en
Feedback
SEC Sharing Motivation for Growth Mindset

SEC Sharing Motivation for Growth Mindset

Open in Telegram

🙋🏻‍♀️🙋🏻‍♂️Welcome to @StarFreeEducation Sharing Motivation for Growth Mindset Channel🙌💜 📌This is the new schedule Sunday - Motivational Stories by (Tr Aldridge) 📝💌Everything will be Okay

Show more
713
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
Quotes for today Hard work is the only way to achieve your dreams ကြိုးစားခြင်း ဟာ မင်းရဲ့ အိပ်မက်ကို လုပ်ဆောင်နိုင်ဖို့ လမ်း
Quotes for today Hard work is the only way to achieve your dreams ကြိုးစားခြင်း ဟာ မင်းရဲ့ အိပ်မက်ကို လုပ်ဆောင်နိုင်ဖို့ လမ်း သာ ဖြစ်တယ် #Aldridge #Quotes

"ပူပန်စေတဲ့ အတိတ်တွေ ကို လက်လွှတ်ချလိုက်ပါ" -ဖြစ်ပြီးခဲ့တာတွေ ကို နောင်တ မရပါနဲ့တော့ ပြန်မရနိုင်တဲ့ အတိတ်တွေ ကို ပြန်လိုချင်တ
"ပူပန်စေတဲ့ အတိတ်တွေ ကို လက်လွှတ်ချလိုက်ပါ" -ဖြစ်ပြီးခဲ့တာတွေ ကို နောင်တ မရပါနဲ့တော့ ပြန်မရနိုင်တဲ့ အတိတ်တွေ ကို ပြန်လိုချင်တယ် ဆိုပြီး မတောင့်တပါနဲ့တော့ ( အတိတ်က Memory တွေ၊ ပျော်စရာတွေ၊ အမှတ်တရ တွေ ပျော်ရွှင်မှုတွေ ရယ် နောက်တစ်ကြိမ် ပြန်မရနိုင်တော့ပါဘူး။ အတိတ်က ဖြစ်ရပ် တွေ{ပျော်ရွှင်မှုတွေ} ကို ပြန်အောက်မေ့လို့ရပေမယ့် နောက်တစ်ခါ ပြန်ရနိုင်ချေက မသေချာပါဘူး၊ ဒါကြောင့် အခွင့်အရေး ရှိတုန်း အသုံးချပါ၊ ကိုယ့်ဘေးနားက အရာတွေ ကို ရှိတုန်း တန်ဖိုးထားပါ) - အတိတ်က ဖြစ်ခဲ့သမျှ ဟာ အတိတ်မှာဘဲ ကျန်နေခဲ့ပါပြီ - အတိတ်က ကိုယ်လုပ်ခဲ့တဲ့ အမှားတွေ အတွက်လည်း အတိတ် ကို ပြန်သွားပြီး ပြင်လို့မရတော့ဘူးနော် ။ လက်ရှိဘဝမှာဘဲ အမှားကင်းကင်း နဲ့ အတိတ်က တူညီတဲ့ အမှားမလုပ်မိအောင်ပြုပြင်နေထိုင်လို့ရပါတယ်။🖤 - ဒါကြောင့် နောင် ပစ္စုပ္ပာန်မှာ သံသယ ကင်းကင်း၊ အပူအပင်ကင်းကင်းနဲ့ ဆက်ရှင်သန်နိုင်အောင် မနက်ဖြန် ရဲ့ တိုက်ပွဲအတွက် အဆင်သင့်ပြင်ထားရပါမယ်။ #Aldridge

Quoted for today Don't judge anyone by their appearance ဘယ်သူ့ကိုမဆို သူတို့ရဲ့အသွင်အပြင်နဲ့ ပတ်သတ်ပြီးမဆုံးဖြတ်ပါနဲ့နော် (အခ
Quoted for today Don't judge anyone by their appearance ဘယ်သူ့ကိုမဆို သူတို့ရဲ့အသွင်အပြင်နဲ့ ပတ်သတ်ပြီးမဆုံးဖြတ်ပါနဲ့နော် (အချိန်လွန်မှ အမှန်တရားသိသွားခဲ့ရင် နောင်တရသွားနိုင်လို့ပါ) #Aldridge #Dream #Quotes

Aldridge ဒီနေ့ ပြောပြသွားမှာက အိပ်မက် အကြောင်းပါ စာရှည်တယ်ဆိုပြီးကျော်မသွားနဲ့နော် အဆုံးထိဖတ် ကြည့်😌 - လူတိုင်းမှာ မတူတဲ့ အိ
Aldridge ဒီနေ့ ပြောပြသွားမှာက အိပ်မက် အကြောင်းပါ စာရှည်တယ်ဆိုပြီးကျော်မသွားနဲ့နော် အဆုံးထိဖတ် ကြည့်😌 - လူတိုင်းမှာ မတူတဲ့ အိပ်မက်ဆိုတာ ရှိပါတယ်၊ မတူညီတဲ့ တွေ ရှိပေမယ့် Aldridge တို့ ဟာ အိပ်မက်ကို အကောင်အထည်ဖော် ရာမှာ အခက်အခဲတွေရှိ ကြပါတယ်။ - မိသားစုကြောင့်၊ ငွေကြေးကြောင့်၊ ပတ်၀န်းကျင် ရဲ့ ဝေဖန်မှုကြောင့် အိပ်မက်တွေ ရပ်လိုက်ရတာရှိတတ်ပါတယ် - ဘာလို့ရပ်လိုက်တာလည်း 😕 ရိုးရှင်းပါတယ် ၊ ကိုယ်က လက်လျှော့လိုက်လို့ပါ ကိုယ်က ကြိုးစားရင် ကိုယ်ကြိုးစားတဲ့ အတိုင်း အကျိုး ခံစားရပါတယ် - ကိုယ်ကြိုးစားတဲ့ အပေါ် မူတည်ပြီးအချိန်ကာလ ကြာမြင့်နိုင်ပါတယ် အချိန် တွေက မတူကြပါဘူး - တချို့ရှိတယ် "ကြိုးစားရင် ဘာမှမဖြစ်လာဘူးဒီတိုင်းနေ" လို့ အပျက်သ ​ေဘာ ဆောင်တာ ပြောတဲ့သူငယ်ချင်းလည်း ရှိနိုင်ပါတယ်၊ သူများblame တိုင်း ကိုယ့်ရည်မှန်းချက်ကို လက်လျှော့လိုက်လို့ မရဘူးနော် - ကိုယ်က သူများ မလုပ်ခိုင်းတိုင်း မလုပ်ဘဲနေရင် သူ့ရဲ့ကျေးကျွန်ဖြစ်နေမှာပေါ့ (ကိုယ့်ရည်မှန်းချက်ကိုထိပါးလာခဲ့ရင်ပြောတာနော်) - အိပ်မက်မက်တာ လေထဲတိုက်ဆောက်ပြီးစိတ်ကူးယဥ်တာ လွယ်လွယ်လေး အကောင်အထည်ဖော်ဖို့ဘဲခက်တာ 😊😇 ကိုယ့်ရည်မှန်းချက်ကိုဘယ်သူ့ကြောင့်နဲ့မှအပျက်မခံပါနဲ့

We're back and better than ever! After a month of hiatus, we're excited to announce that Star Free Education is back in actio
We're back and better than ever! After a month of hiatus, we're excited to announce that Star Free Education is back in action. Get ready for more free online classes and stay tuned for exciting updates! Thank you for your patience and continued support.

အရာရာတိုင်းကို တစ်ယောက်တည်း ကြိတ်မခံစားပါနဲ့ ကိုယ်အယုံကြည်ရဆုံးလူကို မျှဝေပြီး အကြံဥာဏ်တောင်းကြည့်ပါ Conflict ကနေ ရှောင်လာနိုင်ပါလိမ့်မယ် Quotes for today If you can't do it anyway, learn to say no ဘာပဲဖြစ်ဖြစ် ကိုယ်မလုပ်နိုင်တာဆို No လို့ ငြင်းတတ်အောင်သင်ယူပါ #Aldridge #Domestic #Conflict #Quotes

ဒီနေ့ Aldridge ပြောမယ့်အကြောင်းအရာ က အိမ်တွင်းပဋိပက္ခ ဆိုတဲ့ အကြောင်းပါ ■ မိသားစုဆို တာ ရှိလာကတည်း က ၁ဦးနဲ့၁ဦး သဘောထားကွဲလွ
ဒီနေ့ Aldridge ပြောမယ့်အကြောင်းအရာ က အိမ်တွင်းပဋိပက္ခ ဆိုတဲ့ အကြောင်းပါ ■ မိသားစုဆို တာ ရှိလာကတည်း က ၁ဦးနဲ့၁ဦး သဘောထားကွဲလွဲချက်တွေ အမြင်မတူတာတွေက ရှိနိုင်ပါတယ်၊ အဲ့ကနေတဆင့် Domestic Conflict (အိမ်တွင်းပဋိပက္ခ)တွေ ဖြစ်လာပါတယ် ■ ဥပမာပြောရရင် အိမ်မှာ အဖေနဲ့အမေ ရန်ဖြစ်ရင် သားသမီးတွေ ဘဲ စိတ်ညစ်ရတယ်၊ အိမ်မှာမနေချင်တော့တို့၊ မိသားစုနဲ့ အတူတူ မနေချင်တော့တာတို့ ဖြစ်လာပါတယ် ■ မိဘချင်းမှ ပဋိပက္ခ ဖြစ်တာမဟုတ်ပါဘူး၊ မိဘနဲ့ သားသမီးကြား မှာလည်း အထင်အမြင်လွှဲမှားမှုတွေ ရန်ငြိုး ရန်စ တွေ လည်းဖြစ်လာနိုင်ပါတယ်နော် ■ ကိုယ့်မိသားစု က ပဋိပက္ခ ဖြစ်လာခဲ့ရင် ဘာတွေ ဆက်လုပ်ရမလည်း - Conflict ပြီးသွားလို့ စိတ်ငြိမ်သွားရင် ပြဿနာ ရဲ့ အဓိက အရင်းအမြစ် ကို တိုင်ပင်ဆွေးနွေးပါ - တချို့ အရာတွေ ကို Positive ဘက်က တွေးလို့ရရင် တွေးပြီးမေ့ပစ်လိုက်ပါ (စာအုပ်၁အုပ်မှာ ဖတ်ဖူးတယ် ကိုယ်ကြုံခဲ့ရတဲ့ ၀မ်းနည်းစရာ ဖြစ်ရပ် က နောက် နှစ်ပေါင်း များစွာ ကြာလို့ ပြန်အစဖော်ကြည့်ရင် ရယ်စရာကြီးတဲ့😆၊ တကယ်လည်းဟာသပါဘဲနော်) - တကယ်လို့ အိမ်တွင်း Conflict မှာ ကိုယ်က တကယ် မပါဝင်ချင်တာတို့ဆို ရင်လျစ်လျူရှုလိုက်တာ၊ သူငယ်ချင်း၁ယောက်ကိုရင်ဖွင့်လိုက်တာအကောင်းဆုံးပါနော်

Aldridge ဒီရက်ပိုင်း မအားလို့ပါ ပျက်သွားတဲ့၃ရက်ကိုလည်း အစားပြန်တင်ပေးပါ့မယ် 🍀

Aldridge မနေ့က မတင်လိုက်ရလို့ပါ ဒီနေ့ Aldridge ပြောပြသွားမယ့် Title က "ရှိတုန်းတန်ဖိုးထားပါ"တဲ့ Aldridge အပါအဝင် လူတိုင်း ဟာ
Aldridge မနေ့က မတင်လိုက်ရလို့ပါ ဒီနေ့ Aldridge ပြောပြသွားမယ့် Title က "ရှိတုန်းတန်ဖိုးထားပါ"တဲ့ Aldridge အပါအဝင် လူတိုင်း ဟာ ကိုယ့်ကိုဂရုစိုက်ပေးနေတဲ့ သူတွေ ရှိတတ်ပါတယ်။ သူတို့ကို ကိုယ်က ဂရုမစိုက်မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကိုယ်ကအဲ့လူတွေကို အရေးမထားမိဘဲ ကိုယ့်အတွက် အရေးမပါတဲ့ သူတွေကို ဘဲတန်ဖိုးထားအချိန် ပေးနေတတ်မိပါတယ် ကိုယ်ကိုယ်တိုင်က အဖတ်မလုပ်အရေးအပေးခဲ့တဲ့ "ဂရုစိုက်ပေးတဲ့သူ"မရှိတော့တဲ့အခါမှ နောင်တရသတိရလွမ်းဆွတ်တာတွေ မလုပ်ပါနဲ့နော် ကိုယ့်ဘေးနားက လူကို ရှိတုန်းတန်ဖိုးထားပါ ခွဲခွာခြင်းဟာ သေကွဲ နဲ့ ရှင်ကွဲ ၂ ခုသာ ရှိပါတယ် ဒါကြောင့် Aldridge တို့ ကိုယ့်ဘေးနားက လူတွေ မိတ်ဆွေတွေ ကို ရှိတဲ့ ခဏတာလေးမှာ အရေးပေးတန်ဖိုးထားကြရအောင်နော် Quotes for today Just forget the past & keep going until you reach your target အတိတ်ကိုမေ့ပစ်ပြီး ကိုယ့်ပန်းတိုင်ရောက်အောင်ဆက်သွားပါ #Aldridge

Hello Guys!!! ဒီနေ့မှာတော့ Bella က ဆရာမ Mon Halsey ရဲ့"  Mental Detox" စာအုပ်လေးထဲက သဘောအကျဆုံး စာသားလေးကို sharing လုပ်ပေးချင်ပါတယ်။ စကားလက်ဆောင်လေးကတော့.  " 'No' လို့ ‌‌ေပြာဖို့‌ေလ့ကျင့်ပါတဲ့" Bella တိုဟာ ကိုယ်တကယ် ဂရုစိုက်ချင်တာတွေအတွက် အချိန်ပေးချင်တယ်၊ ပျော်ရွှင်ချင်တယ်ဆိုရင်တော့ ကျမတို့ဟာ "No"လို့ပြောတတ်ဖို့ လေ့ကျင့်ထားရပါမယ်။ Bella တို့ ဘဝမှာ ဦးစားပေးရွေးချယ်စရာတွေရှိပါတယ်။ အရာအားလုံးကို လိုက်လုပ်နေဖို့ မလိုပါဘူးနော်။ ဖိတ်သမျှ ပွဲတွေလိုက်တက်ဖို့၊ ပေးသမျှယူဖို့ မလိုပါဘူး။ Bella တို့ဟာ ကိုယ့်နှလုံးသားနဲ့ အနီးစပ်ဆုံးအရာကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ လူတိုင်းပျော်ရွှင်ဖို့ ကျမတို့ဟာ လူရွှင်တော်တွေလည်း မဟုတ်ကြပါဘူး။ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ကျေနပ်တတ်ဖို့က အရေးကြီးတယ်ဆိုတာ သတိထားမိကြပါစေနော်။ ကိုယ်တိုင်ရော "No" လို့ပြောတတ်ကြပီလား🤔 ဒီနေ့တော့ ဒီလောက်ပါပဲနော် အားလုံးပဲ Good Night ပါ🥱😴 #Isabella

Hello! Everyone! အခုအချိန်မှာဆိုရင်တော့ JLPT EXAM ဟာနီးကပ်လို့လာပြီနော် ဒီ channelက members တွေမှာလည်း Form တင်ထားတဲ့သူပါကောင်းပါနိုင်ပါတယ် တချို့ ရှိပါတယ် အချိန်မရှိလို့ ရှေ့ဆုံး က စာတွေ ပြန်မနွေးဖြစ်တာတို့ 😮‍💨 OK အဲ့တာဆို လိုင်းပေါ်တက်ပြီး မီးစိမ်းနေတဲ့အချိန်တွေကရော ကိုယ့်ရဲ့ Target မရောက်မချင်း အရေးမကြီးတာတွေ ကို ယာယီ ခဝါချထားရမှာပါ JLPT EXAM တင်မဟုတ်ဘူးနော် ကိုယ့်ဘဝမှာနေ့စဥ်အရေးကြီးတဲ့နေ့စဥ်လုပ်ငန်းဆောင်တာ တွေကို အရင်ဆုံးအချိန်ပေးလုပ်ရပါမယ် ပြီးမှ စိတ်ကို Relax ဖြစ်အောင် တခြားအရေးမကြီးတဲ့ကိစ္စရပ်တွေ လုပ်ပါ Exam ဖြေတော့မယ်, Interview ဖြေတော့မယ်, Scholarship လျှောက်တော့မယ်အစသဖြင့် အဲ့တာတွေ အကုန်လုံးကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်ဖို့ ကိုယ့်ဘက်က Practise အားကောင်းရမယ် Practise အားကောင်းလေ ကိုယ်လုပ်ချင်တဲ့ကိစ္စရပ်တွေမှာ အဆင်ပြေချောမွေ့လေဘဲ🤍 တချို့ ရှိတယ် သူများက "အဲ့တာ က ခက်တယ် ငါတောင်မလုပ်နိုင်ဘူး" အဲ့တာက ကိုယ့်အမြင်မှ မဟုတ်တာ သူများအမြင်ကြီး လေ သူက မလုပ်ခိုင်းတိုင်း ကိုယ်က မလုပ်ချင်တဲ့စိတ်တွေ က အရင်ရောက်လာတတ်ရော တချို့ ဟင်းခွက်တွေက ဥပဓိ မသပ်ရပ်ပေမယ့် စားလို့ ကောင်းတဲ့ ဟင်းခွက်တွေ ရှိတယ် ငယ်ငယ်က မကြိုက်ခဲ့တဲ့ အရာတောင် အခု တော့ အကြိုက်ဆုံးဖြစ်နေပြီ အဲ့တာကြောင့် ကိုယ်ဝါသနာပါတာ လုပ်ဖို့ မတွန့်ဆုတ်ပါနဲ့ သူများက ဒါက ခက်တယ်ပြောလည်း ကိုယ့် အတွက် က ရေသောက်သလိုမျိုးဘဲ အလွယ်လေးဆိုရင်ကော....... လူ၁ယောက်နဲ့၁ယောက်မတူဘူးနော် Quotes for today Most soft-spoken people are scary Those who speak harshly have soft hearts အပြောချိုတဲ့သူအများစုက ကြောက်ဖို့ကောင်းပြီး အပြောကြမ်းတဲ့သူတွေက နူးညံ့တဲ့နှလုံးသားရှိတတ်ပါတယ် #Aldridge

Hello Hello !! Happy Friday ပါရှင့်🤭🫶 ဒီနေ့မှာတော့ Bella က "တစ်ယောက်တည်းပေမဲ့.....အထီးမကျန်ပါ" ဆိုတဲ့ ခေါင်းစဉ္အောက်ကနေ ဆွေးနွေးပေးချင်ပါတယ်🫶 အထီးကျန်တယ်( loneliness) ဆိုတဲ့သဘောကတော့  negative feeling တစ်ခု (သို့) တစ်ခုထက်ပိုပီး ပါဝင်ပါတယ်။ ကိုယ့်မှာ negative feeling ဝင်နေပီဆိုကတည်းက ဘေးမှာ လူတွေများကြီး ဝိုင်းအုံပီးရှိနေလည်း အထီးကျန်ခြင်းကို ခံစားရမှာပါပဲ။စိတ်ထဲမှာ လစ်ဟာမှု၊ ကွက်လပ်တွေနဲ့ တစ်ယောက်တည်းပါလားလို့ ခံစား‌နေရမှာပါပဲ။ နောက်ထပ် solitude ဆိုတာ‌ကတော့ တစ်ယောက်တည်းနေတယ်လို့ ဆိုလိုခြင်းပါ။ သူ(solitude) ကတော့ တစ်ယောက်တည်းနေဖို့ကို သေချာရွေးချယ်ထားတာပါ။ positive feeling အပြုသဘောဆောင်တဲ့ ခံစားချက်တွေအများကြီးပါဝင်ပါတယ်။ စိတ်ထဲမှာ လစ်ဟာမှုတွေ ၊ ကွက်လပ်တွေမရှိ inner peace ငြိမ်းချမ်းမှာအပြည့်ရှိပါတယ်။ လူတွေဟာ သဘာဝအရ အစုအပေါင်းနဲ့နေတတ်တဲ့သူတွေဖြစ်ပေမဲ့ တစ်ခါတစ်လေမှာ တစ်ယောက်တည်းနေတတ်ဖို့ သင်ယူရပါမယ်။ တစ်ယောက်တည်းနေခြင်းကလည်း "psychological well being" ကို အထောင်အကူပြုလို့ပါတဲ့။ "less likely to suffer from depression." စိတ်ကိုပိုပီးကြံ့ခိုင်လာမယ်၊ ပိုပြ္းပျော်ရွှင်တတ်လာမယ်၊ကျေနပ်တတ်လာမယ်၊စိတ်ဓာတ်ကျဖို့ အလားအလာနည်းသွားလာနိုင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါဟာ ကိုယ့်ဘဝရဲ့ balance ကို ရှာဖွေနိုင်ခြင်းပါပဲ။တစ်ယောက်တည်းနေတတ်ခြင်းရဲ့ အေးချမ်းမှုကို တရားထိုင်ပေးခြင်းဖြင့်လည်း ရှာဖွေနိုင်ပါတယ်။ "Opportunity to discover yourself and find your own voice" ပါနော်။ ဒါကြောင့် တစ်ယောက်တည်းနေတတ်ဖို့အချိန် Me time ကိုယူပါ။အေးချမ်းမှုကိုရှာပါ။စိတ်ပျောါရွှင်စရာလေးတွေလုပ်ပါ။ me time ယူလိုက်မိတဲ့အတွက်လည်း နောင်တမရပါနဲ့။ တစ်ခါတစ်လေ တစ်ယောက်တည်းနေကြည့်ပါ။ အခုစာဖတ်နေတဲ့ သင်တို့ရော loneliness လား၊ solitude လား ပြန်ပီးဆန်းစစ်ကြည့်ပါနော်။🫶 "Solitude is the state of being alone without being lonely." အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။ Good Night🥱😴 #Mental Detox By Mon Halsey မှ ကောက်နှုတ်တင်ပြထားခြင်း #Isabella

Hello! Everyone ! "Have a fabulous Thadingyut Festival Holiday" #Aldridge

Hello Hello !! အားလုံးပဲ ကောင်းသောညလေးပါရှင်။ ပြီးခဲ့တဲ့အပတ်က Bella အင်တာနက်မကောင်းတဲ့ဘက်ရောက်နေလို့ စာမတင်ပေးဖြစ်တာပါ။ ဆိုတော့ ဒီနေ့မှာ ရက်အစားထိုးတင်ပေးပါမယ်နော်🥺🫶 အရင်တစ်ခေါက်မှာတုန်းက Bella က Environmental Detox ခေါင်းစဉ်အောက်ကနေပီးတော့ "အမှိုက်တွေကို ရှင်းထုတ်ပစ်ပါ" ဆိုပီး ပြောခဲ့တယ်ပေါ့နော်။ ဒီနေ့ပြောချင်တာကတော့ "သစ်ပင်စိုက်ပါ"🪴 🪴ကိုယ့်ရဲ့ အနီးအနားမှာရှိတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေကလည်း ကိုယ့်ရဲ့စိတ်ကိုပြောင်းလဲစေဖို့ အများကြီးအထောက်အကူပြုတယ်တဲ့။ ကိုယ်အမြဲထိုင်နေကျ အလုပ်စားပွဲ၊ စာကြည့်စားပွဲ၊ ကိုယ့်ရဲ့အခန်းထဲကနေ ထွက်ပီး အနီးနားက ပန်းခြံကိုအလည်ပတ်လျှောက်ကြည့်ကြည့်ပါ။ ပန်းခြံထဲမှာ လျှောက်လမ်းကလည်း‌ေမြနီလမ်းလေး၊ဘေးမှာလည်း အလေ့ကျပေါက်ပင်လေးတွေ၊ နွယ်ပင်လေး‌ေတွမြက်ခင်းစိမ်းစိမ်းစိုစိုလေးတွေရယ်၊ ပန်းပွင့်လေးတွေရယ်ကြောင့် အခြားကိုယ်လျှောက်‌လည်နေကျနေရာမျိုးမဟုတ်ပဲ သီးသန့်vibe တစ်ခု ရလာပါလိမ့်မယ်။ ကိုယ်က အပြင်ထွက်ရမှာ ပျင်းတဲ့သူဆိုရင်လည်း ကိုယ့်အိမ်ရဲ့ ဝရံတာလေးမှာဖြစ်ဖြစ် ပန်းအိုးလေးတွေထားပီး ရေလောင်းပေါင်းသင်နိုင်ပါတယ်။ အပင်လေးတွေကို ရေလောင်းနေတဲ့အချိန်မှာ ကိုယ်အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖွင့်ထားမယ်၊ တိမ်လေးတွေကိုကြည့်မယ်၊ငှက်သံလေးတွေ လေတိုးသံလေးတွေကို နားထောငါပီး စီးမြောလို့ရပါတယ်။စိတ်ပါရင် တရားမှတ်လို့တောင်ရပါတယ်🪴 🪴တကယ်တော့ သဘာဝတရားကြီးက သာယာလှပပီးသားပါ။ငွေကြေးအကုန်အကျခံပီး စိတ်အေးချမ်းမှုကို ရှာနေစရာ မလိုပါဘူး။ "နေတတ်ရင် ကျေနပ်စရာကြီးပေါ့နော်" ။ သစ်ပင်စိုက်တဲ့သူတွေဟာ ကမ္ဘာမြေကြီး ဆက်လက်ရှင်သန်ဖို့၊ စိမ်းစိုဖို့အတွက် အောက်စီဂျင်စက်ရုံကြီးတွေ တည်ထားပေးတဲ့သူတွေပါတဲ့🪴 "🪴တစ်သက်လုံး စိတ်ချမ်းသာချင်တယ်ဆိုရင် သစ်ပင်စိုက်ပါ🪴" #Mental Detox By Mon Halsey စာအုပ်မှ တင်ပြခြင်းဖြစ်ပါတယ် #Isabella

Hello! Everyone ! Aldridge ပြီးခဲ့တဲ့ Sunday က မအားလို့ Post မတင်လိုက်ရတာပါ Monday ကျ Sunday အစားပြန်တင်ပေးမယ် ဆိုပြီး တွေးလိုက်တယ် Monday လည်း ရောက် ရော သတိလုံးဝကို မရတော့ဘူး တော်သေးလို့ အခု သတိတရဖြစ်သွားလို့ Aldridge လို ဖြစ်ဖူးကြတယ် မလား အရေးကြီးတဲ့ ကိစ္စ ကို နောက်မှ လုပ်လိုက်မယ် ဆိုပြီး နောက်မှနောက်မှ နဲ့ အချိန်တွေဆွဲနေရင် မလုပ်ဖြစ်လိုက်တော့တာ တို့ ဖြစ်နေမယ်နော် အရေးကြီးတာမှန်သမျှအချိန်မဆွဲဘဲ အမိအရ လုပ်ပါ အချိန်နဲ့ဒီရေ လူကို မစောင့်ပေမယ့် လူကတော့ စောင့်နေလေရဲ့ 😌 အချိန်ကိုဆွဲပြီးလုပ်နေတတ်တဲ့သူ၊ အချိန်ကို ဥပေက္ခာ ပြုထားပြီးနောက်မှလုပ်မယ်ဆိုတဲ့ သူတွေ(Aldridgeလည်းအပါအ၀င်)က အမှားတွေ များတတ်ပါတယ်နော် တချို့ရှိပါတယ် အိမ်စာ ပေးလိုက်တဲ့အခါ ဆရာမပေးတဲ့အိမ်စာထိဘဲ လုပ်လာပြီး တခြား ဆရာမ ဖတ်ခိုင်းတဲ့ တခြားစာတွေကို မဖတ်လာမိဘူး၊ အလုပ်မှာလည်း အလုပ်ရှင် က လုပ်ခိုင်းတဲ့ project တွေ အကုန်လုပ်ပြီးပြီ အဲ့မှာအရေးကြီးတဲ့ အချက်အလက်တချို့ ကျန်နေခဲ့တယ် ကိုယ်နောက်ကျမှ သိတာ က အချိန်နှောင်းသွားပြီဆိုပေမယ့်နောက်၁ခါ အမှားကနေ သင်ခန်းစာ ကောင်းကောင်းယူလိုရပါတယ် လူတိုင်း အမှားပါမှာကို ကြောက်ကြတာဘဲလေ ဖတ်ဖူးတဲ့စာအုပ်ထဲက "အမှားနည်းနေသမျှသင့်ရဲ့အားနည်းချက်ကို ဘယ်တော့မှတွေ့မှာမဟုတ်ဘူး"တဲ့။ ဘယ်သူရေးလည်းတော့ မမှတ်မိတော့ဘူး။ အမှားများလေလေ ပိုပြီး ယုံကြည်မှု ရှိလာလေလေ လို့ဘဲ Aldridge ထင်ပါတယ် ထပ်ခါထပ်ခါ မှားယွင်းနေလို့ "ငါအသုံးမကျဘူး"လို့တွေးရမှာမဟုတ်ဘူး "ဒါကငါသတိမထားမိ လို့ မှားတဲ့အမှားဘဲနောက်၁ခါထပ်မမှားအောင်ဂရုစိုက်ရမယ်"လို့တွေးရမှာ အမှားနည်းအောင် သေချာလေ့ကျင့်၊သေချာစစ်၊သေသေချာချာလေ့လာ အဲ့တာဆိုရင် "အမှား" ကအရင်ကထက်နည်းသထက်နည်းလာပါလိမ့်မယ်။ Quotes for today Always review what you did today မင်းဒီနေ့လုပ်ခဲ့တာတွေအတွက်အမြဲသုံးသပ်ပါ #Aldridge

Hello Hello!!!❣ Bella အရင်အပတ်က Mental Detox ပိုင်းနဲ့ပတ်သက်ပြီးပြောခဲ့ပါတယ်။ ဒီနေ့မှာတော့ Bella က environmental Detox ပိုင်းနဲ့ပတ်သက်ပြီး ဆက်ပြောပြပေးချင်ပါတယ်။❣ "As you grow older, you accumulate all sort of things." "အသက်တွေကြီးလာတာနဲ့အမျှ စုဆောင်းမိတဲ့ပစ္စည်းတွေလည်းများလာတယ်။" ဟုတ်တယ်နော်။ အသက်တွေကြ္းလာတာနဲ့အမျှ မိတ်ဆွေသူငယ်ချင်းတွေ များလာတယ်၊ စိတ်ကူးစိတ်သန်းတွေ များလာတယ်၊ အလိုရမ္မက်တွေလည်း များလာတယ်ပေါ့နော်။ ဆိုတော့ ကိုယ်မသိလိုက်ခင်မှာပဲ အဲ့ဒီ more.....more. ဆိုတာကြီးက ကိုယ့်ဘဝကို ပိုရှုပ်ထွေးလာစေမိပါပြီတဲ့။ အခု ဒီစာလေးကို ဖတ်နေတယ်ဆိုရင် ကိုယ့်ရဲ့ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပါ။ အသုံးမလိုအပ်ပဲ ဝယ်ထားမိတာတွေအများကြီးပါ။ ဥပမာပြောပြရရင်တော့ Bella က မိန်းကလေးဆိုတော့ မိန်းကလေးအများစုဖြစ်တတ်တာလေးတစ်ခုပြောပြပါမယ်။ မိန်းကလေးအများစုက ကလစ်လှလှလေးတွေ၊ ခေါင်းစည်းကြိုးလှလှလေးတွေတို့ စသဖြင့် fancy မျိုးစုံဝယ်ကြတတ်ပါတယ်။ လှတာလေးတွေ့တာနဲ့ ဝယ်လိုက်တာပါပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်က ဝယ်ခဲ့တဲ့ fancy ပစ္စည်းလေးတွေ အခုဝတ်သေးလားမေးကြည့် ဘယ်သူမှ မသုံးတော့ပါဘူး။ ခေတ်ရေစီးကြောင်း အမှီလိုက်နေရတာကိုး။ ဆိုတော့ အဲ့ဒီ မသုံးတော့တဲ့ ကလစ်လှလှလေးတွေ၊ ခေါင်းစည်းကြိုးတွေကို အခြားသူကို မျှဝေပေးလားဆိုတော့လည်း မပေးပါဘူး။ ဒီတိုင်း ဘာမှမဟုတ်ပဲ အရှုပ်ခံသိမ်းကြတာပါ။  (လွှင့်ပစ်ဖို့ပြောနေတာမဟုတ်ပါဘူးနော်)။ အတန်သင့် လှနေသေးရင်၊ အသုံးပြုလို့ရနေသေးရင် နိမ့်ပါးသူကို sharing လုပ်ပေးလို့ရပါတယ်။ ကိုယ့်အတွက် အမှိုက်ဖြစ်နေပေမယ့် အခြားသူအတွက်တော့ ရွှေဖြစ်ချင်ဖြစ်နေမှာပဲလေ။ ဆိုတော့ ဒီနေ့" Environmental Detox " ခေါင်းစဉ်လေးကတော့ ဒီလောက်ပါပဲရှင့်။ ကိုယ့်ပတ်ဝန်းကျင်က အမှိုက်တွေကို ရှင်းထုတ်တတ်ကြပါစေနော်။ #Mental Detox by Mon Halsey မှ ကိုးကားရေးသားထားခြင်းဖြစ်ပါတယ်။ #crd to Mon Halsey #Isabella

Hello Guys!!🤩🥳 ဒီနေ့မှာတော့ Bella က "စိတ်ကို အဆိပ်ထုတ်ခြင်း" (Mental Detox) အကြောင်း ပြောပြပေးချင်ပါတယ်။🤩 အခုနောက်ပိုင်းမှာ လူတွေက "ရုပ်ပိုင်းဆိုင်ရာ အဆိပ်ထုတ်ခြင်း" (physical Detox) ကိုတော့ လုပ်ကြပေမယ့် "Mental Detox " ကိုတော့ မလုပ်ဖြစ်ကြပါဘူး။ "Physical Detox" လုပ်ပြီးတဲ့အခါမှာတော့ အသားရည်တွေကြည်လင်လာမယ်၊ ကိုယ်ခန္ဓာပေါ့ပါးလာမယ်။ ဒါပေမဲ့ Bella တို့ မေ့နေတာ တစ်ခုရှိတယ် ။ အဲ့တာဘာလည်းဆိုတော့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပေါ့ပါးပြီးအဆင်ပြေသွားပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ "physical Detox" က အကျိုးပြုမှုမရှိပါဘူး။ တစ်ကယ်တော့ ကိုယ်ခန္ဓာပေါ့ပါးဖို့ထက် စိတ်ပေါ့ပါးဖို့က အရေးကြီးပါတယ်။ ကျမတို့ရဲ့ အတွေးတွေဟာ တစ်ကယ်တော့ အဆိပ်ပါပဲ။ ကျမတို့ နေ့စဉ်နေ့တိုင်းမှာ ကောင်းတဲ့ကိစ္စထက် မကောင်းတာတွေ၊စိတ်ညစ်စရာ‌ေတွပဲ တွေးကြတာများပါတယ်။ ဘယ်လောက်ပဲ ပြည့်စုံစေကာမူ လူတစ်ယောက်မှာ စိတ်ညစ်စရာဆိုတာ ရှိစမြဲပါ။ (ကျမတို့ဟာ ကိလေသာမကုန်စင်သေးတဲ့  ပုထုဇဉ်လူသားတွေမဟုတ်လား)။ ဘယ်လောက်ပဲ ပြည့်စုံနေတဲ့သူ၊စိတ်အေးချမ်းအောင် နေတတ်တဲ့သူဖြစ်ပါစေ အတွေးတွေထဲမှာ လောဘ၊ဒေါသ၊မောဟတွေ ပါနေသေးတဲ့အတွက် စိတ်ကို အဆိပ်ဖြစ်နေစေဦးမှာပါ။ ဒါကြောင့် ကိုယ်ခန္ဓာကို ဂရုစိုက်တဲ့ "physical Detox" လုပ်သလို စိတ်ကို ဂရုစိုက်တဲ့ "Mental Detox"ကိုလည်း လုပ်ပေးဖို့လိုအပ်ပါတယ်။ စိတ်ထဲကအညစ်အကြေးတွေကို အစိုင်အခဲကြီးဖြစ်အောင် စုမထားသင့်ပါဘူးနော်။ "စိတ်ကြည်မှ ရုပ်ကြည်ပါမယ်"။ သီလ၊သမာဓိနဲ့ ပြည့်စုံတဲ့သူတွေကို တွေ့မြင်ရတဲ့အခါ ကျမတို့ စိတ်ထဲအေးချမ်းသွားတာကို သတိပြုမိမှာပါ။ ဘာလို့ဆို သူတို့စိတ်ထဲမှာ အဆိပ်တွေနည်းပါးနေလို့ပါပဲ။ "စိတ်ကြည်ရင် ရုပ်ကြည်မယ်။ စိတ်လှရင် ရုပ်လှမယ်။ စိတ်ကောငါးရင် ရုပ်ကောင်းမယ်။ စိတ်ချမ်းသာရင် ကိုယ်ကျန်းမာပါမယ်။" "Mental Detox" နဲ့ပတ်သက်တာတွေကို နောက်အပိုင်းမှာ ဆက်ရေးသားပေးပါ့မယ်။ ဒီနေ့က အမြည်းလေးပေါ့🤩 #Mental Detox By Mon Halsey မှ ထုတ်နှုတ်တင်ပြခြင်းဖြစ်ပါတယ် #Isabella

Hello ! အားလုံးဘဲ အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချနိုင်ပြီလို့ ထင်ပါတယ် ဒီနေ့ပေးမယ့် lesson က "စိတ်ဓါတ် ကို ခိုင်မာအောင်ထားပါ"တဲ့ လူတိုင်းက ကိုယ်ဖြစ်ချင်တဲ့အရာတွေ မဖြစ်လာလို့၊ ကိုယ်လုပ်ချင်တာ မလုပ်ရတာတို့၊ ကိုယ်အနှစ်နှစ်အလလကြိုးစားလာခဲ့တဲ့အမျှ result က zero တဲ့။ အဲ့တာဆို ရင်တော့ ကိုယ်တိုင်အပါအဝင် လူတိုင်းလည်း စိတ်ဓါတ်တွေ ပြုတ်ကျကုန်တော့မှာပေါ့ 😮‍💨 အဲ့အချိန်ကျရင် ကိုယ်တိုင် က အရှုံးသမား၁ယောက်လို ခံစားလာရနိုင်တယ် Result တွေ Zero ဘဲဖြစ်နေတာက ရှုံးသွားတာ မဆိုလိုဘူးနော်.... များများ Practise အားကောင်းလေ ပိုပြီး အမှား နည်းလေ ပေါ့ အမှားကနေသင်ခန်းစာယူရမယ်လေ ကိုယ်ဒီတစ်ခါ မှားခဲ့တဲ့ အမှားကနေ နောက်၁ကြိမ်ထပ်မမှားအောင် သင်ခန်းစာယူရမယ် ထပ်ပြိုလဲထပ်ရုန်းကြိုးစားပြီးတက်၊ ထပ်ပြိုလဲ ဆက်ပြီးကြိုးစား.. Keep going..... ဘာပဲဖြစ်ဖြစ်ဆက်သွားနေရမှာပါ "ခြေလှမ်းနှေးတာမြန်တာအရေးမကြီးဘူး အရေးကြီးတာက ဆက်သွားနေဖို့ဘဲ"လို့ ပုဂ္ဂိုလ်ကြီး၁ယောက်ကဆိုထားပါတယ် လူလဲကျတာက ကိစ္စမရှိဘူး စိတ်ဓါတ်တော့ မကျစေနဲ့ (စိတ်ဓါတ်ကျရင် ပြန်ဆွဲတင်ဖို့ သိပ်မလွယ်ဘူးလေ) စိတ်ဓါတ်ခိုင်မာအောင်နေပါ 💪💪💪 Quotes for today Appreciate everything you have all the time because you can lose your favourite thing. တချိန်လုံး မင်းမှာရှိသမျှအရာတိုင်းကို တန်ဖိုးထားပါ ဘာလို့လည်းဆိုတော့ မင်းရဲ့ အနှစ်အသက်ဆုးအရာ၁ခုကိုဆုံးရှုံးသွားနိုင်လို့ပါ #Aldridge

Hello Guys!! ဒီနေ့ရဲ့ စကားလက်ဆောင်လေးကတော့ "Remember, Each new day is blessing. So, let go of all the worries and be grateful for all the positives in your life." ဒီစကားလေးကို ကျင့်သုံးသင့်ပါတယ်နော်။ စိတ်ပူစရာတွေပဲ တွေးနေပီး အချိန်ကုန်ခံနေမယ့်အစား ကိုယ့်အတွက် အကျိုးရှိတာလေးတွေ ဥပမာ-စာဖတ်တာ၊ ဘာသာစကားတစ်ခုခုလေ့လာတာ၊ သီချင်းနားထောင်တာ စသဖြင့် လုပ်လို့ရပါတယ်။ (စိတ်ပူနေလို့ ပီးသွားမယ့်အရာတွေမှ မဟုတ်တာပဲလေနော်) အကောင်းမြင်စိတ်လေးနဲ့ "All izz well" လို့ပဲတွေးပါ။ အကောင်းမြင်စိတ်လေးတွေးတတ်ကြပါစေနော်။ဒီနေ့တော့ စာမရှည်တော့ဘူးနော်။ (Bella နေသိပ်မကောင်းလို့ပါ)😮‍💨😮‍💨 #Isabella

Hello Everyone!!📨 ဒီနေ့မှာ Bella sharing လုပ်ပေးချင်တဲ့ စကားလေးတစ်ခုရှိပါတယ်။အဲ့တာကတော့ "Someday , Your Pain will become the source of your strength, so face it" "တစ်နေ့နေ့မှာ သင့်ရဲ့နာကျင်မှုတွေဟာ ခွန်အားအရင်းအမြစ်ဖြစ်လာမှာမို့ အဲ့နာကျင်မှုတွေကို ရင်ဆိုင်လိုက်ပါ" ဒီစကားလေးက သိပ်မှန်တယ်နော်။ လူတိုင်းမှာ(၈၀% သောလူတိုင်းမှာပေါ့နော်) နာကျင်မှုဆိုတာ ရှိပါတယ်။ ဆိုတော့ ကိုယ်က အဲ့နာကျင်မှုကိုပဲ ကောင‌်းကောင်းအသုံးချပီး ခွန်အားအရင်းအမြစ်တစ်ခုအဖြစ် တည်ဆောက်ယူရမှာပါ။ အခု ဒီစာရေးနေရင်း ဇာတ်လမ်းလေးတစ်ခု သတိရမိတယ်။ ""တစ်ခါက အပြေးပြိုင်ပွဲတစ်ခုမှာ ကျောင်းပေါင်းစုံက ဝင်ပြိုင်ကြတာပေါ့။ အဲ့မှာ ထူးခြားတာက အခြားကိုယ်ပိုင်ကျောင်းက အားကစားသမားတွေကတော့ အားကစားဖိနပ်ကိုယ်စီနဲ့ ပြေးကြတာပေါ့။ အဲ့မှာ ဆင်းရဲတဲ့ကျောင်းက ကျောင်းသားလေးကတော့ ဖိနပ်တောင် မပါရှာဘူး။ ပြီးတော့ သူ့ခြေထောက်မှာ ပုလင်းကွဲရှထားသေးတယ်။ တာထွက်တာနဲ့ တူတူယှဉ်ပြိုင်ကြတဲ့အခါ အားကစားဖိနပ်နဲ့ ကျောင်းသားတွေကတော့ ရှေ့ကိုကျော်တက်သွားတာပေါ့။ ပုလင်းကွဲရှထားတဲ့အပြင် ဖိနပ်တောင်မပါတဲ့သူကတော့ ဖုန်ထူထူ နေပူပူထဲမှာ ပြေးလေနာလေ ဖြစ်နေခဲ့တာပေါ့။ ဒါပေမဲ့ သူ့ရဲ့နာကျင်မှုကိုပဲ သူက ခွန်အားအဖြစ် ပြန်အသုံးချလိုက်တဲ့အခါ အားကစားဖိနပ်စီးနိုင်တဲ့သူတွေကို နာကျင်မှုနဲ့အတူ ကျော်တက်သွားနိုင်ပီး အောင်ပွဲဝင်နိုင်ခဲ့ပါတယ်။ ""ဆိုတော့ ပြောချင်တာက subscribers လေးတို့တွေကိုလည်း ကိုယ်က ဘယ်လောက်ပဲ နာကျင်မှုနဲ့ကြုံနေရပါစေ နာကျင်မှုကို ခွန်အားအဖြစ် ပြန်အသုံးချစေတတ်ဖို့ပါပဲ။ နာကျင်မှုကို ခွန်အားအဖြစ် ပြန်လည်အသုံးပြုတတ်ကြပါစေနော်။ #Isabella #cmtမှာအကြံပြုပြုချက်ရေးသားနိုင်ပါတယ်