en
Feedback
Creative Coder Myanmar

Creative Coder Myanmar

Open in Telegram

Web Development ခရီးစဉ်ကို Creative Coder နှင့်စတင်လိုက်ပါ။🚀

Show more
1 469
Subscribers
No data24 hours
+67 days
+3730 days
Posts Archive
photo content
+4

Promotion ကာလမကုန်သေးပါဘူးဗျို့ 🚀 Creative Coder ရဲ့ Learning Platform အတန်းတွေကို သုံးသိန်းခွဲတည်းနဲ့ တက်ရောက်နိုင်မယ့်အခွင့်အရေးက ဩဂုတ်လကုန်အထိသာဖြစ်ပါတယ် ဒါပေမယ့် သင်တန်းအပ်ဖို့မမှီလိုက်တဲ့ကျောင်းသားတွေအတွက် ဒီသင်တန်းကြေးနဲ့ပဲ စက်တင်ဘာလဆန်း(၃) ရက်နေ့အထိ ထပ်မံလက်ခံသွားမှာဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါရစေ။ နောက်တစ်ခါမရတော့တဲ့ ဒီလိုတန်မှတန်တဲ့အခွင့်အရေးကြီးကိုအရယူလိုပါက page messenger ကနေသင်တန်းအပ်နှံနိုင်ပါပြီ။ #creative_coder_myanmar

photo content

photo content
+4

Empty Check လုပ်ဖို့အတွက် အကောင်းဆုံး is empty function ✔️📝 Is empty function ကို သုံးဖူးပြီးသွားကြပြီလား Developer ကြီးတို့ရေ 👀 Is empty function ကို ပေးထားတဲ့ value က empty ဖြစ်လားဆိုတာ စစ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။ Type check တွေကို အသုံးပြုပြီး emptiness အမျိုးအစားကို return ပြန်ပေးပါတယ်။ Empty မဟုတ်တဲ့ string စတာတွေဆိုရင်တော့ false လို့ return ပြန်ပေးပါတယ်။ သူ့ရဲ့ main component အနေနဲ့ကတော့ Type checker ပါ၀င်ပြီး condition အမျိုးမျိုးကို return ပြန်ပေးပါတယ်။ Code example လေးနဲ့အတူ ကြည့်လိုက်ရအောင် 👀 function isEmpty(value) { const typeCheckers = { 'null or undefined': value == null && true, 'boolean': typeof value === 'boolean' && false, 'number': typeof value === 'number' && isNaN(value), 'string': typeof value === 'string' && value.trim().length === 0, 'array': Array.isArray(value) && value.length === 0, 'plain object': Object.prototype.toString.call(value) === '[object Object]' && Object.keys(value).length === 0, 'map': value instanceof Map && value.size === 0, 'set': value instanceof Set && value.size === 0, 'arguments object': Object.prototype.toString.call(value) === '[object Arguments]' && value.length === 0, 'typed array': ArrayBuffer.isView(value) && value.length === 0, 'weak map': value instanceof WeakMap && false, 'weak set': value instanceof WeakSet && false, 'date': value instanceof Date && isNaN(value.getTime()), 'error': value instanceof Error && false, 'symbol': typeof value === 'symbol' && false, 'function': typeof value === 'function' && false, 'default': false }; return Object.values(typeCheckers).find(check => check !== false) ?? false; } ဒီ code လေးမှာဆိုရင် ပထမဆုံး type checker နဲ့အတူ စစ်ပေးပါတယ်။ အောက်က example လေးမှာတော့ ဥပမာလေးတွေထည့်ပြထားပါတယ်။ // Examples console.log(isEmpty(null)); // true ဒီမှာဆိုရင် undefined ကမှန်တဲ့အတွက် true လို့ return ပြန်ပေးပါတယ်။ console.log(isEmpty(undefined)); // true console.log(isEmpty(true)); // false console.log(isEmpty(false)); // false console.log(isEmpty(0)); // false 0 ဆိုရင်တော့ false လို့ return ပြန်ပေးတာက Nan တွေက empty မဟုတ်လို့ပဲ ဖြစ်ပါတယ်။ console.log(isEmpty(NaN)); // true console.log(isEmpty('')); // true console.log(isEmpty(' ')); // true console.log(isEmpty('hello')); // false console.log(isEmpty([])); // true console.log(isEmpty([1, 2, 3])); // false console.log(isEmpty({})); // true console.log(isEmpty({ a: 1 })); // false console.log(isEmpty(new Map())); // true console.log(isEmpty(new Map([['a', 1]]))); // false console.log(isEmpty(new Set())); // true console.log(isEmpty(new Set([1, 2, 3]))); // false console.log(isEmpty(function() {})); // false console.log(isEmpty(Symbol())); // false console.log(isEmpty(new Date())); // false console.log(isEmpty(new Date('invalid'))); // true console.log(isEmpty(new Error())); // false console.log(isEmpty(arguments)); // true ကျန်တဲ့ example တွေနဲ့ output တွေကို လေ့လာပြီး comment မှာ ဆွေးနွေးပေးသွားလို့ရပါတယ်။ #creative_coder_myanmar

photo content
+2

photo content

Developer ဖြစ်ဖို့အတန်ဆုံးအခွင့်အရေး 💯 Learning Platform ကရှိသမျှအတန်းတွေအကုန်လုံးကို မြန်မာငွေသုံးသိန်းခွဲတည်းနဲ့ အပ်နှံနိုင်မယ့် အခွင့်အရေးဟာ အခု ဩဂုတ်လကုန်အထိ ရှိနေမှာဖြစ်ပါတယ်။ ဒီအခွင့်အရေးမှာဆိုရင်သင်ခန်းစာတွေကို တစ်ခါ၀ယ်ယူရုံနြဲ တစ်သက်တာ လေ့လာခွင့်ရမယ့်အခွင့်အရေးအပြင် one on one meeting, Internship opportunities စတဲ့အခွင့်အရေးတွေပါရှိနေပါသေးတယ်။ ဒီအတန်းလေးကို နောက်လေးရက် (ဩဂုတ်လကုန်) အထိသာ အပ်နှံခွင့်ရတော့မှာ ဖြစ်တဲ့အတွက် Developer ဖြစ်ဖို့အတန်ဆုံးအခွင့်အရေးကို အရယူထားဖို့ မမေ့နဲ့နော် 👀💬 #creative_coder_myanmar

Backend Framework နှစ်ခုရဲ့အားပြိုင်မှု (Node.js Vs Ruby on Rails) Web Development ရဲ့ Backend ပိုင်းမှာအသုံးပြုကြတဲ့ framework နှစ်ခုဖြစ်တဲ့ Node.js နဲ့ Ruby on Rails နှစ်ခုအကြောင်းကို ကြည့်လိုက်ရအောင်။ 👉Node.js က developer community မှာ ဆယ်စုနှစ်ကျော် တည်ရှိခဲ့တာဖြစ်တယ်။ ယုံကြည်စိတ်ချရပြီး၊ npm မှာရှိတဲ့ library များစွာနဲ့ တိုးတက်ဆဲ technology တစ်ခုဖြစ်ပါတယ်။ Node.js ကို developer တွေအသုံးပြုနေရတဲ့ အကြောင်းအရင်းတွေကတော့ 📝npm မှာ modules ထောင်ပေါင်းများစွာရှိတဲ့အတွက် Developer တွေကို အများကြီးအထောက်အကူပေးနိုင်ပါတယ်။ 📝Node.js ကိုအသုံးပြုပြီး JavaScript နဲ့ full-stack development လုပ်နိုင်တာကြောင့် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် development အချိန်ကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ 👉 Ruby နဲ့ရေးထားတဲ့ framework တစ်ခုဖြစ်တဲ့ Ruby on Rails ကတော့ server side web application တစ်ခုဖြစ်ပါတယ်။ Ruby ရဲ့ ecosystem က Node.js ထက် ပိုပြီးသေးပေမယ့်လည်း stable ဖြစ်တဲ့ library တော်တော်များများပါ၀င်နေပါတယ်။ Performance ပိုင်းမှာဆိုရင်လည်း speed ပိုင်းမှာ modern hosting ပိုင်းနဲ့တွဲပြီးလုပ်နိုင်သလို optimization နဲ့ catching အပိုင်းမှာလည်း အဆင်ပြေတာကိုတွေ့ရမှာပါ။ သူတို့နှစ်ခုရဲ့ အဓိက ကွာခြားချက်တွေကတော့ Node.js ကို CommonJS modules နဲ့ npm registry အတွက်အသုံးပြုနိုင်ပါတယ်။ Ruby on Rails ကိုသုံးဖို့အတွက်ဆိုရင်တော့ load balancers တွေ၊ background job processors တွေ၊ catching mechanism တွေလိုအပ်ပါတယ်။ Security အပိုင်းမှာဆိုရင် Node.jsမှာ Built-in security permissions ပါ၀င်ခြင်းမရှိတဲ့အတွက် file တွေကို access လုပ်တာ၊ network request တွေ အများကြီးကို default အနေနဲ့ ရေးတဲ့အခါ unrestricted ဖြစ်စေနိုင်မှာဖြစ်ပါတယ်။ Ruby on Rails ကတော့ security ပိုင်းမှာ CSS, CSRF တို့လို vulnerabilities တွေကိုခံနိုင်အောင်လုပ်ဆောင်ထားပါတယ်။ Developer တို့အနေနဲ့ ဘာကို ရွေးချယ်ကြမလဲ? Node.js ကို real time application တွေဖြစ်တဲ့ chat application တွေ live updates တွေမှာအသုံးပြုနိုင်ပြီး Ruby on Rails ကိုတော့ rapid development နဲ့ robust convention တွေပါ၀င်တဲ့ e-commerce platform တွေ၊ content management system တွေတည်ဆောက်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ dependencies များစွာရှိတဲ့ project တွေမှာ အလုပ်လုပ်နေရင်၊ community support ကို အလေးထားတဲ့သူဖြစ်ရင်တော့ Node Js ကိုအသုံးပြုနိုင်ပါတယ်။ Rapid development ပိုင်းအတွက်ဆိုရင်တော့ Ruby on Rails ကအသင့်တော်ဆုံးပါပဲ။ Developer ကြီးတို့ရော ဘယ် framework ကိုပိုပြီးကြိုက်လဲဆိုတာ comment မှာပြောပေးသွားကြပါဦးနော် 💬 #creative_coder_myanmar #ruby #node.js

photo content

Learning Platform Promotion လေးပြီးမို့ ၅ရက်သာ လိုပါတော့တယ်ခင်ဗျာ။💕 ✅ One by One Meeting နဲ့စာမေးနိုင်မယ်။ ✅ Lifetime access
Learning Platform Promotion လေးပြီးမို့ ၅ရက်သာ လိုပါတော့တယ်ခင်ဗျာ။💕 ✅ One by One Meeting နဲ့စာမေးနိုင်မယ်။ ✅ Lifetime access & Update ✅ Live Chat စာမေးနိုင်မဲ့ အမိုက်ဆုံး Service တွေနဲ့ Developer Bundle Course လေးကိုရတုန်းယူထားကြနော်။🚀

photo content
+6

Developer တို့အတွက် Cheat Sheet Recommendation 💯 Cheat Sheet တွေဆိုတာ Developer တွေအတွက်လိုအပ်တဲ့ resource တွေ references တွေကို စုပေးထားတဲ့ အရေးပါတဲ့ information တွေဖြစ်ပါတယ်။ ဒါကြောင့် Creative Coder ကနေပြီးတော့ Developer တို့အတွက်လိုအပ်မယ့် cheat sheet တွေကို ဖော်ပြပေးလိုက်ရပါတယ်။ 📝 Git Cheat Sheet ဒီ sheet လေးထဲမှာဆိုရင် git command နဲ့ပတ်သက်တဲ့ အခြေခံတွေအကုန်လုံးကို စုစည်းပေးထားတာကြောင့် အသုံး၀င်စေမှာပါ။ >>> https://education.github.com/git-cheat-sheet-education.pdf 📝 Javascript Cheat Sheet Developer တို့အတွက်မရှိမဖြစ် JavaScript လာပါပြီခင်ဗျာ။ ဒီ sheet လေးထဲမှာဆိုရင်တော့ Javascript code core concept တွေ အပြင် syntax, data type, function တွေအကြောင်းကိုပါ ပြည့်ပြည့်စုံစုံထည့်သွင်းပေးထားပါတယ်။ >>> https://overapi.com/javascript 📝 Python Cheat Sheet Python ကိုစိတ်၀င်စားသူတွေအတွက် Python နဲ့ပတ်သက်သမျှ အကုန်ပါ၀င်တဲ့ Data camp က sheet လေးကိုလည်းတင်ပြပေးလိုက်ရပါတယ်။ >>> https://www.datacamp.com/cheat-sheet/getting-started-with-python-cheat-sheet 📝 HTML & CSS Cheat Sheet Beginner Developer တွေအတွက်အသုံး၀င်စေမယ့် HTML, CSS နဲ့ သက်ဆိုင်တဲ့ summary ပါ၀င်တဲ့ sheet လေးပဲဖြစ်ပါတယ်။ >>>> https://www.digitalocean.com/community/tutorial-series/how-to-style-html-with-css 📝 Linux Cheat Sheet Linux အသုံးပြုသူ Developer တွေအတွက် command တွေအကြောင်းစုံစုံလင်လင်ပါဝင်တဲ့ sheet လေးပဲဖြစ်ပါတယ်။ >>>> https://developers.redhat.com/cheat-sheets/linux-commands-cheat-sheet 📝 React Cheat Sheet React Developer တွေအတွက်အသုံး၀င်စေမယ့် အရေးကြီးတဲ့ concept တွေပါ၀င်တဲ့ sheet လေးဖြစ်ပါတယ်။ >>>> https://devhints.io/react ကဲ.. ဒီနေ့မှာတော့ Cheat Sheet တွေနဲ့ပတ်သက်ပြီး တင်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေလည်းသိသွားအောင် မျှဝေပေးသွားဖို့ မမေ့နဲ့နော် 👀 #creative_coder_myanmar #cheat_sheet

လုပ်ငန်းခွင်၀င်ဖို့အသင့်ဖြစ်နေစေမယ့် Portfolio တွေတည်ဆောက်နိုင်ဖို့ အိုင်ဒီယာကောင်းကောင်းမရှိသေးဘူး ဖြစ်နေပြီလား ? Portfolio ဆိုတာ Developer တွေအတွက် ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းကိုချပြလို့ရတဲ့ အရာဆိုရင်လည်းမမှားပါဘူး။ အကြံပေးလိုတာကတော့ အချိန်နည်းနည်းပေးပြီး project သေးသေးလေးတွေဆောက်မယ့်အစား အချိန်ငါးလ၊ ခြောက်လအကုန်ခံပြီး ကိုယ့်လုပ်နိုင်စွမ်းတွေကို ပိုပြီးပြသနိုင်တဲ့ project တွေကိုပဲပြုလုပ်ဖို့ဖြစ်ပါတယ်။ ဆိုလိုချင်တာက အချိန်နှစ်ပတ် လောက်အချိန်ယူလိုက်ရင်ပြီးသွားမယ့် CRUD application အစား အချိန် လေး၊ငါး၊ခြောက်လ လောက်ပေးရတဲ့ E-commerce platform ကိုကြိုးစားပြီးလုပ်ကြည့်တာက ပိုပြီးရလဒ်ကောင်းနိုင်ပါတယ်။ Portfolio Project အတွက် Idea မရှိသေးတဲ့ Developer တွေအတွက် တည်ဆောက်လို့ရနိုင်မယ့် Project လေးတွေကို ပြောပြပေးထားပါတယ်။ Developer တို့အနေနဲ့ကရော ‌ဘယ်လို project မျိုးတွေကို try ကြည့်ချင်လဲဆိုတာ comment မှာပြောပြပေးသွားပါဦးနော် 👀 #creative_coder_myanmar #portfolio 🚀 Personal Blog Developer တိုင်းမှာရှိနေသင့်တာကတော့ portfolio website တွေပါပဲ။ ဒီလို website မျိုးတွေမှာ ကိုယ့်အကြောင်းပါမယ်။ ကိုယ့်ရဲ့ skill တွေပါမယ်။ လုပ်ခဲ့ဖူးတဲ့ project တွေကိုလည်းပြသထားနိုင်မှာဖြစ်ပါတယ်။ 🚀 E-commerce Platform E-commerce platform တွေဟာ Developer တို့ရဲ့စွမ်းရည်ကို ချပြဖို့အကောင်းဆုံး အရာပါပဲ။ E-commerce website ထဲမှာဆိုရင် CRUD အပြင် product ရှာတာ၊ item တွေကို cart ထဲထည့်တာမျိုးတွေပါ ကိုယ် idea ရှိသလိုထည့်သွင်းနိုင်ပါတယ်။ 🚀 Task Management App Management App တွေမှာတော့ task categorization တွေ reminder တွေထည့်နိုင်မှာဖြစ်ပါတယ်။ 🚀 Chat Application Chat Application တွေကလည်း real time feature တွေပါ၀င်ပြီး user authentication တွေ private messaging တွေ chat room တွေစတဲ့ feature တွေကို try ကြည့်နိုင်မှာပါ။ 🚀 Blogging Platform User တွေ register လုပ်နိုင်ပြီး post တွေ comment တွေ profile manage လုပ်နိုင်မယ့် feature တွေပါ၀င်တဲ့ blogging platform တွေကလည်း ကိုယ့်ရဲ့ coding skill ကိုချပြနိုင်ဖို့ အကောင်းဆုံးရွေးချယ်မှုတွေပဲဖြစ်ပါတယ်။

photo content
+5

photo content

Developer Bundle Course လေးကိုအပ်နှံနိုင်ဖို့ (၆) ရက်သာလိုပါတော့တယ် ဒီအတန်းလေးကို ဒီလို discount နဲ့တက်ရောက်နိုင်တာ ဒီတစ်ခါနောက်ဆုံးပဲဖြစ်ပါတယ်။ ထပ်မံလက်ခံနိုင်မယ့် ‌ကျောင်းသားဦးရေကလည်း (၅) ယောက်သာကျန်ရှိတော့တာဖြစ်ပါတယ်။ August လကုန်ရင် ဒီလိုအခွင့်အရေးထပ်မရနိုင်တော့လို့ အတန်းအပ်မယ်ဆို page messenger ကနေအပ်နှံနိုင်ပါပြီ။

Quizz Time

photo content

ကယ် Premium 1 by 1 Meeting Support Sevice နဲ့ တက်ရောက်နိုင်မဲ့ Developer Bundle Package အခွင့်အရေးလေးက ၇ရက်သာ လိုပါတော့မယ်ခင်
ကယ် Premium 1 by 1 Meeting Support Sevice နဲ့ တက်ရောက်နိုင်မဲ့ Developer Bundle Package အခွင့်အရေးလေးက ၇ရက်သာ လိုပါတော့မယ်ခင်ဗျာ။ စိတ်ဝင်စားသူများ လက်မလွတ်စေနဲ့နော်ဗျို့။🚀

Creative Coder Myanmar - Statistics & analytics of Telegram channel @creativecodermm