en
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

Open in Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

Show more
8 278
Subscribers
-1324 hours
-457 days
-16430 days
Posts Archive
RIPစာရင်းကတင်ဖို့လက်မလည်ဘူး။တင်ရတာကိုမနိုင်မနင်းတစ်ကယ်ဖြစ်နေတာ😆😆 တစ်ခါတစ်ခါကြရင်မထူးပါဘူးကွာ။ကင်ပြီးလို့ကြွတ်ကြဲနေပြီတူးယွန
RIPစာရင်းကတင်ဖို့လက်မလည်ဘူး။တင်ရတာကိုမနိုင်မနင်းတစ်ကယ်ဖြစ်နေတာ😆😆 တစ်ခါတစ်ခါကြရင်မထူးပါဘူးကွာ။ကင်ပြီးလို့ကြွတ်ကြဲနေပြီတူးယွနေပြီဘဲဆိုပြီးထားလိုက်ရသေး။အဟစ်ဟစ်

Repost from Ma Mi Mi
oic ဖိအားကြောင့် နပတ ဗလီ ဆောက်တာ ခွင့်ပြုတာဆိုရင်တော့ ၁၉၈၂ နောက်ပိုင်း ဘစိန်လက်ထက် သာသနာရေးဒု၀န်ကြီး ချမှတ်အတည်ပြုပေးခဲ့သော ဗလီအသစ်ထပ်ဆောက်ခွင့် မပြုဆိုသော ဥပဒေ ကို အရင်ပယ်ဖျက် ရပါလိမ့်မယ် လိုအပ်လာရင်တော့ ဒီကိစ္စအတွက် လူတွေ လမ်းပေါ်တက်လာဖို့ရာ ရှိပါတယ် ကိုယ်တွေအနေနဲ့တော့ ပြင်းထန်စွာကန့်ကွက်တဲ့ဘက်က ရပ်တည်ပါတယ် ထုတ်ပြီးသားဥပဒေကို လျစ်လျုရှု့ပြီး သံခင်းတမာန်ခင်းအရ နိုင်ငံသားတွေဆန္ဒကို ဂရုမစိုက်ဘူးဆိုရင်တော့ ခွင့်ပြုပေးသူမှာ တာ၀န်ရှိလာမှာဖြစ်သလို သမိုင်း တရားခံ အဖြင့်လည်း ကျန်ရစ်မှာဖြစ်ပါတယ် ဥပမာ ကိုယ်တွေရဲ့ မင်းနေပြည်တော်မှာ ဗလီ ဆောက်ခွင့်ရှိသလို ဒူဘိုင် ဆော်ဒီ အီရန် အီရတ်မှာရော ရွှေတိဂုံ ပုံတူစေတီတည်ခွင့်ပြုမလား မေးရမှာ ဖြစ်ပါတယ် မိမိတို့ သာသနာလည်း oic နိုင်ငံတွေမှာ အခြေချခွင့်ရှိ ရပါမယ်   Sskb https://t.me/+zwYKvcWlC605Mjk1

Repost from Thazin Oo 🇲🇲
၆၈၀၀ စားဒေ မဟုတ်တော့ဘူး .... ၇၈၀၀ စား ဖြစ်သွားပြီ ။ ဘာမှတ် ❗🧐 အစိုးရ နေ့စားဝန်ထမ်း များနဲ့ နေ့စား အလုပ်သမားများအတွက် ၁ရက် ၁၀၀၀ ကျပ် ထပ်တိုးလိုက်ပါပြီဆင့်.....။

ဒါတော့မှန်တယ်။ ဘာလုပ်ပေးရမလဲ မသိတော့ပါဘူး 🌚 တပ်သားလေးဖိုးထောင်
ဒါတော့မှန်တယ်။ ဘာလုပ်ပေးရမလဲ မသိတော့ပါဘူး 🌚 တပ်သားလေးဖိုးထောင်

စကခ (၁) ရဲ့ ကျောက်မဲမြို့အိမ် အပြန် မြို့ထိပ်မှာ ကြိုဆိုနေတဲ့ ပလောင် ၂ ကောင်နဲ့ အမှတ်တရ တပ်သားလေးဖိုးထောင်

နောက်ထပ် အမြန်သိမ်းနိုင်မဲ့ မြို့က ကျောက်မဲမြို့ထင်နေတာ ကရင်ပြည်နယ် လေးကေ့ကော်ဖြစ်နေတယ်။ ကျောက်မဲလဲ ရက်ပိုင်းပါပဲ။ တပ်သားလေးဖိုးထောင်

BreakingNwes ======= တပ်မတော်ကျောက်မဲမြို့ထဲ ၀င်ရောက်သွားပါပြီ မြို့၄၀%ထိန်းချုပ် လိုက်ပြီ ဖြစ်ပြီး ကျန်ရပ်ကွက်များ နယ်မြေရှင်းလင်းနေတယ်လို့သိရ။ ကျောက်မဲတိုက်ပွဲမှာ TNLAဗိုလ်ကြီးတဦးတပ်မတော်ထံ လက်နက်ချအညံ့ခံခဲ့ပါတယ်။ #SittNweOo တပ်သားလေးဖိုးထောင်

အကြမ်းဖက် KNDF ခေါင်းဆောင် မာဝီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့အထိ ဝင်ထွက်နေပါတယ်တဲ့။ ထိုင်းနိုင်ငံ မြန်မာသံရုံး အလုပ်လုပ်ပေးပါ။ 👇👇👇 ၂၈ ရက်နေ့ မနေ့ကချင်းမိုင် ဒီးကူပွဲ မာဝီလာပြီး မိန့်ခွန်းပြောတယ် မာဝီ ချင်းမိုင်မှာ ရှိနေပါတယ် အမွှေစိန် မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲 တပ်သားလေးဖိုးထောင်

ကျောက်မဲမြို့ကို တပ်မတော် ဘယ်ရက်အတွင်း ပြန်ရမယ် ထင်ပါသလဲ
Anonymous voting

ကျား အတောင်ပံတပ်မိခြင်း ပြည်တွင်းမှာ မကြုံစဘူး တပြိုင်နက် ဗမာအပါ တိုင်းရင်းသား အကုန် သူပုန်ထပြီး နည်းပညာ အသစ်တွေ နဲ့ အတွင်းဖရဲသီးတွေကြောင့် တပ်မတော်ဟာ အစပိုင်း အလဲလဲအကွဲကွဲ နဲ့ကျားနာတကောင် ဖြစ်ခဲ့ရပေမဲ့ ၆လ အကြာမှာ ကျားနာ တကောင်ဟာ တောင်ပံတပ်ပြီး ပြန်လည်ရောက်ရှိလာတာကိုတွေ့ရတယ် သူပုန်တွေ စသုံး တဲ့ ဒရုန်းနည်းပညာကို ရခိုင်စစ်မျက်နှာမှာ သုံး‌ခဲ့ပေမဲ့ ထိရောက်တဲ့ တိုက်ပွဲဝင်အဆင့်ထိမရောက်ခဲ့ပါဘူး တကယ်ခံရတော့မှ တပ်မတော်ဟာ သင်ခန်းစာဖော်ထုတ်ပြီး ထုံးစံအတိုင်း အကြံတူနောက်လူသာစမြဲဆိုသလို ဒရုန်းကို ဗျူဟာ ကျကျ ကင်းထောက် ဒရော့ဗုံး အသေခံ ဖိုင်ဘာ ကြိူးတပ် စသဖြင့် ပြီးပြည့်စုံတဲ့ မော်ဒန် ဒရုန်း စစ်ဗျူဟာ နဲ့ ပွဲထွက်လာတာ အရင်ဆုံးသမခံရတာ ဗန်းမော် တိုက်ပွဲ နဲ့ ပလောင်ပါပဲ တပ်မတော် ဒရုန်းတွေဟာ အမြောက်တွေဟာ ဒရုန်းကင်းထောက်ရဲ့အကျိုးကျေးဇူးကြောင့်တပေ ပတ်လည် အပေါက်ကို တောင် ပစ်မလွဲတဲ့အထိ တိုးတက်လာတာကိုတွေ့ရတယ် ခြင်းကျားမှ ဂျိုင်ယိုကော်ပတာ တချိန်က ခြင်းကျား အာကာထွန်း တပ်မတော်အဖြစ် လှောင်ပြောင်ခံခဲ့ရတဲ့ တပ်မတော်ဟာ တန်ပြန်ထိုးစစ် စတင်ချိန်မှာ ကွန်မန်ဒို ယူနီဖောင်းအပြည့် ခြင်းကျားအစား ဘေးလွယ်အိတ် ထဲ ဗုံးသီး နဲ့ကျည်ဆံ ၊ကွမ်းယာတွေထည့်ပြီး စက်တပ် ဂလိုက်ဒါ တွေ ဂျိုင်ယိုကော်ပတာတွေ မောင်းပြီး ဝေဟင်ကနေ မြေပြင်ကို ချုံ့ ပြီး ရန်သူငယ်ထိပ်ပေါ် ကွမ်းသွေးထွေးချလိုက် ဗုံးချလိုက် နဲ့ ဝိဇ္ဇာတို့ မြေကြောရှုံ့ လိုက်သလို လိုက်ကြပါတယ် တကယ်တော့လည်း နည်းပညာ ဝိဇ္ဇာ ထွက်ရပ်ပေါက်သွားတယ်ဆိုရမယ်။ တိုက်ရင်းလေ့ကျင့် လေ့ကျင့်ရင်းတိုက် တပ်မတော် ရဲ့ ၂၀၂၄/ ၂၀၂၅ တိုက်ပွဲတွေမှာ ကြည်းတပ်တခုတင်မက ကြည်း လေ အမြောက် ဒရုန်း သတင်း ဆိုရှယ် မီဒီယာ အားလုံးကို ပေါင်းစပ်ပြီး တိုက်ရတဲ့ ပွဲဆိုတာ ထင်ထင်ရှားရှားပေါ်လွင်လာပြီး တကယ့် ကို အကောင်းဆုံး လက်တွေ့ စစ်တသိုလ်ကို တက်ရောက်နေရတာ ဖြစ်ပါတယ် မော်ဒန် စစ်ပွဲမှာ ခံစစ် ကတုတ်ကျင်း ဟာ ခေတ်သစ် စစ်ပွဲမှာ ပစ်မှတ်ကို ပိုထင်ရှားအောင်ပြနေသလိုပါပဲ လက်ရှိစစ်သုံး ဂြိုလ်တုတွေအားလုံးက ငရဲပြည်အထိဖောက်ထွင်းမြင် နိုင်ကြပါတယ် မှ တပါးအခြားမရှိ ခေတ်သစ် နည်းပညာစစ်ပွဲမှာသူပုန်တွေအတွက်ကတော့ လက်နက်ချ မလား အသေခံမလား မှတပါးရွေးစရာ မရှိတော့ချေပြီ စောပေတိုး တပ်သားလေးဖိုးထောင်

ကိုရာဇာ ထောင်(၂)နှစ် ၁၇.၉.၂၀၂၅ရက်နေ့က အမိန့်ချလိုက်ပါပြီ အပြည့်အစုံကို video ကြည့်ပါ😿 ပြည်ရာဇာ အမျိူးသားရေးလှုပ်ရှားတက်ကြွသူအား စက်တင်ဘာလ၁၇ရက် တွင် ပန်းတောင်းရဲစခန်းမှာဖမ်းဆီးအချုပ်ထားပြီး ယခင်အမှုကျန်ဖြစ်သော ပုဒ်မ ၅၀ဝ ဖြင့် တရားရုံးတင် ထောင်နှစ်နှစ် အမိန့်ချကာ စက်တင်ဘာလ၁၉တွင် ပြည်ထောင်သို့ပို့ဆောင်လိုက်ကြောင်း အသိမိတ်ဆွေများမှတဆင့်အတည်ပြုနိုင်ခဲ့ပါသည်😐 အမျိုးသားရေးသမားများဆို ချက်ချင်းဖမ်းထောင်ချနေတာ ကျောသားရင်သားမခွဲခြားတာက်ိုပြချင်တာလား? ၊၊အဘကာချုပ် မသိဘဲ အောက်ခြေ က အမြန်လုပ်နေကြတာလား? မေးခွန်းထုတ်နေကြသည်😐 နာမည်ကြီး ဘယ်မီဒီယာ ကမှ သတင်းမတင်ကြတာလည်း စိတ်ပျက်နေကြသည်😶 #ခရက်တစ်ပေးပါတယ်နော်

တပ်မတော်ထောက်ခံတဲ့ ချန်နယ်၊ လူပုဂ္ဂိုလ်တွေထဲမှာ ကိုမျိုးဝင်းက စာရေးအကောင်းထဲမှာ ပါတယ်။ ဖိုးထောင်လဲ အမြဲ ရှယ်နေကြ လူတစ်ယောက်ပါ
တပ်မတော်ထောက်ခံတဲ့ ချန်နယ်၊ လူပုဂ္ဂိုလ်တွေထဲမှာ ကိုမျိုးဝင်းက စာရေးအကောင်းထဲမှာ ပါတယ်။ ဖိုးထောင်လဲ အမြဲ ရှယ်နေကြ လူတစ်ယောက်ပါ။ သူ့စာတွေ လတ်တလော မဖတ်ရတော့ဘူးဆိုတော့ နှမြောမိပါတယ်။ တပ်သားလေးဖိုးထောင်

ကံထူးမရွာဆိုတာ နိုင်ငံရေးစဖြစ်တော့ ဆရာ၀န်ကို ခွေးကိုက်သလို ဝိုင်းကိုက်ခဲ့တဲ့ သူပုန်ရွာ။ မနှစ်ကလည်း ကံထူးမရဲစခန်းကို အကြမ်းဖက်
+2
ကံထူးမရွာဆိုတာ နိုင်ငံရေးစဖြစ်တော့ ဆရာ၀န်ကို ခွေးကိုက်သလို ဝိုင်းကိုက်ခဲ့တဲ့ သူပုန်ရွာ။ မနှစ်ကလည်း ကံထူးမရဲစခန်းကို အကြမ်းဖက် သမားတွေ ဝိုင်းတိုက်ခဲ့ကြတာ။ သူပုန်ကိုထောက်ပံ့ပြီး သူပုန်ကိုမွေးထုတ်ပေးတဲ့ရွာ။သူပုန်စခန်းဌာနချုပ်လိုလုပ်ထားတဲ့ရွာ။ ဒီအကြမ်းဖက်စခန်းဌာနချုပ်ကို ဗုံးမကြဲလို့ ငါတို့က ကျန်းမာပါစေ ချမ်းသာပါစေဆိုပြီး မေတ္တာပို့နေရမှာလား..? ကော့သောင်းကနေ ပူတာအိုထိ ဖုန်ရှုလိုက်။ Ko Chit MDY တပ်သားလေးဖိုးထောင်

ကျောက်မဲမြို့မှ ကြိုဆိုပါသည်။ ကျောက်မဲမြို့တွင်းတိုက်ပွဲ မကြာခင်စမည်။ နောင်ချိုလို မြို့မနာပဲ ခပ်မြန်မြန်ပြီးမယ် ယူဆပါတယ်။ တပ
+1
ကျောက်မဲမြို့မှ ကြိုဆိုပါသည်။ ကျောက်မဲမြို့တွင်းတိုက်ပွဲ မကြာခင်စမည်။ နောင်ချိုလို မြို့မနာပဲ ခပ်မြန်မြန်ပြီးမယ် ယူဆပါတယ်။ တပ်သားလေးဖိုးထောင်

ကမ္ဘာ့အနုမြူသီတင်းပတ်ဖိုရမ်ကို သွားတယ်။ ကမ္ဘာ့ယူရေနီယမ်အထွက်ဆုံး ကာဇက်စတန် သမ္မတနဲ့တွေ့တယ်။ လုပ်ကိုင်နေတာကြည့်ပြီး အနုမြူဓာတ်
+1
ကမ္ဘာ့အနုမြူသီတင်းပတ်ဖိုရမ်ကို သွားတယ်။ ကမ္ဘာ့ယူရေနီယမ်အထွက်ဆုံး ကာဇက်စတန် သမ္မတနဲ့တွေ့တယ်။ လုပ်ကိုင်နေတာကြည့်ပြီး အနုမြူဓာတ်အားပေးစက်ရုံ အမြန်ထွက်ပေါ်လာမယ် မျှော်လင့်မိပါတယ်။ တပ်သားလေးဖိုးထောင်

ကမ္ဘာ့အနုမြူသီတင်းပတ်ဖိုရမ်သို ရောက်ရှိနေသည့် ခေါင်းဆောင်အချင်းချင်း ရင်းနှီးစွာတွေ့ဆုံ။ https://t.me/Phoesi01233
+4
ကမ္ဘာ့အနုမြူသီတင်းပတ်ဖိုရမ်သို ရောက်ရှိနေသည့် ခေါင်းဆောင်အချင်းချင်း ရင်းနှီးစွာတွေ့ဆုံ။ https://t.me/Phoesi01233

ဂွေးထု ပြည်သူ့စစ်အဖွဲ့က ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန် တပ်သားလေးဖိုးထောင်
ဂွေးထု ပြည်သူ့စစ်အဖွဲ့က ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန် တပ်သားလေးဖိုးထောင်

နေပြည်တော်အခြေစိုက် အမှတ် ၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ–၆))မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုင်းမှူးအဖြစ်ကနေ အာဏာမသိမ်းမီ ကိုဗစ်ကာလ ၂၀၂၀ ပြည့်နှစ်မှာ စစ်ထောက်ချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။ တနည်းဆိုရရင် စီနီယာ ဗိုလ်ချုပ်များကိုကျော်ကာ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့တာပါ။ အာဏာသိမ်းကာလအတွင်း စစ်ထောက်ချုပ်အပြင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုအရေးယူချိန်မှာ စစ်ဦးစီးအရာရှိချုပ်(ကြည်း)တာဝန်ပါ ပူးတွဲ ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှာ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို စစ်ဘက်ရာထူးကနေ ဖယ်ရှားပြီးတဲ့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ရာထူးနဲ့ ဗိုလ်ချုပ်ကြီးအဆင့် ရရှိလာခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် အခင်းအကျင်းကို ပြန်ကြည့်ရင် လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ရာထူးကနေ ရွေးကောက်ပွဲအလွန်မှာ တပ်ချုပ်ဖြစ်လာတာကြောင့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကိုလည်း တပ်ချုပ်လောင်းအဖြစ် ခန့်မှန်းမှုများရှိနေတာပါ။ အသစ်ဖွဲ့လိုက်တဲ့ စစ်ကော်မရှင်မှာလည်း အဖွဲ့ဝင်အဖြစ် ပါရှိလာတာကြောင့်ရော၊ နိုင်ငံခြားခရီးစဉ်တွေမှာ ပွဲထုတ်လာတာရောကြောင့်ပါ အခုလတ်တလောအထိ တပ်ချုပ်အသစ်ဖြစ်ရန် အလားအလာရှိသူလို့ ယူဆရပါတယ်။ အဲဒီလို ယူဆမှုတွေနဲ့အတူ ရွေးကောက်ပွဲအလွန်မှာ စစ်တပ်ထိပ်ပိုင်းရာထူးတွေကို ဘယ်သူရှိနေမလဲဆိုတာကိုလည်း ခန့်မှန်းလာကြပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် ဗိုလ်ချုပ်ကြီးတွေ အပြောင်းအလဲနဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီးတချို့လည်း အပြောင်းအလဲ ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ စစ်ရေးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးဟာ စစ်ဘက်ရာထူးကနေ အနားပေးခံခဲ့ရပြီး အသစ်ထပ်မံဖွဲ့စည်းတဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှာ ဥက္ကဋ္ဌဖြစ်လာတာကိုတွေ့ရပါတယ်။ သူ့နေရာမှာ စီနီယာဖြစ်ပြီး အာဏာသိမ်းစက နေရာမရခဲ့တဲ့ အမှတ်-၅ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၅ မှူး) ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်(OTS-73) ကို ခန့်အပ်လိုက်ပါတယ်။ သူ့ရဲ့ကစထ-၅ မှူးနေရာကိုတော့ မိုးဗြဲမြို့ကို ပြန်လည်ရရှိခဲ့တဲ့ စစ်ဆင်ရေးမှာ ကွပ်ကဲခဲ့ရသူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်( DSA-37) ကို ခန့်အပ်လိုက်ပါတယ်။ ရပခတိုင်းမှူးနေရာကို ရပ်စောက်မြို့ရှိ  တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဇော်လတ် (OTC-25) (အလုပ်သင်ဗိုလ်လောင်း-၂၅) ကို အစားထိုးခန့်အပ်လိုက်ပါတယ်။ ဒါ့အပြင် လတ်တလော ခန့်မှန်းရသလောက်ဆိုရရင်  ဒုတိယဗိုလ်ချုပ်ကြီးတွေထဲက အရေးပါလာနိုင်သူတွေကတော့ ကစထ-၁ မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး(DSA-38)၊ ကစထ-၂ မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး(DSA-35)၊ အခုမှ ကစထမှူး-၅ မှူး ဖြစ်လာသူ ဗိုလ်ချုပ် ဇော်မင်းလတ်(DSA-37)၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်(DSA-38) တို့ ဖြစ်ကြတာကို တွေ့ရပါတယ်။ စီနီယာ ဒုတိယဗိုလ်ချုပ်ကြီးတွေထဲက တဦး ထိပ်ပိုင်းနေရာမှာ ကျန်ရှိနိုင်သေးကြောင်း မှန်းဆမှုများလည်းရှိနေပါတယ်။ စစ်ခေါင်းဆောင်ဟာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကို မျှော်မှန်းနိုင်တဲ့ တိုင်းမှူးနေရာတွေမှာ OTC အလုပ်သင်ဗိုလ်လောင်းသင်တန်းဆင်း ခြောက်ဦးအထိ ခန့်အပ်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် တနည်းအားဖြင့် စတုတ္ထမျိုးဆက်တပ်မတော်ကို DSA-35 ကနေ DSA-42 အကြားနဲ့ OTC-23 ကနေ 25 အကြားက အရာရှိကြီးတွေက ဦးဆောင်လာနိုင်ပါတယ်။ ဒါပေမဲ့ မထင်မှတ်တာတွေ ထလုပ်တတ်ပြီး အရည်အချင်းထက် သစ္စာခံနိုင်မှုကိုသာ အလေးပေးတတ်တဲ့ စစ်ခေါင်းဆောင်ကြောင့် စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ စစ်တပ်တွင်းရာထူးနေရာများစွာဟာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အုံးမှာ အသေအချာဖြစ်ပါတယ်။ [ယခုဆောင်းပါးသည် ISP-Myanmar ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။ ဆောင်းပါးကို ဖတ်ရှုအပြီး ဆင်ခြင်မိသည်များ၊ ပြန်လည်ချေပလိုသည်များ ရှိပါကလည်း တုံ့ပြန်ဆောင်းပါး (rebuttal article) ရေးသားပေးပို့နိုင်ပါသည်] ISP myanmar တပ်သားလေးဖိုးထောင်

ဗိုလ်ချုပ်ကြီး ငါးဦးကျန် ဘယ်သူတင်ကျန်မလဲ __    အာဏာထိမ်းစစ်ခေါင်းဆောင်နဲ့ စစ်တပ်ရဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာထိမ်းမှုထွက်ပေါက်လို့ ပြောနေကြတဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ စစ်တပ်ကို ဘယ်သူတွေ ဦးဆောင်လာမလဲဆိုတဲ့ မှန်းဆချက်များစွာ ထွက်ပေါ်လျက်ရှိပါတယ်။ အထူးသဖြင့် လက်ကျန်စစ်ဗိုလ်ချုပ်ကြီးတွေထဲက ဘယ်သူက တပ်ချုပ်ဖြစ်လာနိုင်သလဲ ကြိုတင်မှန်းဆနေမှုများ ရှိနေပါတယ်။   ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် ကာ/လုံ အစည်းအဝေးမတိုင်မီ စစ်တပ်အတွင်း ဗိုလ်ချုပ်ကြီး ၁၀ ဦးအထိရှိခဲ့တာကို တွေ့ရပါတယ်။ ကာ/လုံ အစည်းအဝေးအပြီးမှာ ယူနီဖောင်းချွတ်ပြီး အရပ်ဘက်အစိုးရပိုင်း တာဝန်ပေးမှုတွေ၊ အနားပေးမှုတွေအရ မြန်မာစစ်တပ်အတွင်း ဗိုလ်ချုပ်ကြီးငါးဦးသာ ကျန်ရှိတော့တာကို တွေ့ရပါတယ်။ လက်ကျန် ဗိုလ်ချုပ်ကြီးငါးဦးကတော့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး (DSA-25)၊ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်နဲ့ စစ်ကော်မရှင်တွဲဖက်အမှုဆောင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (OTS-77)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း (DSA-29)၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် (DSA-29)နဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (DSA-35)တို့ ဖြစ်ကြပါတယ်။ သူတို့ထဲက သေချာပေါက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်မလာနိုင်တာကတော့ ရေချုပ်နဲ့ လေချုပ်တွေ ဖြစ်ပါတယ်။ လေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်တဦးပဲ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးအထိ ရဖူးတာကြောင့်ပါ။ အဲဒီတော့ ကြည်းတပ်က ဗိုလ်ချုပ်ကြီး သုံးဦးကိုပဲ တပ်ချုပ်နေရာအတွက် နှိုင်းယှဉ် စဉ်းစားရမှာပါ။ သူတို့တယောက်ချင်းစီကို လေ့လာကြည့်မယ်ဆိုရင် ပထမဆုံးအနေနဲ့ ပြန်တမ်းဝင်အမှတ် ကြည်း-၁၇၅၈၀ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို လေ့လာကြည့်ရအောင်ပါ။ သူဟာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်-၂၅ သင်တန်းဆင်းဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းမှူးဖြစ်နေစဉ်က ကက(ကြည်း) ရဲ့ စစ်ဦးစီးဗိုလ်မှူးချုပ်နဲ့ နေပြည်တော်အခြေစိုက် အမှတ်-၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ–၆) စကခမှူး အဖြစ်အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဦးသန်းရွှေရဲ့ တပည့်ဖြစ်ပြီး စစ်ဦးစီးဗိုလ်မှူးချုပ်တာဝန်ထမ်းဆောင်စဉ် တပ်ချုပ်နဲ့ ဆက်ဆံရေး မပြေပြစ်ခဲ့တာကြောင့် နေပြည်တော်တိုင်းမှူးဘဝကို ကာလရှည် နေခဲ့ရသူ ဖြစ်ပါတယ်။ နောက်ပိုင်းမှ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် နေရာပေးခံခဲ့ရတာပါ။ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးကနေ ဖယ်ရှားလိုတာကြောင့် ဗိုလ်လောင်းအမှတ်စဉ်တူတဲ့ သူ့ကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ ဗိုလ်ချုပ် ကြီးရဲဝင်းဦးနဲ့  ခမည်းခမက် တော်စပ်သူလည်း ဖြစ်ပါတယ်။ အသစ်ဖွဲ့လိုက်တဲ့ စစ်ကော်မရှင်အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သလို ဦးညိုစောဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်တဲ့ အစိုးရအဖွဲ့မှာလည်း ကာကွယ်ရေးဝန်ကြီးအဖြစ် ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ အသက်အရွယ်အရရော၊ အခြားဗိုလ်ချုပ်ကြီးတွေထက် ယုံကြည်စိတ်ချမှုနည်းသူဖြစ်တာကြောင့်ရော တပ်ချုပ်အသစ်အဖြစ် ခန့်အပ်ခံရနိုင်သူမဟုတ်ကြောင်း ယူဆရပါတယ်။ နောက်ထပ် ဗိုလ်ချုပ်ကြီးတဦးကတော့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးပါ။ ပြန်တမ်းဝင်အမှတ် ကြည်း-၂၁၄၄၀ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ဗိုလ်သင်တန်းအမှတ်စဉ်-၇၇ (DSA-30 ဝန်းကျင်နဲ့တူ) သင်တန်းဆင်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်ထမ်းဆောင်တဲ့အချိန်တုန်းက အဲဒီစစ်တိုင်းလက်အောက်ခံ ခြေမြန်တပ်ရင်းမှူးအဖြစ်နဲ့ မိသားစုချင်းပါ ရင်းနှီးတဲ့ဆက်ဆံရေးရရှိခဲ့သူ ဖြစ်ပါတယ်။ ပုသိမ်အခြေစိုက် အနောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကနေ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ အရာရှိချုပ်ထဲက ပထမဆုံး ဗိုလ်ချုပ်ကြီးဖြစ်လာသူ ဖြစ်သလို လက်ရှိမြန်မာစစ်တပ်မှာ ဗိုလ်သင်တန်းဆင်း အရာရှိကြီးတွေထဲက တဦးတည်းသာရှိတဲ့ ဗိုလ်ချုပ်ကြီးလည်း ဖြစ်ပါတယ်။ အသစ်ဖွဲ့လိုက်တဲ့  စစ်ကော်မရှင်မှာ တွဲဖက်အမှုဆောင် ဖြစ်လာခဲ့သလို  စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်နေရာမှာလည်း ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ သားဖြစ်သူ(ထက်ရဲနောင်)ကိုပါ စစ်မှုထမ်းဥပဒေအရ အခြေခံတပ်သားသစ်သင်တန်း တက်စေပြီး တပ်သားဘဝနဲ့ စစ်တပ်ထဲထည့်ပြထားသူပါ။ စစ်ခေါင်းဆောင်ရဲ့ လူရင်းဖြစ်ပေမဲ့လည်း စစ်တပ်တွင်း ထိပ်ပိုင်းနေရာအများစုကို ယူထားကြတဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိကြီးတွေကို ကျော်လွန်ပြီး တပ်ချုပ်အသစ်အဖြစ် ခန့်အပ်တာဝန်ပေးတဲ့အထိတော့ လုပ်မှာမဟုတ်ကြောင်း ယူဆရပါတယ်။ နောက်ဆုံး ဗိုလ်ချုပ်ကြီးကတော့ ပြန်တမ်းဝင်အမှတ် ကြည်း-၂၅၀၇၄ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဖြစ်ပါတယ်။ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်-၃၅  သင်တန်းဆင်းဖြစ်ပြီး နဝတ/နအဖ ဒုတိယစစ်ခေါင်းဆောင် ဦးမောင်အေးရဲ့ ကိုယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ စစ်ရုံးတဝိုက်မှာသာ ကျင်လည်ခဲ့ပြီး ကက(ကြည်း)ရဲ့ စစ်ဦးစီးဗိုလ်မှူးချုပ်နဲ့ တပ်သားလေးဖိုးထောင်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ရှားခဲရဲကင်းရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော...၁။ လ၂၀၂၅၈၁ ရဲတပ်ကြပ်သက်ဦး၂။လ ၂၂၇၆၀၈ရဲဒုတပ်ကြပ်ရန်နောင်ကြည် ၃။လ၂၃၁၄၆၅.ရဲဒုတပ်ကြပ်ရန်နောင်စိုး ၄။ လ၂၃၂၇၂၀.ရဲဒုတပ်ကြပ် စိုးမိုးနိုင်၅။ လ ၂၅၁၁၇၀ ရဲတပ်သား ထက်ဇော်ဟိန်း၆။ လ ၂၈၃၅၇၈.ရဲတပ်သားသိုက်အောင်၇။ လ၁၉၆၉၀၄.ဒုရဲအုပ်မျိုးမင်းဦး ၈။ တပ်ကြပ်ကြီးသန်းခိုင်၉။ဒုတပ်ကြပ်ရန်နိုင်စိုး တို့ တာဝန်ထမ်းဆောင်ကြောင်း သိရသည်။ မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ သက်သာရန်ပုံငွေအဖြစ် အောင်ဘာလေထီလက်မှတ်များရောင်းချရာတွင် ရှားခဲရဲကင်းမှ လစဥ် လေးသောင်း (၄၀၀၀၀)ကျပ် ပုံမှန်ထီထိုးပေးရကြောင်း ၊ ထီဖိုး လေးသောင်း (၄၀၀၀၀) ကျပ်အား တပ်ဖွဲ့ဝင် (၉) ဦးထဲမှ အရာရှိ မျိုးမင်းဦးမပါပဲ ကျန်၈ဦးမှ အချိုးကျတစ်ဦးလျှင် (၅၀၀၀) ငါးထောင်ကျပ်နှုန်း ခွဲပေးကြရကြောင်း သိရသည်။ ၁ ၁၁. ၂၀၂၄. ရက်နေ့ (၆၈)ကြိမ်မြောက်ဖွင့်သော အောင်ဘာလေထီတွင် ရှားခဲရဲကင်းမှ အောက်ခြေအဆင့် တပ်ဖွဲ့ဝင် (၈) ဦးထိုးထားသော ထီလက်မှတ် (၃၀) ဆယ်ထဲမှ ဃ ၅၄၃၁၄၀ သည် သိန်းငါးထောင်ဆုပေါက်ခဲ့ပါသည်။ ထီပေါက်ကြောင်း ဒုရဲအုပ်မျိုးမင်းဦးဆီ သွားပြောသောအခါ " ထီလက်မှတ်က ငါ့ဆီမှာ ငါပဲပိုင်တယ် မင်းတို့ကိုမပေးနိုင်ကြောင်းပြောလာသည့်အတွက် မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ ရဲမှုးသန်းကျော်ဌေးကို သွားရောက်ပြောပြသောအခါ ဖြေရှင်းမပေးသည့်အပြင် အပြစ်တင် ပြောဆိုခဲ့ကြောင်း သိရသည်။ ထီထွက်ပြီး နှစ်ပတ်ကျော်အကြာတွင် ဒုရဲအုပ်မျိုးမင်းဦးမှ ရန်ကုန်သို့ထီလက်မှတ်သွားထုတ်သည်ဟု သိရ၍ ဌာနသို့ဖုန်းဖြင့်ဆက်သွယ်ပြီး ပေါက်သောထီသည်အစုအဖွဲဖြင့်ထိုးသောထီလက်မှတ်ဖြစ်၍ ဆုငွေထုတ်ပေးခြင်းအား ထီပေါက်သူ (၈)ဦးမှ တားမြစ်ကန့်ကွက်ခဲ့ကြောင်း သိရသည်။ ငွေထုတ်ရန်ရောက်နေသောဒုရဲအုပ် မျိုးမင်းဦးမှ ဆုငွေထုတ်မရသဖြင့် ထီပေါက်သူများဖြစ်ကြသော ကျန် တပ်ဖွဲ့ဝင် (၈) ဦးကို ဖုန်းဆက်ပြီး အချိုးကျထုတ်ပေးမည်။ ကိုယ်စားလှယ်ထုတ်ခွင့်ရအောင် မင်းတို့လက်မှတ်တွေ Viber မှ တဆင့်ပို့ပေးပါရန် ယုံကြည်အောင် ပြောလာသည့်အတွက် လေးသားရသော ဒုရဲအုပ်ဖြစ်သည့်အတွက် အားလုံး လက်မှတ်ထိုးပြီးပို့ပေးလိုက်ကြောင်း သိရသည်။ ဆုငွေ ထုတ်လာပြီး နောက်တနေ့တွင် ရဲတပ်ကြပ်ကြီး သန်းခိုင် တစ်ဦးကိုသာ သိန်း (၅၀၀)ကျပ် ထုတ်ပေးပြီး ကျန်တပ်ဖွဲ့ဝင် (၇) ဦးကို တဦးလျှင် (၁၉၅) သိန်းကျပ်သာ ထုတ်ပေးခဲ့ကြောင်း သိရသည်။ အမှန်အကန် အချိုးကျခွဲဝေပါက ဒုရဲအုပ်မျိုးမင်းဦး ဝင်ယူပါက (၁) ဦးလျှင် သိန်း (၅၅၅)ကျပ် ရရှိမည်ဖြစ်ကြောင်း သိရသည်။ သို့သော် ဒုရဲအုပ် မျိုးမင်းဦးမှ ထီဖိုးငွေပေးခြင်းမရှိပဲ အချောင်လိုချင်စိတ် လောဘတပ်ကာ ကြိုက်တဲ့နေရာတိုင် ၎င်းအားအရေးယူမရဘူးဟု စိန်ခေါ်၍ အထက်အရာရှိအနေနဲ့ အောက်လက်ငယ်သားများအပေါ် အနိုင်ကျင့်ဗိုလ်ကျစော်ကားမှုကို ရဲတပ်ဖွဲ့မှုးရဲမှုးသန်းကျော်ဌေးအား အားကိုးပြီးတိုင်ကြား သော်လည်း အရေးယူဖြေရှင်းပေးခြင်း မရှိကြောင်း သိရှိရသည် ။ # 14.9.2025 Sunday # သတင်းပေးပို့လိုပါက # @specialnewspt007 # သတင်းအထူးတပ်ဖွဲ့-ပုသိမ် #https://www.facebook.com/share/1EquCQBcXf/