en
Feedback
Funny//Action//Cartoon/Drama// movies channel🖤⚔️🛡️

Funny//Action//Cartoon/Drama// movies channel🖤⚔️🛡️

Open in Telegram
2 487
Subscribers
-524 hours
-107 days
-1830 days
Posts Archive
Fast X(2023) ************ Fast and Furious ဖရန်ချိုက်ရဲ့ ရုပ်ရှင်အသစ် အဗန်ဂျာ အဲလေ Fast X လာပါပြီ။ ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းပိုင
+1
Fast X(2023) ************ Fast and Furious ဖရန်ချိုက်ရဲ့ ရုပ်ရှင်အသစ် အဗန်ဂျာ အဲလေ Fast X လာပါပြီ။ ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းပိုင်း ရုပ်ရှင် ၃ ကားထဲက ပထမကားလို့ ဆိုထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ ဗန်ဒီဇယ်၊ ဂျွန်စီနာ တို့အပြင် တိုကျိုဒရစ်ထဲက မင်းသား Sung Kang ကပါ Han အဖြစ် ပြန်ပြီးပါဝင်ထားပါသေးတယ်။ အခြားမထင်ထားတဲ့သူတွေလည်း ဧည့်သည်အနေနဲ့ ပါလာပါသေးတယ်။ ဗန်ဒီဇယ်နဲ့ မင်းသားကြီး The Rock တို့ ခွာပြဲထားကြတာလည်း ပြန်အဆင်ပြေသွားပြီမို့ နောက်အပိုင်းတွေမှာ The Rock လည်း ပါဝင်လာတော့မယ်ထင်ပါတယ်။ ပထမကားထဲကမူရင်းဇာတ်ကောင်အနေနဲ့တော့ Vin Diesel, Michelle Rodriguez နဲ့ Jordana Brewster တို့ပဲ ကျန်ပါတော့တယ်။ ဒွန်တို့ရဲ့ မိသားစုကြီးကို ကလဲ့စားချေဖို့ လိုက်လာတဲ့ လူဆိုးတစ်ယောက်နဲ့ရင်ဆိုင်ရတာပါပဲ။ ဒွန်တို့ ရှင်းပစ်ခဲ့တဲ့ ဘိန်းရာဇာ ရေးယက်စ်ရဲ့သား ဒန်တေဟာ ဒွန့်ကို မသတ်ခင် ဒွန်ရဲ့မိသားစုနဲ့အရာရာကို ဖျက်ဆီးဖို့ အကွက်ချစီစဉ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ထောင်ချောက်ဆင်ခဲ့တာပါ။ အဲဒီထောင်ချောက်တွေကို ထုံးစံအတိုင်းမိသားစုအားနဲ့ ဘယ်လိုကျော်လွှားပြီး ရင်ဆိုင်မလဲဆိုတာ ကြည့်ရမှာပါ… မိသားစုဆိုတာ မသိမှာစိုးလို့ ဇာတ်ကားထဲမှာ ၅၆ ကြိမ် ပြောသွားခဲ့ပါတယ်…

တစ်ကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲဗျာ… ကူဘိုရယ်.. မျောက်တစ်ကောင်ရယ်.. ပိုးကောင်တစ်ကောင်ရယ်ဟာ သူတို့နောက်မှာလိုက်နေတဲ့ မကောင်းဆိုးဝ
တစ်ကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲဗျာ… ကူဘိုရယ်.. မျောက်တစ်ကောင်ရယ်.. ပိုးကောင်တစ်ကောင်ရယ်ဟာ သူတို့နောက်မှာလိုက်နေတဲ့ မကောင်းဆိုးဝါးတွေကို တားဆီးရင်း ရှာဖွေဖို့မလွယ်ကူတဲ့ ပစ္စည်း ၃ မျိုးကိုရဖို့ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ.. သူ့ဘေးမှာ အမြဲရှိနေတတ်တဲ့ မျောက်နဲ့ ပိုးကောင်ကြားကအလွဲတွေနဲ့ သူတို့ဟာ ဘယ်သူတွေဖြစ်မလဲ.. အဖိုးကရော ဘာကြောင့် သူ့မျက်လုံးကိုထုတ်ယူချင်ရတာလဲ… ဒေါသရန်ငြိုးကြီးပြီး အစွမ်းထက်လှတဲ့ အဖိုးရဲ့အန္တရာယ်ကိုရော ရှောင်လွဲနိုင်ပါ့မလားဆိုတာကိုတော့……….. 2014 ကတည်းက ပြင်ဆင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို မထွက်ခင်ကတည်းက နာမည်ကျော်နေတဲ့ကားတစ်ကားဖြစ်တဲ့အပြင်… ရိုးရိုး Animation တစ်ကားထက်ပိုတဲ့ရသမျိုးစုံကို ခံစားစေရမှာမို့ ဘာသာပြန်တင်ဆက်ပေးထားလိုက်ပါတယ်။ File Size     :   800Mb Duration   :   01 : 41 : 35 Quality       :   1080p Blu-ray and HEVC 1080p 5.1CH Format       :   MP4 Genre          :   Animation, Adventure

တရုတ်ဂန္တဝင်စာပေအကြောင်းပြောရင် မပါမဖြစ်တဲ့ Romance of the Three Kingdoms ဝတ္ထုကို မှီငြမ်းပြီး ပုံစံသစ်တစ်မျိုးနဲ့ ရိုက်ကူးထ
တရုတ်ဂန္တဝင်စာပေအကြောင်းပြောရင် မပါမဖြစ်တဲ့ Romance of the Three Kingdoms ဝတ္ထုကို မှီငြမ်းပြီး ပုံစံသစ်တစ်မျိုးနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဟန်မင်းဆက် ကုန်ဆုံးခါနီးအချိန် တိုင်းပြည်တစ်ခုလုံး အုန်းအုန်းကြွက်ကြွက်ဖြစ်နေတဲ့ အချိန်ကို ပြန်လည်ရောက်ရှိသွားသလို ယူငင်ခေါ်ဆောင်သွားနိုင်မှာပါ။ တောင်လိုပုံနေတဲ့ အလောင်းတွေ၊ သွေးချောင်းစီးမှုူတွေ၊ မီးတောက်တွေနဲ့ ပျက်စီးမှုတွေ ကြားထဲမှာ အဖေဖြစ်သူ ကွမ်းယွီသေဆုံးမှုကို လက်စားချေနိုင်ဖို့နဲ့ သူ့ရဲ့နာမည်ကျော် ​ကျောက်စိမ်းနဂါးဓားကို ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ ကွမ်းရှင်းကိုတွေ့ရမှာပါ။

နောင်ဘဝအတွက်ပါ ဆုတောင်းနေတာ😁

ခုတစ်လော တစ်ချို့နေရာတေမှာ တိုက်ပွဲဖစ်ပြီး မီးက ရက်ခြားမှ တစ်ခါတစ်လေ ရလို့ ရတဲ့ခါလေး လာတင်ပေးတာပါ ဗျ❤️

+1
IMDb Rating – 6.3/10 ဗြိတိန်ပြည်ရဲ့နန်းတည်ဘုရင် အာသာ သမိုင်းသုတေသီတွေက ၁၅ရာစုက ဘုရင်အာသာနဲ့ သူ့ရဲ့ သူရဲကောင်းတွေအကြောင်း ဂန္တဝင်ဇာတ်လမ်းဟာ အမှောင်ခေတ်လို့ခေါ်ကြတဲ့ ၅ရာစုဝန်းကျင်ကာလမှာ တကယ်ရှိခဲ့တဲ့ သူရဲကောင်းတစ်ယောက်ကနေ ပေါ်ပေါက်လာတယ်လို့ လက်ခံထားကြပါတယ်။ အထောက်အထားတစ်ချိူ့လည်းတွေ့ထားတယ် ဆိုပါတယ်။ တကယ့်အာသာဟာ ဒဏ္ဍာရီထဲက အာသာထက် ဆယ်ရာစုစောပေါ်ခဲ့တာပါတဲ့။ အာသာကို လွတ်လပ်မှုနဲ့ သာတူညီမျှ ဝါဒကိုလက်ကိုင်ထားတဲ့ ရောမသူရဲကောင်းအနေနဲ့ ပုံဖော်ထားပါတယ်။ သူရဲ့သူရဲကောင်းတွေကိုတော့ ရောမကို ကျေးဇူးကြွေးဆပ်နေရတဲ့ ဆာမားတီးယန်း မြင်းသည်တော်တွေအနေနဲ့ပုံဖော်ထားပါတယ်။ သူရဲကောင်းတွေကို တာဝန်မှကင်းလွတ်ခွင့်ပေးရမဲ့ အချိန်မှာ ရောမပြည်က နောက်ဆုံးတာဝန်တစ်ခု ပေးအပ်ခဲ့ပါတယ်….။ လွတ်လပ်မှုကိုရဖို့ နောက်ဆုံးတာဝန်ကို ထမ်းဆောင်ရတဲ့ အာသာနဲ့ သူရဲကောင်းတွေရဲ့ ခရီးနဲ့ တိုက်ပွဲကို ဇာတ်အိမ်တည်ထားပါတယ်။ ကျွန်တော်တော့ King arthurကားတွေထဲ ဒီကား အကြိုက်ဆုံးပါပဲ။ သမိုင်းဆိုတာတွေက ဘယ်အခါမှာမှ တိတိပပ မမှန်ခဲ့ပါဘူး…။ ဒီရုပ်ရှင်က ဇာတ်လမ်းဟာ King Arthurရဲ့ ဒဏ္ဍာရီအမှန်နဲ့ အနီးစပ်ဆုံး ယူဆရပါတယ်။

အာဖဂန်နစ္စတန်ကနေ ပျံသန်းလာတဲ့ လေယာဉ်လေးတစ်စင်းပေါ်မှာ ဒေါ်လာ ၁၀၀ မီလီယမ် ပါလာခဲ့တယ်။ ပြီးတော့ အဲဒါက အမေရိကန်-ကနေဒါ နယ်စပ်နားလ
+1
  အာဖဂန်နစ္စတန်ကနေ ပျံသန်းလာတဲ့ လေယာဉ်လေးတစ်စင်းပေါ်မှာ ဒေါ်လာ ၁၀၀ မီလီယမ် ပါလာခဲ့တယ်။ ပြီးတော့ အဲဒါက အမေရိကန်-ကနေဒါ နယ်စပ်နားလောက်မှာ ပျက်ကျသွားရော။   အဲဒီမှာ စစ်သည်ကြေးစားတစ်သိုက်ဟာလည်း မုဆိုးယောင်ဆောင်ပြီး ဒီပိုက်ဆံတွေကို လာရှာကြပါတော့တယ်။ ဂျက်ဆန်ဆိုတာက သမီးလေးကိုလည်း ဆုံးရှုံးထားပြီး ဇနီးဖြစ်သူကပါ ဖောက်ပြန်ကာ ငွေအခက်အခဲဖြစ်ပြီး ဘဝပျက်နေတဲ့ ကြုံရာ ကျပန်း အလုပ်သမားတစ်ယောက်ပေါ့။ အဲဒီမှာ သူငယ်ချင်းရဲ့ ချိတ်ဆက်မှုနဲ့ ဖောက်သည် တစ်ယောက် တောင်ပေါ် အမဲလိုက်ချင်လို့ လမ်းပြလုပ်ပေးပါလား တောင်းဆိုတော့ လက်ခံလိုက်တဲ့အခါ ဖောက်သည်က ငယ်ငယ်ချောချော ကောင်မလေး ဖြစ်နေပြီး နှစ်ယောက်တူတူ အမဲလိုက်ထွက်လာချိန် လေယာဉ်ပျက်ကျတဲ့နေရာက ပိုက်ဆံတွေ တွေ့ကြပြီး ဘာဆက်ဖြစ်မလဲ ကြည့်ရမယ့် အက်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားအကြောင်း အများကြီး မပြောလိုပေမဲ့ မင်းသမီးချောချောလေးက တောထဲမှာ မဆီမဆိုင် ဖင်ပြောင်လေးနဲ့ ပြေးလိုက် အပေါ်အကျ်ီ  ချွတ်လိုက်နဲ့ မျက်စိ ပဒေသာတော့ ဖြစ်စေရမှာ သေချာပါတယ်။  

Disney နဲ့ Pixar ရဲ့ နောက်ထပ် ရုပ်ရှင်ကာတွန်းတစ်ခုလာပါပြီ။ ဒီကာတွန်းထဲက ဇာတ်ကောင်လေးတွေကတော့ မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးတွေကို
+1
Disney နဲ့ Pixar ရဲ့ နောက်ထပ် ရုပ်ရှင်ကာတွန်းတစ်ခုလာပါပြီ။ ဒီကာတွန်းထဲက ဇာတ်ကောင်လေးတွေကတော့ မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးတွေကို ယူထားတာပါ။ ဒြပ်မြို့တော်ကြီးမှာ ရေ၊ လေ၊ သစ်သား နဲ့ တိမ်တွေ နေကြပေမဲ့ မီးနိုင်ငံကလူတွေကိုတော့ အဝင်မခံပါဘူး။ မီးမျိုးနွယ်တွေဟာ မြို့စွန်တစ်နေရာမှာ မီးမြို့လေးဆောက်ပြီး သတ်သတ်နေကြရတာပါ။ အဲဒီမီးမျိုးနွယ်တွေထဲမှာ အမ်ဘာဆိုတဲ့ ဒေါသကြီးတဲ့ မီးကောင်မလေးတစ်ယောက်ရှိပါတယ်။ သူဟာ သူ့အဖေရဲ့မီးမုန့်ဆိုင်ကိုလက်လွှဲယူဖို့ စောင့်နေရပြီး သူ့အဖေကတော့ အမ်ဘာ့ရဲ့ ဒေါသတွေကို ထိန်းနိုင်တဲ့နေ့မှာ ဆိုင်ကိုလွှဲပေးပြီး အနားယူမှာပါ။ ဒါပေမဲ့ ဆိုင်ကို မဆက်ခံနိုင်ခင်မှာပဲ ရေပိုက်တွေနဲ့ မတော်တဆမှုတွေဖြစ်ပြီး ဆိုင်အပိတ်ခံရမဲ့ ပြဿနာတက်လာပါတယ်။ အဲဒီအချိန်မှာ ရေကောင်လေး တစ်ကောင်နဲ့ခင်မိပြီး မီးမြို့တော်ထဲကို ရေတွေစိမ့်လာတဲ့ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားကြတဲ့အခါ…

IMDB 7.2 Rotten Tomatoes 39% Audience Score 72% ယနေ့ခေတ်အထိ အငြင်းပွားဖွယ်ရာဖြစ်နေဆဲ ဂျေရုစလင်မြို့ကို မွတ်စလင်ဘုရင်ကြီး ဆာလာ
+2
IMDB 7.2 Rotten Tomatoes 39% Audience Score 72% ယနေ့ခေတ်အထိ အငြင်းပွားဖွယ်ရာဖြစ်နေဆဲ ဂျေရုစလင်မြို့ကို မွတ်စလင်ဘုရင်ကြီး ဆာလာဒင်က သိမ်းပိုက်ခဲ့တာ အာလုံးအသိပဲ ဖြစ်ပါတယ် ။ ဒီကားကတော့ ဘုရင်ကြီးဆာလာဒင် မသိမ်းယူခင်အချိန်တွေမှာ စစ်တပ်မရှိတော့တဲ့ဂျေရုစလင်မြို့ကို အရပ်သားတွေနဲ့အတူ ခုခံခဲ့တဲ့ ေ ဘလင်ဆိုတဲ့ သူရဲကောင်းတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ကားပဲ ဖြစ်ပါတယ် ။ Gladiator (2000) ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး Ridley Scott ရဲ့လက်ရာဖြစ်တာကြောင့် တိုက်ခန်းခိုက်ခန်းတွေကတော့ အထူးတလည်အပြစ်ဆိုစရာ မရှိပါဘူး။ ဒီကားဟာ ရုံစတင်တင်ချင်းမှာ Rotten Tomatoes မှာ Bad Reviews တွေရရှိခဲ့ပေမယ့် Director’s Cut အနေနဲ့ပြန်လည်ထွက်ရှိလာတဲ့အခါမှာတော့ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှု့အများအပြားကို ပြန်လည်ရရှိခဲ့ပါတယ်။

IMDb Rating (8.0) / Rotten Tomatoes (88%) ဒီရုပ်ရှင်ကားက စာရေးဆရာကြီးဝီလီယံရှိတ်စပီးယားရဲ့ “Helmet”ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိ
IMDb Rating (8.0) / Rotten Tomatoes (88%) ဒီရုပ်ရှင်ကားက စာရေးဆရာကြီးဝီလီယံရှိတ်စပီးယားရဲ့ “Helmet”ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိုယူပြီးပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ၁၉၉၅ခုနှစ် ကတ်ရှမီးယားဒေသကိုအခြေပြုထားပါတယ်။ ကတ်ရှမီးယားဒေသကိုအခြေတည်ထားတာကလည်းစိတ်ဝင်စားစရာအချက်တချက်ပါပဲ။ လူငယ်လေးတစ်ယောက် သူ့ဖခင်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာပဲ အဲဒီကတ်ရှ်မီးယားဒေသကိုသွားရောက်ခဲ့တာကစတင်ထားပါတယ်။ အဲ့ဒီကိုရောက်တဲ့အခါမှာတော့ ဖြစ်စဉ်တွေဟာ သူထင်ထားသလို ရိုးစင်းမနေဘဲ လိုက်လံစုံစမ်းရင်းနဲ့ ဘယ်လိုမြုပ်ကွက်တွေကို ဖော်ထုတ်လိုက်နိုင်မလဲ။ ပျောက်ဆုံးသွားတယ်ဆိုတဲ့ သူ့ဖခင်ကိုရောပြန်တွေ့နိုင်မလား။ နောက်ကွယ်က ဘယ်လိုအကြောင်းတရားတွေရှိနေလည်းဆိုတာကို ခံစားမှုပြင်းရှရှနဲ့ခံစားကြည့်ရှုရမှာပါ။ ဇာတ်လမ်းက အချိုးအကွေ့လေးတွေ စိတ်ဝင်စားဖို့ကောင်းတာမို့ဇာတ်ကြောင်းကို မသိထားဘဲ ကိုယ်တိုင်အပြည့်အဝခံစားကြည့်ရှုမှ ပိုကောင်းပါမယ်။ နိုင်ငံတကာမှာ ဘာကြောင့် Rating မြင့်ပြီး နာမည်ကြီးနေလဲဆိုတာ ခံစားဆုံးဖြတ်ပေးကြပါဦး။

Dragon Knight (2022) လွန်ခဲ့တဲ့နှစ်​ပေါင်း၂၀၀ခန့်က အဒ်ဘန်ဒန်ဆိုတဲ့ မိစ္ဆာတစ်​ကောင်က လူ့​လောကကို အ​မှောင်တိုက်သွင်းဖို့ ရောက်ရ
Dragon Knight (2022)   လွန်ခဲ့တဲ့နှစ်​ပေါင်း၂၀၀ခန့်က အဒ်ဘန်ဒန်ဆိုတဲ့ မိစ္ဆာတစ်​ကောင်က လူ့​လောကကို အ​မှောင်တိုက်သွင်းဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒီမ​​ကောင်းဆိုးဝါးကို​ချေမှုန်းဖို့ ငါးပြည်​​​ထောင်​သော မဟာမိတ်​တွေ၊ နဂါး​တွေနဲ့ နဂါးစစ်သည်​​​​​​တော်တွေပါ စုစည်းတိုက်ခိုက်ခဲ့​ပေမယ့် အဒ်ဘန်ဒန်နဲ့ သူ့စစ်တပ်အစွမ်းကို မယှဉ်နိုင်တာ​ကြောင့် á€”á€‚á€Ťá€¸â€‹á€á€˝á€ąá€œá€Šá€şá€¸â€‹â€‹á€žá€ąáŠ နဂါးစစ်သည်​တော်အဖွဲ့လည်း မရှိ​တော့ဘဲ တိုင်းပြည်အားလုံး အဒ်ဘန်ဒန်ကို သစ္စာခံလိုက်ရပါတယ်။ ဘ​ရေဒန်ဆိုတာက​တော့ ​ပြိုကွဲသွားတဲ့နဂါးစစ်သည်​တော်အဖွဲ့ရဲ့ ​​နောက်ဆုံးကျန်ရစ်သူပါ၊ သူဟာ ဖခင်ဖြစ်သူရဲ့ စိတ်ဓါတ်ကို အ​မွေဆက်ခံရင်း အဒ်ဘန်ဒန်ကို ​​ချေမှုန်းဖို့ အမြဲကြိုးပမ်း​နေသူ​ပေါ့။ သူ့ရဲ့အကြံက လွန်ခဲ့တဲ့ နှစ်၂၀၀တည်းက ​ပျောက်ဆုံးသွားတဲ့ နဂါး​တွေကို လိုက်ရှာရင်း နဂါး​တွေ အကူအညီနဲ့ အဒ်ဘန်ဒန်ကို အနိုင်ယူပစ်ဖို့ပါ၊ သူ့ရဲ့နဂါးရှာပုံ​တော်အတွင်း မိတ်​ဆွေသစ် ​​တွေရလာပြီး တူတူစွန့်စားခန်းဖွင့်ပါ​တော့တယ်၊ သူတို့လိုက်ရှာ​နေတဲ့ နဂါးကို ရှာ​တွေ့မှာလား၊ အဒ်ဘန်ဒန်တို့ကို သူတို့အနိုင်ယူနိုင်မှာလားဆိုတာ ​ပေါ့​ပေါ့ပါးပါးကြည့်ရှုရမှာပါ။