en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

Open in Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

Show more
7 699
Subscribers
No data24 hours
-307 days
-9930 days
Posts Archive
Repost from Ko Maung Maung
ပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်ခြားမြို့ ပန်းတောင်းမြို့နယ်နဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်စပ်ဒေသတွေကို AAကသိမ်းသွားပါပြီ။ အင်အားတွေထပ်ဖြည့်ပေးစေချင်ပါတယ် တောင်ပို့ကြီးစခန်း၊ မိုးထိနယ်ခြားစခန်း၊ လေးအိမ်စုစခန်း၊ နောက်ဆုံးကုလားလက်တိုစခန်းထိ AAကသိမ်းသွားပြီ။ ခုတိုက်ပွဲက ပုဂံကွဲရွာကနေ ရှေ့ကုလားလက်တိုစခန်းကို တပ်က ပြန်တိုက်နေပါတယ်။ ပုဂံကွဲရွာကျသွားရင်တော့ ညောင်ကျိုးစခန်းပဲရှိ့တော့ပါတယ်။ ညောင်ကျိုစခန်းမကျဖို့လိုပါတယ်။ ညောင်ကျိုးစခန်းကျသွားရင်တော့ တောင်အောက်မှာ ကပစ၆၊ ကပစ၉၊ ကပစ၅၊ ကပစ၁၆၊လေကြောင်းရန်ကာကွယ်ရေး တပ်တွေနဲ့နီးနေပါပြီ။ အင်အားများများလေးနဲတိုက်မှဖြစ်မှာပါ။ ၆၀၁ ဒုံးတပ်၊ ခယရ ၂၊ခလရ ၉၂ တပ်တွေကတော့ပန်းတောင်းမြို့နာမှာရှိ့ပါတယ်။ စစ်တပ်ကတိုက်နေတဲ့ကြားကကိုစခန်းတွေအသိမ်းခံနေရပါတယ်။ လေယာဥ်တွေ၊ ဂျတ်ဖိုက်တာတွေ၊လက်နက်ကြီးတွေနဲ့ခုခံတာတောင်မရဘူး AAအင်အားအတော်များတယ်။ 11.02.2025 #KoMaungMaung

ရခိုင်ပြည်နယ် ပေါက်တော နဲ့ ကျောက်ဖြူ ကြား၊ စမ်းများဝ ရွာဘေး တောင်ပေါ်မှာ ဆင်ဖြူတွေ အုပ်လိုက် သွားလာနေတယ်လို့ ဆိုပါတယ်။ ငါတို့ အဘမြင်ရင် ရခိုင်ပြည်နယ်ထိုးစစ် ချက်ချင်းစနိုင်တယ်။ ပြပေးလိုက်ကြပါဗျိုး။

BGF အားလုံးကို မပြောလိုပေမဲ့ ဦးစောချစ်သူ၊ ဦးမုတ်သုန် သစ္စာရှိဖို့လိုတယ်။ ကိုနိုင်မောင်ဇော်၊ ကိုခင်မောင်ဝင်းတို့ဆိုတာ ကျွန်တော် ရတခ A3 ဘဝ က ခင်မင်ခဲ့ သော လူတွေပါ။ မဲသဝေါဖြစ်စဉ် ၊ အာရှလမ်းဖြစ်စဉ် 2014/2016လောက်အထိ သူတို့ တော်တော် လုပ်ခဲ့ကြတယ်။ ဒီနိုင်ငံရေးဖြစ်စဉ်အပြီး ရွှေကို့ကို ကိစ္စ ကျားဖြန့် ကိစ္စတွေနွယ်လာတော့ ဦးစောချစ်သူ ရပ်တည်ချက်တွေ ပြောင်းလာတယ်။ လက်ပြတ်က ‌ရွှေကို့ကို ကို ဝင်တိုက်တဲ့ အချိန်မှာ KTLA နဲ့ ဦးစောချစ်သူ ညှိလိုက်ပုံ ရတယ်။ တာဘော ၊ လက်ပြတ် တို့အဖွဲ့တွေ သင်္ဃန်ညီနောင်ကို တိုက်လာတယ်။ ဦးစောချစ်သူ တို့ ဦးမုတ်သုန်တို့ ရှိရဲ့သားနဲ့ ဒါမျိုးတွေ ဖြစ်စရာ အကြောင်းမရှိပါဘူး။ KNA ဆိုပြီး BGFကို အသွင်းပြောင်းဖို့ လုပ်တယ် ၊ ကရင်ပြည်နယ် က Give and Take တွေ များတယ်။ အကျိုးစီးပွားကို လိုက်ပြီး ‌ဦးစောချစ်သူ ကစားနေခဲ့ပုံရတယ်။ ထိုင်း move forword ပါတီ က အမတ်က ဦးစောချစ်သူကို အရေးယူနိုင်ဖို့ အဆိုတင်သွင်း မယ်လို့သိရတယ်။ တရုတ် ကျားဖြန်းခေါင်းဆောင်ကို နှင်လိုက် တယ်။ အချို့ကျားဖြန့်တွေ နေရာရွှေ့ကြတယ်။ Knu က ကေကေပက်ကို အသံဖျောက်နိုင်ဖို့ ကိစ္စ အဝဝ ကို ဦးစောချစ်သူ ကိုပုံချချင်ပုံရတယ်။ Knu ဟာ လက်ရှိ နစက အစိုးရကိုဆန့်ကျင် တိုက်ခိုက်နေတာ ဖြစ်လို့ မြေငှားလက်မှတ်ရေး ထိုးကြတာချင်း အတူတူ knu,ဥက္ကဌ ဖဒိုကွယ်ထူးဝင်းကို ဖျောက်ထားပြီး ဦးစောချစ်သူကို အလေးပေးပုံချလာတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ပြည်ပြေး ပြည်ဖျက် မီဒီယာ အချို့က knuက အဓိကတာဝန် ရှိသူကို ဖုံးဖိထားပြီး BGF ကို လက်ညိုးထိုး ဖော်ပြလိုကြတာကို အဓိက ပံ့ပိူလုပ်ဆောင်ပေး ခဲ့တာကို တွေ့ရတယ်။ လက်ရှိ အချိန်မှာ တရုတ်ရဲ့ ဖိအားကြောင့် ထိုင်းကလည်း သူ မပါဝင်ခဲ့ကြောင်းသက်သေပြ လိုတဲ့အခါ ကိစ္စအဝဝကို ဦးစောချစ်သူထံပုံ လာတယ်။ ထိုင်း က တာဝန်အရှိဆုံးဆိုတာ ဖော်ပြရမယ် ဆိုရင် လျှပ်စစ်မီးပေးတာ၊ အင်တာနက်ပေး တာ အပြင် ထိုင်းကို ဝင်လာသော ခရီးသွား လုပ်ငန်းကနေ ကေကေပက်နဲ့ ရွှေကို့ကို ကို တရုတ်နိုင်ငံသားတွေ အပြင်အခြားနိုင်ငံသား တွေ ဝင်ရောက်ကြပြီး လူမှောင်ခို အဆင့်ထိ ဖြစ်လာတာပါ။ တစ်ပူပေါ နှစ်ပူဆင့် ပြီးခဲ့သော လက မြဝတီ ဆေးရုံးတစ်ခုမှာ ကျားဖြန့်လုပ်ငန်းမှာ နှိပ်စက် လို တရုတ်နိုင်ငံသား ၁ ဦး သေဆုံးခဲ့တယ်။ ထိုင်းဝန်ကြီးချုပ် တရုတ်ခရီးစဉ် အတွက် မြန်မာနယ်စပ်ကို လျှပ်စစ်မီးနဲ့ လောင်စာဆီ ထိုင်းကဖြတ်တောက်ခဲ့တယ်။ ထိုင်း ကို ဆန္ဒထုတ်ဖော်ပွဲ ဆိုပြီးလုပ်လာ ခဲ့ကြတယ်။ အဲ့ဒီနောက်မှာလည်း အကြောင်း အရာတွေ ရှိတယ်။ ကရင်ပြည်နယ်အရေးထက် မြဝတီ အရေးက ရှုတ်ထွေးတယ်။ Knu တပ်မဟာ ၆ က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်သော သတင်းတွေကလည်း ထွက်ပေါ် နေပါတယ်။ တပ်မတော် စစ်ကြောင်းတွေကလည်း ဒေါန တစ်လျှောက်ပြန်လည် စိုးမိုးလားတယ်။ အာရှလမ်းသစ် ပြန်ဖွင့် နိုင်ရင် ကိစ္စ အဝဝ အစဉ်ပြေမယ်။ ဒီအတွက် အပေး အယူတွေ လိုအုံးမှာဖြစ်တယ်။ လူမသိသူမသိ ပိုက်ဆံ ရနေတာက ထော့ကိုကိုလမ်းကြောင်းက knu/PC အဖွဲ့ဖြစ်တယ်။ အာရှလမ်းသစ် မပွင့်လေ အဲ့ဒီက ဂိတ်တွေ တွက်ခြေကိုက်လေပဲ ဖြစ်တယ်။ ဒီအချိန်မှာ ဘယ်သူ ဘာ ဆိုတာ မပြောလို ပါဘူး။ နိုင်ငံ အတွက် ပြည်နယ် အတွက် ဦးစောချစ်သူ ကို အရှည်စဉ်းစားပါလို့ ဦးစွာပြောလို တယ်။ လက်ရှိသောင်းကျန်းနေသော ktla နဲ့knu တပ်မဟာ ၆ အဖွဲ့တွေဟာ တပ်မတော် ကို ဘယ်လောက်အတိုင်းအတာအထိ တိုက်ခိုက်နိုင် မှာလည်း ၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တယ်ဆိုရင် ရပ်တည်ချက်အချို့ ပြတ်သားဖို့လိုပါတယ်။ ဒီနေရာမှာ ပြောလိုတာက တိုက်ရမယ်လို့ ဆိုလို တာ မဟုတ်ဘူး။ သွေးမြေမကျပဲနဲ့ ကရင်ပြည်နယ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ရင် ပိုပြီးအစဉ်ပြေပါလိမ့်မယ်။ လတ်တလော အကြပ်အတည်းမှာ ပုဂ္ငိုလ်ရေး အကြပ်အတည်း ရှိသလို၊ မြဝတီမြို့အကြပ် အတည်း၊ ကရင်ပြည်နယ် အကြပ်အတည်း ၃ မျိုး တွေ့ရပါတယ်။ ဒီနေရာမှာ ပုဂ္ဂိုလ်ရေးအကြပ်အတည်း နဲ့ မြဝတီမြို့ အကြပ်အတည်း က ဦးစောချစ်သူ နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ နိုင်ငံရေးအရ ktla ,နဲ့ ပဒက် ကိစ္စက ပေါ်ပင် ဆိုတာကို သတိပြုရလိမ့်မယ်။ တရုတ်၊ ထိုင်း ကိစ္စ ကကျားဖြန့်သည် နိုင်ငံတကာအဆင့် ရာဇဝတ်မှု အဆင့်ထိ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီ အဆင့်ကို မရောက်ဖို့ အချိန်မှီ ပူးပေါင် ဆောင်ရွက်လာတာဟာ ကောင်းမွန်တယ်လို့ ယေဘူယျ သုံးသပ်နိုင်ပါတယ်။ BGF ဆိုတာ တပ်မတော် ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ဒီနေရာမှာ သစ္စာရှိမှုတွေ လိုအပ်ပါတယ်။ ကော့ကရိတ်-မြဝတီ လမ်းကြောင်းမှာ သေနတ်သံတွေ ရပ်ဖို့ တာဘောတို့အုပ်စုက အဓိက ဖြစ် နေတယ်။ တာဘောက လိုင်းပေါ်မှာ ဘာတွေ ပြောပြော သူ နိုင်ငံတပ်မတော်နဲ့ ဘယ်လောက် ကြာကြာ တိုက်မှာလည်း စဉ်းစားရလိမ့်မယ်။ Nug နိုင်ငံရေးသမားတွေက သူ့ကို အသုံးချယုံ သက်သက် ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့ သလို ပေါပင် ဖြစ်ပါတယ်။ ဦးစောချစ်သူ အနေနဲ့ အချိန်အခါနဲ့အခြေအနေ အရ ကရင်ပြည်နယ်နဲ့ မြဝတီ အတွက် အကောင်းဆုံးလုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုနိုင်မောင်ဇော်၊ ကိုခင်မောင်ဝင်း မိမိလက်အောက် တပ်တွေကို အကောင်းဆုံးဦးဆောင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျော်စွာ ၊ ရတခ https://t.me/privatephoehtaung

သာယာလိုက်တာ ကျမတို့ မှာ စစ်သည်ကျဆုံး ပျောက်ဆုံးတွေရဲ့လစာနဲ့ ရပိုင်ခွင့်တွေ စိစစ်ပေးဖို့ အကြိမ် ကြိမ် တင်ပြတောင်းခံ လိုက်ကူညီနေရတာတောင် ထိုးမဖောက်နိုင်ဘူး ကိုယ့်ဝမ်းစာ သရုပ်ဆောင်ပြီး စင်ပေါ်တက် နိုင်ငံ့ရှင်ဘုရင်ကို တောင်းဆိုချင်တာ တောင်းဆိုလို့ရတဲ့ အန်ကယ့်ကြည့်ပြီး အားကျမိပါတယ် တန်ဖိုးနည်းအိမ်ယာဆိုပြီး ချပေးလိုက်ရင် ပိုင်ရာဆိုင်ရာတွေက ဝင်လု ငှားစား အငြိမ်းစား အိမ်ပိုင်မရှိတွေကပဲ ဒုံရင်း အငှားအိမ်တွေပေါ် ပတ်ငှားနေထိုင်ရ နေရာလေး တခု ချပေးလိုက်ရင် အောက်ခြေလူတန်းစားက ဝင်တိုးလို့မရ ဗိုက်ပူနံကားတွေကသာ အရင်ရှေ့ရောက်တာ တကယ့် လူ့ဘောင်အပြင်ကသူတွေ တရားတွေလည်း ရမိပါတယ် DI Thameedaw 🇲🇲

လွိုင်ကော်မြို့နယ် လင်ဖုန်လေး အနောက်ဘက် တောင်ခြေတောထဲဝင်သွားသော အကြမ်းဖက် ၆ ဦးအား Drop Bomb ချရှင်းလင်းခြင်း

အိုင်ပီ ဖြစ်စဥ်ဖြစ်ရပ်တွေကို ပြောမနေတော့ဘူး ဗျာ ဆေးပြား ဆိုတာဘဲ ပြောမယ် အခုဆိုရင် အဲ့ဒီဆေးပြားဆိုတာ ရပ်ကွက်ထဲမယ် လိုသလောက်ရနေ
အိုင်ပီ ဖြစ်စဥ်ဖြစ်ရပ်တွေကို ပြောမနေတော့ဘူး ဗျာ ဆေးပြား ဆိုတာဘဲ ပြောမယ် အခုဆိုရင် အဲ့ဒီဆေးပြားဆိုတာ ရပ်ကွက်ထဲမယ် လိုသလောက်ရနေတဲ့ ခေတ် တစ်ချို့များ တရားဝင်ရောင်းနေသလိုဘဲဗျို့ သက်ဆိုင်ရာ ပုဂ္ဂိုလ် တွေကို လိုင်းကြေးပေး ရောင်းနေကြတာများ ငယ်ငယ်က သီးတင်းကျွတ်ပွဲ လမ်းဘေးမှာ ဗန်းကလေးတွေနဲ့ မီးရူးမီးပန်းရောင်းနေသလိုပါဘဲဗျာ ခေတ်ပျက် ကြီးတစ်ခုလိုဖြစ်နေတဲ့ မြန်မာနိုင်ငံ ကြီး နီးရာဓါး ကြောက်နေရတယ်ဗျို့ မောင်သစ္စာ🇲🇲

NUG ကာကွယ်ရေး အတွင်းဝန် နိုင်ထူးအောင် က ရာထူးမှ အနားယူကြောင်း ယင်း၏ Facebook စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။ ခိုးလို့ ဝတော့ ပြ
NUG ကာကွယ်ရေး အတွင်းဝန် နိုင်ထူးအောင် က ရာထူးမှ အနားယူကြောင်း ယင်း၏ Facebook စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။ ခိုးလို့ ဝတော့ ပြေးပြီပေါ့။

ရှမ်းကယားနယ်စပ်မိုးဗြဲ ဖေဖော်ရီ၉ရက်ညကမိုးဗြဲမြို့ထဲကိုPDFတွေအင်အားထပ်ဖြည့်ထားပါပြီ။ ကွက်သစ်ဘုန်းကြီးကျောင်းအနီးဆိုင်ကယ်ကားကြီးများဖြင့်ဝင်ရောက်နေရာယူထားပါပြီ။ ကွက်သစ်ရပ်ကွက်နဲ့သစ်ယာကုန်းရပ်ကွက်မှာအခြေပြုပြီး (ခမရ)၄၂၂ဝင်တိုက်ဖို့ပြင်ဆင်နေကြောင်းသိရသည်။ ShanGyi https://t.me/privatephoehtaung

အဘက တစ်ပွဲလုံးပြီးတဲ့အထိ အကယ်ဒမီပွဲ ထိုင်ကြည့်မှာလား စိတ်ဝင်စားတယ်။ ကျွန်တော် သိသလောက် အကယ်ဒမီပွဲကို နိုင်ငံခေါင်းဆောင် အဆင့်တက်တာမရှိပါ။ အမြင့်ဆုံး ပြန်ကြားရေးဝန်ကြီးလောက်ပဲ တက်သလားလို့ပါ။ အခု အဘ မင်းအောင်လှိုင်က ပွဲတက်ချီးမြင့်၊ မိန့်ခွန်းပြော၊ ဆုပေး၊ ပွဲကြည့်တွေပါလုပ်နေတော့ တခြား အရေးတကြီး ကိစ္စတွေ လုပ်ပြီးပြီမို့လို ပွဲလာတက်တယ်လို့ပဲ ယူဆလိုက်ပါတော့မယ်။ https://t.me/privatephoehtaung

ကျောက်တော် သင်္ဘောဖြစ်စဥ် မနေ့က ၁ နှစ်ပြည့်ပါတယ်။ လုံးဝ မမေ့ကြေးဆိုပြီး မနေ့ကတော့ မေ့နေကြသလိုပဲနော်။ စောင့်ကြည့်နေပေမဲ့ ဘယ်သူ
ကျောက်တော် သင်္ဘောဖြစ်စဥ် မနေ့က ၁ နှစ်ပြည့်ပါတယ်။ လုံးဝ မမေ့ကြေးဆိုပြီး မနေ့ကတော့ မေ့နေကြသလိုပဲနော်။ စောင့်ကြည့်နေပေမဲ့ ဘယ်သူမှ တင်တာ ‌မတွေ့မိလို့ပါ။ https://t.me/privatephoehtaung

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ အဖွင့်မှာစကားပြောကြားခြင်း SD Version

လေးစားပါတယ်တပ်မမူး ဗန်းမော်စက ခ၂၁ရဲ့တပ်မမူးဥိးစီးအ၇ာရှိစစ်သည်အားလုံးကိုလက်တင်အလေးပြုလိုက်ပါသည်။ ဆိုက်၀ါးထည့်ဂျင်းထည့်သတင်းမျာ
လေးစားပါတယ်တပ်မမူး ဗန်းမော်စက ခ၂၁ရဲ့တပ်မမူးဥိးစီးအ၇ာရှိစစ်သည်အားလုံးကိုလက်တင်အလေးပြုလိုက်ပါသည်။ ဆိုက်၀ါးထည့်ဂျင်းထည့်သတင်းများလုပ်ကြံဖန်တီးတတ်တဲ့အကြမ်းဖက်ရဲ့လံကြုတ်သတင်းတွေကိုတချက်မှမပြောပဲအသံတိတ်သမနေခဲ့တဲ့စကခ၂၁တပ်မမူးကိုတင်မင်းလတ်နဲ့အ၇ာရှိစစ်သည်များ၇ဲ့စည်းလုံးညီညွှတ်မူသစ်စာရှိမူမှီခိုရဲမေများရဲ့ပြောင်မြောက်တဲ့၇ဲစွမ်းသတ်တိစိတ်ဓါတ် ပိုင်ရင်အားလုံးကိုဤစာစုလေးဖြင့်ဂုဏ်ပြုချီးကျုးလက်တင်အလေးပြုလိုက်၇ပါသည်။ မြန်မာ့တပ်မတော်သမိုင်းသစ်စိုက်ထူလိုက်ပြီဗန်းမော်မြေမှသူရဲကောင်းများ မြို့၇ဲ့၈၀%အားလုံးလေဆိပ်အပါတပ်မတော်မှထိန်းချုပ်ရှင်းလင်းနေတာအား၇စ၇ာပါအမျိုးတို့ Crd အမွှေစိန် မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲 https://t.me/privatephoehtaung

လေးစားပါတယ်တပ်မမူး ဗန်းမော်စက ခ၂၁ရဲ့တပ်မမူးဥိးစီးအ၇ာရှိစစ်သည်အားလုံးကိုလက်တင်အလေးပြုလိုက်ပါသည်။ ဆိုက်၀ါးထည့်ဂျင်းထည့်သတင်းများလုပ်ကြံဖန်တီးတတ်တဲ့အကြမ်းဖက်ရဲ့လံကြုတ်သတင်းတွေကိုတချက်မှမပြောပဲအသံတိတ်သမနေခဲ့တဲ့စကခ၂၁တပ်မမူးကိုတင်မင်းလတ်နဲ့အ၇ာရှိစစ်သည်များ၇ဲ့စည်းလုံးညီညွှတ်မူသစ်စာရှိမူမှီခိုရဲမေများရဲ့ပြောင်မြောက်တဲ့၇ဲစွမ်းသတ်တိစိတ်ဓါတ် ပိုင်ရင်အားလုံးကိုဤစာစုလေးဖြင့်ဂုဏ်ပြုချီးကျုးလက်တင်အလေးပြုလိုက်၇ပါသည်။ မြန်မာ့တပ်မတော်သမိုင်းသစ်စိုက်ထူလိုက်ပြီဗန်းမော်မြေမှသူရဲကောင်းများ မြို့၇ဲ့၈၀%အားလုံးလေဆိပ်အပါတပ်မတော်မှထိန်းချုပ်ရှင်းလင်းနေတာအား၇စ၇ာပါအမျိုးတို့ Crd အမွှေစိန် မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲 https://t.me/privatephoehtaung

တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အလို့ငှာ ဗီဒီယိုရိုက် ကူးကာ အွန်လိုင်းပေါ်တွင်လွှင့်တင်ခဲ့သည့်ဖြ စ်စဉ်မှ တရုတ်နိုင်ငံသားတစ်ဦးကို  ဖမ်းဆီးရမိ * ရန်ကုန်၊ ဖေဖေါ်ဝါရီ ၇ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် တရုတ်မယားအဖြစ် လက်ထပ် ထိမ်းမြားစေရန် အလို့ငှာ ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ်တွင်လွှင့်တင်ခဲ့သည့်ဖြစ်စဉ်မှ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်း ဆီးရမိခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှသိရသည်။ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်နေ မ.နှင့် မတို့ မိသားစု၏ ဘဝရပ် တည်ရန် ခက်ခဲသည့် အခြေအနေပေါ် အခွင့် ကောင်းယူ၍ငွေကြေးလက်ဆောင်များပေးကာ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အလို့ငှာ Video ရိုက် ကူးကာ Online လူမှုကွန်ယက်ပေါ်တွင် လွှင့်တင်ပြီး ရရှိသော ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရန်အတွက် ပူးပေါင်းပြင်ဆင်အား ထုတ်ခဲ့သော မသီတာအောင်၊ အောင်ဇော်ဦး (ခ) ဟာမီဒူလာ၊ တရုတ်နိုင်ငံသား Mr.Luo Fei နှင့် အမည်မသိ တရုတ်နိုင်ငံသား တစ်ဦးတို့အား ဥပဒေနှင့်အညီအရေးယူ ပေးရန် တိုင်တန်းချက် အရ ဖေဖေါ်ဝါရီ ၆  ရက် ညနေပိုင်းက ဒလမြို့မရဲစခန်း (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ -၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။ အမှုမှ တရားခံဖြစ်သူ တရုတ်နိုင်ငံသား Mr.Luo Fei ၊ နိုင်ငံကူးလက်မှတ် EN 0910723 သည် ဖေဖေါ်ဝါရီ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေ ဆိပ်သို့ Thai Airway လေကြောင်းလိုင်း၊ ခရီး စဉ်အမှတ် (TG-.)ဖြင့် ထွက်ခွာရန် ရန်ကုန်လေဆိပ်၊ လူဝင်မှုကြီး ကြပ်ရေး ကောင်တာသို့ ဝင်ရောက်လာခဲ့သဖြင့် အမှတ်(၁၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့စု(ရန်ကုန်လေ ဆိပ်)မှ ဒုရဲမှူး ဇော်ထူးအောင်ဦးစီးအဖွဲ့က ပြည်ပထွက်ခွာခွင့်အား တားဆီးခဲ့သည်။ ဆက်လက်၍ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)သို့ အကြောင်း ကြားခဲ့သည်။ သို့ဖြစ်ရာ ဒလမြို့မ ရဲစ ခန်းမှ (ပ) ၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ -၃၅/၄၄အမှုမှ တရားခံ တရုတ်နိုင်ငံသား Mr.Luo Feiအား အမှုဖြင့် ဆက်လက် စစ်ဆေးနိုင်ရန် အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ https://t.me/privatephoehtaung/2643

Repost from Ko Maung Maung
••ပဲဲခူး မိုးထိနဲ့ ဥသျှစ်ပင်မှာ ကပစလက်နက်စက်ရုံ​ကြီးတွေရှိတယ်။ ••ညောင်ပင်သာ၊သပြေကုန်းနဲ့ ညောင်ကြိုးမှာ AA/PDF နဲ့စစ်ဖြစ်နေတယ်၊ တပ်ကမနည်းခုခံနေရတယ်။ ••စစ်ဖြစ်နေတဲ့ ညောင်ပင်သာ၊ သပြေကုန်း၊ ညောင်ကြိုးကျရင် မိုးထိပါကျပြီလို့ပြောလိုရတယ်။ မိုးထိကျရင် လက်နက်စက်ရုံ(ကပစ)ပါ အသိမ်းခံရနိုင်တယ်။ ••ဧရာဝတီတိုင်း ကြံခင်းအပိုင်မှ ပိုးစုကြီး မှောင်ခိုလမ်းကို G1နဲ့ အာဏာပိုင်များက အစလာဒ်စားပြီး ခွင့်ပြုထားတယ်။ ဆယ်ဘီးကားတွေဖြတ်နေတယ်။ ••ပိုးစုကြီးမှောင်ခိုလမ်းကြောင်းသည် ခံစစ်ပြင်ခုခံနေရသော ညောင်ပင်သာ၊ သပြေကုန်း၊ ညောင်ကြိုးတို့နဲ့ တစ်ဆက်တည်းဖြစ်သည်။ ပိုးစုကြီး မှောင်ခိုလမ်းကြောင်းကိုအသုံးပြု၍ ရန်သူက လက်နက်၊ ရိက္ခာ၊ ဆေးဝါးများ ဖြည့်တင်းသယ်ယူနိုင်သည်။ ••တစ်ချိန်လုံးခံစစ်ပြင်ရင် ခံစစ်ပြင်ရင်းခံနေရတဲ့အဖြစ်မရောက်ရလေအောင် ထိုးစစ်စဖို့လိုသလို။ ကြံခင်းအပိုင် ပိုးစုကြီး မှောင်ခိုလမ်း ကို G1 နဲ့ အာဏာပိုင်များ လာဒ်စား၍ ဆယ်ဘီးကားများပေးဖြတ်နေခြင်းသည် ရန်သူအတွက် ရိက္ခာ ခဲယမ်း၊ လက်နက် ထောက်ပို့လမ်းကြောင်းဖွင့်ပေးသကဲ့သို့ဖြစ်နေသည်။ 07.01.2025 #KoMaungMaung

မြန်မာ အတွက် ရန်ပုံငွေ ၃၉ သန်း သမ္မတ ထရမ့် ရပ်ဆိုင်း ======================== ဖေဖော်ဝါရီ ၇ - ၂၀၂၅ အမေရိကန် နိုင်ငံတကာ ဖွံဖြို
မြန်မာ အတွက် ရန်ပုံငွေ ၃၉ သန်း သမ္မတ ထရမ့် ရပ်ဆိုင်း ======================== ဖေဖော်ဝါရီ ၇ - ၂၀၂၅ အမေရိကန် နိုင်ငံတကာ ဖွံဖြိုးရေး အစီအစဉ် (USAID) ကို ဆိုင်းငံ့ လိုက်တာ ကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ သတင်းမီဒီယာတွေ အတွက် လာမယ့် သုံးနှစ် အတွင်း ပေးမယ့် ရန်ပုံငွေ ဒေါ်လာ ၃၉ သန်းကို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ခေတ္တ ရပ်ဆိုင်းလိုက်ပါတယ်။ ဒီရန်ပုံတွေကို ဘယ်အချိန်မှာ ပေးမယ်ဆိုတာနဲ့ ပေးဦးမလား ဆိုတာ ကိုတော့ ရှင်းလင်းစွာ မသိရသေးပါ။ ရန်ပုံငွေတွေကို ကာလရှည် ဆိုင်းငံ့မှုဟာ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ အတွက် ပြင်းထန်တဲ့ ရေရှည် အကျိုးဆက်တွေ ရှိလာ နိုင်တယ်လို့ စောင့်ကြည့် လေ့လာ သူတွေ က သုံးသပ်ကြပါတယ်။ ရန်ပုံငွေ ပြန်လည် ပေးအပ်တာ နှောင့်နှေးမယ် ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီး နောက်ပိုင်း လူ့အခွင့်အရေး ဒီမိုကရေစီနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက် ကြိုးပမ်း အားထုတ်မှုတွေမှာ အားနည်းသွားဖွယ် ရှိနေ ပါတယ်။ အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲဟာ မြန်မာ့အရပ်ဘက် လူ့အဖွဲ့အစည်းတွေကို ထိခိုက် စေကြောင်း Human Rights Myanmar က သတိပေးထားပါတယ်... Ref:HRM

ဝက်လက်ပြည်သူအစစ်များ၏ရင်ဖွင့်သံ ဝက်လက်မှာစားစရာမရှိတော့စစ်အာဏာရှင် တော်လှန်ရေး ခေါင်းစဥ်တပ် ပြီးစစ်အာဏာရှင်ထက်အဆများစွာ ဆိုးဝါးယုတ်မာ တဲ့ အရပ်သားအာဏာရှင် တွေက ဝက်လက်မြို့ကို လမ်းပန်းဆက်သွယ်ရေး *ပိတ်*ဆို့*ထားတာ ရက်၃၀ (၁လ) နီးပါးရှိသွားပါပြီ စားသုံးဆီ ဝယ်မရတော့ပါ စက်သုံးဆီ ဝယ်မရတော့ပါ ဝက်လက်မြို့မစျေး လည်း စားစရာ ဝယ်ရတာ မရှိသလောက်ဖြစ်သွားပြီ နောင်ထပ်( ၇ )ရက်လောက် ဆို အကုန်* ငတ်ဘေး *ဒုက္ခ ရောက်ကြတော့မယ်ထင်ပါတယ် ဘယ်လိုလုပ်ကြမှာ တုန်း အရပ်ကတို့ရေ ဆင်းရဲသားပြည်သူတွေ ဘုန်းကြီးကျောင်းတွေသွား တောင်းစားနေကြရပါ ပြီ ဘုန်းကြီးကျောင်းတွေ လည်း ကြာလာတော့ အရင်လို * ထမင်း *မဝေနိုင်ကြတော့ဘူး ကြက်သား ၁ပိဿာ ၃ သောင်း ကျော် ဝက်သား ဝယ်မရတော့ (၁)လ ကျော် ပြီ ယူကြ **ကယ်တော်မူကြပါအုံး !!!ကစထ မှူး / စစ်ဒေသ မှူး ကြီးများအပေါင်းတို့ ***ကယ်တော်မူကြအုန်း ! ***ကယ်တော်မူကြပါဗျို့ ! *** ကယ်တော်မူကြပါဗျို့ ! ယူတော်မူကြပါအုန်း https://t.me/privatephoehtaung

မြန်မာက ဘာလာလုပ်နေလို့လဲ။ ခြိမ်းခြောက်တယ်ထင်ရင် လာပုန်းနေတဲ့ မြန်မာတွေ အကုန်ပြန်လွှတ်လိုက် https://t.me/privatephoehtaung
မြန်မာက ဘာလာလုပ်နေလို့လဲ။ ခြိမ်းခြောက်တယ်ထင်ရင် လာပုန်းနေတဲ့ မြန်မာတွေ အကုန်ပြန်လွှတ်လိုက် https://t.me/privatephoehtaung

Paramotor စက်တပ်လေထီး အညာဒေသရဲ့ ညဥ့်နက်ချိန် မြူနှင်းများဝေနေတဲ့ရာသီမှာ သုံးပေလောက်အကွာကိုမြင်နိုင်ဖို့က ဝိုးတဝါးအခြေအနေပါ။ ဒီအချိန်မှာ ကျယ်လောင်တဲ့ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာတယ်။ နေအိမ်သွပ်မိုးတွေက လေမှာပျံဝဲသွားပြီး လူတစ်ယောက်စ နှစ်ယောက်စကတော့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးကုန်ပါတယ်။ ဘေးပတ်ဝန်းကျင်မှာအပျက်အစီးအချို့၊ လူတွေက ရုတ်ရုတ်နဲ့ဘေးလွတ်ရာပြေးထွက်နေကြတယ်။ ကိုထက်(အမည်လွှဲ)တစ်ယောက် တပြိုင်နက်ထဲမှာပဲ ကောင်းကင်ပြင်ပေါ်မော့ကြည့်လိုက်ချိန်မှာပဲ ရိပ်ခနဲဖြတ်ပြီး ပျံသန်းသွားတာကိုမြင်ရပေမယ့် သေချာတာကတော့ လေယာဉ်ပျံမဟုတ်ပါဘူး။ "အစကလေယာဥ်ပေါ်ကကြဲတာထင်တာ ညဆိုတော့အပေါ်ကိုမမြင်ရဘူး။ နောက်တရက်ညနေပိုင်းလာမှ သိလိုက်ရတာ လေထီးတွေဖြစ်နေတယ်"လို့ကိုထက်ကဆိုပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာမှာ လေထီးများ ပျံသန်းလာကာ ဗုံးတွေကြဲသွားတယ့် ဖြစ်စဥ်ပါ။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ဟာ စက် တပ်လေထီးတွေနဲ့ တိုက်ခိုက်မှုကို မကြာခဏ ကြုံတွေ့ရတဲ့မြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလနဲ့ ဇန်နဝါရီလနှစ်လအတွင်းမှာ လေထီးနဲ့တိုက်ခိုက်မှု ၁၀ ကြိမ်အထက်ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ "အစက လေယာဥ်ပေါ်ကချပေးတဲ့ လေထီးထင်နေတာ အဲ့ဒီလိုမဟုတ်ဘူး သူတို့က လူ နှစ်ယောက်လောက်စီးလို့ရတဲ့ပုံစံမျိုး။ လေထီးနဲ့ဗုံးသီးနဲ့လွှတ်လိုက်ပြီး အချိန်နာရီနဲ့သွားနေတာ(လေထီးမောင်းနှင်တဲ့အချိန်အကန့်အသတ်နဲ့)။ မြို့နယ်ကိုပတ်သွားတာ တော်တော်ကြာတယ် နှစ်နာရီ၊ သုံးနာရီလောက်ကြာတယ်။ သူတို့လိုချင်တဲ့နေရာရောက်ရင် လေထီးတပ်သားတွေက ပါလာတဲ့ဗုံးကို လွှတ်ချတာ။အမြင့်ပေ ထောင်ချီပျံကြတယ်"လို့ကိုထက်က သူနားလည်သလို ပြောပါတယ်။ ဒီလိုစက်တပ်လေထီးတွေကို တချို့က ပါရာမိုတာ (paramotor) လို့လဲ ခေါ်ကြပါတယ်။ ဒေသခံတွေရဲ့အဆိုအရ တောင်သာမြို့နယ်သာမက မြင်းခြံ၊ နွားထိုးကြီး၊ ငါးဇွန်နဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းက စစ်ကိုင်းမြို့တွေကို စက်တပ်လေထီးတွေနဲ့ ဗုံးကြဲလာတာတွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီဒေသတွေမှာ ပြီးခဲ့တဲ့နိုဝင်ဘာ၊ ဒီဇင်ဘာလကစလို့ အခုဇန်နဝါရီလအထိ အဲ့ဒီ အင်ဂျင်တပ်လေထီးတွေနဲ့ ဗုံးကြဲတာတွေကို စစ်တပ်က ခပ်စိပ်စိပ် အသုံးပြုလာတာပါ။ စစ်တပ် စက်တပ်လေထီးတွေဟာပစ်မှတ်ထားတဲ့မြို့နယ်ကိုဝင်လာချိန် အနိမ့်ပျံသန်းလာပြီး ပစ်မှတ်နဲ့နီးလာချိန်မှာတော့ လက်နက်ငယ်ကျည်လွတ်ရာ အမြင့်ပေ ၁၀၀၀ နဲ့ချီအထက်ကို ပျံတက်သွားလေ့ရှိပါတယ်။ ပါဝါဂလိုက်ဒါတွေနဲ့ပတ်သတ်ပြီး စမ်းသပ်မှုတွေကို ပြီးခဲ့တဲ့၂၀၂၄ ဧပြီလကတည်းက မိတ္တီလာလေတပ်မှာ လေ့ကျင့်ရေးပုံစံလုပ်ဆောင်ခဲ့ပြီးသူ့ရဲ့ပျံသန်းနိုင်ချိန်က တစ်နာရီခန့်ရှိပါတယ်။ ကင်းထောက်တာတွေ၊ ကောင်းကင်ဓါတ်ပုံတွေ၊ ဗုံးတွေပစ်ချတဲ့အခါမျိူးတွေမှာ အသုံးပြုတာဖြစ်ပြီး အမြောက်မော်တာတွေမှာသုံးတဲ့ ဗုံးသီးတွေအသုံးပြုနိုင်တာကြောင့် လေယာဥ်လောက်အပျက်အစီးမရှိပေမယ့် လူသေစေနိုင်နဲ့အထိ အန္တရာယ်ကြီးလှပါတယ်။ စက်တပ်လေထီးတွေမှာ အားသာချက်အနေနဲ့လေယာဉ်တွေလိုကောင်းကင်ကပျံလာတယ့် မြင်ကွင်းကို မြေပြင်ကနေ အလွယ်တကူ မြင်ရဖို့ခဲယဥ်းပါတယ်။ ယခုဆို ညဘက်တွေမှာပိုလှုပ်ရှားလာကြပြီး သတင်းရထားရာနေရာများကို အတိကျဆုံး ဗုံးသီးများ ချကြပါတယ်။ မှီး- (၂၀၁၇ မိတ္တီလာအနီး စက်တပ်လေထီး သရုပ်ပြပွဲ) https://t.me/privatephoehtaung

ထိုင်းဖက်က တဆင့်ချင်း ရစ်လာတဲ့အတွက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ထုတ်ပြန်ချက် ဆက်လက်စောင့်ကြည့်ကြပါစို့
ထိုင်းဖက်က တဆင့်ချင်း ရစ်လာတဲ့အတွက် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ထုတ်ပြန်ချက် ဆက်လက်စောင့်ကြည့်ကြပါစို့