en
Feedback
Mizzima+ TV Channel

Mizzima+ TV Channel

Open in Telegram

🕕နေ့စဉ် နံနက် ၆ နာရီ 🕛 ည ၁၂ နာရီအထိ 🗞သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV 🎭သတင်း နှင့် ဖျော်ဖြေရေးချန်နယ်အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ 2ပေ စလောင်းများနှင့် 8ပေ စလောင်းများဖြင့် ဖမ်းယူကြည့်ရှုနိုင်ပါပြီ။ www.mizzima.tv

Show more
Buy Ad
1 611
Subscribers
No data24 hours
-37 days
-1830 days
Posts Archive
Juror 8 ဒီဇာတ်ကားကတော့ 2019 ခုနှစ်မှာ ထွက်ခဲ့တဲ့ ကိုရီးယားနာမည်ကြီး ကားလေးပါ ဇာတ်လမ်းကတော့ တရားစီရင်မှုကို ဦးစားပေးတဲ့ ကားပေါ့ ဒါပေမယ့် ရိုးရိုးတရားစီရင်တာမျိုး မဟုတ်ဘဲ ထူးခြားမှုတစ်ခုပါပါတယ် တရားစီရင်တာမှာ ဂျူရာ(ဂျူရီ)လို့ခေါ်တဲ့ အရပ်သားတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့ကို တရားသူကြီးက စီရင်ချက်ချတာမှာ အကူအညီဖြစ်ဖို့ ခေါ်ထားတာပါ ဇာတ်လမ်းအကျဉ်းကတော့ ကန်ဒူဆစ်ဆိုတဲ့ တစ်ယောက်က သူ့အမေကို ပြန်သတ်ပါတယ်ဆိုပြီး တရားစွဲ ခံထားရတာပါ ဒါကို တရားသူကြီးနဲ့ ဂျူရာအဖွဲ့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ရှူစားလိုက်ပါ... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၇.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Replay ပြသမည့်ရက် ။ ။ ၂၈.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ---------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါရစေ။ Mizzima TV YouTube Channel တွင် မန်ဘာဝင်ပေးခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ Https://bit.ly/2VhJ12U or https://bit.ly/4fri29j Join Mizzima TV membership - https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join https://bit.ly/3RmF4TT

Space Sweepers ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးအတွက် အပြောင်းအလဲဖြစ်စေမယ့် ကိုရီးယားကားကိုမှ Sci-fi/Space opera အမျိုးအစားဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် 😍 အနာဂတ်ကာလတစ်ခုမှာ ကမ္ဘာဟာ နေထိုင်ဖို့မကောင်းတဲ့နေရာဖြစ်လာတာကြောင့်James Sullivan ဆိုသူဟာ အာကာသထဲမှာEden ဆိုတဲ့ နေရာသစ်တစ်ခုကိုဖန်တီးခဲ့ပါတယ်..ကမ္ဘာပေါ်ကလူတွေအားလုံးကို DNA စစ်ဆေးပြီးအကျင့်စာရိတ္တကောင်းမွန်သူများကိုသာ Eden မှာ နေစေခဲ့ပါတယ်... ဒါပေမဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အာကာသဟာ ၎င်းတို့ကြောင့်ညစ်ညမ်းလာခဲ့ပြီးအာကာသအမှိုက်တွေ ပုံသထက်ပုံလာခဲ့ပါတယ်.. ဒါတွေကိုရှင်းလင်းဖို့အတွက် ကမ္ဘာပေါ်ကလူတွေဟာအာကာသထဲမှာ အာကာသအမှိုက်ရှင်းလင်းရေးသမားအဖြစ်လာရောက်အလုပ်လုပ်ကိုင်ကြရပါတယ်.... Eden ကမဟုတ်တာကြောင့် အခွန်အတုတ်များစွာပေးရတဲ့အပြင် ယာဉ်ထိခိုက်မှုအပျက်အစီးအတွက်လည်းလျော်ကြေးတွေ အဆမတန်ပေးရတဲ့အာကာသဝန်ထမ်းတွေထဲမှာဂန်ထယ်ဟိုတို့ အုပ်စုဟာ အကြွေးနွံထဲနစ်နေကြတဲ့သူတွေပါ 🤭 ဒီလိုကနေတစ်နေ့မှာတော့ သူတို့ယာဉ်ဆီကိုကလေးမလေးတစ်ယောက် မထင်မှတ်ဘဲရောက်ရှိလာပါတယ်...ဒီကလေးမလေးဟာ သတင်းတွေထဲမှာအန္တရာယ်ရှိတဲ့လက်နက်ဖြစ်ကြောင်းပေါက်ကွဲစေနိုင်တဲ့ ဟိုက်ဒရိုဂျင်ဗုံးဖြစ်ကြောင်းသူတို့ဖတ်လိုက်ရတယ်☺️ ဒါကြောင့် ကလေးမလေးကိုသုံးပြီး ပိုက်ဆံရှာဖို့ကြိုးစားရာကနေEden ရဲ့နောက်ထပ်ခြေလှမ်းတွေ နောက်ကွယ်ကထိန်းချုပ်ထားတာတွေဖုံးကွယ်ထားတဲ့အရာတွေအားလုံးကိုပါ သိရှိလိုက်ရချိန်မှာတော့.... စိတ်ဝင်စားဖို့ကောင်းတဲ့ Sci-fi ဇာတ်ကားဖြစ်ပြီးကိုရီးယားကားဆိုတော့ Drama ဆန်အောင်ရိုက်ကူးထားတာကြောင့်ရသစုံကြည့်ရှုနိုင်မှာပါ ... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၆.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Replay ပြသမည့်ရက် ။ ။ ၂၇.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ---------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါရစေ။ Mizzima TV YouTube Channel တွင် မန်ဘာဝင်ပေးခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ Https://bit.ly/2VhJ12U or https://bit.ly/4fri29j Join Mizzima TV membership - https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join https://bit.ly/3XsvXVl

Office အလုပ်တွေ ပင်ပန်းလို့ စိတ်ညစ်ပြီး ထွက်ပေါက်ရှာတဲ့ အနေနဲ့ မိမိကိုယ်ကို အဆုံးစီရင်တာ ၊ သူတစ်ပါးကို ရန်ပြုတာစတဲ့ ဖြစ်ရပ်တွေ ကြားဖူးကြမယ် ထင်ပါတယ်။ ဆိုရှယ်မကျဘဲ အလုပ်ကိုဖိလုပ်ပြီး အေးဆေးနေတတ်တဲ့ သူတွေအဖို့ သူများကျွေးတဲ့ ဂျင်းတွေပါ စားရပြီ ဆိုရင်ရော. . . ဘယ်အတိုင်းအတာထိ စိတ်တွေလွတ်သွားမလဲ။ Office ဇာတ်ကားဟာ ဒီလိုဖြစ်ရပ်အပေါ် အခြေခံထားပါတယ်။ ရုံးပတ်ဝန်းကျင်ရဲ့ ဖိအားတွေ၊ အရောင်း target ပြည့်မီဖို၊ ရုံးချုပ် ဘယ်ဌာန ၊ ဘာဌာနက ဖိအားပေးတာ၊ အထက်လူကြီးက ခေါ်ဆဲတာ၊ လုပ်ဖော်ကိုင်ဖက်တွေက အချင်းချင်း ချောက်ချ လည်သူစား လုပ်နေတဲ့ အနေအထားမျိုးမှာ မပွင့်တပွင့်နဲ့ ရိုးရိုးအေးအေးလူတွေ မပြောနဲ့၊ သာမန်လူတစ်ယောက်ပါ ရူးချင်မှာ သေချာပါတယ်။ နေ့စဉ်ရက်ဆက် အလုပ် အလုပ် အလုပ်နဲ့ တစ်လုပ်တည်းလုပ်နေပြီး မိသားစုပြဿနာတွေလည်းရှိနေချိန် မခံနိုင်တော့တဲ့ အကန့်အသတ်တစ်ခုရောက်တဲ့အခါ စိတ်ထဲက တင်းထားသမျှဟာ ရူးသွပ်မှုတစ်ခုအဖြစ် ပေါက်ကွဲထွက်လာပါတော့တယ်။ ဒီဇာတ်ကားမှာ အလုပ်သင်တစ်ယောက်နဲ့ မန်နေဂျာတစ်ယောက်တိုက ဒီလိုရုံးပတ်ဝန်းကျင်ထဲမှာ မွန်းကြပ်နေရတဲ့ အလုပ်ကြိုးစားသူတွေပေါ့။ လူသတ်ကောင် ဘယ်သူလဲ အဖြေရှာမရ၊ စုံထောက်နဲ့ အကျိုးစီးပွားရှေ့တန်းတင်တဲ့ ကုမ္ပဏီအကြား အမှုလိုက်ရာမှာ ဘယ်လိုအခက်အခဲတွေ ရှိမလဲ... လူတွေ သေသေနေရခြင်းရဲ့ လက်သည်တရားခံကရော ဘယ်သူလဲ... သည်းထိတ်ရင်ဖို မှုခင်းစုံထောက် ကိုရီးယား ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်လိုက်ကြရအောင်နော်... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၅.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Replay ပြသမည့်ရက် ။ ။ ၂၆.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ---------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါရစေ။ Mizzima TV YouTube Channel တွင် မန်ဘာဝင်ပေးခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ Https://bit.ly/2VhJ12U or https://bit.ly/4fri29j Join Mizzima TV membership - https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join https://bit.ly/4hHVsZZ

Hostage: Missing Celebrity (2021) နာမည်ကြီးရုပ်ရှင်သရုပ်ဆောင် ဟွမ်ဂျောင်မင်ဟာ ရုပ်ရှင်ဆုပေးပွဲတစ်ခုကအပြန် ဆိုးလ်မြို့လယ်ခေါင်မှာ ပြန်ပေးအဆွဲခံလိုက်ရပါတယ်..... အစပိုင်းမှာတော့ ဟွမ်ဂျောင်မင်က သူ့ကို စနောက်နေတယ်ထင်ပြီး အေးအေးဆေးဆေးနေနေပေမယ့် နောက်ပိုင်းမှာ တကယ်ဖြစ်နေပြီး ပြန်ပေးသမားတွေက ငွေပမာဏအများကြီး နဲ့ ၂၄ နာရီအတွင်း ပြန်ရွေးဖို့ တောင်းဆိုလာပါတယ် ..... ပြန်ပေးသမားတွေလက်ကနေ ဟွမ်ဂျောင်မင်တစ်ယောက် လွတ်မြောက်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားရပုံကို ရိုက်ကူးတင်ဆက်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ခုပါ....အဓိကသရုပ်ဆောင်အဖြစ် ဝါရင့်စွယ်စုံရမင်းသားကြီး ဟွမ်ဂျောင်မင်ကပဲ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားပါတယ်..... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၄.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Replay ပြသမည့်ရက် ။ ။ ၂၅.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ---------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါရစေ။ Mizzima TV YouTube Channel တွင် မန်ဘာဝင်ပေးခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ Https://bit.ly/2VhJ12U or https://bit.ly/4fri29j Join Mizzima TV membership - https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join https://bit.ly/4bTyEFn

Extreme Job စစ်ဆင်ရေးတွေကို အလွဲလွဲအချော်ချော် လုပ်တတ်တဲ့ ကပ္ပတိန်ဂိုနဲ့ သူ့အဖွဲ့သားတွေ၊ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးအဖွဲ့ ဆိုပေမဲ့ ဘိန်းစားတစ်ယောက်ကိုတောင် မိအောင်မဖမ်းနိုင်၊ တရားခံက ဉာဏ်နီဉာဏ်နက်သုံးပြီး ထွက်ပြေးတဲ့အချိန် ဘတ်စ်ကား ဝင်တိုက်သွားလို့ ဖမ်းမိတဲ့အဖြစ်ကိုယ့်‌နောက်မှ အလုပ်ဝင်တဲ့ ဂျူနီယာက မူးယစ်ဆေး အမှုတစ်ခုကို ကွင်းဆက် ဖော်ထုတ်နိုင်ခဲ့လို့ ရာထူးတိုးနေချိန်၊ ကိုယ်ကတော့ အဖွဲ့သားတွေနဲ့ တိုင်ပတ်နေဆဲ ကပ္ပတိန်ဂို၊ အိမ်ကမိန်းမ နားပူနားဆာ လုပ်တဲ့ဒဏ်ကို မခံနိုင်တော့လို့ အိမ်တောင်မပြန်ဖြစ်တဲ့အထိ ... တစ်နေ့မှာတော့ ရာထူးတိုးထားတဲ့ ဂျူနီယာဖြစ်သူက သူ့ကို အချက်အလက် တစ်ခုပေးလာတယ်..အဲဒီနောက်မှာတော့ ကပ္ပတိန်ဂို နဲ့ သူ့အဖွဲ့သားတွေဟာ မူးယစ်ရာဇာကြီး မူ‌ဘေး ပြန်အလာကို စောင့်နေတဲ့ မူဘေးရဲ့ ညာလက်ရုံး ထောင်ထွက်ဟောင်နဲ့ သူ့လူတွေကို အသွင်ယူ စောင့်ကြည့်ဖို့ ဖြစ်လာခဲ့ပါတော့တယ် ... ဒီလိုနဲ့ မူဘေး ပြန်ရောက်လာတော့ အနီးကပ် စောင့်ကြည့်လို့ရအောင် မျက်နှာစောင်းထိုးက ကြက်ကြော်ဆိုင်လေးကို ကပ္ပတိန်ဂို ရဲ့ ပင်စင်စုကြေးနဲ့ သူတို့ ဝယ်လိုက်တယ်...အစကတော့ အသွင်ယူဖို့ လုပ်ခဲ့တာဆိုပေမဲ့ မထင်မှတ်ဘဲ ကြက်ကြော်ဆိုင်လေး ရောင်းကောင်းလာချိန်မှာတော့ ကပ္ပတိန်ဂိုတစ်ယောက် တာဝန်ကို ဦးစားမပေးနိုင်တော့ပါဘူး။ ဒီလိုနဲ့ သူတို့တွေ မသိလိုက်ခင်မှာ မူဘေးနဲ့သူ့လူတွေ တခြားနေရာကို ပြောင်းသွားတဲ့အပြင် သူတို့ ကြက်ကြော်ဆိုင်ရဲ့ မကောင်းသတင်း TV မှာ ပါလာလို့ သူတို့ခမျာ ဆိုင်လည်းဆုံး တာဝန်ကနေလည်း ရပ်ဆိုင်းခံလိုက်ရပါတယ်။ တစ်ဖက်မှာလည်း မူးယစ်ရာဇာ မူဘေးက ကျောင်းတော်ကရန်စ တက်ဒီချန်းကို အပျောက်ရှင်းဖို့ ရည်ရွယ်ချက်နဲ့ သူတို့ဆိုင်လေးကို လူလွှတ်ပြီး ချဉ်းကပ်ခိုင်းလိုက်ပါပြီ။ ဒီနောက်မှာ ဘာတွေဆက်ဖြစ်မလဲ၊ နောက်ကွယ်ကလူဟာ သူတို့ အလိုရှိနေတဲ့ မူဘေးဆိုတာ သူတို့ အချိန်မီ သိသွားမလား? မူဘေးကရော သူတို့ရဲ့ သရုပ်မှန်ကို သိသွားမလားဆိုတာကိုတော့ ဖန်သားပြင်ပေါ်မှာ ဆက်လက် ရှုစားကြပါနော်။ ဘယ်လိုသတ်သတ် မသေလို့ ဖုတ်ကောင်လို့ ကျော်ကြားတဲ့ ကပ္ပတိန်ဂို၊ မွေ့ထိုင်းချန်ပီယံ မိန်းမချောလေး စုံထောက်ဂျန် တစ်ချိန်က နိုင်ငံ့လက်ရွေးစင် ဂျူဒိုကစားသမား‌ဟောင်း စုံထောက်မာလူတောင်သတ်ဖူးတယ်လို့ နာမည်ကြီးတဲ့ UTD အဖွဲ့ဝင်ဟောင်း ဟောင်းဟို၊ လူဆိုး မတရားဖမ်းချင်တဲ့ လူသစ်လေး ဂျေဟွန်းတို့အဖွဲ့ရဲ့ ရယ်စရာ ဖြစ်ရပ်လေးတွေ အသဲထိတ်စရာ အက်ရှင်ခန်းတွေကိုလည်း စိတ်ဝင်စားဖွယ် ရှုစားကြရမှာမို့ စောင့်မျှော်ကြည့်ရှု အားပေးကြပါလို့ ။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၈.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၉.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါရစေ။ Mizzima TV YouTube Channel တွင် မန်ဘာဝင်ပေးခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ Https://bit.ly/2VhJ12U or https://bit.ly/4fri29j Join Mizzima TV membership - https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join https://bit.ly/4iRpg7o

The Princess and the matchmaker သူ(မ)ကို မွေးပြီးပြီးချင်းမှာပဲ မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာ‌ကြောင့် ကျိန်စာသင့် မင်းသမီးရယ်လို့ အများက သတ်မှတ်ထားတဲ့ မင်းသမီးဆွန်ဝါ 🙍‍♀️ ဇာတာခွင်ဖတ်ပြီး ဟောကိန်းထုတ်ရာမှာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ စုံစမ်းစစ်ဆေးရေးမှူး ဆောဒိုယွန်း ........ ကျိန်စာသင့် မင်းသမီးဆွန်ဝါနဲ့ လက်မဆက်ချင်လို့ ငြင်းပယ်ခဲ့ဖူးသူ၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် စုံစမ်းစစ်‌ဆေးရေးမှူး ယွန်းရှီယောင်း👱‍♂️ ဇာတ်လမ်းရဲ့အစ... တိုင်းပြည်မှာ မိုးခေါင်ရေရှားပါးမှုကို ရပ်တန့်ဖို့ နန်းတွင်း နက္ခတ္တဗေဒ ပညာရှင်တွေ လျှောက်တင်လာတာက... နန်းတွင်းမှာ အဖိုဓါတ်နဲ့ အမဓါတ် မျှတသွားအောင် ဘုရင်ကြီးရဲ့ အဋ္ဌမမြောက် သမီးတော်လေး ဆွန်ဝါကို ထိမ်းမြားပေးဖို့ပါပဲ။ ကြံရာမရ ဖြစ်နေတဲ့ ဘုရင်ကြီးလည်း သမီးတော်အတွက် တော်ဝင်သတို့သား ရွေးချယ်ပွဲကြီး ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါပြီ။ အဆင့်ဆင့် ရွေးချယ်အပြီးမှာတော့ အရွေးချယ်ခံ စကာတင် ၄ ဦး ပေါ်ထွက်လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ မင်းသမီးဆွန်ဝါကလည်း မင်္ဂလာပွဲအတွက် ဇာတာဖတ်ခွင့် ရထားသူ ဆောဒိုယွန်းဆီကနေ စကာတင်တွေရဲ့ ဇာတာခွင်ကို တစ်ဖက်လှည့်နဲ့ယူပြီး နန်းတော်အပြင်ကို ခိုးထွက်လာခဲ့ပါပြီ။ သူ(မ)ကို မင်းသမီးမှန်း မသိဘဲ အပျိုတော် မာနီလို့ ထင်နေတဲ့ ဆောဒိုယွန်းနဲ့ ၊ ဆောဒိုယွန်းကို ယွန်းရှီယောင်းလို့ ထင်နေတဲ့ သူ(မ)တို့ကြားက မထင်မှတ်တဲ့ တွေ့ဆုံမှုလေး။ သတို့သားလောင်းတွေကို လေ့လာဖို့လုပ်ရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်နေတဲ့ မင်းသမီးဆွန်ဝါကို ပစ်မထားရက်တဲ့ ဆောဒိုယွန်း... သူ ထင်နေသလို အပျိုတော်‌ မာနီ မဟုတ်ဘဲ မင်းသမီးဆွန်ဝါမှန်း သိသွားချိန်မှာ ဘာတွေဆက်ဖြစ်မလဲ။ အရင်က ငြင်းပယ်ခဲ့ပေမဲ့ အခုအချိန်မှာ အကြံအစည်တစ်ခုနဲ့ မင်းသမီးကို လက်ဆက်ဖို့ ကြိုးစားလာတဲ့ စကာတင် ၄ ဦး စာရင်းဝင် စုံစမ်းစစ်ဆေးရေးမှူး ယွန်းရှီယောင်း... သူ့အကြံအစည်က ဘာများဖြစ်မလဲ။ စကာတင် ၄ ဦးကို တစ်ဦးချင်း လေ့လာအပြီးမှာ မင်းသမီးဆွန်ဝါနဲ့ လက်ဆက်ရမယ့် သတို့သားလောင်းက ဘယ်သူဖြစ်မလဲ၊ သူ(မ)ဘဝရဲ့ အချစ်စစ်က ဘယ်သူဖြစ်မလဲ။ သူမဟာ တကယ်ပဲ ကျိန်စာသင့်နေတဲ့ မင်းသမီးလေးလား ဆိုတာကိုတော့ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားကြပါနော်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၇.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၈.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j Subscribe Mizzima TV:https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join paypal.com https://bit.ly/4iu1zls

​​မဇ္ဈိမ၏ နေ့စဥ် နောက်ဆုံးရသတင်းများ၊ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်များနှင့် နိုင်ငံတကာသတင်းများကို á€›á€šá€°á€–တ်ရသုနိုင်သညအ် မီဒီယာချန်နယ်များ  Mizzima online  ................................. မဇ္ဈိမ မြန်မာဘာသာ သတင်း https://bur.mizzima.com မဇ္ဈိမ အဂ်လိပ်ဘာသာ သတင်း https://eng.mizzima.com  မဇ္ဈိမ ဒစ်ဂျစ်တယ်မဂ္ဂဇင်း  https://www.mizzimaweekly.com  Social media channels  ……………………………… YouTube | https://www.youtube.com/@mizzimanewsTV Facebook | Mizzima News in Burmese - မြန်မာဘာသာ  https://www.facebook.com/MizzimaDaily  Facebook | Mizzima English - အဂ်လိပ်ဘာသာ https://www.facebook.com/MizzimaMyanmarnews  Facebook | Mizzima+TV  https://www.facebook.com/mizzimaplustv  X | https://x.com/MizzimaNews  Telegram | https://t.me/mizzimatv  Sportify | 108 FM Podcast  https://open.spotify.com/show/0JqldUlReGJnU3G6gNwugY  Bluesky social | https://bsky.app/profile/mizzima.bsky.social Substack | https://mizzimadailynews.substack.com App | Mizzima TV Application http://onelink.to/jnuwak  Mizzima TV အခမဲ့ ဂြိုလ်တုရုပ်သံလိုင်း ..................................... Mizzima TV á€€á€­á€Ż PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်းများမှ တဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသပေးလျက်ရှိသည်။ ၂ပေစလောင်း, PSI Receiver, Free-to-Air receiver များဖြင့်ကြည့်ရှုရန် ThaiCom 6 Satellite [ 78.5E ] Ku Band              Frequency  : 12728 MHz   Polarization : Vertical Symbol Rate : 30000 ၈ပေစလောင်း, C band receiver များဖြင့်ကြည့်ရှုရန် AsiaSat-7 Satellite [105.5E] C band Downlink Frequency  : 3760 MHz  Polarization  : Horizontal Symbol Rate : 26000 Mizzima Sportify Podcast Radio   ..................................... မဇ္ဈိမရေဒီယိုအစီအစဥ်များကို mizzima sportify channel နှင့်  Youtube channel တို့တွင် á€”္အစြ် မနက် ၉ နာရီ နှင့် ညနေ ၆ နာရီတို့တွင် တိုက်ရိုက်ထုတ်လွှင့်ပေးနေပါသည်. YouTube | Mizzima Radio https://www.youtube.com/playlist?list=PL1FfogmNIjcQ1NRSMN_FW7WSKz-ssPTpM Sportify | 108 FM Podcast  https://open.spotify.com/show/0JqldUlReGJnU3G6gNwugY  ............................................. မဇ္ဈိမ၏ လွတ်လပ်သော သတင်းဝန်ဆောင်မှုကို ဆက်လက်ပေးပို့နိုင်ဖို့ သင်၏ထောက်ပံကူညီမှုကို လေးစားစွာ ဖိတ်ခေါ်ပါသည်။  https://donate.mizzima.com #mizzimaplatforms #mizzimamultimedia #Mizzima #supportmizzima

Malik (2021) ဒီဇာတ်လမ်းက ကမ်းရိုးတန်းက တံငါသည်ကျေးရွာလေးတွေ ဖွံ့ဖြိုးဖို့ ဆောင်ရွက်ခဲ့တဲ့ ဆူလေမန်ဆိုတဲ့ လူတစ်ယောက်ရဲ့ အကြောင်းကို သရုပ်ဖော်ထားပါတယ် တနယ်တကျေးကနေ ကလေးဘဝကတည်းက ပြောင်းလာခဲ့တဲ့ ဆူလေမန်ဟာ ဒေသခံမဟုတ်ပေမယ့် အချိန်တိုအတွင်းမှာပဲ ဒေသခံတစ်ယောက်လိုဖြစ်သွားခဲ့ပြီး ဒေသတွင်းက လုပ်ငန်းရှင်တွေအတွက် မှောင်ခိုကုန်ကူးတဲ့အလုပ်ကို ကလေးဘဝကတည်းက လုပ်ပေးခဲ့သူပါ အဲ့ဒီရွာလေးတွေက ခရစ်ယာန်နဲ့ မူဆလင်ဆိုတဲ့ ဘာသာဝင်အသိုင်းအဝိုင်း ၂ ခု ချစ်ချစ်ခင်ခင်နဲ့ ယှဉ်တွဲနေထိုင်ကြတဲ့ ရွာလေးတွေပါ ဆူလေမန်ကတော့ မူဆလင်ပေါ့ လူပျိုပေါက်အရွယ်ရောက်လာတော့ ဆူလေမန်က မှောင်ခိုအလုပ်လုပ်ပေးနေတဲ့ သူ့သူဌေးဆီကနေ ခွဲထွက်ပြီး ကိုယ်ပိုင်မှောင်ခိုလုပ်ငန်းကို လုပ်လာတယ် လုပ်ငန်းလေးအောင်မြင်လာတော့ အဲ့ဒါကို မကျေနပ်တဲ့ အရင်သူဌေးက သူ့ဂိုထောင်ကို မီးရှို့ဖျက်ဆီးလိုက်တယ် ကံဆိုးချင်တော့ အဲ့ဒီမီးရှို့တဲ့အထဲမှာ သူ့ဆီမှာ ကူလုပ်ပေးနေတဲ့ ကလေးတစ်ချို့သေသွားခဲ့ရတယ် ဒါကို မကျေနပ်တဲ့ ဆူလေမန်က သူငယ်ချင်းတွေနဲ့ပေါင်းပြီး အဲ့ဒီသူဌေးကို သတ် ပင်လယ်ထဲမျှောပစ်လိုက်တယ် ရဲတွေက သူတရားခံမှန်းသိပေမယ့် ဒေသအတွက် ကျောင်းဆောက်ပေး အလုပ်အကိုင်တွေ ရှာပေးခဲ့တဲ့ ဆူလေမန်ကို ဆန့်ကျင်ပြီး ဘယ်သူမှ သက်သေမထွက်ဆိုရဲခဲ့ကြဘူး ဒါပေမယ့် သူမထင်မှတ်ထားတဲ့သူက သက်သေထွက်ဆိုပေးခဲ့တယ် ဒါပေမယ့် မခိုင်လုံတဲ့အတွက် ထောင်ဒဏ်ကြီးကြီးမားမား မကျခဲ့ဘူး ဒါကြောင့် သူဟာ ရမန်နဲ့ လွတ်လွတ်လပ်လပ်နေခွင့်ရခဲ့တယ် နှစ်ပေါင်းများစွာကြာပြီးမှ အဲ့ဒီအမှုကို ပြန်ဖော်ပြီး သူ့ကို တရားစွဲဖို့ ပြင်တယ် ဒါပေမယ့် သက်သေထွက်ဆိုမယ့်သူ မရှိတုန်းပဲမို့ ဆူလေမန့်ကို ထောင်ထဲမှာ သတ်ပစ်ဖို့ ရဲတွေက ကြံစည်လာပြန်တယ် .... ဒီဇာတ်လမ်းက သူ့ရဲ့ အတိတ်ကအကြောင်းအရာတွေကို ပြန်လည်ဖော်ပြပြီး ဒီရွာတွေအတွက် သူဘာတွေလုပ်ပေးခဲ့တယ်ဆိုတာကို ပြန်လည်ပြောပြပေးသွားမှာပါ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၆.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၇.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j Subscribe Mizzima TV:https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join paypal.com https://bit.ly/4hBYjU4

Chennai Express (2013) ဟာသ ၊ အက်ရှင် ၊ အချစ် အားလုံးခံစားရအောင် ပါဝင်ပေါင်းစပ်ဖန်တီးထားတဲ့ ဇာတ်ကားလေးပါ။ ငယ်ငယ် ကတည်းက မိဘများကွယ်လွန်ပြီး အဖိုးအဖွားတို့၏လောင်းရိပ်အောက် မွန်ဘိုင်းမြို့ကြီးတွင်ကြီးပျင်းလာသော အသက် ၄၀ အရွယ် ရာဟူးသည် သူ၏ အဖိုး ကွယ်လွန်းသွားသောအခါ အဖိုးရဲ့နောက်ဆုံးဆန္ဒတစ်ခုကိုဖြည့်ဆည်းရန် မြို့ငယ်လေးတစ်မြို့သို့ခရီးထွက်ရင်း လမ်းတွင်မထင်မှတ်ဘဲ ချောမောလှပပြီး ထူးခြားသောကောင်မလေးမီနာနှင့်တွေ့ခဲ့သည်။ မီနာဆိုသည့် ကောင်မလေးသည် အိန္ဒိယတောင်ဘက်မှချမ်းသာသော မိဘများမှမွေးဖွားလာသူလည်းဖြစ် တစ်နယ်လုံးရဲ့ အချစ်တော်လေးလည်းဖြစ်ပြီး မိဘများစီစဥ်သော မင်္ဂလာပွဲမှထွက်ပြေးလာရင်း ရာဟူးကဘုမသိဘမသိ ကောင်မလေးကိုကူညီရင်း ရာဟူး ဘယ်လို ပြသာနာတွေနဲ့ရင်ဆိုင်ရမလဲ ? မီနာနဲ့ရာဟူးရော ဘယ်လို ချစ်သွားကြမလဲ? ဆိုတာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၅.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၆.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j Subscribe Mizzima TV:https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join paypal.com https://bit.ly/4iRcANR

71 into the fire ဒီဇာတ်လမ်းက ကိုရီးယားစစ်ပွဲအတွင်းမှာ ကျူးကျော်လာတဲ့ မြောက်ကိုရီးယား စစ်သားတွေကို အသက်ပေးခုခံတိုက်ခိုက်ခဲ့ကြတဲ့ ကျောင်းသားစစ်သည် ၇၁ ယောက်ရဲ့ သမိုင်းဝင်အဖြစ်အပျက်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်.. ၁၉၅၀ သြဂုတ်လ ၁၁ ရက်နေ့ မှာ ပိုဟန်အမျိုးသမီးကျောင်းကနေ များပြားလှတဲ့ ရန်သူ မြောက်ကိုရီးယားတပ်တွေကို ၁၁ နာရီကြာ ခုခံတိုက်ခိုက်ခဲ့ကြပြီး အားလုံးနီးပါး အသက်ပေးခဲ့ရပါတယ် .. တောင်ကိုရီးယား.တစ်နိုင်ငံလုံးနီးပါး နယ်ချဲ့သိမ်းပိုက်ခံရတော့မယ့်အခြေအနေမှာ နောက်ဆုံးခံစစ်ဖြစ်တဲ့ နက်ဒုံမြစ်ကို ခုခံတိုက်ခိုက်ဖို့ မဖြစ်မနေသွားရမှာဖြစ်တဲ့ ဗိုလ်ကြီးကန်ဟာ ဗျူဟာအရ အချက်အချာ​ကျတဲ့ ပိုဟန်းကို ခုခံဖို့ အိုဂျန်ဘွန်း ခေါင်းဆောင်တဲ့ ကျောင်းသားစစ်သည်တွေကို တာဝန်ပေးခဲ့ပါတယ်.. ကျောင်းသားစစ်သည်တွေကလည်း အခုမှပူပူနွေးနွေးရောက်လာတာဖြစ်သလို လူငယ်ပြုပြင်ရေးစခန်းက ခပ်ဆိုးဆိုးကျောင်းသားတွေလည်း ပါလာတာမို့ အိုဂျန်းဘွန်းတစ်ယောက် ဘယ်လိုနည်းနဲ့ ဦးဆောင်သွားမလဲဆိုတာ ရှုစားကြည့်ကြပါဦး... ချာဆောင်းဝန် T.O.P ကွန်ဆန်ဝူးတို့က အဓိကသရုပ်ဆောင်များအဖြစ် ပါဝင်ထားပါတယ်.. ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၄.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၅.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ---------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j Subscribe Mizzima TV:https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join paypal.com https://bit.ly/42412kF

Be with you Be with you ဆိုတဲ့ကိုရီးယားကားလေးကတော့ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ 2004 ခုနှစ်က ထွက်ရှိထားတဲ့ ဂျပန်ကားလေးကို ပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်... ဒီဇာတ်ကားမှာတော့ မိဘမေတ္တာ၊မိသားစုမေတ္တာ၊ ချစ်သူနှစ်ဦးရဲ့သံယောဇဉ်နဲ့ အမေ မရှိတော့တဲ့ကလေးတစ်ယောက်ရဲ့ခံစားချက်တွေ…..ရသပေါင်းစုံကိုပေးတဲ့ဇာတ်ကားကောင်းလေးပါ... အသက် ၇ နှစ်အရွယ်မှာ အမေဆုံးရှုံးလိုက်ရလို့ အမေဟာ မိုးရာသီရောက်တဲ့အခါ မိုးစက်ရထားကိုစီးပြီး တိမ်နယ်‌မြေကနေ သူ့ဆီကိုပြန်လာမယ်ဆိုတဲ့ ပုံပြင်စာအုပ်ထဲကအတွေးတွေ အမြဲတမ်းရှိနေတဲ့ ဂျီဟို၊ဒီလိုနဲ့ မိုးရာသီရောက်တဲ့အခါ ပုံပြင်ထဲကအတိုင်း တကယ် သူ့အမေပြန်လာတာကို တွေ့လိုက်ရတဲ့အခါ ဝမ်းသာမဆုံး၊မယုံနိုင်ဖြစ်ခဲ့ရတဲ့ သားအဖနှစ်ယောက်သို့သော်လည်း အမေဖြစ်သူကတော့ ဘာမှမမှတ်မိနိုင်ပဲ မှတ်ဥာဏ်တွေပျောက်ဆုံးနေခဲ့တယ်.... သူ့အမေနဲ့တစ်ပုံစံတည်းတူတဲ့သူဟာတကယ်ပဲ တိမ်လွှာတိုင်းပြည်ကနေ ပြန်လာခဲ့တာလားဆိုတာ ရှူစားလိုက်ပါ... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၃.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၄.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4iNMZVV

Exit ယောင်နမ်ဟာ ကောလိပ်မှာတုန်းက အတော်ဆုံးတောင်တက်သမားတစ်ယောက် ဖြစ်ခဲ့ပေမဲ့ ဘွဲ့ရပြီးတဲ့အခါမှာတော့ ကံသိပ်မကောင်းခဲ့ပါဘူး 😔သူဟာ နှစ်နဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်လာကာ သူ့ရဲ့မိဘတွေကိုပဲ ပြန်လည်မှီခိုနေရပါတယ် 😓 သူ့အမေရဲ့ အသက် ၇၀နှစ်ပြည့်မွေးနေ့မှာတော့ သူ့ရဲ့ ငယ်ချစ်ဟောင်း အူဂျီအလုပ်လုပ်နေတဲ့ ခန်းမမှာကျင်းပဖို့ စည်းရုံးခဲ့ပါတယ်.. ယောင်နမ်တို့ မိသားစုနဲ့ ဆွေမျိုးတစ်သိုက်မွေးနေ့ပွဲကျင်းပနေစဥ်မှာ ဆိုးလ်မြို့တစ်ခုလုံး ဆန်းကျယ်တဲ့ အဆိပ်ဓာတ်ငွေ့တွေ ပျံ့နှံ့လာပါတော့တယ်😮 မိသားစုဝင်တွေ ဒုက္ခနဲ့ ကြုံတွေ့ရချိန်မှာတော့ ယောင်နမ်ဟာသူ့ရဲ့ တောင်တက်စွမ်းရည်တွေကို အသုံးချပြီး လူတွေကိုကယ်ဆယ်ပေးခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အူဂျူနဲ့အတူ အသက်ဘေးကလွတ်ဖို့ စွန့်စွန့်စားစားကြိုးစားရပုံတွေကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ခုဖြစ်ပါတယ် ❤️ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၂.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၃.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3XMN4RJ

Concrete Utopia (2023) ဒီတစ်ခါတော့ ၂၀၂၃ ခုနှစ်ထဲမှာ ထွက်ရှိထားပြီး နာမည်ကြီး မင်းသားမင်းသမီးတွေ ပါဝင်ထားတဲ့ Concrete Utopia ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းလေး အစမှာတော့ တစတစ ခေတ်မီတိုးတက်လာတဲ့ ကိုရီးယားနိုင်ငံရဲ့ လူနေမှု စနစ်ထဲမှာ အိမ်တစ်လုံးထက် စျေးသက်သာပြီး လူဦးရေထူထပ်လာခြင်းကြောင့် နေရာထိုင်ခင်း ပိုမိုလိုအပ်ခြင်း ပြဿနာကို ဖြေရှင်းပေးနိုင်မဲ့ တိုက်ခန်းအိမ်ရာတွေရဲ့ အရေးပါလာပုံကို မြင်တွေ့ရပါတယ်... ဒါပေမဲ့ တနေ့မှာတော့ ဆိုးလ်မြို့တော်ကို ဗဟိုပြုပြီး အရမ်းပြင်းထန်တဲ့ ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ရှိသမျှ တိုက်ခန်းတွေအားလုံးနီးပါး ပြိုကျပျက်စီးကုန်ပါတော့တယ်... အဲ့ဒီထဲမှာမှ ဟွမ်းဂန်လို့ခေါ်တဲ့ တိုက်ခန်းအိမ်ရာတစ်ခုသာ အကောင်းအတိုင်း ကျန်ရှိနေခဲ့ပါတယ်... တိုက်ခန်းအိမ်ရာမှာ နေထိုင်သူတွေဟာ ကိုယ်ပိုင်စီမံခန့်ခွဲရေး စနစ်တစ်ခုကို စတင်ခဲ့ပြီး အိမ်ရာမှာ နေထိုင်သူတွေထဲက ကင်ယောင်းထက်ဆိုသူကို သူတို့အားလုံးရဲ့ အုပ်ချုပ်သူ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပါတယ်... ကင်ယောင်းထက်နဲ့အတူ နေထိုင်သူတို့ဟာ ငလျင်လှုပ်ပြီးနောက်ပိုင်း အိမ်ရာမဲ့ဖြစ်ကျန်ရစ်တဲ့ အပြင်လူတွေ သူတို့တိုက်ခန်းမှာ လာရောက်ခိုလှုံကြတာကို မောင်းထုတ်ပြီး ပြင်ပလူမဝင်နိုင်အောင် စည်းမျဥ်းတွေ၊ အတားအဆီး အကာအရံတွေနဲ့ လုံခြုံရေးကို တင်းကျပ်ခဲ့ပါတယ်... ဒါကြောင့် မခံမရပ်နိုင်အောင် အေးခဲလွန်းတဲ့ ဆောင်းရာသီအတွင်း အပြင်မှာ ငရဲတမျှ ဆင်းရဲဒုက္ခရောက်နေကြရပေမဲ့ သူတို့ရဲ့ ဟွမ်းဂန် တိုက်ခန်းအိမ်ရာကြီးကတော့ ကောင်းကင်ဘုံအလား သာယာ အေးချမ်းနေခဲ့ပါတယ်... ဒါပေမဲ့လည်း အဆုံးမရှိရှည်လျားပြီး ကူသူကယ်သူကင်းမဲ့တဲ့ လောကကြီးမှာ မမျှော်လင့်တဲ့ ပဋိပက္ခတွေက သူတို့အကြား စတင်လာချိန်မှာတော့ ပျက်သုဥ်းခြင်းရဲ့ နိဒါန်းတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၁.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၂.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ -------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j Subscribe Mizzima TV:https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join paypal.com https://bit.ly/4bEE5Yu

On the line - 2021 နည်းပညာ တိုးတက်လာတဲ့အမျှ အသံနဲ့ ငွေကြေးလိမ်လည်မှုတွေကလည်း များပြားလာပါတယ်။ ဒီဇာတ်ကားလေးကတော့ ပညာပေး ဇာတ်ကားလေး တစ်ကားပဲ ဖြစ်ပါတယ်။ ဟန်ဆောဂျွန်းက ရဲအရာရှိဟောင်းဖြစ်ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမားခေါင်းဆောင်အဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဇနီးဖြစ်သူက ငွေကြေးလိမ်လည်သူဆီမှာ အလိမ်ခံရပြီးနောက်မှာ ကားတိုက်မှုဖြစ်ပြီး ဆေးရုံတက်လိုက်ရပါတယ်။ အဲဒါအပြင် ဟန်ဆောဂျွန်းလုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် အကြီးဆုံးကပါ ငွေကြေး အလိမ်ခံရလိုက်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အခါ ဟန်ဆောဂျွန်းတစ်ယောက် သူ့ပိုက်ဆံနဲ့ ဝန်ထမ်းတွေပိုက်ဆံ ပြန်ရဖို့အတွက် ဒီအဖွဲ့အစည်းကို ဘယ်လိုမျိုး ခြေရာခံလိုက်မလဲဆိုတာ ဒီဇာတ်ကားမှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၇.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၈.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4i947pd

Young Adult Matters အုပ်ထိန်းသူမရှိဘဲ ပေတေလေလွင့်နေတဲ့ အထက်တန်းကျောင်းသူ ဆယ်ဂျင်းတစ်ယောက် တစ်တန်းတည်းအတန်းဖော်ကျောင်းသားတစ်ယောက်နဲ့ ရည်ငံရာက ကိုယ်ဝန်ရှိလာပြီး အဲ့ဒီကိုယ်ဝန်ကို ဖျက်ချဖို့ နည်းလမ်းရှာရင်း သူ့လိုဘဝတူ လေလွင့်လူငယ်တွေနဲ့ပေါင်းမိပြီး လောကဓံရဲ့ ရက်စက်မှုပေါင်းစုံ ကြောက်စရာကောင်းတဲ့ လူပေါင်းစုံကြားမှာ ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကြားတစ်ခုပါ ... ကိုရီးယားနိုင်ငံက ဆယ်ကျော်သက်တွေရဲ့ ဘဝပုံစံကို မြင်တွေ့ခံစားရမယ့် ဇာတ်ကားတစ်ခုပါပဲ ... အဓိကသရုပ်ဆောင်အနေနဲ့ All of Us are Dead နဲ့ Squid Game ထဲက လီယူးမီက ပါဝင်သရုပ်ဆောင်ထားပါတယ်.... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၆.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၇.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4i5nQGy

"Romance Without Love 2021” အချစ်ကိုစိတ်ကုန်နေပြီးတော့ sex အတွက်ပဲ ပါတနာရှာချင်တဲ့ ဟန်ဂျာယောင်း တစ်ယောက် Dating App တစ်ခုကနေ ပတ်ဝူရီ နဲ့တွေ့ကြတဲ့အခါ.... ပတ်ဝူရီကတော့ မဂ္ဂဇင်းထုတ်ဝေရေးစာအုပ်တိုက်မှာလုပ်ပြီးတော့ဝတ္ထုရေးတာဝါသနာပါတဲ့သူပေါ့ ရုံးကစီနီယာမမဆီကနေ လိုသုံးလုပ်ခံရပြီးနောက် အယ်ဒီတာချုပ်မှ sex column နဲ့ပတ်သတ်ပြီး စာမူကြမ်းရေးခိုင်းတဲ့အခါ ဘာရေးရမှန်းမသိလို့ စိတ်တွေရှုပ်နေတဲ့ ဝူရီတစ်ယောက် သူငယ်ချင်းကျေးဇူးကြောင့်နဲ့ dating app သုံးပြီး သူစာရေးဖို့ကုန်ကြမ်းရှာပါတော့တယ် ဒီလိုနဲ့ ဂျာယောင်းနဲ့တွေ့ဆုံခဲ့တဲ့အခါ... အချစ်ကိုစိတ်ကုန်နေတဲ့ကောင်မလေးရယ် စာရေးဖို့အတွက် ကုန်ကြမ်းရှာနေတဲ့ကောင်လေးတို့ ဘယ်လိုတွေဆက်ဖြစ်မှာလဲ သူတို့ကြားမှာ အချစ်ဆိုတဲ့အရာကရော ပေါ်ပေါက်လာမှာလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး.... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၅.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၆.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3Xoxb40

High Society - 2018 ဒီတစ်ခေါက်မှာတော့ High Society ဆိုတဲ့ ကိုရီးယားဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဂျန်ထယ်ဂျွန်းဆိုသူကတော့ တက္ကသိုလ်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူပါ၊၊ဇနီးဖြစ်သူကတော့ ပြခန်းမှာဒုဒါရိုက်တာအဖြစ်တာဝန်ယူထားတဲ့သူ၊၊ တစ်ရက်မှာတော့ ဂျန်ထယ်ဂျွန်းတစ်ယောက် နိုင်ငံရေးလောကထဲဝင်ဖို့အခွင့်အရေးပေါ်လာပါတယ် ဇနီးဖြစ်သူဟာလည်း ပြခန်းမှာဒါရိုက်တာရာထူးတိုးဖို့အားလုံး အဆင်သင့်ဖြစ်နေတဲ့အချိန် သူတို့ဟာ အသုံးချခံသက်သက်ပဲဆိုတာ သိလိုက်ရတဲ့အခါ....လောကမှာ ငွေဆိုတာအရေးပါတဲ့အရာပါပဲ လူလတ်တန်းစားဖြစ်တဲ့ ထိုဇနီးမောင်နှံနှစ်ယောက်ဟာဒီကျော်ကြားမှု အောင်မြင်မှုဒဏ်ကို မခံနိုင်ကြပေမဲ့နောက်ဆုံးမှာ အရှုပ်ဇာတ်လမ်းတွေကိုဘယ်လိုဖော်ထုတ်ကြမှာလဲ??? စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်.. ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၄.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။၅.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/41pNE8Z

Coin Locker Girl (2015) အီယုံလို့ အမည်ရတဲ့ ကလေးတစ်ယောက်ဟာ ဘူတာရုံက လော့ကာတစ်ခုမှာ စွန့်ပစ်ခြင်းကို ခံခဲ့ရပါတယ်.... ဘူတာရုံမှာအိပ် ဘူတာရုံမှာပဲစားတဲ့သူတောင်းစားကြီးတွေက အီယုံကိုတွေ့သွားခဲ့ကြပြီး ကျွေးမွေးထားခဲ့တာပေါ့ဗျာ.... တစ်နေ့ကျတော့ အီယုံတစ်ယောက် မာဝူဟီလို့ အမည်ရတဲ့ ဒုစရိုက်သမားတစ်ယောက်ရဲ့ လက်ထဲကိုရောက်သွားခဲ့ရပါတယ် မာဝူဟီဆိုတာက တောင်ကိုရီးယားနိုင်ငံမှာငွေချေးတဲ့လုပ်ငန်းကို လုပ်ကိုင်တဲ့သူဖြစ်ပြီး အကြွေးပေးစရာ ပိုက်ဆံမရှိရင် ခန္ဓာကိုယ်ကိုအကြွေးအဖြစ်သိမ်းတဲ့ ဒုစရိုက်သမား ... ဒီလိုလူမျိုးဆီမှာ ကြီးပြင်းခဲ့ရတဲ့ အီယုံအတွက်တော့ ဘဝဟာ ခက်ခဲကြမ်းတမ်းလာတာနဲ့အမျှ စိတ်တွေကလည်း ခက်ထန်လာခဲ့တာပေါ့ ဒါပေမဲ့ ဒီလိုမိုက်ကန်းကန်းမိန်းကလေးတစ်ယောက် ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုတွေပြောင်းလဲသွားမှာလဲ အီယုံတို့မိသားစုကရော ဘာတွေဖြစ်ကြမှာလဲဆိုတာကိုတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ဒုစရိုက်လောကနဲ့ ရောယှက်ပြီး တင်ဆက်ပေးထားတဲ့ Coin Locker Girl ဆိုတဲ့ ရုပ်ရှင်မှာ ခံစားကြည့်ရှုရမှာပါခင်ဗျ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၃.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။၄.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3F3G8t9

Jailer (2023) Action/Comedy/Crime/Thriller IMDb 7.1/10 မူတူဗယ်က ပင်စင်အနားယူထားတဲ့ ထောင်မှူးရဲတစ်ယောက် ဖြစ်ပြီး မိသားစုနဲ့ အတူနေထိုင်ကာ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနေသူ ဖြစ်ပါတယ် သားဖြစ်သူ ဒုရဲမှူး အာဂျွန်ကတော့ ရှေးဟောင်းပစ္စည်းမှောင်ခိုမှု တစ်ခုကို လိုက်လံစုံစမ်းနေသူ ဖြစ်ပါတယ် တစ်နေ့မှာတော့ မှောင်ခိုမှုတွေရဲ့နောက်ကွယ်က ဂိုဏ်းခေါင်းဆောင် လူမိုက် ဗာမာနဲ့ ရင်ဆိုင်တွေ့ပြီး အာဂျွန်တစ်ယောက် ပျောက်ဆုံးသွားခဲ့ပါတယ် သားဖြစ်သူ သေသည် ရှင်သည်ကို မသိရပဲ ပျောက်ဆုံးနေတဲ့အတွက် မူတူဗယ်ဟာ စိတ်ပူပြီး လိုက်ရှာခဲ့ပါတယ် ဘယ်လိုပဲရှာရှာ မတွေ့တဲ့အတွက် စိုးရိမ်စိတ်တွေ ၀င်လာတဲ့ မူတူတစ်ယောက် သဲလွန်စ တစ်ခုကနေ သားဖြစ်သူက သာမန်လ်ု ပျောက်ဆုံးနေတာမျိုး မဟုတ်ပဲ အသတ်ခံလိုက်ရတာကို သိလိုက်ရပါတယ် သတ်သွားတဲ့သူတွေကို ရှာဖွေကာ လက်စားချေခဲ့ပေမယ့် ပြဿနာတွေ ခြိမ်း‌ခြောက်မှုတွေက မိသားစုဆီကို တန်းစီပြီးရောက်လာပါတယ် ဗာမာက တစ်မိသားစုလုံးကို သတ်ရန်ကြံရွယ်နေတာကို သိလိုက်ရ‌သော မူတူက အေးအေးချမ်းချမ်းပဲ ဒီပြဿနာကို အဆုံးသတ်ဖို့ကြိုးစားခဲ့ပေမယ့် ဗာမာက လက်မခံပေးခဲ့ပါဘူး ရွေးချယ်စရာ မရှိတော့တဲ့နောက်ပိုင်း ရဲအရာရှိဘ၀တုန်းကလိုမျိုး ပြန်နေထိုင်ဖို့ မူတူတစ်ယောက် ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ .... အက်ရှင်ခန်း ခပ်ကြမ်းကြမ်းတွေ ဇာတ်ကောင်တွေရဲ့အသက်၀င်ပုံတွေနဲ့ သွေးသံတရဲရဲတွေ ပါ၀င်ပြီး စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ် ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။၃.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4kppdBh

Jab Harry Met Sejal ************ ရှာရွတ်ခန်းနဲ့ အနွတ်ရှ်ကာရှားမားတို့ပါဝင်ထားတဲ့ ရိုမန်တစ်အချစ်ဇာတ်လမ်းလေး ဇာတ်ကားကိုကြည့်ရင်း ဥရောပတစ်ခွင်ရောက်သွားသလိုပါဘဲ မင်မင်ကတော့ ပါရာဂွေး၊ အမ်စတာဒမ်၊ ဗီယင်နာ၊ လစ္စဘွန်းနဲ့ ဘူဒါပက်စ်က ရှုခင်းအလှတွေကြည့်ရင်း မသေခင်တော့ တစ်ခေါက်လောက်ရောက်အောင်သွားဦးမယ်လို့ အားတင်းထားတယ် ဇာတ်လမ်းအကျဉ်း ****************** ဟယ်ရီက ဧည့်လမ်းညွှန်တစ်ယောက် ကောင်မလေးတွေနဲ့တွေ့ရင် လူရှုပ်လူပွေတစ်ယောက် ဧည့်လမ်းညွှန်လုပ်ရင်း ကောင်မလေးတွေကို ဖွန်ကြောင်တတ်လို့ ခဏခဏအတိုင်ခံရတဲ့သူ တစ်ရက်မှာတော့ သူဂိုက်လုပ်ပေးရတဲ့အဖွဲ့ကို လေဆိပ်ကိုလိုက်ပို့ပြီး တာဝန်ပြီးဆုံးလို့ ပြန်မလို့စီစဉ်နေတုန်း ပြဿနာတစ်ခုပေါ်လာတယ် ခရီးစဉ်မှာပါလာတဲ့ ဆီဂျယ်ဆိုတဲ့ ချစ်စရာကောင်း ဂျစ်ကန်ကန်နိုင်တဲ့ကောင်မလေးတစ်ယောက် သူမရဲ့စေ့စပ်လက်စွပ်ပျောက်သွားလို့ ဂိုက်ဖြစ်တဲ့ ဟယ်ရီကို ပြန်ရှာပေးဖို့ အကူအညီတောင်းတယ် ဟယ်ရီက မကူညီနိုင်ဘူးလို့ပြောတော့ ဆီဂျယ်က အထက်လူကြီးဆီတိုင်စာပို့မယ်လို့ ခြိမ်းခြောက်လို့ သူတို့သွားခဲ့တဲ့ခရီးစဉ်တစ်လျှောက်ပြန်သွားရဖို့ အခြေအနေဖြစ်လာတယ် ဆီဂျယ်က နမော်နမဲ့နိုင်ပြီး စေ့စပ်လက်စွပ်ပျောက်သွားတယ်ဆိုပြီး သူမခင်ပွန်းလောင်းဖြစ်သူက လေဆိပ်မှာအော်တာခံလိုက်ရလို့ ခံပြင်းပြီး လက်စွပ်တွေ့မှာပြန်သွားမှာဖြစ်တာကြောင့် ဟယ်ရီအနေနဲ့လည်း အင်တင်တင်နဲ့ဘဲ အကူအညီပေးဖို့ဖြစ်လာတယ် ဘယ်နားကျပျောက်ခဲ့မှန်းမသိတဲ့လက်စွပ်ကိုရှာဖို့မလွယ်ကူသလို တွေ့နိုင်ဖို့ရာခိုင်နှုန်းကလည်းနည်းတာမိုလို့ ဆီဂျယ်ကို ပြန်ဖို့ခဏခဏနားချပေမဲ့ ဇွဲကောင်းလွန်း ဂျစ်တိုက်တတ်တဲ့ဆီဂျယ်ကလည်း လက်စွပ်မတွေ့မချင်းမပြန်ဘူးဘဲ လက်စွပ်ရှာပုံတော်ခရီးစဉ်မှာ ဟယ်ရီနဲ့ဆီဂျယ်ဟာ တစ်ယောက်ကိုတစ်ယောက် ပိုရင်းနှီးသွားပြီး ချစ်ခဲ့မိကြပေမဲ့ ဆီဂျယ်မှာကလက်ထပ်ရမဲ့ခင်ပွန်းလောင်းရှိနေတဲ့အတွက် သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါဦးနော်.... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။၂.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4hk8qNz