en
Feedback
Funny//Action//Cartoon/Drama// movies channel🖤⚔️🛡️

Funny//Action//Cartoon/Drama// movies channel🖤⚔️🛡️

Open in Telegram
2 487
Subscribers
-524 hours
-107 days
-1830 days
Posts Archive
Bora (2023) ဒီကားလေးက 2023 ခုနှစ်ထွက် Thriller ကားသစ်လေးဖြစ်ပါတယ်။ အီလွန်ဆိုတဲ့ကောင်မလေးက မက်ဆီကန်ရိုးရာ လူသေများရဲ့နေ့မှာ စည
Bora (2023) ဒီကားလေးက 2023 ခုနှစ်ထွက် Thriller ကားသစ်လေးဖြစ်ပါတယ်။ အီလွန်ဆိုတဲ့ကောင်မလေးက မက်ဆီကန်ရိုးရာ လူသေများရဲ့နေ့မှာ စည်းကမ်းတင်းကြပ်တဲ့ မိဘနဲ့ အကာအကွယ်လွန်နေတဲ့ရည်းစားရဲ့လက်က‌နေ ကိုယ့်ကိုယ်ကိုယ်ရှာဖွေဖို့ခရီးထွက်လာပါတယ်။ လမ်းမှာ ဘိုရာဆိုတဲ့ကောင်မလေးတစ်ယောက်ကို ကားနဲ့မတော်မဆတိုက်မိပြီး အဲဒီကောင်မလေးကို လမ်းကြုံခေါ်တင်လာပါတယ်။ အဲဒီကနေမှ သူတို့ရင်းနှီးလာပြီး အီလွန်ကို ဘိုရာက အယ်လ်အေတစ်ဝိုက် လိုက်ပြမယ်လို့ပြောပြီး အီလွန် တစ်ခါမှမလုပ်ဖူးတာတွေကို လုပ်ဖို့ဆွဲဆောင်ပါတော့တယ်။ ဘိုရာနဲ့တွေ့ပြီး အီလွန်မကြုံဖူးတာတွေကိုပါ ကြုံလာရရင်း ဘိုရာကဘယ်လိုလူစားမျိုးလဲ… ဘိုရာနဲ့အတူရှိရတာ အီလွန်အတွက် အန္တရာယ်ရောကင်းရဲ့လား…ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။

Aseq 2023 IMDb-7.5/10 ဒီကားနဲ့ပဲ အကြည့်တွေကအစ မျက်နှာအမူအရာတွေအကုန် သရုပ်ဆောင်ကောင်းလွန်းလှတယ် ဇာတ်လမ်းအညွှန်း ရွန်နီဆိုတဲ့ကေ
Aseq 2023 IMDb-7.5/10 ဒီကားနဲ့ပဲ အကြည့်တွေကအစ မျက်နှာအမူအရာတွေအကုန် သရုပ်ဆောင်ကောင်းလွန်းလှတယ် ဇာတ်လမ်းအညွှန်း ရွန်နီဆိုတဲ့ကောင်လေးဟာ အလုပ်မရှိအကိုင်မရှိနဲ့ ၆ လကြာ တစ်နေ့တာအသုံးစရိတ်တွေကအစ ရည်းစားကရှင်းပေးနေရတဲ့ကောင်လေးပါ နောက်ဆုံး ရည်းစားကပါသည်းမခံနိုင်လို့ အရင်လူနောက်ပြန်ပါသွားပါတော့တယ် သူ့မှာ တစ်နေ့တာအတွက်လိုက်အကူအညီတောင်း ချေးငှားနေရတာ တစ်မျိူး ၊ ရည်းစားကပစ်သွားလို့ ကြေကွဲရတာတစ်မျိူးနဲ့‌ပေါ့ ရည်းစားဟောင်းကိုမေ့ပစ်ဖို့ ဘဝသစ်စဖို့အတွက် အချစ်သစ်ရှာဖို့သူငယ်ချင်းတွေကမြှောက်ပေးပါတော့တယ် ဒီလိုနဲ့ ပရီယန်ကာဆိုတဲ့ သူနဲ့ဘဝတူမိန်းမချောလေးနဲ့ဆုံပြီး အဆင်ပြေတော့မဲ့အချိန်မှာပဲ သူအနီးနားဝန်းကျင်မှာ မူမမှန်တာတွေဖြစ်လာတာကို သူရော ဘေးလူတွေပါသတိထားမိလာပါတယ် ဘယ်လိုမူမမှန်တာတွေလဲ ဘာကြောင့်လဲဆိုတာ ပရိသတ်ကြီးပါအတူလိုက်ကြည့်ရင်း အဖြေရှာကြည့်ပါဦး မှောင်မှောင်မဲမဲကနေ တီးလုံးသံဆူဆူညံညံနဲ့ ထွက်လာတတ်တဲ့ သရဲကားမဟုတ်ဘဲ visual ကောင်းတဲ့ကားမို့ စူပါမော်ဒယ်လေးရဲ့ အလှကိုပါခံစားနိုင်မှာပါ အလှလေးတစ်ဖြတ် သည်းထိတ်ရင်ဖိုလေးတစ်ကွက်နဲ့ကြည့်ရှူရမှာဖြစ်ပါတယ်

Chakravyuham-The Trap (2023) IMDb-9.3/10 ရုံတင်ငွေ ၂ ကုဋေခွဲအမြတ်ရရှိထားပြီး Ajay ပါဝင်ထားတဲ့ လှည့်ကွက်ပရိယာယ်လေးတွေနဲ့ ထောင်
Chakravyuham-The Trap (2023) IMDb-9.3/10 ရုံတင်ငွေ ၂ ကုဋေခွဲအမြတ်ရရှိထားပြီး Ajay ပါဝင်ထားတဲ့ လှည့်ကွက်ပရိယာယ်လေးတွေနဲ့ ထောင်ချောက်ဆိုတဲ့ကားလေးဖြစ်ပါတယ် ရှရီနဲ့ ဆန်ဂျေးဆိုတာသိပ်ချစ်လွန်းလို့လက်ထပ်ထားကြတဲ့ ဇနီးမောင်နှံတွေပါ တစ်နေ့ရှရီ့ကို အိမ်ထဲမှာပဲ ရက်ရက်စက်စက် လည်လှီးအသတ်ခံထားရတာတွေ့ရပါတယ် အပြင်ကနေခိုးဖျက်ဝင်ထားတဲ့ လက္ခဏာလည်း ရှိမနေတော့ အတွင်းလူလက်ချက်လို့ပဲ ထင်ကြတာပေါ့ အင်စပက်တာဆပ်တရာကတော့ ဒါဆန်ဂျေးလက်ချက်လို့ပဲ စတွေ့ခဲ့တည်းကထင်နေတော့တာပဲ တစ်ခုပြီးတစ်ခုရှာတွေ့တဲ့သက်သေတွေကလည်း ဆန်ဂျေးလို့ပဲညွှန်နေကြတယ် ဆန်ဂျေးခမျာအိမ်ထဲမှာပဲ ချစ်ဆုံးဇနီးရက်ရက်စက်စက်သတ်ခံထားရလို့ စိတ်ထိခိုက်ရတာတစ်ဖက် လူသတ်မှုကိုအပြစ်ကင်းကြောင်းသက်သေမပြနိုင်တာက တစ်ဖက်ပေါ့ တကယ်ပဲ သူကိုယ်တိုင်ရှရီ့ကိုသတ်ခဲ့တာလား ဇာတ်လမ်းနာမည်လေးအတိုင်း သူပါထောင်ချောက်ဆင်ခံရလားဆိုတာ သက်သေတွေနဲ့အတူ ပရိသတ်ကြီးပါ စီးမျောခံစားဖော်ထုတ်ကြည့်ပါဦး Crd CM

ဂျက်ကီချန်းနဲ့ ဂျွန်စီနာတို့ရဲ့ ဟာသအက်ရှင်ကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း Need for speed, Expend4bles တို့ရဲ့ Scott Waugh ပါ။
+1
  ဂျက်ကီချန်းနဲ့ ဂျွန်စီနာတို့ရဲ့ ဟာသအက်ရှင်ကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း Need for speed, Expend4bles တို့ရဲ့ Scott Waugh ပါ။   ဇာတ်လမ်းအကျဉ်း အရှေ့အလယ်ပိုင်းရဲ့ တရုတ်ရေနံကုမ္ပဏီတစ်ခုက ဒေသတွင်း ကြေးစားစစ်တပ်တွေက ဝိုင်းတိုက်နေပြီ ဝင်စီးဖို့ကြိုးစားနေပါတယ်။ ရေနံဝန်ထမ်းတွေကို ကယ်တင်ဖို့ ဂျက်ကီချန်းတို့ လုံခြုံရေးတပ်တွေ ရောက်လာပြီး ကယ်ထုတ်နေချိန်မှာ ကြေးစားတပ်တွေနဲ့ တိုက်ပွဲဖြစ်ပါတော့တယ်။ အဲဒီတိုက်ပွဲမှာ ဂျွန်စီနာက ကြေးစားတွေဘက်ကနေ ပါလာပြီး ရေနံဝန်ထမ်းတွေရဲ့ ကားတန်းထဲက ဘတ်စကားနှစ်စီးကို ဖမ်းခေါ်သွားနိုင်ခဲ့ပါတယ်။ အဲဒီလူတွေကို ပြန်ကယ်ဖို့ ကြိုးစားရင်း ဂျက်ကီနဲ့ဂျွန်စီနာတို့ တွေ့ကြတဲ့အခါ….

Snatch(2000) IMDb….8.3,,,,Rotten….73% Snatch ဇာတ်လမ်းအကြောင်းမပြောခင် ဒီကားရဲ့ ဒါရိုက်တာဖြစ်တဲ့ Guy Ritchie အကြောင်းကိုပြောရမ
+1
Snatch(2000) IMDb….8.3,,,,Rotten….73% Snatch ဇာတ်လမ်းအကြောင်းမပြောခင် ဒီကားရဲ့ ဒါရိုက်တာဖြစ်တဲ့ Guy Ritchie အကြောင်းကိုပြောရမယ်ထင်တယ်… ဒီဘိုးတော်ကြီးက အောင်မြင်မှုရနိုင်ခြေနည်းတဲ့ King Arthur လိုကားမျိုးကိုတောင် ရင်ထဲစွဲကျန်နေအောင်ရိုက်နိုင်တဲ့အပြင် အခုလည်း လက်ရှိ မူလကျောရိုးအတိုင်းရိုက်ပေမယ့် အောင်မြင်မှုရနေတဲ့ Aladdin ရုပ်ရှင်ကားတို့ရဲ့ ဒါရိုက်တာဖြစ်တယ်….ပြောရရင်အထက်ပါ ၂ကားဟာ ပရိတ်သတ်ရင်ထဲကို ပုံရိပ်ဟောင်းပေါင်းများစွာလွှမ်းမိုးမှုရှိပေမယ့် သူကတော့ သစ်လွင်သောခမ်းနားခြင်း ရသတွေနဲ့ဖမ်းစားနိုင်ခဲ့လေရဲ့… ဒီ Snatch ကားကလည်း ့ စိန်တုံးကြီးတစ်တုံးကအခြေ တည်ပြီး လက်ဝှေ့ပွဲစီစဉ်သူရယ် အူကြောင်ကြားဓားပြတစ်ဖွဲ့ရယ် ဂျူးကျောက်မျက်ကုန်သ ည်ရယ် လက်နက်မှောင်ခိုသမားရယ် လူမိုက်ဂိုဏ်းခေါင်းဆောင်ရယ်တို့ရဲ့ကြား က စိန်တုံးကိုလိုက်ရင်း လူ့သဘော လူမနောတွေကို ဟာသတွေနှောရင်း အလှပဆုံးပုံဖော်ထားလို့ UK 2001 ရဲ့ ဒါရိုက်တာ Empire Award ဆုကိုရရှိခဲ့တယ်… Bratt Pitt ကြီးကတော့ အကောင်းဆုံးဇာတ်ပို့ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆု(၄)ဆုလည်း ရရှိခဲ့တယ်….ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့….

မှုခင်းဇာတ်ကြောင်းအခြေခံ ထိတ်လန့်ဖွယ်ရာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ လာဘ်စားအကျင့်ပျက် စုံထောက်ရဲတစ်ဦးဟာ သူ့ရဲ
+1
မှုခင်းဇာတ်ကြောင်းအခြေခံ ထိတ်လန့်ဖွယ်ရာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ လာဘ်စားအကျင့်ပျက် စုံထောက်ရဲတစ်ဦးဟာ သူ့ရဲ့မိခင် မကြာသေးမီက ကွယ်လွန်သွားတဲ့အတွက် အရေးတကြီးနဲ့ လှိုဏ်ခေါင်းလမ်းတွေကနေ အမြန်ကားမောင်းလာပါတယ်။ သူ့ရဲ့အဖွဲ့ဟာလည်း လာဘ်စားခြင်းကိစ္စအတွက်နဲ့ စစ်ဆေးမှုတွေ ခံယူနေရပါတယ်။ ရဲဟာ လမ်းပေါ်မှာ သွားနေတဲ့လူတစ်ယောက်ကိုကားနဲ့တိုက်မိသွားပြီးတော့ လူသတ်မိသွားပါတယ် ။သူဟာကြောက်ရွံ့ပြီး အလောင်းကို တိတ်တဆိတ်သယ်ဆောင်လာခဲ့ပါတယ်။ ထို့နောက် ဘာတွေဆက်ဖြစ်ကြမလဲ? လူသတ်မှုကကောအမှုမှန်ပေါ်ပေါက်ပါမလား? ဘယ်လိုတွေဆက်ပြီးတော့ကြုံတွေ့လာရနိုင်မလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် မှုခင်းတစ်ခုအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ မင်းသား Lee Sun-kyun ကိုတော့ရဲအရာရှိ Ko Gun-su အနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီးတော့ Cho Jin-woong ကိုတော့ Lieutenant Park Chang-minအဖြစ် ရှုစားကြရပါမယ်။ ဇာတိကားဟာ ၁၁၁ မိနစ်ခန့် ကြာမြင့်မှာဖြစ်ပြီးတော့ Crime Action Thriller ရုပ်ရှင်ကားကောင်းများကို နှစ်ခြိုက်ကြသူတို့သဘောတွေ့စေမယ့် ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

Hoon payon{2023} Tai သရဲကား

Hoon Payon (2023) ထမ် အဖြစ် Phuwin Tangsakyuen တေး အဖြစ် Up poompat lam-samang “ဒွမ်ဆင်ထမ်း” ဆိုတဲ့ကျွန်းမှာ ဘိုးဘိုးကြီဆက်ထမ
+1
Hoon Payon (2023) ထမ် အဖြစ် Phuwin Tangsakyuen တေး အဖြစ် Up poompat lam-samang “ဒွမ်ဆင်ထမ်း” ဆိုတဲ့ကျွန်းမှာ ဘိုးဘိုးကြီဆက်ထမ်းရုပ်တုတော်ကို အရမ်းယုံကြည်ကိုးကွယ်ကြပါတယ် တစ်နေ့မှာ ထမ်ဟာ သူ့အစ်ကိုဖြစ်တဲ့ ဘုန်းကြီးထီကို သူတို့မိဘဆုံးသွားကြောင်း သတင်းပြောဖို့ ဒွမ်ဆင်ထမ်းကျွန်းကိုရောက်လာခဲ့ပါတော့တယ် ဒါပေမဲ့ သူရောက်လာတော့ သူ့အစ်ကိုဖြစ်တဲ့ ဘုန်းကြီးထီဟာ ကျောင်းထိုင်ဆရာတော်ကိုသတ်တယ်လို့စွပ်စွဲခံရပြီး ပျောက်ဆုံးနေပါတယ် ထမ်ဟာ သူ့အစ်ကိုအကြောင်းစုံစမ်းဖို့ အဲ့ဒီဘုန်းကြီးကျောင်းမှာတည်းဖို့ ဘုန်းဘုန်းကိုခွင့်တောင်းလိုက်ပါတယ် အဲ့ဒီကျွန်းမှာ တစ်ခုထူးခြားတာက အရိုးပြာကို ရုပ်တုထဲထည့်တဲ့ဓလေ့ပါ သူတည်းတဲ့ပထမညမှာတင် ထူးဆန်းတဲ့အရာတွေဖြစ်ခဲ့တယ် အဲ့ကျွန်းမှာ ဂဝံရုပ်အစီအရင်လုပ်နေတဲ့သူရှိပါတယ် ဂဝံရုပ်လုပ်နည်းတွေမျိုးစုံရှိတဲ့ထဲမှာ လူသေအလောင်းနဲ့ဂဝံရုပ်သရဲတွေလုပ်ပြီး လူတွေကိုလိုက်ခြောက်တာပါ။ ဆိုတော့ အဲ့ဒီဂဝံရုပ်သရဲလုပ်တဲ့သူကဘယ်သူလဲ ထမ်တို့ဘယ်လိုကိုင်တွယ်မှာလဲ ထမ် သူ့အစ်ကိုကိုရော ရှာတွေ့မလား ဇာတ်ကားထဲကြည့်လိုက်ရအောင်နော်

Kingdom ရဲ့ Season 2 အဆုံးမှာ မင်းသားနဲ့သူ့ရဲ့ နောက်လိုက်နောက်ပါတစ်သိုက်က မသေဆေးပင်တွေရဲ့ အရင်းအမြစ်က လူတစ်ယောက်ဆီက လာတယ်ဆိုတ
+1
Kingdom ရဲ့ Season 2 အဆုံးမှာ မင်းသားနဲ့သူ့ရဲ့ နောက်လိုက်နောက်ပါတစ်သိုက်က မသေဆေးပင်တွေရဲ့ အရင်းအမြစ်က လူတစ်ယောက်ဆီက လာတယ်ဆိုတာကိုတွေ့ခဲ့ပါတယ်။ လက်သည် တရားခံကတော့ မြောက်ပိုင်းသူ အာရှင်း ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ သူ့ရဲ့ နောက်ခံအကြောင်းအရာတွေကို ပြထားတာပါ။ ဂျိုဆွန်းမှာ မျိုးဆက် ၃ ဆက်လောက် နေခဲ့ကြတဲ့ သူတို့ရဲ့ ဂျာချန်လူမျိုးစုလေးက ဂျာချန်တွေထဲမှာလည်း အပယ်ခံ ဂျိုဆွန်းပြည်သားတွေကလည်း လက်မခံဖြစ်နေပါတယ်။ အာ့ဒီလိုအခြေအနေထဲမှာမှ အာရှင်းရဲ့အဖေက သူတို့ရွာလေးကို တရားဝင်ဂျိုဆွန်ရွာအဖြစ်သတ်မှတ်ခံရဖို့ ကြိုးစားရင်းသေသွားတယ်။ အမေကတော့ နိမ့်ကျတဲ့သူတို့ရွာလေးကို ဘယ်သမားတော်မှ မလာလို့ ရောဂါခံစားနေရရင်း ဂျိုဆွန်းပြည်နဲ့ ဂျာချန်တွေရဲ့ စစ်ပွဲထဲမှာ ကြားညပ်ပြီးသေဆုံးသွားရတယ်။ အဲဒါကြောင့် မသေဆေးပင်ကို အမှတ်မထင်တွေ့ခဲ့လိုက်ရတဲ့ အာရှင်းက သူ့မိသားစုကို ဖျက်စီးခဲ့တဲ့ နိုင်ငံနှစ်ခုကို လက်စားချေဖို့ ကြိုးစားတဲ့အကြောင်းလေးကို ပြထားတာပါ။

ကဲ့ခုတစ်ခေါက်ဇာတ်လမ်းလေးမှာတော့် ခေါင်းဆောင်ကောင်းတွေရဲ့ စိတ်ဓါတ်နဲ့ ရဲရင့်မှု၊ စစ်သား ကောင်းတွေရဲ့ စိတ်ဓါတ် ရေးရာ ရဲရင့်မှုတ
+1
ကဲ့ခုတစ်ခေါက်ဇာတ်လမ်းလေးမှာတော့် ခေါင်းဆောင်ကောင်းတွေရဲ့ စိတ်ဓါတ်နဲ့ ရဲရင့်မှု၊ စစ်သား ကောင်းတွေရဲ့ စိတ်ဓါတ် ရေးရာ ရဲရင့်မှုတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းမှာ သူတို့လွှတ်ပေးလိုက်တဲ့ ထဲက အာဖဂန် ကောင်လေးတစ်ယောက်ရဲ့ မျက်နှာမှာ ရက်စက် ကြမ်းကြုတ်မှု၊ မုန်းတီးမှုတွေ၊ ပြည့်နေပေမယ့်၊ နောက်ဆုံးမှာ မင်းသားကို ကယ်ခဲ့တဲ့ အာဖဂန် တွေကတော့ လူစိတ်ရှိတဲ့ လူသားတွေဖြစ်တယ်ဆိုတာ ပြသခဲ့ပါတယ်။ (အာဖဂန်တွေက သူတို့ ရန်သူနဲ့ တိုက်ခိုက်နေတဲ့သူကို ကာကွယ်ပေးရမယ်ဆိုတဲ့ အယူအဆကြောင့် ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။ တာလီဘန်တွေက အာဖဂန် တွေကိုလည်း သတ်ဖြတ်ပါတယ်။ အခုထိလည်း အာဖဂန် တွေနဲ့ အစွန်းရောက်တာလီဘန်တွေ စစ်ဖြစ်နေတုန်းပါပဲ) ဇာတ်လမ်းကောင်းတစ်ကားပါ။ Navy SEAL (SEa, Air and Land team) နဲ့ စစ်ကားတွေကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့ လက်မလွှတ်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ ဒီကားက ဒီဇင်ဘာလ အမေရိကားမှာ ပရီးမီးယား ပြထဲက အွန်လိုင်းပေါ်မှာ အကြည်ထွက်နေတာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ရုံမှာကြည့်ချင်လို့ အွန်လိုင်းမှာတောင် မကြည့်ပဲ စောင့်ခဲ့တာဖြစ်ပြီး စောင့်ရကြိုး နပ်တယ်လို့ပြောလို့ရပါတယ်။ Saving Private Ryan ပြီးနောက် အကောင်းဆုံး စစ်ကားတစ်ကား လည်းဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးရဲ့‌နေရာကတော့ဘန်ကောက်မြို့တော်ကြီး။ အရောင်တလက်လက်နဲ့အဆောက်အဦးတွေရဲ့အောက်မှာကတော့ လူတန်းစားမျိုးစုံကရှိနေကြတယ်။ ဘ
ဒီဇာတ်လမ်းလေးရဲ့‌နေရာကတော့ဘန်ကောက်မြို့တော်ကြီး။ အရောင်တလက်လက်နဲ့အဆောက်အဦးတွေရဲ့အောက်မှာကတော့ လူတန်းစားမျိုးစုံကရှိနေကြတယ်။ ဘန်ကောက်ရဲ့နာမည်ကြီး ညငှက်လေးတို့ရဲ့လောကကလည်းတခုအပါအ၀င်ပေါ့။ ဒီညငှက်လေးတွေရဲ့နောက်က လိင်လုပ်သားလုပ်ငန်းတွေ မူးယစ်ဆေးလုပ်ငန်းတွေ ကလေးသူငယ်လူကုန်ကူးမှုတွေဆိုတာ ခွဲခြားလို့မရနိုင်တဲ့အရာတွေပါပဲ။   ဒီလောကကြီးထဲကိုရောက်လာတာကတော့ကြေးစားလူသတ်သမား ကာတီချက်ခ်ျ။ အလုပ်ရှင်ရဲ့ငှားရမ်းချက်အရ သူ့သမီးဖြစ်သူကို ဆေးစွဲအောင်လုပ်ပြီးခိုင်းစားနေတဲ့ ဂိုဏ်းအဖွဲ့တဖွဲ့ကလူတွေကို သတ်ပေးဖို့။ ဒါပေမယ့် သူလုပ်ခဲ့တဲ့လုပ်ရပ်က ဂိုဏ်အဖွဲ့နှစ်ဖွဲ့ကြား ပြဿနာတွေကိုပိုရှုပ်လာစေခဲ့တယ်။ အရင်ကမိတ်ဆွေလည်းဖြစ် အခုဘန်ကောက်မှာ ကလပ်ဖွင့်နေတဲ့ ဂျင်မီဆိုတဲ့လူရဲ့အကူအညီနဲ့ ဒီအဖွဲ့‌တွေကိုဖြေရှင်းဖို့ကြိုးစားနေချိန်မှာသူ့ဆီဘယ်လိုလိုက်လာ မှန်းမသိတာက မေး ဆိုတဲ့ထိုင်းသူလေး။ သူရှင်းခဲ့တဲ့ နေရာကနေ ဘယ်လိုလိုက်လာမှန်းလဲမသိ ဒီလူကုန်ကူးတဲ့ပြည့်တန်ဆာဂိုဏ်းနဲ့ လည်းပတ်သက်နေပုံရတဲ့ဒီကောင်မလေးကိုပါ ကာတီတယောက် ကာကွယ်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ အဖွဲ့နှစ်ဖွဲ့ကြားမှာ ပိတ်မိနေတဲ့ ကာတီတယောက် ဒီအဖွဲ့တွေကိုရောတားဆီးနိုင်ပါ့မလား။