en
Feedback
Study Diary

Study Diary

Open in Telegram

This is a public channel of Study Diary which will mainly focus on developing English skills.

Show more
7 797
Subscribers
No data24 hours
-157 days
-7130 days
Posts Archive
photo content
+4

Study Diary ၏ စာကြည့်တိုက် (အပိုင်း ၁) ကျွန်မတို့ Study Diary ရဲ့ page ကိုစောင့်ကြည့်နေကြ စာဖတ်သူလေးတွေဆိုရင် Study Diary က ပြုလုပ်ခဲ့တဲ့ “စာအုပ်အလှူခံ” “ပညာရေးကူပွန်ရောင်းချခြင်း” အစီအစဉ်တွေကို သိကြပါလိမ့်မယ်။ ဒီအလှူတွေကနေ ကျွန်မတို့လက်ခံရရှိခဲ့တဲ့ စာအုပ်၊ဂျာနယ်၊ ရွှေသွေးတေဇ တွေကိုစုပေါင်းရင်း ငွေကြေးအလှူတွေကို စာရေးကိရိယာတွေဝယ်လို့၊ Study Diary Volunteers တွေက လူအင်အားစိုက်ကာ မြန်မာနိုင်ငံတောင်ပေါ်ဒေသ တစ်နေရာမှာ စာကြည့်တိုက်လေးတစ်ခု ကို ပြုလုပ်သွားဖို့ ရှိပါတယ်ရှင်။ စာကြည့်တိုက်သာမက ဒေသတွင်းက ကျောင်းသား၃၂ယောက်စာအတွက် - လွယ်အိတ် - စာအုပ် - ခဲတံ - ပုံဆွဲစာရေးကိရိယာ - ဖိနပ် - ဦးနှောက်ဖွံဖြိုးရန်ကစားစရာများ ကိုပါတစ်ပါတည်း အထောက်အပံ့ကူညီဖို့စီစဉ်ထားပါတယ်။ ကျွန်မတို့ရဲ့ပညာရေးprojectတွေကို အမြဲယုံကြည်ပြီး လာရောက်ပူးပေါင်းကြတဲ့စာအုပ်အလှူရှင်တွေသာမက၊ “ကူပွန် ပရောဂျက်” မှာ “ကူပွန်မယူတော့ဘူး၊ လိုတဲ့နေရာလှူပေးပါ” ဆိုတဲ့ အလှူရှင်များကိုပါ ကျေးဇူးတင်ရှိရင်း လောလောလတ်လတ်ဝယ်ထားတဲ့ သင်ထောက်ကူ ပစ္စည်းလေးများကို မျှဝေလိုက်ပါတယ်ရှင်။ (ပုံတစ်ပုံခြင်းဆီ ထောက်ကြည့်နိုင်ပါတယ်)

photo content

“ကလေးတွေအတွက် ဖန်တီးခွင့်နဲ့ ဘဝတွေကို စိတ်ကြိုက်အရောင်ခြယ်လှယ်ခွင့်ပေးပါ“ ✨Study Diary ရဲ့နှစ်ကုန်ပရောဂျက်လေးတစ်ခုကို လူကြီးမင်းတို့ထံ ကြေညာချက်လေးထုတ်ပြန်ရင်း အကူအညီလေးတောင်းစရာရှိတာမို့ စာလေးကိုအဆုံးထိဖတ်စေချင်ပါတယ်ဗျ 📍2024 ခုနှစ်ရဲ့အစောပိုင်းတုန်းက Study Diary မှာ On-Ground Donation တစ်ခုကလွဲလို့ ကျွန်တော်တို့ဆီကနေ ပညာရေးအလှူနဲ့ပတ်သက်ရင် အသံလေးတွေ တိတ်နေခဲ့တာ ကြာခဲ့ပါပြီ ❕ဒါကြောင့် ကတုံးလေးရဲ့ မိသားစုတစ်စုလုံးက နှစ်တစ်နှစ်ကိုအလဟဿမဖြစ်စေချင်တာမို့ The Edu Loot ( ပညာရေးသေတ္တာ ) အစီအစဉ်လေးကို စီမံဖို့ စတင်ခဲ့ပါတယ် ❔ပညာရေးသေတ္တာ အစီအစဉ်မှာ ကျွန်တော်တို့တွေအနေနဲ့ နယ်ဘက်ဒေသက အထောက်အပံ့နည်းတဲ့ မူလတန်းကျောင်းလေးတစ်ကျောင်းက ကလေးယောက်၃၀လောက်အတွက် ပညာရေးအထောက်အပံ့လေးပေးချင်တာမို့ လူကြီးမင်းတို့လည်း ဒီပရောဂျက်ရဲ့ တစ်ထောင့်တစ်နေရာကနေ ကုသိုလ်ယူပြီး ကူညီလို့ရအောင် ကျွန်တော်တို့နဲ့တူတူ ကလေးလေးတွေအားလပ်ချိန်စာပေဖတ်ရှူလို့ရနိုင်တဲ့ စာအုပ်စင်လေးတစ်ခုတည်ဆောက်ပေးဖို့အတွက် စာအုပ်စာပေ Educational Materials & Stationery အင်အားလေးအနည်းငယ်လိုအပ်လျက်ရှိပါတယ် ❗️လူကြီးမင်းတို့ကူညီပေးရမယ့်ကဏ္ဍကတော့ ကိုယ့်ရဲ့အိမ်က ငယ်စဉ်အခါကတည်းကရှိနေခဲ့တဲ့ စာအုပ်အပုံလေးထဲမှာပဲဖြစ်ဖြစ် ၊ ကိုယ်ကမိဘတစ်ယောက်ဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့ သားသားမီးမီးလေးတွေရဲ့စာအုပ်စင်ပေါ်ကပဲဖြစ်ဖြစ် ✅ဖတ်ပြီး မှတ်ပြီး စိတ်ကူးယဉ်ပြီး အာကာသထဲရွက်လွှင့်ခဲ့တဲ့ ဖတ်စာအုပ် ၊ ကာတွနိးရုပ်ပုံစာအုပ်လေးတွေ ✅ပညာရေးဗဟုသုတကို အများကြီးအာဟာရပေးနိုင်မယ့် ဘဝပညာပေးယဉ်ကျေးလိမ္မာစာစောင် ရွှေသွေးစာစောင်လေးတွေ သိမ်းထားခဲ့ပြီး ပိုနေခဲ့မယ် ၊ မလိုတော့ဘူးဆိုရင် ကျွန်တော်တို့နဲ့တူတူ စာကြည့်တိုက်သေးသေးလေးဖန်တီးဖို့အတွက် ဖိတ်ခေါ်ပါရစေ ✅စာအုပ်လေးတွေ ၊ စာစောင်လေးတွေ မဆွဲရသေးတဲ့ပန်းချီရောင်ခြယ်စာအုပ်လေးတွေကို ကျွန်တော်တို့ဆီမှာ စာရင်းပေးအလှူဒါနပြုလို့ရပါတယ် ✉️စာအုပ််လေးတွေလှူဒါန်းချင်တယ် ၊ ဘယ်ကိုလာလှူရမလဲ? ၊ ဘယ်လိုဆက်သွယ်ကူညီပေးရမလဲအသေးစိတ်စုံစမ်းချင်ရင် ကျွန်တော်တို့ရဲ့ Page Messenger ကိုလာရောက်ပြီး လာရောက်မေးမြန်းနိုင်ပါတယ်ဗျ

photo content

✨ကတုံးလေး၏ New Era New Style✨ ✨Study Diary မှ သီတင်းကျွတ်အပြီး ပုံမှန်အပတ်စဉ်တိုင်းဖွင့်နေကျ Weekly Conversation Club နှင့် I
✨ကတုံးလေး၏ New Era New Style✨ ✨Study Diary မှ သီတင်းကျွတ်အပြီး ပုံမှန်အပတ်စဉ်တိုင်းဖွင့်နေကျ Weekly Conversation Club နှင့် IELTS Speaking Club တို့ကိုအသစ်ပြန်လည်စီမံကာ ရေဘေး campaign မှ ကူပွန်များကိုအသုံးပြုပြီး ပညာသင်ကြားနိုင်ရန်အတွင် အတန်းသစ်များကိုလည်းဖွင့်ပေးဖို့ကြိုးစားနေသောကြောင့် ယခုလအတွက် ✅Vibe & Learn Content Creation Post ✅Knowledge Sharing စတဲ့ Activity အပြင်အခြားသောလုပ်ဆောင်ချက်များအားလုံးကိုခေတ္တခဏရပ်နားထားပြီး အသစ်အသစ်သော ပညာရေးပရောဂျက်များအတွက် လုပ်ဆောင်နေကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။ ✨မိသားစုတိုင်းကျန်းမာပျော်ရွှင်မှုများနှင့်ပြည့်စုံပြီး ဘေးအခက်အခဲပေါင်းများစွာ ကျော်လွှားစေနိုင်မယ့် မင်္ဂလာသီတင်းကျွတ်ပိုင်ဆိုင်ရပါစေလို့ Study Diary မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။

✨Study Diary ရဲ့ ဂျာကြီး Position အတွက် Subject Line : Study Diary Manager Position လေးနဲ့တကွ တစ်ယောက်ချင်းစီတိုင်းအတွက် ကျွန
✨Study Diary ရဲ့ ဂျာကြီး Position အတွက် Subject Line : Study Diary Manager Position လေးနဲ့တကွ တစ်ယောက်ချင်းစီတိုင်းအတွက် ကျွန်တော်တို့ Email အသီးသီးပို့ပေးထားပါတယ်ခင်ဗျာ 🙇 ✅မိမိရဲ့ Email Inbox or Spam ကိုဝင်ကြည့်ပြီး Screening Stage Pass သွားတဲ့သူတွေက Interview Information လေးတွေကိုစနစ်တကျဖတ်ပေးဖို့လိုပါလိမ့်မယ်ဗျာ။ 📌အကယ်၍ ထပ်မံသိချင်တာ၊ စုံစမ်းချင်တာများရှိခဲ့ရင် Page Messenger ကိုသာလှမ်းလာခဲ့ပေးပါခင်ဗျာ။ #StudyDiary #Manager #Interview

✨"အလုပ်ကိုချစ်ရင် Study Diary ဆီမှာဂျာကြီးလာလုပ်ပါ" ✨Study Diary ကနေ အသစ်လာမယ့် ပညာရေးဆိုင်ရာပရောဂျက်မျိုးစုံအတွက် ကူညီပေးနို
✨"အလုပ်ကိုချစ်ရင် Study Diary ဆီမှာဂျာကြီးလာလုပ်ပါ" ✨Study Diary ကနေ အသစ်လာမယ့် ပညာရေးဆိုင်ရာပရောဂျက်မျိုးစုံအတွက် ကူညီပေးနိုင်မယ့် ဂျာကြီးတို့ကိုလိုအပ်‌လျက်ရှိနေပါတယ် 🛎️Study Diary ရဲ့ Management Department လက်အောက်မှာ ✅ Classroom Management ✅ Organization & Operation Task ✅ Administration တာဝန်တွေကိုထမ်းဆောင်ပေးရမှာဖြစ်ပြီး အသေးစိတ်ကိုတော့ Application Form မှာကြည့်ရှုနိုင်ပါတယ်။ ဤ Position အတွက် လျှောက်လိုပါက အောက်မှာဖော်ပြထားတဲ့လင့်ခ်ကနေတစ်ဆင့်မေးခွန်းတွေကို သေချာဖြည့်စွက်ပေးပြီး လျှောက်လို့ရပါတယ်ခင်ဗျာ။ Application Form ✨ >> https://docs.google.com/forms/d/e/1FAIpQLSdeHL4Gac_GHhhGG4G1cnpIImSdUN_Ox3L9P7zOxaatQCud-w/viewform?usp=sf_link ✨Form ဖြည့်ပြီးတာနဲ့ ကျွန်တော်တို့ဘက်မှာ ၁ပတ်အတွင်း Interview Process အတွက်အသေးစိတ်မေးလ်ပို့ပေးမှာဖြစ်တာကြောင့် မိမိရဲ့ Email Inbox ကိုသေချာစစ်ဆေးပေးဖို့မမေ့ပါနဲ့ ✨ 📌Recruiting Period က 10 Days ပဲဖြစ်တာကြောင့် Deadline မတိုင်ခင် သေချာပြင်ဆင်ပြီး လျှောက်ပေးကြဖို့လည်းမမေ့ပါနဲ့ဗျို့ #StudyDiary #ManagerPosition #Volunteer

✅Study Diary မှ သောကြာ ၊ စနေတိုင်း Hosting လုပ်လေ့ရှိသော " Weekly Conversation Club " ကို ယခုကာလအတွင်း နားထားမည်ဖြစ်ပါကြောင်းကြေငြာအပ်ပါသည်။ 🫶Weekly Conversation Club အစား ထပ်လာမည့် Project များအတွက် ပြင်ဆင်နေသောကြောင့် စောင့်မျှော်ပေးကြပါဦးခင်ဗျာ။

You can join our CONVO CLUB now !!!

Seasons Hello, Fountains! September လရဲ့ Final Week မှာ သူ မပြန်လာသေးပင်မဲ့ Study Diaryရဲ့ Free Weekly Conversation Club လေးဟာ Fountainတို့ဆီ အချိန်မှန် ပြန်လာရောက်ရှိလာပါပြီ။ ဒီအပတ်မှာ Season တွေအကြောင်းကို ဆွေးနွေးသွားမှာဖြစ်ပြီး ဒီTopicလေးက IELTS, TOEFL, DET(Duolingo) အစရှိတဲ့ English Proficiency Test တွေရဲ့ Speaking Session တွေမှာ မေးလေ့ရှိတဲ့ ခေါင်းစဉ်လေးဖြစ်တာကြာင့် Friday Evening ညနေ 5နာရီမှာ အရောက်လာပြီး လေ့ကျင့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်🫶။ Date: 27.9.2024 (Friday) Time: 5 P.M - 6:30 P.M [Answering FAQs about SD's Free Weekly Conversation Club] Q.1 : Clubအတွက် ဝင်ကြေးတွေဘာတွေရှိပါသလား။ A.1 : ကျွန်တော်တို့ Study Diary ဟာ ချမှတ်ထားတဲ့ Visions, Missions, Goalsတွေနဲ့အညီ အပတ်စဉ်ကျင်းပ‌ နေတဲ့Club Session တွေကို Free Of Charge(ဝင်ကြေး အခမဲ့) အနေနဲ့ ပြုလုပ်ပေးနေပါတယ်။ Q.2 : Clubကို ဘယ်လို Joinရမလဲ A.2: အဲ့တာကတော့... [ https://t.me/studydiary4u ] ဒီအ‌ပေါ်က linkလေးကို နှိပ်ပြီး ပေါ်လာတဲ့ Study Diary Telegram Channel လေးကို Join ထားတာပါပဲ။ Q.3; Joinပြီးလို့ Meeting Link လည်း မတွေ့‌သေးဘူးဆိုရင် ဘာလုပ်ကြမလဲ❓ A.3: Clubစခါနီးအချိန်ရောက်ရင် ကျွန်တော်တို့ Manager တွေက Zoom Linkလေးကို Study Diary ရဲ့Telegram Channel လေးမှာ လာတင်ပေးမှာမလို့ fountain လေးတို့က Telegram Channel လေးကို Joinထားပြီးတော့ စိတ်ရှည်ရှည်နဲ့ Notification လေးကို Onထားပြီးရင်ရပါပြီနော်🫶။ Q.4: ဒီအပတ်အချိန်လေးကရောလို့ ပုံမှန်ချိန်ပဲလား ❓ A.4: ဟုတ်ပါတယ်။ အပတ်စဉ် Saturday ညနေ 5နာရီကနေ 6ခွဲအထိပဲဖြစ်ပါတယ်။ Content - #Han Graphic - #Kenbee #study_diary #conversationclub #seasons #summer #autumm #fall #winter #trending #englishspeaking #english

photo content

အာရှတစ်လွှားရှိ ပညာသင်ဆုများအကြောင်း 🤫 🤫 ဒီတစ်ခေါက်မှာတော့ နိုင်ငံခြားမှာကျောင်းတတ်ချင်တဲ့သူတွေအတွက် ပညာသင်ဆုရနိုင်မဲ့ အခွင့်အရေးကိုမျှဝေပေးသွားချင်ပါတယ်။ Bachelor, Master, P.h D Degree မျိုးစုံးအတွက် ပညာသင်ဆုရနိုင်မဲ့ အာရှနိုင်ငံအတွင်းကပေးတဲ့ scholarshipတွေအကြောင်း ပြောပြပေးသွားမယ်နော်။ ဘယ်လိုမျိုးနိုင်ငံတွေဆီက scholarship ရနိုင်မလဲဆိုတာကြည့်ရအောင်။ 🫣🫣 ✨Asian Development Bank-Japan Scholarship Program (ADB-JSP) 🇯🇵🇯🇵 ဒီ scholarship ကတော့ Full Tution Fee ရတဲ့အပြင် လိုအပ်တဲ့ကျောင်းသုံးပစ္စည်းတွေဝယ်ဖို့၊ လစဉ်နေထိုင်စားရိတ်တွေနဲ့ travel expenses တွေ၊ ကျန်းမာရေးအာမခံကြေးတွေပါပေးတဲ့ scholarship တစ်ခုပါ။ ADB-JSP ပညာသင်ဆု လျှောက်မဲ့သူတွေကတော့ အသက် ၃၅နှစ်မကျော်တဲ့သူဖြစ်ရပြီး ကျောင်းပြီးတဲ့အခါ မိခင်နိုင်ငံမှာ အနည်းဆုံး ၂နှစ် အကျိုးပြုလုပ်ငန်းပြန်လုပ်ပေးတဲ့သူဖြစ်ရပါမယ်။ နှစ်စဉ် နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလမှာ Application ဖွင့်လေ့ရှိပါတယ်။ အသေးစိတ်အချက်အလက်ကို ဒီ link ကနေဝင်ကြည့်လို့ရပါတယ်။ 👇👇 https://www.adb.org/work-with-us/careers/japan-scholarship-program ✨Global Korea Scholarship (GKS) 🇰🇷🇰🇷 International Student တွေအတွက် Bachelor Degree ကို ကိုရီးယားမှာ တတ်ရောက်နိုင်မဲ့အခွင့်အရေးတစ်ခုပါ။ ကိုရီးယားစာလေ့လာနေတဲ့သူတွေနဲ့ မစိမ်းတဲ့ Scholarship တစ်ခုဖြစ်ပါတယ်။ Scholarship ကြာချိန်ကတော့ Bachelor’s Degree Program နဲ့ Associate Degree Program ဆိုပြီး နှစ်မျိုးရှိပါတယ်။ Bachelor’s Degree Program မှာဆိုရင် 1 year of Korean language training + 4~6 years of degree program ဆိုပြီး တစ်နှစ်ကို ကိုရီးယားစာလေ့လာရပြီး ကိုယ်ရွှေးချယ်တဲ့ Degree အလိုက် စာသင်နှစ်ကြာနိုင်ပါတယ်။ Associate Degree Program ကတော့ 1 year of Korean language training + 2~3 years of degree program ပဲဖြစ်ပါတယ်။ GKS လျှောက်ချင်တဲ့သူတွေအတွက် အသေးစိတ်အချက်အလက်ကို ဒီ link ကတစ်ဆင့်ဖတ်နိုင်ပါတယ်။ 👇👇 https://gksscholarship.com/ ✨✨Royal Thai Government Scholarship 🇹🇭🇹🇭 မြန်မာနိုင်ငံနဲ့ နီးတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာကျောင်းတတ်ချင်တဲ့သူတွေအတွက် ထိုင်းနိုင်ငံမှာ Tutuion Fee အပြည့်နဲ့ကျောင်းတတ်လို့ရမဲ့ scholarship နော်။ Royal Thai Government Scholarship ကဆိုရင် undergraduate program နဲ့ graduate program ဆိုပြီး scholarship နှစ်မျိုးရှိပါတယ်။ Program အလိုက်ပညာသင်ဆုရနိုင်မဲ့ အသက်အရွယ်ကိုပိုင်းခြားထားပါတယ်။ Fully Funded Scholarship ဆိုတဲ့အတိုင်း Tution Fee၊ လစဉ်နေစရိတ် စားစရိတ်တွေနဲ့ အခြားထောက်ပံ့ကြေးတွေပါပေးသွားမှာပါ။ ထိုင်းနိုင်ငံမှာကျောင်းသွားတတ်ချင်တဲ့လူငယ်တွေအတွက် Royal Thai Government Scholarship ကိုလျှောက်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ 🤗🤗 https://ait.ac.th/financial/royal-thai-government-scholarships/ ✨✨Taiwan Scholarship 🇹🇼🇹🇼 Master Degree နဲ့ PhD Degree ကို ထိုင်ဝမ်မှာ တတ်ချင်တဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ လျှောက်သင့်တဲ့ပညာသင်ဆုတစ်ခုပဲနော်။ နှစ်စဉ် March နဲ့ April မှာ Application ဖွင့်လေ့ရှိပါတယ်။ Fully Funded Scholarship တစ်ခုဖြစ်တာမို့ အခုထဲကလိုအပ်တဲ့အချက်အလက်ကိုကြိုတင်ပြင်ဆင်ထားတော့နော်။ အသေးစိတ်အချက်အလက်ကို ဒီlink ကတစ်ဆင့်ဝင်ကြည့်လို့ရပါတယ်။👇👇 https://www.opportunitiescircle.com/national-taiwan-university-scholarship/ ✨✨Child’s Dream Scholarship ဒီတစ်ခေါက်မှာတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့အပြင် မြန်မာနိုင်ငံကကျောင်းသားကျောင်းသူတွေကို scholarship ပေးလေ့ရှိတဲ့ Child’s Dream Scholarship ပဲဖြစ်ပါတယ်။ Fully Funded Scholarship ဖြစ်တဲ့အပြင်နောက်ပိုင်းမှာ စာလေ့လာနိုင်ဖို့ laptop လည်းပေးပါတယ်။ Child’s Dream ပညာသင်ဆုဟာဆိုရင် ပညာရေးကိုဆက်လသွားချင်ပြီး ငွေကြေးမလုံလောက်တဲ့ကျောင်းသားကျောင်းသူတွေကို အဓိကထားပေးတဲ့ ပညာသင်ဆုတစ်ခုပါ။ Application Deadline ကတော့ နှစ်တိုင်းမတူနိုင်တာမို့ website ကတစ်ဆင့်ဝင်ကြည့်နိုင်ပါတယ်။ 👇👇 https://childsdream.org/projects-categories/higher-education/university-scholarships/ ပညာရေးလမ်းကြောင်းကို ဆက်ပြီးလျှောက်လှမ်းချင်တဲ့သူတိုင်း ရည်မှန်းထားတဲ့ လမ်းကြောင်းကိုရောက်နိုင်ပါစေနော်။ နောက်ပိုင်းမှာလည်း scholarship နဲ့ပက်သက်တဲ့အကြောင်းအရာတွေကို မျှဝေပေးသွားမှာမို့ Study Diary ကို စောင့်ကြည့်ဖို့မမေ့နဲ့နော်။ 🙆🙆 ✏️Content by @Thiri 📊Graphic by @Eaindray #study_diary #scholarship #researchcontent #Asianscholarship

You can join now for this week's Conversation Club!

✨ယနေ့ Conversation Club အတွက် ယခင်အပတ်ကမဆွေးနွေးခဲ့လိုက်ရသည့် "Am I Truly My Parent's Child?" ခေါင်းစဉ်နှင့်အတူ ပြန်လည်စတင်မှာဖြစ်ပါတယ်ခင်ဗျာ။ 💫အချိန်ပြောင်းလဲခြင်းမရှိပဲ ညနေ၅နာရီမှ ၆နာရီခွဲအထိ Club Hosting ရှိမှာဖြစ်ပါတယ်။ ✏️Join ဖို့ရန်အတွက်တော့ Administration ဘက်မှ Zoom Information ကို ညနေ၄နာရီ၅၅မှာ ဤ Channel တွင်ကြေငြာပေးသွားမှာဖြစ်ပါတယ် ဘေးကင်းပါစေခင်ဗျာ 🙇

photo content