en
Feedback
Mizzima+ TV Channel

Mizzima+ TV Channel

Open in Telegram

🕕နေ့စဉ် နံနက် ၆ နာရီ 🕛 ည ၁၂ နာရီအထိ 🗞သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV 🎭သတင်း နှင့် ဖျော်ဖြေရေးချန်နယ်အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ 2ပေ စလောင်းများနှင့် 8ပေ စလောင်းများဖြင့် ဖမ်းယူကြည့်ရှုနိုင်ပါပြီ။ www.mizzima.tv

Show more
Buy Ad
1 611
Subscribers
No data24 hours
-37 days
-1830 days
Posts Archive
Assassination ========= ကိုရီးယားနိုင်ငံကို ဂျပန်တွေက သိမ်းပိုက်လိုက်တဲ့အချိန်မှာ ပြန်လည်ခုခံခဲ့ကြတဲ့သူတွေဟာ တရုတ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြပြီး ယာယီအစိုးရအဖွဲ့ကို ဖွဲ့စည်းထားပါတယ် .. ဂျပန်အလိုတော်ရိ ကန်အင်ဂွတ်နဲ့ မြို့စောင့်တပ်ဖွဲ့ ဗိုလ်ချုပ်မှူးကြီးကို လုပ်ကြံဖို့ ဒီအဖွဲ့ထဲက တပ်သား ၃ ယောက်ကို ဆိုးလ်ကိုစေလွှတ်လိုက်ပါတယ် ........ သူတို့ဆိုးလ်ကိုရောက်လာချိန်မှာ တော်လှန်ရေးအဖွဲ့ထဲ သတင်းဝင်ထောက်လှမ်းနေတဲ့ သစ္စာဖောက် အယောင်ဆောင်တော်လှန်ရေးသမားက လုပ်ကြံမယ့်အစီအစဉ်ကို ဂျပန်တွေကို သွားပြီးအသိပေးခဲ့တယ် ဒါတင်မကသေးဘူး ဒီလုပ်ကြံရေးအစီအစဉ်ကို ထမ်းဆောင်ဖို့ သူကိုယ်တိုင်တာဝန်ပေးခဲ့တဲ့ လူ ၃ ယောက်ကို ဖော်ထုတ်လိုက်တယ်....... သူ့ရဲ့ယုတ်မာမှုကြောင့် လုပ်ကြံရေးအစီအစဉ်က မအောင်မြင်ခဲ့တဲ့အပြင် ရဲဘော်တစ်ယောက်ပါ ကျဆုံးခဲ့ရတယ် ဒါကို မကျေနပ်တဲ့ တော်လှန်ရေးအဖွဲ့ခေါင်းဆောင်က ကန်အင်ဂွတ်ရဲ့ သမီးဟန်ဆောင်ပြီး မင်္ဂလာပွဲမှာ ထပ်ပြီးလုပ်ကြံဖို့ စိတ်ပိုင်းဖြတ်လိုက်တယ် .. ဒီကြားထဲမှာ သတင်းပေးက လုပ်ကြံရေးလာလုပ်တဲ့သူ ၃ ယောက်ကို သတ်ပေးဖို့ ကြေးစားတစ်ယောက်ကို ငှားထားတယ်....... ဂျပန်စစ်တပ် သစ္စာဖောက်နဲ့ ဒီဘက်က ကြေးစားလူသတ်သမား စတဲ့အခက်အခဲတွေကြားမှာ လုပ်ကြံရေးအစီအစဉ်ကို အောင်မြင်အောင်လုပ်နိုင်မလား ဆက်လက်ကြည့်ဂှုအားပေးကြပါဦး ဂျောင်ဂျီဟွန်း လီဂျောင်ဂျေး ဟားဂျောင်ဝူး စတဲ့ ဝါရင့်သရုပ်ဆောင်တွေပါဝင်ပြီး အပြိုင်ကြဲထားကြပါတယ်....... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၈.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4kmwl1h

Confidential Assignment ******************** မြောက်ကိုရီးယားမှာ အစစ်နဲ့ တသွေမသိမ်းတူညီတဲ့ တရားမဝင်ဒေါ်လာအတုတွေကို ထုတ်လုပ်နေပြီး ဒီဒေါ်လာအတုတွေရိုက်နှိပ်တဲ့ မိုလ်ပြားတွေကို စစ်ဗိုလ်တစ်ယောက်နဲ့ သူ့ရဲ့တပ်ဖွဲ့က သစ္စာဖောက်ပြီးခိုးယူထွက်ပြေးသွားခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဒီတရားခံကို ဖမ်းဖို့အတွက် သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒုဗိုလ်လင်းချွဲရောင်းကို လွှတ်လိုက်ပြီး တောင်ကိုရီးယားဘက်ကလည်းပူးပေါင်းထောက်လှမ်းဖို့ စုံထောက်တစ်ယောက်ကို ထည့်ပေးလိုက်ပါတယ်။ တောင်နဲ့မြောက် စစ်သားနဲ့ စုံထောက်နှစ်ယောက်ပေါင်းပြီး မြောက်ကိုရီးယားတရားခံကို ဖမ်းဖို့ကြိုးစားကြတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၇.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၈.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/41xqyP3

Door lock (2018) =========== ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ဂျိုဂယောင်မင်းက ဘဏ်မှာအလုပ်လုပ်ရင်း တစ်ဦးတည်းနေထိုင်သူဖြစ်ပါတယ်။ တစ်ဦးတည်းနေထိုင်သူဖြစ်တဲ့အလျောက် စိုးရိမ်စိတ်များပြီး သူ့ရဲ့မသိစိတ်မှာ တစ်ယောက်ယောက်က သူ့အိမ်ကိုဝင်ဖို့ကြိုးစားနေတယ်လို့ သံသယဝင်ကာ မကြာခဏရဲတိုင်လေ့ရှိသူတစ်ဦးပါ။ ဒီလိုနဲ့ ကြောက်တတ်တဲ့ဂယောင်မင်းဆီမှာ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေကြုံလာရတဲ့အခါ... ဂယောင်မင်းစိတ်ထင်နေသလို သူ့အိမ်ထဲ တခြားလူဝင်နေတာလားဆို တာကို Thriller ဆန်ဆန်ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၆.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၇.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4386nIT

Waiting for rain **************** ဒီဇာတ်လမ်းလေးကတော့ ယောင်းဟိုဆိုတဲ့ ကျောင်းသားလေးတစ်ယောက် အကြောင်းပါ။ တက္ကသိုလ်ဝင် စာမေးပွဲ ၃နှစ်ဆက်တိုက်ကျပြီး အိပ်မက်မရှိ ဝါသနာမရှိ ဖြစ်နေတဲ့ ကောင်လေးဟာ သူငယ်စဉ် ကျောင်းအားကစားပွဲမှာ ချော်လဲခဲ့တုန်းက လက်ကိုင်ပဝါလေး ပေးခဲ့ဖူးပြီး ရင်ခုန်ဖူးခဲ့တဲ့ ငယ်ချစ်ဦးလို့ ပြောရမယ့် ကောင်မလေးကို သတိရအောက်မေ့ အမှတ်ရလာပြီးတော့ သူရှိရာကို စာနဲ့ဆက်သွယ်ခဲ့တယ်။ ဆန်းကြယ်မှုလို့ ပြောရလောက်အောင် တစ်ဖက်ဆီက စာပြန်လာတဲ့အခါ ရင်ခုန်မှုတွေ အတိုင်းမသိ နိုးကြွလာပြီးတော့ အပြန်အလှန်စာပို့ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ ဆန်းကြယ်မှုဆိုတာ မရှိနိုင်ပါဘူး။ အကြောင်းအမျိုးမျိုးနဲ့ အဆက်အသွယ် ပြတ်သွားကြတဲ့အခါ ကောင်လေးရဲ့ စောင့်ဆိုင်းခြင်း ဇာတ်လမ်းလေး စတင်ခဲ့ပြီးတော့ ချမ်းအေးလှတဲ့ နှစ်သစ်ကူးညမှာ မိုးစက်လေးတွေကို မျှော်လင့်တကြီး စောင့်နေရသူကတော့ ကောင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ဒီဇင်ဘာညရဲ့ ချမ်းအေးမှုတွေနဲ့အတူ ကောင်လေးအဖေရဲ့ ခေတ်ဟောင်းသားရေ အလုပ်ရုံဆိုင်ကိုပါတွေ့ရတာက ရင်ထဲနွေးနွေးထွေးထွေးရှိလှတယ်။ ကောင်မလေးတို့ အိမ်ကလည်း စာအုပ်ဆိုင် ဖွင့်တာမို့လို့ ကြည့်နေရင်းနဲ့တင် စာရွက်နံ့ သင်းသင်းလေးတွေပါ တချက်တချက် ရလာသလိုပါပဲ။ မိုးစက်လေးတွေ ဆောင်းနံ့လေးတွေနဲ့ စိတ်ကို ကြည်နူးနွေးထွေးစေပြီး မချင့်မရဲဖြစ်မိစေတဲ့ ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၅.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၆.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3XcBak4

Masquerade ******** ဂျိုဆွန်းတိုင်းပြည်ရဲ့ ၁၅ဆက်မြောက်ဘုရင် ဂွမ်ဟယ်ဟာ သူ့ကို ပုန်ကန်သူရှိတယ်ဆိုတဲ့ သတင်းကြောင့် ကြောက်လန့်ပြီးတော့ သူ့နေရာမှာ တစ်ယောက်ယောက်ကို အစားထိုး နေထိုင်စေဖို့အတွက် အမှုထမ်းတွေကို တိတ်တဆိတ် အမိန့်ပေးခဲ့ပါတယ်။ တစ်နေ့မှာ အပျိုမယ်ဂေဟာမှာ မျက်ဖုံးတပ်ပြီး ညစ်ညမ်းပုံပြင်တွေ ပြောတဲ့သူကို တွေ့သွားပြီးတော့ မင်းကြီးအတုအဖြစ် ဟန်ဆောင်ခိုင်းပါတော့တယ်။ တစ်နေ့ မင်းကြီးတစ်ယောက် အဆိပ်မိရာကနေ မင်းကြီးအတုက အစစ်အယောင်ဆောင်ရာမှာ ဘာတွေဆက်ဖြစ်မှာလဲ... ဘယ်လိုအလွဲလွဲချော်ချော်တွေဖြစ်မှာလဲ... နောက်ဆုံးမှာ သူအတုဆိုတာ သိသွားကြမှာလားဆိုတာ ဆက်လက် ကြည့်ရှုပေးကြပါဦး။" ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၄.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၅.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3Xg8QgC

K.G.F: Chapter 2 ********** ဒီဇာတ်ကားကတော့ 2022 ခုနှစ်အတွင်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်... ဇာတ်လမ်းအကျဉ်းကတော့ ရော့ကီးဟာ K.G.F 1 မှာ အင်အားကြီးမားလာသလို ရန်သူအပေါင်းရဲ့ အဓိက နှိမ်နင်းရာ ဖြစ်လာတယ် ဒါကြောင့်ပဲ K.G.F 2 မှာ ရော့ကီးနဲ့ အပြိုင်ကြမ်းမယ့် ဗီလိန်တစ်ယောက် ပါလာပါတယ် ရော့ကီးဟာ အတော်လေးကို ကတိတည်သူပါ သူ့အမေကို ပေးခဲ့တဲ့ကတိကို တည်နိုင်ဖို့ အကောင်း‌ဆုံး ကြိုးစားခဲ့ပါတယ် ... K.G.F 2 မှာ ချီးကျူးရမှာကတော့ ရိုက်ကွက်တွေ နောက်ခံသီချင်းတွေ ဖြစ်ပါတယ် 1 ထက်တောင် ပိုကောင်းပါသေးတယ် ..ဒါတွေကပဲ ဇာတ်လမ်းကို ပိုကြွအောင် လုပ်နိုင်ခဲ့ပါတယ် K.G.F 21 မှာ ရှယ်ကြမ်းခဲ့တဲ့ ရော့ကီးတစ်ယောက် 2 မှာရော ဘယ်လိုတွေ ကြမ်းမလဲဆိုတာ ရှူစားလိုက်ပါ.... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၃.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၄.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/41bIUUr

K.G.F: Chapter 1 ============ ဖခင်မဲ့အဖြစ် ဆင်းဆင်းရဲရဲမွေးလာတဲ့ ရော့ကီးဆိုတဲ့ကောင်လေးကို သူ့အမေက မသေခင်မှာ ဆုံးမစကားတစ်ခု ပြောခဲ့ပါတယ် ...ဆင်းရဲတဲ့သူအတွက် သေရတာတောင် မလွယ်ဘူးတဲ့ ....အမေကို အရမ်းချစ်တဲ့ ရော့ကီးကလည်း ကတိတစ်ခုပေးခဲ့ပါတယ် သူ့အနေနဲ့ သူဌေးတစ်ယောက် ဖြစ်စေရမယ်ပေါ့... ဒီဇာတ်ကားမှာ ချီးကျုးရမှာက အသံအပိုင်းပါပဲ ဇာတ်ကားကို အရမ်းကြွအောင် အသံနဲ့ ဖန်တီးထားတာကြောင့် သေချာခံစားရင် သိသာလွန်းပါတယ်.....နောက်တစ်ခုကတော့ မင်းသမီးအဖြစ် သရုပ်‌ဆောင်တဲ့ အလှမယ် မင်းသမီး ဆရီနစ်ဒီရှက်တီရဲ့ ပွဲဦးထွက် ရုပ်ရှင်ဖြစ်ပါတယ်...ဒါဆိုရင် ရော့ကီးတစ်ယောက် သူ့အမေကို ပေးခဲ့တဲ့ ကတိကို တည်အောင် ဘယ်လိုတွေလုပ်မလဲဆိုတာ ရှုစားလိုက်ပါ။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၂.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၃.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3QxEQcl

"Josee" ******* Romance/drama ဇာတ်ကားလေး ဖြစ်တာနဲ့အညီ ချစ်ခြင်းမေတ္တာ ❤️ရဲ့ ရသကို အပြည့်အဝ ခံစားရမယ့်အပြင်၊ငြိမ်ငြိမ်လေးနဲ့ ဆွဲခေါ်သွားမယ့် ဇာတ်လမ်းလေး ဖြစ်တာကြောင့်၊ မိုး‌အေးအေးမှာ ကော်ဖီပူပူလေး တစ်ခွက်နဲ့ လိုက်ဖက်နေမဲ့ကားလေးပါ 😚 ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၁.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၂.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/41saDlj

The Devil's Deal (2021) ============== ၁၉၉၂ အထွေထွေ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ဘူဆန် ဂယောင်းဒယ် မဲဆန္ဒနယ်မြေက နိုင်ငံရေးလုပ်သက် နှစ် ၂၀ ရှိပြီဖြစ်တဲ့ "ဂျောင်းဟယ်ဝန်း".... ရွေးကောက်ပွဲ ကျင်းပမယ့် ဆဲဆဲမှာပဲ သူ နယ်ရုပ်တစ်ခုလို အသုံးချခံရပြီး၊ ပါတီကနေ ကန်ထုတ်ခံလိုက်ရပါတယ်။ ဒါပေမဲ့ သူ နည်းမျိုးစုံသုံးပြီး၊ ဘူဆန်ရဲ့ ထိပ်သီးလူမိုက် ဂင်မ်ဖီဒိုနဲ့ စီးပွားရေးသမား ဂျောင်ဟန်မိုတို့ရဲ့ အကူအညီနဲ့ တသီးပုဂ္ဂလ ယှဉ်ပြိုင်ခဲ့ရာမှာ အားလုံးရဲ့ ထောက်ခံမှုတွေ တခဲနက် ရခဲ့ပေမဲ့ ဘူဆန်ကို ကြိုးကိုင်ထားတဲ့ "ဂွမ်ဆွန်ထယ်"ရဲ့ စနက်ကြောင့်ပဲ သူ ရွေးကောက်ပွဲမှာ ရှုံးခဲ့ပြန်ပါတယ်။ ဒါကြောင့်ပဲ သူ့ဘက်ကလည်း ဂွမ်ဆွန်ထယ်နဲ့ ဒီမိုကရက်တစ်ပါတီ ပါဝင်ပတ်သက်နေတဲ့ ဘူဆန် မြို့သစ်စီမံကိန်းနဲ့ ပတ်သက်တဲ့ လာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံကို သတင်းစာထဲကနေ ဖွင့်ချခဲ့တဲ့အပြင် ဒါကို နိုင်ကွက်တစ်ခုလို အသုံးချပြီး၊ ဂွမ်ဆွန်ထယ်နဲ့ အပေးအယူ လုပ်ခဲ့ပါတယ်။ ဒီအပေးအယူက.....။ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားမှာတော့ ဝါရင့်သရုပ်ဆောင်များ ဖြစ်ကြတဲ့ Cho Jin-woong နဲ့ Lee Sung-min တို့ အဓိက ဦးဆောင်ပါဝင်ပြီး၊ တောင်ကိုရီးယား နိုင်ငံရေးလောကရဲ့ အမှောင်ခြမ်းကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူးတင်ပြထားတာမို့ စိတ်ဝင်စားဖွယ် ရှုစားကြရမှာပါ။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၀.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၁.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4k4Qh8K

"The Pirates" (2014) ************* ဒီတစ်ခါမှာတော့ သက္ကရာဇ် ၁၃၀၀ ဝန်းကျင်ကာလကို အခြေတည် ရိုက်ကူးထားပြီး၊ မင်းသမီးချော Son Ye-jin နဲ့ မင်းသားချော Kim Nam-gil တို ဦးဆောင်ပါဝင်တဲ့ စွန့်စားခန်း/ဟာသ ပင်လယ်ဓားပြ ဇာတ်ကားလေးကို ရှုစားကြရမှာပါ ☺️☺️☺️ တိုင်းပြည်ကို သစ္စာမဖောက်ချင်လို ရှေ့ပြေးတပ်ကထွက်ပြီး၊ တောပုန်းဓားပြ ဘဝကို ရွေးချယ်ခဲ့တဲ့ စစ်သူကြီး "ဂျန်းဆာဂျောင်း" 👱‍♂️ ကောက်ကျစ်ယုတ်မာတဲ့ ဆိုမာကို ဖြုတ်ချပြီး၊ ကပ္ပတိန်ရာထူးကို လွှဲပြောင်းရယူထားတဲ့ ဆတ်ဆတ်ကြဲ ပင်လယ်ဓားပြမလေး "ယိုဝူ" 👩 လက်ရှိဘုရင်ကို ဖြုတ်ချအပြီး၊ တရုတ်ဩဇာခံ တိုင်းပြည်သစ် ထူထောင်ဖို့ တရုတ်ဘုရင် မင်ဧက္ကရာဇ် ချီးမြှင့်လိုက်တဲ့ တော်ဝင်တံဆိပ်တုံးကို ရေလမ်းခရီးကနေ သယ်အလာ လမ်းခုလတ်မှာတင်၊ ဝေလငါးကြီးတစ်ကောင်က သင်္ဘောတစ်စီးလုံးကို ဖျက်ဆီးပြီး၊ တော်ဝင်တံဆိပ်တုံးကို မျိုချလိုက်တဲ့ အခါမှာတော့..... ဝေလငါးကြီးကို ရှာပေးဖို့ အကျပ်ကိုင်ခံရတဲ့ ပင်လယ်ဓားပြမလေး ယိုဝူနဲ့၊ တော်ဝင်တံဆိပ်တုံးအတွက် ဝေလငါးဖမ်းမယ့် ဂျန်းဆာဂျောင်းတိုရဲ့ စွန့်စားခန်းတွေ၊ ရယ်မောဖွယ် လွဲချော်မှုလေးတွေကို ဟာသနှော တင်ဆက်ထားတာမို့ ပရိသတ်ကြီးက ပေါ့ပေါ့ပါးပါး ရှုစားအားပေးကြပါဦးနော်.. ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၉.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၀.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/418l6kr

Cyrano Agency *********** တစ်ဖက်သတ်ချစ်ရတဲ့သူရှိပေမယ့် ချစ်သူဆီက အဖက်လုပ်မခံရလို့ ရည်းစားမရတဲ့သူတွေကို အတွဲ ဖြစ်အောင်လုပ်ပေးတဲ့ ခရိုင်ယန်နို အေဂျင်စီက သူတို့ရဲ့နည်းလမ်းပေါင်းစုံသုံးပြီး ခရက်ရှ်နဲ့ဇာတ်လမ်းပေါင်းစည်းနိုင်အောင်ကြိုးစားပေးသူပါ တစ်နေ့ အီဆန်းယုံတစ်ယောက် သူ့တို့​အေဂျင်စီ ဆီကို ရောက်လာတဲ့ခါ ကိုယ်စားလှယ်ဗြောင်ဟွန်းတစ်ယောက် ခါးခါးသီးသီးငြင်းဆန်ပါတော့တယ်...... တကယ်တန်း သူ ငြင်းဆန်ရတာ ဘာကြောင့်လဲ အီဆန်းယုံရော သူချစ်ရသူနဲ့ပေါင်းစည်းနိုင်ပါ့မလားဆိုတာ ကြည့်ရှုပေးပါဦး... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၈.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၉.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3X4IiyK

Secretly Greatly 2013 *********** အခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ မြောက်ကိုးရီးယားက အထူးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ၅၄၄၆ တပ်ဖွဲ့က ရဲဘော်လေးတွေ 👮‍♂️👮‍♂️👮‍♂️ရဲ့အကြောင်းပဲ ဖြစ်ပါတယ် ... ၅၄၄၆ တပ်ဖွဲ့ဆိုတာ ကိုရီးယားနှစ်နိုင်ငံပေါင်းစည်းရေးအတွက် လူငယ်လေးမျာ:🙎‍♂️🙎‍♂️ကို ဆယ်ကျော်သက်အရွယ်လောက်ကတည်းက ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးခဲ့တဲ့ မြောက်ပိုင်းကတပ်ဖွဲ့တဖွဲ့ပဲဖြစ်ပါတယ် အရည်အချင်းပြည့်ဝတဲ့အခါ တာဝန်အသီးသီးလက်ခံယူကြရရင်းတောင်ကိုရီးယားသို့ စပိုင်အနေနဲ့ လှုပ်ရှားကြရတဲ့ ရဲဘော်တွေထဲမှာ ဝမ်ရူဟွမ်ဆိုတဲ့ ရဲဘော်တစ်ယောက်လည်းပါပါတယ် နှစ်နှစ်တိတိ အရူးအဖြစ်နဲ့ ကျင်လည်နေထိုင်လာခဲ့ပြီးသည့်တိုင်အောင် လုပ်ဆောင်ရန်ဘာတာဝန်မှ မရတဲ့အခါ လက်ရှိဘဝမှာပဲနေသားကျသွားသလိုဖြစ်သွားပါတယ်...နောက်ထပ် ရော့ခ်ကာအဖြစ်နဲ့ စပိုင်တစ်ယောက် အထက်တန်းကျောင်းသားအဖြစ်နဲ့ စပိုင်တစ်ယောက် ထပ်ရောက်လာအပြီးမှာတော့ မကြာခင်မှာပဲ သူတို့အတွက် တာဝန်ကြီး ထမ်းဆောင်ရဖို့ အခွင့်သင့်လာပါတော့တယ်... မြောက်ကိုးရီးယားကို ထောက်ပံ့ပေးမည် ...တောင်ကိုးရီးယားမှာရှိတဲ့ မြောက်စပိုင်စာရင်းနှင့် တည်နေရာကိုပေးပါဟု တောင်းဆိုခံရတဲ့အခါ မြောက်ပိုင်းအထက်ပါတီက တိုင်းပြည်ရဲ့ တော်လှန်ရေးရဲဘော်တွေကို ဘယ်လိုစီမံပေးမလဲ စပိုင်ရဲဘော်တွေအနေနဲ့ ဘယ်လိုဆုံးဖြတ်ကြမလဲဆိုတာကို ဇာတ်အိမ်ထားပြီး ရိုက်ကူးထားတာပါ.. ရပ်ကွက်ထဲမှာ တွေ့နေကျ လူတွေလိုမျိုး နွေးထွေးတဲ့ လူနေမှုလေးတွေကို တွေ့ရမယ့်အပြင် အရန်အနေနဲ့ ပါဝင်တဲ့ မင်းသမီးချောတွေကိုလည်း တဝကြီးငမ်းရမှာဖြစ်တဲ့အတွက် လက်မလွှတ်ဘဲ ကြည့်ပေးကြပါဦး😊 ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၇.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၈.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4hYl19I

Dream Girl 2 - (2023) ***************** မယ်တော်/ဘုရားပွဲတွေမှာ ဖျော်ဖြေတင်ဆက်သူ အလုပ်ကလွဲပြီး "ကာရမ့်"မှာ အလုပ်အကိုင် မယ်မယ်ရရ မရှိပါဘူး။ ချစ်ရသူ ရှေ့နေမလေး "ပါရီ"နဲ့ လက်ထပ်ဖို့ကိစ္စ တိုင်ပင်ချိန်မှာတော့ ပါရီ့အဖေက သူ့ကို ၆ လအတွင်း အိမ်တစ်လုံး၊အလုပ်အကိုင်တစ်ခုနဲ့ သိန်းသုံးဆယ် ရှာနိုင်မှ သူ့သမီးနဲ့ ပေးစားမယ်လို့ ဆိုပါတယ်။ ကြံရာမရ ဖြစ်နေတဲ့ "ကာရမ်"လည်း သူငယ်ချင်းဖြစ်သူရဲ့ အကြံအတိုင်း မိန်းကလေး ဟန်ဆောင်ပြီး "ဆိုနားဘိုင်"ရဲ့ ဟိုတယ်ဘားမှာ အကမယ် ဝင်လုပ်ခဲ့ပါတယ်။ ငယ်ငယ်တည်းက မိန်းကလေးလို ဝတ်စားကပြ ဖျော်ဖြေခဲ့သူမို့ ဒီအလုပ်က ကာရမ့်အတွက် မခက်သလို တစ်ညတစ်ည ဝင်ငွေ‌ ဖြောင့်လှပါတယ်။ ဒီကြားထဲမှာ သူငယ်ချင်းဖြစ်သူ စမိုင်းလီရဲ့ ယောက်ဖလောင်း သူဌေးသား "ရှာရွတ်ခ်"ကို စိတ်ကျရောဂါ ပျောက်အောင် ကုပေးနိုင်ရင် ၁၀ သိန်း ရမယ်ဆိုလို့ ချစ်သူနဲ့ နီးစပ်ဖို့ ပိုက်ဆံလိုနေတဲ့ ကာရမ်တစ်ယောက် စိတ်ရောဂါကု ဆရာဝန်မလေး ပူးဂျာဘဝကို ရောက်ခဲ့ရပြန်ပါတယ်။ ဒါတွေ ပါရီ မသိပါဘူး။ ဒါ့အပြင် ရှာရွတ်ခ်နဲ့ လက်ထပ်ရင် သိန်း ၅၀ ရမယ်ဆိုတဲ့ မက်လောက်စရာ ကမ်းလှမ်းမှုကြောင့် ပူးဂျာ တဖြစ်လဲ ကာရမ်ခမျာ မိန်းမ မရဘဲ ယောက်ျား ရဖို့ဖြစ်လာတဲ့အပြင် ဆိုနားဘိုင်ကလည်း သူ့ကို မျက်စိအောက်က အပျောက်မခံပါပဲ။ အခု ပူးဂျာဆိုတဲ့ မိန်းမလှလေးက အားလုံးရဲ့ အိပ်မက်ထဲက မိန်းကလေး ဖြစ်နေပါပြီ။ ကဲ ဒီဇာတ်ရှုပ်ကို သူ ဘယ်လိုရှင်းမလဲ...။ 😆 ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၆.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၇.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3ERnCDZ

Attack ****** အာဂျွန် ရှာဂေးလ်ဟာ အိန္ဒိယတပ်မတော်မှာ တာ၀န်ထမ်းဆောင်နေတဲ့အရာရှိတစ်ယောက်ပါ အကြမ်းဖက်သမား ရမ်မန်ဂူးလ်ကို ဖမ်းဆီးရမယ့်စစ်ဆင်ရေးကို ဦးဆောင်ခဲ့ပြီး အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်.....12 နှစ်ကြာပြီးတဲ့နောက်မှာတော့ အားလပ်ရက်ရပြီး အိမ်ပြန်လာသည့် လေယာဉ်ပေါ်တွင် ဧည့်ကြို အိုက်ရှာနဲ့ ဆုံခဲ့ပြီး ၂ဦးသား မြင်မြင်ချင်းသဘောကျသွားခဲ့ပါတယ်.... ဒီလိုနဲ့ပဲ တစ်နေ့ အိုက်ရှာ အလုပ်လုပ်နေတဲ့ လေဆိပ်မှာ အကြမ်းဖက် ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူတွေကို ကယ်ဆယ်ဖို့ ကြိုးစားနေရင်းနဲ့ အာဂျွန်တစ်ယောက် ကျောရိုးကို သေနတ်မှန်သွားခဲ့ပါတယ် သတိပြန်ရလာတဲ့အချိန်မှာတော့ ..... ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်.... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၅.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၆.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3X4OmHp

Killing Romance *********** Comedy Queenအဖြစ် နာမည်ကြီးတဲ့ Lee Ha Nee ရဲ့ ဟာသဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ကြော်ငြာမင်းသမီးအဖြစ် နာမည်ကြီးပြီး သရုပ်ဆောင်ညံ့လွန်းတဲ့ ဟွမ်ယိုရယ်တစ်ယောက် ၁၁ နှစ်လုံးလုံး အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာအောင်လို့ မရပ်မနား ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်မှာ သူ့ဘ၀ကို အေးဆေးအနားယူရင်း ဖြတ်သန်းချင်တဲ့ ဟွမ်ယိုရယ်တစ်ယောက် ကွာလာကျွန်းကိုခရီးထွက်ရင်း ဂျိုနသန်နာနဲ့တွေ့ဆုံခဲ့ပါတယ်။ ဂျိုနသန်နာက သူဌေးတစ်ယောက်ဖြစ်ပြီး ရက်စက်မှုအပေါင်း သရဖူဆောင်းထားသူလည်း ဖြစ်ပါတယ်။ ဒါကိုမသိတဲ့ယိုရယ်က ဂျိုနသန်နဲ့ လက်ထပ်ခဲ့ပါတယ်။ ကင်ဘွန်းဝူ ကတော့ ဆိုးလ် တက္ကသိုလ်ဝင်ခွင့်အတွက် ၄ ကြိမ်မြောက် ပြင်ဆင်နေတဲ့ ကျောင်းသားတစ်ဉီးဖြစ်သလို ယိုရယ်ရဲ့ ပရိသတ်တစ်ယောက်လည်းဖြစ်ပါတယ် ၇ နှစ်အကြာ ယိုရယ်တို့ လင်မယား ကိုရီးယားကို ခဏပြန်လာရင်း ဘွန်းဝူနဲ့ အိမ်နီးနားခြင်းဖြစ်နေတဲ့အခါ .... သူတို့သုံးယောက်ဘယ်လိုတွေဆက်ဖြစ်ကြမလဲ၊ ယိုရယ်ကကော သူ့ခင်ပွန်းလက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ ဒီဇာတ်လမ်းမှာ အခွီလေးတွေနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။" ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၄.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၅.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/42RzCj3

On your wedding day ************* နုပျိုတဲ့ရင်ခုန်မှုတွေနဲ့ အလတ်ဆတ်ဆုံး ခံစားချက်တွေလို့ ပြောလိုက်ရင် အထက်တန်းကျောင်းက ဖြစ်တည်လာတဲ့ အချစ်ဦးဇာတ်လမ်းလေးတွေက မပါမဖြစ်ပါပဲ။ ပြန်စဉ်းစားတိုင်း ပြုံးမိတဲ့အချစ်ဦး ဆိုတာမျိုးကို ဝူယွန်းလည်း ခံစားခဲ့ဖူးပါတယ်။ နှစ်လယ်မှ ပြောင်းလာတဲ့ ကောင်မလေး ချောချောလေးကို ဗိုလ်ကျတတ်တဲ့ကောင်တွေဆီကနေ လွတ်အောင် ကူညီပေးရင်း ဝူယွန်းဟာ ကောင်မလေးကို တကယ်ချစ်မိသွားတယ်။ အချစ်ရဲ့ စွမ်းအားနဲ့ ဘာမဆိုလုပ်ရဲပြီးတော့ အချစ်ဦး ဆွန်ဝူးကိုတွေ့ဖို့အတွက်နဲ့တင် အညံ့ဆုံးကျောင်းသား ဘဝကနေ ဆိုးလ်မြို့ပေါ်တက္ကသိုလ်အထိ တက်ရောက်နိုင်သွားတယ်။ ဒါပေမဲ့ အချစ်ဆိုတာ အချိန်ကိုက်ဖြစ်ဖို့လိုပါတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရတဲ့ ဘဝကြီးရဲ့ မာယာလှည့်ကွက် တွေထဲမှာ Platonic love ကို အရင်းခံတဲ့ သူငယ်ချင်းနှစ်ယောက် ကြံ့ကြံ့ခံဖြတ်ကျော် သွားနိုင်ကြမလားဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့စက္ကန့်တိုင်းမှာ ပျင်းစရာဆိုလို့ တစ်ခုမှ မပါတဲ့အပြင် အထက်တန်းကျောင်း တက္ကသိုလ် အလုပ်ခွင် စတဲ့နေရာတွေနဲ့ ဆက်စပ်ပြီး တထစ်ချင်းစီရိုက်ပြထားပြီးတော့ တကယ့်အပြင်က သူသူငါငါလူနေမှုဘဝတွေနဲ့ပါ တူညီနေတဲ့ Realistic love story ကောင်းလေး တစ်ပုဒ်ဖြစ်လို့ ကြည့်ရှုသူကိုယ်တိုင် ဘေးကနေ လိုက်ပါစီးမျော နေရသလို ခံစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၃.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၄.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4aVHi5C

The Odd Family: Zombie on Sale ****************** Human In Bio ဆိုတဲ့ဆေးကုမ္ပဏီရဲ့ တရားမဝင်စမ်းသပ်ချက်တွေကြောင့် ဇွန်ဘီးဖြစ်သွားတဲ့ကောင်လေးက ပတ်မိသားစုနေထိုင်ရာ ရွာကိုရောက်လာပါတော့တယ်... ထူးဆန်းတဲ့ပတ်မိသားစုက ဒီဇွန်ဘီးကိုအသုံးချပြီးဝင်ငွေရှာဖို့ ကြိုးစားတဲ့အခါ နောက်ဆက်တွဲ ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ??? ဒီဇွန်ဘီးရောဂါကိုရော ကုသနိုင်မဲ့ဆေးရနိုင်ပါ့မလား ဆက်လက်ကြည့်ရှုပေးပါဦး ... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၂.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၃.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4hU6uvS

Mr. Zoo: The Missing VIP =============== ဂျူထယ်ဂျူဟာ အလုပ်အရမ်းများတဲ့ ထောက်လှမ်းရေးအေးဂျင့် တစ်ယောက်ပါ။ သူ့ရဲ့ မဖျောက်ဖျက်နိုင်တဲ့ စိတ်ဒဏ်ရာ တစ်ခုကြောင့် တိရစ္ဆာန်တွေကို မျက်မုန်းကျိုးနေတတ်ပါတယ်။ ဆုလာဘ်လား အပြစ်ဒဏ်လား မသိပေမယ့် ရုတ်တရတ် တိရစ္ဆာန်တွေနဲ့ စကားပြော ဆက်သွယ်လာနိုင်တဲ့အချိန်တိုက်တိုက်ဆိုင်ဆိုင် ကိုရီးယား-တရုတ် ချစ်ကြည်ရေးပွဲအတွက် VIP ကို စောင့်ရှောက်ရမယ့်နေ့မှာ မသမာသူ တစ်စုကြောင့် VIP ပြန်ပေးဆွဲခံလိုက်ရတဲ့အခါ... ခွေးကလေး အာလီနဲ့အတူတူ စကားတပြောပြောနဲ့ စည်းစည်းလုံးလုံး ဘယ်လိုတွေများ VIP လေးကို ကယ်ဆယ်ကြမလဲ ဆိုတာကို ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေရဲ့ လှုပ်ရှားမှုတွေနဲ့ အသည်းတယားယား ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၁.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၂.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4aQrdyl

Asurado ******** တောင်ကိုရီးယားအကျဥ်းထောင်တွေနဲ့ အကျဥ်းစံလူမိုက်တွေရဲ့ ဘဝကို အခြေခံပြီး ရိုက်ကူးထားတဲ့ အက်ရှင်ကားတစ်ကားပါ.. တောင်ကိုရီးယားအကျဥ်းထောင်ထဲမှာ တစ်ချိန်လုံး အင်အားချင်းပြိုင်ဆိုင်ရင်း ရန်စောင်နေကြတဲ့ နောက်လိုက်ကိုယ်စီနဲ့ မြွေပွေးနဲ့ ကျားကြီးဆိုတဲ့ လူမိုက်ခေါင်းဆောင်နှစ်ယောက်ရှိတယ်... သူတို့အချင်းချင်းအားပြိုင်ရင်း တစ်ချိန်လုံး ရန်ဖြစ်သတ်​ပုတ်နေကြတာကြောင့် ထောင်မှူးနဲ့ ထောင်ပိုင်တို့ကလည်း အရမ်းကိုခေါင်းခဲနေကြရတာပေါ့.. ဒီလိုနဲ့ တစ်နေ့မှာ... လီတေးဆစ်ဆိုတဲ့ ဂန္နဝင်လူမိုက်ကြီးတစ်ယောက် အဲ့ဒီထောင်ကိုရောက်လာတဲ့အခါ... ရာထူးတိုးဖို့ရှိတဲ့ ထောင်ပိုင်က သူ့ရဲ့အရှိန်ကိုအသုံးချပြီး ဂြိုဟ်ကြွနေတဲ့ လူမိုက်နှစ်ကောင်ကို ငြိမ်ဝပ်ပိပြားအောင်လုပ်ဖို့ ကြိုးစားခဲ့တာပေါ့... ဒီလိုနဲ့ပဲ လူမိုက်ကြီးရဲ့အရှိန်နဲ့ ဂုဏ်သတင်းကြောင့် လူမိုက်တွေလည်း ငြိမ်သွားကြပြီး ထောင်ထဲမှာအေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေကြသလို စံပြထောင်အဖြစ်အရွေးခံရတဲ့အပြင် လက်ရှိထောင်ပိုင်ကလည်း ရာထူးတိုးသွားခဲ့တယ်.. ဒီလိုနဲ့ ထောင်ပိုင်အသစ်ရောက်လာတဲ့အခါ ထောင်တွင်းက အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားခဲ့သလို လီတေးဆစ်နဲ့ ထောင်ပိုင်အသစ်ကြား ရန်ညှိုးတစ်ခုရှိနေတာကို သိလိုက်ရတယ်... အဲ့ဒီရန်ညှိုးက ဘာဖြစ်နေမလဲ... သူတို့နှစ်ယောက်ရော... ဘာတွေဆက်ဖြစ်ကြမလဲ.... သိချင်နေကြပြီမလား... ဖန်သားပြင်ပေါ်မှာ ရှုစားပေးနော်... နာမည်ကြီးမင်းသားမင်းသမီးတွေ ပါဝင်မထားပေမယ့်စိတ်ဝင်စားစရာကောင်းတဲ့ ထောင်တွင်းအက်ရှင်ဇာတ်ကားကောင်းတစ်ခုလို့ ဆိုလို့ရပါတယ်... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၀.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၁.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4jSiS11

Shershaah *********** ငယ်စဉ်ကတည်းက စစ်သား ဖြစ်ချင်ခဲ့တဲ့ ဗစ်ခရမ်၊မတရားတာမြင်ရင် ငြိမ်မနေတတ်တဲ့ ဗစ်ခရမ်၊ ချစ်ရသူ ဒင်မ်ပယ်အတွက် သူ ဖြစ်ချင်တဲ့ စစ်သားဘဝကို စွန့်လွှတ်ပြီး ချစ်သူမိဘတွေ အလိုကျ သင်္ဘောလိုက်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့၊ နှလုံးသားက အသံကို နားထောင်ဖို့ သူငယ်ချင်းဖြစ်သူက ပြောလာချိန်မှာတော့ သူ ဖြစ်ချင်ခဲ့တဲ့ စစ်သားဘဝကိုသာ ရွေးချယ်ခဲ့ပါတော့တယ် 😊 စစ်ဆင်‌ရေးတွေမှာ သျှီသျှားဆိုတဲ့ နာမည်တစ်လုံးနဲ့ ရွပ်ရွပ်ချွံချွံ စွမ်းဆောင်နိုင်ခဲ့လို့ အချိန်တိုအတွင်းမှာ ဗိုလ်ကြီးအဖြစ် ရာထူးတိုးခဲ့တဲ့အပြင် တစ်နိုင်ငံလုံးရဲ့ ချစ်ခင်အားပေးမှုတွေ ရရှိလာချိန်မှာတော့ ချစ်သူအပါအဝင်၊ ချစ်သူရဲ့ ဖခင်ကပါ သူ့အတွက် ဂုဏ်ယူလာကြပါပြီ 🧡 ဒီလိုနဲ့ ‌ရန်သူရဲ့ ကျူးကျော်မှုကို တားဆီးတိုက်ထုတ်ဖို့ ပွိုင့် ၄၈၇၅ ရဲ့ နောက်ဆုံးဘန်ကာကို သိမ်းဖို့ ဖြစ်လာခဲ့ချိန်မှာ သူ ဘယ်လိုအခက်အခဲ‌တွေနဲ့ ရင်ဆိုင်ကြုံတွေ့သွားမလဲ၊ သူ ဘယ်လိုစွန့်လွှတ် စွန့်စားသွားမလဲ၊ စစ်ဆင်ရေးတွေ အောင်မြင်တိုင်းမှာ သူ အမြဲပြောနေကျ "နှလုံးသားက ပိုလိုချင်တယ်" ဆိုတဲ့ အောင်ပွဲရ အချက်ပြ စကားလေးကို သူ ပြောခွင့် ရနိုင်ပါ့မလား၊ သူ သိပ်ချစ်ရတဲ့ ဒင်မ်ပယ်နဲ့ရော ပေါင်းဖက်သွားနိုင်မလား ဆိုတာကိုတော့ စိတ်ဝင်စားဖွယ်၊ ရင်သပ်ရှုမောဖွယ်၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်တက်ကြွဖွယ် ရှုစားကြရမှာပါ😚 ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၉.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၀.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3EwxhzV