en
Feedback
Phoo Pwint Ngon

Phoo Pwint Ngon

Open in Telegram

အသွေးအသားထက် ပိုသော သို့ ခယ်မ

Show more
1 626
Subscribers
-124 hours
+47 days
-3030 days
Posts Archive
အပေါ်က ကြည့်နေရင်း အားပါတရ ချီးကျူးနေတဲ့ မောင်ဖြစ်သူကို ဒေါ်​မြင်ခိုင် ဆူလိုက်သည်...။ ပင်ပျိုလည်း ပြေးထွက်ခဲ့ ပေမဲ့ မမှီတော့....။ " မလုပ်ကြပါနဲ့ ရှင်...။ ပင်ပျို တောင်းပန်ပါတယ်....သူတို့က ဧည့်သည်တွေပါနော်....." မူးတာကော သူတို့ ထိုးလိုက်တာရော ကြောင့် ယိုင်ထိုးနေတဲ့ သူတွေကို ခြံတံခါးက ပြေးထွက်လာတဲ့ ပင်ပျိုက တောင်းပန်နေသည်.... ။ ဟိုကတော့ အား အီး နဲ့ ယိုင်ထိုးလို့ ကောင်းတုန်း.....။ မော်ကွန်းက ပင်ပျို တစ်ခုခု ဖြစ်မှာ စိုးလို့ ပြေးကပ်ကာ ကာထားလိုက်သည်....။ ပင်ပျိုလည်း သူတို့ ဘာမှ မဖြစ်တာမို့ အားလုံးကို ခြံဝန်းထဲ သွင်းကာ ခြံတံခါးကို ကဗျာကယာ ပြန်ပိတ်လိုက်သည်။ ပြီးမှ သူတို့ကို အိမ်ထဲ ခေါ်လာခဲ့လိုက်သည်......။ လေးစိုး တို့ ရှိတဲ့ နေရာ ရောက်တာနဲ့ " ဒါ...ရှင့်နယ် မှတ်နေလား မြို့သား... ဟမ်.... ဟိုက မူးနေလို့ မဟုတ်ရင် ရှင် ဒုက္ခ ရောက်ပြီ.... ရှင်က စူပါမန်းလား....ပါဝါဒိန်းချား လား ဟမ်..." ဇွတ်ကို ဆူနေတော့ သူလည်း ငြိမ်ငြိမ်လေး. ရပ်နေမိသည်....။ " ဟို နှစ်ယောက်...နင်တို့လည်း သေမယ်.... နင်တို့က နှစ်ယောက်လေ.... ဘာဖြစ်လို့ ဒီ မြို့သား တစ်ယောက် ကို မထိန်းနိုင်ရတာလဲ...မထိန်းတဲ့ အပြင် သူ ခိုင်းတာ အကုန်လိုက်လုပ်ပေးနေ.... နင်တို့ကို အရင် ဆုံးမရမှာ...." အောင်လေး က ခေါင်း တဗျင်းဗျင်း ကုတ်ရင်း " ကိုလတ်...။ တွေ့လား...။ ဆူခံထိ ရင် ကျွန်တော်တို့က အရင်... ။ နောက် ဆိုရင် ကိုလတ် ကျွန်တော်တို့ ပြောတာလေး နားထောင်ပေးပါအုံး...." ရှုံမဲ့မဲ့ ပြောတော့ ပင်ပျိုက လွဲ အားလုံးပြုံးကုန်ပြန်သည်.....။ " ကဲပါ...အရင် ထိုင်ကြပါအုံး.... " ကြီးမေက ကြားထဲ က ဝင်ပြောတော့ သူတို့ ဝင်ထိုင်လိုက်သည်.... ။ " ငါ့တူတို့က ဘယ်မှာ တည်းတာလဲ....." " ဦးသောမန ကျောင်းမှာပါ ကြီးကြီး.....။ အဲဒါ ပွဲဈေး လျောက်ရင်း ဂစ်တာ တွေ့တာနဲ့ သဘောကျလို့ ဝယ်လိုက်တာ.... ဝယ်ပြီးမှ ပင်ပျို ပျင်းနေမလား ဆိုပြီး လာ တီးတာ...." အင်း....။ ပြောပေါက်ဆိုပေါက်က တော့ ခပ်ညံညံ မဟုတ်....။ စကားလုံးတွေ က ရှင်းလင်းကာ ပြတ်သားနေသည်....။ " အော်...ဦးသောမန ကျောင်း တည်းတာကိုး...." " ဟုတ် ၊ ကြီးမေ....": "ဒါနဲ့ ရှင်က ပင်ပျို တို့အိမ်ကို ဘယ်လို သိတာလဲ...." " အဲဒါက ညနေ ပင်ပျို ပြန်တော့ ပင်ပျိုတို့ မြင်းလှည်း နောက်က ကျွန်တော်တို့ ​ငှားထားတဲ့ မြင်းလှည်း ပါတယ်....ဟဲ...." အေးရော.......။ ပင်ပျို မျက်စောင်းပဲ ထိုးနိုင်လိုက်သည်.....။ " ထားလိုက်တော့...ခု ညည့် မနက်ခင် ပြန်တော့..." ပင်ပျို ပြောတော့ သူ ခေါင်းညိတ်ပြသည်....။ " နေအုံး...မင်းတို့ ပြန်လို့ မဖြစ်လောက်ဘူး..... " " ဟင်...ဘာဖြစ်လို့ လေးလေး....။ " သူတို့ ပြောတာတွေ နားထောင်နေတဲ့ လေးလေး က ဖြတ်ပြောလာသည်....။ ပင်ပျို မျက်လုံးပြူး လေးနဲ့ မေးတော့ " စောစောက ကျီးစု ရွာသားတွေ ထင်တယ်.....။ ဟိုနားက တန်းကျောင်းမှာ သူတို့ရွာသားတွေ စခန်းချတာ....။ သူတို့ ညင်က လူအများနဲ့ ဖြဲချင်တာ....။ ငါထင်တယ်....။ မင်းတို့ ပြန်အထွက်ကို လူ စုပြီး အမှောင်ရိပ် စောင့်နေလောက်ပြီ.. .. အဲဒါကြောင့် ပြောတာ....": " အဲဆို ဘယ်လိုလုပ်ရမလဲ ဟင် လေးလေး....." " ဘယ်လို လုပ်ရမလဲ.....။ ရှေ့က အရပ်ထဲမှာ ည အိပ်ခိုင်းရတော့ မှာပေါ့.....။ သမီးက ထင်းရှူးသေတ္တာထဲက ဆောင်တွေ ခေါင်းအုံးတွေ ထုတ်ပေးလိုက်...." ဒီလိုနဲ့ မော်ကွန်းတို့ တတွေ ဒီမှာ ည အိပ်ဖို့ ဖြစ်လာရတော့ သည်...။ ပင်ပျိုမှာတော့ ထိုညက မျက်စောင်းတွေ ထိုးရလွန်းလို့ မျက်ကြော လိုက်မတတ်. ....။ ဒင်းက အကျိုးကို မပေးတာလေ.........။ . ..

စကားက တိုက်ဆိုင်မှုတဲ့...။ ဒါကြီးကို ပင်ပျိုက စိတ်စွဲလန်းမှု နဲ့ ခံစားနေလို့တဲ့..." " ဒါတော့ ဟုတ်တယ်...လေးလေးလည်း အဲလို ထင်တယ်....။ ပျိုလေး လည်း ဒါကြီးကို စွဲလန်းမနေနဲ့....ပျော်ပျော်နေ.. ကိုယ့်ကြောင့် ဖြစ်တာ မဟုတ်ဘူး.... သူ့တို့ဘာသာ တိုက်ဆိုင် လို့ ဖြစ်တာ...." လေးလေး စေတနာကို ပင်ပျို နားလည်ပါသည်....။ သူကတော့ သူ့ တူမကို ဒီလို ခံစားနေတာ ဘယ်မြင်ချင်မလဲ..။ " သမီး...ဘယ်လို ဆက် လုပ်မှာလဲ..." ပင်ပျို နာကျင်စွာ ပြုံးလိုက်ရင်း " သမီး.. ပဥ္စမ မြောက် တိုက်ဆိုင်မှုကြီးကို မမြင်ချင်ဘူးလေ.....အထူးသဖြင့် သမီး ကိုယ်တိုင် မနာစေချင်တဲ့ သူကိုလေ...။". စကားလုံးတွေက အားလုံခြုံငုံမိအောင်ကို ရှင်းလင်းနေတာမို့ တူမဖြစ်သူရဲ့ ရင်ထဲကို ထိုးဖောက် မြင်ရတဲ့ အခိုက်အတန့်....။ စကားလုံးတွေ တိတ်ဆိတ်သွားကာ ပတ်ဝန်းကျင်ကလည်း ခေတ္တ တိတ်ဆိတ်သွားသည်....။ ထိုစဥွ...... ဂစ်တာ ကြိုးညှိသံ ကြားလိုက်ရသည် ။ ညောင်စဥ်ကန် မှာက ကောလိပ်ကျောင်းနဲ့ GTI ကျောင်းတို့ ရှိသည်...။ ကြီးမေတို့ နေတဲ့ နေရာ မလှမ်းမကမ်းမှာ မိန်းကလေးဆောင်တွေ ရှိတာမို့ ဂစ်တာသံတွေကို မကြာခဏ ကြားရသည်...။ " ကောလိပ်သူတွေကဖြင့် ပွဲ ဈေး ရောက်ကုန်လောက်ပြီ...၊ သူတို့က လာတီးနေသေး..." ကြီးမေက ပြောတော့ လေးစိုးက " မသွားတဲ့ သူတွေလည်း ရှိလို့နေမှာပေါ့...." ပင်ပျိုကတော့ ဘာမှ မပြောတတ်တာမို့ မှတ်ချက် ဝင်မပေး...။ ထိုစဥ် ဂစ်တာသံက မြိုင်လာသည်...။ ကြိုးညှိတာ မဟုတ်....။ တကယ် တီးပြီ ထင်သည်....။ " အင်း.... လက်သံက ဘယ် ဆိုးလို့လဲ ဟ... ဒေါင်ဒေါင်ဒင်ဒင် မဟုတ်ဘူး..... တော်တော်နိုင်နင်း တဲ့ ပုံ..." လေးစိုးက ဂစ်တာ တီးတတ်သူဖြစ်ကာ ဝါသနာလည်း ပါတာမို့ တီးလို့ ထွက်လာတဲ့ အသံကို နားထောင်ရင်း ချီးကျူးသည်...။ 🎤 သိပ် ချစ်လို့ များ.... အပြစ်ဖြစ်ရတာလားကွာ.... မကြင်နာချင်နေပါ မညာပါနဲ့ ကွာ ရင်မှာ အရှိအတိုင်း လက်ခံတယ်....🎤 " ဝါး..မိုက်လှချည်လား ဟ...ကြားဖူးဘူး ဒီလို ကောင်းကောင်း ဆိုတတ်တာ... ကောလိပ် ကျောင်းသား အသစ်လား.... ဒိုးလုံး လူပြန်ဝင်စားတာလား....ဟ..." လေးလေး က အားရပါးရ ချီးကျုးသည်...။ " ဒါပေမဲ့ အသံက မိန်းကလေးဆောင်ဘက်က မဟုတ်ဘဲ အိမ်ရှေ့က ဖြစ်မနေဘူးလား....." ကြီးမေရဲ့ စကားကြောင့် ကိုယ်လေး မတ်သွားတာက ပင်ပျို....။ တစ်ခုခု ကို တွေးမိရင်း ကာ " မဟုတ်လောက်ပါဘူး.." စိတ်ထဲက ​ငြင်းချက်ထုတ်လိုက်သည်...။ ဒါပေမဲ့ ပြောတော့ မရ......။ သူက စိတ်ရူးပေါက်တာ လုပ်တဲ့သူ.....။ ပင်ပျိူ မရဲတရဲ နဲ့ ခပ်သွက်သွက်လေး ပြတင်းပေါက်နား သွားကာ ကြည့်မိတော့ သေချာသွားပြီ....။ သစ်ငုတ်ပေါ်မှာ ကျကျနန ထိုင်ကာ တီးရင်း ဆိုနေတဲ့ သူက ပင်ပျိုကို တွေ့တော့ ဆိုရင်း ပြုံးပြသည်...။ " ဒီလို...မချစ်ဘူး မပြောပါနဲ့....မင်းလုပ်သမျှ အားလုံး ကိုယ်ကျေနပ်တယ်.... ယုံပါ...ဒီအချစ်များ မငြင်းပါနဲ့... မင်းဘဝ အတွက် အကောင်းဆုံး ကိုယ် ဖန်တီးမယ်...🎤🎤 ဘေးက နှစ်ယောက်ကတော့ အတင်းအကျပ်ခေါ်လို့ လိုက်လာပုံ ရပါသည်...။ ပင်ပျို ကြည့်ရင်း ခေါင်းယမ်းကာ ကြီးမေတို့ဆီ ပြန်လျောက်လာသည်...။ " ဟိုကောင်လေး လား...." ကြီးမေက အရိပ်အကဲ ကြည့်ကာ မေးတော့ ခေါင်းညိတ်ပြလိုက်သည် ။ " အင်း..ဇွဲကတော့ အကြီးသား ဟေ့....": ဒါပေမဲ့ ဂစ်တာသံက ရုတ်တရက် ရပ်သွားသည်...။ သီချင်းဆိုသံကလည်း တိတ်ကျသွားသည်.. ။ ပင်ပျို စိတ်ထဲ လေးသလို ဖြစ်နေတာနဲ့ ဒုတိယ အကြိမ် အပေါက်ဝ နား ရောက်ခဲ့ပြန်သည်...။ ဟင်....။ တစ်ဖက်က ၅ယောက်...။ သူတို့က ၃ယောက်...။ စကား ကြိတ်များနေပုံ ရသည်......။ အခြေအနေ က မကောင်းလောက်.....။ ပင်ပျို ကြီးမေတို့ကို ဂရုမစိုက်နိုင်အား...။ ခြံဝန်းတံခါး သော့ကို ယူကာ အောက်ထပ်ကို ဆင်း​​ပြေးရသည်...။ ခြံရှေ့မှာတော့ မော်ကွန်း တော်တော် စိတ်ထိန်းနေရသည်....။ " အကိုတို့ တောင်းပန်နေတာဗျာ... ကိုယ့်လမ်းကို သွားကြပါ..." စိတ်ကို အတတ်နိုင်ဆုံး လျှော့ရင်း ပြောလိုက်သည်....။ ပင်ပျို အိမ်ရှေ့မှာမို့ ရန်မဖြစ်ချင်....။ မဟုတ်ရင်တော့ ဒီလူတွေ မလွယ်....။ ပွဲဈေးက သောက်လာလို့ မူးလာပုံ ရပါသည်...။ " မင်းတောင်းပန်တဲ့ လေသံက မာလို့ မသွားနိုင်ဘူးကွာ....။ မင်း ဘာလုပ်ချင်လဲ...." ထွက်လုခင်ခင် စိတ်ကို ထိန်းချုပ်ထားရာ က ဘလိုင်းကြီး လာကျောနေတော့ လွတ်ထွက်ကုန်သည်...။ မော်ကွန်း အနီးဆူံးက ရှိတဲ့လူရဲ့ ကော်လံကို အားနဲ့ ဆောင့်ဆွဲချလိုက်သည်...။ ပထမလူ ယိုင်သွားတော့ ဒုတိယ အနီးဆုံး ရှိတဲ့ လူရဲ့ ရင်ဝကို ဆောင့်ကန်ပစ်လိုက်သည်...။ နောက်တော့ တတိယ လူရဲ့ မျက်ခွက်ကို ဂစ်တာနဲ့ ဖြောင်းခနဲ ရိုက်ချပစ်လိုက်သည်...။ မြန်လွန်းတာကြောင့် ဘယ်သူမှ ကာချိန် ပြူချိန် မရှိလိုက်...။ ၅ယောက်အနက် ၃ယောက်က အုန်းခနဲ အင့်ခနဲ့....။ အောင်လေးနဲ့ ထွန်းနိုင်လည်း မော်ကွန့်း လှုပ်ရှားတော့ ကျန်တဲ့ နှစ်ယောက်ကို By one ဝင်ထိုးတော့သည်...။ " ကောင်းလိုက်တဲ့ အကွက်....၃ယောက် ကို ထိန်းသွားတာ ဆရာကျချက်.." " ဟိုက ရန်ဖြစ်ပါတယ်ဆို နင်က တမျိုး...."

အနန္တထိတိမ်းညွှတ်အပ်သော အခန်း၁၈ ပြန်ရောက်ကတည်းက စိတ်က အဆင်မပြေ...။ သူတို့ ဘာများ မေးလေ မလဲ လန့်နေရသည်....။ ဒါပေမဲ့ ဘာမှ မမေးတော့ တော်သေးသည်....။ ညောင်စဥ်ကန် ထိကို ရောက်လာကာ မလျှော့လှတဲ့ သူ့ရဲ့ ဇွဲလုံလ က ပင်ပျိုကို လန့်ဖျား ဖျားစေသည်...။ နောက်ကို ဘယ်ကို ပုန်းရမလဲကို စဥွးစား မရ....။ ပြန်ရောက်ကတည်းက ရေမိုးချိုး ပြီး စောစော ဘုရား ကန့်တော့ထားလိုက်သည်...။ ဖွားဖွားက ဥပုသ် စောင့် ပြန်လာတာမို့ ခြေဆုပ်လက်နယ် လုပ်ရန် အဖွား အခန်းထဲကို ဝင်လာခဲ့လိုက်သည်...။ " ဖွားဖွား အိပ်ပြီလား..." " အိပ်သေးပါဘူး ကွယ်.... ခဏနေမှ အိပ်မှာ.." ဖွားဖွားအခန်းထဲမှာ ချိတ်ထားတဲ့ တိုင်ကပ် နာရီကို ကြည့်လိုက်တော့ ၈ခွဲ....။ လေးလေး တောင် ပြန်ရောက်တော့မှာ.....။ ပွဲတော်ရက် ဖြစ်ပေမဲ့ ညပိုင်းတွင် ဆိုင်ကို မဖွင့်....။ မနက်ချက်ဖို့ လုပ်စရာရှိတာတွေသာ ကြိုလုပ်ထားတာ...။ ကြက်သွန်လှီးခြင်း၊ အတို့ အမြှပ် လုပ်ခြင်း ၊ ဆီချက်လုပ်ခြင်း ဒါတွေကို သာ ညပိုင်း ကြို လုပ်ထားသည်...။ မနက်လေးနာရီလောက်မှာ အချက်အပြုတ် သမားတွေနဲ့ မြန်မြန်ချက်ကြတာ....။ လေးလေး က ညဘက်ဆိုရင် အိမ်ကိုသာ ပြန် အိပ်သည်...။ အလုပ်သမားတွေက လည်း စိတ်ချရတဲ့ သူတွေမို့ ပြန်အိပ်သည်....။ သွားဖို့ လာဖို့က ဆိုင်ကယ် အနွမ်း တစ်စီးနဲ့ အဆင်ပြေသည်.....။ ၈ခွဲဆို လေးလေး ပြန်ရောက်လောက်ပြီ....။ ဆိုင်ကယ်သံတော့ မကြားမိလိုက်....။ " ဘာတွေ တွေးနေတာလဲ...": " ဟီးဟီး... ဘာမှ မဟုတ်ဘူး ဖွားဖွား.....။ ဖွားဖွားကို နှိပ်ပေးမလို့..." " မနှိပ်ပါနဲ့...။ ငါ့မြေး လက်ကလေးတွေ ညောင်းကုန်ပါမယ်..." " ရပါတယ် ဖွားဖွားရယ်...ဖွားဖွားက ဥပုသ်နဲ့လေ...။.ဥပုသ်သည်ကို နှိပ်ပေးတော့ ကုသိုလ်တောင် ရသေး..." " ဟုတ်ပါပြီ....ဒါဆိုလည်း နှိပ်နှိပ်...." ဖွားဖွားရဲ့ ခြေသလုံးသေးသေးလေးတွေကို နှိပ်ပေးနေလိုက်သည်...။ အဖွားကတော့ လက်ထဲက ပုတီးလေးကို စိပ်ရင်း ဘုရားကို အာရုံပြုနေရှာသည်...။ ဖွားဖွားက အသက်ကြီးပေမဲ့ နေရာတကာ ဝင်မပါဘဲ အေးအေးဆေးဆေး နေတတ်တဲ့သူ....။ နေတတ်တော့ အေးချမ်းတာပေါ့...။ ခဏကြာတော့ အဖွား မျက်လုံးလေးတွေ ဖွင့်လာကာ "ကဲ...ငါ့မြေးလည်း ကုသိုလ်တွေ အများကြီး ရပြီးပြီ....။ နား လိုက်တော့...။ အဖွားလည်း ပုတီးစိပ် အိပ်လိုက်တော့မယ်...." ပင်ပျို ဖွားဖွားကို ထိုင်ကန်တော့ကာ အခန်းထဲက ထွက်လာခဲ့သည်....။ အပြင်ဘက် ဧည့်ခန်းထဲမှာတော့ ကြီးမေနဲ့ လေးလေး တို့ ရှိနေသည်....။ ကြီးမေက ဝယ်လာတဲ့ နာနတ်သီးကို လှီးနေသည်....။ ပင်ပျို က ကြီးမေ ဘေး ဝင်ထိုင်ရင်း " လေးလေး...ဘယ်အချိန်က ပြန်ရောက်တာလဲ... ဆိုင်ကယ်သံလည်း မကြားပါ့လား...." " မကြားဆို ရောက်ခါနီးမှ ဆီပြတ်လာလို့ဟေ့...." ပင်ပျို ရယ်မိတော့သည်...။ " ရယ်မနေနဲ့...နင့်ကို မေးစရာ ရှိသေးတယ်... ဟို နေ့လယ်က ကောင်လေးက ရိုးရိုးလား ဆန်းဆန်း လား..." "ကျော်စိုး ရယ်...အဲဒါ သူတို့ လူငယ် ကိစ္စတွေပါ... ဘာလို့ ဝင်ပါချင်ရတာလဲ..." ကြီးကြီး က တစ်ချက်ဟန့်သည်.. .။ " ဟာ...လူငယ် ကိစ္စ ဆိုပေမဲ့ ရှင်းအောင်လင်းအောင် တော့ မေးရမှာပဲလေ...." လေးလေးက သူ့အမ စကားကို လက်မခံ....။ " ရိုးရိုးပါ လေးလေးရဲ့...." ပင်ပျိုပဲ ကြားထဲက ဝင်ဖြေပေးလိုက်သည်...။ ပြီးတော့ နာနတ်သီးစိတ်ကို ယူကာ စားလိုက်သည်....။ " အေး....နင်ကတော့ ရိုးရိုး ရှိမှာ.... ဟိုကောင်လေးကတော့ မရိုးဘူး သေချာတယ်.. ကြည့်တာကိုက မျက်လုံးထဲ အရည်လက်နေတာပဲ..." လေးလေးစကားကြောင့် နာနတ်သီးပင် သီးမလိုလို ဖြစ်သွားသည်...။ " လေးလေးက ပြောတော့ မယ်...." ပင်ပျို ရှက်ပြောလေး ပြောတော့သည်...။ " ကဲ...စကား ဆက်လက်စနဲ့ မထူးတော့ဘူး.... ကြီးမေလည်း မေးအုံးမယ်... သမီးက သူ တိမ်းညွှတ်နေတာကို တကယ်မသိဘူးလား.." ပင်ပျို ဘာဖြေရမှန်း မသိ...။ လိမ်ရင်လည်း လိမ်မှန်း သိသာနေမှာမို့ လေးလေးပင်ပင် နဲ့ ခေါင်းညိတ်ပြလိုက်သည်...။ " သမီးက ဘယ်လို စဥ်းစားထားလဲ...." ပင်ပျို သက်ပြင်းချရင်း " သမီးက ယောကျာ်းတွေအတွက် အဆိပ်ပန်းပဲလေ....။ မြတ်နိုးစိတ်နဲ့ပဲ ခူးခူး... ခြွေချချင်စိတ်နဲ့ပဲ ခူးခူး.. ခူးတဲ့သူ အဆိပ်သင့်မှာပဲ လေ... သမီး သူ့ကို ခင်ပါတယ်...။ ဒါကြောင့် သူ အဆိပ်မသင့်ဖို့ သမီး ရှောင်ရှားရမယ်လေ...." ပြောရင်း အသံ တိမ်ဝင်သွားတော့ ဒေါ်ခိုင်မြင့် နဲ့ ဦးကျော်စိုး တူမ အတွက် စိတ်မကောင်းမိ.....။ " ဒါဆို သမီး အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောထားလိုက်ပေါ့..." ပင်ပျို ကြီးမေရဲ့ စကားကြောင့် ပြုံးရင်း " သူသိပါတယ် ကြီးမေရယ်.... သိသိကြီးနဲ့ ရှေ့ဆက်တိုးချင်နေတာ..." " ဟ...ဇ. က မသေးပါလှ ဟ...." လေးလေးက ခေါင်းတညိတ်ညိတ်နဲ့ " ဒါဆို...ပျိုလေး ပြောချင်တာက အဲကောင်လေးက ပျိုလေး ရဲ့ လက်ရှိ အခြေအနေကို လုံးဝ သိတယ်...သိရဲ့နဲ့ ရှေ့ဆက်တိုးနေတာပေါ့.... သမီး ရှောင်ပြေးနေတာတောင်မှလေ...." ပင်ပျို ခေါင်းညိတ်ပြလိုက်သည်...။ " နေပါအုံး...သူက ဘာလို့ သတ္တိကောင်းနေတာလဲ.." " သူက မယုံတာ.... ။ ပင်ပျို့ကို သူ အမြဲ ပြောတဲ့

photo content

ပြီးတော့ တစ်ယောက်ထဲလား...." ပင်ပျို ဆောင့်ဆောင့်အောင့်အောင့် မေးလိုက်သည်...။ ဘေး စားပွဲဝိုင်း က ကောင်လေးတွေက တော့ သူ့ကို အားကျသလို ကြည့်နေကြသည်...။ သူတို့ ခိုးခိုးကြည့်နေတဲ့ ဆိုင်ရှင်မမကိုယ်တိုင် လက်ခံစကားပြောနေတဲ့ သူဆိုတော့ အားကျနေကြပုံ ရပါသည်...။ " ဘာလိုက်လုပ်တာတုန်းဆိုတာက တော့ အဖြေ ပေးပြီး ရှောင်ထွက်သွားတဲ့ ရည်းစား အသစ်ချပ်ကျွတ်လေးကို ဘယ်ပြေးပြေး မလွတ်ကြောင်း သက်သေပြချင်တာ..." ရည်းစားလို့ ပြောလို့ စိတ်တိုတိုနဲ့ အော်မလို့ လုပ်ပြီးမှ အဖြေပေးခဲ့တာကို သွားသတိရမိတော့ ပါးစပ် ပိတ်သွားမိသည်...။ ဒါပေမဲ့ အဲတုန်းကလည်း အကျပ်ကိုင်တာကို မလွန်ဆန်နိုင်လို့ ပေးလိုက်တာလေ....။ နောက်ပြီး အဲဒါကို အသုံးချပြီး နှုတ်ခမ်းကို ပိုင်စိုးပိုင်နင်း ကျူးကျော်သွား တာက လည်း ရှိသေး.....။ ဟွန့်.....။အဲတုန်းက ပရမ်းပတာ ခုန်တဲ့ ရင်ခုန်သံတွေကြောင့် အိပ်တောင် မရခဲ့....။ ဒါပေမဲ့ သူ ထိခိုက်မှာ စိုးလို့ နောက်နေ့ အားချင်း ​စီစဥ်ပြီး ကြီးကြီးတို့ဆီ ထွက်လာခဲ့တာ... ။ သူ့ အတွက်ပါလို့ ပြောလည်း ယုံမှာ မဟုတ်လို့ မပြောဖြစ်တော့...။ သူက ပိုင်ပိုင်နိုင်နိုင် ပြောပြီးမှ ကျန်သေးတဲ့ စကားကို ဆက်သည်....။ " တစ်ယောက်ထဲလား ဆို အဖော်ပါတယ်... ထွန်းနိုင်နဲ့ အောင်လေး....။ ဈေး လျောက်သွားလေ ရဲ့...။ ကိုယ်ကတော့ မင်းအလာကို ဆည် ဝက စောင့်တဲ့ ဗျိုင်းလို စောင့်နေတာ.... ဟော...ပြောရင်း ဆိုရင်း ပြန်လာကြပြီ..." ထွန်းနိုင်နဲ့ အောင်လေး က အနားကို ရောက်လာကြသည်...။ ပင်ပျို စိတ်တိုတိုနဲ့ အနားရောက်လာတဲ့ နှစ်ကောင်လုံးကို မှတ်လောက်သားလောက်​အောင် နားရွက်ကို ဆွဲလိမ်ပစ်လိုက်သည်.....။ ပြီးမှ ခပ်ကြိတ်ကြိတ်နဲ့ " ဟင်...။ အခြေအနေကို မသိတာလည်း မဟုတ်...။.တော်တော် ပါရမီ ဖြည့်ချင်နေကြ... တော်တော် ကူညီချင်နေကြတယ်...ဟုတ်လား..." " အား...၊ ကျွန်တော်တို့က မကူညီချင်ဘူး... ကိုလတ်က ကို လုပ်လိုက်ရင် ချည်ပြီးတုပ်ပြီး လုပ်တာ... ပြောချင်ပြော သူ့ကိုပြော...." ထွန်းနိုင် က နားရွက်ဆွဲလို့ ဇက်ကြီးလည်လျှက်ကပင် ဖြေရှင်းချက်ပေးသည်...။ ပင်ပျို စိတ်ရှိသလောက် နားရွက် ဆွဲပြီးမှ လွှတ်လိုက်သည်...။ နှစ်ယောက်သား ပူထူနီရဲသွားတဲ့ နားရွက်လေးကို ပွတ်ရင်းထိုင်သည်...။ " အဲဒါ ကိုလတ်ကြောင့်...." အောင်လေးက မော်ကွန်းကို မကျေမနပ် ပြောသည်...။ " ဟာ...ငါ လုပ်တာမှ မဟုတ်တာ.....။ မင်းတို့ မရီး လုပ်တာလေ...။ ပြောချင်ရင် သူ့ကို ပြော..." " ရှင်နော်...ဘာ မရီး လဲ....." ပင်ပျို သူ့ အပြောကို မကျေမနပ် ပြောတော့ သူက လက်ကာ ပြရင်း " ကဲပါ...နောက်မှ ရန်ဖြစ်ရအောင်နော်... ကိုယ်တို့ အခု ဗိုက်ဆာနေလို့.... ထမင်း ကျွေးပါအူံးနော်..." " အဲဒါတော့ ဟုတ်တယ် ဗျ...။. မနက်ကနေ ခုထိ ဘာမှ မစားရသေးဘူး....။ အစောကြီးကတည်းက ဒီနားမှာ လာစောင့်နေတာ..." " နေပါအုံး ဒီမှာ လာစောင့်တယ် ဆိုတော့ ဘယ်လို သိတာလဲ...." " ဟဲဟဲ....ချိုရီသဲ စနည်းနာ ပေးတာ..." သူ့ဘက်က လူတောင့်နေတာပါ့ကော.....။ ပင်ပျို စိတ်ကို လျှော့လိုက်ရင်း " ကဲ..ပြော....ဘာနဲ့ စားမှာလဲ..." " ကောင်းတာ အကုန်ချ...အတို့လေးတွေကော... ကျသလောက် ပေးမှာ မပူနဲ့...." " အလကားလည်း မကျွေးပါဘူး.. ရှင့်ကို... အောင်လေးနဲ့ ထွန်းနိုင်က ပေးစရာမလိုဘူး....." " ဟာ.. ဘက် လိုက်ချက်....." သူ့ရဲ့ ညည်းသံနဲ့ တပြိုင်နက် ထဲ လိုလို ထွန်းနိုင်က " ငါ့ အမ က အဲကြောင့် လှနေတာ..." ပင်ပျို ဘာမှ ဆက်မပြောဘဲ ထမင်းပွဲ ပြင်ပေးရန် ထွက်လာခဲ့လိုက်သည် ။ ခပ်လှမ်းလှမ်း က မသိမသာ အကဲခတ်နေတဲ့ ကြီးကြီးနဲ့ လေးစိုးကြောင့် မျက်နှာက ပူခနဲ.... ။ အဲဒါ ဒင်းကြောင့်......။

ဘယ်လို ဖြစ်လို့ ရောက်နေတာလဲ...။ သူကတော့ အေးအေးဆေးဆေး သက်တောင့်သက်သာ စားပွဲဝိုင်းတစ်ခုမှာ ထိုင်ရင်း ပင်ပျိူကို ပြုံးစစနဲ့ ကြည့်နေသည်... ။ သူ ပြုံးပုံက ပင်ပျို ဘယ်ပြေးပြေး မလွတ်ပါဘူး ဆိုတဲ့ ပုံစံ.....။ အဖြေပေးပြီး တမင်ကို သူ့ရန်ကို ကြောက်လို့ ဒီမှာ လာပုန်းနေတာလေ.....။ ဒီပွဲတော်က ကြီးကျယ်လွန်းတာ မှန်ပေမဲ့ လက်ပန်တန်းရွာက လူတွေ လာ ခဲပါသည်... ။ လက်ပန်တန်းက ပထဝီ မြေအနေအထားကကို သီးခြားလို ဖြစ်နေပြီး လမ်းပန်းဆက်သွယ်ရေး က ခက်တာမို့ တော်ရုံ တခြားဒေသ မြို့ရွာတွေကို မသွားလာကြ....။ တော်ရုံ မလာတဲ့ နေရာကို သူက ရောက်ချပြီ....။ သူ့ကို ရှောင်ချင်လို့ လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက ဒီကို ထွက်လာခဲ့တာ...။ ဘယ်လို အနံ့ခံပြီး လိုက်လာမှန်း မသိ....။ ဘေးမှာက လူတွေလည်း မတွေရတာကြောင့် တစ်ယောက်ထဲ လာတာလား...။ ဖြစ်နိုင်ဖို့ ခက်ယဥ်းပေမဲ့ အဖော်လည်း မတွေ့တော့ မတွေးတတ်တော့....။ ဘာပဲဖြစ်ဖြစ် ရောက်လာပြီဆိုတော့ ဘယ်လိုရှောင်ရမလဲ တွေးရပေအုံးမည်....။ ပြုံးပြုံးကြီး ကြည့်နေတဲ့ သူ့ကို စိတ်မသက်မသာ ပြန်ကြည့်ရင်း မျက်နှာလွှဲလိုက်သည်....။ " ဦးလေး ၊ ခဏလောက်ဗျ..." သူ့ရဲ့ ခေါ်သံကို ကြားတော့ မသိမသာ ခေါင်းလှည့်ကြည့်သည်....။ လေးလေးစိုးကို အလုပ်သမား ထင်နေပုံ ရသည်...။ လေးစိုးက သွားလိုက်ရင်း " ဘာ မှာမလဲ ငါ့တူ...." " မှာမှာပါ...။ ဒါပေမဲ့ နောက်မှ မှာမှာ... လောလောဆယ် ဟို ညီမကို ကျွန်တော်က ခဏလောက် တွေ့ချင်လို့ပါလို့ ပြောပေးပါလား..." ပင်ပျိုကို လက်ညိုးထိုရင်း ခေါ်ခိုင်းတာကို ကြားလိုက်ရတဲ့ စကားကြောင့် ပင်ပျိုတစ်ယောက် ခေါင်းထောင်သွားသည်...။ လေးစိုးက စိတ်က ထက်ထက်နဲ့ ရှုပ်ကုန်တော့မယ်....။ " ဒီမှာ ငါ့တူ မင်း မိုက်ရိုင်းလှချည်လားကွ... ဝတ်ပုံစားပုံ က လူကြီးလူကောင်း ပုံစံနဲ့...." " ဗျာ...ကျွန်တော် ဘာများ ​ပြောမိလို့လဲ ဗျာ....." နားမလည်စွာ ပြန်ပြောတဲ့ သူ့ရဲ့ ကော်လံကို လေးစိုးက ဆောင့်ဆွဲရင်း " မင်းက ဘာကောင်မို့ ဆိုင်ထဲထိ လာပြီး ငါ့တူမကို တွေ့ခွင့်တောင်းနေရတုန်း... ဒီမှာ ငါ ရုတ်ရုတ်သဲသဲ တွေ မဖြစ်ချင်ဘူး....ခု ထွက်သွား..." " ဗျာ...ဦးလေးက ပင်ပျိုရဲ့ ဦးလေးလား..." ကျော်စိုး ကော်လံကို စောင့်ဆွဲရင်းမှ တူမ ဖြစ်သူရဲ့ နာမည်ကို ပါ ဒီကောင်လေးက ခေါ်တော့ နည်းနည်း တွေဝေသွားသည်... ။ တူမနဲ့ ရင်းနှီးလို့လား.....။ တူမမှာ ကောင်လေး သူငယ်ချင်းလည်း ရှိသံ မကြားမိပါဘူး...။ ဒါပေမဲ့ သူပြောပုံက ကျလည်း ရင်းနှီးတဲ့ ပုံ.....။ " ဟို...လေးလေး....အဲဒါ သမီး အသိပါ...." အူယားဖားလျား ပြေးလာတဲ့ တူမကြောင့် စိတ်ကို ထိန်းလိုက်ရသည်...။ " ပျိုလေး...ဒါ နင့် အသိလား...." ဦးကျော်စိုး သေချာအောင် ထပ်မေးသည်.... ။ ပင်ပျို ကဗျာကယာ ခေါင်းညိတ်ပြရင်း " ဟုတ် လေးလေး....သူက လက်ပန်တန်း က...." " ဟာ...သူ့ပုံစံက တောသား ပုံ မဟုတ်ပါ့လား..." " ဟုတ်တယ်...တောသား မဟုတ်ဘူးး... သမီး ပြီးရင် ရှင်းပြမယ်...." စိတ်တိုတတ်တဲ့ ဦးလေးကို ကမန်းကတမ်း ပြောနေရသည်....။ လေးလေးက ပင်ပျိုကို တော်တော် ချစ်တဲ့ သူမို့ သူ့တူမကို ထိပါးလာရင် သည်းခံတန်သူ မဟုတ်...။ " ဟဲ့ ငစိုး...ဧည့်သည် တွေနဲ့လေ..... တူမက သူ့ အသိပါဆို မှ လွှတ်လိုက်တော့လေ... ရုတ်ရုတ်သဲသဲ ဖြစ်ရင် မကောင်းဘူး....။" ဒေါ်ခိုင်မြင့် ကမန်းကတမ်း ရောက်လာကာ ပြောမှ လွှတ်ပေးလိုက်သည်....။ ပြီးတော့ တစ်ချက်ကြည့်ကာ ဟိုဘက် ထွက်သွားသည်...။ မော်ကွန်းလည်း ခုမှ အသက်ရှူ ဝ တော့သည်...။ ဘေးက ပင်ပျို အဒေါ် ဖြစ်ဟန်တူတဲ့ မိန်းမကြီးက မော်ကွန်းကို စူးစမ်းသလို ကြည့်ရင်း " ငါ့တူက ဘယ်ကလဲ... ကြီးကြီး တစ်ခါမှ မမြင်ဖူးပါ့လား..." " ဟုတ်....ကျွန်တော်က လက်ပန်တန်း ရွာက အဖိုး လူမောင်ရဲ့ မြေးပါ.... အဖိုး လူမောင်ရဲ့သား ဦးခန့်မောင် က ကျွန့်တော့် အဖေပါ....." သြော်....။ ဒေါ်ခိုင်မြင့် ဦးလူမောင်ကိုတော့ ကောင်းကောင်း သိပါသည်လေ...။ ညီမလုပ်သူ အိမ်ထောင်ကျ တဲ့ ရွာက လူချမ်းသာပဲ...။ ဧကတစ်ရာ လောက် ပိုင်တဲ့ ဦးလူမောင်က လက်ပန်တန်း ရွာရဲ့ သူဌေးပဲလေ....။ မြို့က သူ့သားက ကျိကျိတက် အရမ်း ချမ်းသာတယ်လို့ ကြားဖူးတာ...။ ဒီကောင်လေးက အဲဒီလူရဲ့ သား ဖြစ်လောက်မယ်...။ " အေးအေး... တူမက ကောင်လေး သူငယ်ချင်း ရှိတာ မကြားဖူးတော့ သူ့လေးလေးက နားလည်မှု လွဲကုန်တာ... ကြီးကြီးကပဲ တောင်းပန် ပါတယ်...": " ဟာ...ရပါတယ်..ကြီးကြီး...ပြသနာ မရှိပါဘူး...." "အေးပါ...အဲဒါဆိုလည်း စကားပြောကြအုံး..." အာသွက် လျှာသွက် ရှိလှတဲ့ ကောင်လေးကို တစ်ချက်ကြည့်ရင်း ဒေါ်ခိုင်မြင့် လှည့်ထွက်လာခဲ့သည်...။ " အမလေး...ပင်ပျိုရယ်....မင်း ထွက်လာတာ မြန်လို့...မဟုတ်ရင် ကိုယ် အိုးစားကွဲ တော့မလို့..." " ရှင်က အိုးစားကွဲ ရမှာ မဟုတ်ဘူး.....။ နုပ်နုပ်စင်းပစ်ရ မှာ...၊ မကြောက်မရွံ့ လေးစိုးကို သွားပြီး ပြောတာကို....." " ဒါကတော့ ကိုယ်က ဝိတ်တာ ထင်လို့ပါ.... မင်း လေးလေးမှန်း မသိဘူးလေ..." ပင်ပျို မျက်စောင်းထိုးရင်း " ရှင်က ဒီ အထိ ဘာလိုက်လုပ်တာလဲ...

အနန္တထိတိမ်းညွှတ်အပ်သော အခန်း ၁၇ " သမီး... အဆင်သင့် ဖြစ်ပြီလား...." " ဟုတ်...ကြီးမေ..သွားရအောင်လေ..." ဒေါ်ခိုင်မြင့် တူမတော်သူ နွယ်ပင်ပျို ကို ကြည့်ပြီး လှရက်လိုက်တာလို့ တွေးမိသည်...။ တကယ်ပါ...။ အပေါက်အဆက် က တကယ့် အံဝင်ဂွင်ကျ... ။ ဆံသားကြီးတွေက ရှည်ပြီး မဲနက်ကာ ထူနေသည်......။ အုံကောင်းလှတဲ့ ဆံသားကြီးတွေ အောက်မှာ ဗမာဆန်ဆန် လှပနေတဲ့ တူမချောကို ကြည့်ကာ ပီတိလည်း ဖြစ်.... စိတ်လည်းမကောင်း ဖြစ်ရသည်....။ မွေးကတည်းက လှလွန်းတဲ့ တူမကို မင်းကတော်လောင်း လို့ သတ်မှတ်ပြီး တကယ်ဂုဏ်ယူခဲ့တာ...။ အရွယ်လေး ရောက်လာလို့ တက္ကသိုလ် သွားတက်တော့ ကောင်လေး တစ်ယောက်က အရူးအမူး စွဲလမ်းလို့ အိမ်ထိ လိုက်လာပြီး တောင်းပါလေရော....။ ကောင်လေးက တော်တော်ချမ်းသာတဲ့သူ...။ သူနယ်ဘက်မှာ လက်ဖက်ခြံ၊ လိမ္မော်ခြံ တွေ အပြင် သတ္တုတွင်းတွေပါ ပိုင်သည်....။ မျိုးရိုးကလည်း စော်ဘွာမျိုးရိုး ဆိုတော့ သူတို့ မှာလည်း ငြင်းစရာ မတွေ့ဖူးပေါ့...။ တူမကလည်း အိမ်က သဘောတူရင် လက်ခံမယ် ဆိုတော့ သဘောတူပေးလိုက်ရတာပေါ့....။ ဒါပေမဲ့ အဲဒါတွေနောက် ဆက်ဖြစ်တဲ့ အဖြစ်အပျက်တွေက....။ ဟင်း....။ ဒေါ်ခိုင်မြင့် တွေးရင်မှ သက်ပြင်းချလိုက်မိသည်...။ " ကြီးမေ သွားရအောင်လေ...။ ဘာတွေ တွေးနေတာလဲ...။ လေးလေးက စောင့်နေတော့မယ်...": ပင်ပျို လောဆော်လိုက်မှ အတွေးလွန်နေတဲ့ ဒေါ်ခိုင်မြင့် သတိပြန်ဝင်လာကာ " အေးအေး သမီး...သွားရအောင်...၊ ဖွားဖွားကိုရော နှုတ်ဆက်ပြီးပြီလား...." " ဖွားဖွားက ဥပုသ်စောင့် လိုက်သွားတယ်လေ ကြီးမေရဲ့....." ဟုတ်သား...။ ဒေါ်ခိုင်မြင့် လည်း စိတ်တွေ ထွေပြားကာ အယောင်ယောင်အမှားမှား...။ " ဒါဆိုရင်လည်း သွားကြရအောင်လေ..." နှစ်ယောက်သား လိုအပ်တာများ ကို ယူကာ ထွက်လာခဲ့သည်... ။ ပွဲတော်ကျင်းပ ရာ စေတီထိက မြင်းလှည်းငှားရသေးသည်...။ ညောင်စဥ်ကန်မြို့ရဲ့ အထင်ကရ မဟာပီတ စေတီတော်ကြီးမြတ်ကြီးရဲ့ ဗုဒ္ဓ ပူဇနိယ ပွဲတော် ကြီးက ဒီနယ်တဝိုက်မှာ ဘယ်ပွဲတော်မှ မမှီနိုင်လောက်အောင် စည်းကားတာ....။ ဘုရားသမိုင်းအရ ဆက်စပ်မှု ရှိတဲ့ ရွာပေါင်း က ရွားကြီးပေါင်း ၁၉ရွာနဲ့ ရွာငယ်ပေါင်း ၂၁ရွာ ထိ ဆက်စပ်တာကြောင့် တိုက်နယ်နှစ်ခုလောက်က လူတွေက ဘုရားပွဲရက်ဆို အကုန်လာစုံကြတာ...။ နောက်တစ်ခုက အထင်ကရ အဆိုတော်တွေ ... ရုပ်ရှင်သရုပ်ဆောင်တွေ.... အဲလိုမျိုး လူသိများထင်ရှားတဲ့သူတွေက လာရောက် ဖျော်ဖြေတာကြောင့် ဒီမြို့ရဲ့ ပွဲတော်ချိန်ဟာ တခမ်းတနား စည်ကားလှသည်....။ ရောက်လာတဲ့ သူတွေကို အမှီပြုပြီး စီးပွားရေး လုပ်ကြတဲ့ ဆိုင်ရှင်များလည်း ဒီအချိန်က စီးပွားရေး တွက်ခြေ အရမ်းကိုက်တဲ့ လပါ.....။ ဘုရားပွဲတော်ကို လဆန်း ၁၁ရက်မှ လပြည့်ကျော် ၁ရက်နေ့ထိ တရားဝင်ဖွင့်တာ ဖြစ်သော်လည်း လဆန်း ၈ရက်လောက် က စ ကြိတ်ကြိတ်တိုး စည်ကားနေလှပြီ....။ ဒေါ်ခိုင်မြင့် တို့က ထမင်းဆိုင် ဖွင့်ထားတာ...။ အရသာက ကောင်းသည် ၊ တန်ဖိုးကလည်း သင့်သည့် အပြင် ဟင်းကလည်း တို့စရာ မြှပ်စရာတွေကလည်း ရာသီနဲ့ ကိုက်ညီစွာ ထည့်ထားတာမို့ လူတွေက သူမတို့ဆိုင်ကို အသားကုန် အားပေးကြသည့်...။ ရောင်းအားက လက်မလည်တာမို့ အလုပ်သမား ၅ယောက်လောက်ပင် ခေါ်ထားရတာ...။ ခုက တူမချောပါ ဆိုင်ထိုင်တာမို့ ကျလိုက်တဲ့ လူက ရောင်းမလောက် ချက်မလောက်.....။ မောင်ဖြစ်သူ ကျော်စိုး က တူမကို သိပ်မလာစေချင်....။ အိမ်မှာပဲ နေခိုင်းစေချင်တာ....။ ဒါပေမဲ့ မွန်းကြပ်ပုံပေါ်နေတဲ့ တူမကို မြင်​တော့လည်း မတားရက်တာမို့ စိတ်ပြေလက်ပျောက် ဆိုင်မှာ ထိုင်ခိုင်းထားတာ...။ " လေးလေး...သမီးတို့ ရောက်ပါပြီ....။" မနက်ကိုပဲ လက်မလည် ခေါင်းမဖော်နိုင်တဲ့ လေးလေးကို ပင်ပျို နှုတ်ဆက်တော့ " အေးအေး...ပျိုလေး...ထိုင်ထိုင်... ဒီမှာ နောက်က ချက်တဲ့သူ လှိုင်နေတာနဲ့ လေးလေး ဧည့်ကြို လုပ်နေတာ.. ရောက်တာနဲ့ အတော်ပဲ...ကောင်တာမှာ စာရင်းလုပ်ပေးအုံး... ဒါနဲ့ ဈေး လည်အုံးမှာလား...။" လေးလေးက ပင်ပျိုကို ပျိုလေး လို့ ခေါ်ရင် ခေါ် ၊ မဟုတ်ရင် တူမလို့ ပဲ ခေါ်သည်...။ " လည်ဘူး ​လေး လေး...။ လူတွေ ရှုပ်လွန်းလို့..." ပင်ပျို ပြန်ပြော ရင်း ငွေရှင်းကောင်တာမှာ ထိုင်လိုက်သည်...။ " အဲဒါဆိုလည်း စာရင်းလေးတွေ လုပ်လိုက်...." ပင်ပျို ခေါင်းညိတ်ပြရင်း လယ်ဂျာ စာအုပ်ကို ယူလိုက်ကာ လုပ်ငန်းစဖို့ ပြင်လိုက်သည်...။ ဆိုင်ထဲမှာ စားနေတဲ့ ကောင်လေးတွေက လှမ်းကြည့်တာကို သတိထားမိပေမဲ့ ဒါတွေက ရိုးနေပြီမို့ လစ်လျူရှုကာ လုပ်စရာရှိတာတွေ လုပ်နေလိုက်သည်....။ အလုပ်ကို အာရုံစိုက် လုပ်ရင်း ဇက်ကလေး ညောင်းလာတာကြောင့် ခေါင်းလေးကို မော့ကာ ဟိုဟိုဒီဒီ ဘာရယ် မဟုတ် ကြည့်လိုက်မိသည်....။ ဒါပေမဲ့ တစ်နေရာအရောက်မှာတော့ ရင်တွေ ဒီန်းခနဲ ဖြစ်သွားကာ ကိုယ်လေး မတ်သွားသည်...။ " ဟင်....မြို့သား..." ပါးစပ်က တိုးတိုးလေး ထွက်သွားကာ အံ့လည်း ဩသွားရသည်...။ နေရာက စားပွဲ နှစ်ခု အကျော်...။ လက်နှစ်ဖက် လုံး စားပွဲပေါ် တင်ထားလို့ တန်ဖိုးကြီး Rolex နာရီက တဖိတ်ဖိတ်...။

photo content

တန်းတန်းမတ်မတ် ပြန်လာမှာပါ..." " အင်းပါ....။ ငါ့မြေးကို ယုံတယ်... ဟို နှစ်ကောင်ကို မယုံတာ..... တော်ကြာ ဟိုဟိုဒီဒီ ထပ်ခေါ်သွားနေမှာ စိုးလို့.... " ဖက်ဆေးလိပ်ကြီး မီးညှိကာ ဖွှာနေတဲ့ မေကြီးက ပြောသည်..။ နေရင်းထိုင်ရင်း အယုံမခံရတဲ့ ထွန်းနိုင်နဲ့ အောင်လေးကတော့ မျက်နှာတွေ ရှုံ့ကာ မော်ကွန်းကို ကြည့်သည်... ။ မော်ကွန်းကတော့ မှင်သေသေနဲ့ ထမင်းကို အေးဆေးစွာ စားပြနေလိုက်သည်...။ သူတို့လည်း လည်နင်မှာပေါ့.....။ သွားချင်လွန်းလို့ လမ်းစ ရှာနေတဲ့ မော်ကွန်းက လွတ်လွတ်ကျွတ်ကျွတ် ယုံကြည်ခံနေရပြီး သူတို့ နှစ်ယောက်က နေရင်းထိုင်ရင်း မယုံသင်္ကာ ဖြစ်ခံနေရသည်....။ စားသောက်ပြီး သစ်ပင်ရိပ် ဆီ သုံးယောက်သား ထွက်လာခဲ့လိုက်သည် ။ သစ်ပင်ရိပ် ထိုင်မိတော့.... " လေး ငါး ခြောက်ရက် လို့ ပြောတော့ မနည်းဘူးလားကွ....ပြောချင်း ပြော များများ​ပြောရမှာ....။" " ကိုလတ်က လုပ်ပြီ....။ ခုကိုပဲ မေကြီးက ဆူတော့ ကျွန်တော် တို့ကို... ရက် အများကြီး ပြောလို့ ထရိုက်ရင် ကျွန်တော်တို့က ခံရမှာ......။" ထွန်းနိုင်က မဲ့ကာ ရွဲ့ကာ ပြောသည်...။ မော်ကွန်းက ရယ်ရင်း " မရိုက်ပါဘူး ကွာ...မင်းကလည်း.... ရိုက်လည်း ငါ ဆေးကုပေးမှာပေါ့....." " ကိုလတ် ဆေးကုပေးမှာက နောက်.... ခေါင်းကွဲမှာက အရင်....၊ အဆင်မပြေပါဘူး......" " ကဲ...အဲဒါ ထားလိုက်..... သေချာသိရအောင် စုံစမ်းခိုင်းတဲ့ ချိုရီသဲက မလာသေးဘူးလား...." " လာပါလိမ့်မယ် ၊ ကိုလတ်ရာ... ဒါမျိုးက ဒဲ့မေးလို့ ကောင်းတာ မဟုတ်ဘူး... ဒဲ့ မေးရင် သံသယ ဝင်သွားလိုက်မယ်... ဒီအတိုင်း စကားကို ဖောရော သောကော နဲ့ မသိမသာ အစ်ရတာ...လွယ် တယ် မှတ်နေလား...." မော်ကွန်း ခဗျာလည်း ဒီ ကိစ္စ ကျမှ သူတို့ ပြောသမျှ ခံနေရသည်.... ။ မခံလို့လည်း မရဘူးလေ.....။ သူတို့ မကူညီရင် သူ့ အဖြစ်က အတောင်ကျိုးတဲ့ ငှက် မဟုတ်ပေလား........။

မော်ကွန်း စိတ်ပျက်လက်ပျက် ပြောသည်.... ။ အောင်လေးက ခေါင်းယမ်းပြ ရင်း " မကြာဘူး ကိုလတ်....။ အဲလောက်တော့ စောင့်ရမှာ...။ အဲအချိန်လောက်ကျ ရွာက လူတွေလည်း သံသယ မဝင်ဘူး... နောက်ပြီး အကြောင်းပြချက် ကောင်းကောင်း တစ်ခုလည်း ကျွန်တော် ရှာတွေ့ထားတယ်...." အောင်လေး စကားကြောင့် အားလုံးရဲ့ မျက်လုံးတွေက အရောင်တွေ လက်ကုန်သည်...။ လိုနေတာက ထွက်ဖို့ အကြောင်းပြချက်လေ....။ ခု အဲဒါကို တွေ့ထားတယ်ဆိုတော့ တော်တော် အဆင်ပြေတာပဲ....။ " မင်းက ဘယ်လို စဥ်းစားထားတာ လဲ..." ထွန်းနိုင် အမေးကို ကျန်တဲ့သူတွေကလည်း စိတ်ဝင်စား နေသည်...။ " ငါပြောမယ် ကွာ...။ နောက် အပတ်ဆို ညောင်စဥ်ကန် မြို့က ပွဲတော်ကြီး စပြီလေ... အဲဒါ အကြောင်းပြလိုက်မှာပေါ့... ငါတို့ လူပျို စ ဖြစ်တုန်းကတောင် တခါ သွားဖူးသေးတယ်လေ.....။ " " နေပါအုံး...အဲဒါက ဒီလ ထဲလား....။" " အေးလေ....နောက်အပတ် လဆန်း ၁၁ ဆို စ,တာပါ့ကော...." " အေး...ဟုတ်သား...အဲ အကြံဆိုရင်တော့ မဆိုးဘူးကွ..." မော်ကွန်း သူတို့ ပြောတာတွေ နားထောင်ပြီး အဆင်ပြေလောက်တယ် ဆိုတာ သဘောပေါက် သွားသည်..။ " ညောင်စဥ်ကန်က ဝေးလား....မြို့လား သူက.... တို့ဖြတ်ခဲ့တဲ့ မြို့လား....." "မဟုတ်ဘူး ကိုလတ်..ကျွန်တော်တို့ ဖြတ်ခဲ့တာ သံတောင် မြို့... ညောင်စင်ကန်က အဲမြို့ တောင်ဘက်မှာ.... ကားလမ်း ပေါက်တယ်... ၁နာရီလောက် မောင်းရတယ်...." " အဲဆို အဆင်ပြေလောက်တယ် ပေါ့...." မော်ကွန်း လိုရင်းကို မေးလိုက်တော့ သူတို့ နှစ်ယောက်က ခေါင်းညိတ်ပြသည်....။ " ကျွန်မလည်း စဥ်းစားနေတာ..." ချိုရီသဲက ကောက်ခါငင်ခါ ပြောတော့ သူ့မဘက်ကို အာရုံရောက်သွားသည်....။ " နင်က ဘာကို စဥ်းစားနေရပြန်တာလဲ...." " ဒီလိုလေ...မနွယ်ပင်ပျို ရဲ့ အမေက ညောင်စဥ်ကန် မြို့သူပါ့ကော... ကျွန်မ မှန်းတာ မမှားလောက်ဘူး ဆိုရင် အဲကို သွားတာပဲ ဖြစ်ရမယ်.... ဟို ကိစ္စကြီး နောက်ဆုံးတစ်ခေါက်က ဖြစ်သွားတော့လည်း တစ်လလောက် သူ့ အမျိုးတွေဆီ သွားလည်လိုက်သေးတယ်လေ... အဲဆို အဲမှာ ရှိလောက်မှာပေါ့.... မဟုတ်ဘူးလား...." " ဟား...ဟုတ်ပြီ..ချိုရီသဲ... နင်တော်ပါ့ကော... ဒါပေမဲ့ သေချာအောင်တော့ ထပ်စုံစမ်းလိုက်အုံး...." မော်ကွန်း ချီးကျူးရင်း လုပ်ရမှာပါ တခါတည်း ပြောလိုက်သည်...။ ကဲ...။ ပင်ပျို.....။ လွတ်မယ်ထင်လို့ ပြေးတယ်ပေါ့...။ မော်ကွန်းသစ်က လွယ်လွယ်နဲ့ လက်မလျော့တတ်တာ မင်းမသိလို့ပါ...။ ကျေနပ်အားရစွာ တွေးရင်း ပြုံးနေတဲ့ သူတို့ရဲ့ ကိုလတ်ကို ကြည့်ကာ ကျန်တဲ့ သုံးးယောက် ခေါင်းတွေ ယမ်းလိုက်ကြသည်...။ တော်တော် ရောဂါ ရင့်သွားပြီပဲ... ။ ######################################### " ညောင်စဥ်ကန် ကို သွားမယ်...ဟုတ်လား....." " ဟုတ်တယ်လေ... ဘိုးလူ.... ကိုလတ်က တခါမှ မရောက်ဖူးဘူးလေ.... အဲဒါ ရောက်ဖူးအောင် လိုက်ပို့ မလို့... ပွဲတော်ရက်ကြီးလေ....အရမ်းစည်တာလေ.... သူ့ကို ပြောပြတော့ ကိုလတ် ကလည်း အရမ်းစိတ်ဝင်စားနေလို့... " " ငါ့မြေးက သွားချင်တာက နည်းနည်း နင်တို့က သွားချင်တာက များများမို့လား...." မေကြီးက ဟင်းဒန်အိုးထဲက ဝက်သားချက်တွေကို ပန်းကန်လုံးထဲ ထည့်ရင်း ပြောသည်....။ နေ့လယ်စာ ထမင်းစားချိန်မှာ သွားဖို့ အတွက် အဘိုးဖြစ်သူကို ထွန်းနိုင်တို့က ပြောပေးနေကြတာ....။ ထွန်းနိုင်က အသစ်ရောက်လာတဲ့ ဝက်သားတစ်ဖက်ကို ဆယ်ကာ ပလုပ်ပလောင်း စားရင်းမှ " ကျွန်တော်တို့က မသွားချင်ပါဘူး.... အဘွားရဲ့ မြေးက ဒီနယ် တစ်ဝိုက် စုံအောင် ရောက်ဖူးချင်တယ် ဆိုလို့ လိုက်ပို့မလို့ပါ..." " ငါ မသိတာကျနေတာပဲ..... ။ ငါ့မြေး မသွား သွားချင်အောင် နင်တို့က မြောက်ပေးနေတာ မဟုတ်လား..." မေကြီး က ထွန်းနိုင်ပြောတာကို လက်မခံ...။ သူ့မြေးက မသွားချင်ပါဘူး ချည်းပဲ ပြောနေတော့ မော်ကွန်း ပြုံးမိတော့သည်... ။ ထွန်းနိုင်တို့ကတော့ ထမင်းစားရင်း အီလည်လည်နဲ့ ခံနေရသည်...။ " အေး...သွားချင်ရင်လည်း မင်းတို့ လိုက်ပို့ လိုက်ပေါ့ကွာ....။ ဘယ်နှရက်လောက် နေမှာလဲ...." " လေး ငါး ခြောက်ရက်ပေါ့..၊ မပူပါနဲ့ ဘိုးလူ...အဲမှာ ဘုန်ကြီးကျောင်း ရှိတယ်လေ....။ အဲမှာ တည်းမှာ... .." " အေး....ဆရာတော် သုမန က ငါနဲ့ အသိပဲ...ငါ စာရေးပေးလိုက်မယ်.... အဲဒါ ယူသွား...။ ပိုက်ဆံ ကိုလည်း လိုသလောက် ယူသွား...။ မေကြီး က သော့ပေးလိုက်အုံး...." " နေပါစေ...အဘိုးရဲ့....။ ကျွန်တော့်မှာ အများကြီး ပါလာတာ...။ အဖေက တစ်နှစ်စာ သုံးဖို့ ဆိုပြီး ပေးလိုက်တာတွေ အများကြီး... အဲထဲကပဲ ယူသွားမယ်....." " အေး...သွားတာက သွား... ပွဲတော် လည်တာက လည်..... ဒါပေမဲ့ ရန်ဖြစ်တဲ့ နေရာတွေ မသွားနဲ့... ဘေးအန္တရာယ် ကင်းကင်းနဲ့ လည်....." မေကြီးက စိတ်မချနိုင်စွာ မှာနေသည်...။ ဒါဆိုရင်တော့ တော်တော် အဆင်ပြေနေပြီ...။ သွားဖို့ အခြေအနေကလည်း ပေးနေပြီဆိုတော့ တော်တော် ဟုတ်နေပြီ....။ " ပွဲတော် ပြီးရင်တော့ တန်းပြန်လာ... ရွာက အဘိုးတွေ မေကြီးတွေ စိတ်ပူအောင် လုပ်မနေနဲ့... " မေကြီးက မှာတော့ " စိတ်ချပါ မေကြီးရဲ့... ကျွန်တော်

အနန္တထိတိမ်းညွှတ်အပ်သော အခန်း ၁၆ " ငါ စုံစမ်းခိုင်းတာ ဘာတဲ့လဲ ချိုရီသဲ..." မော်ကွန်း လက်ဖက်အုပ်ထဲက လက်ဖက် တစ်စွန်းကိုယူပြီး စားလိုက်ရင်းမှ မေးလိုက်သည်....။ " မမပင်ပျို ရွာမှာ မရှိဘူးတဲ့ ကိုလတ်... မြို့ကို တက်သွားပြီ..နှစ်ရက်လောက် ရှိပြီ... " "ကျွတ်....။ " မော်ကွန်း စိတ်ပျက်လက်ပျက် ညည်းလိုက်သည်....။ ဒါဆို အဖြေရပြီး နောက်နေ့ပေါ့....။ သူမှာတော့ မျှော်လိုက်ရတာ....။ သူမက အေးဆေး ဝေးရာကို ရွှေ့သွားသည်....။ လုပ်ရက်တယ်လို့ ပြောရမလား... ဉာဏ်ပြေးတယ်လို့ ပြောရမလား....။ သေချာတာကတော့ သူက ဟက်ကော့ကြီး...။ လိုချင်တာကို အကွက်ချ ယူတတ်တဲ့ မော်ကွန်း ရုတ်တရက် ဘာလုပ်ရမှန်း မစဥ်းစားတတ်တော့...။ " ပြန်လာမှာ မို့လား....." ချိုရီသဲက ခေါင်းယမ်းပြ ရင်း " ခုချိန်တော့ ပြန်လာအုံးမှာ မဟုတ်ဘူး.....။ ယူသွားတဲ့ အဝတ်တွေက များတယ်တဲ့... ခရီးရှည် သွားတဲ့ ပုံစံ.... သူ့အိမ်ကတောင် ဆိုင်းမဆင့် ဗုံမဆင့် ခရီးထွက်လို့ အံ့သြနေကြတယ် ဆိုပဲ..." တွေးနေတဲ့ အရာက သေချာသွားပြီပဲ...။ ပင်ပျိုရယ်....။ မော်ကွန်း ခေါင်းကို အသာကုတ်ရင်း " ငါပြောမယ်...ထွန်းနိုင်နဲ့ အောင်လေးကို သွားခေါ်စမ်း....။ ရှိတဲ့ အလုပ်တွေ ပစ်ထားခဲ့လို့...." " ကိုလတ် လုပ်ပုံနဲ့ကတော့ အဘိုးလူတော့ စီးပွားပျက်တော့မှာပဲ.... လာကူတာလား အောက်မေ့တယ်... အလုပ်သမားတွေ ကို အလုပ်မလုပ်နိုင်အောင် ပဲ လုပ်နေ..." " ချိုရီသဲ...နင် တော်တော် လျှာရှည်တာ ဟာ.... သွားစမ်းပါ.. ငါ ခိုင်းတာသာ လုပ်စမ်းပါ...." ချိုရီသဲလည်း သူ့ကို စိတ်မသက်မသာ ကြည်ပြီး ထွက်လာခဲ့သည်...။ ကိုယ့်ရဲ့ အကိုမို့ သနားလည်း သနားမိပါ့....။ အမှန်ဆို ကိုလတ်လို လူမျိုးအတွက် မိန်းမ မရှားပါ...။ ချမ်းသာတဲ့ အပြင် ရုပ်ကလည်း တောင့်ဖြောင့်သူမို့ ဘယ် အမျိုးသမီး မဆို သဘောကျမဲ့ အနေအထား....။ ဒါပေမဲ့ ဒီရွာကို ရောက်.. ဒီရွာက အလှပဂေး ကျိန်စာသင့်တဲ့ ပန်းကိုမှ တွယ်ငြိမိတော့......။ ချိုရီသဲ အလုပ်ရှုပ်နေတဲ့ ထွန်းနိုင်နား သွားရင်း အကျိုးအကြောင်းပြောပြသည်....။ " ဟာကွာ....။ ကျွတ်...။ အလုပ်ကောင်းကောင်း မလုပ်ရဘူး... ခေါင်းပူရအုံးမယ် ဟာ..." ထွန်းနိုင်က စိတ်ပျက်လက်ပျက် ပြောတော့ ချိုရီသဲ ရယ်မိသည်...။ ထွန်းနိုင်က ညည်းကတော့ အသေညည်းတာ...။ ဒါပေမဲ့ ကြောက်ကျလည်း အတော်ကြောက်တာ...။ မြို့မှာလည်း ကိုလတ်အနားမှာ နေ သူခိုင်းတာ လုပ်ဆိုတော့ လူယုံလက်စွဲ ဖြစ်နေကာ သံယောဇဉ် လည်း ကြီးနေသည်...။ " ကဲ...နင် သွားစောင့်နေဟာ...ငါ အောင်လေး ခေါ်ပြီး လိုက်ခဲ့မယ်...." နေ့စဥ်မပျက် အစည်းအဝေး ထိုင်ရတာ စိတ်ညစ်စရာ.....။ ချိုရီသဲလည်း ခေါင်းညိတ်ပြရင်း ကိုလတ်ဆီကို ပြန်လာလိုက်သည်...။ ထွန်းနိုင်ကတော့ အောင်လေးကို သွားခေါ်နေချေပြီ....။ သူတို့ သုံးယောက် ကိုလတ် ဘာခိုင်းအုံးမလဲ ရင်တထိတ်ထိတ် နဲ့ နားထောင်ရပေအုံးတော့မည်...။ ကိုလတ်ကို ဘယ်သူမှ မနိုင်ဘူးလေ....။ ############################### " ဘယ်ကို သွားမှန်း မသိဘဲ ဘယ်ကို လိုက်ရမှာလဲ ကိုလတ်ရဲ့..." အောင်လေးက ခေါင်းကို တဗျင်းဗျင်း ကုတ်ရင်း ပြောသည်....။ " ဘယ်ကို သွားမှန်း သိဖို့က ....၊ ချိုရီသဲ..၊. နင် တာဝန်ယူ...." " ကိုလတ်က လုပ်ပြီ... ကျွန်မက သူ့အိမ်ကို သွားမေးရ မှာလား ... အလုပ်သမားတွေတောင် မသိပါဘူးဆိုတာ..." " မေးသင့်ရင် မေး...။ အဓိက က ပင်ပျို ဘယ်သွားလဲ ဆိုတာ သိရမှ ဖြစ်မှာ...." . ငေါက်ဆတ်ဆတ် နဲ့ ပြောတော့ ဘာမှ ထပ်မပြောရဲတော့....။ " မင်းတို့ နှစ်ယောက်က ခဏ တဖြုတ် ခရီးထွက်ဖို့ အဘိုးနဲ့ မေကြီးကို ဘယ်လို အကြောင်းပြချက် ပေးရမလဲ စဥှးစား...." အောင်လေး နဲ့ ထွန်းနိုင် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်...။ မော်ကွန်းက တော့ ​ပြေးထွက်ရှောင်တဲ့ သူမကို ဘယ်လို အမိဖမ်းရမလဲ စဥ်းစားနေမိသည်....။ မင်းဘယ်လောက် ပြေးပြေး ကိုယ့်လက်က လွတ်မယ် ထင်လို့လား......။ " ကိုလတ်က ဘယ်အချိန်လောက် သွားချင်တာလဲ...." " ဖြစ်နိုင်ရင်တော့ မနက်ဖြန်ပေါ့ ကွာ...." " ဟာ...ခု မိန်းမယူ ခု ကလေးမွေးလို့ ရဘူးလေ ကိုလတ်ရ..." " ဟဲ့...ငါ ဒီမှာ ရှိနေသေးတာ နော်.... ဥပမာ တခြားပေး လေ...." " နင်ကလည်း တမှောက်...။ ပါးစပ်ထဲ ရှိတဲ့ စကား ထွက်လာတာ ဟာ... အဲလို ရှင်းရှင်းလင်းလင်း ပြောမှ နင့် ကိုလတ်က သဘောပေါက်တာ...." ထွန်းနိုင်က ချိုရီသဲ ကို မဲ့ကာ ရွဲ့ကာ ပြောသည်, ...။ " ကဲ..ရန်သတ်မနေနဲ့...စဥ်းစားစရာ ရှိတာ စဥှးစား...." " တန်းပြီး သွားဖို့က မရဘူးလေ ကိုလတ်... အဘိုးလူတို့ကို ခိုင်လုံတဲ့ အကြောင်းပြချက် ပေးဖို့က ရှာရအုံးမှာ.... ။ နောက်ပြီး မနွယ်ပင်ပျို ထွက်သွားတာက သိပ်မကြာသေးဘူး... ကျွန်တော်တို့က ထပ်ကြပ်မကွာ လိုက်ရင် ရွာထဲက လူတွေ ရိပ်မိကုန်ပါမယ်..." အောင်လေး ပြောတာက သဘာဝ ကျတော့ မော်ကွန်း စဥ်းစားရပြီ...။ ဖြစ်ချင်တာကြီးပဲ ပြောနေ လို့လည်း မရဘူးလေ.....။ " အဲဒါဆို ငါက အချိန် ဘယ်လောက် ယူရမလဲ..." " နောက် အပတ်လောက်ပေါ့....." " ဟာ...မကြာလွန်းဘူးလား ကွာ..."

photo content

" ကိုယ် ပြောတာ နားထောင် ပင်ပျို...။ ပင်ပျို အဖြေပေးရင် ကိုယ်ပြန်မယ်.....။ ကိုယ်က လိုချင်တာ မရရင် မပြန်ဘူးး. နော်...။ ရည်းစားဖြစ်ရုံ ပဲ ရှိသေးတာလေ.....။ ကိုယ် ပင်ပျိုကို မယူသေးဘူး.....။ ဒီတော့ ကိုယ် ထိခိုက်စရာလည်း မရှိတော့ဘူးလေ....။ အခြေအနေ အကျိုးအကြောင်း အားလုံးကို သုံးသပ်ပြီးကာမှ ကိုယ် ခေါင်းအေးအေး ဆုံးဖြတ်မယ်...။ အဲဆို ကိုယ်လည်း ထိခိုက်စရာ မလိုတော့ဘူးလေ....။ မဟုတ်လို့ ပင်ပျိုက အဖြေမပေးရင် သေချင်သေပစေ.. ကိုယ် ဒီနေရာက မရွေ့ဘူး....။ မနက် မိုးလင်းလို့ ပင်ပျို အခန်းထဲက ကိုယ် ထွက်လာရင် ဘာတွေ ဆက်ဖြစ်မယ် ထင်လဲ....။" " ရှင်...လူယုတ်မာ..." ပင်ပျို နှုတ်ခမ်းလေး ကိုက်ကာ ငိုမဲ့မဲ့ နဲ့ ပြောသည်...။ " ရတယ်...ပင်ပျို ကြိုက်သလို သတ်မှတ်...။ ကိုယ် က ဒီတစ်ခါတော့ ယုတ်မာမှ ရတော့မှာ..." ပြောရင်း တိုးဖက်တာ ပင်ပျိုက သူ့ရင်ခွင်ထဲ အိခနဲ...။ " ကဲ...ပြောကွာ....ချစ်တယ်လို့..." " ရှင့်လို အကြပ်ကိုင်တဲ့ လူယုတ်မာကို ချစ်စရာလား...." " ရတယ်လေ...။ မချစ်ရင်လည်း ကိုယ်က မပြန်ရုံပဲ...လူယုတ်မာ မက လို့... လူယုတ်မာရဲ့ အဖေ ဖြစ်နေလည်း မပြန်ဘူး..." ပင်ပျို ဘာမှ ဆက်လုပ်မရတော့....။ ခု ပြသနာ အေးရင်က နောက်ထပ် ခေါင်းအေးအေးနဲ့ စဥ်းစားလို့ရသေးတယ်လေ...။ " ကဲကဲ...ချစ်တယ်...ချစ်တယ်...ရပြီလား...။ ပြန်တော့...." " ဝိုး....။ ကိုယ် ဝမ်းသာသွားပြီ... အဲဆို ပင်ပျို ကိုယ့်ကို ချစ်တယ်နော်..." " ရှင်ပြန်အောင် ပြောတာလေ... အဲဒါ အတည် ဖြစ်မလား..." " ဘယ်လိုပြောပြော..ကိုယ်ကတော့ အတည်လို့ ယူတယ်...." " ကဲ..ရှင် ပြန်တော့....။ ရှင် ပြောခိုင်းတာ ပြောပြီးသွားပြီ.... " "ပြန်မှာပါ....။ ဒါပေမဲ့ မပြန်ခင် အချစ်တံဆိပ် တော့ ခပ်နှိပ် သွားရအုံးမယ်...." " အို......" နွေးထွေးစိုအိတဲ့ ပင်ပျို နှုတ်ခမ်းလွှာလေးက ရှက်လိပ်ပြာလေးတွေ ထ ပျံသည်....။ အားပါလှတဲ့ သူ့ အနမ်းမှာ သူ့ပခုံးကို ယောင်ယမ်း ဆုပ်ကိုင်မိတဲ့ အထိ....။ ထိုနေ့က နွေးထွေ ကြာရှည် မွတ်သိပ်လှတဲ့ အနမ်းရှည်ကြီးကို ပင်ပျို နှုတ်ခမ်းမှာ တံဆိပ်နှိပ်သွားသည်....။ ကမ္ဘာကြီး တစ်ခုလုံးလည်း လည်ခါ နေလျှက်.....။

ဆံပင်ရှည်ကြီးနဲ့ နန်းဆန်နေတဲ့ အပြင် ထွာဆိုင်ခါး....ထယ်ဝါလှတဲ့ တင်ပါး က အချိုးအစား ကျလှတဲ့ ပန်းပုရုပ်ထု ပမာ....။ " လှတယ် ဆိုတာ တခဏပါ...။ နောက်ဆုံး အိုမင်းရွတ်တွ သွားတာပါပဲ... ..။ ဘယ်သူမှ မမြဲပါဘူး.... ဒါပေမဲ့ အဲ တင်္ဒဂ အလှကို မက်ပြီး ရခဲလှတဲ့ လူ့ဘဝကို ဖြုန်းတီးပစ်ဖို့ စဥ်းစားရင်တော့ အဲလူက ကမ္ဘာပေါ်မှာ မိုက်မဲသော သူပဲ..." " လိုချင်တာ တစ်ခုကိုတောင် ကြိုးစားခွင့်မရှိဘဲ အသက်ရှင်နေရင်ကော အဲဒါက ဘာထူးမှာလဲ ပင်ပျို... အသက်တွေ အရှည်ကြီးတွေ နေရပါရဲ့ ၊ မသေချာတဲ့ အရာတစ်ခုကို မျှော်တွေး ကြောက်ရွံပြီး ဘာမှ မကြိုးစားရဲရင် ရှင်လျက်နဲ့ သေတာပဲလေ.. ကိုယ် လူပျော့လူညံ့ ဘယ်တုန်းကမှ မဖြစ်ချင်ဘူး...။ ကိုယ်ကတော့ လိုချင်တာကို အဆုံးထိ ရအောင် ယူမှာပဲ...." ပင်ပျို ပြန်လှည့်လာသည်. .။ " ရှင် တကယ် ဘဝ ကူးချင်နေတာလား.. မြို့သား.....။ ရှေ့က သာဓက တွေက ရှင့် အတွက် အကောင်းဆုံး သတိပေးချက်တွေ၊ ရှင်နဲ့ ပင်ပျို ဒါကို ဆွေးနွေးရပေါင်းလည်း.. မနည်းဘူး....။ စိတ်လျှော့လိုက်ပါ မြို့သား ရယ်....နော်... အရာအားလုံး အတွက် ရှင် စိတ်လျှော့လိုက်ရုံနဲ့ အဆင်ပြေပါတယ်...၊ ရှင် ဒါလေးတောင် ပင်ပျို အတွက် လုပ်မပေးချင်ဘူးလား.... ပင်ပျို တောင်းပန်နေတာပါ...." " ပင်ပျိုက ကိုယ့် အတွက် တစ်ခုခု ပြန်ပေးရင်တော့ ဖြစ်နိုင်ပါတယ် ...." " ပင်ပျို ဘာလုပ်ပေးရမလဲ ဟင်... ပြောပါ...။ ပင်ပျို တတ်နိုင်တာ အကုန်လုပ်ပေးမယ်လေ..." မော်ကွန်း ပြုံးစစ နဲ့ ကြည့်ရင်း " ကိုယ့် ကို ချစ်တယ်လို့ အဖြေပေး....." " ဟာကွာ...ကျွတ်.... ရှင့်ကို အဲဒါကလွဲ ကျန်တာ လုပ်ပေးမယ်... အဲဒီလို မဖြစ်ချင်လို့ ရှင်နဲ့ အပေးအယူ လုပ်နေတာလေ....။ ရှင် ရူးများနေပြီလား....." " အဲဒါတော့ ကိုယ်လည်း မသိဘူး... ဒါပေမဲ့ ကိုယ်ရူးရင်လည်း အဲဒါ အချစ်ရူး ဖြစ်မှာပါ...." ပင်ပျို ပြောမရတဲ့ သူ့ကို တင်းတင်းမာမာ လုပ်ဖို့ပဲ စဥ်းစားတော့သည်....။ " ရှင် ပြန်တော့ မြို့သား....။ ပင်ပျို ရှင်နဲ့ စကားဆက်မပြောနိုင်တော့ဘူး....": " ပင်ပျို အဖြေပေးရင် ပြန်မယ်....။ ကိုယ် ဒီနေ့ အဖြေ လာတောင်းတာ.....။ အဖြေမရ မချင်း ပြန်ဖို့ စိတ်ကူးမရှိဘူး..." စိတ်ရှိသလောက် ထုရိုက်လိုက်ရရင်တော့ သေတော့မယ်....။ ဘာလို့ အဲလောက် ခေါင်းကြောမာပြီး အကြောက်တရား ကင်းမဲ့တာလဲ မသိဘူး...။ " ရှင်း ပေးခိုင်းတဲ့ ပေးရအောင် ပင်ပျို့ အချစ်က အဲလောက် ဈေးမပေါဘူး...." " သိတယ်လေ.....။ ဈေးကြီးလွန်းလို့ ကိုယ့် အသက်ကိုတောင် လောင်းကြေး ထပ်ထားတာလေ...." " ရှင်....." ပြောလေ ကဲလေ မန်းလေ ပြဲလေ ဖြစ်ပြီ...။ ဘာလုပ်ရမှန်းကို မသိတော့.....။ ပင်ပျို စိတ်ပျက်ပျက် နဲ့ ဝရံတာ ကနေ အထဲကို ပြန်ဝင်လာသည်....။ သူကလည်း ပြတင်းပေါက်ကို ကျော်ပြီး ပြန်ဝင်လာတာ စွေ့ခနဲ....။ ပင်ပျို မျက်လုံးလေး ပြူးပြကာ ရန်တွေ့သည်..။ သူက တော့ ဂရုမစိုက်.....။ ပခုံးလေးတောင် တွန့်ပြသေးတာ...။ ပင်ပျို ခါးထောက်လိုက်ရင်း သူ့ကို " ရှင်....အဲ....ဟင်...အဲဒါ ဘယ်လဲ...." ကိုယ်က ရန်တွေမလို့ ကျန်သေး....။ သူက ပင်ပျိုရဲ့ အိပ်စက်ဆောင် ထဲ ဝင်သွားလို့ မျက်လုံးပြူရင်း အံ့ဩနေခဲ့ရသည်.....။ ဟ....။ ဘယ်လို လူလဲ.... ။ ပင်ပျို နှုတ်ခမ်းလေး ကိုက်ရင်း အခန်းထဲ လိုက်ဝင်လိုက်တော့.....။ ထွက်လက်စ ဒေါသ အပေါ်ကို ဘယ်နှထပ် တင်ရမလဲ မသိတဲ့ ဒေါသ အကြီးကြီးက ထပ်ညွှန်း ဆင့်သည်.....။ ကြည့်ပါအုံး....။ ပင်ပျိုရဲ့ အိပ်ယာ အိအိလေး ပေါ်မှာ လဲလျောင်းရင်း ဒူးတစ်ဖက်ကို ထောင်ရင် ကျန်တဲ့ ခြေထောက်ကို တင်ထားပုံက သူ့အိမ်သူ့ယာ ကျနေတာပဲ....။ " ရှင် ရူးနေတာလား...." ပင်ပျို ခပ်ကြိတ်ကြိတ်နဲ့ ရန်တွေ့ရသည်.....။ အရမ်းကလည်း မအော်ရဲ....။ " ပြောပြီး ပြီလေ....အချစ်ရူးပါလို့.... " တစ်ဖက်စောင်းလာကာ တံထောင်ကို ထောက်ရင်း ခေါင်းကို ထောက်ထားတဲ့ လက်ပေါ် တင်ကာ ပြုံးစစနဲ့ ပြောသည်....။ " ရှင် မျက်နှာ ပြောင်မနေနဲ့... မြို့သား... အားလုံး ရှုပ်ကုန်မယ်..." " သိဘူး....ရှုပ်ရှုပ်... မရှုပ်ရှုပ်....။ ကိုယ်ကတော့ အဖြေမရရင် တုတ်တုတ်မျှ မလှုပ်....." ပင်ပျို သူ့ကို ကြည့်ပြီး တစ်ခုခု လုပ်ပစ်ချင်လာသည်....။ ဒီလောက်ပေကပ်ပြီး ရဲတင်းလှတာ မတွေ့ဖူးလို့ စိတ်ထဲမှာ လန့်နေရသည်.....။ " ဒီမှာ ရှင် ဒီလို လုပ်နေရင် ကျွန်မ တကယ်အော်တော့မှာနော် မြို့သား..." " ဟောဗျာ... ကိုယ်က အော်လေ ကြိုက်လေ ပဲ... ပင်ပျို အော်တော့ လူတွေက သိ....။ လူတွေ သိတော့ ကိုယ်က ပင်ပျို အခန်းထဲမှာ ရောက်နေတာ ဆိုတော့ ဟိဟိ....။ ကိုယ်တို့ မင်္ဂလာပွဲ ပို နီးမသွားဘူးလား...." " ရှင်....." ပင်ပျို သူ့နားကို သွားလိုက်ကာ .စိတ်ပေါက်ပေါက် နဲ့ သူ့ရင်ဘတ်ကြီးကို တဒိုင်းဒိုင်း ထုတော့သည်.. ။ သူက ပန်းနဲ့ ပေါက်တာ ထင်နေတာလား မသိ...။ ငြိမ်ခံနေသည်....။ ပြီးမှ ပင်ပျို ရဲ့ လက်ကို အားနဲ့ ဆောင့်ဆွဲလိုက်တော့ ပင်ပျို သူ့ ရင်ခွင်ထဲ ကို အလုံးလိုက် ပစ်ဝင်သွားသည်....။ " ဟင်...ရှင်...." ပင်ပျို ဇွတ်ရုန်းပေမဲ့ သူက သန်လွန်းလှသည်...။

အနန္တထိတိမ်းညွှတ်အပ်သော အခန်း ၁၅ အိုက်စပ်စပ် ဖြစ်နေတာနဲ့ ညဘက်ကြီး ပင်ပျို ရေချိုးလိုက်တာ ခုမှ လန်းသွားသည်.....။ အကာအကွယ်တွေ ပေးထားတဲ့ ရေချိုးခန်းထဲမှာ ဗီဒီယိုရုံ က နေ ဆွဲထားတဲ့ မီးသီးလေးက လင်းနေသည်...။ ပင်ပျို ရေလဲထမိန်လေးကို ဝတ်ပြီး သဘက်ခြုံကာ ထွက်လာခဲ့သည်....။ အပေါ်ရောက်တော့ သူမရဲ့ အိပ်ခန်းဆီကို ဦးတည်လာခဲ့သည်...။ အိမ်က ကြီးလွန်း ကျယ်လွန်း လှတဲ့ အပြင် အပေါ်ထပ်မှာက သူမ တစ်ခန်းထဲပဲ ရှိတာ....။ မိဘတွေက အောက်ထပ်မှာ အိပ်ပြီး မောင်လေးကတော့ ဗီဒီယို ရုံထဲပဲ အိပ်တာ....။ မောင်လေးနဲ့ အတူ အလုပ်သမား နှစ်ယောက်ကလည်း အတူတူအိပ်သည်....။ တခါတရံ ညည့်နက်သန်းခေါင် ဘောလုံးပွဲ ကြည့်ချင် ကြည့်နေကြတာ...။ ဒါကြောင့် အိမ်ပေါ်မှာ သူမ တစ်ယောက်ထဲ လွတ်လွတ်လပ်လပ်..... ။ မလုံခြုံမှု ဘာညာတော့ မရှိပါဘူး....။ သူမတို့ ဘက်တွေက အဲလို စည်းကမ်းမရှိ လုပ်တာတွေက ရှားပါသည်...။ မရှိသလောက်ပါပဲ...။ ဟိုတလောလေးက မြို့သား ခိုးဝင်တက်လာတာ မျိူးက အဲဒါ ပထမဆုံး ကြုံဖူးတာပဲ....။ ပင်ပျို အဝတ်ကလေးတွေ ဝတ်လိုက်ရင်း ခေါင်းကို ဖြီးလိုက်သည်...။ သနပ်ခါးတော့ မလိမ်း...။ ပင်ပျိုက ညအိပ်ရင် မျက်နှာပြောင်နဲ့ပဲ အိပ်နေကျ....။ ဆံပင်ရှည်ကြီးနဲ့ မှန်ထဲမှာ ထင်ဟပ်နေတဲ့ ပင်ပျိုရဲ့ အရိပ်ဟာ ရွှန်းတင့်စွာ လှနေသည်....။ ဒီအလှဟာ ယောကျာ်းတွေကို သေစေ သတဲ့လား....။ ပင်ပျို ဆက်မတွေးချင်တော့တာမို့ ဝရံတာဘက်ကို ထွက်လာလိုက်သည်....။ ဝရံတာဘက် ရောက်မှ လျင်တဲ့ မျက်လုံးက အရိပ်တစ်ခုကို လှစ်ခနဲ မြင်သည်...။ ကျွတ်.....။ လုပ်ပြန်ပြီ....။ ဒီလူနဲ့ ပင်ပျိုတော့ တွေ့တော့မယ်....။ " ပုန်းမနေနဲ့ မြို့သား...ရှင် ရူးနေလို့ ဒီ ရောက်လာပြန်တာလား..." အဲကျမှ ထွက်လာတာ ပြုံးစစ....။ ဒီနေ့ကျ ဘောင်းဘီရှည်နဲ့ စပွတ်ရှပ်နဲ့... ။ မြင့်မားတဲ့ အရပ်အမောင်းနဲ့ ဝတ်ထားပုံက စတိုင်ကျနေသည်...။ အမှောင်ရိပ်ကျနေတဲ့ ဘက်မှာမို့ နည်းနည်းတော့ တော်သေးသည်....။ လာနေပုံက သူ့အိမ်ကျနေတာပဲ...။ အကြောက်အလန့် မရှိ.....။ " ရှင့်ကို ဘယ်နှခါ ပြောရမလဲ...၊ ဒီလို စည်းကမ်းမရှိတဲ့ အလုပ်မျိုးကို ပင်ပျို မကြိုက်ဘူးလို့. ..." " ကိုယ်လည်း မကြိုက်ပါဘူး... ။" ဘေးက ပျဥ်ကာနံရံကို ကိုယ်လုံးလေး နွဲ့နွဲ့မှီကာ ပြောပုံက မသိရင် ရိုက်ကွင်းထဲက ရုပ်ရှင်မင်းသား အိုက်တင် ပေးနေသလိုလို...။ " မကြိုက်ရင် ဘာလို့ ဒီလို လာနေသေးတာလဲ... ခိုးကြောင်ခိုးဝှက် နဲ့...." " ပေါ်တင်တွေ့ချင်တော့ရော ပင်ပျိုက လက်ခံလို့လား..။ ကိုယ် က ပင်ပျိုကို တွေ့ချင်တယ်... ပင်ပျို က လက်မခံဘူး... ဒါပေမဲ့ လူသိလို့ မရဘူးဆိုတဲ့ ကန့်သတ်ချက်ကို ထုတ်သုံးတယ်... အဲတော့ ရွေးစရာမရှိတဲ့ ကိုယ် က အမုန်းဆုံး ဒီအလုပ်ကို လုပ်ရဖို့ပဲ ရှိတာပေါ့..." ပင်ပျို ဘာဆက်လုပ်ရမှန်း မသိ...။ ဘယ်လိုလုပ်မှ အကြောက်တရား ရမှာလဲ မပြောတတ်....။ ပင်ပျို သူ့ကို ကြည့်ရင်း ခြိမ်းခြောက်သလို နဲ့ " ပင်ပျို အော်ရင် ရှင် ဒုက္ခရောက်မှာနော်....." " ပြောပြန်ပြီ ဒီစကား...ပင်ပျို လုပ်ရက်ရင် လုပ်ပါ...ကိုယ်က လုပ်ရဲရင် ခံရဲပါတယ်...." သူ့ဘက်က ပိုင်ပိုင်နိုင်နိုင် ကြီး ပြောနေတော့ မျက်စောင်းထိုးရပြန်ပြီ... ။ ကိုယ့်ကိုယ်ကိုယ် လည်း အားမရ....။ ပြတ်ပြတ်မလုပ်ရက်တဲ့ စိတ်ကြောင့် ဒင်းက အရောင့်တက်နေတာ...။ " ကဲ...အချိန်မရှိဘူး...ဘာပြောမှာလဲ..။ ပြီးရင် ပြန်တော့...." " ပြောစရာကတော့ ဘယ်လောက် ချစ်ကြောင်း......" " မြို့သား...." " ကိုယ်ံ့နာမည် မော်ကွန်းသစ် လေ... ဘယ်နှယ့် မြို့သား နေတာတုန်း...." "ရှင့်ဘာသာ မော်ကွန်းသစ် မကလို့ မော်ကွန်း တစ်ပတ်ရစ် ဖြစ်လည်း စိတ်မဝင်စား ဘူး.... ဘာလို့ ပင်ပျို မကြားချင်တဲ့ စကားကို လာပြောနေရတာတုန်း....." ခပ်ဆောင့်ဆောင့်လေး ပြောပုံက အသဲကို ကျလိကျလိ ဖြစ်သွားစေတာ သူမမသိ...။ သနပ်ခါးမပါတဲ့ မျက်နှာပြောင်ဟာ ပကတိအလှကို ပြသနေသည်....။ ချွန်မြတဲ့ နှာတံစင်းစင်းလေးတွေ အောက်က နှုတ်ခမ်းဖူးဖူး လေးတွေကို ပိုင်ဆိုင် နမ်းရှိုက်ခွင့် ရချင်သေး.....။ ဒါပေမဲ့ သူ့အဖြစ်က ဖြတ်ကျော်ရမဲ့ အတားအဆီးတွေက များလှသည်....။ ပင်ပျိုရဲ့ စိတ္တဇ ကို ကျော်လွန်ပြီး သူ့ကို ပြန်ချစ်ဖို့ အရင်ကြိုးစားရမယ်....။ ပြီးရင် ပင်ပျိုရဲ့ အတိတ်ကြောင့် သူ့အသိုင်းအဝိုင်းရယ်..ပင်ပျို အသိုင်းအဝိုင်းရယ်ကို ကျော်ဖြတ်ရအုံးပေမည်....။ လွယ်တော့ မလွယ်လှ..... ။ အထူးသဖြင့် မေမေ...။ ဒါကြောင့် သူ အရမ်းကြိုးစားရမှာ....။ တလောကလုံးနဲ့ တစ်ယောက် ဖြစ်နေသလိုပင်...။ " ဘာတွေ ကြည့်နေတာလဲ...." စိုက်ကြည့်သွားတာ ကြာသွားလို့ ထင်သည်...။.မူနွဲ့နွဲ့ လေး ပြောပြန်သည်...။ ဘယ်လောက်ပဲ တင်းမာချင်ယောင် ဆောင်နေပါစေ....။ မ,ဗီဇ က တော့ မပျောက်...။ ခုလည်း မလုပ်မိတာ ကြာပြီ ဖြစ်တဲ့ မူနွဲ့နွဲ့ ဟန်ပန်ကို မသိစိတ်ရဲ့ တိုက်တွန်းမှုကြောင့် လုပ်မိနေပြီ...။ " အော်...သိပ် လှလွန်း နေတာပါကော လို့...." ပင်ပျို လက်ကလေး ပိုက်ပြီး ဟိုဘက် လှည့်သွားသည်....။

photo content

ဒါပေမဲ့ ဒီတစ်ခါ တော့ ပင်ပျို မျက်နှာ မလွှဲတော့.....။ တဲ့တဲ့ ပဲ စိုက်ကြည့်နေလိုက်သည်....။ ရှင်းရမဲ့ ပြသနာ အဆုံးထိ ရှင်းမှ ဖြစ်တော့မှာလေ....။ " ကိုယ်ကလည်း တဲ့တိုးပဲ ဖြေမယ်... ကိုယ် ပင်ပျိုကို ချစ်တယ်...." တိတ်ဆိတ်သွားတဲ့ ခဏ.....။ ဘယ်လောက်ပဲ စိတ်ကို ပြင်ဆင်ထား ပြင်ဆင်ထား မျက်နှာက ဖွေးခနဲ သွေးဆုတ် သွားတာ သိသာချက်....။ ပင်ပျို ကျချင်လာတဲ့ မျက်ရည်ကို ထိန်းရင်း မျက်နှာကို လွှဲလိုက်သည်....။ နှုတ်ခမ်းတွေက တုန်ရီနေသည်.... ။ ဘယ်ဘဝက ဝဋ်ကြွေးတွေလဲ......။ သူကလည်း ကိုယ့်ကို ချစ်သည်....။ ကိုယ်ကလည်း ချစ်သည်......။ ဒါပေမဲ့ ချစ်ခွင့်ဆိုတာကို ပြောပြခွင့် မရ......။ နှစ်ယောက်သားမှာ ရှိတဲ့ မေတ္တာတွေက ဖော်ထုတ်ခွင့် မရ......။ " ရှင် ငယ်ငယ် ရွယ်ရွယ်နဲ့ လူ့ဘဝ ကို ဘာလို့ စွန့်လွတ်ချင်ရတာလဲ....။ မမိုက်မဲ ပါနဲ့..." " မိုက်မဲ တာလို့ ပင်ပျိုက ဘာကြောင့် သတ်မှတ်တာလဲ...." " ရှင့် မေးခွန်းရဲ့ အဖြေကို ရှင် ကိုယ်တိုင် သိနေတာပဲလေ....။ ဘာကိစ္စ ထွေထွေထူးထူး တွေ ထပ်မေးချင်တာလဲ...." " ကိုယ် အဲဒါကို အယုံအကြည် မရှိဘူး ပင်ပျို.... တိုက်ဆိုင်မှု သပ်သပ်တွေကို မင်း ဘာကြောင့် စွဲလန်းနေရတာလဲ..." " တိုက်ဆိုင်မှု....။ ထားပါတော့ ရှင်ပြောတဲ့ တိုက်ဆိုင်မှုပဲ ထား...။ ဒါပေမဲ့ အဲဒါက လေးကြိမ် တိတိ....။ ငါးကြိမ်မြောက် တိုက်ဆိုင်ခဲ့ရင် ပေးဆပ်လိုက်ရမှာက ရှင့် အသက်...။ ဒါကို ဖြစ်တန်စွမ်း အနေနဲ့ စွန်းစားပြီး စမ်းသပ်ရအောင် ပင်ပျို အဲလောက် အသဲမမာဘူး မြို့သား...." မော်ကွန်း အသံတုန်တုန်လေးနဲ့ ပြောနေတဲ့ သူမကို သနားတော့ သနားမိပါသည်...။ ဒါပေမဲ့ ဒီတစ်ခါ က သူလည်း အလျှော့ ပေးလို့ မရ....။ " ပင်ပျို အဲဒီ အကြောက်တရားတွေကို ကျော်လွန်ပြီး စဥ်းစားပေးလို့ မရနိုင်ဘူးလား ဟင်...." " မဖြစ်နိုင်ဘူး မြို့သား...။ ရှင်လည်း ရှင့်မိဘတွေကို ငဲ့သင့်တယ်.... သူတို့ ရှင့်ကို ကျွေးမွေး စောင့်ရှောက်ခဲ့တာ နွယ်ပင်ပျို ဆိုတဲ့ ကျွန်မ အတွက် ရှင့် အသက်ကို စတေးဖို့ မဟုတ်ဘူး....။ ရှင် သူတို့ကို မသနားဘူးလား....." " သနားစရာ မလိုဘူးလေ...။ " ဟင်....။ " " ဟုတ်တယ်လေ....။ ကိုယ်မှ ဘာမှ မဖြစ်နိုင်တာ....။ အဲဒါကို ကိုယ်က ဘာကို သနားပေးရမှာလဲ....." " ကျွတ်...ရှင် တော်တော် ခေါင်းကြောမာတာပဲ.... တစ်ချို့ အရာတွေကို အရှိကို အရှိအတိုင်း လက်ခံစမ်းပါ.... ရှင် လျှော့တွက်လို့လည်း အဲဒါတွေက လျော့သွားမှာ မဟုတ်ဘူး... အန္တရာယ် နီးတဲ့ လမ်းကို ရှင် ဘာကိစ္စ လျောက်ချင်နေတာတုန်း....." မော်ကွန်းက မလျှော့သလို သူမ ဘက်ကလည်း တပြားသားမှ မလျော့...။ ဘယ်ဘက်ကမှ မနိုင်လို့ သရေပွဲ ထားရအောင်လည်း မဟုတ်ပြန်....။ " အဲဒါတွေ ထားလိုက်ပါ.... ခု ပင်ပျို ကျွန်တော့်ကို အဖြေ ပြန်ပေးတော့ လေ...." " အမ်...။ " မော်ကွန်းရဲ့ အရူးကွက် နင်းမှုကြောင့် ပင်ပျိုပါ ကြောင်သွားသည်...။ မော်ကွန်း က ပြုံးလိုက်ရင်း " ဟုတ်တယ်လေ....။ ကျွန်တော် တို့ချင်း တရားဝင်ဖြစ်ဖို့က မင်းဘက်က ချစ်တယ် ဆိုတဲ့ အဖြေရမှ ဖြစ်မှာလေ.... " ကြောင်စီစီ ဖြစ်နေတဲ့ သူမ မျက်နှာလေး ငယ်သွားသည်...။ ပြီးမှ အသံလေးလေး နဲ့ " ရှင်... အဲဒီ စကားလုံးကို ဘယ်တော့မှ ကြားရလိမ့်မယ် မထင်ပါနဲ့.... ။ ပင်ပျို ရှင့် အတွက်နဲ့ အဲဒီစကား ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး....။ ကဲ...ပင်ပျို သွားမယ်....။ နောက် တစ်ခါ ကလေးတွေကို ထပ်ပြီး အကြပ်မကိုင်ပါနဲ့...တောင်းပန်တာပါ...." ပြောပြောဆိုဆို လှည့်ထွက်လာခဲ့သည် ။ အပြင်မှာ စောင့်နေတဲ့ ချိုရီသဲကို ခေါ်ကာ ထွက်လာခဲ့လိုက်သည်...။ စူးစမ်းသလို ကြည့်တဲ့ ထွန်းနိုင်နဲ့ အောင်လေး တို့ ရှေ့မှာ မျက်ရည်မကျအောင် မနည်းအားတင်း ထိန်းခဲ့ရသည်...။ ဘယ်ဘဝ က ကံက ဒီလောက် ဆိုးဝါးရတာလဲ....။ ကိုယ်ကလည်း သူ့ကို ချစ်... သူကလည်း ကိုယ့်ကို ချစ်မိတာတောင် ညှိနှိုင်းခွင့် ကြိုးစားခွင့် ကံကြမ္မာ ကို ပင်ပျို အရမ်း မုန်းတာပဲ....။ ဒါပေမဲ့ လည်ဆင်းခံ ဖို့ အပြင် တခြားက မရှိလေတော့......။ .

ကိုလတ်ကလည်း လူချောလူသန့် လေ...။ မမပျိုကလည်း မှုံနေအောင် ချောတဲ့သူ....။ ဘယ်လောက်လိုက်ဖက်သလဲ....။ ခုကျတော့.....။ " ဘယ်လိုမှ လုပ်မနေနဲ့.. ခေါ်ပေးလိုက်..." " ကိုထွန်းနိုင် သွားခေါ် ပါ့လား.... မမပျိုက ကျွန်မကို မတရား ဆူထားတာ...." " ဒီလိုလုပ်ဟာ...ငါတို့လည်း လိုက်ပြီး ပြောပေးမယ်...။ မနွယ်ပင်ပျို အပြစ်ပြောလည်း ခံမယ်ဟာ.... ခေါ်ပေးလိုက်တာက ကောင်းတယ်... တို့ ခေါ်မပေးလည်း သူက သူ့နည်း သူ့ဟန်နဲ့ ကြိုးစားမှာ...အဲဒါက ပိုပြီး အန္တရာယ် ကြီးတယ်.... အခြေအနေတွေကို တို့ရှင်းပြလိုက်ရင် မနွယ်ပင်ပျိုလည်း နားလည်မှာပါ... ကိုလတ်ကို တားနိုင်တာက မနွယ်ပင်ပျို ပဲ ရှိတော့တယ်.... သူမ ဘာသာ ကိုလတ်ကို ထိန်းလိမ့်မယ်.... ငါပြောတာ မဟုတ်ဘူးလား.... " ထွန်းနိုင်စကားက သဘာဝ ကျတာကြောင့် ကျန်နှစ်ယောက် လက်ခံ လိုက်ရသည်...။ ဒါနဲ့ပဲ တစ်ဖက်က ယာခင်းဆီကို သုံးယောက်သား ထွက်လာခဲ့လိုက်သည်...။ ########################### " နင်တို့တွေ သူ့ကို မသနားဘူးလား... ငါ ဘယ်လို မိန်းမမျိုးလဲ နင်တို့လည်း အသိသား ပဲ....သူက တနယ်သား...။ မြို့မှာ ဆိုဖာအိအိပေါ် ဒူရင်းသီးနဲ့ စားနေနိုင်တဲ့သူ.... ခု ရွာကို ရောက်လာတယ်.... အကျိုးအကြောင်း နင်တို့ သေချာ ရှင်းမပြဘူးလား.... မသိတဲ့ အခြေအနေလည်း မဟုတ်..." ပင်ပျို စိတ်တိုတို နဲ့ သုံးယောက်စလုံး ကို ဆူပူနေမိသည်...။ စကားလုံးတိုင်းက လည်း အက်ကွဲနေသည်....။ သူတို့ကိုပဲ အပြစ်တင်ချင်သည်.....။ အမှန်ဆို သူတို့က ထိန်းရမှာ....။ ခုတော့ သူတို့က သူတို့က ဟိုက တွေ့ချင်တယ် ဆိုတာနဲ့ လာခေါ် နေပြန်ပြီ.....။ " မဟုတ်ဘူး မနွယ်ပင်ပျို.... ကျွန်တော်တို့ ပြောတာ ဆုံးအောင် နားထောင်ပါအုံး... ကျွန်တော်တို့က မတားဘဲ အလိုတူ အလိုပါ လိုက်လုပ်နေတာ မဟုတ်ပါဘူး...." အောင်လေး ကြားထဲက ဝင်ဖြတ်ပြောရင်း အကျိုးအကြောင်း ပြည့်ပြည့်စုံစုံ ကို လိမ့်ပတ်လည်အောင် သေချာ ရှင်းပြလိုက်တော့သည်....။ ပင်ပျို နားထောင်ပြီး ကျလုဆဲဆဲ မျက်ရည်ကို အပေါ်ကို မော့ကြည့်ကာ ပုပ်ခတ်ပုတ်ခပ် လုပ်ရင်း တားလိုက်သည်...။ အခုတလော မျက်ရည်က ပေါ ပေါနိုင်လွန်းသည်...။ ကျန်တဲ့ အငယ်သူံးယောက်လည်း သူမကို ကြည့်ပြီး စိတ်မကောင်း....။ တကယ်တမ်းတော့ မနွယ်ပင်ပျို ဘဝ က နေရင်းထိုင်ရင်း ကျိန်စာထိတဲ့ ပန်း ဖြစ်နေသည်...။ ဝဋ်ကြွေးလို့ သတ်မှတ်ရင်တောင် သူမအတွက်တော့ မမျှတ ဖြစ်စရာ...။ ကျချင်နေတဲ့ မျက်ရည်တွေကို ထိန်းရင်းမှ ပင်ပျို ဆုံးဖြတ်ချက် ချလိုက်သည်...။ ပြီးပြတ်အောင် ရှင်းမှ ပြီးပြတ်မယ် ဆိုရင်လည်း သွယ်ဝိုက်မှုတွေ မပါဘဲ အပြတ်ရှင်းတော့မည်....။ ဒါကြောင့် သူတို့ကို ကြည့်ရင်း " နင်တို့ ကိုလတ်နဲ့ ငါ တွေ့မယ်.... လူရှင်းအောင်သာ စီစဥ်ပေး.... ဒီကိစ္စ က အိယောင်ဝါး သွားနေလို့ မရတော့ဘူး...." မနွယ်ပင်ပျို ရဲ့ စကားကြောင့် သူတို့ စီစဥ်ရတော့သည်..... ။ နောက်ဆူံးတော့ အောင်လေး အိမ်မှာ တွေ့ပေးဖို့ စီစဥ်လိုက်ကြသည်..... ။ မိဖြူကို အပြင်ကို ပထုတ်ပြီး အိမ်ရှေ့က အရပ် ( အဖီ) ထဲမှာ ပေးတွေ့လိုက်မယ်....။ သူတို့က အပြင်မှာ နေကြပေါ့....။ ကာယကံ ရှင်တွေ အထဲမှာ ပြောကြပေါ့....။ အောင်လေးအိမ်က နွယ်ပင်ပျို အိမ်နဲ့ နီးတာက တကြောင်း ရေချိုးသွားရာက အပြန် ချိုရီသဲနဲ့ ခဏ တဖြုတ် ဝင်တဲ့ပုံစံမျိုးဆို ဘယ်သူ မှ သံသယ မဖြစ်လောက်တာမို့ သူတို့ ဒီလိုပဲ စီစဥ် လိုက်ကြသည်.... ။ ရှင်းမှလင်းမှ ပြတ်မဲ့ ပွဲ ရှင်းပါစေ... ပြတ်ပါစေ....။ ######$###############@@########## အဖြူနဲ့ ယောပုဆိုးကို တွဲဝတ်ထားပုံက ဂေါပကလိုလို... ။ တည်ကြည်ခန့်ညားတဲ့ မေးရိုးဟာ ယောကျာ်းပီသမှုကို ဖော်ပြနေပြီး ပိရိသေသပ်တဲ့ နှုတ်ခမ်းက လုပ်ချင်တာကို ဖြစ်အောင် လုပ်မဲ့ ပုံစံ.....။ အားလုံခြုံကြည့်ရင်တော့ ဇွတ်တရွတ် လုပ်တတ်တဲ့ တောသားစတိုင် ဖမ်းထားတဲ့ ကြည့်ကောင်းလှတဲ့ ယောကျာ်း တစ်ယောက်....။ " ရှင်းရှင်းပဲ မေးမယ်.... ရှင် ကလေးတွေကို ဘာကိစ္စ ဒုက္ခ ပေးနေရတာလဲ... ဒီ ကိစ္စ လူကြီးတွေ သိသွားရင် သူတို့ ဘယ်လောက် ဒုက္ခ ရောက်သွားနိူင်လဲ ရှင်သိလား....." " ကိုယ် မင်းကို စကားပြောချင်လို့ စီစဥ်ခိုင်းတဲ့ ကိစ္စက အဲလောက် အပြစ်ကြီးတာလား... မသိရင် ကိုယ်က အပြစ်ကြီး ကျူးလွန်း ခိုင်းနေသလိုပဲ...." " ကျွတ်....။ ရှင် မသိတာလည်း မဟုတ်ဘဲနဲ့ အသိခေါက်ခက် အဝင် နက်မနေပါနဲ့.... " မော်ကွန်း ပြုံးလိုက်ရင်း " အဲဒါ ကိုယ်မှ မဟုတ်တာ....ကိုယ်က ပေါ့ပေါ့ပါးပါး ပဲလေ.... လက်တွေ့မကျတဲ့ အရာကို မြဲမြံစွာ ဆုပ်ကိုင်ထားတာ က ဘယ်သူလဲ.... ကိုယ်တော့ မဟုတ်ဘူးနော်...." အရင် ကျွန်တော်လို့ ပြောနေရာက ကိုယ်လို့ ရင်းနှီးမှု ဆန်ဆန် သုံးလာတာကို သတိထားမိလိုက်သည်....။ ပင်ပျို သူ့ကို အပြတ်ဖြတ်ဖို့ မောင်းတင်လာတာမို့ ကိစ္စကို အရင်ပြီးအောင် ဖြတ်ဖို့ စဥ်းစားလိုက်သည်...။ " ကဲ....ဒဲ့တိုးပဲ မေးမယ်...ရှင် ပင်ပျို နားကို ဘာကြောင့် ချဥ်းကပ်နေတာလဲ...." မော်ကွန်း စူးစူးနစ်နစ် ကြည့်လိုက်မိသည်.... ။ ပြန်ကြည့်တဲ့ မျက်ဝန်းနက်နက်နဲ့ အကြည့်ချင်း ဆုံပြန်သည်.... ။

အနန္တထိတိမ်ညွတ်အပ်သော အခန်း၁၄ "ကိုလတ် လုပ်ပုံနဲ့ မမပျိုက ကျွန်မကို ဆူလိုက်ပြီ.... တွေ့ချင်ရင်လည်း နေ့ဘက် ကို ရှာကြံ တာ မဟုတ်ဘူး... ညဘက်ကြီး...ပြီးတော့ အိမ်ပေါ်ထိ တက်တာ... တစ်ခုခုများ လွဲသွားရင် ဒုက္ခ...ဘယ်လိုမှ ပြင်ဆင်လို့ရမှာ မဟုတ်ဘူ...." ချိုရီသဲက မော်ကွန်းကို အပြစ်တင်သလို ပြောသည်..။ " ဟုတ်တယ်ဗျာ...ညကလည်း ဗီဒီယို ဘာကား ပြသွားလဲကို မသိလိုက်ဘူး..ကျွန်တော်တို့မှာ ရင်တထိတ်ထိတ် နဲ့....ကိုလတ်ကတော့ အေးဆေး သာယာနေတာ...." ထွန်းနိုင်ကလည်း ဝင်ပြောသည်...။ သူတို့တွေလည်း အလုပ်မလုပ်နိုင်...။ မော်ကွန်းရဲ့ နောက်အစီအစဥ် အတွက် တိုင်ပင်ကြဖို့ အရိပ်မှာ စုထိုင်နေကြသည်.... ။ " ဘယ်က လာ...ဘယ်ဟာကို သာယာရမှာလဲကွာ... ရောက်ကတည်းက ပေါက်ပေါက်ဖောက်နေတာ မင်းတို့မှ မသိတာ... သူ စိတ်ဆိုးနေတာကို မနည်းချော့နေရတာနဲ့ ဘာမှ သာယာချိန် မရလိုက်ဘူး...." " ပေါက်ပေါက်ပဲ ဖောက်လိုက်လို့ တော်သေးတယ် မှတ်....။ ကိုလတ် လုပ်ပုံက ဖမ်းချုပ်ပြီး ရွာလူကြီး လက်ထဲ အပ်ရမှာ.... ဘယ်နှယ့်...ချစ်သူမဟုတ် ရည်းစားမဟုတ်... သူများအိမ်ပေါ် ကျူးကျူးကျော်ကျော်..." " ဟာ...မင်းတို့ကလည်း သုံးယောက်ရှိတာ ... တစ်ယောက်မှ ငါ့ဘက်က မရှိပါ့လား..." မော်ကွန်း ညည်းပြလိုက်သည်...။ ဒါပေမဲ့ သုံးယောက်စလုံးက သူ့ကို သနားတဲ့ ပုံစံ မပြ...။ အေးလေ....။ သူတို့က ကြားထဲက ဒုက္ခခံနေရတာကို.... ဘယ်လိုလုပ် ကြည်မလဲ....။ " ကဲ...ခု ဘာဆက်လုပ် မှာလဲ...." " နေအုံးကွ....။ ငါ ချိုရီသဲ ကို မေးစရာ ရှိသေးတယ်... ချိုရီသဲ ၊ ပင်ပျိုက နင့်ကို ဆူတုန်းက ဘာတွေ ပြောလိုက်သေးလဲ....." " မမပင်ပျို သနားတောင် သနားမိတယ်...၊ ဆူသာ ဆူတာ ငိုသံကြီးနဲ့...." မော်ကွန်းပြုံးလိုက်ရင်း "အဲဒါ ငါ့ကို စိတ်ပူလို့......" " အော်...ပြောတတ် ပ... သိပ် မြူးမနေနဲ့... သူ တကယ် စိုးရိမ်နေတာ...." မော်ကွန်း မျက်မှောင်ကို ကြုတ်ရင်း စဥ်းစားလိုက်ကာ " ငါ မေးမယ်နော်... ပင်ပျိုနဲ့ နင်က အရင်ထဲက အရမ်းတွဲတာဆိုတော့ ငါမေး ပါအုံးမယ်.... ပင်ပျို အရင်က လည်း ရှေ့က ကောင်လေးတွေကို အဲလို ကြို စိုးရိမ်ဖူးလား....." ချိုရီသဲက လေးပင်းစွာ ခေါင်းခါသည်....။ " သူမကြောင့် ဖြစ်ရတယ်ဆိုပြီး စိတ်မကောင်း ဖြစ်နေပေမဲ့ ဒီလို ဖုံးမနိုင်ဖိမရ စိုးရိမ်တာမျိုး မတွေ့ခဲ့ရဖူးဘူး... သူ့ရဲ့ ကျိန်စာကို မသိခဲ့လို့လားတော့ မပြောတတ်ဘူး.... ဒါပေမဲ့ ခုက သူ နာမည်ပျက်မှာ ဆိုတာထက် ကိုလတ် တစ်ခုခု ဖြစ်သွားမှာကို အရမ်းစိုးရိမ်နေတဲ့ ပုံစံ....." လိုချင်နေတဲ့ point ရပြီမို့ မော်ကွန်း ပြုံးလိုက်သည်....။ " ကိုလတ်...ကျွန်တော် ထင်တာကတော့ မနွယ်ပင်ပျို က ကိုလတ်ကို လုံးဝ လက်မခံမှာ အသေအချာပဲ.... သူလည်း စိတ် ပင်ပန်း ကိုယ်လည်း လိုချင်တာ မရနိုင်တဲ့ အခြေအနေ ကို ဘာဖြစ်လို့ ဇွတ် လျောက်ချင်နေရတာလဲဗျာ... သူ့ ခဗျာလည်း သနားပါတယ်.... အတိတ်က အရိပ်ကြောင့် လူတွေက ပြောချင်ဆိုချင် နေကြတာ... ဒါကို ကိုလတ်က ထပ်ပြီး ရှုပ်ထွေးအောင် လုပ်မလို့လား...." အောင်လေး စကားကို ကျန်နှစ်ယောက် က ထောက်ခံသည်...။ မော်ကွန်းကတော့ ခေါင်းယမ်းပြ ရင်း " ရှင်းလို့ မရခင်ထိ ပဲ ရှုပ်မှာပါ..... အချိန်ပဲ လိုတာပါ...ဒီသပွတ်အူကို တမျှင်ချင်းစီ ငါ ဆွဲထုတ်ပြီး ရှင်းမှာပါ...." သူကသာ ယုံကြည်ချက် ပြည့်ဝစွာ ပြောနေပေမဲ့ သူတို့က ယုံကြည်တဲ့ပုံ မပေါက်......။ မတတ်သာလို့သာ သူ ပြောတဲ့ အတိုင်း လိုက်လုပ်ပေးနေရပေမဲ့ အောင်မြင်မယ်လို့ ယူဆဟန် ရှိပုံ မပေါ့်.... မော်ကွန်းကတော့ မြေခဲလေးကို ယူကာ ဖိဖြွတ်ချေရင်း ဘာဆက်လုပ်ရမလဲ စဥ်းစားနေလိုက်သည်...။ အလုပ်သမားတွေကတော့ အလုပ် လုပ်နေကြလျှက်...။ ဒီတော့ အလုပ်ကို အာရုံစိုက်နေရသောကြောင့် စိတ်ပူပန်တွေ မရှိ...။ ဒီအလုပ်ပြီးဖို့သာ အာရုံစိုက်နေတာ...။ သူတို့ လေးယောက်သာ ဒီကိစ္စကြီး အတွက် ဗျားများနေတာ...။ " ချိုရီသဲ...ငါ ပင်ပျိုနဲ့ တွေ့ချင်တယ် ဟာ... နင် ပြောပေးအုံး....." " ဟာ...သူ မတွေ့လောက်ဘူး.....။ ခုတောင် ကျွန်မကို တော်တော် ပြောလိုက်တာ.... ပြီးတော့ မေးသေးတယ်... "ကိုယ့် အကို ကို သေမှာ မကြောက်ဘူးလား" တဲ့.... ခုချိန်ကြီး သွားတွေ့ပါလို့ ကျွန်မက ဘယ်လိုလုပ် ပြောလို့ ရမှာလဲ ..." " နင် ကြံဖန်ပေါ့....။ ကဲ...ငါ အပြတ် ပြောမယ်ဟာ... ငါ ဒီနေ့ ပငိပျိုနဲ့ စကားပြောချင်တယ်... နင် စီစဥ်ပေး...ဘယ်လို စီစဥ် စီစဥ်.. အဓိက က ငါ ပင်ပျိုနဲ့ တွေ့ဖို့ပဲ.... ကဲ ငါ အလုပ်လုပ်လိုက်အုံးမယ်...." မော်ကွန်း ယတိပြတ် ပြောပြီး ဘေးနားမှာ ရှိတဲ့ ပေါက်ပြားကို ဆွဲကာ လယ်ထဲ ဆင်းတော့သည်....။ ကျောခိုင်းသွားတဲ့ မော်ကွန်း သစ် ရဲ့ နောက်ကျောကို ကြည့်ပြီး ကျန်တဲ့ သုံးယောက် ခေါင်းယမ်းလိုက်ကြသည်....။ " ကဲ ဘယ်လို လုပ်ကြမလဲ....." ချိုရီသဲ စိတ်ညစ်ညစ်နဲ့ မေးလိုက်သည်...။ တကယ် စိတ်ညစ်တာ...။ မမပင်ပျို ကို ဘယ်လို ပြောရမလဲ မသိ...။ မမပင်ပျိုသာ သာမန် မိန်းကလေးဆိုရင် ဒီလို အောင်သွယ်ပေးရတဲ့ အလုပ်ကို ကြိုးကြိုးစားစား နဲ့ လုပ်မိမှာ....။

photo content