en
Feedback
Mizzima+ TV Channel

Mizzima+ TV Channel

Open in Telegram

🕕နေ့စဉ် နံနက် ၆ နာရီ 🕛 ည ၁၂ နာရီအထိ 🗞သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV 🎭သတင်း နှင့် ဖျော်ဖြေရေးချန်နယ်အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ 2ပေ စလောင်းများနှင့် 8ပေ စလောင်းများဖြင့် ဖမ်းယူကြည့်ရှုနိုင်ပါပြီ။ www.mizzima.tv

Show more
Buy Ad
1 611
Subscribers
No data24 hours
-37 days
-1830 days
Posts Archive
Smugglers အေးချမ်းသာယာတဲ့ပင်လယ်ကမ်းဘေးမြို့တစ်မြို့ဖြစ်တဲ့ ဂွမ်ချွန်းမှာ စက်ရုံတွေ လာရောက်တည်ဆောက်ပြီးတဲ့နောက်ပိုင်း ရေငုပ်ပြီး ကမာကောက်သူတွေ ငါးဖမ်းသူတွေ အသက်မွေး၀မ်းကြောင်းပိုင်း အခက်အခဲ ဖြစ်ရပါတော့တယ်.... ပင်လယ်ထဲမှာ ငါးဖမ်း ကမာကောက်ရင်း ရှင်သန်ရသူတွေအတွက် အလုပ်ရှားပါးလာတဲ့အချိန်မှာတော့ ရှင်သန်ဖို့အတွက် အလုပ်မျိုးစုံ လုပ်ရပါတော့တယ်..... ဂျိုချွန်ဂျာ နဲ့ အန်ဂျင်ဆူတို့က သူငယ်ချင်းကောင်းတွေ ဖြစ်ကြပြီး ကမာကောက်ကာ အသက်မွေး၀မ်းကြောင်း ရှာစားကြသူတွေ ဖြစ်ပါတယ်...တစ်နေ့မှာတော့ ကမာကောက်တဲ့အလုပ်က အဆင်မပြေဖြစ်လာတဲ့အချိန်မှာ ဦးလေးဖြစ်သူက မှောင်ခိုကူးတဲ့အလုပ်လုပ်ရန် ကမ်းလှမ်းလာပါတော့တယ်.... ပင်လယ်ထဲမှာ ပစ်ချထားခဲ့တဲ့ ကုန်ပစ္စည်းတွေကို ဆင်းဆယ်ပြီး ပြန်လည်ဖြန့်ချိပေးရတဲ့အလုပ်ကို လုပ်ကိုင်ရင်း စားရေးနေရေး အဆင်ပြေလာတဲ့အချိန်မှာ ဦးလေးဖြစ်သူက ရွှေချောင်းတွေအား မှောင်ခိုသွင်းပေးရန် တောင်းဆိုလာပါတော့တယ် ရွှေချောင်းတွေ မှောင်ခိုသွင်းပေးနေချိန်မှာ ဆိပ်ကမ်းစောင့်ရဲတွေရဲ့၀င်ရောက်ဖမ်းဆီးမှုကြောင့် ချွန်ဂျာက ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဂျင်ဆူကတော့ အဖမ်းခံခဲ့ရပါတယ်... ဘေးစကားတွေကြောင့် သူငယ်ချင်း ၂ ယောက် စိတ်၀မ်းကွဲခဲ့ရပြီး သံယောဇဉ်အက်ကြောင်းတွေ ထင်လာပါတော့တယ်...ရဲတွေက ဘာကြောင့်အချိန်ကိုက်လာဖမ်းရတာလဲ ချွန်ဂျာက တကယ်ပဲ ရဲကို သတင်းပေးခဲ့သူ လား သူငယ်ချင်း ၂ ယောက် ဂွမ်ချွန်းမှာ ပြန်ဆုံဖြစ်ကြရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၀.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၁.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3IhPFyb

Miss Baek ဘဲ့ဆန်းအာက ငယ်ကတည်းက မိခင်ဖြစ်သူ နှိပ်စက်တာကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။အထက်တန်းကျောင်း အရွယ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့အတွက် မိမိကိုယ်ကိုယ် ကာကွယ်ရင်း တစ်ဖက်လူကို ထိခိုက်အောင် လုပ်မိတဲ့အခါ အာဏာရှိတဲ့တစ်ဖက်လူကြောင့်ပဲ နစ်နာသူ ဘဲ့ဆန်းအာ ထောင်ကျခဲ့ပါတယ်။ ထောင်ကနေ ထွက်လာတဲ့အခါ ကြုံရာကို လုပ်ကိုင်ရင်း ဖြတ်သန်းရင်းကနေ ဂင်ဂျီအွန်းဆိုတဲ့ ကလေးမကို တွေ့ဆုံခဲ့ပါတယ်။ ဂင်ဂျီအွန်းက အဖေနဲ့မိထွေးဖြစ်သူဆီကနေ နှိပ်စက်ခံရတဲ့ ကလေးတစ်ယောက်ဖြစ်တာကို ဘဲ့ဆန်းအာ သိသွားပါတော့တယ်။ ကလေးဘ၀တုန်းက စိတ်ဒဏ်ရာကြောင့် ချစ်သူနဲ့တောင် လက်ထပ်ဖို့ ကလေးယူဖို့ တွန့်ဆုတ်နေတဲ့ ဘဲ့ဆန်းအာ ဂင်ဂျီအွန်းကိုကူညီဖို့ ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ဒီဇာတ်ကားမှာ ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁.၇.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂.၇.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3TNEXlA

Love & Leashes ဒီကားလေးကတော့ မထွက်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားမှုများခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ် ..နာမည်ကြီးမင်းသားမင်းသမီးတွေပါဝင်တဲ့အပြင် ပုံမှန်အားဖြင့် ရိုက်ကူးလေ့မရှိတဲ့ လိင်စိတ်တိမ်းညွတ်မှုအမျိုးအစားထဲက BDSM အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက် စိတ်ဝင်စားမှုများပြားခဲ့တာဖြစ်ပါတယ် ...BDSM အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတာဆိုပေမဲ့ လိင်ဆက်ဆံတာတွေအစား BDSM ဆိုတာ လိင်စိတ်တိမ်းညွတ်မှုတစ်ခုသာဖြစ်ကြောင်း ဒါကိုကြိုက်နှစ်သက်တဲ့သူတွေက စိတ်ရောဂါရှိတာမဟုတ်ကြောင်းကို ပညာပေးထားတဲ့သဘောဖြစ်တဲ့အတွက် ဗဟုသုတရအောင် ကြည့်သင့်ပါတယ် .. ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၆.၆.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၇.၆.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4l4uMof

A Tiger in Winter ဒီဇာတ်လမ်းလေးကတော့ မာနကြီးတဲ့ အလုပ်လက်မဲ့ စာရေးဆရာဂျောင်ယူးဟာ သူနဲ့အတူနေချစ်သူက သူ့မိဘတွေလာမှာမို့လို့ဆိုပြီး အိမ်ကနေ ခဏလောက်ရှောင်ခိုင်းတာနဲ့ သူငယ်ချင်းအိအိမ်မှာသွားနေလိုက်တယ်.. သူပြန်လာတဲ့အချိန်မှာတော့ သူ့ချစ်သူဟာ အိမ်ကိုပြန်အပ်သွားတဲ့အပြင် ဖုန်းကိုပါ ပိတ်သွားပြီး အဆက်အသွယ်ဖြတ်သွားခဲ့တယ်..နေစရာနေရာမရှိတဲ့သူက သူငယ်ချင်းအိမ်မှာ သွားပြန်နေပေမယ့် သူငယ်ချင်းကလည်း ရက်နည်းနည်းလောက်ပေးနေပြီး မိန်းမယူတော့မှာမို့ သူ့ကိုခေါ်ထားလို့ မဖြစ်ကြောင်းပြောပြတယ်... နေစရာလည်းမရှိ အလုပ်အကိုင်လည်းမရှိတာကြောင့် အငှားယာဥ်မောင်းအဖြစ်လုပ်နေရင်းက တစ်နေ့မှာ ရည်းစားဟောင်းနဲ့ ပြန်တွေ့ပြီး ရည်းစားဟောင်းအိမ်မှာလိုက်အိပ်တယ်.. ရည်းစားဟောင်းကလည်း သူ့လိုစာရေးဆရာမတစ်ယောက်ပဲ... ဒါပေမယ့် အရက်စွဲနေသလို အပ်ထားတဲ့ဝတ္ထုကိုလည်း မရေးနိုင်ဖြစ်နေတယ်... ဝတ္ထုကိုဆက်ရေးနိုင်ဖို့ ဂျောင်ယူးဆီက အကူအညီတောင်းရင်း သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပြန်ဆက်ကြမလား...မင်းသား လီဂျင်ဝတ်က အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားပါတယ် ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၃.၆.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၄.၆.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4kY0EeV

Keys to the Heart ဒီတစ်ခေါက်မှာတော့ မင်းသားကြီးလီဗြောင်ဟွန်းပါဝင်ထားတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်...ဂျိုဟာဆိုသူဟာ လက်ဝှေ့သမားတစ်ယောက်ဖြစ်ပြီးအသက်ကြီးသွားတဲ့အတွက် ကြုံရာလုပ်ရင်းဘဝကိုရှင်သန်နေသူဖြစ်ပါတယ်...တစ်နေ့မှာတော့ ငယ်ငယ်ကတည်းကွဲသွားခဲ့တဲ့မိခင်ဖြစ်သူနဲ့ပြန်လည်ဆုံတွေ့ခဲ့တယ် မိခင်ကို စိတ်နာပေမဲ့လည်းငွေရေးကြေးရေး ကျပ်တည်းနေတာကြောင့် မိခင်ဖြစ်သူ ညီလေးဖြစ်သူနဲ့အတူနေထိုင်ခဲ့ပါတယ်..ဒီလိုကနေ မထင်မှတ်ထားတဲ့ပြဿနာပေါ်လာခဲ့တဲ့အခါ...အရာရာမှာခက်ထန်ပြီး ဘုကန့်လန့်တိုက်တတ်တဲ့ဂျိုဟာတစ်ယောက်မိသားစုဆန်တဲ့အိမ်ကလေးထဲမှာ ဘာတွေလုပ်သွားမှာလဲ?? IMDb rating 7.4 အထိရရှိထားတဲ့ Drama ဇာတ်ကားကောင်းလေးဖြစ်တာကြောင့်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ❤ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၂.၆.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၃.၆.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4dUEx64

Illang: The Wolf Brigade ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးမငြိမ်သက်မှုတွေနဲ့ ဒေသတွင်း အင်အားပြိုင်ဆိုင်မှုအခြေအနေတွေကြောင့် တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းဖို့အခြေအနေဖြစ်လာခဲ့ပါတယ်။အဲ့ဒီလိုပေါင်းစည်းဖို့ကိုမလိုလား ကန့်ကွက်တဲ့သူတွေကနေ Sect ဆိုတဲ့ မြေအောက်ဆန့်ကျင်ရေးဂိုဏ်းတစ်ခုပေါ်လာတယ်။ တဖြည်းဖြည်းအင်အားကောင်းလာပြီး သာမန်ရဲတပ်ဖွဲ့နဲ့ ရင်ဆိုင်လို့မရတော့တဲ့အခြေအနေဖြစ်လာတာကြောင့် သမ္မတက Sect ကိုနှိမ်နှင်းဖို့ အထူးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။ တစ်ဖက်မှာလည်း ပြည်ထဲရေးကိုယ်စားပြု ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး အပြိုင်အဆိုင်တွေရှိလာတယ်။ စစ်ဆင်ရေးတစ်ခု လုပ်ရာက အမှားအယွင်းဖြစ်ပြီး အထူးတပ်ဖွဲ့က အပြစ်မဲ့ မိန်းကလေးငယ် ၁၅ ဦးကို မှားယွင်းသတ်ဖြတ်ခဲ့မိတယ်။ အဲ့ဒီနောက်ပိုင်းမှာ အများရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပြီး အထူးတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ သရုပ်မှန်ကို မျက်နှာဖုံးတွေနဲ့ ကွယ်ဝှက်ခဲ့ကြသလို ပိုပြီးလည်း ရက်စက်ကြမ်းတမ်းလာခဲ့ကြတယ်။ ဒီထဲမှာမှ လူသားဆန်တဲ့ တပ်ဖွဲ့ခေါင်းဆောင် လင် နဲ့ Sect အဖွဲ့ဝင်ဟောင်းဖြစ်လို ပြည်သူ့လုံခြုံရေးနဲ့ ပူးပေါင်းလှုပ်ရှားနေတဲ့ ယွန်းမီတို့ ဆုံမိကြပြီး ချစ်ကြိုးသွယ်မိခဲ့ကြတယ်။ နိုင်ငံတော်အာဏာသိမ်းဖို့ တာဆူနေတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့က ယွန်းမီကိုအသုံးချပြီး လင်ကနေတဆင့် အထူးတပ်ဖွဲ့ကို ဖြုတ်ချနိုင်ဖို့ ဘယ်လိုလှည့်ကွက်တွေသုံးမလဲ... အထူးတပ်ဖွဲ့ကရော ဘယ်လိုတုန့်ပြန်မလဲ... Action ဇာတ်လမ်းတွေ နှစ်ခြိုက်သူများအတွက်​တော့ သဘောကျစေမယ့် ဇာတ်ကားတစ်ကားပါ ။ နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂန်ဒေါင်ဝူး ဂျူဝူးဆောင်းနဲ့ ဟန်ဟျိုဂျူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၁.၆.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၂.၆.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3SNLXhV

Hum Do Hamare Do မိသားစုဆိုတာ ဘာလဲ 🤔🤔ကိုယ်နဲ့ သွေးသားတော်စပ်မှ ကိုယ့်မိသားစုလို့ ခေါ်လို့ရတာမျိုးလား...ဒရုဆိုတဲ့ ကောင်လေးကတော့ ကိုယ့်မိသားစုကိုကိုယ်တိုင်ရွေးချယ်ခဲ့ပါတယ်.. ငယ်စဉ်ကတည်းက အဖေအမေ ဘယ်သူမှန်းမသိဘဲ 😔 လမ်းဘေးထမင်းဆိုင်က ဆိုင်ရှင်ဦးလေးတစ်ယောက်ရဲ့ လက်ပေါ် ကြီးပြင်းလာခဲ့ရတဲ့ ကောင်လေးဟာ ကိုယ်ပိုင်မိသားစုတစ်ခုကို လိုချင်စိတ် ဖြစ်ခဲ့ပါတယ်... အရွယ်ရောက်လာချိန်မှာ ငွေကြေးပြည့်စုံအောင် ရှာဖွေခဲ့ပြီး နှစ်သက်တဲ့မိန်းကလေးနဲ့ လက်ထပ်ထိမ်းမြားနိုင်ဖို့၊ ဆွေမျိုးအသိုင်းအဝိုင်းတွေကို ခုံမင်နှစ်သက်တတ်တဲ့ ချစ်သူမိန်းကလေးရဲ့ ဆန္ဒပြည့်ဝအောင်လို့ မိသားစုမရှိတဲ့ သူ့ဘဝကို ဖုံးကွယ်ပြီး အတုအယောင်မိသားစု တစ်ခုဖန်တီးဖို့ ကြိုးစားခဲ့ချိန်မှာတော့... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁.၆.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂.၆.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/454f9si

An Action Hero အက်ရှင်ကားတွေကြောင့် နာမည်ကြီး‌တဲ့ ရုပ်ရှင်သရုပ်ဆောင် မာနပ်ဗ် ခူရာနား ... အသက်ငယ်ပေမယ့် အောင်မြင်မှုများစွာ ရရှိနေတဲ့အတွက် မာန်မာနထောင်မောက်ကာ လုပ်ချင်ရာလုပ်တတ်သူဖြစ်သော်လည်း အရည်အချင်းအပြည့်အ၀ရှိသူ ဖြစ်ပါတယ် မာနပ်ဗ်ဟာ ဟာရာနဒေသမှာ ရှိတဲ့ မန်ဒိုသီဆိုတဲ့ရွာလေးကို နောက်ထွက်မည့်ဇာတ်ကား ရိုက်ကူးဖို့အတွက် သွားရောက်ခဲ့ပါတယ်..... ဒေသပိုင်း ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မန်ဒိုသီရွာလေးရဲ့ကိုယ်စားပြုကော်မတီ၀င်ဖြစ်သူ ဗစ်ကီ ဆိုလန်ကီဟာ မာနပ်ဗ်နဲ့ ဓာတ်ပုံတွဲရိုက်ချင်တဲ့အတွက် ရိုက်ကွင်းကို လာရောက်ခဲ့ပါတယ် ရိုက်ကူးရေးကြောင့် အချိန်မအားဖြစ်နေတဲ့ မာနပ်ဗ်က ဗစ်ကီကို အာရုံထဲမှာ ရှိမနေခဲ့ပါဘူး စောင့်ရဝာဲ့အချိန် ကြာလာပြီဖြစ်တဲ့ ဗစ်ကီဟာ မာနပ်ဗ်နဲ့ စကားရန်ဖြစ်နေစဉ်မှာပဲ မာနပ်ဗ်ရဲ့တွန်းလိုက်မှုကြောင့် ဗစ်ကီဟာ လဲကျသွားပြီး ဦးခေါင်းကို ထိမိကာ သေဆုံးသွားပါတယ်..... ကြောက်လန့်စွာပဲ မာနပ်ဗ်ဟာ လန်ဒန်ကို ထွက်ပြေးခဲ့ပါတယ် ဗစ်ကီရဲ့သေဆုံးမှုအကြောင်းကို သိသွားတဲ့ အစ်ကိုဖြစ်သူ ဘူးရာ ဆိုလန်ကီက လက်စားချေရန်အတွက် မာနပ်ဗ်ရဲ့နောက်ကို လိုက်ပါတော့တယ် အောင်မြင်မှု အထွတ်အထိပ်ကို ရောက်ရှိနေတဲ့ မာနပ်ဗ်တစ်‌ယောက် ညတွင်းချင်းပဲ ပြုတ်ကျလာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အက်ရှင်အခန်းကြမ်းကြမ်းလေးတွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်" ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၃၁.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁.၆.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3HfiMSf

Along with the Gods: The Last 49 Days အစောင့်အရှောက်နတ်မင်း ဂမ်လင်း ဟယ်ဝန်မက်နဲ့ ဒို့ချွန်းတို့ဟာ မတရားသဖြင့်သေဆုံးခဲ့ရတဲ့ ဝိဉာဉ် ကင်ဆူးဟုန်အတွက် မျှတတဲ့ တရားစီရင်မှုရရှိစေဖို့ ယမမင်းထံအသနားခံရင်းက ယမမင်းကလောင်းကြေးစားကြေးနဲ့ လက်ခံလိုက်တယ်...... အဲ့ဒါကတော့ လူ့ပြည်က ဟိုချွန်းဆမ်ဆိုတဲ့ အဖိုးကြီးကို ငရဲပြည်ခေါ်လာပေးဖို့နဲ့ ကင်ဆူးဟုန်ရဲ့ တရားစီရင်မှုမှာ အပြစ်ရှိခဲ့တယ်လို့အဖြေထွက်ခဲ့ရင် အစောင့်အရှောက်နတ်ရာထူးကနေ ရုတ်သိမ်းခံရမယ်ဆိုတဲ့ အပေးအယူပါပဲ .. ဒီလိုနဲ့ ဂမ်လင်းက ကင်ဆူးဟုန်ဖြတ်သန်းရမယ့် ငရဲကြီး ၄ ခုကို လိုက်ပို့ ဟယ်ဝန်မက်နဲ့ ဒို့ချွန်းတို့က ဟိုချွန်းဆမ်ဆိုတဲ့အဖိုးကြီးကို သွားခေါ်ဖို့ တာဝန်ခွဲယူလိုက်ကြတယ်....အဖိုးကြီးကို သွားခေါ်ကြတဲ့ ဟယ်ဝန်မက်နဲ့ဒို့ချွန်းတို့က အိမ်စောင့်နတ်ဆွန်ဂျူးရဲ့ တားဆီးမှုကြောင့် အဖိုးကြီးကို မခေါ်နိုင်ခဲ့ဘူး.... တကယ်တော့ အဲ့ဒီအိမ်စောင့်နတ်က သူတို့ရဲ့ စီနီယာအစောင့်အရှောက်နတ်မင်းဖြစ်ခဲ့သူဖြစ်ပြီး သူတို့ရဲ့ ဖျောက်ဖျက်ခံထားရတဲ့ အတိတ်တွေကို သိနေတဲ့သူဖြစ်တယ် .. အိမ်စောင့်နတ်ရဲ့ ပြောပြမှုကြောင့် အရင်ဘဝမှာ ဂမ်လင်း ဟယ်ဝန်မက်နဲ့ ဒို့ချွန်းတို့ရဲ့ ပက်သက်မှုတွေနဲ့အတူ ကင်ဆူးဟုန်ရဲ့ သေဆုံးမှုနောက်ကွယ်က တရားခံတွေကိုပါ တဖြည်းဖြည်းနဲ့ ရုပ်လုံးဖော်ပြပေးသွားမှာဖြစ်ပါတယ်...Computer Effect ကောင်းတဲ့ ရသစုံကားတစ်ကားမို့ မလွတ်တမ်းအားပေးလိုက်ကြဦးနော်.... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၃၀.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၃၁.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3FoiAjb

Along with the Gods: The two worlds မီးသတ်သမားအဖြစ်တာဝန်ထမ်းဆောင်နေရာက ပြုတ်ကျကာ သေလွန်သွားခဲ့ပြီး အပြစ်ကင်းဝိညာဏ်ဖြစ်သွားတဲ့ ကင်ဂျာဟုန်ကို ဂမ်လင်း ဟယ်ဝန်မက်နဲ့ လီဒို့ချွန်းတို့က တမလွန်ဘဝ တရားစီရင်မှု ၇ ခုကို ရင်ဆိုင်ပြီး လူပြန်ဝင်စားခွင့်ရဖို့ လိုက်လံစောင့်ရှောက်ပေးရမှာဖြစ်တယ်... အပြစ်ကင်းဝိညာဏ်ဖြစ်ပေမယ့် တရားခွင်တစ်ခုစီတိုင်းမှာ အသက်ရှင်စဉ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုလို့ ယူဆရတဲ့ အဖြစ်အပျက်တွေကို ဖြေရှင်းချက်အမျိုးမျိုးပေး လျှောက်လှဲကြရင်းက ကင်ဂျာဟုန်ရဲ့ ဘဝထဲက သူတို့မသိသေးတဲ့ အကြောင်းအရာတွေတစ်ခုပြီးတစ်ခု ပေါ်လာသလို လူ့ဘဝမှာ ကျန်ခဲ့တဲ့ ညီဖြစ်သူ ပယကင်ဆုဟုန်ကလည်း မတော်တဆသေဆုံးသွားခဲ့ရာမှ အငြိုးမပြေဝိညာဏ်ဖြစ်ကာ လူ့လောကအတွင်း လျှောက်သွားနေတာကြောင့် ငရဲပြည်မှာ ကမောက်ကမတွေဖြစ်ပြီး ကင်ဂျာဟုန်ရင်ဆိုင်ရမယ့် တရားခွင်တစ်ခုစီတိုင်းကိုပိုပြီး အန္တရာယ်များလာစေတဲ့အခါ... ကွန်ပြူတာဖန်တီးမှုများစွာနဲ့ ဖျော်ဖြေမှုရသကို ကောင်းကောင်းပေးစွမ်းနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပြီး Ha Jung Woo၊ Cha Tae Hyun၊ Ju Ji Hoon နဲ့ Kim Hyan Gi တို့အပြင် အခြားနာမည်ကြီးသရုပ်ဆောင်များစွာက တရားခွင်တစ်ခုစီတိုင်းရဲ့ စီရင်ခွင့်ရှိသူ နတ်ဘုရားများအဖြစ်ပါဝင်ထားပါတယ် ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၉.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၃၀.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4jtMOiK

I Want to Know Your Parents ဒီဇာတ်ကားကတော့ ဂုဏ်သိက္ခာရှိကျောင်းတစ်ကျောင်းမှာတက်နေတဲ့ ၈ တန်းကျောင်းသားတစ်ဦးခံစားခဲ့ရတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှုအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ် မသေဆုံးခင်မှာ ထို ကျောင်းသားက အနိုင်ကျင့်သူတွေရဲ့နာမည်တွေကို စာတစ်စောင်မှာ ရေးသားထားခဲ့ပါတယ် ရေကန်ထဲခုန်ချပြီး သေလုနီးပါးအ‌‌ခြေအနေဖြစ်နေချိန်မှာ ငါးဖမ်းသမားတစ်ယောက်ရဲ့ကယ်ဆယ်ပေးမှုကြောင့် ဆေးရုံကို ရောက်ရှိလာပါတယ် ရဲတွေက ကျောင်းကို အကြောင်းကြားပြီးတဲ့နောက် ကျောင်းအုပ်ကြီးက ထိုကျောင်းသားရဲ့အတန်းဖော်တွေရဲ့မိဘတွေကို ကျောင်းသို့ ဆင့်ခေါ်ခဲ့ပါတယ် မိဘတစ်ဦးရဲ့ ကိုယ့်သားသမီးအပေါ် ကာကွယ်ပေးချင်စိတ်နဲ့ ကိုယ့်ကျင့်တရားတို့ ရင်ဆိုင်မိတဲ့အချိန်မှာတော့ ထိုမိဘအနေနဲ့ ဘာဆက်လုပ်မလဲဆိုတာ ‌ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၈.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၉.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4ki4b7p

Hitman: Agent Jun ဒီဇာတ်ကားလေးမှာတော့ Kwon Sang-woo နဲ့ Lee Yi-kyung တို့လို့ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်ဟာ ကလေးဘဝမှာကတည်းက မိဘနဲ့ သေကွဲကွဲခဲ့ရပြီး မိဘမဲ့ဂေဟာရောက်ခဲ့ရသူပါ။ တိုက်ရည်ခိုက်ရည် ကောင်းသူဖြစ်တဲ့အတွက် သူ့ကို တောင်ကိုရီးယား လျှို့ဝှက်စုံထောက်အဖွဲ့တစ်ခုကနေ ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြား ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဂျွန့်ရဲ့ အိပ်မက်ကတော့ ကာတွန်းဆရာတစ်ယောက် ဖြစ်လာဖို့ပါ။ အရွယ်ရောက်လာချိန်မှာတော့ အတော်ဆုံး စုံထောက်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ တနေ့မှာ မစ်ရှင်တစ်ခုကို ထမ်းဆောင်ရင်း ဂျွန့်ကို ကျဆုံးသွားပြီလို့ အားလုံးက ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ဂျွန်က မသေခဲ့ဘဲ သူဝါသနာပါတဲ့ ကာတွန်းဆရာတစ်ယောက်အဖြစ် ဇာတ်မြှုပ်နေထိုင်ခဲ့တာ မိသားစုလေးတစ်ခုတောင် ပိုင်ဆိုင်နေခဲ့ပါပြီ။ တစ်ရက်မှာတော့ မမျှော်လင့်ဘဲ ဂျွန့်ရဲ့ အတိတ်ဟောင်းတွေ ပေါ်ထွက်လာရပြီး သူထွက်ခွာလာခဲ့တဲ့ စုံထောက်အဖွဲ့အစည်းနဲ့ ပြန်လည်ပတ်သက်ဖို့ ဖြစ်လာပါတော့တယ်... အက်ရှင်ဟာသကား ဖြစ်တာကြောင့် မပျင်းရဘဲ ဟာသတွေနဲ့ ရယ်မောရမဲ့ ဇာတ်ကားလေးတစ်ခုပါ... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၇.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၈.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4kdoxP5

Scarlet Innocence အမေတစ်ခု သမီးတစ်ခု ဘဝနဲ့ နယ်မြိုလေးမှာ နေထိုင်တဲ့ ရိုးသားအေးချမ်းသူလေး ""ဒိုဂီ""... တစ်နေ့မှာတော့ ဒိုဂီတိုရဲ့မြိုလေးကို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ""ပါမောက္ခရှင်း"" ရောက်လာခဲ့တယ်။ ပါမောက္ခရှင်းမှာ အိမ်ထောင်ရှိမှန်း သိပေမဲ့ ဒိုဂီ ရင်ခုန်ခဲ့မိသလို သူ့ဘက်ကလည်း သူ(မ)ကို ချစ်ဟန်ပြခဲ့တယ်လေ။ ဒိုဂီ့အတွက် သူဟာ အချစ်ဦးမို သူ့အလိုကျ ဘာမဆို လိုက်လျောခဲ့ပေမဲ့၊ အချိန်တန်လို သူ အိမ်ပြန်ချိန်မှာတော့ သူ(မ)ဘဝ ပျက်ခဲ့ရပါပြီ။ ဒီအဖြစ်အပျက်တွေအပြီး ၈ နှစ် အကြာမှာ၊ ထင်မှတ်မထားတဲ့ အလှည့်အပြောင်း တစ်ခုနဲ့ ပါမောက္ခရှင်းရဲ့ အနားကို ပြန်ရောက်လာခဲ့တဲ့ ဆယ်ဂျောင်း (တစ်ဖြစ်လဲ) ဒိုဂီ... သူ(မ)အပေါ် ရက်စက်ခဲ့တဲ့ သူ့ကို ပေးမယ့်အပြစ်က...?? အဆိပ်သင့်စေတဲ့ အချစ်တစ်ခုကို ပုံဖော်မိခဲ့တဲ့ သူတိုနှစ်ယောက်ရဲ့ အဆုံးသတ်ကိုတော့ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစား အားပေးကြပါနော်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၆.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၇.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4dyrl6V

Honest Candidate - 2 နိုင်ငံရေးလောကကနေ အနားယူပြီး အဘွားဖြစ်သူရဲ့ ဇာတိမြိုလေးမှာ ခင်ပွန်းသည်နဲ့အတူ ဇာတ်မြှုပ်နေခဲ့တဲ့ လွှတ်တော်အမတ်ဟောင်း "ဂျိုဆန်းဆူ" ။ တစ်နေ့မှာ မထင်မှတ်ဘဲ လူငယ်လေးတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခဲ့ရာကစလို့ နိုင်ငံရေး လောကထဲကို သူ(မ) ပြန်ရောက်လာခဲ့ပါတယ်။ ဂန်ဝန်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုတွေ တခဲနက် ရလာချိန်မှာတော့ သမ္မတအထိ တက်ဖြစ်ချင်ခဲ့တဲ့ သူ(မ)ရဲ့ လောဘစိတ်ကြောင့် အရင်လို မုသား‌တွေ ပြန်သုံးမိခဲ့သလို ဆိုးတူကောင်းဖက် ဟီချောရဲ့ ‌စကားတွေကိုလည်း သူ(မ) နားမဝင်တော့ပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ ထင်မှတ်မထားတဲ့ အဖြစ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပြီး၊ သူ(မ)နဲ့ ဟီချောတို့ နှစ်ယောက်စလုံး မုသားစကား လုံးဝ ထွက်မရတော့ဘဲ အမှန်အတိုင်းတွေချည်း ပြောမိတဲ့ အခါမှာတော့ ပြဿနာတွေ တက်ကုန်တာ မြောက်ကိုရီးယားနဲ့ စစ်ခင်းရမလို ဖြစ်သွားတဲ့ အထိပါပဲ။ ဒီအချိန်မှာပဲ သူမ ခွင့်ပြုပေးခဲ့တဲ့ လီဂန်ဝန် ပြည်သူ့အိမ်ရာရဲ့ နောက်ကွယ်က အကျင့်ပျက် ချစားမှုတွေကို သိလိုက်ရလို့ ဖော်ထုတ်ဖို ကြိုးစားခဲ့ပေမဲ့ တစ်ဖက်လူက လက်ဦးအောင် ချောက်ချလိုက်လို့ ပြည်သူတွေက သူ(မ)ကို အယုံအကြည် မရှိတော့ပါဘူး။ အခု သူ(မ) ဘာဆက်လုပ်မလဲ.....။ ဒါဟာ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့ပြီး၊ လူကြိုက်များခဲ့တဲ့ Honest Candidate ရဲ့ အဆက်ဖြစ်သလို ပထမကားနည်းတူပဲ နိုင်ငံရေး‌ဇာတ်ကား ဆိုပေမဲ့ ပျင်းစရာမကောင်းဘဲ ပေါ့ပေါ့ပါးပါး ရယ်မောစရာ‌လေးတွေနဲ့မို့ စိတ်ပြေလက်ပျောက် ရှုစားအားပေးကြဖို့ ချစ်ပရိသတ်ကြီးကို တိုက်တွန်းပါရစေ။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၂.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၃.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4kuHUmk

Honest Candidate အဖွားဖြစ်သူရဲ့ တိုက်တွန်းမှုကြောင့် နိုင်ငံရေးလောကထဲ ဝင်လာတဲ့ ဂျူဆန်းဆော့တစ်ယောက် အချိန်ကြာလာတဲ့အမျှ လောဘကို အတောမသတ်နိုင်တော့တဲ့အချိန် သူနေရာတည်မြဲဖို့အတွက် အမြဲတမ်းလိမ်နေရပါတယ်...လိမ်နေရတာကို မကြိုက်တဲ့ အဖွားဖြစ်သူရဲ့ ဆုတောင်းကြောင့် တစ်ရက်သား သူနိုးလာတဲ့အချိန်မှာ ဘယ်လိုအလိမ်အညာစကားမှ ပြောမရတော့ပါဘူး.......  အလိမ်အညာတွေ ပြောနေရတဲ့ ဆန်းဆော့တစ်ယောက် အလိမ်အညာတွေ မပြောဘဲ ဘယ်လိုမဲဆွယ်စည်းရုံးမှာလဲ..ဘယ်လိုအခက်အခဲတွေရော ကြုံတွေ့မှာလဲ..သူနဲ့ သူ့အဖွားကြားက လျှို့ဝှက်ချက်ကရော ဘာလဲ....သူဖြစ်ချင်တဲ့ လေးကြိမ်မြောက် အနိုင်ရသူရော ဖြစ်လာမှာလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦးနော် ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၁.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၂.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/43CJtcd

Honest Candidate - 2 နိုင်ငံရေးလောကကနေ အနားယူပြီး အဘွားဖြစ်သူရဲ့ ဇာတိမြိုလေးမှာ ခင်ပွန်းသည်နဲ့အတူ ဇာတ်မြှုပ်နေခဲ့တဲ့ လွှတ်တော်အမတ်ဟောင်း "ဂျိုဆန်းဆူ" ။ တစ်နေ့မှာ မထင်မှတ်ဘဲ လူငယ်လေးတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခဲ့ရာကစလို့ နိုင်ငံရေး လောကထဲကို သူ(မ) ပြန်ရောက်လာခဲ့ပါတယ်။ ဂန်ဝန်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုတွေ တခဲနက် ရလာချိန်မှာတော့ သမ္မတအထိ တက်ဖြစ်ချင်ခဲ့တဲ့ သူ(မ)ရဲ့ လောဘစိတ်ကြောင့် အရင်လို မုသား‌တွေ ပြန်သုံးမိခဲ့သလို ဆိုးတူကောင်းဖက် ဟီချောရဲ့ ‌စကားတွေကိုလည်း သူ(မ) နားမဝင်တော့ပါဘူး။ ဒီလိုနဲ့ တစ်ရက်မှာ ထင်မှတ်မထားတဲ့ အဖြစ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပြီး၊ သူ(မ)နဲ့ ဟီချောတို့ နှစ်ယောက်စလုံး မုသားစကား လုံးဝ ထွက်မရတော့ဘဲ အမှန်အတိုင်းတွေချည်း ပြောမိတဲ့ အခါမှာတော့ ပြဿနာတွေ တက်ကုန်တာ မြောက်ကိုရီးယားနဲ့ စစ်ခင်းရမလို ဖြစ်သွားတဲ့ အထိပါပဲ။ ဒီအချိန်မှာပဲ သူမ ခွင့်ပြုပေးခဲ့တဲ့ လီဂန်ဝန် ပြည်သူ့အိမ်ရာရဲ့ နောက်ကွယ်က အကျင့်ပျက် ချစားမှုတွေကို သိလိုက်ရလို့ ဖော်ထုတ်ဖို ကြိုးစားခဲ့ပေမဲ့ တစ်ဖက်လူက လက်ဦးအောင် ချောက်ချလိုက်လို့ ပြည်သူတွေက သူ(မ)ကို အယုံအကြည် မရှိတော့ပါဘူး။ အခု သူ(မ) ဘာဆက်လုပ်မလဲ.....။ ဒါဟာ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့ပြီး၊ လူကြိုက်များခဲ့တဲ့ Honest Candidate ရဲ့ အဆက်ဖြစ်သလို ပထမကားနည်းတူပဲ နိုင်ငံရေး‌ဇာတ်ကား ဆိုပေမဲ့ ပျင်းစရာမကောင်းဘဲ ပေါ့ပေါ့ပါးပါး ရယ်မောစရာ‌လေးတွေနဲ့မို့ စိတ်ပြေလက်ပျောက် ရှုစားအားပေးကြဖို့ ချစ်ပရိသတ်ကြီးကို တိုက်တွန်းပါရစေ။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၂.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၃.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4k4sXHT

Bear Man ဝက်ဝံတွေဟာ ကြက်သွန်ဖြူနဲ့ ဂေါ်ဖီထုပ်ကို စားမိရင် လူအဖြစ်ပြောင်းလဲသွားတတ်တယ်ဆိုတဲ့ ဒန်ဂွန်းဒဏ္ဍာရီကို အခြေခံပြီး စိတ်ကူးယဉ်ပုံဖော်ထားတဲ့ ဟာသအက်ရှင်ဇာတ်လမ်းလေးပါ အဓိက ဇာတ်ကောင်ကတော့ ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသား ဗီလိန်မင်းသားကြီး Park Sung Woong က ဒီဇာတ်လမ်းမှာ မြင်နေကျ ဂန်းစတားဇာတ်ရုပ်အပြင် ထူးထူးခြားခြား ဟာသဇာတ်ရုပ်တစ်ခုကိုပါ နှစ်ကိုယ်ခွဲအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ..သုတေသနဓာတ်ခွဲခန်းတစ်ခုမှာ မွေးမြူထားတဲ့ ဝန်းနမ်နဲ့ ဝန်းဘွတ်ဆိုတဲ့ ဝက်ဝံညီနောင်လေးနှစ်ကောင်ဟာ တောထဲမှာ ပျောက်သွားခဲ့တယ် သူတို့ဟာ တောထဲကို ဝင်သွားတုန်းက ကြက်သွန်ဖြူနဲ့ ဂေါ်ဖီထုပ်တွေ ယူသွားခဲ့ကြတာပေါ့ .. သုတေသနပညာရှင်တွေက သူတို့ကိုယ်မှာ တပ်ထားတဲ့ GPS ကို ခြေရာခံပြီး တောထဲကို လိုက်ရှာခဲ့ရာက ဝန်းနမ်ဆိုတဲ့ ဝက်ဝံလေးကိုပဲ လူအဖြစ်နဲ့ ရှာတွေ့ခဲ့ကြတယ် .. နောက်ထပ် ၂၅ နှစ်ကြာတော့ ဝန်းနမ်ဟာ အသက် ၂၅ နှစ်အရွယ်လူငယ်တစ်ယောက်ဖြစ်လာသလို ဝက်ဝံတစ်ကောင်လို ကျန်းမာသန်စွမ်းပြီး အနံ့ခံကောင်းတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားတယ် .. ယာဉ်ထိန်းရဲတစ်ယောက်ဖြစ်ခဲ့ပေမယ့် အကြောင်းတစ်ခုကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့ ဝန်းနမ်ကို သူ့ရဲ့ မွေးစားအမေဖြစ်သူက ရဲပြန်ဖြစ်စေချင်ခဲ့တယ် .. ဒီလိုနဲ့ တစ်နေ့မှာ မူးယစ်မှောင်ခိုလုပ်တဲ့ လူမိုက်ဂိုဏ်းတစ်ခုက အပေးအယူမတည့်ဘဲ သတ်ကြဖြတ်ကြဖြစ်တဲ့အချိန်မှာ ရဲတွေက လိုက်စုံစမ်းရာက တရားခံဟာ ဝန်းနမ်နဲ့ ချွတ်စွပ်တူနေတဲ့ လူတစ်ယောက်ဖြစ်နေတာကြောင့် ဝန်းနမ်ကို မှားယွင်းပြီး ဖမ်းလိုက်တယ် ဒါပေမယ့် ရဲဝန်ထမ်းမှတ်တမ်းအရ တရားခံဟာ သူမဟုတ်ဘူးဆိုတာကို သိသွားရာက တရားခံနေရာမှာ သူ့ကို အစားဝင်ပြီး ဟန်ဆောင်ခိုင်းဖို့ စိတ်ကူးရသွားတဲ့အခါ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၀.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၁.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3SPBLVX

Alienoid ကိုရီးယားကားထဲမှာ ထူးခြားတဲ့ Sci-Fi အမျိုးအစား ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဥ်းကတော့ တခြားကမ္ဘာက ဂြိုဟ်သားတွေဟာ ဟိုးရှေးနှစ်ပေါင်း များစွာကတည်းက လူသားတွေထက် နည်းပညာမှာ သာလွန်ခဲ့တဲ့အတွက် သူတို့ဆီက အကျဥ်းသားတွေကို ဖမ်းဆီးချုပ်နှောင်ထားဖို့ ကမ္ဘာပေါ်က လူသားတွေကို အသုံးပြုခဲ့ကြပါတယ်။ ပါရိုလို့ခေါ်တဲ့ ဂြိုဟ်သားတွေဟာ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲ ရောက်ရှိသွားပြီးရင် ကမ္ဘာမြေရဲ့ လေထုကြောင့် သူတို့ဟာ လူသားခန္ဓာကိုယ်ထဲက မထွက်နိုင်တော့ပဲ ပိတ်မိသွားပါတယ်။ ဒီလိုနည်းနဲ့ အသုံးပြုနေရာက အမှားအယွင်း ရှိခဲ့ရင် ထိန်းချုပ်ဖို့ အစောင့်နဲ့ မိုးကြိုးစက်ရုပ်တို့ကို ကမ္ဘာပေါ်မှာ ရှိနေစေပါတယ်။ တနေ့မှာ သူတို့ဟာ လွတ်မြောက်ထွက်ပြေးသူ အကျဥ်းသားကို သတ်ဖြတ်ဖို့လုပ်ရင်းနဲ့ အဲ့ဒီနေရာမှာ ကျန်ခဲ့တဲ့ ကလေးလေးတစ်ယောက်ကို ကောက်ယူမွေးစားခဲ့ပါတော့တယ်...ရှေးခေတ်နဲ့ လက်ရှိခေတ် အချိန်နှစ်ခုကို ယှဥ်တွဲရိုက်ကူးပြထားပြီး အဲ့ဒီအချိန်နှစ်ခုကြား ပတ်သက်ဆက်နွယ်မှုတွေကို ချိတ်ဆက်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေး တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၉.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၀.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4ds1opu

20th Century Girl ဆယ်ကျော်သက်အရွယ် အချစ်ဇာတ်လမ်းလေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ နာဘိုနာက သူငယ်ချင်းဖြစ်သူ ယွန်းဒူတစ်ယောက် နယူးယောက်မှာ နှလုံးခွဲစိတ်ဖို့အတွက် သူရဲ့ Crush ဘဲ့ဟျွန်းဂျင်ရဲ့တစ်နေ့တာ သူသိချင်တဲ့အကြောင်းများ သိခွင့်ရအောင် စုံစမ်းပေးမယ်ဆိုပြီး ကတိပေးလိုက်ရပါတယ်။ ကတိအတိုင်းပဲ ဘိုရာတစ်ယောက် ဘဲ့ဟျွန်းဂျင်အကြောင်းသိဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ဘဲ့ဟျွန်းဂျင်ရဲ့အချစ်ဆုံးသူငယ်ချင်း ဖွန်ဝန်းဟိုကိုပါ အသုံးချဖို့ကြိုးစားရာကနေ ဘယ်လိုတွေဆက်ဖြစ်မှာလဲ... ယွန်းဒူနိုင်ငံခြားကပြန်လာတဲ့ခါမှာရော ဘယ်လိုလှည့်ကွက်တွေထပ်ပေါ်လာမှာလဲ... ဆယ်ကျော်သက်ဘဝရဲ့လွတ်လပ်မှု အချစ်ဦးကိုဖော်ပြထားတဲ့ဇာတ်ကားလေးမို့ ဆက်လက်ကြည့်ရှုပေးပါဦးနော်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၆.၅.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၇.၅.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4jbqSJ5