en
Feedback
Comrade Salai

Comrade Salai

Open in Telegram

No man life behind

Show more
230
Subscribers
No data24 hours
-27 days
-630 days
Posts Archive
အချိန် ခနလေး ပေးပြီး ကျနော် တို့ ရဲ့ ဒေါက်တာဆာဆာ ပြုလုပ်နေတဲ့စစ်တမ်းလေးကို ဝင်ဖြေပေးစေလိုပါတယ် အချိန်အားဖြင့် တစ်မီနစ်တည်းပါ နော် 💪🏻 www.truechoicemyanmar.org ရဲဘော်ဆလိုင်း

ကျနော် တစ်ဦးထဲ အမြင်အရ ဘရော်နီကာ ကို တသတ်တာ BC ကြောင်းပြောချင်ပါတယ် မျိုးနွယ်စု တူတဲ့ သူတွေ ဒုက္ခရောက်နေရတဲ့ အချိန်မှာတောင် အရှက်မရှိတဲ့ လုပ်ရပ်အတွက် စိတ်မကောင်းစွာဖြင့် BC လိုက်ပါတယ် ။ ဟို ကြိုးဝိုင်းထဲ ဝင်ဝင် အိပ်နေတဲ့ လိပ် ကိုလည်း တပါးတည် BC လိုက်ကြောင်း အသိပေးချင်ပါတယ် ခဗျာ ။ ရှေ့ဆက်ဖို့အတွက် မည်သည့် သံယောဇဉ် ကိုမှ လှည့်ကြည်နေမည် မဟုတ်ပါ ဆိုတာ ကိုယ်တိုင် ယုံကြည်ပါတယ် 💪🏻 ရဲဘော်ဆလိုင်း

ရခိုင်(မြောက်ဦး) ကိစ္စနဲ့ပတ်သတ်ပြီး ပြောဖို့ စကားလုံးရှာပေ့မဲ့ မတွေ့ခဲ့ပါဘူး ဝမ်းနည်းရတာထပ်တော့ ပို့ပါတယ် စစ်တိုက်ရင် ရဲဘော်တွေ ကျဆုံးတာဟာ အရေးမကြီးပေ့မဲ့ အခုလို ပြည်သူဆေးရုံတွေ ၊ပြည်သူကို ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖတ် နေတဲ့ စစ်ကောင်စီ တပ်ကို ခွင့်လွှတ်လိုစ်တော့ မရပါဘူး NCA မှာ လက်မှတ်ထိုးဖို့ ပြင်ဆင်နေကျတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ရဲဘော်တွေ အနေနဲ့လည်း အခက်အခဲဆုံးအချိန်မှာ ပြည်သူအတွက် ရှိနေကျဖို့ နိူးဆော်တိုက်တွန်းချင်ပါတယ် ။ မုန်းတိုင်း ပြီးသွားတိုင်း လေပြေတွေ လာတယ် ဆိုပေ့မဲ့ မုန်းတိုင်းကြားထဲမှာ လက်ချင်းချိတ်ပြီး တောင့်ခံထားဖို့ လည်း လိုအပ်ပါတယ် ။ ထိုအတူ ပြည်ပရောက်နေကျတဲ့ လူငယ် / လူကြီးတွေ အနေနဲ့ လည်း အခုလို စကမ ရဲ့ အကြမ်းဖတ်မူတွေကို တရားစွဲကျမယ်ဆိုရင် တလရ အရွှေ့ကောင်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ် ဒါကြောင့် အရင်ကထပ် အားလေးပိုစိုက်ပြီး ရူန်းပေးစေချင်ပါတယ် ။ နောက်ဆုံးအချိန်ထိ အတူတူ ရှိနေပါမယ် 💪🏻 ရဲဘော်ဆလိုင်း

ကား အကောင်းအစား စီး ခါးမှာ အတိုချိတ်ခါ KTV ဟိုင်းခန်းထဲမှာ အလှအပလေးတွေ အရွယ်စုံနဲ့ ကဲနေတဲ့ အထဲမှာ ကျနော် မပါဝင်တာမလိုစ် နည်းနည်း အားငယ်မီပါတယ် ။ ကိုကြီးရေ ညီအိမ်က အဆင်မပြေဘူးပြောလိုစ် ညီတပ်ကနေ နားခွင့်ပေးပါလိုစ် တောင်းဆိုတဲ့ အသံတွေ ဆရာရေ ညီမိန်းမ က တလရ က နေ နုတ်ထွက်ဖို့ ပြောနေတယ် ဆိုတဲ့ အသံတွေ ဒါတွေကို အကောင်းဆုံးအဖြစ် ရောက်အောင် စီစဉ်ရတာတွေလည်း ကြာတော့ ပင်းပန်းလာရပါတယ် ။ ဒီကြားထဲ မိန်းမ သွားခိုးတဲ့ ရဲဘော်ကို ကိုယ်တိုင် ငွေတိုးယူပြီး သွားအပ်ပေးရတာတွေ ဒါတွေက တော်တော်လေး ပင်းပန်းရပါတယ် ။ ဘယ်သူကို ဝေဖန်ဝေဖန် ဂရုမစိုက်ပေ့မဲ့ မြေပြင်က အခက်အခဲကို မြေပြင်ကို မကူပဲ NUG ကိုပဲ ပြောနေကျတော့ လည်ပင်းလည်း ယားနေပြီးမလိုစ် ဘာမှ ထုတ်မပြောမီတော့ပါဘူး 🥵 လောလောဆယ် လိုအပ်တာတွေ များပါတယ် ဘယ်သူဆီကို အပူကပ်ရမလည်း ဆိုတာလည်း မသိသေးပါဘူး ဒီလိုပဲ ခေါင်းကုပ်လိုက် လမ်းလျှောက် လုပ်စရာ ရှိတာ လုပ်လိုက်နဲ့ တနေ့ကုန်ပြန်ပါတယ် ။ နောက်ဆုံး တချက် ကတော့ တလရ သမား အဖြစ် ရဲ့ဝင့်စွာ ခံယူကျဖို့ပါပဲ 💪🏻 ရဲဘော်ဆလိုင်း

အဖေ နဲ့ နောက်ဆုံးစကားပြောခဲ့တုန်းက အဖေက ကျနော်ကို မေးခဲ့ဖူးတာလေး ရှိတယ် " တိုင်းပြည် ကိုတော့ မင်းက စိတ်ပူတယ် ငါ ( အဖေ) ကိုရော့ မင်းအကို မင်းအမ မင်းညီ မင်းညီမ ကိုတော့ စိတ်မပူဘူးလား “ တဲ့ အာတုန်းက အဖေ ကျနော် ကို ယုံကြည်တာ လုပ်ခွင့်ပြုပါလိုစ် တောင်းဆိုပြီး အဖေနောက်ဆုံးအချိန်မှာတောင် အဖေ က သူသားကို တွေ့ချင်ခဲ့ပေ့မဲ့ သားဖြစ်တဲ့ ကျနော်က အဖေကို တွေ့ခွင့်မပေးခဲ့ဘူး 😰 ဒါက ဘာကို ပြောချင်တာလည်း ဆိုရင် တခါတလေ ကျနော်တို့ဟာ တိုင်းပြည်အတွက် မိဘ ကို သစွာ ဖောက်ရတာမျိုးတွေ ရှိတယ် ဒါက အမှားလား အမှန်လားဆိုတော့ မပြောနိုင်ပေ့မဲ့ ကျနော် လိုစ် မိဘ က်ု သစွာဖောက်ခဲ့ကျတဲ့ သားမိုက် တွေ သမီးမိုက်တွေလည်း ရှိနေနိုင်ပါတယ် ဘယ်လိုပဲဖြစ်ဖြစ်ဖိုက်တင်းပါနော်💪🏻 ရဲဘော်ဆလိုင်း

Repost from N/a
Snipe Rangers Force ( Local - PDF ) သို့ ပြီးခဲ့တဲ့ November. 2025 တွင် ရူန်းကူခဲ့ကျတဲ့ တစ်ဦးချင်းရဲ့ ပါဝင်ထောက်ပံ့မူ ဖြစ်ပါတ
Snipe Rangers Force ( Local - PDF ) သို့ ပြီးခဲ့တဲ့ November. 2025 တွင် ရူန်းကူခဲ့ကျတဲ့ တစ်ဦးချင်းရဲ့ ပါဝင်ထောက်ပံ့မူ ဖြစ်ပါတယ် 💪🏻 နိုင်ရာဝန် နဲ့ ရူန်းကူပြီး ရှိနေပေးခဲ့ကျတဲ့ တစ်ဦးချင်းကို ကျေးဇူးအထူးတင်ရှိပါတယ် ခဗျာ 🥰 ရဲဘော်ဆလိုင်း

အလုပ်တွေ ပြန်လုပ်နေပြီးလားတဲ့ ကျနော် ဘယ်တုန်းက နားခဲ့ရသလည်း လိုစ် ကွကိုယ် အရင်ပြန်မေးမီတယ် ဘာရယ်မှတော့ ပြန်မဖြေလိုက်ပါဘူး 🥵 အရင်ကလို ပေါ်ပေါ်ထင်ထင် ကြီး မလုပ်သေးပေ့မဲ့ လုပ်စရာရှိတာကို ဆက်တိုက်လုပ်ဆောင်နေလျက် ရှိပါတယ် တလရ စကတည်းက လိုက်ပါခဲ့တာမလိုစ် တလရ ပြီးဆုံးသည်ထိ လိုက်ပါဖို့လည်း ဆန္ဒရှိသလို လိုက်ပါနိုင်ဖို့လည်း ကြိုးစားနေလျက် ရှိပါတယ် 💪🏻 စိတ်ကိုတော့ သေချာလေးကို အနားပေးထားတာမလိုစ် ဘယ်သူနဲ့မှတော့ စကားသိမ့်ပြီး ပြောနိုင်ဦးမယ် မဟုတ်ပါဘူး ခဗျာ 😰 ရဲဘော်ဆလိုင်း

သူတို့ ( စကစ ) က စစ်တန်လျား ကို ပြန်မယ်ကောင်တွေတော့ မဟုတ်ဘူး ကျနော် တို့ကလည်း အရူံးမပေးချင်တဲ့သူတွေ နိုင်ငံရေး ဆိုတာ ဘာမှန်းမသိပေ့မဲ့ နှစ်ဖတ်စလုံး ပြည်သူမျက်နှာ မူကျရင်တော့ ပို၍ ကောင်းပါတယ် ။ ခက်တာက လိုအပ်တဲ့ အချိန််မှာသာ ပြည်သူ အဖြစ်သတ်မှတ်ပြီး မလိုအပ်ရင် ရန်သူအဖြစ် သတ်မှတ်နေတော့ ပြောဖို့တော့ တကယ်ကို အခက်တွေ့ပါတယ် ။ ရဲဘော်ဆလိုင်း

ကျနော် ဘယ်အဖွဲ့အစည်းကိုမှ ဝေဖန်ခြင်း မဟုတ်ပါဘူး ပြည်သူ တစ်ယောက်အနေ ထောက်ပြတာမလိုစ် နားလည်းမူရှိစေချင်ပါတယ် ။ တိုက်ခိုက်ရေး အဖွဲ့တွေဖြစ်တဲ့ PDF ,LPDF , ပ.က.ဖ တို့မှာ အမျိုးသမီး ရဲမေ တွေကို ထုတ်မသုံးတာကို လက်ခံပါတယ် သို့သော် တချို့ အဖွဲ့အစည်းတွေမှာ အမျိုးသမီးရဲမေ တွေကပါ ထုတ်သုံးတာမျိုးတော့ မြင်တွေ့ရပါတယ် ။ ယနေ တတ်လာတဲ့ Vd တစ်ခုကို ကြည့်လိုက်တဲ့ အချိန်မှာ အပြစ်ရှိသူဟု ယူဆထားတဲ့ CDM ဆေးဆရာမ ကို လာရောက်ဖမ်းစီးတဲ့ အချိန်မှာ အမျိုးသမီးရဲမေ တွေ မပါလာခဲ့သလို ကိုယ်ထိလက်ရောက် ဖမ်းစီးတဲ့ အချိန်မှာလည်း ရဲမေတွေ မပါဝင်ခဲ့ပါဘူး ဒါကြောင့်မလိုစ် ကျနော် မေးခွန်း ထုတ်ချင်ပါတယ် 👇🏻 ၁။ အမျိုးသမီး ရဲမေ တွေဟာ ထမင်းဟင်း ချက်ရုံသီးသန့်ပဲလား ။ ၂။ အပြစ်ရှိသူ မိန်းကလေး ကို ယောင်္ကျားသားတွေ ဝင်ဖမ်းတာကို ဂုဏ်ယူနေပါသလား ။ ဆိုတာကို ကျနော် မေးခွန်းထုတ်ချင်ပါတယ် ။ အဖွဲ့အစည်းကို စော်ကားပြောဆိုခြင်း မဟုတ်တာ အပြင် မကြာခင် ဒီမေးခွန်းတွေ ကျနော် ကို လာမေးရင် ပြန်ဖြေနိုင်ဖို့ အတွက် မေးလိုက်ခြင်းသာဖြစ်ပါတယ် ။ ရဲဘော်ရဲမေ တို့ အနေနဲ့လည်း ဝင်ပြီး ဖြေကြားနိုင်ပါတယ် ခဗျာ ……. ရဲဘော်ဆလိုင်း

မေး - ကိုဆလိုင်းရေ ဒီလာမဲ့ ရွှေးကောက်ပွဲ ကို ဘယ်လိုမြင်မီသလည်း ? ဖြေ - ကျနော် အနေနဲ့ ဖြေရရင် ဒီရွှေးကောက်ပွဲဟာ ပြည်တွင်းစစ်ကို ပိုပြီး ရှည်ကြာစေမှာ ဖြစ်သလို သွေးချောင်းစီးမယ်လိုစ် မြင်မီပါတယ် ။ မေး - ဘာဖြစ်လိုစ် ပြောတာလည်းဗျ ဖြေ - လက်ရှိ စစ်ရေးအရ ပြောရရင် သွေးချောင်းစီးခဲ့တဲ့ စစ်ပွဲ တွေ ရှိခဲ့ပါပြီး ၊ ရွှေးကောက်ပွဲဟာ တရားမျှတ မူအတွက် လုပ်တာ မဟုတ်ပါဘူး တရားဝင် လူ သတ်ခွင့်ရဖို့အတွက် လုပ်တာပါ ဘယ်ပါတီမှ အနိုင်ပေးမှာမဟုတ်ပဲ စကစ အနေနဲ့ တရားဝင် သူလုပ်ချင်တာ လုပ်ဖို့ လုပ်တာမလိုစ်ပါ ။ ဒါလေးကတော့ မနေ့ညက တစ်ယောက်လာမေးတာ ပြန်ဖြေခဲ့တာလေးပါ ။ ရဲဘော်ဆလိုင်း

PPP ပါတီက Ko Kyaw Myo Lwin ဆိုတဲ့ ဘဲတဗွေက ဖြစ်ချင်တာက ဝန်ကြီး GED ဆိုတာ ဘာမှန်းမသိဘူး GED က အစိုးရကိုပုန်ကန်တာ ဂျင်းတဲ့ 🙄 GED ဆိုတဲ့ မင်းတို့လိုစ် တတ်ရောင်ကားတွေ ဝင်ဖြေလိုစ်ရတဲ့ ပညာရေးမဟုတ်သလို တော်လှန်ရေးနဲ့လည်း လုံးဝ မသတ်ဆိုင်ဘူး ဒုတိယ ကမ္ဘာစစ်ပြီးခဲ့ကတည်းက ရှိခဲ့တာ ပိိန်းရင်လည်း ကြည့်ကျပ်ပိန်း 🙄 ဘယ်လို လူတွေကများ ဒင်းကို မဲပေးမလည်း မသိဘူး စိတ်ပျက်ပါတယ် တကယ်ပဲ 😢 ရဲဘော်ဆလိုင်း

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မူ ရှိနေတာမလိုစ် ဒီလကုန် ထိ ကျနော် အေးအေးဆေးဆေး လေး အနားယူခွင့်ပြုကျပါ ခဗျာ 🙏 ကျနော် တလရ ကနေ တော့ နုတ်မထွက်ပဲ ရှိနေပါမယ် 💪🏻 ရဲဘော်ဆလိုင်း

Repost from N/a
နမခ ထဲမှာ လေကြောင်းတိုက်ခိုက်ပြီး ပြန်လာတဲ့ Paramotar တစ်စီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့သလို မောင်းတဲ့ စခ တစ်ဦးလည်း ဇာတ် ခေါက်သွားကြောင်း သတင်းကောင်းပါအပ်တယ် ခဗျာ ။ ရဲဘော်ဆလိုင်း

နီးရာ ဓားကို ကြောက်တာ လက်ခံပါတယ် သို့သော် ဓားနဲ့အနီးမှာ နေတာကိုတော့ စဉ်စားမရဖြစ်မီပါတယ် ။ အဘတ်ဘတ်ကပြန်တွေးကြည့်လည်း ငါတို့ပဲ နီပိန်းဆိုပြီး မဆိုင်ပဲ ဂလိုင်ခေါက်ခံရဦးမယ် ။ တကယ်ကို မလွယ်ပါလား " နိုင်ငံရေး ဟာ ပြည်သူအရေးဖြစ်တယ် ၊ ပြည်သူတိုင်း နိုင်ငံရေး နဲ့ ကင်းကွာလိုစ် မရဘူး “ ဆိုတာ ကိုလည်း တကယ်ကို သိစေချင်မီပါတယ် ။ ရဲဘော်ဆလိုင်း

Repost from N/a
၁.၁၁.၂၀၂၅ - ၁၀.၁၁.၂၀၂၅ ထိ ဘုတလင် တိုက်ပွဲမှာ စခ၊ပစ တွေ မနည်းပါဘူးတဲ့ ခဗျာ ပထမ မိုင်းကြောင့် ၇ ကောင် လက်နက်ကြီး လက်နက်ငယ်ကြောင
၁.၁၁.၂၀၂၅ - ၁၀.၁၁.၂၀၂၅ ထိ ဘုတလင် တိုက်ပွဲမှာ စခ၊ပစ တွေ မနည်းပါဘူးတဲ့ ခဗျာ ပထမ မိုင်းကြောင့် ၇ ကောင် လက်နက်ကြီး လက်နက်ငယ်ကြောင့် ၆ ကောင် လစ်သွားပြီး ၅ ဦးက လက်နက်ချ ပါတယ် ။ ( ဒါကတော့ အသေးစိတ်ပါ) ပြောချင်တာကတော့ မင်းတို့ တတ်လာလေ ငါတို့က ရိုတ်ချလေပဲဆိုတာ သိစေချင်ပါတယ် မကျေနပ်ရင်တော့ အဘ ကို လှမ်းတိုင်လိုက်ပါနော် 🤗 ဒီစစ်ဆင်ရေးကိုတော့ မုံရွာခရိုင် ပ.က.ဖ ရဲ့ တပ်တွေ ဦးဆောင်မူနဲ့တူတူ Snipe Rangers Force ( Local - PDF) မှ ပူးတွဲဆောင်ရွှတ်ခဲ့ပါတယ် ။ - သတင်းမီဒီယာ များအား ပြန်လည် ဖြေကြားနိုင်မည် မဟုတ်ပါ - ရဲဘော်ဆလိုင်း

Repost from N/a
ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၇ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တပ်စွဲထားသော နေရာများကို တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဘုတင်လင်းမြို့နယ်တွင် မုံရွာ နမခ ကာကင်းအဖြစ် အထိုင်ချတပ်စွဲထားသော ဇီးတောရွာမှ စစ်ကြောင်းထိုးရန် အင်အား ၇၀ ခန့်ဖြစ် ထွက်လာသည့် အကြမ်းဖက် စစ်သားများကို ပိုးကုန်းလမ်းခွဲအနီးတွင် မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ (Chindwin Brothers) အဖွဲ့က စောင့်ကြိုကာ မိုင်းကွင်းအတွင်း ပဒေသာရှေ့ထွက်မိုင်းများဖြင့် ဆီးကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထို့နောက် Chindwin Brothers အဖွဲ့၏ မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄၀ မိနစ် ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများပြားသောကြောင့် စစ်ကြောင်းဆက်လက်ထိုးနိုင်ခြင်းမရှိတော့ဘဲ ၎င်းတို့တပ်စွဲထားသော ဇီးတောရွာကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။ အလားတူ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပိုးကုန်းလမ်းခွဲအနီးကို ထပ်မံစစ်ကြောင်းထိုးရန် ထွက်လာစဉ် မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေး လက်ရုံးတပ်ဖွဲ့ (Chindwin Brothers) က ဦးဆောင်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၆ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကာ ဇီးတောရွာကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။ ထိုသို့ ဆုတ်ခွာသွားသော်လည်း တော်လှန်ရေး တပ်ဖွဲ့များက ၎င်းတို့ တပ်စွဲထားသော ဇီးတောရွာမြောက်ဘက်ရှိ အထိုင်စခန်းအထိ လက်နက်ကြီးများဖြင့် လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။ "ဘုတလင်နယ်မြေအတွင်းက ကိစ္စကတော့ အခုက အနောက်ဇီးတောရွာမှာ စစ်တပ်က မုံရွာ နမခ အတွက် ကာကင်းပုံစံပေါ့။ မုံရွာ ကျောက္ကာတောင်ရွာမှာ ကျောက္ကာ ရွှေဂူဘုရားကြီး အနီးတဝိုက်မှာ အခြေပြု တပ်စွဲထားသလို ပုံစံမျိုးနဲ့ မြို့ကို နောက်ဘက်ကနေ ကာကင်းထုတ်ထားတဲ့ ပုံစံမျိုးပေါ့ လုပ်ခဲ့မယ်ဆိုရင်တော့ လမ်းပိုင်းထိန်းချုပ်ရင်းနဲ့ မြို့ကို ကာကင်းထုတ်ထားတာမျိုး အခုလည်း ဘုတလင် အနောက်ဇီးတောရွာမှာ နမခကို ကာကင်းထုတ်ထားမျိုးဆိုရင်တော့ ရေရှည်မှာ စစ်ရှောင် ပြည်သူတွေအတွက် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်လာနိုင်စရာရှိတယ်။ သူတို့ စားဝတ်နေရေးတွေ ခက်ခဲမှာ စိုးရိမ်ရတဲ့ အနေအထားရှိပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ဒါကို စိုးရိမ်မှုရှိနေပါတယ်။ ရန်သူ စစ်တပ် ဘက်ကတော့ သူတို့ လုပ်စရာရှိတဲ့ အလုပ်ကို ပြတ်ပြတ်သားသား လုပ်ပါတယ်။ ကျနော်တို့ ဘက်ကတော့ ကျနော်တို့ လုပ်နိုင်တဲ့ အားလေးနဲ့တော့ ကြိုးစားဆောင်ရွက်နေတာတွေရှိပါတယ်။ လောလောဆယ်မှာ လောလောဆယ်မှာတော့ ပြည်သူတွေအတွက် စိုးရိမ်ပူပန်တာပဲရှိပါတယ်" ဟု မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ (Chindwin Brothers) မှ ဦးဆောင်၍ မုံရွာခရိုင် အမှတ် (၁၄) တပ်ရင်း၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army ၊ ဗိုလ်လက်ကောက် အဖွဲ့၊ Snipe Rangers Force (Local - PDF) - S.R.F အဖွဲ့၊ ဒေါင်းပျောက်ကြားအဖွဲ့ ၊အုပ်ကြီးနှင့်အဖွဲ့ ၊ နင်ဂျာအဖွဲ့ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ပွဲများအတွင်း တော်လှန်ရေးအဖွဲ့များဘက်မှ အကြမ်းဖက် စစ်တပ်၏ နယ်မြေရှင်းလင်းရေး ရည်မှန်းချက်ကို ဟန့်တား၍ ဘုတလင်မြို့နယ် တောင်ပိုင်းရှိ ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မှုအား စုပေါင်းအင်အားဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ အထိခိုက်၊ အကျဆုံးမရှိဘဲ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

Repost from N/a
တောထဲကနေ မပစ်နဲ့ဆိုလိုစ် 🙄 ရဲဘော်ဆလိုင်း

Repost from N/a

Repost from N/a
၁.၁၁.၂၀၂၅ ခုနှစ်၊ မနက် (၈) နာရီခွဲအချိန်ခန့်တွင် ရန်သူ အကြမ်းဖက် ဖက်ဆစ်စစ်ကော်မရှင်၏ မုံရွာ - နမခ ကာကင်းအဖြစ် အထိုင်ချတပ်စွဲထားသည့် မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ဇီးတောရွာမှ မြောက်ဘက်သို့ စစ်ကြောင်းထိုးလာစဥ် ပိုးကုန်းလမ်းခွဲအနီး ခန့်မှန်းမြေပုံညွှန်း 46QGK 19503 66900 တွင် မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ (Chindwin Brothers) အဖွဲ့က ကြိုတင်ပြင်ဆင်ထားသော မိုင်းကွင်းအတွင်းသို့ ရန်သူစစ်ကော်မရှင်တပ်ဖွဲ့များ၊ ပျူများ၊ ပစများ ပူးပေါင်းအင်အား (၇၀) ခန့်ဖြင့် ဝင်ရောက်လာရာ ပဒေသာရှေ့ထွက်မိုင်းများဖြင့် ဆီးကြိုတိုက်ခိုက်ခဲ့ကြပြီး၊ Chindwin Brothers အဖွဲ့၏ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် (၄၀) ခန့်ကြာအောင် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြပါ၍ ရန်သူ စကမများသည် ဒဏ်ရာရရှိမှုများဖြင့် ၎င်းတို့၏ ရည်မှန်းချက်မအောင်မြင်ဘဲ၊ ၎င်းတို့မူလအခြေပြုထားခဲ့သော ဇီးတောရွာသို့ ပြန်ခေါက်သွားကြပါသည်။ ၅.၁၁.၂၀၂၅ ရက်နေ့တွင် ရန်သူ အကြမ်းဖက် ဖက်ဆစ်စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့များသည် ပိုးကုန်းလမ်းခွဲအနီးသို့ ခန့်မှန်းအင်အား (၆၀) ခန့်ဖြင့် ထပ်မံစစ်ကြောင်းထွက်လာခဲ့ပါသောကြောင့် နေ့လည် (၁) နာရီ (၁၀) မိနစ်အချိန်ခန့်တွင် မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေး လက်ရုံးတပ်ဖွဲ့ (Chindwin Brothers) ဦးဆောင်သည့် ​တော်လှန်ရေးအင်အားစုများက လက်နက်ငယ်များဖြင့် ဝိုင်းဝန်းဆီးကြို၊ ကြားဖြတ်တိုက်ခိုက်ခြေမှုန်းကြရာ စကမ လက်အောက်ခံ တပ်ဖွဲ့များ (၆) ဦးသေဆုံးပြီး၊ အများအပြား ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားရာ ၎င်းတို့အခြေပြုထားသော မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ဇီးတောရွာမြောက်ဘက်ရှိ ၎င်းတို့၏ အထိုင်စခန်းအထိ နေ့လည် (၂) နာရီ (၁၅) မိနစ်အချိန်အထိ တော်လှန်ရေးအင်အားစုများစုပေါင်း၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါသည်။ လက်နက်ကြီးများဖြင့် ဆက်လက်တိုက်ခိုက်မှုအတွက် ရန်သူ သေဆုံး၊ ထိခိုက်ဒဏ်ရာရစာရင်းအား ဆက်လက်စုံစမ်းနေကြဆဲ့ဖြစ်ပါသည်။ ယခုစစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ (Chindwin Brothers) မှ ဦးဆောင်၍ မုံရွာခရိုင် အမှတ် (၁၄) တပ်ရင်း၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army ၊ ဗိုလ်လက်ကောက် အဖွဲ့၊ Snipe Rangers Force (Local - PDF)၊ ဒေါင်းပျောက်ကြားအဖွဲ့ ၊အုပ်ကြီးနှင့်အဖွဲ့ ၊ နင်ဂျာအဖွဲ့ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့များဘက်မှ ရန်သူ စစ်ကော်မရှင်တပ်၏ နယ်မြေရှင်းလင်းရေး ရည်မှန်းချက်ကို ဟန့်တား၍ ဘုတလင်မြို့နယ် တောင်ပိုင်းရှိ ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မှုအား စုပေါင်းအင်အားဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြပါသည်။ တိုက်ပွဲအတွင်း မိမိတို့တော်လှန်ရေးအင်အားစုများဘက်မှ အထိခိုက်၊ အကျဆုံးမရှိဘဲ လုပ်ဆောင်နိုင်ခဲ့ကြပါသည်။

Repost from N/a
အမှတ် (၁) စစ်ဒေသ ၊ မုံရွာခရိုင် ၊ ဘုတလင် မြို့နယ်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့တူတူ စကမ ကို ဖြုတ်နေပါတယ် ဘာတွေ လိုလည်း မမေးပါနဲ့ Messager ကို လာ hi ပြီး ရန်ပုံငွေသာ ကူညီပေးလိုက်ပါနော် ။ ဆက်သွယ်ရန် (Telegram - +918732044695) ရဲဘော်ဆလိုင်း