မဟာဗျူဟာလေ့လာရေး
Open in Telegram
လက်ရှိနိုင်ငံရေးအခင်းအကျင်းအပေါ် မဟာဗျူဟာမြောက်ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ခြင်း
Show moreMyanmar23 094The category is not specified
455
Subscribers
No data24 hours
No data7 days
No data30 days
Data loading in progress...
Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
December '24
December '24
+9
in 0 channels
November '24
+5
in 0 channels
Get PRO
October '240
in 0 channels
Get PRO
September '24
+457
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 21 December | 0 | |||
| 20 December | +4 | |||
| 19 December | +1 | |||
| 18 December | 0 | |||
| 17 December | +1 | |||
| 16 December | +1 | |||
| 15 December | +1 | |||
| 14 December | +1 | |||
| 13 December | 0 |
Channel Posts
၁၉၃၂ မှာ စည်းမျဉ်းခံဘုရင်စနစ် ပြောင်းလဲသွားတာတောင် ရှင်ဘုရင်တွေက လူချစ်ခံရအောင် နေကြတယ်။
ထိုင်းဘုရင်တွေက လူမချစ်ရင် ဘုရင်စနစ်တည်ထောင်ထားလို့မရဘူးဆိုတာကောင်းကောင်းသိတယ်။
တစ်ဖက်မှာလည်း တိုင်းပြည်အုပ်ချုပ်ရေးကို ဝန်ကြီးချုပ် နှင့် ပါလီမန်စနစ်ကို လွဲလိုက်ရတဲ့အခါ ဘုရင့်အနေနဲ့ အလုပ်တွေနည်းသွားတယ်။
ရာမမင်းဆက်တွေချမ်းသာတာက အင်္ဂလန်ဘုရင်မကြီးထက် (၁၀) ဆ သာတယ်။ ခေတ်အဆက်ဆက် နန်းစဉ်ရတနာတွေရှိတယ်၊ အဓိက ငွေဝင်လမ်းက အိမ်ခြံမြေဆိုတဲ့ property တွေ ငှါးရမ်းရာက ရတယ်။
ဒါပေမယ့် စောစောကပြောသလို ပညာရေးစနစ်ကောင်းစေဖို့ ဘုရင်တိုင်းက တက္ကသိုလ်တည်ထောင်တယ်။ ပညာတတ်တွေ မွေးထုတ်တယ်။ ဘာဖြစ်လို့ဆို ပညာတတ်တွေ သူတို့ကို ချစ်တာမျိုးကို ပိုလိုလားတယ်။
သူတို့မွေးထုတ်လိုက်တဲ့ အဲ့ဒီပညာတတ်တွေထဲမှာ ဘုရင်စနစ်ကို မကြိုက်တဲ့လူတွေလည်း အများကြီးပါတယ်။
ဒါပေမယ့် ကိစ္စမရှိ။ ဒါဟာသူတို့အတွက် different perspective ဖြစ်တယ်။ အမြင်မတူရခြင်းရဲ့ အကြောင်းရင်းကို ဆန်းစစ်ဖို့ အကြောင်းရတာဖြစ်တယ်။ ပြင်တယ်။ ဆင်ချင်တယ်။ ပြန်ထိမ်းတယ်။
လွန်လေပီးဖြစ်တဲ့ ဘုရင် ဘူမိဘောရဲ့ မယ်မယ် ဘုရားဆို ကွန်မြူနစ်စနစ်လွှမ်းမိုးမှုများတဲ့ တိုင်းမြောက်ပိုင်းကို သေချာ ဂရုစိုက်တယ်။ ဘိန်းစိုက်ပျိုးရေး ပပျောက်အောင်၊ လောင်းကစား ပပျောက်အောင်လုပ်တယ်။
ဘုရင်ကြီးကလည်း ချင်းမိုင်းတက္ကသိုလ်တည်ထောင်ပေးတယ်။ စိုက်ပျိုးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နည်းပညာ အစရှိ ဘုရင့်နန်းတော်ရာက အကုန်ကျခံပီး လုပ်ပေးတယ်။
ဘုရင်ကြီး၊ မယ်မယ်ဘုရားနှင့် သမီးတော် သီရိဒုံကအစ တိုင်းသူပြည်သားတွေကို အင်မတန်ချစ်တယ်ဂရုစိုက်တယ်။ ခုဆို မြောက်ပိုင်းဟာ ကိုယ့်မင်းကိုယ့်ချင်း လန်းနားနေပြည်တော်ကို မေ့ပီး လက်ရှိဘုရင်မျိုးဆက်ကို ပိုချစ်ကြတယ်။
အဲ့လိုမေတ္တာတွေပေး ပီးမေတ္တာတွေပြန်ယူတယ်။
ဒီလိူနဲ့ ခွန်တိုင်းတွေရဲ့ ဘုရာင်စနစ်ဟာ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ စည်းမျဉ်းခံဘုရင်စနစ်ကနေ အုပ်ထိမ်းသူနေရာကို မသိမသာယူသွားတယ်။
ဝန်ကြီးချုပ်တွေ ဘယ်လိုပြောင်းပြောင်း ပြောင်း အာဏာသိမ်းတာတွေ ဘယ်လောက်များများ အုပ်ထိမ်းသူတွေကရှိနေသေးတော့ ပြည်မနာဘူး။ ပြည်မပျက်ဘူး။
#Lovely_Thai
| 2 | No text... | 222 |
| 3 | ဘင်္ဂလားဒေ့ရှ် နွေဦးတော်လှန်ရေးက ဒီမိုကရေစီရဲ့ အောင်ပွဲလား ရှုံးပွဲလား ။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းက ရွေးကောက်ခံပြီးတက်လာတဲ့ ဝန်ကြီးချုပ် ၊ ဒါပေမယ့်ပြသနာက
ဥပဒေပညာရှင်လူပုဂ္ဂိုလ် ၃ ယောက်က အစိုးရကိုတရားစွဲတဲ့ကိစ္စနဲ့ ပြုတ်သွားတယ် ။ တရားစွဲတဲ့အကြောင်းကတော့ အစဥ်အဆက်တောက်လျှောက်ကျင့်သုံးခဲ့တဲ့ ဥပဒေတခုကို ၂၀၁၈ ခုနှစ်မှာ အစိုးရကဖျက်သိမ်းကြောင်း ကြေငြာချက်ထုတ်ခဲ့လို့ဖြစ်ပါတယ် ။
အဲ့ဥပဒေက -
အရေးပါတဲ့ နေရာ တွေအတွက်
ဝန်ထမ်းခေါ်ယူမှုမှာ (သာမန်ပြည်သူကို ၄၀% လောက်ပဲခေါ်ယူတာဖြစ်ပြီး ကျန် ၆၀% လောက်က ) ဟိုးအရင် လွတ်လပ်ရေးရယူတုန်းက ပါဝင်ခဲ့သူများရဲ့ သားသမီးများ ၊ ဆက်နွယ်သူများ အခွင့်ထူးခံများကို တိုက်ရိုက်ခန့်အပ်နိုင်တဲ့ ဥပဒေဖြစ်ပါတယ် ။
၂၀၁၈ မှာ ဒီဥပဒေကိုမကျေနပ်လို့ အခုလို ဆန္ဒပြမှုရှိခဲ့လို့ ဝန်ကြီးချုပ်ဟောင်းရဲ့အစိုးရကဒီဥပဒေကို ကြေငြာချက်ထုတ်ပြီးရပ်ဆိုင်းခဲ့ရပါတယ် ။
ဒီနှစ် ၆လပိုင်းမှာတော့ ဒီကြေငြာချက်ကို မတရားမှုအဖြစ် တရားပြန်စွဲဆိုသူက တရားနိုင်သွားပြီး ၊ တရားရုံးက ဒီကြေငြာချက်ကို ဥပဒေနဲ့မညီဘူးလို့ဆုံးဖြတ်လိုက်တာကြောင့် အရင် လူထုမကြိုက်တဲ့ဥပဒေကို ပြန်လည်ကျင့်သုံးနိုင်တယ်လိုတွက်ဆကြတဲ့အတွက် လူထုကဆန္ဒပြကြတယ် ။
ရ လပိုင်းမှာ တရားရုံးက ဝန်ထမ်းခေါ်ယူမှုအတွက်သာမန်ပြည်သူထဲမှ ၉၃% ၊ အခွင့်ထူးခံတိုက်ရိုက်ခန့်အပ်သူ ၅% ၊ အခြားလူနည်းစုနှင့်မသန်စွမ်း၂% ခေါ်ယူမည်ဆိုပြီး ပြန်လည်ပြင်ဆင်သတ်မှတ်ပေးခဲ့ပေမယ့် ဆန္ဒပြလူထုကတော့ ဝန်ကြီးချုပ်ဖြုတ်ချရေးကိုပဲ ဆက်လက်ဦးတည်ဆန္ဒပြခဲ့ကြတယ် ။
အခြားစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စများရှိပါသေးတယ် ။
ဝန်ကြီးချုပ် နိုင်ငံခြားကိုထွက်မပြေးခင် ရလပိုင်း ၁၂ ရက်နေ့မှာ တရုတ်ကိုသွားပြီး ၂နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် ချုပ်ဆိုခဲ့တယ် ။ ဒေါ်လာ ၅ဘီလျံတန်တဲ့ ချေးငွေရခဲ့တယ် (ပြီးခဲ့တဲ့ ၈ နှစ် အတွင်းမှာလဲ တရုတ်ရင်းနှီးမြုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၄၀ ဘီလျံ ရင်းနှီးမြုပ်နှံမှုရခဲ့တယ် ။ ကုန်သွယ်မှုအပိုင်းမှာလဲ တရုတ်က ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်တယ် ။ လောလောဆယ် နိုဗယ်ဆုရထားတဲ့ဝန်ကြီးချုပ်က အနောက်နိုင်ငံမှာနေပြီး အခုမှ ပြန်လာသူ၊ သဘာဝပတ်ဝန်းကျင်ကိစ္စမှာ တက်ကြွလှုပ်ရှားသူဖြစ်တဲ့အတွက် ဝန်ကြီးချုပ်ဟောင်းနဲ့ စီးပွားရေး လုပ်ပုံကိုင်ပုံကွဲလွဲမှုတွေ များဖို့ရှိပါတယ် ) ။
ဝန်ကြီးချုပ်ဟောင်း အုပ်ချုပ်တဲ့ကာလအတွင်း ၂၀၁၁ ခုနှစ်မှာ တဦးချင်းဂျီဒီပီ ၈၅၆ ဒေါ်လာကနေ ၂၀၂၀ မှာ ၂၀၆ရ ဒေါ်လာ ၊ ၂၀၂၃မှာ ၂၆၂၈ ဒေါ်လာ အသီးသီး တိုးတက်ခဲ့တယ် ။ စီးပွားရေးကိုင်တွယ်မှုကျွမ်းကျင်တဲ့ ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံတကာက အကောင်းမြင်ခဲ့တယ် ( အဆိုပါ ခုနှစ်မှာ နှိုင်းယှဉ်ကြည့်ဖို့ ကျွန်တော့တိူ့နိုင်ငံရဲ့ ကိန်းဂဏန်းကတော့ ၁၂၀၄ ဒေါ်လာ ၊ ၁၄၇၉ ဒေါ်လာ နဲ့ ၁၁၆၉ ဒေါ်လာ အသီးသီးဖြစ်ပါတယ် ) ။
၂၀၂၃ ၊ ၁၂ လပိုင်းမှာ ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူကလဲ ထူးထူးခြားခြားပြောခဲ့တယ် ၊ ၂၀၂၄ ရွေးကောက်ပွဲရလာဒ်က ပမေရိကန်ရဲ့စိတ်ကြိုက်အဖြေမဟုတ်ခဲ့ရင် အာဏာသိမ်းကိစ္စ (သို့) ပဋိပက္ခအမျိုးမျိုးဖြစ်လာမယ်တဲ့ ။
ထွက်ပြေးတဲ့ဝန်ကြီးချုပ်ဟောင်းအိန္ဒိယဘက်ရောက်ရှိပြီး အင်တာဗျူးတခုမှာပြောခဲ့တာက "လူဖြူတယောက် ကျွန်မကိုကမ်းလှမ်းခဲ့တာရှိတယ် ၊ အကယ်၍ စိန့်မာတင်ကျွန်းမှာ စစ်စခန်းတည်ဆောက်ခွင့်ပေးမယ်ဆိုရင် ရွေးကောက်ပွဲအောင်မြင်ဖို့ သူ အာမခံတယ်"တဲ့ ။
ဒါကြ တော့ဘဂ်လား ဒေခ်ျနိုင်ငံရဲ့အချုပ်အခြာအာဏာကိုငွေပေးဝယ် နေသလိုဘဲ။ဘာ ကြောင့်ဝယ်သလဲ?
အမေရိကန်နိုင်ငံရေးကျွမ်းကျင်သူ Russell Amoskirk ရေးခဲ့တဲ့ စာအုပ် The foundation of the American order မှာ - "ကောင်းမွန်တဲ့နိုင်ငံရဲ့ လက္ခဏာက ကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အမှန်တရား ၊ လွတ်လပ်မှုဖြစ်ပါတယ် ။ ဒီ ၃ ခုထဲမှာ ကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်းက အရေးအကြီးဆုံး ။ ဒါရှိမှ အမှန်တရားဖြစ်မြောက်မယ် ၊ ဒါရှိမှ ကောင်းမွန်တဲ့ဥပဒေထွက်လာမယ် ၊ ဒါမှမဟုတ်ရင် လွတ်လပ်မှုဆိုတာ အကြမ်းဖက်ပါပဲ " ။
ဒီတော့ ဒီငွေ ပေးသိမ်းသွင်းမှုကအယ့်ဒီ၃ချက်ထဲက
ဘယ်အချက်နဲ့ကိုက်ညီလသလဲ။ | 449 |
| 4 | ၂၀၂၂ မှာ ဆီလောကထဲဝင်ဖို့ အသိညီမ တစ်ယောက်က စဖိတ်တယ်
ဆီထည့်ကန်တွေထဲက ဆီဝယ်ရတာပေါ့
မြတ်ရင် ပြန်ရောင်းနဲ့။
နောက်တော့ pprd ဆိုပြီး အစိုးရကဖွဲ့တယ်
အဲကနေ ဆီစျေး သတ်မှတ်တာပေါ့
ရောင်းကြတာက pprd ပေါက်စျေးရဲ့ လက်လီစျေး နဲ့ လက်ကားစျေး ကို လျော့ရောင်းကြတာ
အဲမှာ ရုရှ က ဆီ ဝင်ဖို့ရှိတယ်ဆိုပြီး အဖွဲ့လိုက်ကြီး ရုရှ သွား ဆီ ဝယ်ကြတယ်
ရုရှက ဆီ မရောင်းပဲ ရေနံ့ရောင်းပေးတယိ
ကိုယ့်ဖာသာ ပြန်ချက်ပေါ့
ကိုယ့်ဆီ မှာ က ချက်စရာ မရှိ
အဲတာနဲ ့ အစိုးရ ဆီ ပြသနာ ရှင်းဖို့ ရုရှ ချက်ပြီးသားဆီ ကို ဝယ်မယ်ဆိုတော့ ရောင်းတဲ့ သဘောင်္ က ကြီးနေတော့ ဒီဘက်က ဖြုန်းအားက မနိူင်ဘူးဖြစ်ရော
နောက်တော့ ထိုင်း ဆီကန်တွေ က နေလိုသလောက်ရမယ်
စာချုပ်ချုပ် လက်မှတ်ထိုး ငွေပေါင် တင်ဆိုပြီး လာ အရောင်းတင်ကြတယ်။
သီလဝါ ဆိပ်ကမ်း အရောက် တစ်လီတာကို ၆၈၅ကျပ်ပဲ ကျမယ်။
တစ်လီတာ ကို ပေးပြီး ကမ်းပြီး ၈၅၀ ကျပ်အကြော်နဲ့ သွင်းပေးမယ်ဆိုပြီး စဝင်လာကြတယ်။
ထိုထဲမှာ တစ်လီတာကို ဘယ်နှဒေါ်လာဆိုပြီး %ပေးပြီး အစိုးရကို ချိတ်ခိုင်းတော့ ကြားပွဲစားတွေက ချိတ်ကြပြီး
ရုရှဆီရရှိရေးဆိုပြီး ဖြစ်သွားတယ်
အစိုးရက G to G ရဖို့ကြိုးစားနေချိန်မှာ
B to B နဲ့ချိတ်လာကြတယ်
အစိုးရက ရုရှ ဆီလုပ်ငန်းရှင်တွေထိ ချိတ်တာပဲ ကြားထဲက မဖော်ဆောင်နိူင်ကြတာလို့ ပြောရမလား
စလုံးက ဆိပ်ကမ်းကို ကျော်ခွပြီး လုပ်ကြမယ့်သဘောပေါ့
ထားပါ အဲတာ နဲ့ အစိုးရ ပါ ဆီ အလိမ်ခံထိတယ်။ ကြားထဲက မိတ်ဆတ်ပေးတဲ့ % စား တွေက နိူင်ငံတော် အလိမ်ခံထိတော့ ငြိမ်နေကြလေရဲ့။
ခုတော့ ဘယ်သူက မြှောက်ပေးထားလည်း မသိတဲ့ ဆီစျေး ထိန်းချုပ်စနစ် ကို ပြင်မှရမယ်။
ကြိုက်ရောင်း ကြိုက်ဝယ်။ ဆီစျေး ဖွင့်ချလိုက် ။ နေ့ခြင်းညခြင်း ရောက်လာမယ့် ဆီတွေ ရှိတယ်။
ခုလည်း အပြင်မှာ အစိုးရ PPRD ပေါက်စျေး + 2000ထိ ရှိနေကြတာပဲ။
တကယ်လိုရင် ဝယ်ကြလိမ့်မယ်။
ထို့အပြင် ကားစျေးပါထိုးကျလာလိမ့်မယ် ။ ဘာလို့ဆို ဆီစျေးနိူင်မှ ကားစီးမှာ ။ ခုတော့ ဆီစျေး ထိန်းထားတော့ အားလုံးက တရားခံသည် အစိုးရ ဆိုပြီး လက်ညိုးထိုးလာကြတယ်။
ဆီစျေးကို ဖွင့်ချလိုက်မှ ဒေါ်လာကိုင်ထားသူတွေလည်း လုပ်ငန်းလုပ်ကြမှာလေ ။ ကားစုတ်ကြီးတွေကိုင်ပြီး စျေးကစားနေကြသူတွေလည်း အတန်အသင့်လျော့လိမ့်မယ်။
အစိုးရ က ဆီစျေး ထိန်းလေ ဒေါ်လာရှားလေ ဆီ မဝင်လေ အစိုးရ ကို ခေါင်းစားလေ ဖြစ်မှာ။
အဲတော့ ကား ဆိုင်ကယ် ဝယ် စီး ချင်လား ဆီဖိုးနိူင်မှ စီး ။
မနိူင်ရင် လိုင်းကားတိုးစီးပဲ။
နိူင်ငံတကာမှာလည်း အဲလိုပဲ။
အဲတော့ ဆီမှာ အခွန်တိုးကောက်လိုက်။
ကားမော်ဒယ်နိမ့်တွေလည်း ဖျက်သိမ်းခိုင်းလိုက်။
ကားစျေး လည်း ကျလာနိူင်သလို
ဆီ ပြသနာလည်း ရှင်းနိူင်လိမ့်မယ် ထင်တယ်။
မင်း ကြီးသွားတဲ့ လမ်း ဖြောင့် နေအောင် လုပ်ထားပေးတယ်ဆိုပြီး တစ်ပတ်လည် အကွက်တွေ ရိုက်ခံနေရတာကြည့်ပြီး
လာဗျာ ပြောပြမယ်ဆိုပြီး
မပြောရဲတဲ့သူတွေက အပုံကြီး
ဘေးနားက မြှောက်ထိုးတွေကို ကြောက်နေရတာ
ဆီပြသနာ ကို ခါးကော့အောင် ခံနေကြရတာ
ပြည်သူ တင်မဟုတ် အစိုးရနာမည် ယူထားသူတွေ
ထိုထဲ % စားတဲ့သူနဲ့
ငါ့ဆီကားလေးသုံးပေးနဲ့ က
အနေချောင် နေကြရော
မောင်လူအေး | 1 689 |
| 5 | ကိုးကန့်တပ်ဖွဲ့၏ အခြေခံလစာနှုန်းထားများ တရားဝင်ကြေညာ
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့တော်လားရှိုးနှင့် တိုင်းစစ်ဌာနချုပ် ကိုသိမ်းပိုက်ရရှိပြီးနောက်တွင် အုပ်ချုပ်ရေးလုပ်ငန်းများစတင်နေပြီဖြစ်ရာ တပ်ဖွဲ့၏ အခြေခံလစာနှုန်းထားများကို စတင်ကြေညာလိုက်သည်။
အကြမ်းဖက် ကိုးကန့်တပ်ဖွဲ့တွင်
၁။ မြို့စောင့် ရဲ (အနိမ့်ဆုံး ယွမ်၈၀၀ စားရိတ်ငြိမ်း )
၂။ တပ်သား( ယွမ်က ၈၀၀ ++ စားရိတ်ငြိမ်း)
၃။ လားရှိုးဆေးရုံနှင့် ဆေးပေးခန်းများ တွင် တာဝန်ထမ်းဆောင်ရန် CDM
ကျန်းမာရေး ဝန်ထမ်း
(ယွမ် ၉၀၀++ စားရိတ်ငြိမ်း )
မှတ်ချက် CDM များ အင်တာဗျူးဖြေစရာမလိုဘဲ အလုပ် တန်းဝင် လို့ရ
အမည်စာရင်း များကို လားရှိုး USDP ရုံး ၊ မန်ဆူ ဘုန်းကြီးကျောင်းဝင်းထဲရှိ ယာယီစီမံခန့်ခွဲရေးရုံး နှင့် ယခင် မြို့နယ်ထွေအုပ်ရုံးများတွင် စာရင်းပေးသွင်းနိုင်ပြီဟု ကြေညာသည်။
တရုတ်ကျူးကျော်စစ် စစ်စစ်ဖြစ်ကြောင်း လစာငွေကြေးများဖြင့်ပင် သတ်မှတ်နိုင်ပြီဖြစ်သည်။
စစ်မင်းကြီး
https://t.me/sitmingyi/7087 | 608 |
| 6 | တပ်ချုပ် ရဲ့စစ်ဖက်လက်ထောက်ဖြစ်တဲ့ ဗိုလ်ချုပ်မိုးမြင့်ဆွေ ( အလုပ်သင် -၂၄ ကျောင်းဆင်း ) က ဘယ်လောက်ပိုင်လဲဆိုရင်
သူစစ်ဖက်လက်ထောက်ဖြစ်တဲ့အချိန်ကစလို့စစ်တပ်ရဲ့တပ်မမှူးတိုင်းမှူးတွေထဲမှာ အလုပ်သင်ကျောင်းဆင်းတွေ များလာတာကိုကြည့်ရင်သိသာပါတယ်။
အခုဆိုရင် စစ်တိုင်းမှူးထဲမှာ အလုပ်သင်နဲ့DSA ပဲရှိတော့တယ်။ဘွဲ့ရပြီးမှ ဗိုလ်သင်တန်းတက် စစ်ဗိုလ်ဖြစ်တဲ့သူတွေ တိုင်းမှူးထဲမှာမတွေ့ရတော့ဘူး။
ဦးသန်းရွှေတုန်းကလဲ သူရဲ့စစ်ဖက်လက်ထောက်က လဲ အလုပ်သင်ကပဲ ။ဒါပေမဲ့ ဦးသန်းရွှေလက်ထက်မှာ အလုပ်သင်ထဲက တိုင်းမှူးတပ်မမှူးဖြစ်တဲ့သူမရှိဘူး။ | 563 |
| 7 | တပ်မတော်မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့🍉စိတ်ရှိနေတဲ့ညီမောင်တွေကိုတခုတော့သတိပေးပြောကြားချင်တယ် တို့မြန်မာ့တပ်မတော်ကြီးကိုစတင်ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကစပြီး ဗိုလ်ချုပ်ကြီးနေဝင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ရှိဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထိ တပ်မတော်ဟာတို့တာဝန်အရေးသုံးပါးကိုဦးထိပ်ရွက်ပန်ဆင်ပြီး အမျိုးဘာသာသာသနာနဲ့တို့ရဲ့တိုင်းပြည်ကိုကာကွယ်ဖို့အတွက်ဖွဲ့စည်းထားတာဖြစ်တယ် တို့တိုသ်းပြည်ကိုတိုင်းတပါးသားနယ်ချဲ့တွေကအမြဲတန်းကျုးကျော်တိုက်ခိုက်အပိုသ်စီးချင်နေကြတာကိုငါ့ညီတို့အထူးသတ်ိချပ်သင့်တယ် ငါ့ညီတို့ရှေ့ကအသီးသီးတာဝန်ထမ်းဆောင်သွားကြတဲ့ ဗိုလ်ချုပ်ကြီးမောင်အေးတို့ ဗိုလ်ချုပ်ထွန်းကြည် ဗိုလ်ချုပ်ကျော်ဘ ဗိုလ်ချုပ်ချစ်ဆွေတို့ဗိုလ်ချုပ်ကျော်မင်း ဗိုလ်ချုပ်မောင်ဘို ဗိုလ်ချုပ်ကျော်ဝင်း ဗိုလ်ချုပ်ကက်စိန် ဗိုလ်ချုပ်အေးသောင် ဗိုလ်ချုပ်ခင်မောင်သန်း ဗိုလ်ချုပ်စိုးဝင်း ဗိုလ်ချုပ်စိုးနိူင် ဗိုလ်ချုပ်အောင်မင်း ဗိုလ်ချုပ်သိုးထိန်း ဗိုလ်ချုပ်ကျော်ဆွေ ဗိုလ်ချုပ်မြင့်စိုး ဗိုလ်ချုပ်သောင်းအေး ဗိုလ်ချုပ်အောင်စိုးတို့အစရှိတဲ့ ပုဂ္ဂိုလ်ကြီးများတိုင်းပြည်ကိုအမြဲတန်းကာကွယ်တိုက်ပွဲတွေမြောက်များစွာတိုက် ယ္ခုလက်ရှိ ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ ဗိုလ်ချုပ်ရာပြည့်တို့ ဗိုလ်ချုပ်အောင်လင်းဒွေးတို့ ဗိုလ်ချုပ်ရဲဝင်းဦးတို့ဗိုလ်ချုပ်လင်းအောင်တို့ဗိုလ်ချုပ်မျိုးသန့်နိူင်တို့ဗိုလ်ချုပ်စိုးမင်းဦးတို့ ဗိုလ်ချုပ်ကိုကိုဦးတို့တွေ တိုက်ပွဲတွေအလီလီတိုက်ခဲ့ကြတယ် ဒီလူတွေရဲ့တိုင်းပြည်အပေါ်ထားခဲ့တဲ့စိတ်တပ်မတော်အပေါ်ခောတ်အဆက်ဆက်တာဝန်ကျေခဲ့ကြတယ် ငါ့ညီတို့လဲရှက်တတ်ရင် တိုင်းပြည်အပေါ်တကယ်ချစ်ရင် တပ်မတော်ရဲ့သစ္စာလေးချက်ကိုဗိုလ်သင်တန်းကျောင်းကိုစရောက်ကတည်းကဦးထိပ်ရွက်ပန်ဆင်ပြီးရွတ်ဖတ်ခဲ့တာတွေက်ိုအမှတ်ယပြီး စိတ်ဓါတ်တွေပြင်ပါ တိုင်းပြည်ကိုချစ်ကြပါလို့တိုက်တွန်းပါရစေ***
တပ်မတော်သားတွေကိုချစ်တဲ့ အောင်စေ | 615 |
| 8 | စစ်ရေးဗျူဟာတွေကို တိတိပပကိုနားမလည်ပဲ
စဆရက လုပ်တဲ့ သတင်းငနဲ ကိုပဲ ညှိကွပ်
ပေးလိုက်ရင်မကောင်းဘူးလားလို့
အတွေးရောက်မိတယ်
တစ်ဆက်တည်းပဲ စစ်ပွဲကြီးတွေမှာ
လုပ်ဆောင်လေ့ရှိတဲ့ principle တွေကို
လေ့လာသိရှိထားသလောက်မျှ sharing
လုပ်ချင်လာပါတယ် ။
ဘယ်စစ်ပွဲကြီးတွေမှာမဆို
အထူးသဖြင့် ကျူးကျော်စစ်တွေကို
ရင်ဆိုင်ရတဲ့စစ်ပွဲတွေမှာ
ခံခွာချီတိုက် ဆိုတဲ့ စစ်ကဏ္ဍကြီးတွေကို
သူ့ Sequence တွေအတိုင်းလိုက်နာ
လုပ်ဆောင်ကြတာကိုတွေ့ရလိမ့်မယ်
ပထမဦးဆုံး ကဏ္ဍက ခံစစ်ပဲ
ခံစစ်ဆိုတာ ရန်သူ့ အင်အားကို
အတတ်နိုင်ဆုံး ချိနဲ့အောင်လုပ်ရတာ
ဒါကြောင့် အကောင်းဆုံးခံစစ်သည်
အထိရောက်ဆုံး တိုက်စစ်ဖြစ်တယ်လို့
သတ်မှတ်ကြတယ်၊ ခံစစ်ဆင်ကြရာမှာလည်း
လုပ်ဆောင်ရမည့် ဥပဒေသတွေရှိပါတယ်
အသေးစိပ်တော့မပြောတော့ပါဘူး
အဲ့ဒီဥပဒေသတွေအတိုင်း တိတိကျကျလုပ်နိုင်ရင်
ခံစစ်ကောင်းမှာဖြစ်ပြီး ရန်သူအင်အားကို
ကောင်းကောင်း ချိနဲ့အောင်လုပ်နိုင်မှာဖြစ်ပြီး
သတ်မှတ်ချက်တွေကို တိတိကျကျ မလုပ်ထားရင်တော့
ခံစစ်က အားနည်းပြီး ကိုယ်ကရန်သူကိုမချေမှုန်းခင်
ရန်သူရဲ့ ချေမှုန်းခြင်းကို လွယ်လွယ်လေးခံသွားရနိုင်တယ် ။
ရန်သူကို ကောင်းကောင်းခံစစ်ဆင်ပြီးရင်
ဒုတိယစစ်ကဏ္ဍဖြစ်တဲ့ ခွာစစ်ကို လုပ်ကြတာပါ
စစ်ကဏ္ဍကြီး ၄ ရပ်ထဲမှာ ခွာစစ်က အခက်အခဲဆုံးနဲ့
အရေးကြီးဆုံးလို့ သတ်မှတ်ကြပါတယ်
ခွာစစ်ဆင်တယ်ဆိုတာ ထွက်ပြေးတာမဟုတ်ပါဘူး
အရေးကြီးတဲ့ စစ်ကဏ္ဍကြီးတစ်ခုကို လုပ်ဆောင်တာပါ
သူ့မှာလည်း လိုက်နာရမည့် ဥပဒေသတွေရှိပါတယ်
ခွါစစ်ဆင်ရာမှာ ရန်သူကို တစ်ဘက်က ရင်ဆိုင်ထိန်းထားယင်း
ရန်သူမသိအောင် အဆင့်ဆင့်ဆုတ်ခွါရသလို
မိမိတပ်ဖွဲ့ဝင်အားလုံး (ဒဏ်ရာရတွေပါအပါ)
အရေးကြီးစာရွက်စာတမ်း လက်နက်ခဲယမ်း အပါအဝင်ကို
ရည်မှန်းချက်နေရာရောက်အောင် ဆုတ်ခွါရတာဖြစ်ပါတယ်
မသယ်နိုင်တာတွေရှိ ငါလည်း ရန်သူ့လက်ထဲမရောက်ဖို့
ဖျက်ဆီးခဲ့ရပါသေးတယ်။
ခွါစစ်ပြီးလျင် ချီစစ်အတွက်ပြန်လည်စုဖွဲ့ပြင်ဆင်ရပါတယ်
လူအင်အား လက်နက်အင်အား ထောက်ပံ့ပို့ဆောင်မှု
အကုန်ပြည့်စုံအောင်စီစဥ်ရပါတယ် အချိန်ယူပြင်ဆင်ရတာပါ
ပြီးမှ (ယ)ရက် သတ်မှတ်ပြီး စစ်ကြောင်းကြီးတွေချီကာ
တိုက်စစ်ကို ဟန်ချက်ညီညီ ထိုးစစ်ဆင်တိုက်ခိုက်ကြတာပါ ။
ဒီစစ်ကဏ္ဍကြီးတွေနဲ့ စစ်ဆင်တိုက်ခိုက်တာကို
အနီးစပ်ဆုံး မြင်သာအောင် ဥပမာပေးရရင်
ဒုတိယကမ္ဘာစစ်ပါပဲ ၊ စစ်ပွဲ အစပိုင်းမှာ
ဂျာမန်တွေရဲ့ တိုက်စစ်က မဟာမိတ်တွေ
အလူးအလဲခံရတယ် တတ်နိုင်သလောက်ခံစစ်ဆင်ပြီး
ခွါစစ်ဆင်ခဲ့ရတယ်၊ ပြင်သစ် ပိုလန် သြစတြီးယား
အီတလီ ဂရိ အစရှိတဲ့ ဥရောပနိုင်ငံ အားလုံးနီးပါး
ဂျာမဏီလက်ထဲရောက်သွားတယ်
ဂျာမဏီလက်အောက်မရောက်တာဆိုလို့
အရှေ့ဥရောပမှာ ရှပ်ရားနဲ့ အနောက်ဘက်မှာ
အင်္ဂလန် ပဲရှိတော့တယ် မဟာမိတ်တပ်တွေဟာ
အင်္ဂလန်ကိုခွါစစ်ဆင် ပြန်လည်စုဖွဲ့ပြီး ဂျာမန်တွေကို
အီတလီ ကမ်းခြေဘက်ကနေ ချီစစ်တိုက်စစ်နဲ့ ပြန်တိုက်မယ်လို့
ထင်ရအောင် လှည်စားမှုတွေလုပ်ပြီး D-day မှာတော့
ပြင်သစ် နော်မန်ဒီ ကမ်းခြေကနေ ချီစစ်တိုက်စစ်နဲ့
ဟန်ချက်ညီညီ ထိုးစစ်ဆင်တိုက်ခိုက်တာ
ဂျာမဏီ အကြီးအကျယ်စစ်ရှုံးသွားရတာပါ။
ခေတ်တွေတိုးတက်လာလို့ အသုံးပြုလက်နက်တွေ
တိုးတက် ပြောင်းလဲလာပေမဲ့ စစ်ပွဲကြီးတွေရဲ့
အခြေခံ principle ကတော့ မပြောင်းလဲသေးပါဘူး ။
ကျွန်တော်တို့နိုင်ငံဟာ ယနေ့အချိန်မှာ
ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေရဲ့
ငွေဝယ်ကျွန်တွေကတစ်ဆင့်
တစ်ပိုင်းတစ်စ ကျူးကျော်စစ်
(semi invasion war)ကို
ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်နေပါတယ်
တစ်မြို့မြို့ပြီးတစ်မြို့ ဆုံးရှုံးနေရတဲ့အချိန်ပါ
ဒါကို တစ်ဘက်ကလည်း တပ်မတော်က ရှုံးနေပြီလို့
ဝါဒဖြန့်နေတာကို ပြည်သူအများစုကလည်း ယုံကြည်ပြီး
စိုးရိမ်မှုတွေမြင့်တက်နေကာ တပ်မတော်အပေါ် အားမလို
အားမရမှု တွေဖြစ်နေကြရတာပါ ၊
တပ်မတော်ခေါင်းဆောင်တွေဟာ သူတို့အလုပ် သူတို့
လုပ်နေကြတာလို့ မြင်ကြဖို့လိုပါတယ် ၊
အစိုးရိမ် မလွန်ကဲကြဖို့လဲလိုပါတယ်။
တပ်တော်က အဓိက လိုနေတာက လက်နက်တွေ
စစ်နည်းဗျူဟာမဟုတ်ဘူး၊
ပြည်သူလူထု တစ်ရပ်လုံးရဲ့ အားပေးကူညီမှုပဲ
ကျွန်တော်တို့ နိုင်ငံဟာ တစ်ဦးတစ်ယောက်ရဲ့
ပရောဂကြောင့် ဝါးအစည်းပြေသလို စုစည်းကျစ်လစ်မှု
ပြိုကွဲခဲ့ရတာ၊ ဒါကို အခွင့်ကောင်းစောင့်နေတဲ့
မိစ္ဆာနိုင်ငံတွေက တိုင်းပြည်ကို တစ်စစီဖဲ့ထုတ်ဖို့
လုပ်လာကြတာ၊ တိုင်းပြည် စည်းလုံးမှုရှိတုံးက
မျက်စတောင် မပြစ်ရဲတဲ့ အကောင်တွေက
စည်းလုံးမှု ပြိုကွဲတဲ့ အချိန်မှာ မုဒိမ်းကျင့်ဖို့ လုပ်လာကြတာ ၊
ဒါတောင် Semi invasion war ပဲရှိသေးတယ်
Total invadion war ဆိုရင်တော့ စဥ်းစားကြည့်ကြပေါ့ ။
ဒါကြောင့် ကျွန်တော်တို့နိုင်ငံသားတွေဟာ ပြသနာရဲ့
အရင်းခံကို သေသေခြာခြာ နားလည်သိမြင်တတ်ကြဖို့
လိုအပ်သလို ပြည်ထောင်စု မပြိုကွဲရေးအတွက်
အားလုံး စည်းစည်းလုံးလုံးနဲ့ ကာကွယ်သွားဖို့လိုအပ်နေပါပြီ။
စည်းလုံးခြင်းသည်အင်အားပါ
မိမိနိုင်ငံကို ကာကွယ်ခြင်းသည်
တရားဥပဒေနှင့်ညီပါသည်
တရားသောစစ် ဘယ်တော့မှ မရှုံးပါဘူး ။
03 Aug 2024
1300 | 794 |
| 9 | No text... | 556 |
| 10 | .
☯️
နည်းချင်ရာနည်း
ဉာဏ်တော့မနည်းကြပါစေနဲ့
တချိန်တုန်းက
Agree to disagree ခေတ်စားခဲ့ဘူးတယ်
ဒါပေမဲ့ Disagree to agree ဘယ်အခါမှာဖြစ်ရမလဲဆိုတာ အော်နေတဲ့သူကိုယ်တိုင်မသိခဲ့ကြဘူး၊
ရှိသေးတယ်
Freedom from fear တဲ့
ဒီနေ့ Fear of freedom ဖြစ်နေကြတာ မြင်ကြရဲ့လား⁉️
ဟိုတရက်က
Geopolitics နဲ့ပါတ်သက်ပြီး Heartland ,Rimland စတာတွေပြောနေတာ တွေ့တာနဲ့....
Starlink ခေတ်မှာ အဲ့ဒါတွေမရှိတာကြာပြီနော်... လို့ သတိပေးလိုက်ရသေးတယ်၊
ရှေးရိုးစွဲ လက်ရင်းကျမ်းတွေ၊ သဘောတရားတွေက သမိုင်းစာအုပ်ထဲမှာ ကျန်ရစ်တာ နှစ် (၃-၄၀) ဆယ်လောက်ရှိသွားပြီ၊
" အော်.... လူ့သမိုင်းမှာ ဒါတွေရှိခဲ့ဘူးပါလား"..
ဆိုတာလောက်ပဲ သတိရဖို့သာပါ၊
မတူတဲ့ခေတ်
မတူတော့တဲ့အခြေအနေမှာ
အဟောင်းတွေကို ဖက်တွယ်ထားရင်
ရလဒ်က အနှုတ်ကလွဲပြီး ဘာမှထွက်လာမှာမဟုတ်ဘူး၊
လက်ရင်းကျမ်းတွေ၊ ရေးရိုးစွဲ အယူအဆတွေကို ကမ္ဘာကြီးမလိုက်နာတော့တာကြာပြီနော်၊ Huntington တောင် ခဏခဏ ပြင်ရေးနေရတာကို သတိထားကြပါ၊
အရေးကြီးတာက
ယူကရိမ်းစစ် ဘယ်လိုအဆုံးသတ်မလဲ❗
အစ္စရေး- အီရန်စစ်ဘယ်လိုဖြစ်လာမလဲ❗
အဲ့ဒီက ဘာတွေကို မွေးထုတ်လာမလဲ❗
ဒါမျိုးတွေကို ကြိုတင်ပြောနိုင်ဖို့လိုတယ်
ဒါမှလက်တွေ့ပညာလို့ခေါ်တယ်၊
ဒီအတိုင်းပဲ
1027 ကိုဘယ်လိုဆက်ပြီး ကိုင်တွယ်ကြမလဲ❗
ဘယ်လို Exit လုပ်ကြမလဲကသာ အရေးပါတဲ့ စဉ်းစားချက်မျိုးပါ၊
လူနာရဲ့ရောဂါလက္ခဏာတွေကို ရွတ်ပြနေရမဲ့ အချိန်မျိုးမဟုတ်သလို၊ ရောဂါဖြစ်ရခြင်းအကြောင်းကိုလဲ မချင့်တင်ကဲ ပြောနေရမဲ့အချိန်လဲမဟုတ်တော့ဘူး၊
ဘယ်လို ကုထုံးမျိုးနဲ့ ကုရမလဲဆိုတဲ့ အဖြေထုတ်ချိန်မျိုး ဖြစ်ပါတယ်၊
ဒေါက်တာနေဇင်လတ် | 741 |
| 11 | မြန်မာပြည်ငြိမ်းချမ်းစေလိုသူများ
ဇူလိုင်လ၂၇ရက် နိုင်ငံရေးပါတီ လေးပါတီ တရုပ်နိုင်ငံကပြန်လာပြီးနောက် မြောက်သုံးဖွဲ့ ကို ကူညီထောက်ပံ့မှုလုံးဝမလုပ်ဘူး လို့တရုပ်အစိုးရ တာဝန်ရှိသူတွေက ပြောကြားလိုက်ကြောင်း အသံတွေ ထွက်ပေါ် လာပါတယ်။
ဇူလိုင်၂၉ ရက် နေ့စွဲနဲ့ UWSP က ၂၀၂၁ခုနှစ်မြန်မာနိုင်ငံမတည်မငြိမ်ဖြစ်ပွားချိန်ကစပြီးမည်သည့်အဖွဲ့အစည်း၏စစ်ရေးပဋိပက္ခတွင် မှပါဝင်ပတ်သက်မှု မပြုလုပ်ခြင်းနှင့်စစ်မီးမမွှေးခြင်းဆိုသည့် ဘက်မလိုက်မူဝါဒ ကိုဆုံးဖြတ်အတည်ပြုထားကြောင်း၊ဤရပ်တည်ချက်သည် အချိန်ကာလနှင့် အခြေအနေအမျိုးမျိုးကြောင့်ပြောင်းလဲသွားမည်မဟုတ်ကြောင်း၊တွေ့ဆုံဆွေးနွေးရေးအပါအဝင်ငြိမ်းချမ်းတဲ့နည်းလမ်းမျိုးနဲ့ဖြေရှင်းကြဖို့ တိုက်တွန်းကြောင်း၊ဝပြည်နယ်အနေဖြင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးအတွက် မိမိ၏အင်အားဖြင့် ဆက်လက်ကြိုးပမ်းစွမ်းဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီအချက်အလက်တွေကို ခြုံကြည့်ရင် တရုပ်က မြောက်သုံးဖွဲ့ကို ဘာမှ မကူညီမထောက်ပံ့ဘူး၊ ဝ က လည်း ဘက်မလိုက်မူအရဘယ်ဘက်မှမပါဘဲ မြောက်သုံးဖွဲ့ကို မကူညီဘူးဆိုတဲ့အဓိပ္ပါယ်ရောက်နေပြီး (ကူညီနိုင်တာလည်း တရုပ်နဲ့ ဝ ပဲရှိတဲ့အတွက် )MNDAAဦးဆောင်တဲ့ မြောက်သုံးဖွဲ့ဟာ ဘယ်သူ့ဆီကမှ အကူအညီမရဘဲ စစ်တိုက်နေတဲ့ လူစွမ်းကောင်းစူပါမင်းတွေလိုဖြစ်နေပါတယ်။
မေးစရာရှိလာတာက တရုပ်ကိုယ်စားလှယ်
တိန့်ရှီကျွမ်းမြန်မာပြည်မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးနောက် မြောက်သုံးဖွဲ့ခေါင်းဆောင် တွေနဲ့တွေ့ဆုံပြီး၁၀၂၇ စစ်ဆင်ရေးစတင်ပေါ် ပေါက်လာတာ ဘာကြောင့်ပါလဲ။မြန်မာပြည်တည်ငြိမ်အေးချမ်းရေးအတွက် စစ်မီးမမွှေးကြဖို့ တားဆီးခဲ့တာလား၊စစ်မီးမွှေးဖို့မီးစိမ်းပြလိုက်တာလား ဆိုတာပါပဲ။(၁၀၂၇မစမီ
မြောက်သုံးဖွဲ့နဲ့ တိန့်ရှီကျွမ်းတွေ့ခဲ့ကြောင်း၊ကျားဖြန့်နှိမ်နင်းရေးအတွက်မြောက်သုံးဖွဲ့က ကူညီဖို့ ဆွေးနွေးခဲ့ကြောင်းTNLA တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်)
တစ်ခါ ဘယ်ဘက်ကမှ မပါဘူးဆိုတဲ့ ဝ ကလည်း ၁၀၂၇စစ်ဆင်ရေး ချင်းရွှေဟော်ကိုစတိုက်ဖို့ ဝနယ် နမ့်တစ် ကနေ MNDAA တပ်တွေဝင်ရောက်ဖြတ်သန်းခွင့်ပြုပေးလိုက်တာဟာ ဘယ်ဘက်မှမပါဘဲ နေတာလား၊မြန်မာပြည်ကြီးငြိမ်းချမ်းသာယာစေချင်လို့လား၊စစ်မီးတောက်စေချင်လို့လား မေးရမှာ ဖြစ်ပါတယ်။
မြောက်သုံးဖွဲ့ခေါင်းဆောင် MNDAAက သူ့အပေါ်ဘာမှမကူညီ မထောက်ပံ့တဲ့ တရုပ်ကို တရုပ်ကွန်မြူနစ်ပါတီဗဟိုကော်မီတီ အစည်းအဝေးကိုဂုဏ်ပြုသောအားဖြင့်ယာယီအပစ်ရပ်ကြောင်း၊တရုပ်နိုင်ငံ၏ တောင်းဆိုချက်ကိုတက်ကြွစွာနာခံသောအားဖြင့်ယာယီအပစ်ရပ်ကြောင်းကြေညာချက်တွေ၊တရုပ်အကျိုးစီးပွားတွေကာကွယ်ကြဆိုတဲ့စာတွေ ဘာကြောင့်ထုတ်ပြန်နေတာပါလဲ။ ဘာအကူအညီမှ မပေးတဲ့ ဝ ကို MNDAAသိမ်းပိုက်ရရှိတဲ့ ဟိုပန် ပန်လုံနှစ်မြို့ လက်ဆောင်ပေးလိုက်တာလဲ။
ရှမ်းမြောက်စစ်မီးအစဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေး မစမီ မြောက်သုံးဖွဲခေါင်း ဆောင်တွေကို တွေ့ဆုံပြီးဘာတွေ မိန့်ခွန်းချွေခဲ့ကြောင်း မပြောတဲ့ တရုပ်နိုင်ငံက မြန်မာပြည် ငြိမ်းချမ်းရေးရတာအမြင်ချင်ဆုံးဟာတရုပ်နိုင်ငံဖြစ်တယ်လို့ပြောနေသလို၊စစ်မီးစမွှေးဖို့ ဝနယ် နမ့်တစ်က ဝင်ရောက်တိုက်ခိုက်ခွင့်ပြုခဲ့တဲ့ UWSAကလည်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသွားမယ် ဆိုတော့
ငြိမ်းချမ်းရေးနိုဗယ်ဆု ပူးတွဲ ပေးရမလို တောင် ဖြစ်နေပါ
တော့တယ်။ | 549 |
| 12 | သင်ခန်းစာယူစရာများ
လက်ရှိတိုင်းပြည်ရဲ့အခြေအနေဟာ ၁၉၄၉ပြည်တွင်းစစ်ကာလပြီးရင် ဒုတိယမြောက်အဆိုးဆုံးအခြေအနေရောက်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
၁၉၄၉ပြည်တွင်းစစ်ကာလအလွန် မှာ ဒီကနေ့ ကာလလောက်မြို့ရွာပေါင်းများစွာ သူပုန်လက်အောက်ကျရောက်ခဲ့တာမရှိခဲ့ဖူးသေးတဲ့အတွက်လည်း ဒီလိုသုံးသပ်ကြတာ မှားတယ်လို့တော့ပြောလို့မရတဲ့အခြေအနေဖြစ်နေပါတယ်။
အထူးသဖြင့် ရှမ်းမြောက်ဒေသ ၂၀၂၃ အောက်တို ဘာကစခဲ့တဲ့တိုက်ပွဲတွေ မှာမယုံနိုင်စရာကောင်းလောက်အောင် တစ်မြို့ပြီးတစ်မြို့ ဆက်တိုက် ကျသွားခဲ့ရပါတယ်။ဟိုင်ဂင်သဘောတူညီချက်အရ အပစ်ရပ်ခဲ့တာငါးလခြောက်လောက်အကြာမှာ ၁၀၂၇ဒုတိယပိုင်းဆိုပြီး မိုးကုတ် ၊မိုးမိတ်၊မတ္တရာ၊နောင်ချို၊ကျောက်မဲနဲ့လားရှိုးမြိူ့တွေပါ အတိုက်ခံလာရပြန်ပါတယ်။
ရခိုင်မှာလည်းမြောက်ပိုင်းတင်မကတောင်ပိုင်းအထိ ပါ စစ်မီးကူးစက်လာတယ်။ပထမအကျော့မှာပါသွားတဲ့မြို့တွေ ပြန်သိမ်းပိုက်ဖို့ အရိပ်အယောင်မတွေ့ရသေးဘဲ ဒုတိယအကျော့မှာ အတိုက်ခံနေရတဲ့မြို့တွေပါမသွားရေးအပြင်း အထန်ခုခံနေရတဲ့အနေအထား ဖြစ်လို့ ၁၉၄၉ကာလလို အဆိုးဝါးဆုံးဖြစ်သွားမှာကိုစိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာ ပါပဲ။
အဆိုးဝါးဆုံး ပြည်တွင်းစစ်၁၉၄၉ကာလမျိုးဆီပြန်မရောက်ရေး အစိုးရနဲ့တပ်မတော်မှာ အဓိကတာဝန်ရှိသလို သောင်းကျန်းသူတွေကိုချေမှုန်းပြီး လက်ရှိစစ်မီးကိုအမြန်ဆုံးငြှိမ်းသတ်ရေးဟာ အေးချမ်းစွာနေလိုတဲ့ပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန္ဒအမှန်လည်း ဖြစ်ပါတယ်။
၁၉၄၉ ပြည်တွင်း စစ်မီးကြီး ဘာကြောင့်ဖြစ်ပွားခဲ့ရတယ်၊ဘယ်လို ပြန်လည် ငြှိမ်းသတ်ခဲ့ရတယ်ဆိုတဲ့ သင်ခန်းစာယူစရာ နမူနာယူစရာတွေကိုယူပြီး အခု စစ်မီးငြှိမ်းသတ်ရေးမှာ အသုံးချကြဖို့သင့်ပါတယ်။
သောင်းလွင်ဟိန်း
မဟာဗျူဟာလေ့လာရေး | 740 |
| 13 | Ko Myo ၆၊ ရှမ်းမြောက်ပိုင်းနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ထောက်ခံသူတွေက တရုတ်အပေါ် ဘာမျှော်လင့်ချက်ထားရှိခဲ့သလဲ။
သူတို့ရဲ့မျှော်လင့်ချက်က မြောက်ပိုင်းသုံးဖွဲ့ကို တရုတ်ထိန်းပေးနိုင်မယ်လို့ သူတို့မျှော်လင့်တယ်၊ ယုံလည်းယုံကြည်တယ်။ သူတို့မျှော်လင့်သလို မဖြစ်တဲ့အခါ နာလည်းနာ၊ရှက်လည်းရှက်ပြီး အရူးလိုတရုတ်ကိုလျှောက်ကိုက်လာတယ်။ အစိမ်းတချို့က အရင်တုန်းက ပညာရှိယဉ်ကျေးသူဟန်ဆောင်တယ်။ ၁၀၂၇ ဖြစ်ပြီး ယဉ်ကျေးဟန်လုံးဝမဆောင်တော့ဘူး။ အရိုင်းဆုံးပုံစံပေါ်လာတယ်။ ဘာကြောင့်လဲ။ မခံနိုင်လောက်အောင်ရှက်တာနာတာပါ။
၇၊ တရုတ်က ရှမ်းမြောက်ပိုင်းကိစ္စမှာ ပါဝင်ခဲ့သလား။
မပါဝင်ခဲ့ဘူး။ ရှမ်းမြောက်ပိုင်းအဖွဲ့တွေကို မထောက်ခံခဲ့ဘူး။ အစိမ်းတွေမျှော်လင့်သလိုလည်းမထိန်းပေးခဲ့ဘူး။ အဲလိုပဲထားလိုက်တာ။ အဲလိုထားလိုက်တော့ အရှုံးအနိုင်က သဘာဝအတိုင်းဖြစ်သွားတာ၊ ဘာမှမထူးပါဘူး။
၈၊ တရုတ်က မြောက်ပိုင်းအဖွဲ့တွေကို ထိန်းနိုင်သလား။ မထိန်းနိုင်ဘူး။ မြောက်ပိုင်းအဖွဲ့နဲ့ စစ်တပ်ချင်းချုပ်ဆိုတဲ့စာချုပ်ကို နှစ်ဖက်လုံး ကြိုက်သလိုဖျက်တယ်။
၉၊ မြန်မာစစ်တပ်ဘာကြောင့် ဒီလောက်ရှုံးသလဲ။ မြန်မာပြည်မှာ သုံးသပ်ပြီး နားလည်တဲ့လူရှိသလား။
ရှိပါတယ်။ လူအများစုသိပါတယ်။ ဒါပေမဲ့စစ်တပ်ထောက်ခံတဲ့အစိမ်းတွေတော့ နားမလည်ချင်ဘူး။ တရုတ်ကိုအပြစ်တင်ခြင်းဖြင့် မိမိကို မူးယစ်တာပါ။
၁၀၊ နောင်မြန်မာပြည်ရဲ့အခြေအနေဘယ်လိုသွားမလဲ။
အခုမြန်မာပြည်ရဲ့အခြေအနေက ၁၉၄၈-၁၉၄၉ ခုနှစ်က တရုတ်ပြည်နဲ့ဆင်တူတယ်။ အာဏာပိုင်တဲ့အဖွဲ့က စစ်မြေပြင်မှာ တိုက်တိုင်းရှုံးတယ်။ စီးပွါးရေးမထိန်းနိုင်လောက်အောင်ကျဆင်းတယ်။ ပြည်သူတွေဆင်းရဲဒုက္ခခံရတယ်။ ဒါဆို ကိုမင်တန်အစိုးရလို နစကလည်းအလျင်အမြန်တောင်ပြိုမြေပြိုသလို ပြိုလဲနိုင်မလား။
မဖြစ်နိုင်လောက်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဆန့်ကျင်ဖက်အဖွဲ့တွေက တရုတ်ကွန်မြူနစ်ပါတီလောက် မတော်ဘူး။ အဲလိုပဲ မသေမရှင် အကြာကြီးအချိန်ဆွဲလိမ့်မယ်။ | 1 069 |
| 14 | မြန်မာအရေးကျွမ်းကျင်သူ တရုတ်ပါမောက္ခ Zhao Jin ရဲ့ ရှမ်းမြောက်ကိစ္စ သဘောထားမှတ်ချက်
ကျွန်မမဖြေတာမဟုတ်ဘူး။ ဖြေပြီးရင် စစ်တပ်ထောက်ခံသူတွေခံရအရမ်းခက်မှာပါ။ အနာပေါ်မှာ ဆားထည့်တုတ်ရိုက်သလိုနာမှာရှက်မှာပါ။ ကျွန်မကိုလာပြီးဝိုင်းဆဲမှာပါ။
ကျွန်မနည်းနည်းလောက်မေးချင်တယ်။ ၁။ မြန်မာစစ်တပ်က ရှမ်းမြောက်ပိုင်းမှာပဲရှုံးသလား။
မဟုတ်ဘူး။ တိုက်တိုင်းရှုံးတယ်မဟုတ်လား။
၂။ နိုင်ငံကြီးပါမှရှုံးတာနဲ့ နိုင်ငံကြီးမပါတာတောင်ရှုံးတာ ဘယ်ဟာပိုရှက်သလဲ။ ဘယ်ဟာပို ခံရခက်သလဲ။ စစ်တပ်ထောက်ခံသူတွေကိုမေးကြည့်ပါ။
၃။ မြန်မာစစ်တပ်တော်သလား၊ ညံ့သလား။ ပြည်သူ့ထောက်ခံမှုဘယ်လောက်ရှိသလဲ။ ဒီမေးခွန်ကို မြန်မာပြည်မှာ စာရင်းကောက်ဖို့မလိုဘူး။ လမ်းဘေးရှိတဲ့လူတွေကိုသွားမေးကြည့်ပါ။ တရုတ်ပြည်မှာ ဆိုရိုးရှိတယ်။ 军民鱼水情。စစ်တပ်က ငါးဖြစ်တယ်။ ပြည်သူတွေရဲ့ထောက်ခံမှုက ရေဖြစ်တယ်။ ရေရှိမှ ငါးရှင်သန်နိုင်တယ်။ မြန်မာစစ်တပ်ဆိုတဲ့ငါးရှင်သန်ဖို့ ရေဘယ်လောက်ရှိသလဲ။
၄၊ ၁၀၂၇ မှာ ရှမ်းမြောက်ပိုင်း သုံးဖွဲ့ပဲပါဝင်တယ်လို့ရှင်တို့ထင်သလား။
မဟုတ်ဘူး။ ၁၀၂၇ မှာ မြန်မာစစ်တပ်ကိုဆန့်ကျင့်တဲ့အဖွဲ့အားလုံးပါဝင်တယ်။ သူတို့ပြင်ဆင်တာ အနည်းဆုံးတစ်နှစ်လောက်ရှိပြီ။ ၁၀၂၇ မှာ မတိုက်ရင် တခြားတစ်နေ့နေ့မှာလည်း တိုက်မှာသေချာ။ အဲဒါက ကိုးကန့်ဖုန်မိသားစုနဲ့ မြန်မာစစ်တပ်ချင်းရဲ့ရန်ငြိုးကို လက်စားချေတာပါ။ မြန်မာစစ်တပ်ဒီလောက်အခြေအနေနိမ့်ကျတဲ့အခါမှာ အခွင့်ကောင်းယူပြီး လက်စားမချေသူက လူထုံလူအပါပဲ။
၅၊ ဖုန်မိသားစုနဲ့မြန်မာစစ်တပ်ချင်းရဲ့ရန်ငြိုးကို ဘယ်သူဖန်တီးလာသလဲ။
၆၊ ရှမ်းမြောက်ပိုင်းနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ထောက်ခံသူတွေက တရုတ်အပေါ် ဘာမျှော်လင့်ချက်ထားရှိခဲ့သလဲ။
သူတို့ရဲ့မျှော်လင့်ချက်က မြောက်ပိုင်းသုံးဖွဲ့ကို တရုတ်ထိန်းပေးနိုင်မယ်လို့ သူတို့မျှော်လင့်တယ်၊ ယုံလည်းယုံကြည်တယ်။ သူတို့မျှော်လင့်သလို မဖြစ်တဲ့အခါ နာလည်းနာ၊ရှက်လည်းရှက်ပြီး အရူးလိုတရုတ်ကိုလျှောက်ကိုက်လာတယ်။ အစိမ်းတချို့က အရင်တုန်းက ပညာရှိယဉ်ကျေးသူဟန်ဆောင်တယ်။ ၁၀၂၇ ဖြစ်ပြီး ယဉ်ကျေးဟန်လုံးဝမဆောင်တော့ဘူး။ အရိုင်းဆုံးပုံစံပေါ်လာတယ်။ ဘာကြောင့်လဲ။ မခံနိုင်လောက်အောင်ရှက်တာနာတာပါ။
၇၊ တရုတ်က ရှမ်းမြောက်ပိုင်းကိစ္စမှာ ပါဝင်ခဲ့သလား။
မပါဝင်ခဲ့ဘူး။ ရှမ်းမြောက်ပိုင်းအဖွဲ့တွေကို မထောက်ခံခဲ့ဘူး။ အစိမ်းတွေမျှော်လင့်သလိုလည်းမထိန်းပေးခဲ့ဘူး။ အဲလိုပဲထားလိုက်တာ။ အဲလိုထားလိုက်တော့ အရှုံးအနိုင်က သဘာဝအတိုင်းဖြစ်သွားတာ၊ ဘာမှမထူးပါဘူး။
၈၊ တရုတ်က မြောက်ပိုင်းအဖွဲ့တွေကို ထိန်းနိုင်သလား။ မထိန်းနိုင်ဘူး။ မြောက်ပိုင်းအဖွဲ့နဲ့ စစ်တပ်ချင်းချုပ်ဆိုတဲ့စာချုပ်ကို နှစ်ဖက်လုံး ကြိုက်သလိုဖျက်တယ်။
၉၊ မြန်မာစစ်တပ်ဘာကြောင့် ဒီလောက်ရှုံးသလဲ။ မြန်မာပြည်မှာ သုံးသပ်ပြီး နားလည်တဲ့လူရှိသလား။
ရှိပါတယ်။ လူအများစုသိပါတယ်။ ဒါပေမဲ့စစ်တပ်ထောက်ခံတဲ့အစိမ်းတွေတော့ နားမလည်ချင်ဘူး။ တရုတ်ကိုအပြစ်တင်ခြင်းဖြင့် မိမိကို မူးယစ်တာပါ။
၁၀၊ နောင်မြန်မာပြည်ရဲ့အခြေအနေဘယ်လိုသွားမလဲ။
အခုမြန်မာပြည်ရဲ့အခြေအနေက ၁၉၄၈-၁၉၄၉ ခုနှစ်က တရုတ်ပြည်နဲ့ဆင်တူတယ်။ အာဏာပိုင်တဲ့အဖွဲ့က စစ်မြေပြင်မှာ တိုက်တိုင်းရှုံးတယ်။ စီးပွါးရေးမထိန်းနိုင်လောက်အောင်ကျဆင်းတယ်။ ပြည်သူတွေဆင်းရဲဒုက္ခခံရတယ်။ ဒါဆို ကိုမင်တန်အစိုးရလို နစကလည်းအလျင်အမြန်တောင်ပြိုမြေပြိုသလို ပြိုလဲနိုင်မလား။
မဖြစ်နိုင်လောက်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဆန့်ကျင်ဖက်အဖွဲ့တွေက တရုတ်ကွန်မြူနစ်ပါတီလောက် မတော်ဘူး။ အဲလိုပဲ မသေမရှင် အကြာကြီးအချိန်ဆွဲလိမ့်မယ်။ | 898 |
| 15 | စိတ်ဓာတ်စစ်ဆင်ရေး
ရန်သူမိမိ အင်အားနှိုင်းယှဥ်ချက် စစ်ရေးသုံးသပ်ရာမှာရုပ်ဝတ္တုပိုင်းဆိုင်ရာ လူ ၊လက်နက်ခဲယမ်းအင်အားသာမကစိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်အင်အားပါထည့်သွင်းသုံးသပ်ကြရတာ ဖြစ်လို့ စစ်အောင်နိုင်ရေးမှာ စိတ်ဓာတ်အင်အား မြင့်မားနေရေးဟာအလွန်အရေးကြီးပါတယ်။
မိမိဘက်စိတ်ဓာတ်မြင့်မားရေး၊ရန်သူဘက်စိတ်ဓာတ်ကျဆင်းရေးမှာ ဝါဒဖြန့်ချိရေး ကို ရှေးအစဥ်အဆက်နည်းလမ်းမျိုးစုံ အသုံး ပြုခဲ့ကြပြီး ဒီကနေ့ သတင်းမီဒီယာခေတ်မှာတော့ ဆိုရှယ်မီဒီယာ လူမှုကွန်ရက်တွေကနေ အဓိက အသုံးချလာကြပါတယ်။
မမှန်တဲ့သတင်းတစ်ပုဒ်ကိုအကြိမ်ကြိမ်နားထောင်လာရသူဟာကြားရတာများလာရင် မှန်တယ်လို့ထင်လာတတ်တာလူ့သဘာဝ ဖြစ်ပါတယ်။ဥပမာ...လူတစ်ယောက်ဟာဒီနေ့ လျှပ်စစ်မီးပျက်ချိန်မနက်၉နာရီလို့ အမှန်အတိုင်းသိထားမှတ်ထားပေမယ့် စျေးထဲရောက်တဲ့အခါဒီနေ့ နေ့လည်တစ်နာရီမှမီးပျက်မှာလို့ ပထမတစ်ယောက်ပြောတာကြားရင်ဒီလူ မှားနေပြီလို့သိပေမယ့် ဒုတိယ တတိယလူတွေပြောတာ ထပ်ကြားရင်ငါသိတာမှားနေပြီလားလို့ တွေဝေလာပါတယ်။စတုတ္တလူ က နေ့လည်တစ်နာရီမှာပျက်မယ်လို့ ထပ်ပြောတာကြားလိုက် ရရင်တော့ ငါမှတ်ထားတာမှားနေပြီလို့ ထင်သွားပါတော့တယ်။ ဒီနည်းပညာကိုအသုံးချပြီး မီဒီယာပေါင်းစုံက အုံလိုက် ကျင်းလိုက် အုပ်စုလိုက် မမှန်သတင်းကို ထုတ်လွှင့် နေတဲ့ သတင်းအဆိပ်ခတ်ဝါဒဖြန့် မှုဒဏ်ကို ခံနေကြရပါတယ်။
လူ့သဘာဝ က အရင်ကြားတာကို အရင် ယုံတတ်ကြတဲ့အတွက် သတင်းလက်ဦးမှု ကလည်းအရေးကြီးပါတယ်။BBC,VOAလိုသတင်းဌာနကြီးတွေက "သီးခြားအတည်မပြုနိုင်သေးတဲ့သတင်း"ဆိုပြီး မမှန်မှန်းသိတဲ့သတင်းကို သူတို့လိုချင်ရာ ဆွဲ ထုတ်ပြန်ကြတာ သတင်းလက်ဦးမှု ရယူ ဝါဒဖြန့်ခြင်းဖြစ်ပါတယ်။ဒီလို တစ်ဘက်က စိတ်ကြိုက်ဝါဒဖြန့်ချိပြီး ရန်သူဘက်စိတ်ဓာတ်တက်ကြွရေး၊မိမိဘက်စိတ်ဓာတ်ကျဆင်းရေး လုပ်နေတာကို ငြိမ်ခံမနေဘဲ ထိထိရောက်ရောက်တန်ပြန်တုံ့ပြန်ဖို့လိုပါတယ်။
ယောမင်းကြီးဦးဖိုးလှိုင်က ဗျစ်ရည်ကို ဆေးဝါးအဖြစ်သောက်သုံးသင့်ကြောင်းရေးတော့ မင်းတုန်းမင်းကြီးက မောင်မင်းကပညာရှိဆိုတော့ ချင့်ချိန်နားလည်နိုင်ပေမယ့်ငါ့ပြည်သူအများစုကမောင်မင်းလို ပညာရှိမဟုတ်တော့မချင့်ချိန်နိုင်ဘဲ အရက်သမားတွေ ဖြစ်သွားမယ်ပြောပြီးအပြစ်ပေးသလိုပဲ ပြည်သူအများစုဟာ ချင့်ချိန်ဆင်ခြင် မှုအားနည်းတဲ့အတွက် မဟုတ်မမှန်သတင်းတွေပြောနေတာ ယုံချင်ရင်ယုံကြပေါ့လို့ ပစ်ထားလို့မရဘဲ ဝါဒဖြန့်ချိရေးစိတ်ဓာတ်စစ်ဆင်ရေးကို အလေးအနက်ထားပြီးဖိဖိစီးစီးလုပ်ဖို့လိုအပ်နေပါတယ်။
လက်ရှိ စစ်ရေးအောင်မြင်မှု လိုအပ်ချက်ဟာ လူအင်အားလက်နက်အင်အားထက် စိတ်ဓာတ်အင်အား က အဓိကလိုအပ်ချက်ဖြစ်လို့ စိတ်ဓာတ်အင်အားကိုအစွမ်းကုန်မြှင့်တင် ပေးနိုင်ဖို့က အဓိက အရေးတကြီးလိုအပ်နေပါတယ်။ | 842 |
| 16 | တရုပ်သြဇာသက်ရောက်မှု
ရှမ်းမြောက်ရှိ လက်နက်ကိုင်အဖွဲ့ပေါင်းစုံထဲမှာ MNDAAဟာ တရုပ်ရဲ့တပည့်ရင်းဖြစ်သလို လူမျိုးရေးအရပါ သွေးနီးတဲ့အတွက် ယုံကြည်စိတ်ချရဆုံးအဖွဲ့ ဖြစ်ပါတယ်။
လက်ရှိမြောက်သုံးဖွဲ့ လို့ခေါင်းစဥ်တပ်ရာမှာ MNDAAကိုအမာခံထားပြီး လိုသလိုပုံသွင်းလို့ရမယ့် နောက်ဆုံးမှပေါ်လာပြီးဝါနုတဲ့ TNLAနဲ့AAကို ထည့်သွင်းထားတာတွေ့ရပါတယ်။
လက်နက် ကိုင်သက်တမ်းဝါရင့်နေပြီဖြစ်တဲ့ KIAနဲ့ SSPP ဟာ တရုပ်သြဇာကိုအလုံးစုံ နာယူမယ့်အဖွဲ့တွေ မဟုတ်သလိုတရုပ်ဘက်ကလည်းအလုံးစုံယုံကြည်မှုမရှိတဲ့အတွက် ရှမ်းမြောက်နယ်မြေ အာဏာတည်ဆောက်ရေးမှာ မြောက်သုံးဖွဲ့နဲ့KIA,SSPP (SSA) တို့ရင်ဆိုင်ကြရအုံးမှာဖြစ်ပါတယ်။
အစဥ်အလာ သဘာ အရ KIAနဲ့SSPPက TNLAနဲ့ MNDAAကို မှုစရာမရှိပေမယ့်နောက်ခံ ဆရာကောင်းရှိနေတဲ့အတွက် လောလောဆယ်မှာ မာန်လျှော့နေရတဲ့အနေအထား တွေ့နေရပါတယ်။
SSPPကသာမကျေနပ်လို့ ထအော်နေပေမယ့် KIAရုံးတွေချိတ်ပိတ်ခံရ၊KIAအလံတွေ ဖြုတ်ချခံရ၊ကချင်ရိုးရာပွဲတွေ ပိတ်ပင်ခံရ၊မနောကွင်းတည်ဆောက်မှုတားဆီးခံရ၊
KIAတပ်ဖွဲ့တွေထွက်ခွာဖို့ဖိအားပေးခံရ၊KIAစာသင် ကျောင်းတွေဖွင့်ခွင့်မရနဲ့ အမျိုးမျိုး အနိုင်ကျင့်ခံနေရတဲ့ KIAက အနိုင်ကျင့်ခံနေရမှုတွေကိုမြိုသိပ်ထားပြီး"ဒါတွေကိုကြားတောင်မကြားဘူး၊အောက်ခြေတပ်ဖွဲ့တွေမှာဖြစ်နေတာဖြစ်မှာပါ"လို့ပြန်ကြားရေးတာဝန်ခံနော်ဘူက ပြောပါတယ်။
KIAရဲ့ အကြံအစည်ကြီးစွာစိတ်ရှည်သီးခံမှုနဲ့နေသေးသပ ချုံထဲက၊ချိုသွေးသပ တမြမြ စိတ်ထားကဒေါသထွက်လွယ်တဲ့ SSPP ထက်ပိုပြင်းထန်တဲ့လက်တွေ့ တုံ့ပြန်မှုတွေပေါ်ပေါက်လာနိုင်ပါတယ်လို့ သုံးသပ်ရပါတယ်။
အရှင်မွေးတော့ချက်ခြင်းကြီးဆိုသလို နိုင်ချင်ကြက်ဖြစ်နေတဲ့ TNLA, MNDAA ကလည်း သူတို့သိမ်းပိုက်နယ်တွေထဲကနေ ရှေးအစဥ်အဆက် နေလာခဲ့တဲ့ KIA,SSPPကို မောင်းထုတ်နေမှာ ဖြစ်လို့ ဘယ်လောက်အထိသီးခံ နေနိုင်မလဲဆိုတာစောင့်ကြည့်ဖို့သာရှိပါတော့တယ်။
ဗဟိုအစိုးရအာဏာလေဟာနယ်မှာ လက်နက် ကိုင်အဖွဲ့ပေါင်းစုံအာဏာလုပွဲတွေ ပေါ်လာမှာဖြစ်လို့ ဖက်ဒရယ်ဒီမိုကရေစီရေးကြွေးကြော်သံအောက်မှာ ဒေသခံလူထုတွေ ဒုက္ခရောက်ကြရအုံးမှာဖြစ်ပါတယ်။ | 1 074 |
| 17 | AAရဲ့နိုင်ငံရေးမျှော်မှန်းချက်
VOAအင်တာဗျူးမှာပဲ AAရဲ့နိုင်ငံရေးမျှော်မှန်းချက် က ကွန်ဖက်ဒရိတ်အဆင့်ထက်မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်းမျှော်မှန်းပြီးတိုက်ပွဲဝင်နေတာဖြစ်တယ်၊ဒီအတွက်တောင်းဆိုနေမှာမဟုတ်ဘဲ မရရအောင် တိုက်သင့်ရင်တိုက်မယ် လို့ ပြောသွားပါတယ်။
ကွန်ဖက်ဒရိတ်ထက်မနိမ့်တဲ့ ဆိုတဲ့အတွက် ကွန်ဖက်ဒရိတ်ဆိုတာအနိမ့်ဆုံးအဆင့်ဖြစ်ပြီး ဒိထက်ပိုမြင့်တဲ့ သီးခြားလွတ်လပ်တဲ့နိုင်ငံအဆင့်ကိုအမြင့်ဆုံးမျှော်မှန်းထားတယ်လို့ ဆိုရာလည်းရောက်ပါတယ်။
AAတာဝန်ရှိသူများယခင် ပြောကြားချက်များမှာလည်း ရက္ခိတ နိုင်ငံ ရည်မှန်းချက်တွေ မကြာခနပါနေပြီးဖြစ်လို့ AAရဲ့အနိမ့်ဆုံးနိုင်ငံရေးရည်မှန်းချက်က ကွန်ဖက်ဒရိတ်၊အမြင့်ဆုံးရည်မှန်းချက်က သီးခြားနိုင်ငံဆိုတာထင်ရှားနေပါတယ်။
လက်နက်ကိုင်အဖွဲ့တွေ ထဲမှာ ကွန်ဖက်ဒရိတ်လို ရနေပြီဖြစ်တဲ့ UWSAကတောင် ပြည်ထောင်စုထဲက ခွဲမထွက်ဘူးလို့ ကတိပြုထားတာဖြစ်သလို ရှမ်းမြောက် လက်နက်ကိုင်အဖွဲ့တွေက အိမ်ကြီး ပေါ်အိမ်ငယ်ဆောက် တဲ့အဆင့်လောက်သာရည်မှန်းကြတာဖြစ်ပေမယ့်AAက သီးခြားခွဲထွက်စင်ပြိုင်အိမ်ဆောက်ဖို့ အထိရည်မှန်း နေတာ ဖြစ်လို့ တိုင်းပြည်အတွက်အန္တရာယ်အရှိဆုံးလက်နက်ကိုင်အဖွဲ့ ဖြစ် လာပါတယ်။
ရှမ်းမြောက်မှာ တရုပ်နိုင်ငံတစ်နိုင်ငံတည်းနဲ့ ပြည်ပဆက်နွယ်မှုရှိပေမယ့် ရခိုင်ဒေသမှာ ဘင်္ဂလားဒေ့ရ် တစ်နိုင်ငံတည်းမဟုတ်ဘဲ အမေရိကန် အိုအိုင်စီ သာမက ကုလသမဂ္ဂနဲ့ပါဆက်နွယ်နေတဲ့ အဖွဲ့စုံပါဝင်လာမယ့်ဘင်္ဂါလီပြဿနာ ရှိနေပါတယ်။ပြည်ထောင်စုထဲက ခွဲထွက်သွားတာနဲ့ ရခိုင်ပြည်ပေါ်လာမှာထက် အာရကန်နစ္စတန်ပြည် ဖြစ်သွားမယ် ဆိုတာ နိုင်ငံရေးလေ့လာသူတိုင်း သိနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။
မေ၁၇ ကစလိုက်တဲ့ ဘူးသီးတောင်မြို့ မီးရှို့မှုကနေ စပြီးဘင်္ဂါလီအရေးကိစ္စ ကုလသမဂ္ဂအပါအဝင် အဖွဲ့ပေါင်းစုံ က နည်းမျိုးစုံထိုးနှက် တိုက်ခိုက်လာတာကို AAဘက်က အလူးအလဲ တုံ့ပြန်ဖြေရှင်းနေရတာဟာ AAကို ဘင်္ဂါလီပြဿနာ ထောင်ချောက်ထဲ မောင်းသွင်းလိုက်တဲ့ နိဒါန်းမျှသာဖြစ်ပါတယ်။
နောက်ပိုင်းမှာ အိုအိုင်စီလိုလားချက်အတိုင်းဘင်္ဂါလီပြဿနာကို လိုက်လုပ်ပေးမလား၊ARSA,RSO စတဲ့ဘင်္ဂါလီအရေးအမည်ခံအကြမ်းဖက်အဖွဲ့တွေ နဲ့ စစ်ခင်းပြီး လူမျိုးသုဥ်းသတ်ဖြတ်မှုတရားခံတွေအဖြစ် ခံမလားဆိုတာ AA ခေါင်းဆောင်တွေ ရွေးရတော့မှာ ဖြစ်ပါတယ်။
အနိမ့်ဆုံးကွန်ဖက်ဒရိတ် အမြင့်ဆုံး အာရက္ခနိုင်ငံ ဆိုတဲ့ AA မျှော်မှန်းချက်ဟာ အာရကန်နစ္စတန် နိုင်ငံအဖြစ်အဆုံးသတ်သွားမှာ ဖြစ်လို့ ရခိုင်ပြည်နယ်သာမက ပြည် ထောင်စုအတွက်ပါ အကြီးမားဆုံး အန္တ ရာယ် ဖြစ်နေတယ်ဆိုတာ သတိပြုကြဖို့လိုပါတယ်။ | 903 |
| 18 | NUG,NLDနဲ့ဘင်္ဂါလီ
AAဘင်္ဂါလီပြဿနာမှာNUGက ဘင်္ဂါလီဘက်က ရပ်တည်ပြီးAAကို ဆန့်ကျင်ပါတယ်။NUGဆိုတာNLDက ပေါက်ဖွားလာတာဖြစ်ပါတယ်။NLDခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အာဏာမရမီ ဥရောပနိုင်ငံများခရီးစဥ် မှာပင် (ဘင်္ဂါလီများနိုင်ငံသားဖြစ်ရေးအတားအဆီးဖြစ်နေတဲ့ )နိုင်ငံသားဥပဒေကို နိုင်ငံတကာစံနှုန်းနဲ့အညီပြန်လည်သုံးသပ်ပြင်ဆင်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
အာဏာရတာနဲ့ ကိုဖီအာနန်ကော်မရှင်ချက်ချင်းဖွဲ့ပြီးကော်မ ရှင် အကြံပြုချက်(၈၈)ချက်မှာ(ဒေါ်အောင်ဆန်းစုကြည်ဥရောပခရီးစဥ်မှာပြောခဲ့တဲ့အတိုင်း) မြန်မာနိုင်ငံသား ဖြစ်မှုဥပဒေကို နိုင်ငံတကာစံနှုန်းနဲ့အညီပြင်ဆင်သင့်တယ်လို့ အကြံပြုပါတယ်။
ကိုဖီအာနန်ကော်မရှင်အကြံပြုချက်တွေကို လမ်းညွှန်မြေပုံအဖြစ် လိုက်နာလုပ်ဆောင်သွားမယ်လို့ ကုလသ မဂ္ဂစင်မြင့်ပေါ်ကနေNLDအစိုးရက ကမ္ဘာကိုကြေညာပါတယ်။
နိုင်ငံသားဥပဒေပြင်ဆင်ရေးလူထုအများစုက မလိုလားကြဘူးဆိုတာ သိတဲ့အတွက်ဘင်္ဂါလီများနိုင်ငံသားဖြစ်နိုင်တဲ့ အခြားဥပဒေများကိုလှည့်ပတ်ပြင်ဆင်ပါတယ်။လွှတ်တော်မှာ အတိုက်အခံများတပ်မတော်သားကိုယ်စားလှယ်များက အကြောင်းအကျိုးထောက်ပြဝေဖန်ကန့်ကွက်ကြပေမယ့် မဲအသာစီးနဲ့ အနိုင်ယူဆုံးဖြတ် ချက်ချပါတယ်။
ဘင်္ဂါလီပြဿနာဆိုရင်ဘင်္ဂါလီလူမျိုးနဲ့သာဆိုင်မှာဖြစ်တာကို ကမ္ဘာတစ်ဝှန်းက မွတ်စလင်တွေပါလာအောင် ပြဿနာမကြီးကြီးအောင် ဘင်္ဂါလီလို့မခေါ်ရ၊မွတ်စလင်ဘာသာကိုးကွယ်သူလို့ခေါ်ဖို့ နိုင်ငံတကာအထိ တင်ပြပြီး ဘင်္ဂါလီပြဿနာကို မွတ်စလင်ပြဿနာ ဖြစ်အောင်ချဲ့ထွှင်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပြောကြားခဲ့တဲ့ တရားဝင်မိန့်ခွန်းများမှာ "ကုလား"လို့ အကြိမ်ကြိမ် ပြောဆိုခဲ့တဲ့မှတ်တမ်းတွေ အခိုင်အမာရှိနေပါရက်နဲ့"ကုလား"လို့ခေါ်တာရိုင်းတယ်၊အဲဒါမိဘတွေက မဆုံးမတာ လို့ပြောတဲ့အတွက်ဗိုလ်ချုပ်အောင်ဆန်းတောင်မိမဆုံးမ၊ဖမဆုံးမ သားလိုဖြစ်သွားရပါတယ်။
နိုင်ငံ့ဘဏ္ဍာကျပ်သန်းပေါင်း ၆၄၂၆ သန်း သုံးစွဲပြီးfacebookမှာ "ကုလား"လို့ရေးရင် ပိတ်ပင်ပါတယ်။အာနန်အကြံပြုချက်ကန့်ကွက်သူတွေကို ဒီမိုကရေစီမလိုလားသူအစွန်း ရောက်အကြမ်းဖက်သမားတွေအဖြစ် ဖမ်းဆီးအရေးယူပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ လျှောက်ထား ချက်ပေးတော့ ရခိုင်ဘင်္ဂါလီပြဿနာဟာ ရာစုနှစ်များစွာကတည်းက အစပြုခဲ့တယ်လို့ ပုဂံခေတ်မတိုင်မီကတည်းကဘင်္ဂါလီတွေ ရခိုင်မှာရောက်နေသယောင်လျှောက် လဲ ချက်တလွဲ နဲ့ စ ပေးပါတယ်။
အင်းဒင်ရွာအကြမ်းဖက်ဘင်္ဂါလီ(၁၀)ဦးသတ်ဖြတ်ခံရမှုကိုအကြမ်းဖက်လို့မသုံးဘဲ ရွာသားမွတ်စလင် (၁၀)ဦးလို့ပဲပြောပြီးစစ်တရားရုံးက ပြစ်ဒဏ် စီရင်ခံရတဲ့ အရာရှိစစ်သည်တွေကိုတပ်မတော်ကလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့လို့ မြန်မာနိုင်ငံမှာလည်းလူအတော်များများက စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်လို့ ကိုယ့်လူသူ့ဘက်သားလုပ်ပြီး၊တပ်မတော်ကလုပ်တာသူလည်းစိတ်မသက်မသာဖြစ်နေရသယောင် ၊ တပ်မတော်ကိုချောက်ချခဲ့ပါတယ်။
NLDအစိုးရငါးနှစ်သက်တမ်းအတွင်း စွမ်းစွမ်းတမံအားထည့်လုပ်ကိုင်သွားတာ ဘင်္ဂါလီများနိုင်ငံသားဖြစ်ရေးသာ ဖြစ်ပါတယ်။ NLDရဲ့မပြီးဆုံးသေးတဲ့တာဝန်ထမ်းဆောင်မယ့် NUGကလည်း၈၂နိုင်ငံသားဥပဒေဖျက်မယ်၊ ဘင်္ဂါလီ ကိုနိုင်ငံသားပေးမယ်လို့ ကြေညာပါတယ်။
NLDလက်ထက်က မခေါ်ခဲ့ရတဲ့ "ရိုဟင်ဂျာ"ဆိုတဲ့အမည်ကို NUGက တွင်တွင် ကျယ်ကျယ်သုံးလာပါတယ်။NLDအစိုးရလက်ထက်က လူကယ်ပြန်ဝန်ကြီးလုပ်ခဲ့ပြီး ၊ အခုNUG လူကယ်ပြန်ဝန်ကြီးဆိုသူ က "ရိုဟင်ဂျာတွေကို တောင်း ပန်ပါတယ်"လို့ ဆိုပါတယ်။
ဘင်္ဂါလီကို NUGလူ့အခွင့်အရေးဒုဝန်ကြီးခန့်ပါတယ်။မေ၁၇ ရက်နေ့ည ဘူးသီးတောင်မြို့ ကိုAA က မီးရှို့မှု ကိစ္စ လူမှုကွန်ရက်ပေါ်အရင်ဆုံးတင်ပြီး ဖွတာအဲဒီ NUGလူ့အခွင့်အရေးဒုဝန်ကြီး ဆိုသူပဲ ဖြစ်ပါတယ်။
ရှေ့ဆက်ကြရမယ့် AAဘင်္ဂါလီပြဿနာမှာ(ဘယ်နိုင်ငံကမှ အသိအမှတ်မပြုပေမယ့်) ပြည်ထောင် စု အစိုးရလို့ ကိုယ့်ဖာသာကိုယ် အမည်တပ်ထားတဲ့ NUGက ဘင်္ဂါလီဘက်ကသာရပ်တည်ထောက်ခံသွားမှာဖြစ်လို့ AAဘက်ကကောက်ရိုးတစ်မျှင်လိုသွားဆွဲလို့ မရဘူးဆိုတာ သဘောပေါက်ထားဖို့လိုပါတယ်။ | 771 |
| 19 | ရခိုင်လူထုဒုက္ခ
AAမပေါ်လာခင်က ကာလရှည်ကြာငြိမ်းချမ်းစွာနေလာခဲ့ကြတဲ့ရခိုင်ပြည်နယ်မှာအခု ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ရခိုင်လူထုစစ်ဘေးဒုက္ခအကြီး အကျယ်ကြုံတွေ့နေကြရပြီဖြစ်ပါတယ်။
စစ်ဘေးဒုက္ခဆိုတာ ဘယ် လောက် ဆိုးဝါးတယ်ဆိုတာလက်တွေ့ကြုံဖူးသူတိုင်းသိကြပါတယ်။ရခိုင်မှာစစ်မဖြစ်ရေး နစကဘက်က AAအပေါ်အစွမ်းကုန်သည်းခံ ခဲ့ပေမယ့် အလျှော့ပေးလေရောင့်တက်လေဖြစ်လာတဲ့ AAက စတင်တိုက် ခိုက်လာလို့သာ ရခိုင်ဒေသစစ်ပွဲတွေ ဖြစ်လာရတာဖြစ်ပါတယ်။
နစကနိုင်ငံတော်အာဏာရပြီးနောက် AAနဲ့အပစ်ရပ်သဘော တူချက်ရအောင်ယူပြီးAAကိုအကြမ်းဖက်အဖွဲ့စာရင်းက ပယ်ဖျက်ပေးခဲ့ပါတယ်။အပစ်ရပ်သဘောတူချက်ကိုအခွင့်ကောင်းယူပြီးAAက အင်အားစုဆောင်း၊အုပ်ချုပ်ရေးနယ်မြေတည်ဆောက်တဲ့အပြင် နစကရဲ့အုပ်ချုပ်ရေး၊တရားစီရင်ရေးတွေကိုပါဝင်ရောက်နှောက်ယှက်ပေမယ့် နစကဘက်ကငြိမ်းချမ်းရေးအတွက် သည်းခံခဲ့ပါတယ်။
ရခိုင်မှာရှိတဲ့ AAခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့ယောက္ခမ က သူ့သမီးရှိရာဆွဇ်ဇာလန်နိုင်ငံသွားနေချင်တာကိုလည်း နစက ကသဘောထားကြီးစွာနဲ့ ကြည်ဖြူခွင့်ပြုပေးခဲ့ပါတယ်။
သတင်းစာရှင်းလင်း ပွဲတစ်ခုမှာ AAရဲ့ ရန်စစော်ကားမှုတွေကို သည်းခံနေရတဲ့ကိစ္စမေးမြန်းမှုအပေါ်ဗိုလ်ချုပ်ဇော်မင်းထွန်းဖြေတာက "ရခိုင်လူထု ဒုက္ခရောက်မှာစိုးလို့ "လို့ဖြေကြားသွားပါတယ်။ ဖြစ်လာရင်တော့ တပ်မတော်ကိုအဆိုးမဆိုနဲ့လို့လည်းပြောကြားသွားပါတယ်။
ရခိုင်ပြည်နယ်အတွင်းရခိုင်လူထုဒုက္ခရောက်မှာစိုးလို့ တိုက်ပွဲတွေမဖြစ်ရအောင် တပ်မတော်က အစွမ်းကုန်သည်းခံနေတယ်၊သည်းခံနေတဲ့ကြားက ဖြစ်လာရင်တော့ အဆိုးမဆိုနဲ့လို့ ပြောခဲ့ပြီးဖြစ်လို့ အခုရခိုင်ပြည်နယ်အတွင်းရခိုင်လူထု ရင်ဆိုင်နေရတဲ့စစ်ဘေးဒုက္ခတွေကို ဖန်တီးတဲ့တရားခံအစစ်ဟာAAသာဖြစ်ပါတယ်။ | 611 |
| 20 | ကျနော်ထဲ့တတ်တဲ့သိတဲ့တာဝန်ရှိတဲ့သူတွေမပြောကြတော့ဘူးလား။
ပြိုင်တူတွန်းမှရွေ့ပါတယ်။
ဝိုင်းမ တွန်းလို့ ပြောရမယ့်သူတွေရေငုံနေကြလို့
မရေွ့တာလည်းပါပါတယ်။
မြန်ပြည်ရဲ့ပြသနာက အခြေခံအကျဆုံးလုပ်ရမယ့်အလုပ်တွေလုပ်ကိုလုပ်မှရမယ့်အလုပ်တွေကိုမလုပ်ကြဘဲဒီတိုင်းမျှောထားကြပြီးမလုပ်ရမယ့်အလုပ်တွေလုပ်ဖြစ်နေကြတာပါ။
ယနေ့ ဗဟိုကချုပ်ကိုင်ပြီးစီးပွားရေးကိုကိုင်တွယ်နေပါတယ်။
ကသောင်းကနင်းတွေဖြစ်နေတယ်။
ဒီလိုကိုင်လို့သာဒါလောက်ဖြစ်နေတာမဟုတ်ရင်ဒီထက်ဆိုးမယ်လို့ပြောချင်ရင်ပြောနိုင်ပါတယ်၊
ဒီတော့ဂိတ်ဆုံးပြေးကြည့်ပါဦး
မရတော့ဘူးဆိုတာလက်ခံလာရင်တော့ဖွင့်ဆွေးနွေးပါသိတဲ့တတ်တဲ့တာဝန်ရှိတဲ့ဆရာများ
တပါတ်လည်အောင်ကြည့်ကြပါ၊
ပူပန်စိတ်နဲ့ကြည့်ရင်မြင်ပါတယ်။
မြန်မာ့အခြေအနေရေခံ မြေခံ တွေကိုပေးချက်ထားပြီးအဖြေရှာကြပါ။
မတူညီတဲ့အမြင်တွေကိုလက်ခံပြီးအားလုံး သဘောတူမျှတဲ့အဖြေရှာပါ၊
အဖြေတွေအတိုင်းထိထိမိမိခရီးဆက်မယ့်တွန်းအားလည်းအရေးကြီးပါတယ်။
ဒါကတော့ဦးဆောင်ဦးရွက်ပြုသူတွေရဲ့နိုင်ငံအပေါ်ထားရှိတဲ့စေတနာပြင်းထံမှု Political Will ပေါ်ဘဲမူတည်ပါလိမ့်မယ်။
ခင်မောင်ဇော် | 729 |
