တိမ်ချစ်သူများစုဝေးရာ☁️🤍
Open in Telegram
8 061
Subscribers
-1624 hours
-887 days
-5330 days
Posts Archive
ငါတို့တစ်ယောက်ကိုတစ်ယောက်
ဘယ်တော့မှ ပြန်မတွေ့စတမ်း
ချစ်ကြရအောင် ။
-စစ်ငြိမ်း
-ဘဝတစ်ပါးမှရပ်တန့်ငေးမောနေသော
တစ်ယောက်ယောက်မရှိလို့
မဖြစ်တဲ့ကမ္ဘာဆိုတာတော့
မရှိပါဘူး ဒါပေမဲ့ တစ်ယောက်ယောက် ရှိပေးတဲ့အခါ တစ်ယောက်ယောက်ရဲ့ ကမ္ဘာဟာ ချောက်ကမ်းပါးစွန်းကနေ ပြန်လှည့်လာနိုင်တာမျိုး။
#ခွန်းညိုသွေး
မမေ့နိုင်တာ သေချာနေခဲ့လည်း ကျွန်တော်တို့ လက်လွှတ်ပေးခဲ့ကြရတာပဲ။
ကိုယ့်မှာ ဘာတွေဘယ်လိုဘဲ နာကျင်ရသည်ဖြစ်စေ အဲ့ဒီတစ်ယောက်ကိုတော့ ပျော်စေချင်ခဲ့တာကိုး။
#မိုးနေ့
အရာရာဟာ ပြောင်းလဲသွားခဲ့ပြီး
သတိရခြင်းသာ
မပြောင်းမလဲ ကျန်ရှိနေခဲ့ပါတယ် ။
#ဂန္ဓမာ
ကျွန်တော့်မှာတစ်ယောက်တည်း
သေမလိုဖြစ်နေတဲ့ နေ့ရက်အချို့ ရှိခဲ့ပါတယ်။
အဲဒီအချိန်မှာ သူနဲ့တွေ့ခဲ့ပြီး ကျွန်တော့်အတွက်
အသက်ဝိုင်းရှူပေးခဲ့ပါတယ်။ ဒီလိုနဲ့
ကျွန်တော်အသက်ရှင်ခဲ့တယ်ပေါ့။
ကျေးဇူးတင်ပါတယ်။
သေမလိုဖြစ်နေတဲ့ အနေအထားကနေ
ကယ်တင်ပြီး သေမလိုဖြစ်နေတဲ့
အနေအထားမှာပြန်ထားခဲ့တာကို မတွေးရင်ပေါ့။
ကျေးဇူးပါပဲ။
*ဘဝတစ်ပါးမှရပ်တန့်ငေးမောနေသော
*စစ်ငြိမ်း
အလုပ်ရှုပ်တဲ့ ကောင်လေးကိုရထားတာဟာ
မိန်းမကိစ္စရှုပ်တဲ့ ကောင်လေးကိုရထားတာထက်
အများကြီးသာပါတယ်။
ကမ္ဘာကြီးပေါ်က
လူတွေထွက်သွားကြတာ
ပုံမှန်လိုပါပဲ။
တိမ်လို လေလို
ကုက္ကိုရွက်တွေလို
ပုံမှန်လိုပါပဲ။
လူတစ်ယောက် ဘဝထဲက
လူတစ်ယောက် ထွက်သွားတာ
ပုံမှန်လိုပါပဲ။
နာဖျားပြီး ကျန်ခဲ့သူတွေဟာလည်း
ပုံမှန်လိုပါပဲ။
အချစ်ရေ ...
ပုံမှန်လိုပါပဲ ။
#ဂန္ဓမာ
ညရောက်တဲ့အခါ တစ်နေ့တာ ဖြစ်ပျက်သမျှကို
အပြန်လှန် မျှဝေဖို့ လူတစ်ယောက်ရှိနေတဲ့အခါ
ဘဝဟာ နွေးထွေးတာပဲ ။
အရေးကြီးတဲ့ အရာမဟုတ်လည်း ပြောပြလိုက်ရင်
ဖြစ်ခဲ့သမျှက ပိုထူးခြားသွားသလို
ခံစာ:ရစေတယ် ။
ပြဿနာလို့ ထင်တဲ့အရာတွေလည်း
သူ့ဆီ ပြောပြလိုက်ရင် တစ်ဝက်လောက်က
အဆင်ပြေသွားစေတယ် ။
တကယ်တော့လေ တစ်နေ့တာ ဖြစ်သမျှ
မျှဝေဖို့ … ရယ်စရာတွေပြောဖို့
အခက်ခဲတွေ ရင်ဖွင့်ဖို့ လူတစ်ယောက်ရှိနေရင်
ဖြ-တ်သန်းရတဲ့နေ့တွေဟာ အရမ်းခက်ခဲမနေတော့ဘူး ။
တိတ်ဆိတ်ခြင်း နှင့် အမှောင်ထုဟာ
အထီ:ကျန်တဲ့ ခံစာ:ချက်မျိုး ဖြစ်စေတတ်တာမို့
လူတွေဟာ ညဘက်ရောက်ရင်
အိမ်ကို လွမ်းလာတတ်ကြသတဲ့ ။
အဲဒီအခါမျိုးမှာ အိမ်နဲ့တူတဲ့ လူတစ်ယောက်
ကိုယ့်အတွက်ရှိနေရင် ညတွေဟာ
အထီ:ကျန်စရာ မရှိတော့ဘူး တဲ့ ။
#TharHtwe
ကဗျာတိုစာတိုလေးတွေတင်Recလေးပေးကြပါဦး
တင်တဲ့သူလဲအားရှိအောင်လို့ပါ✨🥰
တိမ်ပုံလေးတွေလဲတင်ပေးပါမယ်ညကျ
🐾
ဘဝမှာ ရူးရူးမူးမူး ချစ်ဖူးတာလည်း
ခများပဲ
ပထမဦးဆုံး ရစ်ဖွဲ့မိတဲ့ နှောင်ကြိုးကလည်း
ခများပဲ ဖြစ်မှာ
ဘယ်နတ်ဘုရား ဆင်းချွတ်ချွတ် မကျွတ်တဲ့ သံယောဇဥ် ကြိုးလေးရေ...
ချစ်တယ်🦀
-နေညိုရောင်ခြည်
တစ်ချိန်က
မင်းပြုစုစောင့်ရှောက်ခဲ့တဲ့ လူတွေဟာ
မင်းကိုလက်ဝါးကပ်တိုင်မှာ
ချိတ်ဆွဲကြလိမ့်မယ် ။
#ဂန္ဓမာ
#ဘုရားသခင်တွေရဲ့အဆုံးသတ်
သပ်သပ်ရပ်ရပ်
ရှပ်အင်္ကျီတစ်ထည် ဝတ်ခဲ့ပါတယ်
အချစ်ရေးမှာတော့ ငါတို့ဟာ
ပုံပျက်ပန်းပျက်ပါပဲ ။
-ဂန္ဓမာ
အေးချမ်းတဲ့အရပ်လေးမှာပဲ နေချင်တယ်။
လစာကို မိဘတွေဆီ ပြန်အပ်ချင်တယ်။
ချစ်ရတဲ့လူတစ်ယောက်ကို ငေးမယ်။
ခွေးကလေးတစ်ကောင် မွေးမယ်။
ကိုယ်ကြိုက်တဲ့သီချင်းလေးတွေဆို
repeat လုပ်ပြီး ထပ်နားထောင်မယ်။
ဘယ်ပြဿနာကိုမှ မလိုချင်ဘူး။
စိတ်ပင်ပန်းစရာတွေကို မုန်းတယ်။
ချန်ခဲ့တဲ့သူက
ချန်ထားခဲ့တာပဲ
ကျန်ခဲ့တဲ့ လူတွေက
ကိုယ့်ဘဝနဲ့ကိုယ်ပေါ့
မျှော်လင့်ခြင်းတွေထဲ
တစ်ဘဝစာ ပိတ်မိခဲ့တယ်
ရက်စွဲတွေ ပြန်မကြည့်ဖြစ်တော့
ပြန်လာမဲ့နေ့မှာ ပန်းတွေပွင့်ပါစေကွယ်။
*ဂန္ဓမာ
*Present for you
ဆက်ဆံရေးတိုင်းမှာ တတ်နိုင်သမျှ
အကောင်းဆုံးဆိုတာပဲ ပေးခဲ့တာမလို့
ဆက်ကောင်းပေးဖို့ မတန်တော့ဘူးလို့ ထင်မိတဲ့အခါ လိပ်ပြာလုံစွာနဲ့
နှုတ်ဆက်ဖို့လဲ ဝန်မလေးတတ်ပါဘူး။
တစ်ခုခုရခဲ့ဖူးရင်
ဒါကတော့ ငါ့အတွက်အမြဲတမ်းလို့
ထင်နေတဲ့ စိတ်ကလေးကိုပြင်ရမယ် ။
မနေ့ကမြင်ရတဲ့ကောင်းကင်ပါပဲ
ဒီနေ့တိမ်တွေနဲ့ ။
#နွေသစ်ငြိမ်း
မိုးကို ခဏရွာစေချင်တယ်
ဖုန်းကို မင်းခေါ်စေချင်တယ်
ကမ္ဘာကြီးကို ဒီထက်နည်းနည်းပိုအေးစေချင်တယ် ။
#နွေသစ်ငြိမ်း
ကိုယ့်စတစ်ကော်လံဖြူ လက်မောင်းကို
ခပ်ဖွဖွ ကိုင်ဆွဲရင်း လမ်းကူးတတ်တဲ့သူဟာ
အခုဆို တခြားလူလက်ထဲမှာ ပျော်ရွှင်နေရောပေါ့။
*ဂန္ဓမာ
*နွေ ဂန္ဓမာ(၂၀၂၁)
Available now! Telegram Research 2025 — the year's key insights 
