en
Feedback
Mizzima+ TV Channel

Mizzima+ TV Channel

Open in Telegram

🕕နေ့စဉ် နံနက် ၆ နာရီ 🕛 ည ၁၂ နာရီအထိ 🗞သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV 🎭သတင်း နှင့် ဖျော်ဖြေရေးချန်နယ်အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ 2ပေ စလောင်းများနှင့် 8ပေ စလောင်းများဖြင့် ဖမ်းယူကြည့်ရှုနိုင်ပါပြီ။ www.mizzima.tv

Show more
Buy Ad
1 611
Subscribers
No data24 hours
-37 days
-1830 days
Posts Archive
Jung_E Sci-fi ရုပ်ရှင် ကြိုက်နှစ်သက်သူများ သဘောတွေ့စေမဲ့ ကိုရီးယားဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကိုတော့ ၂၂ ရာစုအတွင်းမှာ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ပျက်စီး ယိုယွင်းလာတဲ့ ကမ္ဘာကြီးကို လူသားတွေ စွန့်ခွာခဲ့ပြီး အာကာသစခန်းတွေမှာ နေထိုင်ကြ ပြီးတဲ့နောက်ပိုင်း အဖြစ်အပျက်တွေကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာကာသစခန်းပေါင်း ၈၀ဝန်းကျင် ရှိတဲ့အနက် စခန်း၃ခုက ကိုယ်ပိုင်ပြည်ထောင်စုအဖြစ် တည်ထောင်ပြီး ကမ္ဘာမြေနဲ့ အခြားစခန်းတွေကို ပုန်ကန်တိုက်ခိုက်ခဲ့ပါတယ်။ ကပ္ပတိန် ယွန်းဂျန်ရီဟာ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အတော်ဆုံး တိုက်ခိုက်ရေး စစ်သားတစ်ဦးဖြစ်ပြီး မစ်ရှင်ပေါင်းများစွာကို အောင်မြင်ခဲ့ပါတယ်။ သူမရဲ့ သမီးဖြစ်သူ ယွန်းဆိုဟွန်းဟာ ကင်ဆာရောဂါကို ခံစားနေရတဲ့အတွက် ခွဲစိတ်မှု လုပ်ဆောင်နိုင်ဖို့ ယွန်းဂျန်ရီဟာ ကြေးစားစစ်သားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဆိုဟွန်း ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့နေ့မှာပဲ ယွန်းဂျန်ရီဟာ နောက်ဆုံးမစ်ရှင်ကို ကျရှုံးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာတွေနဲ့ ကိုမာဝင်သွားခဲ့တဲ့ ယွန်းဂျန်ရီကို ခရွန်နွိုက်ဆိုတဲ့ နည်းပညာ ကုမ္ပဏီကြီး တစ်ခုက အကုန်အကျခံ ကုသပေးပြီး သူမရဲ့ မှတ်ဥာဏ်တွေနဲ့ တိုက်ခိုက်ရေး စက်ရုပ်တွေ ထုတ်လုပ်ဖို့ ပြင်ဆင်ခဲ့ပါတော့တယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းလေး ကြည့်ရှုခံစား ကြည့်လိုက်ပါနော်... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၅.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၆.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3YNZ0mR

A Resistance ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် လွတ်လပ်ရေးကြိုးပမ်းမှု လှုပ်ရှားသူတစ်ယောက်ရဲ့ ထောင်တွင်းဘဝအကြောင်းကို သရုပ်ဖော်ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ ဒရာမာဇာတ်ကားအမျိုးအစား ဖြစ်ပါတယ်... ကိုရီးယားနိုင်ငံကို ဂျပန်တွေသိမ်းပိုက်ပြီးနောက်ပိုင်းမှာ ကိုရီးယားလူမျိုးတွေက ပြည်တွင်းကရော ပြည်ပကပါ နည်းမျိုးစုံနဲ့ တော်လှန်ခဲ့ကြတယ်...အဲ့ဒီတော်လှန်ရေးမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူတစ်ယောက်ဖြစ်တဲ့ ယူဂွမ်ဆွန်းလည်း ပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရကာ နိုင်ငံရေးအကျဥ်းသား ဖြစ်သွားခဲ့တယ်... ၁၀ ပေပတ်လည်အခန်းထဲမှာ လူ အယောက် ၂၀ လောက်ထည့်ထားတဲ့အတွက် အိပ်ရင်တောင် အလှည့်ကျနဲ့ အိပ်ရသလို နည်းမျိုးစုံနဲ့ ဖိနှိပ်ထားတဲ့ အကျဥ်းထောင်ထဲမှာ အလျှော့မပေးဘဲ ရရာနည်းလမ်းနဲ့ ဆက်ပြီး တော်လှန်တိုက်ပွဲဝင်ခဲ့သလို နောက်ဆုံးထွက်သက်အထိ ဂျပန်တွေကို ဦးမညွှတ်ဘဲ ဆန့်ကျင်ခဲ့တယ်.... ဒီဇာတ်လမ်းလေးမှာ သူမရဲ့ ထောင်တွင်းဘဝ အဖြစ်အပျက်တွေကို ခံစားကြည့်ရှုရမှာပါ...မင်းသမီး ဂိုအာဆောင်း အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၃.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၄.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4deQNhF

The Swordsman ၁၇ ရာစု ဂျိုဆွန်းပြည်ရဲ့ နန်းလုပွဲမှာ နန်းကျဘုရင်ကို ကာကွယ်ရင်းနဲ့ ဘုရင့်ရင်သွေးလေးကို ခေါ်ယူတိမ်း‌ရှောင်သွားခဲ့တဲ့ နန်းတွင်းကိုယ်ရံတော် "ဆာဘို"... တိုက်ပွဲတွင်းမှာ သူ့မျက်လုံးကို ဓားချက်ထိခဲ့ပေမဲ့၊ ဘုရင့်ရင်သွေးကို သူ ကယ်ဆယ်နိုင်ခဲ့တယ်။ လူသူကင်းဝေးတဲ့ အရပ်မှာ သူတို့ ရှင်သန်ခဲ့ကြပေမဲ့၊ ဖခင်ရဲ့ ကွယ်လုနီးနီး မျက်လုံးတွေကို ဆေးကုပေးချင်တဲ့ "ထယ်အို"ရဲ့ ဆန္ဒကြောင့် သူတို့ လူကြားထဲကို ပြန်ရောက်လာခဲ့တယ်။ ထယ်အိုလေးကို ဟွမ်ဘမ်းဆိုတဲ့ လူကုန်ကူးဂိုဏ်းက ဖမ်းခေါ်သွားချိန်မှာတော့ ဆာဘို ဓားပြန်ကိုင်ဖို ဖြစ်လာခဲ့ပါပြီ။ ၁၇ ရာစု ဂျိုဆွန်းပြည်ရဲ့ နိုင်ငံရေး အရှုပ်တော်ပုံတွေကို အခြေခံ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာတော့ မင်းသားချော Jang Hyuk ကို မျက်မမြင် ဓားသမားအဖြစ် အသွင်တစ်မျိုးနဲ့ ရှုစားရမှာမို ချစ်ပရိသတ်ကြီးက ကြည့်ရှုအားပေးကြပါဦးနော်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၂.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၃.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4jNqmBZ

Gulmohar သာမန်ရိုးရိုးရှင်းရှင်း မိသားစုမေတ္တာဘွဲ့ ဇာတ်ကားလေးတစ်ကားဆိုပေမယ့် အေးအေးလေးနဲ့ဆွဲခေါ်သွားနိုင်တာမျိုးဆိုရင် ဒီဇာတ်ကားလေးကိုပဲ ညွှန်းရမှာပါ။ သားသမီးမထွန်းကားတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတစ်ခုမှာ မထင်မှတ်ဘဲ မွေးစားခံရလို့ ကောင်းကောင်းမွန်မွန် ကြီးပြင်းခွင့်ရခဲ့တဲ့ အာရွန်။ သွေးသားမတော်စပ်ပေမယ့် မွေးစားမိဘတွေကိုချစ်သလို သားတွေ၊ သမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်းမိသားစုအဖြစ် အမြဲတမ်းစုစုစည်းစည်းနေချင်တဲ့သူပေါ့။ နှစ်ပေါင်းများစွာ အတူနေလာခဲ့ကြတဲ့ အိမ်ကြီးကို အမေလုပ်သူကူဆွန်က ပြန်ရောက်ဖို့ဆုံးဖြတ်လိုက်တာက မိသားစုတွေတကွဲတပြားဖြစ်ဖို့ အကြောင်းဖန်လာတော့တယ်။ အမေ့ရဲ့အိမ်ရောင်းရတဲ့ဆုံးဖြတ်ချက်ဟာ အားလုံးတွေးထင်ထားသလို ရိုးရိုးရှင်းရှင်းမဟုတ်ဘဲ အတိတ် အကြောင်းတရားတချို့ကို အခြေခံနေတဲ့အခါ နှစ်အိမ့်တစ်အိမ်ဖြစ်နေတဲ့ ဝမ်းကွဲတွေကြား စိတ်မကောင်းစရာ ဖြစ်ရပ်တွေဖြစ်လာတော့တယ်။ ဂူမိုဟာအိမ်ကြီးထဲက မိသားစုဝင်တွေရဲ့ သာမန်ဘဝတွေအကြောင်း ရိုက်ထားတာမို့ ရိုးရှင်းပေမယ့် အတ္တမကင်းနိုင်တဲ့လူတွေရဲ့ သဘော၊ မနောကို အသာအယာဆွဲခေါ်ပြီး တင်ပြထားတာမို့ စိတ်ဝင်စားဖို့ကောင်းတယ်။ အမွေဆိုတာထိုက်မှရတာဆိုပေမယ့် ငွေကြေးနဲ့တိုင်းတာလို့မရတဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့အမွေက တန်ဖိုးအကြီးမားဆုံးဆိုတာ ရေးဖွဲ့ပြထားတာမို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၁.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၂.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/430IJw0

The Girl On A Bulldozer မတရားတာတွေ့ရင် ခြေပါလက်ပါ ဖြေရှင်းတတ်တဲ့ မဟုတ်မခံ ဆတ်ဆတ်ကြဲမလေး "ဂူဟယ်ယောင်း"....မိသားစုဝင်ဆိုလို စားသောက်ဆိုင် ဖွင့်ထားတဲ့ အဖေရယ်... မူလတန်းကျောင်း တက်နေတဲ့ မောင်လေးရယ်ပဲ ရှိပေမဲ့ သူ(မ)ဟာ အဖေ့ကို အမြင်မကြည်တဲ့ သမီးဆိုးလေးဆိုလည်း မမှားပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ သူ(မ)ရဲ့အဖေ "ဂူဘွန်ဂျင်း" ခိုးရာပါကားနဲ့ လူနှစ်ယောက်ကို ဝင်တိုက်မိရာက‌နေ ကိုယ်တိုင်လည်း ဆေးရုံပေါ်မှာ လဲသွားခဲ့တာကြောင့် နောက်ဆက်တွဲ ပြဿနာတွေကို သမီးကြီးဖြစ်တဲ့ "ဟယ်ယောင်း" ဖြေရှင်းဖို ဖြစ်လာခဲ့ပါတယ်။ ယာဉ်တိုက်မှုအတွက် လိုက်စုံစမ်းရင်း သူ(မ) တဖြည်းဖြည်း သိလာခဲ့တာက "ဥက္ကဌချွဲ"ဆိုတဲ့ ဩဇာအင်အားကြီးသူ တစ်ယောက်နဲ့ ဖခင်ဖြစ်သူတိုကြားမှာ မြေငှားစာချုပ်တစ်ခု ရှိနေခဲ့ပြီး၊ သူ(မ)တို စားသောက်ဆိုင်လေး မတရားသဖြင့် လုယူခံရတော့မယ် ဆိုတာကိုပါပဲ။ မတရားမှုဆိုရင် ကြက်ခေါင်းဆိတ်မခံတဲ့ သတ္တိခဲမလေး ဟယ်ယောင်းတစ်ယောက် အဖေ့အတွက် ပြီးတော့ စားသောက်ဆိုင်လေးအတွက် သူ(မ)ထက် အင်အားကြီးသူ‌တွေကို ဘယ်လိုရင်ဆိုင်ပြီး တရားမျှတမှု ရှာဖွေမလဲ ဆိုတာကိုတော့ ပရိသတ်ကြီးကပဲ ဆက်လက်ရှုစားပေးပါဦး။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၉.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၀.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3RTkE5t

Spiritwalker ကားမတော်တဆမှုဖြစ်ပြီး နိုးထလာတဲ့သူတစ်ယောက် .. ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါမှန်းသိအောင် ကြိုးစားရင်းနဲ့ အမည်မသိရန်သူတွေ လိုက်ဖမ်းတာခံစားနေရသူ 😔.. ၁၂ နာရီပြည့်ရင် ခန္ဓာကိုယ် အသစ်တစ်ခုဆီ ပြောင်းပြောင်းသွားပြီး ထူးဆန်းတဲ့အရာတွေ ထပ်တလဲလဲ ကြုံတွေ့နေရသူ .. သူ ဘယ်သူလဲဆိုတာကို တစ်ပိုင်းတစ်စစီ ပြန်စုဆောင်းရင်း မှတ်ဉာဏ်‌ကို ပေါင်းစည်းလိုက်တဲ့အခါမှာ...... ဘာတွေ ဖြစ်ခဲ့လဲ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် 😚 ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၈.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၉.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3SoxoB0

Cheese in the Trap ဟောင်ဆိုးဟာ သဘောကောင်းပြီး စိတ်ထားလှတဲ့ သာမန် တက္ကသိုလ်ကျောင်းသူလေးတစ်ယောက် ဖြစ်ပါတယ်.....အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ပိုက်ဆံရှာကာ နေထိုင်စရိတ်နဲ့ကျူရှင်စရိတ်တွေကို သူ ပေးရပါတယ် ... ယိုဂျောင်းကတော့ တက္ကသိုလ်တစ်ခုတည်းမှာပဲ အတူတက်နေတဲ့ သူမရဲ့စီနီယာ ဖြစ်ပါတယ် ချမ်းသာပြီး သဘောကောင်းတဲ့အပြင် ရုပ်လည်းချောပါတယ်....၂ ယောက်သားအတူရှိတိုင်း ဟောင်ဆိုးတစ်ယောက် အနေရခက်ဖြစ်ရပါတယ်..... တစ်နေ့မှာတော့ ယိုဂျောင်းက သူမကို တွဲရအောင်လို့ပြောတဲ့အခါမှာ .... ၂ ယောက်သား ကသိကအောက် ဆက်ဆံရေးတစ်ခုကို စတင်ပါတော့တယ်... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၇.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၈.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/43kfiXe

My Brilliant Life အသက် ၁၇ နှစ် အရွယ်မှာတင် ကလေးရခဲ့တဲ့ ဆယ်ကျော်သက်စုံတွဲ ""ဒယ်ဆူ"" နဲ့ ""မီရာ""... သူတို့နှစ်ယောက်ရဲ့ ရင်သွေးလေး ""အာရွမ်း""ကတော့ လူပေါင်း သန်း ၃၀ မှာ တစ်ယောက်လောက်သာ ဖြစ်လေ့ရှိတဲ့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်တဲ့ Progeria ရောဂါသည်လေး ဖြစ်နေခဲ့ပါတယ်။ ဒယ်ဆူနဲ့မီရာ သားလေးကို ပိုးမွေးသလို မွေးခဲ့ကြပေမဲ့၊ အာရွမ်းလေး အသက် ၁၆ နှစ်အရွယ် ရောက်လာချိန်မှာတော့ သူ့ခန္ဓာကိုယ်ရဲ့ အိုမင်းရင့်ရော်မှုဟာ အသက် ၈၀ အရွယ် ဖြစ်နေခဲ့သလို သူ့ရဲ့ နောက်ဆုံးအချိန်လည်း နီးကပ်လာခဲ့ပါပြီ။ ဆယ်ကျော်သက် အရွယ်မှာပဲ လောကကြီးကနေ ထွက်ခွာသွားရမယ့် ရောဂါသည်ကောင်လေး တစ်ယောက်ရဲ့ဘဝကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ အားလုံးကို ရင်တနင့်နင့်နဲ့ စွဲထင်ကျန်ရစ်စေမှာမို့... အတူလိုက်ပါ ခံစားကြပါစို့လားရှင်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၆.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၇.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/44IEWpZ

Architecture 101 ဇာတ်ကားလေးရဲ့အစမှာ အဆောက်အဦးဒီဇိုင်းဆွဲသူ လီဆောင်မင်းကို ယန်းဆိုယွန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်က လာရောက်တွေ့ဆုံခဲ့ပါတယ် သူတို့ ၂ ယောက်ဟာ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်က ဆုံခဲ့ကြတဲ့သူငယ်ချင်းတွေ ဖြစ်ပါတယ် ယန်းဆိုယွန်းက သူမရဲ့မွေးရပ် ဂျယ်ဂျူကျွန်းမှာရှိတဲ့ သူ့မိဘတွေရဲ့အိမ်ကို ဆက်လက်ဆောက်ပေးဖို့ လီဆောင်မင်းကို တောင်းဆိုခဲ့ပါတယ် သူတို့ ၂ ဦးကြားမှာ ရှိခဲ့ဖူးတဲ့ဇာတ်လမ်းတွေကြောင့် လီဆောင်မင်းဟာ မလိုလားစွာပဲ သဘောတူခဲ့ရပါတယ်...... ထိုဇာတ်လမ်းလေးကတော့ လီဆောင်မင်း အသက် ၂၀ အရွယ်မှာ ဖြစ်ပွားခဲ့တာပါ ..အချစ်နဲ့ပတ်သတ်ပြီး လုံး၀မသိတဲ့လူပျိုလေး လီဆောင်မင်းဟာ မြင်မြင်ချင်းမှာပဲ ယန်းဆိုယွန်းကို သဘောကျသွားခဲ့ပါတယ် ရပ်ကွက်တစ်ခုတည်းမှာပဲ နေထိုင်ကြောင်း သိလိုက်ရပြီးတဲ့နောက်မှာတော့ သူတို့ ၂ ဦးဟာ တစ်ယောက်နဲ့တစ်ယောက် ပိုနီးစပ်လာခဲ့ပါတယ် .. သူငယ်ချင်းသံယောဇဉ်ထက်ပိုချင်နေတဲ့ လီဆောင်မင်းနဲ့ မထင်မှတ်ထားပဲ သူငယ်ချင်းတွေဖြစ်လာတဲ့ ယန်းဆိုယွန်းတို့ကြားမှာ ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပြီး ဝေးခဲ့ကြတာလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်" ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၅.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၆.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3YZZjem

Don (2022) ဒီတခေါက် ဒွန်ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ငယ်စဉ်တည်းက ဖခင်မေတ္တာငတ်ခဲ့တဲ့ လိုချင်တာမရခဲ့တဲ့ ချာကရာဗာသီတယောက် စည်းကမ်းတင်းကျပ်တဲ့ ကောလိပ်ကိုပါ ပို့ခံရတဲ့အခါ ဘာကိုမှ ထပ်ဂရုစိုက်မနေတော့ဘဲ အတိုးချ ပျော်ပါတယ်။ အတန်းချိန်လစ်ရုံသာမက အကြောက်ကြီး ကြောက်ခဲ့တဲ့ အဖေ့ကိုပါ လိမ်တဲ့သူဖြစ်လာပြီး တကျောင်းလုံး ဖိန့်ဖိန့်တုန်ရတဲ့ ပါမောက္ခကိုပါ အနိုင်ယူပြီးတဲ့နောက် ဒွန်ဆိုတဲ့ နာမည်ပါ ရလာခဲ့တယ်။ ရည်မှန်းချက်ကို အမြဲရှာဖွေနေတုန်းပါပဲလို့ ပြောတတ်တဲ့ ဒွန်တယောက် သူ့ရည်မှန်းချက်ကိုရော အကောင်အထည် ဖော်နိုင်ရဲ့လား။ ဖခင့်အပေါ် သူထားတဲ့ အထင်အမြင်တွေက ထပ်တူကျရဲ့လားဆိုတာကိုတော့ ရုပ်ရှင်လေးမှာပဲ ဆက်လက် ကြည့်ရှုပေးကြပါ။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၄.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၅.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/44hlr7A

Jogi ဒီဇာတ်ကားလေးကတော့ ၂၀၂၂မှာ ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ.. ဇာတ်လမ်းအကျဉ်ကတော့ ၁၉၈၄ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်တဲ့ အင်ဒီရာဂန္ဓီကို ဆစ်ခ်လူမျိုး နှစ်ယောက်က လုပ်ကြံ သတ်ဖြတ်ခဲ့ပါတယ်... ဒီဖြစ်ရပ်အပြီးမှာတော့ နယူးဒေလီ တမြို့လုံး အထိကရုဏ်းတွေ ဖြစ်ခဲ့ပြီး ထောင်ပေါင်းများစွာသော ဆစ်ခ်လူမျိုးတွေ အသတ်ခံခဲ့ရပါတယ်... အဲ့ဒီကာလမှာ ဆစ်ခ်လူမျိုး တစ်ယောက်ဖြစ်တဲ့ ဂျိုဂီနဲ့ သူ့ရဲ့ ဆွေမျိုး၊ အိမ်နီးနားချင်းတွေဟာ ဘေးကင်းရာကို ထွက်ပြေးဖို့ ကြိုးစားကြရပါတော့တယ်... ဘာသာမတူပေမဲ့ ငယ်စဥ်ကတည်းက ညီအစ်ကိုလို ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေက ကူညီခဲ့ကြပေမဲ့ အညှိုးအတေး ရှိခဲ့တဲ့ သူငယ်ချင်းရဲ့ ဒုက္ခပေးမှုတွေကြားမှာ သူတို့လူမျိုးစု လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ.. ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၃.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။၄.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4k1chAA

The Good The Bad The Weird 1930 ခုနှစ် မန်ချူးရီးယားကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး တကယ့်… နာမည်ကြီးမင်းသားကြီးတွေဖြစ်တဲ့ ဆောင်ကန်ဟို(Parasite) လီဗြောင်ဟွန်း(Squid Game) ဂျောင်ဝူးဆောင်း(Hunt) တို့အပြင် မာဒုံးဆူကပါ ဇာတ်ရံအဖြစ်ပါဝင်ထားပါတယ်…. ရတနာမြေပုံတစ်ခုလို့ ယူဆရတဲ့ မြေပုံတစ်ခုကို အကြောင်းပြုပြီး အဲ့ဒီမြေပုံကိုခိုးလာတဲ့ သူခိုး.. မြေပုံနောက်ကိုလိုက်နေတဲ့ ဓားမြ ဝရမ်းထုတ်ထားတဲ့ တရားခံပြေးတွေကိုလိုက်ဖမ်းပြီး ဆုငွေယူတဲ့ မနုဿမုဆိုး သူတို့ ၃ ယောက်အပြင် ကြားထဲက မန်ချူးဓားမြတစ်ဖွဲ့ နဲ့ ဂျပန်စစ်တပ်တို့ ထိပ်တိုက်ရင်ဆိုင်ကြရင်း ဘာတွေဖြစ်ကြမလဲဆိုတာ ဆက်ပြီး အားပေးလိုက်ကြဦးနော်…. ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၃.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4jDNAdS

Mother တောင်ကိုရီးယားနိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့မှာ မုဆိုးမ မိခင်နဲ့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ သား သားအမိနှစ်ယောက်နေကြတယ်.. အမေဖြစ်သူက ပယဆေးရောင်း အပ်စိုက်ကုရင်း သားဖြစ်သူကို အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်နေတတ်တယ်... သားဖြစ်တဲ့ ဒိုဂျွန်းက စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်ပေမယ့် အရွယ်ရောက်လာပြီဆိုတော့ မိန်းကလေးတွေကို စပြီး စိတ်ဝင်စားလာတာပေါ့.. နောက်ပြီး သူနဲ့ပေါင်းနေတဲ့ သူငယ်ချင်းဖြစ်သူ ဂျင်ထဲရဲ့မြှောက်ပေးမှုတွေကြောင့် သောက်တာစားတာလေးတွေလည်းရှိလာတယ်... ဒီလိုနဲ့ တစ်ရက်ကျတော့ အေးချမ်းတဲ့ မြို့ကလေးမှာ ထင်မှတ်မထားတဲ့ အရာတွေဖြစ်လာတယ်... မြို့ထဲက ကျောင်းသူလေးတစ်ယောက် အသတ်ခံလိုက်ရတာပဲ... ဖြစ်ချင်တော့ ကျောင်းသူလေး အသတ်ခံရတဲ့နားမှာ ဒိုဂျွန်းလို့နာမည်ရေးထားတဲ့ ဂေါက်သီးလေးတစ်လုံးတွေ့တော့ ရဲတွေကလည်း ဒိုဂျွန်းသတ်တာလို့ စွဲချက်တင်ပြီး အမှုကို ပိတ်လ်ိုက်တယ်.. ဒါပေမယ့် လက်မလျှော့နိုင်တဲ့ မိခင်မုဆိုးမကြီးက သူ့သားလွတ်မြောက်ဖို့အတွက် နည်းမျိုးစုံနဲ့ လိုက်စုံစမ်းရင်း... တရားခံက ဒ်ိုဂျွန်းသူငယ်ချင်း ဂျင်ထဲလား.... ဒါမှမဟုတ် သေသွားတဲ့ကောင်မလေးနဲ့ ပက်သက်နေတဲ့သူတွေလား... ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ပရိတ်သတ်ကြီးက ဆက်ကြည့်ပေးနော် ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်လမ်းက သရုပ်ဆောင်ဆု ဇာတ်ကားဆုအပါအဝင် ဆုတံဆိပ်တွေ အများကြီးရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ...သရုပ်ဆောင်တွေကလည်း ထယ်စောက်လို့ ပရိတ်သတ်တွေသိကြတဲ့ မင်းသား Won Bin .. The Descendents of the Sun ထဲက တပ်ကြပ်ကြီး ဆိုဒယ်ယောင်းအဖြစ်သိကြတဲ့ မင်းသား Jin Goo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3GBNxRi

မဇ္ဈိမ ရေဒီယို ငလျင်အထူးအစီအစဥ် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့်ဒေသများတွင် အင်တာနက်လိုင်း၊ ဖုန်းလိုင်း အခက်အခဲကြောင့် သတင်းစီးဆင်းမှု ကန့်သတ်ချက်များဖြစ်ပေါ်နေချိန်တွင် ငလျင်ဘေးအန္တရာယ် ရင်ဆိုင်နေကြရတဲ့ မြန်မာပြည်သူတွေအတွက် ငလျင်နဲ့ပတ်သက်တဲ့ သတင်းအကြောင်းအရာတွေ ငလျင်ဒဏ်ခံခဲ့ရပြီး နောက်ဆက်တွဲ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို မျှဝေပေးနိုင်ဖို့ မဇ္ဈိမ ရေဒီယိုက ငလျင်အထူးအစီအစဥ်အနေနဲ့ ရေဒီယိုစက်ကလေးရှိတာနဲ့ ဖမ်းယူလို့ရမဲ့ Mizzima Shortwave Radio ကို တရက်လျှင် မနက် ၇နာရီတကြိမ် ည၇နာရီတွင် တကြိမ်ဖြင့် ယနေ့ ဧပြီလ ၁ရက်နေ့မှ ၁၀ရက်နေ့အထိ ဆယ်ရက်တိတိ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ မဇ္ဈိမ ရေဒီယိုမနက်ပိုင်းအစီအစဥ်ကိုတော့ နေ့စဥ်မြန်မာစံတော်ချိန် မနက် ၇ နာရီကနေ ၇ နာရီခွဲအထိ လှိုင်းတိုမီတာ 31 မီတာ၊ 9.43 မီဂါဟတ်ဇ် ကနေ ဖမ်းယူနားဆင်နိုင်ပါတယ်။ မဇ္ဈိမ ရေဒီယိုညနေပိုင်းအစီအစဥ်ကိုတော့ နေ့စဥ်မြန်မာစံတော်ချိန် ညနေ ၇ နာရီကနေ ၇ နာရီခွဲအထိ လှိုင်းတို ၁၆မီတာ ၁၇.၅ မီဂါဟတ်ဇ်ကနေ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ မဇ္ဈိမ ရေဒီယိုအစီအစဉ်ကို မဇ္ဈိမရဲ့ အွန်လိုင်းပလက်ဖောင်းအစုံကနေလဲ တပြိုင်နက်တည်း ထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်လို့ အွန်လိုင်းကနေလည်း နားဆင်နိုင်ပါသည်။ #မဇ္ဈိမရေဒီယို #Mizzimaradio #MyanmarEarthquake https://bit.ly/42ekL0b

A Hard Day ဒီနေ့ကံမကောင်းပါလား ဆိုတာမျိုးကိုလူတိုင်းလိုလို ညည်းဖူး၊ ကြုံဖူးကြမှာပါ။စုံထောက် ကိုဂွန်ဆုအတွက် ၂၃ရက်နေ့က တော်တော်ကံမကောင်းတဲ့နေ့ပါပဲ 😥 မိခင်ကွယ်လွန်သွားလို့ နာရေးနေချိန်မှာကားအမြန်မောင်းလာတုန်း လူတစ်ယောက်ကို တိုက်မိခဲ့လို့ လူသေမှုနဲ့ကြုံခဲ့ရတယ် 😔 ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီးအလောင်းကိုတိတ်တဆိတ်သယ်လာမိတဲ့နောက် ဒုက္ခတွေက အဖော်အပေါင်းနဲ့ရောက်လာပါတော့တယ် ..နဂိုကတည်းက အကျင့်ပျက်ခြစားတဲ့စုံထောက်တစ်ယောက်ဖြစ်ခဲ့သလိုသူ့အဖွဲ့ကလည်း အဂတိမှုနဲ့စစ်ဆေးခံနေရတုန်းမှာကိုဂွန်ဆုတစ်ယောက် မရည်ရွယ်ဘဲဖြစ်သွားတဲ့လူသတ်မှုကို ဖုံးကွယ်ထားနိုင်မှာလား၊ဘယ်လိုအကျိုးဆက်တွေထပ်ဖြစ်လာမလဲဆိုတာ ... ဇာတ်လမ်းအဆုံးထိ စိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်ရှုခံစားရမယ့် အက်ရှင်ဇာတ်ကားကောင်းတစ်ကားဆိုတာ ရဲရဲကြီးအာမခံပါတယ် 😚 ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၃၁.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Replay ပြသမည့်ရက် ။ ။ ၁.၄.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ---------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါရစေ။ Mizzima TV YouTube Channel တွင် မန်ဘာဝင်ပေးခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ Https://bit.ly/2VhJ12U or https://bit.ly/4fri29j Join Mizzima TV membership - https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join https://bit.ly/42pacIO

လူပျောက်ကြော်ငြာပေးပို့နိုင်ပါသည် မကြုံစဖူး အင်အားပြင်းထန်လှသည့် ငလျင်ကြီးကြောင့် ပျောက်ဆုံးနေသူ သို့မဟုတ် အဆက်သွယ်မရဘဲဖြစ်နေသည့် မိမိတို့ဆွေမျိုးသားချင်း ညီအစ်ကိုမောင်နှမများနှင့် ပတ်သက်၍ ကြော်ငြာပေးစေလိုလျှင် မဇ္ဈိမသို့ mizzima@mizzima.com အီးမေးလ်ပို့၍ဖြစ်စေ၊ ဗိုင်ဘာမှတဆင့်ဖြစ်စေ ပျောက်ဆုံးနေသူ အမည်၊ အလုပ်အကိုင်၊ နောက်ဆုံးအဆက်အသွယ်ရရှိခဲ့သောအချိန်နှင့် ပျောက်ဆုံးသွားသည်ဟု ယူဆရသော နေရာတို့ကို ရေးသားပေးပို့နိုင်ကြပါသည်။ ဗိုင်ဘာကိုရယူရန် QR code ကို scan ဖတ်လိုက်ပါ။ #မဇ္ဈိမသတင်းဌာန #MizzimaBurmeseNews #myanmarearthquake https://bit.ly/4lobTOi

Mishan Impossible (2022) ရွာငယ်ဇနပုဒ်လေးတစ်ခုမှာ သူငယ်ချင်း သုံးယောက်ရှိကြသတဲ့ ☺️.... အရမ်းချစ်ကြတဲ့ သူငယ်ချင်း သုံးယောက်ဟာ ရွာရဲ့ အော့ကြောလန်၊ 🤣ဉာဉ်တစ်မျိုးစီနဲ့ ထူးပေ့ ရူးပေ့တွေဆိုလည်း ဟုတ်နေပြန်တယ်😀 အိပ်မက်တွေကလည်း ကြီးကြီးကျယ်ကျယ်၊ လူသိများပြီး ထင်ရှားချင်ကြတာတဲ့...လူတွေကသာ အတန်းပညာ ဖြစ်မြောက်အောင် မတတ်တယ်...ကလီကမာဉာဏ်တွေက ထွက်တယ်ဆိုတော့ မိဘတွေကိုတောင် လိမ်ပြီး ရွှေမြို့တော်ကြီးဆီ ချီတက်၊ ပိုက်ဆံထုပ် ပိုက်ကြတော့မည် အားခဲကြလေသတည်းပေါ့😌 ဒီဇာတ်ကားဟာ ၂၀၁၄က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတာပါ...ကလေးသုံးယောက်ရဲ့ အလွဲတွေနဲ့ ပေါ့ပေါ့ပါးပါး အရွှန်းဖောက်ရင်း နောက်ကွယ်က ကြီးမားတဲ့ ရာဇဝတ်လုပ်ငန်းကြီးအကြောင်းကို ပါးပါးလေး ပြသွားတယ်☺️ ကလေးသူငယ် လူကုန်ကူးမှုပါ...ကောင်လေးသုံးယောက်ရယ်၊ ဒဏ်ရာကိုယ်စီနဲ့ လူသုံးယောက်တို့ ဆုံမိတဲ့အချိန် နိုင်ငံရေးသမားတွေကိုပါ အိတ်ထဲထည့်ထားတဲ့ လုပ်ငန်းရှင်အမည်ခံ ရာဇဝတ်ကောင်ကြီးကို ဘယ်လိုအမိဖမ်းမလဲ လှည့်ကွက်တွေနဲ့ ရှုစားရမှာ ဖြစ်ပါတယ် 🤩 ဇာတ်ကားကတော့ ဗရုတ်သုတ်ခ ကလေးတွေလုပ်မဲ့ Mission မဟုတ်တဲ့ Mishan Impossible ပါတဲ့...ကြည့်လိုက်ကြရအောင်နော် 😘 ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၃၀.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Replay ပြသမည့်ရက် ။ ။ ၃၁.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ---------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါရစေ။ Mizzima TV YouTube Channel တွင် မန်ဘာဝင်ပေးခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ Https://bit.ly/2VhJ12U or https://bit.ly/4fri29j Join Mizzima TV membership - https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join https://bit.ly/4iNrJ3l

Lucifer ဒီဇာတ်ကားလေးကတော့ အိန္ဒိယနိုင်ငံရဲ့ မလေရလမ် ဘာသာစကားနဲ့ ရိုက်ကူးထားပြီး ဆုပေါင်းများစွာ ရရှိထားခဲ့တဲ့ နိုင်ငံရေး အက်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် ဝန်ကြီးချုပ် ဆုံးပါးသွားပြီးနောက်ပိုင်းမှာ သူ့ရဲ့ ကျန်ရစ်တဲ့ သားသမီးနဲ့ ပါတီခေါင်းဆောင်တွေအကြား၊ နိုင်ငံရေးနဲ့ စီးပွားရေး သမားတွေကြားက အရောင်းအဝယ် အပေးအယူ ကိစ္စတွေကို ရိုက်ကူးပြထားပြီး အာဏာနဲ့ ငွေကြေးချမ်းသာမှုကို ရယူဖို့ တစ်ယောက်နဲ့ တစ်ယောက် လှည့်ကွက်များစွာနဲ့ တိုက်ခိုက်အနိုင်ယူဖို့ ကြိုးစားကြပုံကို တင်ဆက် ပြသထားတာပါ... နောက်ဆုံးမှာတော့ ဘယ်သူက အသာစီးရပြီး ဘယ်သူက ကီရာလာပြည်နယ်ရဲ့ ဝန်ကြီးအသစ် ဖြစ်လာမလဲ... လူတွေ မထင်မှတ်ထားတဲ့ အဆိပ်အပြင်းဆုံးလူက ဘယ်သူဖြစ်မလဲဆိုတာကို အက်ရှင်ဇာတ်ကွက်တွေနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၉.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Replay ပြသမည့်ရက် ။ ။ ၃၀.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ---------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါရစေ။ Mizzima TV YouTube Channel တွင် မန်ဘာဝင်ပေးခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ Https://bit.ly/2VhJ12U or https://bit.ly/4fri29j Join Mizzima TV membership - https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join https://bit.ly/3Y8IehM

ငလျင်ဘေးသတင်းအချက်အလက်များမျှဝေနိုင်ပါရန် အရေးပေါ်ချန်နယ် မြန်မာနိုင်ငံသမိုင်းတွင် နှစ် ၁၀၀ ကျော်အတွင်း အပြင်းထန်ဆုံးငလျင်လှုပ်ခတ်သွားသည့်အတွက် ပျက်စီးဆုံးရှုံးမှုအင်မတန်မှကြီးမားဖွယ်ရှိပါသည်။ ငလျင်ဘေးနောက်ဆက်တွဲကြုံနေရသည့် အခက်အခဲများ၊ ကယ်ဆယ်ရေးလိုအပ်ချက်များနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ မဇ္ဈိမကို ပေးပို့လိုပါက mizzima@mizzima.com သို့မဟုတ် Viber သို့ QR code မှတဆင့်ဝင်ရောက်ပြီး ပေးပို့နိုင်ပါသည်။ #ငလျင် #သဘာဝဘေး #မဇ္ဈိမသတင်းဌာန #MizzimaBurmeseNews #myanmarearthquake https://bit.ly/4hSjhyu

Honey Sweet အသက်ရလာတဲ့အခါ နေ့စဉ်အလုပ်တာဝန်ဝတ္တရားတွေနဲ့ မအားလပ်နိုင်ပေမယ့် အထီးကျန်လာကြတော့ကံတရားက တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုပေးမယ့်သူမျိုး ရစေချင်လို့ ချာချီဟိုနဲ့ အီယောင်းတို့ အချင်းချင်းတွေ့ဆုံအောင် ဖန်တီးပေးခဲ့ပါတယ်။ ထမင်းအတူစားမယ့်သူ၊ ရုပ်ရှင်အတူတူကြည့်မယ့်သူ လမ်းအတူတူလျှောက်မယ့်သူသာရှိရင် အရာရာပြည့်စုံပြီလို့ ထင်ခဲ့ပေမယ့် ရိုးရှင်းတဲ့ ဆန္ဒလေးပြည့်ဝဖို့ ကြားထဲမှာ အတားအဆီးတွေကလည်း ပြည့်နေတာပါပဲ။ ဒီအတားအဆီးတွေကို ကျော်ပြီး ဘယ်လို ကဲကြသဲကြမလဲဆိုတာ ခွီရ ကြည့်ရမယ့် ရိုမန့်စ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၈.၃.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Replay ပြသမည့်ရက် ။ ။ ၂၉.၃.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ---------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါရစေ။ Mizzima TV YouTube Channel တွင် မန်ဘာဝင်ပေးခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ Https://bit.ly/2VhJ12U or https://bit.ly/4fri29j Join Mizzima TV membership - https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join https://bit.ly/4iLBL4Y