တပ်သားလေး ဖိုးထောင် 🇲🇲🪖
Open in Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Show more8 272
Subscribers
-224 hours
-407 days
-16530 days
Posts Archive
၂၀၂၁ နောက်ပိုင်း ရန်သူ့လက်အောက်ကျရောက်ပြီးမှ တပ်မတော်မှ ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့သောမြို့များ။ လားရှိုးမြို့မှလွဲရင် ကျန် (၆) မြို့က စစ်ရေးနည်းလမ်းဖြင့် ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
(၁) ကောလင်း (KIA + PDF)
(၂) ကနီ (PDF)
(၃) ဆီဆိုင် (PNLA)
(၄) မြဝတီ (KNU + PDF)
(၅) လားရှိုး (MNDAA)
(၆) မိုးဗြဲ (KNDF)
(၇) နောင်ချို (TNLA)
ပြန်လည်သိမ်းပိုက်ရန် မြို့ ၉၀ ကျော်ကျန်ပါသေးတယ်။
တပ်သားလေးဖိုးထောင်
ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များကို အာဇာနည်များအဖြစ် သတ်မှတ်ပါသလား။
ကျောက်မဲကို ထိုးစစ်မစခင် လေကြောင်းမှ ကြိုတင်ရှင်းလင်း
တပ်သားလေးဖိုးထောင်
Repost from Ko Myo Win
BGF အတွင်းရေး အချို့
=====================
{- ကိုမျိုးရေ ကရင်ဂွင်ကအဖွဲ့တွေကမျက်စိရှုပ်တယ်ဗျာ၊ DKBA ကရောစိတ်ချရရဲ့လား ? နောက်ပြီး စောချစ်သူကရော အခုဘယ်ဘက်ကလဲ ဖြေပေးပါဗျာ ။}
မေးချင်စရာ မေးခွန်းမို့ လေ့လာမိသလောက် ဖြေပေးပါ့မယ် ။ ကရင်ဂွင်ထဲ အကြောင်းသိတွေရဲ့ မန့်တွေ နဲ့ စုပေါင်းကြည့်ရင် အနီးစပ်ဆုံး အဖြေမှန် သိနိုင်ပါလိမ့်မယ် ။
ပထမဆုံး DKBA ၂ ဖွဲ့ ဖြစ်နေကြောင်း ရေးပြခဲ့ဖူးပါတယ် ။ 2010 ထဲက BGF ထဲ မဝင်ခဲ့တဲ့ ဆုံဆည်းမြိုင်ဒေသ အခြေပြု DKBA (အကျိုးပြု) နဲ့ 2012 မှာ BGF ကနေ ပြန်ခွဲလာတဲ့ မဲသဝေါ အခြေပြု DKBA ( မူလ) ဆိုပြီးပေါ့ ။
အကျိုးပြု DKBA သည် NCA ထိုးထားပါတယ် ။ ဝေါလေဗျူဟာ နယ်ထဲမှာပါ ယခု ဝေါလေ အတိုက်ခံနေရပါတယ် ။ မသိချင်ဟန်ဆောင်လျှက် တပ်မတော်အား မကူညီပါဘူး ။ မူလ DKBA ကတော့ 2024 ဇန္နဝါလကစပြီး တပ်မတော်နဲ့ပူးပေါင်းကာ သူပုန်များကို တိုက်ခိုက်ပေးနေပါတယ် ။
BGF ကတော့ တပ်ရင်း ၁၃ ရင်း အင်အား ၂၀၀၀၀ ခန့် ရှိတယ်လို့ ကြားသိရပါတယ် ။ ကော့ကရိတ် မြဝတီ အတိုက်ခံရတော့ သင်္ကန်းညီနောင်ဗျူဟာမှာ တပ်ရင်း ၃ ရင်း စုပေါင်းရောက်နေပါတယ် ။
ဗျူဟာမှူးက စောချစ်သူထံမှ လာဘ်စားကာ စစ်သည် ၅၀၀ အား ရွှေကုက္ကိုထဲ ခေါ်သွားကာ လက်နက်ချစေခဲ့ပြီး သစ္စာဖောက်ခဲ့ပါတယ် ။ တပ်မတော်က စစ်သည်များအား ပြန်မအပ်ပါက ရွှေကုက္ကိုအား ဗုံးကြဲမည်ဟု ခြိမ်းခြောက်သော အခါ မိမိစစ်သည်များကို ပြန်လည်အပ်နှံခဲ့တယ်လို့ ကြားပါတယ် ။
မြဝတီအနီးရှိ လေးကေကော် ဒေသ အမြင့်ဆုံး တောင်ကုန်းထိပ်မှာ စွယ်တော် အမြှောက်တပ် ရှိပါတယ် ။ ယင်းတပ်အား KNU နဲ့ PDF များ နှစ်ပေါက်အောင် ပိတ်ဆို့ဖြတ်တောက်ထားပါတယ် ။
ဒီအချိန်မှာ မြဝတီမြို့ထဲရှိ BGF တပ်အင်အား ၅၀၀၀ ကို ဗိုလ်တင်ဝင်း ( စောချစ်သူ၏ စီးပွားရေးတာဝန်ခံ) က ဦးစီးပါတယ် ။ တပ်မတော်မှ စွယ်တော်ကုန်းအတွက် ရိက္ခာပို့ပေးရန် တောင်းဆိုရာတွင် ပို့မပေးနိုင်ကြောင်း အကြောင်းပြန်ပြီး တပ်မတော်ကို အာခံခဲ့ပါတယ် ။
စွယ်တော်ကုန်းကျပြီးနောက် စောချစ်သူက BGF ကို ဖျက်သိမ်းပြီး KNA ပြောင်းမည်လို့ ကြေညာပါတယ် ။ အဲလိုကြေညာလို့ BGF အတွင်းမှာ စိတ်ဝမ်းကွဲနေကြပါပြီ ။
- BGF အဖြစ် တပ်မတော်နဲ့ ဆက်လက်လက်တွဲကြမယ့် တပ်များ
- DKBA ( သီးသန့် ရပ်တည်မည့် တပ်များ)
- DKBA ( ဘိုဘိရဲ့ မူလ DKBA နဲ့ ပူးပေါင်းမယ့် တပ်များ)
- စောချစ်သူရဲ့ အမည်ပြောင်း KNA ထဲဝင်မည့် တပ်များ .......
ဆိုပြီး BGF က ၄ ခြမ်း ထပ်ကွဲမယ့် အက်သံထွက်လာပါတယ် ။ ဒီအချိန်မှာ ကျားဖြန့် ပြဿနာကြီးထွားလာပြီး စောချစ်သူက တပ်မတော်ကို ပြန်ကပ်လာပြန်ပါတယ် ။
တပ်မတော်အနေနဲ့ အခြေအနေအားလုံးကို သိပြီးဖြစ်ပါတယ် ။ စစ်မျက်နှာသစ် မဖွင့်ချင်လို့ မှေးနေတဲ့ အနေအထားလို့ ယူဆမိပါတယ် ။ ပေါ့ဆမရတဲ့ အချက်သတိပေးချင်ပါတယ် ။
စောချစ်သူဟာ တပ်သားသစ်များကို ငွေကြေးနဲ့ စည်းရုံးနေပါတယ် ။ တပ်သားသစ်တဦးကို တလ လစာ ဘတ် ၅၀၀၀ ( ကျပ်ငွေ ၆၅၀၀၀၀ ဝန်းကျင်) ပေးပြီး လူသစ်စုနေပါတယ် ။
ကဲ ကျနော်သိထားတဲ့ အခြေအနေကတော့ အဲလိုပါပဲ ။ ဘယ်အဖွဲ့ကို ယုံကြည်စွာ လက်တွဲရမယ် ၊ ဘယ်အဖွဲ့ကို အချိန်တခုမှာ ချေမှုံးရမယ်ဆိုတာကတော့ လာဘ်မစားတဲ့ ခေါင်းဆောင်တွေဆို ကောင်းကောင်း သုံးသပ်နိုင်ပါလိမ့်မယ် ။
ကိုရွှေမျိုးဝင်း
+1
၁၀၂၇ ဒုတိယပိုင်း ပထမရက်စထဲက အလစ်အငိုက်မိ ကျသွားတဲ့ မဟာဗျူဟာမြောက် နောင်ချိုမြို့ကို ၁ နှစ် နဲ့ ၂၁ ရက် အကြာ တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့တဲ့ ဖြစ်စဉ် အနှစ်ချုပ်
တပ်သားလေးဖိုးထောင်
မေးချင်လို့ဗျာ,.....???
ဝေါ်လေမြိုင်ထဲ ဘူဟာမှူးဂျီး တာလဘောနဲ့ ပဒက် စစ်ရေးအင်မတန်ကျွမ်းကျင်သူ စောက်ပေါငဇွဲတို့ လပ်လျားလပ်လျားလာလုပ်ချိန် FAB 3000 သီချင်းတပုဒ်လောက်ဖွင့်ပြလို့မရဖူးလားဗျာ
စောပေတိုး
တပ်သားလေးဖိုးထောင်
ဝေါလေစစ်ကူ
ဝေါလေကို ပို့နေတဲ့ စစ်ကူက ထိုင်းစစ်တပ်နဲ့ ညှိပြီး ထိုင်းဖက်က ပို့မှရမယ်။
သမရိုးကျ လမ်းမကြီးအတိုင်း တက်လာနေလို့ကတော့ နောက်လကုန်ရင်တောင် ရောက်ဖို့ မလွယ်ပါဘူး။ လမ်းတစ်လျှောက် အတားအဆီးအလွန်များပါတယ်။
တောင့်ခံနေရတဲ့ စစ်သည်များကို ငဲ့ညာသောအားဖြင့် စစ်ကူအမြန်ရောက်မဲ့ နည်းကို ထိုးထွင်းစီစဉ်မှ ရပါမယ်။ အချိန်မြန်လေကောင်းလေပါ။
တပ်သားလေးဖိုးထောင်
နောင်ချိုမြို့ အပြီး တပ်မတော်က နောက်ထပ် ထိုးစစ်ဆင်တိုက်ခိုက်မဲ့ မြို့က ဘယ်မြို့လို့ ထင်ပါသလဲ?
တပ်မတော်မှ နောင်ချိုမြို့တွင်းအား အလုံးစုံနီးပါး ထိန်းချုပ်နိုင်ပါပြီ။
မြို့ပြင် ယခင် ခမရ ၁၁၄ ၁၁၅ နေရာတို့မှာတော့ ရန်သူများ ကျန်နေသေးကြောင်းသိရပြီး ဆက်လက်ရှင်းလင်းနေကြောင်း သိရပါတယ်။
ရက်ပိုင်းအတွင်းတော့ ပွဲသိမ်းပါမယ်။
တပ်သားလေးဖိုးထောင်
Repost from Ko Myo Win
ချိတ်ဆက်မိဖို့
===============
ပထမဆုံး နောင်ချိုအောင်ပွဲကို ဂုဏ်ပြုပါကြောင်း ပြောချင်ပါတယ် ။ မိမိဘက်မှ အထိအခိုက် အကျအဆုံး မဖြစ်သလောက်နဲ့ ရန်သူ့လက်ထဲက မြို့ကြီးတမြို့ကို သိမ်းပိုက်ဖို့ ဆိုတာ ခက်ခဲလှပါတယ် ။ ယခု နောင်ချိုထိုးစစ်က အဲဒါကို တပ်မတော်က လုပ်နိုင်ကြောင်း သက်သေပြခဲ့ပါပြီ ။
နောင်ချိုမြို့ရဲ့ အရေးကြီး ဌာနဆိုင်ရာ ဘုရား ကျောင်းကန်အားလုံး တပ်မတော်က ထိမ်းချုပ်ပြီးပါပြီ ။ ခွေးလေ ခွေးလွှင့်တွေလို အကြိုအကြား ပုန်းအောင်နေတဲ့ အသေခံအညာပဒက် အမှိုက်လေးတွေကို တံပျက်စည်းလှဲတဲ့ အလုပ်နဲ့ မိုင်းရှင်းတဲ့ အလုပ် ဆောင်ရွက်နေပါတယ် ။
နောင်ချိုကနေ အသွင်ပြောင်းထွက်ပြေးတဲ့ အဖျက်သမားတွေ ပြင်ဦးလွင်ဘက် စိမ့်မဝင်အောင် စီမံထားဖို့တော့ လိုပါတယ် ။ လူအဝင်အထွက်ကြည့်မယ် လျှပ်တပြက် ဧည့်စာရင်းစစ်ဆေးမယ်ဆိုရင်ကိုပဲ ရပါတယ် ။ နောင်ချိုမြို့သူမြို့သားတွေ အိမ်ပြန်ရတော့မှာပါ ။
နောက်ထပ် စိတ်မကောင်းစရာသတင်း ပြောရပါအုံးမယ် ။ အာရှလမ်းမကြီးပွင့်ဖို့ ကျုံဒိုးနားက နွားခြံကုန်းရွာကို ရှင်းနေတဲ့သတင်း တင်ပြထားပါတယ် ။ ရန်သူအခြေပြု တိုက်အိမ်ကြီးတွေထဲက ၄ လုံးလောက်ကို မိမိတပ်များက ကျားကုတ်ကျားခဲ သိမ်းပြီးပါပြီ ။
မနေ့က ရာသီဥတုကောင်းလို့ ပေးထားတဲ့ သတင်းအတိုင်း လေကြောင်းက ဗုံးကြဲပါတယ် ။ အဲဒါ မိမိတို့ သိမ်းပိုက်ထားတဲ့ တိုက်အိမ်ကို ပြန်ကြဲမိပြီး စစ်သည် ၃ ဦး ကျဆုံးခဲ့ရပါတယ် ။ ရန်သူကြောင့် မဟုတ်ပဲ သတင်းအချိတ်အဆက် ကွာဟလို့ ဖြစ်ရတာပါ ။
အဲဒီတိုက်အိမ်တွေကို မိမိတို့ အခြေပြုပြီး ဖြစ်ကြောင်း အထက်က တာဝန်ရှိသူတွေဆီကို သတင်းပို့ထားကြောင်း ပြောကြပါတယ် ။ ဒီသတင်းက ပစ်မှတ်အတည်ပြုရမယ့် လေတပ်ဆီ မရောက်လို့လား ဆိုတာ စီစစ်သင့်ပါတယ် ။
ဒါက အင်မတန်အရေးကြီးပါတယ် ၊ သမရိုးကျ မှားယွင်းမိရင် အကြောင်းမဟုတ်ပါဘူး ၊ ဖရဲသီးကသာ သတင်းဖျောက်ထားရင်တော့ ရှေ့လျှောက် ကရင်မှာ တိုက်ရမယ့် တိုက်ပွဲတွေက အများကြီးကျန်ပါသေးတယ် ။
နွားခြံကုန်းမှာ KNU တပ်မဟာ ၁ နဲ့ တပ်မဟာ ၂ တို့ ပူးတွဲ ထိုင်ထားကြတာပါ ။ တက်မတော် နဲ့ မူလ DKBA ဗိုလ်ဒါးဝင်းတို့ ထိုးစစ်ကြောင့် တိုက်အိမ် ၄ လုံး သိမ်းမိတဲ့ပွဲမှာ KNU တပ်မဟာ ၁ မှ အရာရှိ ၃ ဦးနဲ့ တပ်သားအများအပြား သေကြေခဲ့တယ်လို့ သတင်းရပါတယ် ။
လက်ရှိအချိန်မှာ တပ်မဟာ ၂ က ပြန်လည်ဆုတ်ခွာသွားပြီလို့ သိရပါတယ် ။ အကျအဆုံး များထားတဲ့ တပ်မဟာ ၁ တခုတည်း ကျန်နေလို့ တပ်မတော် နဲ့ မူလ DKBA တို့ တချက်လောက် ခပ်ပြင်းပြင်း ညှစ်တိုက်ရင် နွားခြံကုန်းပြန်ရပြီး အာရှလမ်းမကြီး အခြေအနေပြန်ကောင်းလာပါလိမ့်မယ် ။
လေတပ် နဲ့ အချိတ်အဆက် မိဖို့ အရေးကြီးပါတယ် ။ ပစ်မှတ်အတည်ပြုခြင်းအား ယခင်ရှေးကတည်းက ရှေ့တန်းကို တိုက်ရိုက်လှမ်းမေး အတည်ပြု တဲ့ အလေ့အထ ရှိခဲ့ပါတယ် ။ ယခု ခေတ်မှီလာမှ မှားကြဲတာမျိုး မဖြစ်သင့်တော့ပါကြောင်း တင်ပြချင်ပါတယ် ။
ကိုရွှေမျိုးဝင်း
Repost from ShwePoe Oo
နတခ
စစ်ခုံရုံးကနေ အမိန့်ချခံရတဲ့ အရာရှိ ၄ ယောက်ဟာ နတခတိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင် ထောင်ဒဏ် ၁၀ နှစ်၊ ဗိုလ်မှူးကြီးအောင်ဆန်းလွင်က ထောင်ဒဏ် အနှစ် ၂၀၊ ဒုတိယဗိုလ်မှူးကြီးကျော်စွာထွန်း သေဒဏ်နဲ့ ဒုတိယဗိုလ်မှူးကြီးမျိုးဇော်အောင်က ထောင်ဒဏ်တသက်တကျွန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
ပုသိမ်မြို့က အမိန့်ချတာ ဟုတ်တယ်။ အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးစစ်ဆေး အမိန့်ချခဲ့တာ။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေပါ အသိမ်းခံရတာလို့ သိရတယ်။ အမှုမှာပါဝင်တဲ့ အရာရှိတချို့ လွတ်နေသေးတယ် လို့ ပြောပါတယ်။
တပ်မတော် အနေနဲ့ လက်ရှိအခြေအနေမှာ ရှမ်းမြောက် နောင်ချိုဖက်မှာ အောင်ပွဲခံနေတယ်။ ဗန်းမော်နဲ့ ရခိုင်မှာ စစ်အီနေတယ် ဆိုနိုင်ပြီး။ ကရင်ပြည်နယ်မှာတော့ ဆုတ်ခွာမှုလေးတွေရှိနေပါတယ်။
လက်ရှိစစ်ရေး အခြေအနေကို ကျေနပ်မှုရှိပါသလား။
လေကြီးလေကျယ်တွေ ပြောရလို့ ခက်ခက်ခဲခဲ တိုက်ယူရမယ်ထင်ခဲ့တာ။
အမြီးကုပ်ပြေးတာမှ တန်းနေတာပဲ။ ရွှေဘတွေ အထိအခိုက်တောင် မရှိသလောက်ပါ။ ရပ်ကွက်ထဲ လူမိုက်ရှင်းသလောက်ပဲ လုပ်ရတာ။
တပ်သားလေးဖိုးထောင်
ဝေါလေဗျူဟာကို ဝိုင်းတိုက်နေတဲ့ ရန်သူ့ဒရုန်းအဖွဲ့စာရင်းလို့ သိရပါတယ်။ သူပုန်တွေ ပြုံဆင်းလာပါပြီ။ လက်နက်တိုက်လဲ ထိခိုက်ထားပါတယ် လုံးဝ ပေါ့ဆလို့မရတဲ့ အခြေအနေပါ။ ကူညီပေးကြပါ။
-Cobra Federal Wings
-KNDO Federal Wings
-Golden Eagle
-ရောင်နီ
-Bee Force
-Justice Soldier
-တပ်မဟာ (၆) ဒရုန်း
-FFD
-Black Panther
တပ်သားလေးဖိုးထောင်
မိုးကုတ်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ရေးပြင်ဆင်မှုစတင်
ဇူလိုင် ၁၃
လက်ရှိတွင် ရှမ်းပြည်နယ် ကျောက်မဲမြို့ နှင့် နောင်ချိုမြို့အနီးတို့တွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး TNLA ဘက်က အခိုင်အမာ ခံစစ်ပြင်၍ ပြန်လည် တိုက်ခိုက်နေ သော်လည်း အထိနာနေကာ တချို့နေရာများ လက်လွှတ်ပေးနေရပြီဖြစ်ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် နောင်ချို၊ ကျောက်မဲ ဒေသများတွင် စစ်ရေးအသာရနေသည့် အပြင် TNLA များထိန်းချုပ်ကာ သယံဇာတများ အထိန်းအကွပ်မဲ့ တူးဖော်ခံနေရသည့် မန္တလေးတိုင်းဒေသကြီး၊ မိုး ကုတ်မြို့ကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ရေး ပြင်ဆင်လာသည်ကို တွေ့ရကြောင်း သိရသည်။ “မိုးကုတ်၊ နောင်ချိုရယ်၊ ကျောက်မဲရယ် အနေအထားကတော့ နဂိုထက်စာရင် တိုက်ပွဲတွေ ခပ်စိပ်စိပ်တွေ့လာရ တယ်။ မိုးကုတ်ကို တပ်မတော်က ပြန်ပြီးထိန်းချုပ်ဖို့၊ ပြန်ပြီး စိုးမိုးဖို့ ဒီရက်ပိုင်းမှာ ခပ်စိပ်စိပ်တိုက်ခိုက်မှု လေးတွေ တွေ့လာရတယ်။ လက်နက်ကိုင်တွေဘက်က အခုတော့ ခံစစ်အနေအထားရယ် တချို့နေရာ တွေ လက်လွှတ်လိုက်ရတဲ့အနေအထားရယ် တွေ့ရတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
တပ်သားလေးဖိုးထောင်
13.7.25
ယနေ့ ကရင်ပြည်နယ်မှာ လေယာဉ်သံ ဗုံးသံ ဆူဆူညံ ဖြစ်နေကြောင်း သိရ။
ဝေါလေဆီကို စစ်ကူစစ်ကြောင်းလဲ နီးသထက်နီးလာပါပြီ။ နေရာအတိအကျ တင်မရလို့ပါ။
တပ်သားလေးဖိုးထောင်
Repost from Tha Din Ga Bar🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
ဒီလိုကျရှုံးတိုင်းထိုင်းနိုင်ဘက်ထွက်ပြေးကြတာ...
တပ်မတော်ရဲ့ဂုဏ်သိက္ခာအတွက်သောက်ရှက်လေးတော့နည်းနည်းရှိဖို့လိုတယ်။
တဖက်တာဝန်ရှိသူတွေကလည်းဒီလောက်ဝေါလေနဲ့ဥကရစ်ထစခန်းကိုရန်သူထောင်နဲ့ချီပြီးပျော်ပွဲစားထွက်သလိုတိုက်နေတာကိုပြတ်ပြတ်သားသားဆော်ဖို့အမိန့်မပေးဘူး
လူအင်အားမဖြည့်ဘူး
ခဲယမ်းထပ်မဖြည့်ပေးနိုင်ဘူး
ရိက္ခာကတော့မစားရဝကမန်းအနိုင်နိုင်စားပြီးစစ်တိုက်နေရတယ်။
အဖက်ဖက်ကအားနည်းချက်တွေကြောင့်အခုလိုဖြစ်ရတာ။
ဒီစခန်းကိုပြန်တိုက်ရင်ဆုံးရှုံးမှုတွေများဦးမယ်။
Eaos မျိုးတစ်မျိုးလောက်ပြုတ်အောင်ဆော်ပြလိုက်စမ်းပါ။
စစ်နိုင်မှရွေးကောက်ပွဲလုပ်လို့ရမှာနော်
https://t.me/thadingabar
+1
သတင်းမှား ဖွတ်စီစီ ဆိုတဲ့ကောင် ကြွယ်လှပါလား။
ဒါနဲ့ ဥက္ကရစ်ထစခန်း ၃ ရက်အတွင်းကျမကျ ဆိုပြီး လောင်းတဲ့ပို့စ် ငါစောစော မတွေ့မိတာ မင်းကံကောင်းတယ်ကွာ။
ငါတို့ စစ်သည်တွေ ၁ လ ကျော် ကြံ့ကြံ့ခံနိုင်ခဲ့တာ မင်းအမြင်ပဲ။
စောစောတွေ့လို့ လောင်းခဲ့ရရင် မင်းဖင်ခံနေရပြီကွာ 😂
တပ်သားလေးဖိုးထောင်
သက်ရှိစည်းရိုး ချိုးခံရတဲ့အတွက် ဝေါလေ အရေးကြီးအဆင့်ရောက်သွားပါပြီ။
ဝေါလေဗျူဟာ ကျဆုံးခဲ့ရင် ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို အကြမ်းဖက်တွေ ထိန်းချုပ်နိုင်ပါလိမ့်မယ်။
ကရင်ပြည်နယ်ဖက်ကိုလဲ အာရုံစိုက်ပေးကြပါဦး။
တပ်သားလေးဖိုးထောင်
Available now! Telegram Research 2025 — the year's key insights 
