင်ပျို ရေ....။ မင်းနဲ့ စကားပြောရဖို့ အရေး ဘယ်လောက်ကြိုးစားရလဲ သိစေချင်လိုက်တာကွာ....။ အရာရာတိုင်းကို အလွယ်တကူ ရနိုင်ခဲ့တဲ့ မော်ကွန်းသစ် ဟာ သူမနဲ့ ပတ်သတ်ပြီး ပေါ့ပျက်ပျက် နဲ့ ရလာတာ တစ်ခုမျှ မရှိ...။ ဒါပေမဲ့ ကျေနပ်ပါတယ်...။ ငါက ခက်ခက်ခဲခဲ ရတာမျိုးကို ပို သဘောကျတာပါလေ.......။ ########################### " ရှင် ဘာလို့ သူများ သားသမီးကို အနိုင်ကျင့်နေရတာလဲ မြို့သား..." " ဟာ...ကျွန်တော် ဘယ်မှာ အနိုင်ကျင့်လို့လဲ... စွပ်စွပ်စွဲစွဲ ကွယ်...." သရက်တောကြီး က ဟီး ထ နေအောင် အပင်တွေက ကြီးလှသည်....။ ဒါက နွယ်ပင်ပျို တို့ သရက်ခြံ.....။ ချိုရီသဲ ရဲ့ ကောင်းမှုနဲ့ လူမမြင်နိုင်တဲ့ ဒီခြံထဲမှာ စကားပြောခွင့်ရတာ....။ " ရှင် အနိုင်ကျင့်တယ်လေ.... ချိုရီသဲကိုလည်း ရှင် အနိုင်ကျင့်တယ်..... ပင်ပျိုကိုလည်း ရှင် အနိုင်ကျင့်တယ်.... ဘာလို့ သူများ မလုပ်ချင်တာကို အကြပ်ကိုင်ရတာ လဲ....." " ကျွန်တော် က ပင်ပျိုနဲ့ စကားပြောချင်ရုံ လေ.... အဲဒါ အနိုင်ကျင့်တာ မှ မဟုတ်တာ...." " ရှင် ချိုရီသဲကို ဘယ်လို အကြပ်ကိုင်လိုက်မှန်း မသိဘူးလေ...။ သူက မျက်နှာငယ်လေးနဲ့ ဇွတ်ပူဆာနေတော့ ကျွန်မက ဘယ်လိုလုပ် ငြင်းပယ်နိုင်မှာလဲ... ရှင် အဲလို အကျပ်ကိုင်တာတွေ မလုပ်ပါနဲ့......" " ဟား......။ ကျွန်တော် မလုပ်ပါဘူး ..... ကျွန်တော် အဲလိုတွေ မလုပ်ဖူးပါဘူး...တကယ်ပါ... ပင်ပျိုက မယုံဘူးလား......" " မယုံပါဘူး...။ ယုံစရာလား....။ ရှင် ပင်ပျိုကိုတောင် အတင်း အကြပ်ကိုင်ပြီး သူငယ်ချင်း ဖြစ်ခွင့် တောင်းသေးတာကို.. ရှင့် စကားကို ပင်ပျိုက ယုံစရာလား....." မော်ကွန်း ခေါင်းကုတ်မိသည်....။ အကျိုးအကြောင်းက သူမဘက်မှာ ခိုင်လုံစွာ ရှိနေသတာလေ...။ " ကဲ...အဲဒါတွေ ထားပါ....။ ရှင် ပြောချင်တဲ့ အကြောင်းအရာတွေကို ခု ပြောပါ... ပင်ပျိုမှာ အချိန်မရှိဘူး......" ပြောရင်း လှည့်အကြည့် သူမကို စိုက်ကြည့်နေ တဲ့ မြို့သားရဲ့ မျက်ဝန်း အစုံနဲ့ သွားတိုးသည်....။ ရင်ခုန်သံက ဒိန်းခနဲ ကျယ်သွားကာ မျက်နှာကို ကဗျာကယာ လွှဲလိုက်ရသည်..... ။ ပရမ်းပတ မြည်နေတဲ့ ရင်ခုန်သံကို သူ ကြားသွားမလေ လား....။ " ကဲ..ပြောပါဆို......" ကိုယ်က မျက်နှာလွှဲပေမဲ့ သူက ဆက်ပြီး စိုက်ကြည့်နေတာမို့ မနေတတ်စွာ ပြောလိုက်ရသည်...။ မော်ကွန်းလည်း သတိလက်လွတ် ငေးနေမိရာမှ သူမရဲ့ ဆူဆူအောင့်အောင့် အသံ ကြားမှ ပြောချင်တာ ပြောဖို့ သတိရသည်....။ " ဒီလိုပါ...ကိုယ့်ကို ကယ်ခဲ့တဲ့ ကိစ္စကို ကျေးဇူးတင်ကြောင်း ပြောချင်တာပါ..." " အဲဒါများ...ဘာလို့ ဒီလောက် ဒုက္ခ ခံခိုင်းနေတာလဲ..." " မဟုတ်ပါဘူး ။ ဒါက ကိုယ် ပြောချင်တဲ့ အကြောင်းအရာထဲက ပထမ အချက်ပဲ ရှိပါသေးတယ်...." ပင်ပျို မျက်မှောင်လေး ကြုတ်လိုက်ရင်း " အဲဆို နောက် အကြောင်းအရာတွေက ဘာတွေလဲ... ပြော..." " ပြောမှာ မဟုတ်ဘူး... မေးချင်တာ..." သူ့ ပုံစံက အလေးအနက် ဖြစ်တာမို့ ပင်ပျို ခေါင်းညိတ်ပြသည်.....။ "ပင်ပျို ဘာလို့ အဆိပ်ကို နိုင်တာလဲ...။ ဘယ်အရွယ်လောက်က စ သတိထားမိတာလဲ..." ပင်ပျို စဥ်းစားဟန်ပြုလိုက်ပြီး " ဘာလို့ အဆိပ်ကို နိုင်တာလဲ တော့ ပင်ပျို မပြောတတ်ဘူး...။ ပင်ပျို ဘယ်အချိန်က သိတာလဲ ဆိုတာကတော့ ၇နှစ် သမီးလောက် ထင်တယ်....။ ပင်ပျိုတို့ ယာခင်းထဲမှာ အလုပ်သမား တစ်ယောက် ပိုးထိတယ်... ဒီမှာက ပိုးထိရင် သေဖို့ များတယ်....။ လမ်းခရီးက မကောင်းဘူးလေ....။ အဲဒါ ပင်ပျို စိတ်ထဲ ကယ်လို့ ရတယ်ဆိုတဲ့ အသိ ဘယ်က ဝင်လာမှန်း မသိဘူး... ပင်ပျို အနားက လူတွေ ဖယ်ခိုင်းပြီး လက်နဲ့ သပ်ချလိုက်တာ အဆိပ်တွေ အကုန် ပြန်ထွက်လာတာ..... ဟဲဟဲ..ပင်ပျိုက ငယ်ငယ်လေးနဲ့ လူ့ အသက် ကယ်ခဲ့တာနော်...": သူမ ဘဝရဲ့ ကောင်းကွက် ကလေးတွေကို ပြောရတာမို့ ထင်သည်...။ အသံလေးကလည်း ပေါ့ပါးနေသလို မျက်နှာကလေးကလည်း ကြည်နေသည်....။ မော်ကွန်း ကြည်စင်နေတဲ့ မျက်နှာလေးကို သဘောတကျ ငေးရင်း " အဲဒါဆို ပင်ပျိုက အဲ စွမ်းအားကို ဘာလို့ အသုံးမချတာလဲ...။ တခြားနေရာတွေမှာ လူတွေ လိုက်ကယ်လို့ ရတယ်လေ...." " အင်း...ပင်ပျိုလည်း စဥ်းစားခဲ့ ပါတယ်... ငါကြီးလာရင် လူတွေ လိုက်ကယ်မယ်ပေါ့.... ဒါပေမဲ့ ထူးဆန်းတာ ဘာလဲ သိလား မြို့သား..." "အင်း..အင်း....ဆက်ပြော...." စိတ်လိုလက်ရ ပြောနေတဲ့ ပုံစံကလေးက ချစ်စရာ.....။ ဒီလို ရင်ဖွင့် ပြောမပြရတာ ကြာပြီ ထင်ပါတယ်....။ စိတ်ချမ်းမြေ့ရသလို တစ်ဖက်က သက်ပြင်းရှိုက်ရသည်....။ " ထူးဆန်းတာက အဲဒီ အစွမ်းက ပင်ပျိုမွေးတဲ့ ဒီဒေသ မှာပဲ ရတာ...။ တက္ကသိုလ်မှာ အဲလို ပိုးထိ တာ ကို ပင်ပျို ကယ်ဖို့ လုပ်ပေးဖူးတယ်.....။ ဒါပေမဲ့ လုပ်လို့ မရဘူး...။ မစွမ်းတော့ဘူး... သိလား.....ဟင်... " ကိုယ်က အားရပါးရ ပြောရင်း သူ့ကို လှည့်ကြည့်တော့ မျက်နှာကြီး ပြုံးကာ စိုက်ကြည့်နေတဲ့ သူ့ကြောင့် ဟင် ခနဲ ဖြစ်သွားသည်...။ " ဒီမှာ ရှင် နားထောင်နေတာကော ဟုတ်လား..."
အနန္တထိတိမ်းညွှတ်အပ်သော အခန်း ၁၁ တော်ရုံ မယုံတတ်ပေမဲ့ ယုံခဲ့ရပြီ..။ ညက အဆိပ် ယူပစ်လိုက်သလို ပျောက်အောင် တကယ် လုပ်နိုင်တာပါ့ကော...။ စိတ်ဝင်စားဖို့ ကောင်းတာက နွယ်ပင်ပျို လို မိန်းမလှလေးမှာ ဘာလို့ အဲလို ထူးဆန်းတဲ့ အစွမ်းတွေ ရှိနေရတာလဲ.......။ သူ မစဥ်းစားတတ်တော့....။ နောက်တစ်ခုက ဒီလောက် အဖိုးတန်တဲ့ စွမ်းအားကို ရနေတာပဲ..။ ဘာကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးမချတာလဲ...။ မော်ကွန်း တွေးရင်း ငေးရင်း အဖြေက ဝေးရင်း မစဥ်းစားတတ်အောင် ဖြစ်နေသည်...။ သိချင်စိတ်တွေ ပြင်းပြနေပေမဲ့ သူမနဲ့ စကားပြောရဖို့ကလည်း မကြံတတ်...။ ညက ရခဲ့တဲ့ ဒါဏ်ရာကို ကြည့်မိပြန်တော့လည်း ဆူးနက်နက် ခြစ်သွားသလို မျှသာ...။ အဆိပ်ဆိုတဲ့ လက္ခဏာ နည်းနည်းမှ မတွေ့...။ " ကိုလတ်...ဘာတွေ ငေးနေတာလဲ...." အနားရောက်လာတဲ့ ချိုရီသဲ ကြောင့် လမ်းစ တစ်ခု ပွင့်သွားသလို ခံစားလိုက်ရသည်....။ "အေး.....အတော်ပဲ ချိုရီသဲ လာအုံး ဒီကို..." သူမ က မျက်လုံး ပြူးလေးနဲ့ ရောက်လာသည်.....။ သူမကို ဆူဖို့ ငေါက်ဖို့ ထင်နေတာလား မသိ.....။ မော်ကွန်း အနားရောက်လာတဲ့ ချိုရီသဲ ကို ခပ်တည်တည် နဲ့ ဒဲ့တိုးပြောချလိုက်သည်....။ " ချိုရီသဲ... ငါ ပငိပျိုနဲ့ စကားပြောချင်တယ်...." " ဟင်....ဘာတွေ ပြောမလို့ လဲ...." "အဲဒါ နင့် ကိစ္စလား....နင့်ကိစ္စက ငါနဲ့သူ ဘယ်လို စကားပြောလို့ရမလဲ.... အဲဒါကို စဥ်းစားပေးရမှာ..." ခပ်တည်တည် နဲ့ ဟောက်ထည့်လိုက်သည်...။ ချိုရီသဲ က မျက်နှာငယ်လေးနဲ့ " ဟို..ကိုလတ်က ဘာပြောမယ်မှန်း မသိဘဲနဲ့ အကြံမပေးတတ်ဘူး လေ...။ အကျိုးအကြောင်း သိရင်တော့ တစ်မျိုးပေါ့...." ဆိုးတော့ မဆိုး...။ အကျိုးအကြောင်း ခိုင်လုံရင်တော့ စကားပြောရနိုင်ချေ ရှိသည်.....။ " နင်နဲ့ ပင်ပျိုနဲ့က တော်တော်ခင်ကြလို့လား....." " ဘယ်နှယ့် ပြောပါစ...ခင်လိုက်တာမှ ညီမ အရင်းထက်တောင် ခင်သေး...." ဒါက အမှန် ဖြစ်လောက်မယ် ထင်တယ်....။ ဟိုတလောက ပင်ပျိုကို အတင်းပြောတော့ သူမက မခံမရပ်နိုင်စွာ ဝင်ပြောသေးတာပဲ...။ ဒါနဲ့ ပဲ ညက အကြောင်းတွေကို ပြန်ပြောပြလိုက်သည်....။ " ဟယ်...အဲဆို ညက ကိုလတ် ပိုးထိ သေးတာလား...." " ဟာ....တိုးတိုး လုပ်စမ်း....မေကြီး ပြန်ကြားလို့ သိသွားရင် ငါ ဘယ်မှ မသွားလာရဘဲနဲ့ နေမယ်....." မော်ကွန်း ငေါက်လိုက်မှ ပါးစပ်ကလေး ပိတ်သွားသည်...။ " ဟုတ်..ကိုလတ်....အဲတော့ ကိုလတ်က ဘာပြောချင်လို့လဲ... ကျေးဇူးတင် စကားလား... ကျွန်မ ပြောလိုက်မယ်လေ ကိုယ်စား အနေနဲ့..." အရေးထဲ ကိုယ်စား ပြောပေးတဲ့ သူနဲ့ လာတွေ့နေတယ်...။ " ကိုယ်စား ပြောစရာလား ဟ...။ ငါကိုယ်တိုင် ပြောချင်လို့...။ အဲထက် အရေးကြီးတာက ငါ သူ့ကို ဒီကိစ္စ နဲ့ ပတ်သတ်ပြီးတော့ မေးမြန်းချင်စရာ ရှိတယ်... ငါ သိချင်တာတွေ တော်တော်များတယ်ဟာ...။ ငါ အဲဒါတွေကို မေးချင်တာ...." ချိုရီသဲက စဥ်းစားနေပုံ ရသည်....။ ခေါ်ပေးသင့် မပေးသင့်ပေါ့...။ သူလည်း သူမရဲ့ အဖြေကို စောင့်ရတာ ရင် တဒိန်းဒိန်း နဲ့ ခုန်ကာ စိတ်လှုပ်ရှားစွာ စောင့်နေရသည်...။ ကျေးဇူး ပြု၍ တစ်ကြိမ်လောက်တော့ သဘောကောင်းပါ စေ....။ " အင်း... ကိုလတ်က မရိုးမသား ပြောမှာ မဟုတ်ဘူး မဟုတ်လား...." " မရိုးမသား က ဘာလဲ ဟ..." စိတ်မရှည် လို့ ပြန်မေးတော့ ခေါင်းလေး ပုသွားသည်...။ သူမ အရစ်တက်တာကို အကိုဖြစ်သူ စိိတ်ဆိုးမှာလဲ ကြောက်ပုံ ရပါသည်....။ " ကိုလတ်က ချစ်စကားကြိုက်စကား တွေ မပြောဘူး မဟုတ်လား..အဲဒါကို မေးတာ..." " ပြောချင်တာကတော့ လျှာကို ယားလို့.ဟေ့.... ဖြစ်နိုင်ရင် တစ်ခါတည်း အပိုင်ကို သိမ်းလိုက်ချင်တာ...။ ဒါပေမဲ့ နင် စဥ်းစားကြည့်...။ ပင်ပျိုကိုယ်တိုင်က ခုချိန် စိတ္တဇ နွံထဲ နစ်နေတာလေ....။ အဲဒါကြီးကို ငါက ချစ်ပါတယ် ကြိုက်ပါတယ် ပြောတော့ကော သူက လက်ခံပါ့မလား ဟ.,.. စဥ်းစဥ်းစားစား ပြောလေ...။ ခုဟာက တခြား ကိစ္စတွေကို ပြောမှာ.. သူမရဲ့ ဆိုးဝါးလှတဲ့ တိုက်ဆိုင်မှုတွေနဲ့ ထူးဆန်းလှတဲ့ အစွမ်းက ဆက်စပ်မှု ရှိမလားပဲ... ငါလည်း မသိတော့ဘူး ဟာ... "မယုံဘူး...ကြုံဖူးမှ လက်တွေ့ " ဆိုတဲ့ စကားအတိုင်း ဖြစ်နေပြီ... ငါ့ စိတ်ထဲက သံသယ တွေ ကင်းအောင် သူမနဲ့ ဆွေးနွေးမှ ဖြစ်မှာ...." မော်ကွန်း စကားအရှည်ကြီး တွေနဲ့ သူလိုရာဘက်ကို ဆွဲယူပြောလိုက်တော့ ချိုရီသဲ ငြိမ်သွားသည် ...။ ခဏနေမှ " အဲဆို မမပင်ပျိုကို ပြောကြည့်ပေးမယ်... ဘယ်မှာ တွေ့မယ် ဘာညာ ကတော့ သူ ပြောမှ ပြန်ပြောပြမယ်.... ဒါပေမဲ့ ကိုလတ် ကတိတည်နော်....။ မမပင်ပျို စိတ်ဆင်းရဲရမဲ့ စကားတွေ မပြောရဘူး...ပြောပြီးသားပဲ..." " ဟုတ်ပါပြီ သာလိကာမ ရယ်... ရှည်ကို ရှည်နိုင်လွန်းတယ်... တွေ့လို့ ရအောင်တော့ လုပ်ပေး.... မဟုတ်ရင်တော့ နင် အသေပဲ...." " အံမယ်...ကူညီချင် စရာ ကောင်းအောင် ပြောပါနော်....။ ကိုလတ်ကိုလည်း မေးပါအုံးမယ်... မမပင်ပျိုက လက်ခံတယ် ဆိုရင်ကော ဘာရမှာ လဲ..." " ပင်ပျိိုနဲ့သာ တွေ့ရပါစေ... နင် လိုချင်တာ ပြော...." "တကယ်နော်...." " အင်းပါဆို...."
photo content
ပမာ တည်တည်ငြိမ်ငြိမ်... ။ မျက်လုံးက ခြေထောက်ကိုပဲ ကြည့်နေကာ သူမရဲ့ လက်နဲ့ သပ်ချနေသည်.. .။ ခဏ အကြာတော့ အံဩဖို့ ကောင်းအောင် အဆိပ်တွေက ဒဏ်ရာကနေ ပြန်ထွက်လာကာ တပေါက်ပေါက်နဲ့ ကျဆင်းလာသည်....။ မော်ကွန်း စိတ်သက်သာရ ရသွားသည်...။ ဒါဆိုရင် ပင်ပျိုက တကယ် အဆိပ် နိုင်တာပါ့ကော....။ "ပင်ပျို လက်မှာ ထိခိုက်ရှန ရှိလား.... အဆိပ်နဲ့ ထိမှာ စိုးလို့...." " ရပါတယ်....ပင်ပျိုက ပြသနာ မရှိဘူး... ထွန်းနိုင်...။ နင်တို့ကလည်းဟာ... ဘာဖြစ်လို့ မလုပ်တတ် မကိုင်တတ်တဲ့သူကို. တောလည် ခေါ်လာရတာတုန်း... တောစီးဖိနပ် မပါ..ဘာ မပါနဲ့..." " ပါတယ် အမရေ.....။.အပေါ်ရောက်မှ ချွတ်တာ..။ စကားပြောပြီး ခဏ အပေါ့သွားလိုက်တာ အဲလို ဖြစ်တာပဲ...." " ရှင်ကရော ဘာကိစ္စ ချွတ်တာလဲ..." ပင်ပျို သူ့ကို စိတ်တိုစွာ ဘု တော့တော့ သူက " ဖိနပ်က ပေါက်လို့ ချွတ်လိုက်တာ...။ မထင်ချေ ဖြစ်သွားတာ...." " ကဲ...အဲဒါနောက်ထား... ခုက တော့ ပင်ပျို နဲ့ စောစောတွေ့လို့ အဆင်ပြေသွားပြီ....။ နောက်ကို သူတို့ နောက် လျောက်လိုက်မနေနဲ့...။ အိမ်ပြန်ရောက်ရင် ရေဆာ လိမ့်မယ်...။ ဝဝ တစ်ခွက် သောက်လိုက်....။ အန်ရင် ခဏ နားပြီး သောက်.... အောင်လေး.... နင်တို့ မြို့သားကို ပြန်ပို့လိုက်တော့.... လမ်းမှာ ခွေးလည်း ကိုက်နေအုံးမယ်....." စိတ်ပူတာလား ဘာလားတော့ မသိ...။ မှာတာတွေက တော့ အသေးစိတ်နေသည်....။ ပြီးတော့ သူ့ကို တစ်ချက်ကြည့်ကာ ပြန်ဝင်သွားသည်....။ မော်ကွန် ပိုးထိ တာပင် မေ့သလိုလို ဖြစ်သွားသည်....။ ရင်ထဲက ကြိတ် ပြုံးဖြီးတာကိုတော့ ဟို နှစ်ကောင် မသိ....။ သိရင်တော့ ဆဲမှာ အသေအချာ....။ .
" ထားပါ..အဲဒီ ခံစားမှုက ဖြစ်ပေါ်ရင် သိသာလား..." " သိသာတာပေါ့ ကိုလတ်ရဲ့... ပြောသာ မပြောတတ်တာ... အဲခံစားမှုက ကိုယ်တိုင်သိသာတယ်..." " အေးလေကွာ...အဲလို သိသာတဲ့ ခံစားချက်မျိုး ဆုလာဘ်နဲ့ ပတ်သတ်ပြီး ငါ့မှာ မရှိဘူးကွာ... အဲတော့ ငါ သူ့ကို မချစ်ဘူးလို့ ယူဆလို့ရတယ်ကွာ...ဟုတ်လား မဟုတ်လား..." အောင်လေး ပါးစပ် ပိတ်သွားသည်... ။ ဘာမှ ဆက်မပြောတတ်တော့ဘူး ထင်သည်....။ ခဏကြာမှ " ဒါဆို ကိုလတ်က လူပျိူကြီး လုပ်မှာပေါ့...." " ဟ..လုပ်စရာ လား ဟ... ငါ့ မျိုးဆက် ပူတူးလေးတွေ မွေးရအုံးမယ်...." " ကိုလတ်က ရည်းစားကျတော့လည်း မရှိ... အိမ်က ပေးစားတာကျလည်း မချစ်လို့ ဘာညာ နဲ့. . အဖြစ်က မရှိဘူး...ကလေးက ရချင်သေး....." အောင်လေးက သူပြောတာတွေကို ဘယ်လို နားလည်သွားသလဲတော့ မပြောတတ်... ။ မဲ့ကာ ရွဲ့ကာနဲ့ ပြောတော့သည်. ..။ သူလည်း တုပ ပြောမနေတော့ပါ....။ အချစ်ရေးကို ဆွေးနွေးရအောင်ကလည်း သူ့ အဖြစ်က အခွင့်မသာ...။ ထိုစဥ် ဓာတ်မီးရောင် တဝင်းဝင်းနဲ့ အပေါ်ကို တက်လာတဲ့ ထွန်းနိုင်က အနားကို ရောက်လာသည်...။ " ဘယ်နှယ့်လဲ ဟ...ဘယ်လောက် ရခဲ့ လဲ...." " ဘာမှကို မရပါဘူး ကိုလတ်ရာ... ဒီနေရာက အဆင်မပြေပါဘူး.... နေပါအုံး မင်းက အစောကြီး ဘာလို့ ပြန်တက်လာတာလဲ...." ထွန်းနိုင်က မော်ကွန်းကို အမေးကို ပြန်ဖြေရင်း တလက်စ ထဲ အောင်လေးဘက်ကို လှည့်မေးလိုက်သည်...။ " ငါက ဘာမှမဖြစ်ဘူး....ကိုလတ်က ဖိနပ်ပေါက်လို့ ခြေထောက် နာနေလို့... အဲဒါကြောင့် အပေါ်ကို ပြန်တက်လာတာ...." " မင်းလည်း ဘာမှ မရဘူး မို့လား...." အောင်လေးက ရယ်ရင်း ခေါင်းယမ်းပြ သည်...။ " မင်းတို့ ခဏ ထိုင်လိုက်အုံး...။ ငါ ရှူး သွားပေါက်လိုက်အုံးမယ်...." မော်ကွန်း ဆီးကြောတင်းနေတာနဲ့ ထရပ်ကာ ပြောလိုက်သည်....။ " ကိုလတ် အဝေးကြီး မသွားနဲ့နော်.... ဟိုခြုံလောက်ဆို တော်တော့...." " အေးပါ.... စိတ်မပူနဲ့....." မော်ကွန်း ပြောရင်း ထွက်လာခဲ့လိုက်သည် ....။ ဆီးက အောင့်ထားတာမို့ ခပ်သွက်သွက် သွားကာ ခြုံနားထိ ကပ်လိုက်သည်....။ ပြီးတော့ မတ်တပ်ရပ်အတိုင်း ပုဆိုးကို လှန်ကာ ရှူးရှူး ပန်းလိုက်သည်....။ ဆီးစပ်တစ်ခု လုံး ပေါ့သွားမှ ပြန်ရန် ခြေလှမ်းပြင်လိုက်သည်....။ " ဟင်....။ .." နာကျင်မှုက စစ်ခနဲ...။ အောင့်သက်သက် ဝေဒနာ က ချက်ခြင်းလက်ငင်း....။ မော်ကွန်း မသင်္ကါတော့...။ ဟို နှစ်ကောင်ကို လှမ်းခေါ်လိုက်သည်....။ သူတို့လည်း အလောတကြီး ပြေးလာကြသည်...။ မော်ကွန်းက ဓာတ်မီးကို ဆွဲယူကာ ​ခြေသလုံး ကို ထိုးကြည့်လိုက်သည်...။ သေချာသွားပြီ...။ အဆိပ်ရှိတဲ့ တစ်ကောင်ကောင် တော့ ခဲ သွားပြီ...။ " ကိုလတ်...ဒါကတော့ ခြေ ( မြွေ) ထင်တယ်..." ထွန်းနိုင်က မျက်လုံးပြူးလျှက် ပြောသည်....။ တောစီး ဖိနပ်ကို ချွတ်လိုက်တဲ့ အကျိုးကျေးဇူး.. ....။ မော်ကွန်း ခြေသလုံးကို အပေါ်နားက စု ဖိလိုက်ရင်း " သေချာတယ်...။.ခု ငါ တို့ ဘာဆက်လုပ်ကြမလဲ...." ဖြစ်ပြီးခဲ့တာထက် ဘာဆက်လုပ်ရမလဲ က ပို အရေးကြီးနေပြီ...။ မဟုတ်ရင် အဆိပ်တက်ပြီး တစ်ခုခု ဖြစ်တော့မှာ...။ " ဒီရွာရဲ့ လမ်းပန်းဆက်သွယ်ရေး နဲ့ မြို့ကို မရောက်ခင် တစ်ခုခု ဖြစ်မှာ... ဒါပေမဲ့ မနွယ်ပင်ပျို က အဆိပ်နိုင်တယ်....။ သူ့ကို အကူအညီ တောင်းရမှာ...." " ဟုတ်ပြီလေ....ဒါပေမဲ့ အတတ်နိုင်ဆုံး လူမသိစေချင်ဘူး....။ တိုးတိုးတိတ်တိတ် နဲ့ ငါ ရအောင် ခေါ်မယ်..." " ကိုလတ်က သူနဲ့ ရင်းနှီးလို့လား.... လူသိလည်း ဘာမှ မပြုပါဘူး...တော်ကြာ အကျိုးအကြောင်းမသိ ဆင်းမလာမှ ဒုက္ခ..." "ကဲကဲ...စကားပြောနေတာ ကြာတယ်.... အဆိပ်မတက်ခင် သွားကြမယ်... တိုးတိတ်တာတွေ မတိုးတိတ်တာတွေက ပြီးမှ လုပ်....." အောင်လေးက ပြောပြောဆိုဆို မ, ထူသည်..။ မော်ကွန်း အားပြုရပ်ရင်း သုံးယောက်သား သူကြီးတိုက်ဆီ ရှိရာ ခပ်သွက်သွက် လှမ်းလာခဲ့လိုက်သည်....။ မော်ကွန်း စိတ်ထဲ နွယ်ပင်ပျို ဝရံတာ ထွက်ထိုင် နေပါစေလို့သာ ဆုတောင်းနေလိုက်ရသည်.... ။ သူ့ရဲ့ ဆုတောင်းက ဒီနေရာမှာ လာပြည့်နေသည်.. ။ ပင်ပျိုက ထိုင်ခုံလေးပေါ်မှာ လက်ထောက်ရင်း ငေးနေသည်...။ သူတို့ဘက် လှည့်နေတာမို့ အဆင်ပြေသွားသည်...။ မော်ကွန်း ကျန်တဲ့ နှစ်ယောက်ကို အသံမထွက်ဖို့ ပြောရင်း ဓာတ်မီး ယူကာ အချက်ပြလိုက်သည်....။ သူမက မတ်တပ်ရပ်ကာ စူးစမ်းတော့ သူ့ရဲ့ ခြေသလုံးကို ဓာတ်မီးနဲ့ ထိုးပြသည်...။ နောက်ပြီး ဆင်းလာခဲ့ဖို့ အချက်ပြလိုက်သည်...။ သူမ တစ်ခုခု ဒုက္ခရောက်ကြောင်း နားလည်သွားပုံ ပေါ်သည်...။ တန်းပြီး ဆင်းလာသည်...။ အနားရောက်လာတော့ " ဘာဖြစ်တာလဲ...." " မနွယ်ပင်ပျို ၊ လုပ်ပါအုံးဗျာ....။ ကိုလတ် ပိုးထိ ထားလို့...." ဟင်......။ သူမ ဆတ်ခနဲ ဖြစ်သွားရင်း ခပ်သွက်သွက် လှမ်းလာကာ ​ခြေထောက်ကို အကဲခတ်သည်...။ " တော်သေးတယ်...အဆိပ်က ကိုယ်ထဲ မပြန့်သေးဘူး... ၊ ဖယ်....၊ နောက်ဆုတ်...." ပြောပြောဆိုဆို မော်ကွန်းရဲ့ ခြေထောက်ကို လက်တစ်ဖက်က ကိုင်ကာ ကျန်တဲ့ တစ်ဖက်က အရင်းကနေ သပ်ချပစ်လိုက်သည်....။ ခုချိန်မှာ သူမရဲ့ သွင်ပြင်က လူနာကို ကယ်တင်ရမဲ့ ခွဲစိတ်ဆရာဝန်မကြီး
အနန္တထိတိမ်းညွှတ်အပ်သော အခန်း ၁၀ " တောစီး ဖိနပ်လည်း ပါရဲ့သားနဲ့ ကိုလတ်ရာ... အဝေးကြီးကို သွားလိုက်ရင် ပြီးရောကို .... ဒီ သူကြီးလျှိုထဲပဲ လည်ရတာ မနိပ်ပါဘူး...." ဓာတ်မီးကို ထိုးရင်း ကြွက်ရှာရင်း အောင်လေးက ပြောသည်....။ သူကတော့ ပြုံးသာ ပြုံးမိသည်....။ ဘာကြောင့် ဒီနေရာပဲ လာတယ်ဆိုတာ သူပဲ သိတယ်လေ....။ အသွားအပြန် ကံကောင်းရင် သူမရဲ့ မျက်နှာလေးကို မြင်ခွင့် ရမယ်လေ....။ မျက်နှာလေးကို မြင်ခွင့်ရတာက သူ့အတွက် ဆုလာဘ်လေးပါ.....။ တကယ်ပါ...။ သူ့အဖြစ်က လုပ်သမျှ အရာအားလုံးကို ခိုးလုပ်ရတာ...။ ဘယ်သူမှ သိလို့မရ...။ အကူအညီ တောင်းဖို့ဆို ဝေလာ ဝေး....။ ဒါပေမဲ့ တွေ့ရဖို့ကို သူ့ဘက်က နည်းလမ်းအမျိုးမျိုးနဲ့ အမြဲတမ်း စဥ်းစားနေတာ....။ တကယ် မလွယ်တဲ့ တိုက်ပွဲ တစ်ခုကို ဆင်နွှဲနေရသလိုပဲ....။ ပိုဆိုးတာက သူမဘက်ကလည်း အားတက်သရော မရှိလှ...။ ဘယ်လို လုပ်ရမှန်းကို မသိတော့...။ " သေချာသာ လုပ်စမ်းပါကွာ...လျှို ဒီလောက် နက်နေတာ..ရှိမှာပါ သားကောင်တွေက..." " ဒီလျှိုလောက်က ကြီးကြီးမားမား မရဘူး ကိုလတ်ရ...": " မင်းသာ မရ နေ...ထွန်းနိုင်က တော့ ရလို့ရှိမယ်....." " ဟားဟား....ကိုလတ်က သူ့ကို အထင်ကြီးနေ.... အဲကောင်က ကျန်တဲ့ နေရာသာ ဖြစ်တာ... ဒီလို ဟာမျိုးကျ မဖြစ်ဘူး.....။ မယုံသွားကြည့်.... ဘာမှ ရမှာ မဟုတ်ဘူး..." မော်ကွန်း ဘာမှ မပြောတော့....။ ခုလောလောဆယ် အောက်က ခြေထောက်က တောစီးဖိနပ် ရဲ့ ပွတ်တိုက်မှုကြောင့် နာလာပြီ....။ " ငါ ဒီဖိနပ်ကြီး ချွတ်လိုက်တော့မယ်ကွာ....." " ဟာ...အန္တရာယ် များတယ် ကိုလတ်.... ဒီနေရာက ခြေ(မြွေ) တွေ ကင်းတွေ ပေါတယ်..." " အင်း...ဒါပေမဲ့ ခြေထောက်ရွေ့တိုင်း နာ နေတာက ဆိုးတယ်ဟ...." မော်ကွန်း စိတ်ပျက်လက်ပျက် ပြောသည်....။ ဖိနပ်က အမာစား မို့ သူ့ခြေထောက်တွေ မခံနိုင်...။ အောင်လေး ခေါင်းကို ကုတ်ရင်း "ဒါဆိုရင်လည်း ကျွန်တော် မလည်တော့ဘူး အကိုရာ.. ပြန်တက်ရအောင်...အပေါ်ကျမှ ချွတ်ပြီး ပုံမှန် ဖိနပ်စီးလိုက်လေ...." မော်ကွန်း သူ့ကို အားနာပေမဲ့ ဒီအကြံကိုလည်း လက်မလွတ်ချင်တာကြောင့် ခေါင်းကို ခပ်သွက်သွက် ညိတ်လိုက်သည်...။ သူပြောတာကို ပိုသဘောကျသည်....။ အပေါ်မှာဆို ဟိုနားဒီနား သွားသလိုလို နဲ့ သူကြီးတိုက်နား ချောင်းလို့ရတယ်လေ...။ ဒါနဲ့ အပေါ်ကို ပြန်တက်လာခဲ့သည်....။ အပေါ်ရောက်တော့ အောင်လေးက လက်ချောင်းတွေကို ပါးစပ်ထဲ ထည့်ကာ လက်ခေါက် သုံးချက်မှုတ်လိုက်သည်...။ " အဲဒါက ဘာအဓိပ္ပါယ်လဲ..." မော်ကွန်းက လျှိုထိပ်က မြေပြင်မှာ ထိုင်ရင်း သူ့ကို မေးလိုက်သည်....။ ပြီးတော့ ဝတ်ထားတဲ့ တောစီးဖိနပ် ကိုလည်း ချွတ်လိုက်သည်...။ အကာအကွယ် မဲ့သွားတဲ့ ခြေဖဝါးလေးတွေကို လေပြေနုအေးအေးက လာထိတွေ့နေသည်....။ နှစ်ခုစလုံးကို ချွတ်လိုက်ပြီး ဘေးမှာ ထောင်လိုက်သည်..။ ပြီးမှ အောင်လေး ခြင်းတောင်းထဲမှာ ထည့်ယူလာတဲ့ ပုံမှန်စီး ဖိနပ်ကို စီးလိုက်သည်....။ အောင်လေးက သူမေးတာ တန်းမဖြေ...။ ခံတွင်းချဥ်နေပုံ ပေါ်သည်...။ ဆေးပေါ့လိပ်ကို မီးညှိရင်း တစ်ရှိုက် ဖွှာလိုက်သည်....။ပြီးမှ " ကျွန်တော်တို့ ကုန်းပေါပြန်တက်ကြောင်း အသိပေးတာလေ...။ တောထဲမှာ နာမည်ကို ခေါ်ပြီး ပြောလို့မရဘူး..." "ဘာဖြစ်လို့လဲ... " " အယူ တစ်ခုပေါ့ အကိုရယ်... နာမည်ခေါ်ရင် အခေါ်ခံရတဲ့ သူက တောစီးခံရတယ်...တောစီးရင် မျက်စိလည်မယ်.. ဘေးတွေ့မယ်....အဲလို အယူလေးတွေပေါ့...." မော်ကွန်း ခေါင်းကို ညိတ်ရင်း " မင်း ဆင်းချင် ဆင်းလိုက်လေ...ငါ အပေါ်ကနေပဲ စောင့်မယ်လေ..... ဘာမှ ရသေးတာ မဟုတ်ဘူး..." " ရတယ် ကိုလတ်... မဆင်းတော့ဘူး... ဟင်းစာက တကယ်လည်း လိုတာ မဟုတ်ပါဘူး... ဒီအတိုင်း ကိုလတ်တို့ တောလည်လို့ လိုက်လာတာ...." အောင်လေးက ပြောတော့ ဘာမှ ထပ်ပြောမရတော့...။ အမှန်က သူ့ကို ဆင်းစေပြီး ကိုယ်က သူကြီးတိုက် နား သွားချင်တာ...။ သူက မဆင်းဘူးဆိုတော့ ကိုယ်က သွားလို့ မရပြန်...။ မော်ကွန်း ခပ်လှမ်းလှမ်းက သူကြီးတိုက်ကို လှမ်းကြည့်လိုက်မိသည်...။ ဒီအချိန် အိပ်နေပြီလား...။ အလင်းရောင်ကတော့ ရှိနေသေးသည်...။ " ကိုလတ်က မဆုလာဘ် နဲ့ ဘယ်အချိန် ယူမှာလဲ..." မထင်မှတ်စွာ အောင်လေးက မေးတော့ ခေါင်းယမ်းပြ ရင်း " ဘယ် အချိန်မှ မယူဘူး...." " ဟင်...ကြီးကြီးက သဘောတူထားတာ မဟုတ်ဘူးလား..." " မေမေ သဘောတူထားပေမဲ့ ငါ ယူမှ ရမှာလေကွာ... " " ဘာဖြစ်လို့လဲ... ကိုလတ်ရဲ့...မဆုလာဘ် က မဆိုးပါဘူး...ချမ်းလည်း ချမ်းသာ ပညာလည်း တတ်..ရုပ်ကလည်း ချောပါတယ်.. ဘာငြင်းစရာ ရှိလို့လဲ...." " ငါ မချစ်လို့ ပေါ့ကွ....." " အချစ်...ဟားဟား...ကိုလတ်ရယ်... ရည်းစားတောင် မထားဖူးတဲ့ သူက အချစ်တဲ့.... အချစ်ဆိုတာ ဘာမှန်းကော ကိုလတ် သိလို့လား..." " အင်း...မင်း ပြောစမ်းပါအုံး..အချစ်ဆိုတာ ဘာလဲ..." " အမ်...." အောင်လေးက သူ့ကို ပြန်မေးတော့ ကြောင်အမ်းအမ်း ဖြစ်သွားသည်...။ " ကျွန်တော် အတိအကျ မပြောတတ်ဘူး ကိုလတ်...ဒါပေမဲ့ ခံစားမှု တစ်မျိုးလို့ ထင်တာပဲ....."
photo content
သာသာ ဒီည သဒ်ဓါ ပိုပို Gp လေး ဖွင့်ပါမယ်နော်....။ ဒါလေးတွေကို သေချာ ဖတ်ပေးကြပါနော်...🙏🙏🙏။ ၁။ ည ၈နာရီလောက်ဆို သာသာ စ အားပါပြီ... ။ အဲကျ ဝင်လို့ ရပါပြီ...။ ၂ ။ .ဒါက အရေးကြီးဆုံးပါ...။ complete မဖြစ်သေးပါနော်....။ သာသာ ပြန်ကူးတုန်း ရှိပါသေးတယ်....။ အကြမ်းထဲမှာ ရေးထားတာတွေကို လေ ပြန်ကူးပြီး တင်မှာမို့ ကြာပါအုံးမယ်.. ။ တစ်ခန်း ကူးရင် ၂နာရီ ခွဲလောက် အနည်းဆုံး အချိန်ပေးရလို့ပါ...။ ဒါကြောင့် ၁၁ရက် ကနေ ၁၅ရက်ထိ သာသာ တစ်ရက်ကို တစ်ခန်းစီပဲ တင်ဖြစ်အုံးမယ်...။ ၁၆ရက်နေ့ကျ ပြီးသလောက် အကုန်တင်မယ်လေ...။အဲကျ အများကြီး ဖတ်ရမှာလေ..။ ကြာသပတေးနေ့က သာသာ စာကူးချိန် မရှိလို့ပါ...။ သွားစရာ ရှိလို့ပါ...။ အဲဒီတော့လေ...သာသာ အကြံပေးချင်တာက ၁၆ ရက်နေ့လောက်မှ ဝင်ပါ့လား ...။ အားနာလို့ပါ...။ သာသာကလည်း အလုပ်နဲ့ ဆိုတော့ ညမှ စာကူးရလို့ပါ....။ complete က ၁၈ရက်နေ့လောက် ဖြစ်လိမ့်မယ်...။ ဒါကြောင့် သာသာ ပြောချင်တာက ၁၆ရက်နေ့ဆို တဝကြီး ဖတ်လို့ရပြီလေ...🙏🙏🙏 အမှန်ဆို ဇာတ်ကို သာသာ အားမရသေးလို့ ပြင်ချင်သေးတာ...😁😁😁 သိပ်အားမရလို့...။ ဒါကြောင့် ၁၆ရက်နေ့မှ ဝင်တာ ဆို တစ်ထိုင်တည်း အဝ ဖတ်လို့ရပါတယ်...။ ၃။... ကန့်သတ်ဧရိယာ ဝင်ထားတဲ့ တစ်ချို့ Reader တွေက အနန္တကို မဝင်ကြတော့ သူတို့က လည်း လျှော့ ဈေးလေး လိုချင်ကြပါတယ်...။ ဒါကြောင့် အားလုံး အဆင်ပြေအောင် ချိုမြိန်သော သစ်သီးလေး များ ဖြစ်ဖြစ် ကန့်သတ်ဧရိယာ ဖြစ်ဖြစ် ဝင်ထားသူများ က သဒ်ဓါပိုပိုကို.. 1ထောင်နဲ့ ဝင်နိုင်ပါတယ်....။ ..😘ဖုန်းဘေနဲ့😘 ဝင်မဲ့သူတွေကို တောင်းပန်ချင်တာက နောက် စာအုပ်ပါ တွဲယူပြီး ၃ထောင် နဲ့ ဖတ်စေချင်ပါတယ်... 🙏🙏🙏 နောက်စာအုပ်က လကုန်လောက် ရမှာပါ...။ ၄။ သာသာ့မှာ Kpay ပဲ ရှိပါတယ်နော်...။ wave နဲ့ လူတွေက ဘေ ဖြည့်ပြီး ဖတ်လို့ ရပါတယ်.. ဘေ ကတ်ပို့ရင်လေ... ကဏန်းလေးတွေ ရေးပြီးမှ ပို့စေချင်ပါတယ်...အားလုံး စိတ်ပျော်ရွှင် ချမ်းမြေ့ကြပါစေ..... 🙏🙏🙏 Kpay နံပါတ်..09266581654 1500 ကန့်သတ်နဲ့ ချိုမြိန်သော ဝင်ထားရင် 1000... ဘေနဲ့ ဆိုရင် နောက် စာအုပ်ပါ တွဲယူပြီး ၂အုပ် ၃ထောင်ပါ...😊 Join ပြီးရင် သာသာက Approve ပေးဖို့ ခဏ စောင့်ရပါတယ် နော်....။ PDF ဖိုင်က ၁၉ရက်နေ့ကျမှ ရပါမယ်...။
ရုံပရိတ်သတ် ဘက် မျက်နှာမူတော့ တီးလုံးအသံကို သာ နားထောင်ပြီး ဆိုမဲ့ သဘော....။ အဝင်အထွက် ကို နားလည်တဲ့ သူဆိုတာ ပေါ်လွင်ပါသည်. ...။ မီးရောင် ဝါဝါ လေးအောက်မှာ ထင်းနေတဲ့ သူ့ရဲ့ စတိုင်က မိမိုက်သား....။ ပင်ပျိုနဲ့ တဲ့တိုးကျနေတာ မို့ သူ့ အကြည့်က ပင်ပျို ဆီကို ရောက်ရောက်လာသည် ။ ပင်ပျို မသိချင်ယောင် ဆောင်ကာ မျက်နှာလေးကို ခပ်လွှဲလွှဲ လုပ်ထားကာ နေလိုက်ရသည်....။ ခဏနေတော့ တီးလုံးသံ ထွက်လာသည်....။ ဆိုရမဲ့ အချိန်မှာ မိုက်ကို ကပ်လိုက်ပြီး ဆိုတော့သည်....။ ## ဒီစမ်းချောင်းလေး ဘေးမှာ........ ..........ဆုံလာတဲ့ မျက်ဝန်းတစ်စုံ ဟာ......... .........အချိန်တွေ တိုက်စားတဲ့ အခါ ယုံကြည်လာတာ အချစ်လား................... မျက်ဝန်းရိုင်းလေးထဲမှာ မြင်နေတယ်.................. ...............သူမငြင်းပယ်ပါ........... .....ခေါင်းညိတ်တဲ့ ခဏမှာ............... ...........................သေချာတယ် အချစ်ပါ...........##### ..... ......... နားထောင်လို့ တော်တော် ကောင်းပါသည်. ..။ အသံကို ချိန်ညှိလိုက်လို့ ထင်သည်....။ ထွက်လာတဲ့ အသံကလည်း ကြည်သလို သူရဲ့ အဆွဲအရှိုက်ကလည်း အဆွေးဓာတ် ပါပါနဲ့ တော်တော်လေး နားထောင်ကောင်းလှသည်....။ " ကောင်းလှချည်လား ဟဲ့...." အနားက ချီးကျူးသံ တစ်ခု ထွက်လာသည်....။ ပင်ပျို လည်း စိတ်ထဲက ကြိတ်၍ ချီးကျူးနေသည်....။ သူက ဆက်ဆိုနေသည်....။ တကယ်ကို စပါယ်ရှယ် နားထောင်လို့ ကောင်းပါသည်....။ အသံက အတိုးအရှိုက်က ဂရုဏာသံ ပါသလို အဆွဲအငင်က လွမ်းမောချင်စရာ....။ တကယ်ကို ချီးကျူးမိပါသည်....။ ......ဝိုး.......ခဏလေးပါပဲ........ အချစ်တွေ အလည်လွန်သွားတဲ့ အခိုက်မှာ. .......... ........ ဆွဲတဲ့ နေရာမှာလည်း သေချာ ဆွဲဆိုနိုင်သလို ကီးကိုက်စည်းကိုက်မို့ မသိရင် ဆိုနေတာ မဟုတ်ဘဲ ခွေ ဖွင့်ထားသလိုပင်.......။ သူ့ အဆိုမှာ ပင်ပျို မျောကာ သူ့ကို ကြည့်နေမိတော့သည်....။ ပြန်မလာနိုင်တဲ့ ချစ်သူကို စောင့်နေရတဲ့ ချစ်သူ ကောင်မလေး တစ်ယောက်.........။ ပင်ပျို ဒီ ခံစားချက်ကြီးကို မုန်းပါသည်.... ။ ဒါပေမဲ့ သူ ဆိုဟန်က ငေးလောက်စရာ မို့ မျက်ရည်လည်ရင်း ဆက်ကြည့်မိသည်.....။ ရုံထဲက လူတွေက လည်း တီဗွီ စခရင် ပေါ်က အရုပ်တွေကို မကြည့်ဘဲ မိုက်ကို ကိုင်ကာ အပီဟဲ နေတဲ့ မြို့သားကိုသာ ကြည့်နေကြသည်.....။ မသိရင် လာဖျော်ဖြေနေသလို........။ နားထောင် ကောင်းကောင်းနဲ့ နားထောင်လိုက်တာ သီချင်းတစ်ပုဒ် ဟာ ခဏလေးလိုပင်.....။ သူလည်း ဆိုပြီးတော့ ဘယ်သူက စ, လက်ခုပ်တီးလိုက်သလဲ မသိ.....။ တရုံလုံး လက်ခုပ် ဝိုင်းတီးကြသည်.....။ " ဟဲ့ ကောင်တွေ...သီချင်း ဆိုတာ အဲလို ဆိုရတယ် ဟဲ့.... အသံသေး အသံညောင် တွေနဲ့ မဆိုရဘူး....." အပျိုကြီး ဒေါ်ရွှေမိက ထ အော်သည်....။ " ဟာ....အရီးကတော့ လုပ်ပြီဗျာ...." " ဒီ အကိုလို ဆိုတတ်ရင် တော့ ရွာမှာ ကောက်စိုက် မစားဘူး အရီးရေ... အဆိုတော် တက်လုပ်တော့မယ်..." ကာလသားတွေက လည်း ရယ်ကျဲကျဲ နဲ့ ပြန်နောက် ပြန်အော်နေကြသည်.....။ သူက မိုက်ကို မောင်လေးကို ပေးရင်း ပြန်အကြည့် အကြည့်ချင်း ဆုံပြန်သည်....။ ပင်ပျို သက်ပြင်းကို ရှိုက်လိုက်သည်....။ ပြန်မလာတဲ့ သူကို မျှော်ရတဲ့ မိန်းမသား ဘဝကို ပင်ပျို မခံစားနိုင်လို့ ကျေးဇူးပြု၍ အကြည့်တွေ ရုတ်သိမ်းပေးပါနော်........။