en
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

Open in Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

Show more
8 225
Subscribers
-324 hours
-387 days
-14030 days
Posts Archive
နောင်ချိုမြို့ အမြောက်တပ် မစခ ၉၀၂ (တောင်ခမ်း) ကို သောင်းကျန်းသူတွေ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေပါတယ်။ ယာပြင်ရွာမှာလည်း စစ်သွေးကြွစစ်ကူများ အင်အား ထောင်ချီ စုဖွဲ့ထားပါတယ်။ UWSA စစ်ကူတွေ ပါနေတယ် သတင်းထွက်နေကြောင်းပါ။ လေယာဉ်ပစ်ကူ ဦးစားပေးလိုအပ်နေပါတယ်။ လေယာဉ်ပစ်ကူမရရင် အနီရောင် အဆင့်ပါ။ https://t.me/privatephoehtaung

Breaking news ကရင် BGF မှ ဗိုလ်မှုးကြီးစောချစ်သူ လားရှိုးရောက်နေကြောင်း သတင်းထွက် https://t.me/Ots84/253

မြန်မာစစ်အစိုးရဆိုပြီး သုံးစွဲကာ ထုတ်ပြန်သည့် အကြမ်းဖက်အားပေး တရုတ်သံရုံးကို ပြည်သူများမှ ၀ိုင်း၀န်းပြစ်တင်သည့်အတွက် မြန်မာအစ
မြန်မာစစ်အစိုးရဆိုပြီး သုံးစွဲကာ ထုတ်ပြန်သည့် အကြမ်းဖက်အားပေး တရုတ်သံရုံးကို ပြည်သူများမှ ၀ိုင်း၀န်းပြစ်တင်သည့်အတွက် မြန်မာအစိုးရဟု ပြန်လည်ပြင်ဆင်သွား။ ကန့်ကွက်မှုတွေတော့ ဆက်လုပ်ရမယ်။ Photo crd မှိုင်းဝေ https://t.me/privatephoehtaung

ဒီနေ့တော့ မင်္ဂလာသတင်းများမယ် အမျိုးတို့ - နွားထိုးကြီးမြို့မှာ တပ်မတော်အသာစီးရ - မန္တလေးဆည်တော်ကြီး ပြန်ဖွင့်နိုင် - တောင်သာမှာ ကြည်း‌၊လေ ပူးပေါင်း ပြင်းပြင်းထန်ထန် ချေမှုန်း - နောင်ချို၊ တောင်ခမ်း ရန်သူအကျအဆုံးများလို့ ဆက်မတက်နိုင်တော့ https://t.me/privatephoehtaung

ရမခ တိုင်းမှူးသစ်အဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်လိုက်ပါတယ်။ ရမခ စစ်သည်တွေကို နေပြည်တော် / မန္တလေး / ခိုလမ် ဘယ်က ကွပ်ကဲမလဲဆိုတာကတော့ လဝ ပါ။ တန်ပြန်ထိုးစစ်တစ်ခု ပေါ်လာနိုင်ခြေရှိပါတယ်။ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးလှိုင်ကတော့ မူဆယ်မြို့ခံစစ်ကို ဆက်လက် ကွပ်ကဲပါမယ်။ https://t.me/privatephoehtaung

နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ ရေခဲပါ။ စစ်ကူစစ်ကြောင်းတွေ အချိတ်အဆက် မိမိ လှုပ်ရှားနေတာမို့လို့ စိတ်ပူစရာ မရှိပါ။ https://t.me/privatephoehtaung

ယနေ့ 12-8-2024ရက်နေ့ နံနက်၅နာရီ ခန့်မှ စတင်၍ တောင်သာ -မိထ္တီလာကြား ဓာတ်ငွေ့ ပိုက်လိုင်းလုံခြုံရေးဆောင်ရွက်‌နေသော MOGE ,စက်ရုံ
ယနေ့ 12-8-2024ရက်နေ့ နံနက်၅နာရီ ခန့်မှ စတင်၍ တောင်သာ -မိထ္တီလာကြား ဓာတ်ငွေ့ ပိုက်လိုင်းလုံခြုံရေးဆောင်ရွက်‌နေသော MOGE ,စက်ရုံရှိ လခရ တပ်ဖွဲ့ဝင်များကို နွားထိုး နှင့်မြင်းခြံ ပဒက်များ ဝင်ရောက်တိုက်ခိုက်လျှက်ရှိပြီး ယခုအချိန်အထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပါသည်။ မြင်းခြံဘက်အထွက် အမှတ် ၁၀ အထည်ချုပ် စက်ရုံအား ၀၇၃၀ ချိန်ခန့် လာရောက်ပစ်ခတ်မီးရှို့လျက်ရှိ။ https://t.me/privatephoehtaung

တပ်မတော် လဝ သတင်းတွေ ကို ဖော်ကောင်လုပ်နေတဲ့ ဗိုလ်ကြီးဇင်ယော်ဆိုတာ ဘယ်သူလဲ CDM ဇင်ယော်ဟာ တကက/ စရ ကနေ ဗိုလ်ဖြစ်တယ်ဆိုတာ ဖြစ်နို
တပ်မတော် လဝ သတင်းတွေ ကို ဖော်ကောင်လုပ်နေတဲ့ ဗိုလ်ကြီးဇင်ယော်ဆိုတာ ဘယ်သူလဲ CDM ဇင်ယော်ဟာ တကက/ စရ ကနေ ဗိုလ်ဖြစ်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ တကက/ စရ တယောက်ဟာ တပ်ရင်းမှာနေရင် တပ်ရင်းအင်အားကို အကုန်သိတယ်။ဗျူဟာမှာနေရင် ဗျူဟာအင်အားကိုသိသလို တိုင်းရုံးမှာနေတော့ တိုင်းအင်အားကိုသိတယ်။ တိုင်းမှာမနေဘူးပေမဲ့ တလတခါ တိုင်းရုံး ကို ရုံးကိစ္စနဲ့ အမြဲတမ်းသွားရတော့ တိုင်းရုံးက စာရေးတွေနဲ့ ဘော်ဒါဘော်ဂျွတ်တွေ စာရေးတယောက်ဖြစ်လို့ G2 / G1 တွေဆီ လက်မှတ် ဝင်ထိုးရတာမို့ အဝင်အထွက် ကျွမ်းတယ် ။ တကက/ စရ ကနေ ဗိုလ်လောင်းဝင်ဖြေခဲ့သူမို့ အမှီတခုခုတော့ ရှိပါလိမ့်မယ်။ သူတို့က အမှီရှိမှ တက်လို့ရတဲ့ နွယ်ပင်မျိုး သို့သော် တကက / စရ တွေဟာ သူတဦးတယောက်ထဲ အရည်အချင်း နဲ့ စစ်သတင်းတွေ ရာထူးအချိန်းအa ပြောင်းသတင်းတွေကို ရဖို့ဆိုတာ ဘယ်နည်းနဲ့ မဖြစ်နိုင်ပါဘူး။ တချို့သတင်းတွေက စစ်ရုံး ကပဲ တိုက်ရိုက်ချုပ်ကိုင် တာမို့ ပါ။ စရဖ တွေအနေ နဲ့ စစ်ရုံးနဲ့ တိုင်းစစ်ဌါချုပ်က တကက/ စရ ကိုယ်ပိုင်နံပါတ်တွေ ရုံးအုပ်တွေကို လိုက်ရင် အဆက်အသွယ်တွေ ပါ မိပြီ။ စစ်မင်းကြီး https://t.me/privatephoehtaung

လားရှိုးမှာ MNDAA က သူတို့အလံ လွှင့်တော့ ....မြို့ထဲမှာ ဆက်ဆံရေးရုံး ရှိလို့ ဝင်လာရပါတယ်ဆိုတဲ့ "ဝ" က ဘာမှ မတုန့်ပြန်ဘူး။ လက်ခံတဲ့ သဘောပဲလို့ ယူဆရမှာပေါ့။ အတူပူးပေါင်းတိုက်တာချင်း အတူတူတောင် နယ်မြေခွဲဝေမှုအရ မိုးကုတ်၊ မိုးမိတ်ဟာ TNLA အတွက်ဖြစ်ပြီး လားရှိုးက MNDAA အတွက် ခွဲတမ်းချထားသလားတောင် ထင်ရတယ်။ ခက်တာက "ဝ" လို FPNCC ရဲ့ ခေါင်ပိုင်းလက်နက်ကိုင်က လားရှိုးလို မြို့ကြီးရတာကို ဒီအတိုင်း MNDAA ခွဲတမ်းပေးသလောက်လည်း ယူမယ့် အဖွဲ့အစည်း မဟုတ်ပြန်ဘူး။ MNDAA ကို နာမည်ခံထားပြီး နောက်ကွယ်မှာပဲ ရပ်နေတဲ့ သ‌ဘောလားလို့ တွေးစရာ ရှိလာပြန်ရော။ ပိုဆိုးတာက ဒီဖြစ်ရပ်အပေါ်မှာ ကိုယ်တွေဘက်က ဘာမှ မတုန့်ပြန်သေးခင်၊ တရုတ်အထူးကိုယ်စားလှယ်လာသွားတယ် ဘာပြောသွားမှန်း မသိရသေးခင် သီပေါ၊ မူဆယ်နဲ့ တောင်ခမ်းဘက်က စခန်းတွေ အတိုက်ခံရတယ်။ နွားထိုးကြီးဟာ အဆိုးဆုံးပဲ။ ခုဆို မြို့ပျက်ကြီးလို နေ့ချင်း ညချင်း ဖြစ်သွားတယ်။ လူရွှင်တော်အဖွဲ့အစည်းတွေက ကိုးကန့်သူပုန်ကို ရှုံ့ချပွဲ လုပ်တာ ကောင်းပါတယ်။ မန္တလေးကို လာမတိုက်ဖို့ လက်ကမ်းစာရွတ်တွေဝေတာလည်း ကြိုဆိုပါတယ်။ စစ်ပွဲ တွေဟာ ဒီလို ရပ်တန့်လို့ရနိုင်တယ်လို့တော့ အယုံအကြည်မရှိလှပါဘူး။ ရန်သူဘက်ကတော့ အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်နဲ့တော့ လာမယ်မဟုတ်လောက်ဘူးလို့ ယူဆမိတာပါပဲ။ ပိုဆိုးတာက Drone နဲ့လာမဲ့ အဖွဲ့အစည်းကို နန်းမြို့ရိုးပေါ် သဲအိတ်တင်ပြီး ခံစစ်ပြင်မဲ့ အစီအမံက နားလည်ရခက်စေပါတယ်။ တပ်စခန်းတွေထက် မြို့ကိုကာတဲ့ အဝေးစည်း တွေမှာသာ ခံစစ်ပီပီသသ ပြင်စေချင်မိတာပါပဲ။ (နရီမိုး)

နောင်ချို တောင်ခမ်းညနေအခြေအနေ..! ကားလမ်းပေါ်တက်လာတယ်… လေယာဉ်ပစ်စက်သေနတ် 37 mm စာမိတယ်…။ ယာပြင်ဘက်မှာလည်း တော်တော်ထိကုန်တယ်။ နောင်ချိုဘက်လမ်းကနေ ၉၀၂ ခြံစည်းရိုးဘက်ကိုကပ်ဖို့လာတယ် … ကာကင်းနဲ့တွေ့ပြီး ထပ်ပြီးလန်ကျတယ်။ လောလောဆယ် အားရစရာဘဲ… ဒါပေမဲ့ ရန်သူဟာ နောက်တစ်ကြိမ်အင်အားစုဖွဲ့ပြီးပြန်လာမှာဖြစ်သလို မိမိဘက်ကလည်း လိုအပ်တာဖြည့်ဆည်းပေးသင့်တယ်။ တောင်ခမ်းကျလို့မဖြစ်ဘူးး ဒီတစ်ရက် တစ်ထောင်နဲ့ မနိုင်ရင် နောက်ရက် နှစ်ထောင်လာလိမ့်မယ် နောက်ရက်နှစ်ထောင်နဲ့ မနိုင်ရင်  အဲ့ထက်အဆများစွာနဲ့လာလိမ့်မယ် ရမခ တစ်ခွင်မှာ အာ့လိုနဲ့  အခိုင်အမာကုန်းတွေလက်လွတ်ခဲ့ရတာ မပေါ့စေချင်ဘူး လူလက်နက်အင်အားဖြည့်နိုင်သမျှ ဖြည့်တင်းထားစေချင်တယ် လိုအပ်တာဖြည့်ပီး သူတို့ LOCလမ်းကြောင်းကိုလဲ ကိုယ်ကဦးအောင်ဖြတ်တောက်ဖို့လိုတယ် တောင်ခမ်းကျရင် ဒုတ္ထဝတီကိုရန်သူစိုးမိုးမယ် ဒုတ္ထဝတီကိုရန်သူရရင် ကျောက်ဆည်လွင်ပြင်အထိရန်သူရောက်လာလိမ့်မယ်။ https://t.me/privatephoehtaung

သံတွဲမြိုနှင့် ဂွမြို့နယ် အကြား ကားလမ်းပေါ်မှ တံတား တစ်စင်းဖြစ်သည့် ချင်းကွင်းတံတားပါသွားပါပြီ။ ဂွကို တက်လာကြလိမ့်မယ်။ ခလရ ၅၁ စက၁ ပြန်ဆုတ်ပေးလိုက်ရပါတယ်။ ဒရုန်းဂန်းတစ်လက်ပါသွားတယ်။ ကိုယ့်ဆီကဒရုန်းဂန်းနဲ့ ကိုယ့်ဒရုန်းကို အကဖ ကပစ်ချတယ်။ သူတို့ရသွားပါတယ်။ https://t.me/privatephoehtaung

Repost from Aung Moe Kyaw
ဒီညတောင်ခမ်း ၉၀၂ အမြှောက်တပ်ကို ထပ်တိုက်ဖို့ နောင်တော နဲ့ ယာပြင်မှာ ထပ်ပြီး လူအင်အား စုဖွဲ့နေပါတယ်။ #AungMoeKyaw

ဒီညတောင်ခမ်း ၉၀၂ အမြှောက်တပ်ကို ထပ်တိုက်ဖို့ နောင်တော နဲ့ ယာပြင်မှာ ထပ်ပြီး လူအင်အား စုဖွဲ့နေပါတယ်။ https://t.me/privatephoehtaung

နွားထိုးကြီး ပဒက်တွေ ခွေးပြေးဝက်ပြေး ပြေးရပြီဖြစ်ကြောင်း အနီကြောင်မီဒီယာမှာ ဝန်ခံလိုက်ပါပြီ။ https://t.me/privatephoehtaung
နွားထိုးကြီး ပဒက်တွေ ခွေးပြေးဝက်ပြေး ပြေးရပြီဖြစ်ကြောင်း အနီကြောင်မီဒီယာမှာ ဝန်ခံလိုက်ပါပြီ။ https://t.me/privatephoehtaung

"သူငယ်ချင်း သို့ပေးစာ" သူငယ်ချင်း ….. ငါတို့ ထမင်းငတ်လို့ စစ်သားလုပ်နေတယ်လို့ ထင်နေခဲ့တာလား ….. ဆောရီးကွာ ….. ထမင်းတစ်လုပ်အတွက် ငါတို့ ဒီလောက် သွေး/ချွေး/အသက် အကုန်ခံဖို့ လိုအပ်လို့လား ….. သူငယ်ချင်း ….. ငါတို့ အိပ်စရာ နေရာမရှိလို့ စစ်တန်းလျားကို ခိုကပ်နေတယ်လို့ ထင်နေခဲ့တာလား ….. ဆော်ရီးပါကွာ ….. စစ်တန်းလျားထက် အပြင်ဇရပ်ပျက်က ပိုပြီး မသာယာဘူးလား ….. သူငယ်ချင်း ….. ၀တ်စရာ အ၀တ်မရှိလို့ အစိမ်းရောင် စစ်၀တ်ကို မက်မောတွယ်တာနေတယ်လို့ ထင်နေခဲ့တာလား ….. ဆော်ရီးပါကွာ ….. အစိမ်း၀တ်ထက် ပုဆိုး၊စွပ်ကျယ်က ပိုပြီး လွတ်လပ်တယ်လို့ မထင်မိဘူးလား ….. သူငယ်ချင်း ….. တပ်ထဲမှာနေလို့ အပြင်ကလူတွေထက် ခံစားခွင့်နဲ့ ရပိုင်ခွင့်က ပိုရမှာပဲဆိုတဲ့ အတွေးနဲ့ ၀င်ခဲ့တယ်လို့ ထင်နေခဲ့တာလား ….. ဆော်ရီးပါကွာ ….. မိသားစုနဲ့ ဝေးနေရတဲ့ ခံစားချက်တွေ၊ ၂၄နာရီ တာ၀န်အပြည့်ရှိတယ်ဆိုတဲ့ ရပိုင်ခွင့်က ပိုနေတယ်လို့ မတွေးမိဘူးလား ….. သူငယ်ချင်း ….. ငါတို့မှာ မိမရှိ၊ ဖမရှိ တစ်ကောင်ကြွက်နဲ့ မိသားစုနွေးထွေးမှု ငတ်လို့ တပ်ထဲ၀င်ခဲ့တယ် ထင်နေခဲ့တာလား ….. ငါတို့မှာလည်း ….. မိဘစုံလင် သွေးချင်းအပြည့်နဲ့ သာယာတဲ့ မိသားစုတွေ ရှိပါတယ် ….. သူငယ်ချင်း ….. မင်း ….. ဒါတွေကို နားလည်မှာ မဟုတ်ခဲ့ပါဘူး ….. မင်းက ဘ၀ဆိုတာ တိုက်ပွဲလို့ ဟစ်အော်ချိန်မှာ၊ ငါတို့အတွက် တိုက်ပွဲဆိုတာ ဘ၀ပါပဲ ….. လူတို့အသက်ရှင်ဖို့ ၀င်သက်ထွက်သက်ကို တန်ဖိုးထားသလို၊ ငါတို့ ခေါင်းပေါ်က ကျည်ဆံမိုးတွေကလည်း ၀င်သက်ထွက်သက်အလား တန်ဖိုးထားခဲ့ရပါတယ် ….. တောတောင်ဆိုတာလည်း နေ့အခါပေမဲ့ တောကြီးမျက်မည်း ညနက်အလားပဲ၊ ဖြတ်သန်းရတဲ့ တောင်တန်းတချို့ကလည်း ကျောက်ဆောင်ဆိုတာ အနိမ့်ဆုံး ကမုလေးတစ်ခုလောက်ပါပဲ ….. ဒီတောင်တန်းကြီးတွေကို ပစ္စည်းပြည့်စုံ၊ ကျည့်ပြည့်စုံနဲ့ မြင့်မိုရ်တောင်လို့တွေး ….. ငွေတာရီရဲ့ “ထိပ်ဆုံးသို့”ကဗျာကို လက်တွေ့မှာ ငါတို့ ခံစားခဲ့ကြရပါတယ် ….. ဒါတွေဟာ သူငယ်ချင်းအတွက် ပုံပြင်တစ်ပုဒ်လို သုံးသပ်ကြပေမဲ့၊ ငါတို့အတွက်တော့ သမိုင်းဖြစ်မဲ့ နေ့ရက်တွေ ….. သူငယ်ချင်း ….. မင်းတို့ပြောနေတက်ကြပါတယ် ….. ဘာတဲ့ ….. ဦးနှောက်ကို ရိုက်သွင်းခံထားရတဲ့ စစ်သားတဲ့လေ ….. ဟုတ်တယ် ….. ငါတို့ အသက်ရှင်နေသမျှ ကာလပတ်လုံး တိုင်းပြည်နဲ့လူမျိုးအတွက် ကျရာတာ၀န်ကို အသက်ပေးမနှေး စတေးဖို့က အဓိက ဦးနှောက်ထဲတင် ရိုက်သွင်းခံခဲ့တာမဟုတ်ပါဘူး ….. ရင်ဘတ်ကြီး အတွင်းနက်နက်ထဲက “င့ါနိုင်ငံတော်၊ ငါ့နိုင်ငံသား၊ င့ါတပ်မတော်အတွက် ငါ၏အသက်ကို ပေးအပ်ပါ့မယ်” ဆိုတဲ့ သံမှိုကြီးက နောင်ဘ၀အတွက် သက်ဆုံးတိုင်ပါပဲ သူငယ်ချင်း ….. ငါတို့ တပ်မတော်ကြီးကို ချစ်တယ် ….. မင်းတို့လိုပဲ သူငယ်ချင်းဖြစ်တဲ့ ရဲဘော်ရဲဘက်တွေကိုလည်းချစ်တယ် ….. စစ်သားတစ်ရောက်အတွက် အလိုအပ်ဆုံးက အသပြာမဟုတ်ဘူး၊ ပကာသန မဟုတ်ဘူး၊ ခံစားချက်တွေ မဟုတ်ဘူး ….. ခံယူချက် ….. ခံယူချက်နဲ့ အသက်ဆက်မှ စစ်သားကောင်း တစ်ယောက်အဖြစ် ရှင်သန်နိုင်မှာ သူငယ်ချင်း ….. ငါတို့ တွေအတွက်တော့ “တပ်မတော်သား အမိ” “တပ်မတော်သာ အဖ” တပ်မတော်သာလျှင် ဘ၀ပါ သူငယ်ချင်းရာ ….. https://t.me/privatephoehtaung

တကောင်းမြို့ကို အကြမ်းဖက်တွေ စီးနင်းဝင်ရောက် တိုက်ခိုက်၊ ‌တနေကုန် တိုက်ပွဲ ပြင်းထန်နေ ဩဂုတ်(၁၁)ရက် ဒီမနက် (၆)နာရီလောက်က စလို့
တကောင်းမြို့ကို အကြမ်းဖက်တွေ စီးနင်းဝင်ရောက် တိုက်ခိုက်၊ ‌တနေကုန် တိုက်ပွဲ ပြင်းထန်နေ ဩဂုတ်(၁၁)ရက် ဒီမနက် (၆)နာရီလောက်က စလို့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ တပ်မတော်စခန်းတွေကို အကြမ်းဖက်တွေက ဝင်ရောက် တိုက်ခိုက်‌နေတာကြောင့် တနေကုန်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲအခြေအနေ ဆက်လက်တင်ပြပါမည်။ https://t.me/privatephoehtaung

သီပေါမြို့ညနေ၆နာရီထိအခြေအနေ ဩဂုတ်၁၁၊၂၀၂၄။ ညနေ၃-၄နာရီကြားမှာY12နဲ့ဗုံးကြဲသုတ်သင်ခဲ့ရာမြို့လယ်ဓမ္မာရုံနားကျပြီးထိခိုက်ဒဏ်ရာရ။ တာပုတ်ကိုလည်းဗုံးကြဲခဲ့ရာ​ေသဆုံးပြီးဒဏ်ရာရတွေရိှ။ ခလရ(၂၃)ဘက်ကတုံစင့်နဲ့ဇာတ်စုရပ်TNLAကိုလက်နက်ကြီးနဲ့လိ​ေုက်လံထုချေ။ တပ်ရင်းတပ်ဖွဲ့များကတိုက်ပွဲဧရိယာအပြင်မြို့ပါတ်ပါတ်လည်ကိုDrop Bombလိုက်ချသုတ်သင်နေတဲ့အတွက်TNLAထိခိုက်နဲ့ေသဆုံးအရေအတွက်ပိုများပြားနိုင်ပါတယ် မှတ်ချက်-သီပေါမြို့ကြက်ခြေနီ အသင်းကိုအကြောင်းကြားတဲ့ေသဆုံးနဲ့ဒဏ်ရာရစာရင်းပါ။မြေပြင်အခြေအနေနဲ့အရေအတွက်ကွဲလွဲနိုင်ပါတယ်။ Source-LOCAL နေပြည်တော်

တရုတ်သံရုံးက နစက အစိုးရကို စစ်အစိုးရလို့ တရားဝင်သုံးနှုန်းသွားတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ငြိမ်ခံမနေသင့်ပါ။ https://t.me/pr
တရုတ်သံရုံးက နစက အစိုးရကို စစ်အစိုးရလို့ တရားဝင်သုံးနှုန်းသွားတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ငြိမ်ခံမနေသင့်ပါ။ https://t.me/privatephoehtaung

ဖေ ၁ မှာ အဖမ်းခံရပြီးမှ မေတ္တာရှင်လုပ်ပြီး ပြန်လွှတ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်က အခု တိုင်းပြည်ကို ကောင်းကောင်း
ဖေ ၁ မှာ အဖမ်းခံရပြီးမှ မေတ္တာရှင်လုပ်ပြီး ပြန်လွှတ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်က အခု တိုင်းပြည်ကို ကောင်းကောင်းကြီး ဒုက္ခ ပေးနေပြီ (ဝဲမှ ယာ- ဒေါက်တာနိုင်အောင်၊ ရည်မွန်၊ ဝင်းအောင်) https://t.me/privatephoehtaung

သတ္တိခဲမလေးဗျာ မြင်းခြံမြို့ ကိုကာကွယ်ပေးနေသော မြင်းခြံမြို့ ပြည်သူ့စစ်ခေါင်းဆောင်က အမျိုးသမီးတဲ့။ ကိုယ့်မြို့ကိုယ့်ရွာကို ဦး
သတ္တိခဲမလေးဗျာ မြင်းခြံမြို့ ကိုကာကွယ်ပေးနေသော မြင်းခြံမြို့ ပြည်သူ့စစ်ခေါင်းဆောင်က အမျိုးသမီးတဲ့။ ကိုယ့်မြို့ကိုယ့်ရွာကို ဦးဆောင်ပြီး ကာကွယ်နေသူ အာဂသတ္တိရှင် မသီတာယုမွန် 😍 ယောကျ်ားတွေနဲ့ ရင်ဘောင်တန်းဦးဆောင်ပြီး မိမိမြို့ မိမိရွာကို ကာကွယ်နေတာတဲ့။ လေးစားပြီလေ 🇲🇲💚 အကြမ်းဖက်တွေက အသေရရ အရှင်ရရ လိုချင်နေကြလို့ သတိရှိပါ အမ။ https://t.me/privatephoehtaung

တပ်သားလေး ဖိုးထောင် 🇲🇲🪖 - Statistics & analytics of Telegram channel @privatephoehtaung