en
Feedback
SEC Sharing Motivation for Growth Mindset

SEC Sharing Motivation for Growth Mindset

Open in Telegram

🙋🏻‍♀️🙋🏻‍♂️Welcome to @StarFreeEducation Sharing Motivation for Growth Mindset Channel🙌💜 📌This is the new schedule Sunday - Motivational Stories by (Tr Aldridge) 📝💌Everything will be Okay

Show more
713
Subscribers
No data24 hours
No data7 days
No data30 days
Posts Archive
တစ်ယောက်တည်းလည်းအေးဆေးဘဲ လူတိုင်းက အဖော်နဲ့ မကင်းကြပါဘူး။ လူရယ်လို့ဖြစ်လာတည်းက အဖော်တွေ တခြားလူ တွေ နဲ့ ပေါင်းသင်းဆက်ဆံနေရဖို့ ဖြစ်လာပါတယ်။ အပေါင်းအဖော်တွေ နဲ့ ပေါင်းရတာ ကြာလာတဲ့ အခါမှာ ကော်လိုမျိုး ကပ်ပါလာပါတယ်။ သူမရှိရင် မရဘူး၊ သူရှိမှ ရမှာ၊ သူငယ်ချင်းလာမှ ဆက်လုပ်မှာ.................. အဲ့တာဆို အရေးကြီးတာ ဆိုရင် ကောဘယ်လိုလုပ်မလည်း အဖော်မရှိလည်း တစ်ယောက်တည်း ခရီးကို ဆက်သွားနိုင်အောင်ကြိုးစားပါနော် အရှေ့မှာ ပြောခဲ့သလိုပါဘဲ Aldridge တို့က ယာယီတွေ့ကြရတဲ့ သူတွေပါ။ အဲ့တာကြောင့် တစ်နေ့ ခွဲခွာရမယ့် ဆိုတဲ့ အသိ ကို မှတ်ထားပါနော် အဖော်မပါလည်း ငါလုပ်နိုင်တယ်၊ ငါမလုပ်နိုင်ဘူး ဆိုရင် လည်း လုပ်ကြည့်ရမယ် ဆိုတဲ့ စိတ်မျိုးဖြစ်နေရမယ်နော် သူငယ်ချင်းအဖော်တွေ စောင့်နေရင် ကိုယ်လုပ်ရမယ့် တချို့ ကိစ္စ တွေနောက်ကျကျန်နေခဲ့တတ်ပါတယ် (သစ္စာဖောက်ဖို့ ဆိုလိုတာမဟုတ်ဘူးနော်)😌 ဒါကြောင့် တစ်ယောက်တည်းလည်း ရဲရဲဝံ့ဝံ့ ဖြတ်သန်းနိုင်အောင်ကြိုးစားပါနော် သူမရှိလည်းကိုယ်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တွေးထားပါ သူမဖြစ်လို့မဖြစ်ဘူး၊ သူမရှိရင် ငါအလွဲလွဲအချောချော ဖြစ်တယ် ဆို တဲ့စိတ်ရှိရင် အခု စာဖတ်နေသူတွေက ရင့်ကျက်မှု နဲ့ ဝေးကွာနေပါသေးတယ်နော် Quotes for today When you gets anxiety and problems, just try to listen old classic music မင်းစိတ်ညစ်တာဘဲဖြစ်ဖြစ်ပြဿနာရှိတာဘဲဖြစ်ဖြစ်ဂန္တာဝင်တေးဂီတဟောင်းလေးတွေ နားထောင်ကြည့်ပါနော် #Aldridge #Quotes #Beingone

💯 ပညာဒါနအတန်းများတတ်ရောက်မည့်ကျောင်းသား ကျောင်းသူများအ‌နေဖြင့်လည်း  ယခု ပိုစ့်လေးကို like & share ခြင်းအားဖြင့် အားဖြည့်ကူညီ ပေးနိုင်ပါတယ်ဗျာ❤️‍🔥 Post Link https://m.facebook.com/story.php?story_fbid=pfbid0vGjq4uWxgYHoJspHbcoWCRvoCsCQyGVgVQmiLY8SQgtbTdfSy8HwuDadVJ6Dfu2dl&id=100086856952795&mibextid=Nif5oz @StarFreeEducation

ဒီနေ့ Aldridge မျှဝေပေးသွားမယ် အကြောင်းအရာက အချစ်နဲ့ ပတ်သတ်ပြီးတော့ပါ ❤️ အချစ်ဆို တာနဲ့ အများစုစိတ်ဝင်စားကြမယ်လို့ ထင်ပါတယ် 🥰 တစ်ယောက်ယောက် က ချစ်မိသွားပြီ ဆိုရင် သူ့ရဲ့ နှလုံးသား❤️ ကလည်းအရင်ကထက် ပိုနူးညံ့လာတယ် သူချစ်တဲ့ သူအတွက် အရာရာ ကို နစ်နာခံရဲတဲ့ သတ္တိတွေ လည်း များလာမယ် အချစ်ဆိုတာ ကလည်း ရည်းစား တွေ/ ချစ်သူတွေမှ ဆိုလိုတာ မဟုတ်ပါဘူး ကိုယ်မြတ်နိုးတဲ့ အရာ၁ခုခု ချစ်မြတ်နိုးတာ၊ တိရိစ္ဆာန် လေးတွေ ချစ်မြတ်နိုးတာ၊ တစ်ခုခု လုပ်နေရတာ လေးကို ချစ်တာ နှစ်သက်တာ အစသဖြင့် တွေကလည်း အချစ်ပါဘဲ 🩶🩶🩶 (ပကာသနမပါတဲ့အချစ်ပေါ့) - တစ်ယောက်ယောက်ကို ချစ်လိုက်မိပြီ ဆိုတာနဲ့ Aldridge တို့တွေဟာ သံယောဇဥ် ဆိုတဲ့ ကြိုးပါ ကပ်ပါလာပါပြီ (အချစ် ဆိုတာကလည်းသံယောဇဥ်ကြောင့် ဖြစ်လာတာပါ) - သံယောဇဥ် ဆိုတာ ကလည်း တွယ်သွားခဲ့ရင် ဖြတ်တောက်ဖို့ ခက်ပါတယ် အချစ် ဆိုတာလည်း တစ်ခုခု၊ တစ်ယောက်ယောက်အပေါ် သံယောဇဥ်တွယ်ပြီး ချစ်သွားပြီဆိုရင် ဖြတ်ဖို့ ခက်ပါတယ် (အနေနီးတာ ကြာလေ သံယောဇဥ်တွယ်လေ လေပါ) - Aldridge တို့ဟာ ပုထုဇဥ် လူသားတွေ ပါ အချစ်ကြောင့် Depression ဝင်တာ Anxiety ဖြစ်တာ တွေ အစသဖြင့် ဖြစ်ကြပါတယ် - အချစ်၊ သံယောဇဥ် တွေ ကလည်း ပူလောင်ပါတယ် ပူလောင်တယ် ဆိုပေမယ့် Aldridge အပါအဝင် လူတိုင်း ဟာလည်း အချစ်တွေ သံယောဇဥ်တွေနဲ့ မကင်းကြပါဘူးနော် - တစ်ခုခု၊ တစ်ယောက်ယောက် ကို ချစ်မိသွားခဲ့ပြီဆိုရင် လည်း လက်လွှတ်တတ်အောင်၊ စွန့်လွှတ်တတ်အောင် သင်ယူထားပါ - ဘာလို့လည်း ဆိုတော့ Aldridge တို့ဟာ နောင်တစ်ချိန်ချိန် မှာ သေကွဲ ဒါမှမဟုတ် ရှင်ကွဲ နဲ့ ကွဲ ရမှာမို့လို့ပါ ။ ။ Quotes for today The people you loved will dissapear in the expected time မင်းချစ်တဲ့သူတွေက မထင်မှတ်ထားတဲ့ အချိန်မှာ ပျောက်ကွယ်သွားနိုင်ပါတယ် #Aldridge #love #Quotes

မနေ့က Aldridge အလုပ် ကိစ္စတွေနဲ့ ရောပြီး Post တင်ဖို့ မေ့သွားခဲ့လို့ပါ။ ဒီနေ့ Aldridge ပြောပြမှာက "လူငယ်" တွေ နဲ့ ပတ်သတ်ပြီး တော့ပါ ဆယ်ကျော်သက် လူငယ် တွေ ဖြစ်လာပြီဆိုတာနဲ့ Aldridge တို့က ကလေးဘဝ ကထက် သိသိသာသာ ပြောင်းလဲလာကြပါတယ် ဆန်းစစ်ကြည့်ပါ။ ငယ်ငယ်တုန်းက အတွေးအခေါ် နဲ့ ဆယ်ကျော်သက် အတွေးအခေါ် နဲ့ မတူညီတော့တာ သိသိသာသာ မြင်လာပါလိမ့်မယ်။ ဆယ်ကျော်သက် လူငယ်ဖြစ်လာတယ် ဆိုတာ က ကိုယ်ရှေ့ဆက် သွားမယ့် လမ်းကြောင်းတွေက ဆယ်ကျော်သက်လူငယ်တွေ အပေါ်မှာ မူတည်နေပါတယ် ဆယ်ကျော်သက်လူငယ်ဘဝကလည်း လက်တွေ့စမ်းသပ်ချင်မှု တွေ တိုးလာမယ်၊ ကိုယ်လုပ်ချင် တာ တဇွတ်ထိုး လုပ်တတ်လာမယ်၊ ခေါင်းမာလာမယ်၊ အိမ်တွင်းပဋိပက္ခ တွေ များလာလိမ့်မယ်။ အဲ့တာ ဆယ်ကျော်သက် လူငယ်တွေ တွေ့ကြုံရမယ့် ဓမ္မတာ ဘဲ ဆယ်ကျော် သက် ဖြစ်လာပြီး နောက် နှစ်အနည်းငယ်ကြာမှာ ကိုယ့်ရဲ့ တချို့ အတွေးအခေါ် တွေက လွဲနေတာပါလား "ငါအဲ့တုန်းက အရမ်းတဇွတ်ထိုး ဆန်နေခဲ့တာဘဲ၊ ငါအဲ့တုန်းက အချိန် တေွ ဖြုန်းနေခဲ့တာဘဲ..............." အဲ့တာက လွန်ခဲ့တဲ့ အတိတ်ကပါ အခုလက်ရှိမှာ အတိတ်က တူညီတဲ့ အမှားကို ထပ်ကြိမ် မလုပ်မိအောင် အသိတရား ထားပါ (အမှားကို သိလျက်နဲ့ ဆက်လုပ်နေတယ် ဆိုရင် တော့ မင်းက မိုက်မဲတဲ့သူဘဲနော်) လူငယ်ဆယ်ကျော်သက်ဘဝ ဟာ အကုန်လုံး ထိတွေ့ ရမှာပါ အခု စာဖတ်နေသူထဲမှာလည်း ၁၄ နှစ်/အောက် တွေလည်း ပါနိုင်ပါတယ် "ငါက အခုမှာ....နှစ်ဘဲ ရှိသေးတယ် ငါနဲ့ မဆိုင်သေးဘူး" လို့ မတွေးပါနဲ့ လူငယ် ဆယ်ကျော်သက် ဘဝ ရောက်ရင် လည်း ဘယ်လို တွေ ကြုံတွေလာနိုင်တယ်၊ စိတ်ဓာတ်ကျ စရာ ကိစ္စတွေ အများကြီး ကြုံတွေ့ လာနိုင်ပါတယ် အဲ့အချိန် ရောက်ရင် အခု စာဖတ်နေသူရဲ့ အတွေးအခေါ် တွေနဲ့ ဆယ်ကျော်သက် အတွေးအခေါ် နဲ့ လုံးဝ ကွာဟနေတာကို သတိထားမိမှာပါ ဆယ်ကျော်သက်အရွယ် ရောက်လာ ရင်လည်း ကိစ္စ တစ်ခုခု ကို တဇွတ်ထိုး လုံးဝ မဖြေရှင်းဘဲ စိတ်အေးအေးထားပြီး ဖြေရှင်းနိုင်ကြပါစေ 🖤🖤🖤 Quotes for today Although zodiac signs are different , everything you do is not depend on your sign but only in your actions. Zodiac signs တွေ က အမျိုးမျိုး ရှိပေမယ့် မင်းလုပ်သမျှအရာတိုင်းက sign အပေါ်မှာ မဟုတ်ဘဲ မင်းရဲ့ လုပ်ရပ်အပေါ်မူတည်ပါတယ် #Aldridge #Quotes

Quotes for today Always review what you did today မင်းဒီနေ့လုပ်ခဲ့တာနဲ့ ပတ်သတ်ပြီး အမြဲသုံးသပ်ပါ #Aldridge #Quotes

ကူညီချင်တဲ့စိတ် Aldridge တို့ဟာ တခါတလေ ရင်းနှီးလာကြတဲ့ သူတွေ နဲ့ သူငယ်ချင်းစဖြစ်လာတို့ ကိုယ်သဘောကျတဲ့သူနဲ့ ရင်းနှီးလာကြပြီ ဆိ
+1
ကူညီချင်တဲ့စိတ် Aldridge တို့ဟာ တခါတလေ ရင်းနှီးလာကြတဲ့ သူတွေ နဲ့ သူငယ်ချင်းစဖြစ်လာတို့ ကိုယ်သဘောကျတဲ့သူနဲ့ ရင်းနှီးလာကြပြီ ဆိုရင် ကူညီ ပေးချင်စိတ် လေး တွေ ရှိလာတတ်ကြပါတယ် 🥰 ကူညီတာ က ကောင်းပါတယ်။ ကိုယ် လုပ်နိုင်တဲ့ အရာလေးတွေ နဲ့ တစ်ပါးသူစိတ်ချမ်းသာအောင် ကူညီလိုက်တာကလည်း မင်္ဂလာတစ်ပါးပါ။ 🙏 ကူညီတဲ့ အခါမှာလည်း ကိုယ်ကကူညီလိုက်တာ ကိုယ်ကူညီလိုက်တဲ့ အပြုသဘောကြောင့် တစ်ပါးသူ စိတ်အနှောက်အယှက် ဖြစ်သွားကောင်းဖြစ်နိုင်ပါတယ်။ ကူညီ‌ေတာ့မယ် ဆိုရင် ကိုယ် လုပ်နိုင်သလား (သို့မဟုတ်) လုပ်နိုင်လား ဆိုပြီး အရင် ဆန်းစစ်ကြည့်ပါ။ ရေတိုရေရှည်တွေးပါ။ ကူညီမယ် လို့ကတိပေးပြီးတော့မှ ကိုယ်ထင်ထားတဲ့ ကိစ္စထက်အတိုင်းထက်လွန်နေပြီဆိုရင်လည်း လုပ်ပေးလိုက်ပါ နော် ။ ကိုယ်ကကတိ ပေးထားတာကိုး။ ဒါကြောင့် တချို့ကိစ္စ လေးတွေ ကိုယ် လုပ်နိုင်တဲ့ ကိစ္စ လေးတွေ ကူညီပေးလိုက်ပါ။ ကိစ္စကြီးတွေ ဆိုရင် တော့ ကူညီသင့်/မကူညီသင့် (ကိုယ်လုပ်နိုင်လား) ဆိုတာ သေချာလေးလေးနက်နက် လေးစဥ်းစားဆုံးဖြတ်ပြီးမှ ကတိကိုပေးပါနော် (တချို့ သောသူတွေက ကိုယ်ကကူညီပေမယ့် အကောင်းအမြင်ခံရတာမျိုးရှိတယ်)☘️ #Aldridge

Happy New Year🎉🎉🎉

Wishing you all have a happy new year 🎉 I hope 2024 brings you lots of happiness, love, joy & May fulfill your dreams & wish, Everyone 🍀🍀🍀 New Year မှာ ချစ်ရတဲ့ သူတွေနဲ့ အတူတူ ဖြတ်သန်းနိုင်ပြီး အချိန်ကို လည်း အကျိုးရှိရှိ အသုံးချပြီး ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ ဖြစ်အောင်စွမ်းဆောင်နိုင်ကြ ပါစေ နော် ☘️☘️☘️ #Aldridge

📖စာဖတ်ခြင်းရဲ့ အကျိူးကျေးဇူး ၇ ခု 🖥️ Mordern ခေတ်နဲ့အညီ လူတိုင်းနီးပါး social platform တွေပေါ်မှာပဲ အချိန်တွေကုန်ဆုံးတာများလာတာနဲ့သမျှ စာဖတ်ခြင်းဆိုတဲ့ အလေ့အထတစ်ခုကို ပိုပိုပြီး ဂရုစိုက်လေ့ကျင့်ဖို့လိုအပ်လာပါတယ်‼️🤔 📌ဒါကြောင့် စာဖတ်ဖို့ပျင်း‌ရိနေကြတဲ့ stars လေးတွေအတွက် စာဖတ်ခြင်းဟာ ဘယ်လိုကောင်းကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်💗 1.📚 ဖြန့်ကျက်တွေးတောတတ်လာခြင်း 👉🏻စာတွေဖတ်ပြီးတဲ့ အခါမှာ စာအုပ်ထဲကအကြောင်းအရာတွေကို လိုက်ပြီးအနက်နဲဆုံးအထိ တွေးမြင်ကြည့်ကြတတ်သလို၊ " ကိုယ်သာဆိုရင် " ဆိုတဲ့ အတွေးနဲ့ ပြန်လည်စဉ်းစားတတ်လို့ စာဖတ်များသူတွေဟာ ဘက်‌ပေါင်းစုံကနေ ဖြန့်ကျက်တွေးတောတတ်လာတတ်ပါတယ်✨ 2.📚 စကားပြောစွမ်းရည်မြင့်မားလာခြင်း 👉🏻စာအုပ်ဖတ်သူအများစုဟာ ဖတ်ပြီးသားစာအုပ်များကို ပြန်လည်မျှဝေချင်တဲ့စိတ်ပြင်းထန်သလို စကားပြောတဲ့အခါမှာလည်း စာအုပ်ဖတ်တဲ့ အသိဉာဏ်ဗဟုသု‌တွေကြောင့် အကြောင်းအရာအချိတ်အဆက်မိမိနဲ့ စကားပြောကြွယ်ဝလာကြပါတယ်🫶🏻 3.📚 ချင့်ချိန်တတ်ခြင်း 👉🏻စာအုပ်ဖတ်တာကြာလာတာနဲ့အမျှ စာအုပ်ထဲက အကြောင်းအရာ တွေဟာ ယုတ္တိရှိ ၊မရှိ ချင့်ချိန်ပြန်လည်စဉ်းစားတတ်သလို၊ လက်တွေ့ ဘဝမှာလည်း ပြဿနာများနဲ့ကြုံလာချိန်မှာ ချင့်ချိန်စဉ်းစားတတ်ကြပြီး အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်နိုင်တတ်ကြပါတယ်✅ 4.📚စိတ်မြန်လက်မြန်စိတ်များ နည်းပါးလာခြင်း 👉🏻စာအုပ်ဖတ်ရတာ ကြိုက်ကြသူအများစုဟာ အေးအေးဆေးဆေး နည်းမှန်လမ်းမှန်ကို အသိဉာဏ်ဗဟုသုတဖြင့် ရှာဖွေတွေ့ရှိတတ်ကြပြီး စကားပြောတဲ့အခါမှာလည်း အေးဆေးစွာ ဖြည်းဖြည်းမှန်မှန်သာ ပြောဆိုတတ်ကြပါတယ်💫 5.📚 တိတ်ဆိတ်နေရတာ သဘောကျလာခြင်း 👉🏻စာအုပ်တွေ ဖတ်တာကြာလာတာနဲ့အမျှ အချိန်ရရင် ရသလို တခြားအလုပ်တွေအစား အေးအေးဆေးဆေး ရှိတဲ့နေရာလေးမှာပဲ တစ်ယောက်ထဲစာထိုင်ဖတ်ရတာ ပိုသဘောကျတတ်ပြီး ငြိမ်သက်အေးချမ်းတဲ့ နေရာတွေကြောင့် တစ်ယောက်တည်း တိတ်ဆိတ်စွာနေရတာကို သဘောကျတတ်ကြပါတယ်⭐ 6.📚 အသိမိတ်ဆွေများပေါ်မှ လေးစားမှုများ ရရှိလာခြင်း 👉🏻စာဖတ်များတဲ့ သူအများစုနဲ့ စကားလက်ဆုံပြောကြတဲ့အခါ စကားအပြောအဆိုဟာ နူးညံ့ကြပြီး ပညာသားပါပါပြောတတ်တာကြောင့် အသိမိတ်ဆွေများမှလည်း လေးစားရတဲ့ တစ်ယောက်ဖြစ်တတ်ကြပါတယ်😇 7.📚 စိတ်ထားနူးညံ့ကြင်နာတတ်လာခြင်း 👉🏻စာအုပ်တွေနဲ့ ယဉ်ပါးလာသူအများစုသည် စကားအပြောအဆိုတွင် ကြွယ်ဝယုံမက အနေအထိုင်တွေကလည်း နူးညံ့လာတတ်ပြီး ဗဟုသုတအသိပညာပြည့်စုံကြသဖြင့် စိတ်သဘောထားများပြည့်ဝလာပြီး ကိုယ်ချင်းစာစိတ်လည်းအပြည့်အဝရှိတတ်လာကြပါတယ်🥰 ✅ အခုမျှဝေပေးသွားတဲ့အချက်လေးတွေကတော့ စာဖတ်ခြင်းကြောင့် တိုးတက်‌‌ပြောင်းလဲ ရရှိလာမယ့် ကောင်းမွန်တဲ့အကျင့်စရိုက်လေးတွေဖြစ်ပါတယ် stars လေးတို့လည်း အခုပဲ Online ကနေဖြစ်ဖြစ် အိမ်မှာရှိတဲ့စာအုပ်တစ်အုပ်ကိုပဲဖြစ်ဖြစ် စဖတ်လိုက်ဖို့ အကြုံပြုပါရ‌စေနော်💯💗 🙋🏻‍♀️🙋🏻‍♂️အပတ်စဉ် ဗဟုသုတအကျိုးရစေမယ့် content လေးတွေကို အမြဲ sharing လုပ်ပေးသွားမယ့် အပြင် သင်တန်းကြေးတစ်ပြားတစ်ချပ်မယူပဲ ပညာဒါနသင်တန်း‌တွေကိုပါ ဖွင့်လှစ်ပေးသွားမှာဖြစ်လို့ Page ကို like and follow လုပ်ပြီးစောင့်ကြည့်ဖို့မမေ့နဲ့နော်💗💗💗 📌Telegram Channel https://t.me/StarFreeEducation #StarFreeEducation #SFE #Knowledge #Sharing #Reading #Benefits #စာဖတ်ခြင်းအကျိုးကျေးဇူး

🎄နောက်အပတ်တွေက စပြီး Sunday တိုင်းမှာဘဲ Post လေးတွေ ပုံမှန် တင်သွားပါမယ် 🎄 ☃️ Aldridge တချို့ Sunday တွေက ကိစ္စ ၁ခုခု ကြောင
🎄နောက်အပတ်တွေက စပြီး Sunday တိုင်းမှာဘဲ Post လေးတွေ ပုံမှန် တင်သွားပါမယ် 🎄 ☃️ Aldridge တချို့ Sunday တွေက ကိစ္စ ၁ခုခု ကြောင့် တင်ဖို့ ရက်ပျက်သွားတဲ့နေ့ လေးတွေ အစားထိုး ပြန်တင်ပေးနေတာကြောင့်ပါ ⛄️ 🎁 အားလုံးဘဲ ပျော်စရာ Merry Christmas Holiday လေးပိုင်ဆိုင်ကြပါစေ 🎅 ❄️ ရာသီဥတု အေးလာပြီမို့ နွေးနွေးထွေးထွေး နေကြပါ ❄️ (Everyone, Have a fabulous Merry Christmas Holiday )🎄🎅🎁☃️ {ဒါနဲ့ Aldridge ကူးယူပြတဲ့ ပုံလေးတွေက Pinterest က ကူးယူဖော်ပြ ထားတာပါ🖤😌} #Aldridge

Quotes for today One day, everything will have to be lost, so practice to let go. (၁)နေ့မှာ အားလုံးက ဆုံးရှုံးရမှာဖြစ်လို့ လက
Quotes for today One day, everything will have to be lost, so practice to let go. (၁)နေ့မှာ အားလုံးက ဆုံးရှုံးရမှာဖြစ်လို့ လက်လွှတ်တတ်ဖို့ လေ့ကျင့်ပါ #Aldridge #Quotes

တာဝန်ယူတတ်ပါစေ - Aldridge တို့ ရင်းနှီးတဲ့သူဘဲဖြစ်ဖြစ်၊ အခုမှစပြီးသိကျွမ်းလာတတ်ကြတဲ့ သူဘဲ ဖြစ်ဖြစ် စရင်းနှီးလာတဲ့ အခါမှာ ကိုယ
တာဝန်ယူတတ်ပါစေ - Aldridge တို့ ရင်းနှီးတဲ့သူဘဲဖြစ်ဖြစ်၊ အခုမှစပြီးသိကျွမ်းလာတတ်ကြတဲ့ သူဘဲ ဖြစ်ဖြစ် စရင်းနှီးလာတဲ့ အခါမှာ ကိုယ့်ဆီကို အကူအညီ တွေ တောင်းလာတတ်ကြပါတယ် - အကူအညီက ကိစ္စအကြီး(သို့မဟုတ်) နုနယ်သေးနုပ်တဲ့ ကိစ္စ လည်းဖြစ်နိုင်ပါတယ် - သူတောင်းခံတဲ့ အကူအညီ ကို ကိုယ်က လုပ်ပေးမယ် လို့ ကတိပေးလိုက်ပြီ၊ ကိစ္စ၁ခုကြောင့် မလုပ်ပေးလိုက်ဖြစ်ဘူး ဆိုရင် သူ့ဆီကို လုပ်ပေးလို့ အဆင်မပြေကြောင်း response လေးတော့ ပြန်လုပ်သင့်ပါတယ် - တကယ်လို့ ကိုယ်က တာဝန်မယူနိုင်ရင် အဲ့အလုပ်ကို တာဝန်မယူတာ က အကောင်းဆုံးပါ - တာဝန်ယူစိတ်မဲ့တာက ပထမအကြိမ် ok နေပေမယ့် ရေရှည်စွဲလာတဲ့ အခါမှာ သင့်အပေါ်ကို ဘုံကြည်မှုမဲ့သွားနိုင်ပါတယ် - ဒါကြောင့် ကိုယ်ကတိပေးထားပြီး လုပ်နိုင်တဲ့ အရာ ကို တာဝန်ယူတတ်ပြီး ၊ ကိုယ်မလုပ်နိုင်တဲ့ အရာ အတွက် No လို့ပြောဖို့ ဝန်မလေးပါနဲ့ #Aldridge

Quotes for today The population's keep increasing, but the humanity's decreasing. လူဦးရေတိုးလာပေမယ့် လူသားဆန်မှုတွေက နည်းလာပါတယ် #Aldridge #Quotes

ဒီနေ့ Aldridge ရေးမယ့် Topic Name က "အောင်မြင်မှု" တဲ့ ~ အောင်မြင်မှု ဆိုတာ ထင်သလောက် လွယ်ကူ ရိုးရှင်းမနေပါဘူး ~ အောင်မြင်မှု ရဖို့ လွယ်ကူနေမယ် ဆိုရင် ကမ္ဘာကျော် ပုဂ္ဂိုလ် ကြီးတွေက လွယ်လွယ်ကူကူနဲ့ဘဲ အောင်မြင်မှု ရရှိခဲ့တာပေါ့ ~ အောင်မြင်မှုပန်းတိုင်ရဖို့ အတွက် ကိုယ့်ဘက်က ပေးဆပ်ရမှာက "အချိန်ရယ် ဇွဲလုံ့လဝီရိယ" တွေပါ ~ အောင်မြင်မှု ရဖို့ ကြိုးစားနေတုန်း Barrier တွေ စိတ်ဓာတ်ကျ စေနိုင်တဲ့ အကြောင်းကိစ္စတွေ ကြုံနိုင်ပါတယ် ~ အပေါ်မှာ ပြောခဲ့သလိုပါဘဲ နော် "သင့်အိပ်မက်(ရည်မှန်းချက်) ကို ဘယ်သူကြောင့်နဲ့မှ အဆုံးရှုံး မခံပါနဲ့" ဆိုပြီးတော့..... ~ တချို့ရှိ ပါတယ် ၊ ငွေကြေး အထောက်အပံ့ကြောင့် ကိုယ်ဖြစ်ချင်တဲ့ career တွေ ရပ်လိုက်ရတာမျိုးတွေ.....😮‍💨 ~ ရပ်လိုက်တယ်ဆို ရင် ကိုယ့်ရည်မှန်းချက်ပျောက်ပြီပေါ့ ~ နောက်ခံက ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက် အတွက် မထောက်ပံ့နိုင်လည်း ကိုယ့်ဘက်က ဖြစ်ချင်တဲ့ စိတ်(ကြိုးစားချင်စိတ်)ရယ်ရှိကိုရှိရမယ် ~ အချိန်တွေ ကုန်ပြီး အသက်တွေ ကြီးသွားနိုင်တယ် ကိုယ့်ရည်မှန်းချက်ကို အကောင်ထည်ဖော်ကိုဖော်နိုင်ရမယ် ~ ငွေကြေးမတတ်နိုင်ဘူး............ ကြိုးစား......ဆက်သွား....တစ်နေ့ မှာ အမြင့်ကို မရောက်နိုင်ဘူး လို့ဘယ်သူမှ မပြောနိုင်ဘူးလေ လူတိုင်းမှာ မတူညီတဲ့ အလျောက် မတူညီတဲ့ Talent တွေ တစ်ယောက်စီတိုင်းမှာ ရှိကြတာဘဲ၊ ထုတ်ပြဖို့ဘဲ ဝန်လေးနေကြတာပါ၊ အဲ့ဒီ Talent ကို ဆုတ်ကိုင်ပြီး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရမှာ....... #Aldridge

သူနဲ့ပြန်ဆုံချင်လား💞 သူ့ကိုယ့်ကိုပြန်ချစ်လာစေချင်လား💗 ဒီနေ့ပြောမှာက ကိုယ့်ကိုထားခဲ့တဲ့လူ၊ ကိုယ့်ကိုပြန်မချစ်နိုင်တော့တဲ့လူတွေကိုမှ တမ်းတမ်းစွဲချစ်နေမိတဲ့လူတွေကိုဆေးတစ်ခွက်လာတိုက်တာဖြစ်ပါတယ်၊ ဒီဆေးကခါးကောင်းခါးနိုင်တယ်၊ အဝင်လည်းဆိုးချင်ဆိုးနိုင်တယ်၊ စစချင်းမှာတော့ ခက်ခဲနိုင်တယ် ဒါပေမယ့် ဒီနည်းကိုသုံးရင်ကြာလာတာနဲအမျှအချစ်ရေးတင်မကဘူး၊ အခြားသောအရေးကိစ္စတွေမှာပါ အဆင်ပြေလာနိုင်တယ်။ ဒီနည်းကိုလုပ်ဖို့အတွက်အရင်ဆုံးလုပ်ရမှာက တစ်ခုပဲ၊ ဖြစ်ခဲ့သမျှအရာတွေ၊ပြန်ပြင်လို့မရတော့တဲ့အရာတွေကိုတွေးတွေးပြီးနောင်တရနေတာကိုရပ်ပစ်ရမယ်၊ အဲ့တာတွေကိုရပ်ပစ်ပြီးရင် ‘’ငါဖြစ်ခဲ့သမျှအရာအားလုံးက ကံစီမံရာအတိုင်းဖြစ်ခဲ့တယ်၊ ငါ့အနေနဲ့အခုအချိန်မှဒီအရာတွေကိုပြန်တွေးနေလည်းအကျိုးမထူးတော့ဘူး၊ ဒါတွေကပြန်ပြင်လို့မရတော့တဲ့အရာတွေဖြစ်တယ်၊ဒါကြောင့် ငါ့အနေနဲ့ဒီအရာတွေကိုတွေးတွေးပြီးနောင်တရနေမယ့်အစား၊ ဒီထက်ပိုကောင်းတဲ့အရာတွေဆီကိုရောက်ရင် ဒီပြီးခဲ့တဲ့အရာတွေမှာမလုပ်ခဲ့မိတဲ့၊ငါနောင်တရနေတဲ့အရာတွေကိုထပ်မဖြစ်လာအောင်လို့ ငါကြိုးစားနေထိုင်မယ်'’ လို့တွေးပေးနေရမယ်၊ ပြောချင်တာကကံကိုပုံပြီးအလုပ်ကိုပစ်ခိုင်းတာမဟုတ်ဘူး၊ ဖြစ်ခဲ့ပြီးသားပြန်ပြင်မရတဲ့အရာတွေကိုပြန်တွေးပြီးနောင်တရနေမယ့်အစား၊အဲ့အရာတွေကနေသင်ခန်းစာယူပြီး ရှေ့ဆက်ရမယ့် အလုပ်တွေကိုအာရုံစိုက်ခိုင်းတာသာဖြစ်ပါတယ်၊ ဒါကြောင့် နောင်တရနေမယ့်အစား နောင်တရစေမယ့်ဖြစ်ရပ်မျိုးတွေထပ်မဖြစ်ရအောင် ပဲအာရုံစိုက်သင့်တယ်၊ အချစ်ရေးကိစ္စလည်းဒီလိုပဲ ကိုယ့်ကိုမချစ်လို့ထားခဲ့တဲ့လူကိုပြန်တမ်းတနေမယ့်အစား၊ ‘’ဒီလူဟာငါရဲ့အချစ်နဲမတန်တဲ့လူဖြစ်တာမလို့ ကံကြမ္မာကြီးက ငါ့ဘဝကနေဒီလူကိုဆွဲထုတ်ပေးလိုက်တာဖြစ်တယ်'’ လို့တွေးပြီး ကိုယ့်ကိုကိုယ်အချိန်အတိုင်းတာတစ်ခုအထိချစ်ပေးပါ၊အဲ့လိုလုပ်မှသာလျှင်ကိုယ့်ကိုအမှန်တစ်ကယ်ချစ်မြတ်နိုးမယ့်လူကိုရရှိလာပါလိမ့်မယ်။ #ToFu #Motivation

ရောင်စုံတိမ်တွေရှိတယ် 💭  ရောင်စုံတိမ်တွေရှိတယ်ဆိုရင်ယုံမလား။❔    ရောင်စုံတိမ်တော့ရောင်စုံတိမ်ပဲ ဒါပေမယ့်တစ်ကယ့်တိမ်အစစ်မဟုတ်ဘူး၊ တိမ်တွေလိုအမြဲတမ်းစက္ကန့်နဲ့အမျှပြောင်းလဲနေတတ်တဲ့ ကျွန်တော်တို့ရဲ့စိတ်တွေပဲ၊ အဲ့စိတ်တွေဟာဆိုရင်စက္ကန့်နဲ့အမျှပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ အားငယ်ခြင်း၊ အားမလိုအားမရဖြစ်ခြင်း၊ စသဖြင့်များစွာသောခံစားချက်အတွေးတွေကို တိမ်တွေကရေစက်တွေကိုထွေးပွေ့သိမ်းဆည်းထားသလိုမျိုးကိုသိမ်းဆည်းထားတတ်ကြတယ်၊ သိမ်းဆည်းထားတဲ့ ခံစားချက်တွေက ပျော်ရွှင်မှုလို့အမည်နာမတပ်ခြင်းခံထားရတဲ့ ခံစားချက်တွေဆိုရင်ကျွန်တော်တို့ရဲ့စိတ်တွေအတွက်ကပြဿနာသိပ်မရှိသေးဘူး၊ ဒါပေမယ့် သိမ်းဆည်းထားတဲ့ခံစားချက်တွေက ပျှော်ရွှင်ခြင်းနဲ့ဖွဲ့စည်းထားတဲ့ တိမ်စိုင်တွေမဟုတ်ဘဲ စိတ်အားငယ်ခြင်း၊ အားမလိုအားမရခြင်း၊ နှိုင်းယှဥ်မိပြီးသိမ်ငယ်ခြင်းဆိုတဲ့အရာတွေနဲ့ဖွဲ့စည်းထားတဲ့တိမ်စိုင်တွေသာဆိုရင် အဲ့တိမ်စိုင်တွေက ကျွန်တော်တို့တွေရဲ့စိတ်ကို အရိပ်ရစေမယ့်တိမ်ဖြူတွေမဟုတ်တော့ပဲ၊ မဲနက်အေးစက်ပြီးစိတ်ပတ်ဝန်းကျင်ကိုလေတွေမိုးတွေတအုန်းအုန်းနဲ့ဆူညံပွက်လောရိုက်ခတ်စေမယ့် စိတ်ရှုပ်ထွေးခြင်း မိုးတိမ်တွေဖြစ်လာလိမ့်မယ်၊ ကျွန်တော်တို့စိတ်မှာအဲ့မိုးတိမ်တွေကိန်းအောင်းပါများလာရင် ကျွန်တော်တို့အနေနဲ့က  ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်တွေပျောက်ဆုံးလာလိမ့်မယ်၊ ဘာလို့လဲဆိုရင်ကိုယ်ကသူများတကာနဲ့ ကိုယ့်ကိုကိုယ်ယှဥ်မိပြီး ကိုယ့်အတွက်မဟုတ်တဲ့သူများရဲ့လမ်းကြောင်းအတိုင်းလျှောက်နေမိပြီး သူလိုမျိုးငါဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ကြီးဖြစ်လာလိမ့်မယ်၊ အဲ့လိုသူများရဲ့လမ်းကြောင်းအပေါ်လျှောက်ရင်းလျှောက်ရင်းနဲ့သူလို့မျိုးမဖြစ်လာတဲ့အခါ ကိုယ်ရဲရည်မှန်းချက်တွေအပြင်၊ကိုယ်ကဒီအရာတွေကိုဘာကြောင့်လုပ်နေရပါတယ်ဆိုတာကပါမှေးမိန်ပျောက်ဆုံးလာလိမ့်မယ်၊ ဒီနေရာမှာတစ်ခုပြောချင်တာက သူများလိုအောင်မြင်ချင်ရင်သူများလိုကြိုးစားရမှာမှန်ပေမယ့်၊ copyကူးစရာတော့မလိုဘူးဆိုတာပဲ၊ လူတစ်ယောက်နဲ့တစ်ယောက်က တစ်နေ့ကို၂၄နာရီအချိန်ရတာချင်းတူပေမယ့်၊ ဘဝနေထိုင်မှုပုံစံခြင်းကမတူတဲ့အတွက် သူများတွေလိုအောင်မြင်ချင်တိုင်း သူများတွေကိုလိုက်ပြီးအတုခိုးစရာမလိုဘူး၊ ဘယ်လိုလုပ်သင့်လဲဆိုရင် သူတို့ရဲ့ကြိုးစားခဲ့ပုံတွေကိုကြည့်ပြီး ငါတော့ဒီလိုကြုံလာရင်ဘယ်လိုလုပ်မယ်၊ငါတော့ဒီလိုလေးလုပ်ရင်ကောင်းမယ်ဆိုတာလောက်ပဲ နည်းယူပြီး၊ ကိုယ်ရဲ့ပန်းတိုင် ကိုယ်ရဲ့ရည်မှန်းချက်တွေကိုမမေ့မလျော့ပဲကြိုးစားသင့်တယ်၊ အဲ့လိုကြိုးစားမှသာလျှင်ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေးဆီကိုအရောက်သွားနိုင်မယ့်အပြင်၊ ကိုယ်လိုချင်ဘဝမျိုးကိုလည်းရရှိနိုင်မှာဖြစ်ပါတယ်။  တခါတလေကြရင်လည်း ကျွန်တော်တို့တွေအနေနဲ့က ကိုယ်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့အတွက်ကြိုးစားရုန်းကန်နေပေမယ့်၊ ဘာမှအရာမထင်ဘူးလို့ခံစားနေရတတ််တယ် အဲ့လိုမျိုးခံစားလာရပြီဆိုရင် ကျွန်တော်ပြောပြတဲ့နည်းလေးကိုစမ်းသုံးကြည့်ပါ ဒီနည်းကိုသုံးရင်စိတ်ရှုပ်ထွေးတာကလုံးဝကြီးကိုပျောက်သွားတာမဟုတ်ရင်တောင် လက်ရှိခံစားနေရတာထက်တော့အများကြီးလျော့ကျသွားမယ်လို့ယုံကြည့်ပါတယ်၊ ဆိုတော့နည်းလမ်းကိုပြောပြပါမယ်  ဒီနည်းကို အရမ်းလက်တွေ့ဆန်လွန်းသူတွေကတော့လက်ခံချင်မှာမဟုတ်ဘူး၊ ဒါပေမယ့်ဒီနည်းကတစ်ကယ်ကယ်ကိုအသုံးဝင်တယ်၊ အဲတာက ကိုယ့်အနေနဲ့ကိုယ်လုပ်နေတာတွေက ဘာမှမတိုးတက်လာဘူးလို့ခံစားလာရရင် ကိုယ့်ဒီအရာကိုစလုပ်ခဲ့တဲ့အခြေနေရယ်၊အခုအခြေနေရယ်ကိုတိုင်းတာကြည့်ပါ၊ အဲ့အခါကြရင်ကိုယ့်ရဲ့တိုးတက်မှုတွေကိုမြင်တွေ့ရပါလိမ့်မယ်၊ နောက်တစ်ခုအနေနဲ့ကတော့ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ၊ကိုယ့်ရဲ့Planတွေကိုသေချာလေးပြန်ဆန်းစစ်ပြီး အဲ့အရာတွေကိုသေချာလေးလိုက်လုပ်ကြည့်ပါ၊ ပြောရရင် ငါမတိုးတက်ဘူးလို့မတွေးဘဲနဲ့ တနေ့တာမှာကိုယ်လုပ်ရမယ့်အရာတွေကိုပြီးမြောက်အောင်လုပ်ခိုင်းတာပါ၊ အဲ့လိုလုပ်ပြီးတိုင်းလည်း ညအချိန်တိုင်းကိုယ့်ရဲ့တနေ့တာတိုးတက်မှုတွေကိုပြန်သုံးသပ်ပါ၊ ဒီအဆင့်တွေပြီးပြီးဆိုရင်တော့ ဖြစ်လာမယ့်အနာဂတ်ကို ကံကြမ္မာစီကိုသာပုံအပ်ထားလိုက်ပါတော့၊ ဘာကိုမှများများစားစားသိပ်တွေးမနေပါနဲ့၊ ဘာလို့ဒီလိုပြောရလဲဆိုရင် ကျွန်တော်တို့ဘဝမှာကိုယ်ဘယ်လောက်ပဲကြိုးစားကြိုးစား အောင်မြင်မှုမရတဲ့အခါတွေလည်းရှိနိုင်လို့ပါ၊ အဲ့တာကြောင့် ငါဒီအရာကိုဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတိအစား၊ ငါဒါကိုတော့ရအောင်ကြိုးစားမယ်၊ မရခဲ့ရင်လည်းပဲ ငါနောက်တစ်ခေါက်ပြန်ကြိုးစားမယ်ဆိုတဲ့၊ လဲကျတိုင်းပြန်ထချင်တဲ့စိတ်ကိုမွေးမြူသင့်ပါတယ်၊ အောင်မြင်မှုဆိုတာမျိုးက တစ်ခါတည်းနဲ့မရနိုင်တတ်တာမျိုးမလို့၊ ဒီလိုပြောရခြင်းဖြစ်ပါတယ်။    နောက်ဆုံးမှာကြားချင်တာက အတွေးများမယ့်အစား၊ အလုပ်ကိုပိုလုပ်ပါ အတွေးများတာကအကြံအစည်တွေပြုလုပ်တဲ့နေရာမှာပဲကောင်းတာပါ၊ ကိုယ့်ရဲရည်မှန်းချက်ပန်းတိုင်ကိုသွားတဲ့လမ်းမှာ ငါတော့လုပ်နိုင်ပမလား၊ငါဖြစ်နိုင်ပါ့မလားဆိုပြီးအတွေးများနေရင် ကိုယ့်အိမ်မက်တွေက လေထဲကတိုက်အိမ်လိုပဲဖြစ်နေမယ်ဆိုတာကိုတော့သတိပြုပါ။❗❗❗ #ToFu #Motivation

Quotes for today Love can turn you into a kind person အချစ်က မင်းကို ကြင်နာတတ်တဲ့လူတစ်ယောက် အဖြစ် ပြောင်းလဲနိုင်တယ် #Aldridge #Quotes

ဒီနေ့ရဲ့ Topic က "Youth(ငယ်ရွယ်မှု)"တဲ့ - လူတိုင်း ဟာ ကလေးဘ၀ကနေ ငယ်ရာမှကြီးလာ ကြတာပါ - ငယ်စဥ်အခါတုန်းက ကိုယ်လိုချင်တဲ့ အရာတွေ
ဒီနေ့ရဲ့ Topic က "Youth(ငယ်ရွယ်မှု)"တဲ့ - လူတိုင်း ဟာ ကလေးဘ၀ကနေ ငယ်ရာမှကြီးလာ ကြတာပါ - ငယ်စဥ်အခါတုန်းက ကိုယ်လိုချင်တဲ့ အရာတွေက အသက်အရွယ်ရင့်လာတဲ့အခါ မလိုအပ်တဲ့ အရာတွေ ဖြစ်လာပါတယ် ငယ်ငယ် က အမုန်းဆုံး အရာ က ကိုယ့်ရဲ့ အကြိုက်အနှစ်သက်ဆုံးအရာဖြစ်လာပါတယ် - တစ်နေ့တစ်နေ့ကို အသက်တွေကကြီးပြီး ရုပ်ရည်တွေ အိုမင်းလာကြတာပါ - နည်းနည်းအသက်အရွယ်ရလာတဲ့အခါမှာလည်း အရင်ကထက်(ငယ်စဥ်ကထက်) ပိုပြီး ရင့်ကျက်လာပါတယ် - ငယ်ရွယ်နေတဲ့ အချိန်မှာ အချိန်မဆွဲဘဲအကျိုးရှိတဲ့ အရေးကြီးတဲ့ အလုပ်တွေရယ် စိတ် pleasure ဖြစ်ဖို့ အတွက်(limit)လေးနဲ့ လုပ်ကြပါ - ပျော်ပျော်ရွှင်ရွှင်နဲ့ ခရီးသွားတာ တွေ ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာတွေ က ငယ်ရွယ်စဥ်အခါမှာဘဲ လုပ်လို့ရနိုင်တာတွေပါ (အသက်အရွယ်ရလာတဲ့အခါ မှာ လျှောက်လည်ဖို့ မပြောနဲ့ လှေကား၄ ဆင့်လောက်နဲ့ တောင် မောနေပြီ😮‍💨) - ငယ်ရွယ်တုန်းမှာ လုပ်စရာရှိတာတွေ လုပ်ထားပြီး ပျော်စရာရှိတာတွေ ကို limit လေးနဲ့ ပျော်ထားကြပါ (ငယ်ရွယ်နုပျိုမှုဟာ နောက်တစ်ကြိမ်ထပ်မရနိုင်တော့တဲ့ အရာမို့လို့ပါ)🩶🍀 #Aldridge #Youth