တပ်သားလေး ဖိုးထောင် 🇲🇲🪖
Open in Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Show more8 240
Subscribers
-424 hours
-517 days
-16030 days
Posts Archive
နပခ ကျဆုံးသွားတဲ့အပေါ် ဘယ်ပုဂ္ဂိုလ်က တာဝန်အရှိဆုံး တာဝန်အခံသင့်ဆုံးလို့ ထင်ပါသလဲ။
Repost from D.I Thameedaw 🇲🇲
ဪ --------
ပူးသတ် ဖရဲသီး နဲ့ ကောင်း
စေချင်လို့ အမုန်းခံ ဝေဖန်
ထောက်ပြတာ နဲ့ လေနဲ့ဝမ်း
တောင် မကွဲဘူးပဲ
ဘောကို ကတ္တီပါစလေးနဲ့
အသာပွတ်နေပါတော့လား။
အခု သုံးသပ်ထောက်ပြနေတဲ့
ပုဂ္ဂိုလ်တွေဟာ တိုက်ပွဲအလီလီ
ကျားကုတ်ကျားခဲ နွှဲလာသူချည်းပဲ။
ရှင်းပြတာကိုလက်မခံပဲ ပြန်ခံ
ပြောတယ်ထင်တယ် ဆိုတဲ့
Negative Views သမား တွေပဲ
သီဟ သူရ ဘုန်းတော်နဲ့ တက်
ရေးတာလား နာမည်ခံလား
တော့မသိ
ဒီမိုး ဒီရေ ဒီလေ တွေနဲ့ ဒီလူတွေ
နဲ့ကတော့ တိုင်းပြည်ကကောင်း
ဦးမယ်။
မေမေ ပေါက်တဲ့အီးတိုင်း မွှေးတယ်
ဆိုတဲ့ နီပိတ်တွေနဲ့ နင်လား ငါလားပဲ။
DI Thameedaw 🇲🇲
ဂွမြို့နယ်နဲ့ ဧရာ၀တီတိုင်း နယ်နမိတ်ခြင်း စပ်တဲ့ ငသိုင်းချောင်း အနီးမှာ တပ်နဲ့ AA လက်နက်ကိုင်တို့ကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဂွမြို့ အတွက် အဓိက အရေးပါတဲ့ ငသိုင်းချောင်း လမ်းကြောကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာတဲ့ AA ကို တပ်ဘက်က စစ်ကြောင်းထိုးကာ ထိုးစစ်ဆင် တိုက်ခိုက်နေ၍ တိုက်ပွဲ ဖြစ်ပွါးနေတာ ဘဲ ဖြစ်ပါတယ်။
အကယ်၍ ငသိုင်းချောင်းလမ်းကို တပ်က လက်လွှတ်ခဲ့ရရင် ဂွမြို့ဟာလည်း အမ်း၊ တောင်ကုတ်တို့ အခြေအနေဖြစ်သွားပါလိမ့်မယ်။
Crd - Sittnwayoo
https://t.me/privatephoehtaung
Repost from BO SAW(ဖထီးစော)🇲🇲
Breaking News
ရခိုင်ပြည်နယ် စစ်တွေ ဒေသဘက်မှာတော့ သတိပေး / အချက်ပေး ခေါင်းလောင်းသံတွေ ဆူညံကုန်ပါပြီ
မနေ့က ည ၈ ိာရီလောက်မှာ စစ်တွေရဲ့ အရှေ့မြောက်ဘက်အရပ်မှာရှိတဲ့ တပ်စခန်းတစ်ခုကို AA ခွေးအများမှ လက်နက်ကြီးဖြင့် ခမောင်းတောရွာဘက်မှ ပစ်ခတ်ခဲ့ပါတယ်
တပိမတော် ရေ Navy မှ လက်နက်ကြီးများ စစ်တွေ ဒကစ မှ အမြောက်လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ရပါတယ်
Search Fire ခေါ် ခေါ်ပစ် ပစ်ခတ်လာပြီဆိုတော့ စိတ်ဝင်စားဖို့ကောင်းပါတယ် မုဆိုးပီသတယ်လို့ဘဲ မှတ်ယူရမလိုပါဘဲ
မုဆိုးကောင်းတို့မည်သည် သားကောင်ကို သူတပြန် ကိုယ်တပြန် ချောင်းမြောင်းနေရာမှ သားကောင်ဟာ အစာစားချိန် ရေသောက်ချိန် နို့ချိုတိုက်ကြွေးချိန်များနှင့် တိုက်ဆိုင်နေခဲ့လျှင် အသံပေး ခြောက်လှန့်စေပြီးမှ ပစ်ခတ်လေ့ ရှိတယ်မဟုတ်ပါလား
ခုလည်း စစ်နိုင်သူ သူရဲကောင်းတစ်ဦးပမာ Self Confident ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ဖြင့် စစ်တွေ ဒကစမှုးနဲ့ တပ်မတော်သားများကို နားရွက် တံတွေးလာစွပ်နေပါရောလား
Respond ကတော့ မိုက်တယ် Counter Fire ချက်ချင်း လုပ်တယ် ခုချိန်ထိတော့ ဟုတ်နေသလိုလိုဘဲဗျ
ပြီးမှ ချိုမိုင်မိုင် က နေမယ်ဆိုရင်တော့ စစ်တွေလည်း အောင်ဖြာလိပ်သွားရမှာပါခင်ဗျာ
ရန်သူဘက်ကတော့ ယုံကြည်မှု အပြည့်ရှိနေတာ လုံးဝ သေချာပါတယ် မဖြစ် ဖြစ်အောင် လုပ်တတ်တဲ့သဘောရှိပါတယ် နခခ ၅ ကိုတိုက်ပွဲဝင်ခဲ့တဲ့ ရခီး ခွေးအ တွေက Tunnel Warfare ခေါ် ဥမှင်လိှုင်ခေါင်းတူးပြီး ကွန်ကရစ်အုတ်တိုင်ဖြင့် သံဆူးကြီုး ကာရံထားတဲ့ အတားအဆီးကို ဖြတ်ကျော်ဖို့ အပင်ပန်းခံ လုပ်ဆောင်ခဲ့တာကို သတိပြုရမှာဖြစ်ပါတယ်
ရန်သူဘက်က ရာမ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲပြီး တိုက်တယ်ဆိုတာ သိနေတာဘဲ ကိုယ်တွေဘက်ကလည်း အာမီရမ် သောက်ပြီး ပြန်ဆော်သင့်ရင်လည်း ပြန်ဆော်ရမှာပါဘဲ
စစ်တွေဟာ ပင်လယ်ရေ ပါတ်လည်ဝိုင်းနေတဲ့ ၉ မိုင်ပါတ်လည် ကျွန်းတစ်ခုသာ ဖြစ်ပါတယ် ရန်သူ AAဟာ Water Crossing ခေါ် ရေပြင်အတားအဆီးကို အမြင့်ကျွန်းတံတားပေါ်ကနေ ဖြတ်လာမှာလား ဒါမှမဟုတ် အငူမော်ဘက်မှ စက်လှေ သင်္ဘောများဖြင့် ရေချမ်းပြင်ဆိပ်ကမ်းကို ကမ်းတက်ပြီး လာရောက်ချေမှုန်းမှာလား ဆိုတာကတော့ ဥာဏ်ရှိသလို သုံးပေတော့ဘဲဗျ
တိုက်ပွဲထလရ ဘာသာရပ်မှာ ရန် ဥ မြေ ခေါ် ရန်သူ ဥတု မြေအနေအထား ကိုတော့ ပိုင်နိုင်အောင်အသုံးချဖို့လိုပါလိမ့်မယ်ခင်ဗျာ ဒီရေ အတက်အကျနဲ့ လဆုတ်ရက် လဆန်းရက် ရေထ ရက် ရေဆုတ်ရက်ကိုမှ နားမလည်ရင်တော့ နားကား ဖို့သာ ပြင်ပေတော့
ထစ်ကနဲရှိ ထွက်ေပြးဖို့ဘဲ စဥ္းစားနေရင်တော့ Navy က ကမ်းထိုးရေယာဥ္ Landing Craft တွေ ရှိပါတယ်ဗျာ Do or Die . သေမလား တိုက်မလား ??? ဆိုတာ စဥ်းစားပေါ့
ရန်သူရဲ့ တဖက်သတ်ချေမှုန်းတာ ခံရတဲ့ဖြစ်စဥ္ တွေ ရန်သူ့ထံ လက်နက်ချအညံ့ခံတဲ့ ဖြစ်စဥ္ တွေ အားလုံးရဲ့ တရားခံဟာ စစ်ခေါင်းဆောင်နဲ့ တိုက်ရိုက်ပါတ်သက်ပါတယ် မိမိ စစ်သည်တွေ ရန်သူ့ထံ အဖမ်းခံရပြီး စစ်သုံ့ပန်း ဖြစ်နေတဲ့ပုံတွေ စစ်မဟာဗျူဟာမြောက် အမြောက် ဒုံးပစ်စင်များ သံချပ်ကာကား တင့်ကားများ လက်နက် ခဲယမ်းများကို ရန်သူကသိမ်းပိုက်ပြီး အောင်ပွဲခံနေကြတာ သိပ်ရှက်ဖို့ကောင်းပါတယ်ခင်ဗျာ စီမံခန့်ခွဲမှု အမှားများကို အချိန်မှီပြုပြင်သင့်ကြောင်း အကြံ့ြပု တင်ပြပါရစေ
စစ်တွေဟာ ပင်လယ်ရေ ပါတ်လည်ဝိုင်းနေသောကြောင့် သဘာဝ အတားအဆီးကြီးဟာ တကယ်တော့ စစ်တွေ ဒကစ အတွက် ဘုရားပေးတဲ့ ဆုလာဘ်ဆိုရင်လည်း မမှားပါဘူး
ပြီးတော့ ၉ မိုင်ပါတ်လည် ကျွန်းဖြစ်တဲ့ စစ်တွေ ဒကစကို သိမ်းပိုက်နိုင်ဖို့ဆိုတာက ကုန်းတွင်းပိတ် ဒေသမဟုတ်ဘဲ မြန်မာ့တပ်မတော်အတွက် ကြည်း ရေ လေ ဘက်ပေါင်းစုံ စစ်ကူ ပစ်ကူ ပေးနိုင်ပြီး မိမိဘက်က အလေးသာနေပါလျှက်နဲ့ ရန်သူအတွက် တကဲ့ သားရဲတွင်းပမာ ဖြစ်နေသော စစ်တွေ ဟာ AA ရခီးတွေနဲ့ မဟာမိတ် ရန်သူတွေအတွက် သချင်္ိုင်း ဖြစ်စေရမယ် မဟုတ်ပါလား ခင်ဗျာ
ဟုတ်ကဲ့ ပါဒလိတ် သား ထလရ တပ်ကြပ် ဖြစ်ခဲဘူးသူ စစ်သည်တော်ဟောင်း တစ်ဦးရဲ့ အပေါ်ယံ ရှပ်ပြီး သုံးသပ် တင်ပြရတာပါ
စစ်တွေ ဒကစမှုးကြီးအတွက် ရာထူးတက်မဲ့ကိန်းတော့ မြင်နေရပါပြီ စားရကံကြုံတော့လည်း မုတ်ဆိပ်ကို ပျားလာစွဲ တယ်လို့ဘဲ သတ်မှတ်ပေးပါ ဒကစမှုး ဗိုလ်ချုပ်ခင်ဗျာ
စစ်တွေ ဒကစ မှုးနှင့် တိုက်ပွဲဝင်မည့် အရာရှိ စစ်သည်တော်များ ရန်သူကို ရန်သူလို သဘောထားပြီး ရန်သူအပေါ် နေလိုမီးလိုကျင့်ကာ ရန်သူ၏စိတ်ဓါတ်ကို ယတိပြတ် ချိုးနှိမ်၍ အပြီးသတ် အောင်ပွဲ ခံယူနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများပို့သအပ်ပါတယ်ခင်ဗျာ
အားလုံးကို လေးစားရိုသေစွာဖြင့်
ရဲသုံးဖေါ်
၂၀၂၄ ဒီ ၂၀ ၁၁၂၀
စောက်ပဲ့တွေ
နပခထဲ ရိက္ခာ၊ခဲယမ်း မပြောနဲ့။ ရေတောင် ရအောင် မစီမံနိုင်ဘူး။
ရေမသောက်ရတဲ့ သူတစ်ယောက်က ဘယ်လောက်တောင့်ခံနိုင်မလဲ။ ရန်သူ ဝင်ပစ်လဲ အကုန်သေမှာပဲ။
စစ်ကူစစ်ကြောင်းကလဲ ဆင်ခုံတိုင်က ထွက်လာဖို့ နေနေသာ ဓာတ်ခဲတွေ လာလာတိုက်နေလို့ စခန်းမကျအောင် မနည်းတောင့်ခံနေရတယ်။
ဒီပုံအတိုင်းပဲ လုပ်နေရင် နပခကျဖို့ နှစ်မကူးတော့မှာ သေချာသလောက်ဖြစ်နေပြီ။
နပခ လက်နက်ချ စစ်သည်တိုင်းအတွက် နောက်တန်းက ထောက်ပို့နဲ့ စစ်ကူ မစီမံပေးနိုင်တဲ့ လူကြီးတွေမှာပဲ တာဝန်အပြည့်ရှိတယ်။ လက်နက်ချသူတွေ အပြစ်မဟုတ်တော့ဘူး။
လေယာဉ်နဲ့ ကိုယ့်တပ်ကိုယ်ကြဲတယ်လို့လဲ စစ်သည်တစ်ဦးပြောတာ ကြားတယ်။ ဟုတ်ရင်တော့ ဘယ်သူအမိန့်ပေးလဲ စစ်ပါ။
ဖိုးထောင်
https://t.me/privatephoehtaung
Repost from စစ်သတင်း
စစ်မှုထမ်းအပတ်စဉ် ၁ က ရဲဘော်တွေ ရပ်ကွက်အုပ်ကြီးတွေ အကြောင်းရင် ဖွင့်လာ
https://t.me/sitmingyi/9540
စစ်တွေကို AA တိုက်စစ် စလာပါပြီ။
ယနေ့ည ၈ နာရီခန့်ကAA သောင်းကျန်းသူများမှ ခမောင်းတောကျေးရွာမှနေ၍ စစ်တွေမြို့ အရှေ့မြောက်ဘက်ရှိ ကာကင်းစခန်းတစ်ခုအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ၎င်းတို့ပစ်ခတ်သည့်နေရာအား အမြာက်လက်နက်ကြီးများ ဖြင့်လည်းကောင်း၊ ရေတပ်သင်္ဘောမှ လက်နက်ကြီးများဖြင့်လည်းကောင်း ပစ်ခတ်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။
https://t.me/privatephoehtaung
Repost from မောင်ချိန်ခွင်
▪️ နပခ ထဲက ဒီအချိန်ထိ ဒုက္ခဆင်းရဲတွေနဲ့ အသက်ပေးပြီး ခုခံနေတာက မျှော်လင့်ချက် တစ်ခုတည်း ကြောင့်ပါ။
▪️ တပ်မတော်က လာရောက် ကယ်တင်လိမ့်မယ်၊ စစ်ကူတွေ ရောက်လာပြီး ရန်သူကို ချေမှုန်းနိုင်လိမ့်မယ်၊ သူတို့ နိုင်လိမ့်မယ်။
✅ အဲဒီ မျှော်လင့်ချက်နဲ့ ခုခံနေတာ။ မျှော်လင့်တဲ့အတိုင်း ဖြစ်လာပါစေဗျာ။
မောင်ချိန်ခွင်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် - ၁၅ ရက်အတွင်း ရန်သူထံမှ အကျိုးအမြတ် ရရှိမှုစာရင်း
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️
တိုင်းစစ်ဌာနချုပ်အလိုက် ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများ ဇယားပေါင်းချုပ်အား ဖော်ပြလိုက်ပါတယ်။
မြင်းခြံပသစတွေ
ငယ်ငယ်ရွယ်ရွယ်တွေပဲ။ ဝင်ချင်သူလည်း များတယ်။ ဝါရာဇွပ်လည်း အဲဒီလိုပဲ။
ဘယ်သူမှ အတင်းဆွဲခေါ်နေစရာမလိုဘူး
ခေါင်းဆောင်က ယုံကြည်စရာကောင်းရင် ဝင်ကြမှာပဲ။
View of Sue
မတ္တရာမြို့နယ်၊ ထန်းပင်ကုန်း ရွာမှာတော့ ပြန်ဆုတ်လိုက်ရတယ်။
မတ္တရာမြို့နယ်ဖက်မှာတော့ ရလိုက် ကျလိုက်နဲ့ တိုင်ပတ်နေတယ်။ မန္တလေးနဲ့ ၁၅ မိုင်လောက်ပဲ ဝေးတဲ့နေရာတွေ အပြည့်အဝ မထိန်းချုပ်နိုင်တာ ရေရည်တော့ ကောင်းတာ မမြင်ပါ။
ရှုံးပွဲတွေ ဆက်နေလို့ ကစားသမားတွေ အပြောင်းအလဲလုပ်တယ်။ နောက်ပွဲနိုင်အောင် ကန်မယ် ဘာညာ ကြွေးကြော်တာပေါ့။
နည်းပြနဲ့ ကစားကွက်ဗျူဟာ မပြောင်းရင်တော့ မထူးဘူးဗျ။ ခံစစ်ပဲ ကစားတတ်တဲ့ နည်းပြနဲ့တော့ သွင်းဂိုးတွေထပ်ပေးရမှာပဲ။
မန်ယူအသင်းကိုပြောတာနော်။ လျှောက်မတွေးရ။
ဖိုးထောင်
https://t.me/privatephoehtaung
တပ်မတော်ထိပ်ပိုင်းနေရာများအပြောင်းအလဲဖြစ်ပေါ်
------------ဘ-----------------အ-----
လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများပေါ်မူတည်၍ တပ်မတော်၏ ထိပ်ပိုင်းအဓိကကျသည့် ရာထူးနေရာများအပြောင်းလဲ ဖြစ်ပေါ်ခဲ့သည့်ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းကကြားသိရပါသည်။
တပ်မတာ်တွင် ဩဇာရှိသည့် ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူး အား ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား ရာထူးတိုးပေးခဲ့ပြီး ၊ ယခင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း မှာ ဒုဝန်ကြီးချုပ် ရာထူးဟု သာဖော်ပြခဲ့သည်။
အရေးကြီးသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နေရာအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ယခင် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်သည် .. စစ်ဆင်ရေးများကို နေတဓူဝ ကွပ်ကဲရသည့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) နေရာသို့ တိုးမြှင့်ခြင်း ခံခဲ့ရပြီး ..သူ့နေရာ(နမခတိုင်းမှူး) နေရာကိုတော့ .. သပိတ်ကျင်း တွင်းငယ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို ပြောင်းရွှေ့ခန့်ထားခဲ့သည်..။
--
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဆက်စပ်နယ်မြေတစ်ခုဖြစ်သည့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာအား တပ်ထိန်းချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် စိုးကျော်ထက် (ယခင် တွင်းငယ် ကျောင်းအုပ်ကြီး) အား တိုးမြှင့်ခန့်ထားခဲ့ပြီး.. ယခင် တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ဝေလင်းအား အရံအင်အားသို့ ပို့ဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာနအား တွဲဖက် ထားရှိကြောင်းသိရသည်။
--
အဆိုပါ သတင်းများသည် မှန်ကန်မှု ရှိသည် မရှိသည်ကို မသိရှိရသော်လည်း.. အရေးကြီးသည့် အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးခန့်အပ်ခြင်းခံရသူများသည့် လက်တွေ့မြေပြင် တိုက်ခိုက်ခဲ့ကြသည့် တပ်မှူး များဖြစ်ကြပြီး.. မြေပြင်နှင့် မကင်းကွာသူများဖြစ်ကြသလို .. အမိန့်ပေးစေခိုင်းမည့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဖြစ်သူကလည်း လပေါင်းများစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား ကွပ်ကဲခဲ့သူတစ်ဦး စစ်သားစစ်စစ်ကြီးတစ်ဦးဖြစ်ပါသည်..
စစ်မင်း
https://t.me/privatephoehtaung
နပခ စစ်သည်များ ဘေးရန်ကင်းကွာကြပါစေ။
ဒီညက နပခ အတွက် အဆုံးအဖြတ်ည ဖြစ်သွားနိုင်ပါတယ်။
ဒီအခြေအနေထိတောင် ရောက်လာမှတော့ လူကြီးတွေကိုလဲ ဘာတောင်းဆိုရမှန်း မသိတော့ပါဘူး။
တောင်းခံသမျှ လိုအပ်တဲ့ ပစ်ကူပေးနိုင်ဖို့ပဲ တောင်းဆိုပါရစေ 🙏
https://t.me/privatephoehtaung
+1
ကာကွယ်ရေးဝန်ကြီး နေရာပြောင်း။
ဒုတိယ ဝန်ကြီးချုပ် ၆ ဦးအထိရှိလာ။
လူများပြီး ပွဲစည်ဖို့တော့လိုပါမယ်။
NUG ရဲ့ တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကနေ ထောက်ခံစာပေးပြီး နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုး ပေးတာတွေကို လက်မခံတော့ကြောင်း တောင်ကိုရီးယားအစိုးရက ဒီနေ့ ဒီဇင်ဘာ ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
NUG ရဲ့ တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကလည်း သက်တမ်းတိုးပေးတာတွေကို ဒီဇင်ဘာပထမအပတ် ကတည်းက ရပ်နားထားပါတယ်။
https://t.me/privatephoehtaung/1963?single
ဗန်းမော်မြို့ကိုတော့ တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီ။
KIA အကျအဆုံးများစွာနဲ့ စစ်ဦးကျိုးသွားခဲ့ပါပြီ။ မြစ်ကြီးနားကို ဝိုင်းမဲ့ ရည်ရွယ်ချက်ပျက်စီးသွားလို့ ခဏတော့ ငြိမ်ကျသွားမှာပါ။
တပ်က လိုက်မဖိနိုင်ရင်တော့ ပြန်ခေါင်းထောင်လာမှာပါပဲ။
ဘာပဲပြောပြော တပ်မတော်မှာ အောင်ပွဲနဲ့ဝေးနေတဲ့ အချိန်မှာ သတင်းကောင်းပါပဲ။
https://t.me/privatephoehtaung
အကောင်းအတိုင်း လှူခဲ့တဲ့ လက်နက်တွေရယ်၊ တပ်ထဲက ရခိုင်လူမျိုး လောက်ကောင်တပ်ပြေးတွေရဲ့ ညွှန်ကြားမှုရယ်ပေါင်းတော့ ကိုယ့်လက်နက်တွေက ကိုယ့်ရဲဘော်တွေ ခေါင်းပေါ်ပြန်ကျလာတော့တယ်။
စိတ်ပျက်စရာတွေကြီးပဲ။
လေကြောင်းပစ်ခတ်မှုကလဲ ဒါမျိုးတွေ ရှာဖွေချေမှုန်းသင့်တယ်။ ဝတ်ကျေတန်းကျေ ဗုံးကြဲရုံနဲ့ မရတော့တဲ့ အနေအထားဖြစ်လာပြီ။
https://t.me/privatephoehtaung
ခံစစ်တည်ဆောက်ရင်း စိုးမိုးနယ်မြေတည်ဆောက်သည်။
တိုးတက်မှုကို ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းမှူးက
အသိအမှတ် ပြုကြပါသည်။
စစ်သင်တန်းကျောင်းတွင် အေးအေးဆေးဆေး နေ၍
ရပါသော်လည်း
"ဝင်တိုက်ပါမည်" ဟု မိမိသဘောဆန္ဒအလျောက်
သတင်းပို့၍ စစ်ပွဲအတွင်း ပါဝင်ခဲ့သော်လည်း
ကျွန်တော့် စခန်းနေရာသို့ ရန်သူ့ကျည် မရောက်ခဲ့သလို
ကျွန်တော်သည်လည်း စစ်တစ်ပွဲမျှ မတိုက်ရသေးပါ။
ပြောစရာဆို၍
၂၀၂၄ သြဂုတ်လ ၁၅ မှ ၁၈ ထိ တိုက်ပွဲပြင်းထန်ခဲ့သော
ရေမျက်နီစခန်း တိုက်ပွဲတွင် မိမိဘက်က အထိအခိုက်
မရှိပါဘဲ
ရန်သူ၏ တိုက်စစ်အား တွန်းလှန်နိုင်ခဲ့သည့်
တိုက်ပွဲ ၄ ရက်တာ ကာလအတွင်း အောင်မြင်စွာ
ကွပ်ကဲမှု ပေးခဲ့ခြင်းသာ ရှိမည်။
၅.၁၂.၂၀၂၄ တွင် ယာယီခန့်အပ် သက်တမ်း တစ်နှစ်ပြည့်၍
ယနေ့
၁၇.၁၂.၂၀၂၄ တွင် အဆင့်တိုး ခန့်အပ်ခြင်း ခံရပါသည်။
တပ်မတော်သို့ စတင်ရောက်ရှိချိန်မှ ယခုချိန်ထိ တွေ့ရသော
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့်
အရာရှိ စစ်သည်အပေါင်းတို့နှင့်တကွ
ကျွန်တော် လိုအပ်ချိန်တွင် ငွေအား၊ လူအားဖြင့်
ပါဝင်ပေးကြသည့် မိတ်ဆွေများအား ကျေးဇူးတင်ရှိပါသည်။
ယနေ့အထိတော့
အောင် လံ ထူ စစ် သူ ကြီး အဖြစ် ပွဲခံလျက်ပါ။
နောင်တော့ မသိသေး။
စစ်ပွဲအတွင်းသို့ ပါဝင်သည့်အချိန်က စ၍၊ ယနေ့ထိ
ရောက်လေရာရာ ဘုရား စေတီတို့၌ တောင်းမိလေသည့်
တစ်ခုတည်းသော ဆုတောင်းစကား
"အသက် ရှင်လျက်နှင့်ပင်
မြန်မာနိုင်ငံတော်၏ နယ်မြေ၊ အချုပ်အခြာအာဏာ၊
ဘာသာနှင့် လူမျိုးအား ကာကွယ်စောင့်ရှောက်နိုင်သော
စစ်သူကြီးကောင်း ဖြစ်ပါရစေ။" ဟုသာ။
ကာနယ်ဘမောင်
https://t.me/privatephoehtaung
၁၀၂၇ အစပိုင်းမှာ
မည်သည့် နေရာကပင်ဖြစ်ပါစေ ဝင်တိုက်ပါမည်ဟု
သတင်းပို့တော့
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က
ရာထူးတိုးပေးကာ ဝင်တိုက်ခွင့်ပြုခဲ့သည်။
တကယ်က
ကျွန်တော်က ရာထူးတိုး ရပ်တန့် ခံထားရသူ။
အပြစ်က
တပ်ရင်းမှူး တာဝန်ထမ်းဆောင်စဉ်က တပ်သားစုတာ နည်းလို့ "တိုင်းမှူး၏ သတိပေးဆုံးမ" ။
အပြစ်ပေး သူက
ထိုစဉ်က တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ကိုကိုနိုင်။
ဘာလို့ တပ်သားသစ် မစုလဲဟု တိုင်းမှူးက မေးတော့
"ကျွန်တော် မွဲလို့ပါ ခင်ဗျာ" ဟု ဖြေလိုက်သည်။
အမှန်ပဲကို။
သို့ပေမည့်
"မင်း မျက်နှာထက် တပ်မတော်၏ မျက်နှာကို ငါကြည့်ရမည်။
တပ်မတော်၏ အကျိုးကို ကြည့်ရမည်ဖြစ်၍
မင်းလို တာဝန် မကျေသူကို အရေးယူရလိမ့်မည်။" တဲ့။
"ဟုတ်ကဲ့ပါ ခင်ဗျာ" ပေါ့။
သို့သော်
ကျွန်တော်က ကံကောင်းလွန်းသည်။
ထိုသို့ အရေးယူခံရလျှင် ရာထူး မတက်သည်က များ၏။
သို့ငြား
DSTA တွင် အုပ်ချုပ်မှု ဌာနကို တိုးချဲ့ရာ၌ ထိုရာထူးအတွက်
ကျွန်တော့်ကို ခန့်အပ်သည်။
ထိုရာထူးသည် အဆင့် ထပ်မတိုးနိုင်သော ရာထူးဆိုပေမည့်
ကျရာတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့ပါသည်။
၄ နှစ်အကြာတွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နှုတ်မိန့်ဖြင့်
စုံခုံစစ်ဆေးခံရသည်။
အပြစ် မရှိ၍ အရေးယူ မခံရသော်လည်း တာဝန် ရှိမှုဖြင့်
ပလောက်မြို့သို့ တပ်ပြောင်းရွှေ့ ခံရသည်။
ပလောက်မြို့ သင်တန်းကျောင်းတွင်လည်း မငြီးမငြူ ဖြင့်
က်ရာတာဝန္ကို
၃ နှစ်ကျော် ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါသည်။
ထိုအချိန်တွင်
ကျွန်တော့် သူငယ်ချင်းများ၊ ညီငယ်များ တပ်မမှူး ဖြစ်ကြပြီ။
"ငါက
ရာထူး တက်မည့်သူမဟုတ်၍ တာဝန် ကျေရုံသာလုပ်မည်"ဟု
မတွေးခဲ့ပါ။
ထိုသို့သော စိတ်ထားကြောင့်လည်း
အထက်လူက ယုံကြည်ကြပြီး အောက်လူက အားကိုးကြသည်
၁၀၂၇ အစတွင် ဖြစ်၏။
ပလောက်မြို့တွင် အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့်
ဆရာသမားကို
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က
တပ်မမှူး တာဝန်ပေးအပ်သည်။
ထိုသတင်းကို ကြား၍
"မည့်သည့်နေရာကပင် ဖြစ်ပါစေ။ ကျွန်တော် ဝင်တိုက်ပါရစေ"
ဟု ဆရာသမားထံသို့ သတင်းပို့လိုက်သည်။
ဆရာသမားက ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ
သတင်းဆက်ပို့သည်။
"ဒီလိုအချိန်မှာ ဒီလို လုပ်ရဲတဲ့ လူတွေလိုနေတာ။
မင်း သုံးလို့ရတယ်ဆိုလျှင် ရာထူးတိုးဖြင့် ခေါ်လိုက်ပါ" ဟု
ဆရာသမားကို ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က
ပြော၍ ကျွန်တော် ရာထူးတိုးကာ တစ်ခါမှ မရောက်ဖူးသည့်
ရှမ်းမြောက်သို့ ရောက်သွားသည်။
မိတ္ထီလာမှ တက်သော
ATR 72 - လေယာဉ်အမှတ် 03 တွင် ကျွန်တော်နှင့်
တာဝန်အတူ ထမ်းဆောင်မည့် ကာနယ်တစ်ဦး လိုက်ပါကာ
လားရှိူး လေဆိပ်သို့ ရောက်တော့
နပတသို့ ပြန်မည့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်
နှင့် လေဆိပ်တွင် တွေ့ရသည်။
"မင်းက တကယ် လုပ်မယ်ဆိုလို့ ငါက ရာထူးတိုးပေးတာ။
သေချာလုပ်ပါ။
အခု ငါတို့ စစ်သည်တွေအတွက် လိုအပ်နေတာ အောင်ပွဲပဲ။
တပ်ကို သေချာတည်ဆောက်ပါ။"
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်က
တိုတိ ရှင်းလင်းသည်။
ထိုအချိန်က
မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲပြင်းထန်နေချိန်။
တာမိုးညဲမြို့က စစ်မရောက်သေးချိန်။
မူဆယ်သို့ ကြိုတင်ရောက်နေသည့် ဆရာသမားက
"မင်းက မူဆယ်ကို လာခဲ့။ ၁၀၅ မိုင်တော့ ချနေကြပြီ။
နောက်တစ်ယောက်က တာမိုးညဲကို သွား" ဟု
ညွှန်ကြားသည်။
မူဆယ်ကို ကျွန်တော် ရောက်တော့ ၁၄ ဒီဇင်ဘာ ၂၀၂၃။
ကျွန်တော် မူဆယ်သို့ ရောက်သည့်နေ့မှာပဲ ၁၀၅ မိုင်စခန်း
ကျပြီ။
ဟိုက သည်က ဆုတ်လာကြသည့် တပ်ပေါင်းစုကို
ထိန်းကြောင်းရင်း "လွယ်ဆုတောင်းစခန်း" တွင်
ခံစစ်ပြင်ရသည်။
စိတ်ဓာတ်ကျနေသည့် စစ်သည်တွေကို စစ်သားစိတ်ဖြင့်
မာကျောအောင် ပြန်လည်တည်ဆောက်ရင်း
"Drop bo. mb ကို ခံနိုင်မည့် ခံစစ်သာ စဉ်းစားပေးပါ။
ပြန်ခံတိုက်မည်။" ဟူသော စစ်သည်တို့၏ စကားအရ
ခံစစ်ဘန်ကာ ဒီဇိုင်းတွေ ဆွဲကြည့်သည်။
နဂါးနီ သီချင်းထဲက
"မြေလျှိုးပါလို့ မိုးပျံနိုင်မည်" သီချင်းစာသားကိုနားထောင်မိရာမှ
"မိုးပျံကောင် - ဒရုန်းကို အနိုင်ယူဖို့ မြေလျှိုးရမည်" ဟု
တွေးမိပြီး " ဥမင်လှိုဏ်ခေါင်း စစ်ဆင်ရေး" နှင့်ပေါင်းစပ်၍
မြန်မာ့တပ်မတော်တွင် မရှိဖူးသေးသည့် ခံစစ်ဘန်ကာ
ဒီဇိုင်းကို မြေပြင်မှာ တည်ဆောက်ပြီး
အငြိမ်းစား စစ်သားကြီးများ၊ တိုင်းမှူး၊ ကစထမှူးများနှင့်
စစ်ဦးစီးတက္ကသိုလ် နည်းပြကြီးများထံပို့ကာ
အကြံပြုချက်တောင်းသည်။
အားလုံးက "ကောင်းပါသည်" ဟု မှတ်ချက်ပြုကာ
စစ်ဦးစီးတက္ကသိုလ်ကမူ
ဤပုံစံများကို သင်တန်းသား တပ်ရင်းမှူးများအား
နမူနာပြသ သင်ကြားပေးခဲ့သည်။
တရုတ် - မြန်မာ နယ်စပ်တွင် တစ်ခုတည်းသော
နိုင်ငံတော် အလံ လွှင့်ထူထားဆဲ "လွယ်ဆုတောင်းစခန်း" ကို
တည်ဆောက်ရင်း
မိတ်ဆွေများ၏ ကူညီမှုဖြင့် စခန်းပေါ်အရောက်
ရေ၊ မီး ဆင်ပေးခဲ့သည်။
စစ်သည်များကို အပတ်စဉ် အင်အားဖြည့်ထပ်ဆောင်း
ကျွေးမွေး၊ မွေးနေ့ပွဲများ လုပ်ပေးရင်းဖြင့်
၅ လအကြာ ၅.၅.၂၀၂၄ တွင် ကျွန်တော် တပ်ပြောင်းရသည်။
ယာယီ ရာထူးအဆင့်ဖြင့် တပ်ပြောင်းရသည်ကို
စစ်သက်တစ်လျှောက်၌ မကြားဖူးခဲ့၍ အံ့သြမိပါသည်။
သည်လိုနှင့်
ဂန့်ဂေါမြို့တွင် အထိုင်ချကာ ထီးလင်းမြို့ နှင့် ကျောက်ထုမြို့
ကိုပါ တွဲကိုင်ရသည်။
Available now! Telegram Research 2025 — the year's key insights 
