ကာရန်မဲ့ကဗျာနဲ့ကော်ဖီတစ်ခွက်☕
Open in Telegram
1 441
Subscribers
No data24 hours
+197 days
+22730 days
Posts Archive
Repost from Kyae& clothes Online Shop
ဒါလေးတထည်ကို မဲဖောက်ပေးပါမယ်ရှင်။ပါဝင်ချင်တဲ့သူလေးတွေက လုပ်ရမယ့်ဟာလေးတော့ရှိတယ်နော်။🥹🥹
Rule 1 // ချယ်နယ်လင့်ကို
Dm 10 or Gp 10 share
ပေးနော်။
Rule 2 // post ကိုရီအက်ပေးပေးပါရှင်။
Notice/// share ss & rec ss ကို ကြိုက်ရာ နံပါတ် ၁ ကနေ ၅၀ နဲ့အတူ မန့်ထဲ ရေးခဲ့ပေးနော်။
ဒါလေးလုပ် ပြီးရင် ရပါပြီနော်။
ပါဝင်ပေးကြပါအုံးရှင်။
၂၃ ရက်နေ့ကျရင် spin လှည့်ပြီး မဲဖောက်ပေးပါမယ်နော်။
ယောလဘွန်းးတို့ရေ...
ပေါက်တဲ့သူဘက်က ပို့ခလ ရှင်းရပါမယ်နော်။📌📌
#Rainbowonline_shop
Repost from Kyae& clothes Online Shop
ဒါလေးတထည်ကို မဲဖောက်ပေးပါမယ်ရှင်။ပါဝင်ချင်တဲ့သူလေးတွေက လုပ်ရမယ့်ဟာလေးတော့ရှိတယ်နော်။🥹🥹
Rule 1 // ချယ်နယ်လင့်ကို
Dm 10 or Gp 10 share
ပေးနော်။
Rule 2 // post ကိုရီအက်ပေးပေးပါရှင်။
Notice/// share ss & rec ss ကို ကြိုက်ရာ နံပါတ် ၁ ကနေ ၅၀ နဲ့အတူ မန့်ထဲ ရေးခဲ့ပေးနော်။
ဒါလေးလုပ် ပြီးရင် ရပါပြီနော်။
ပါဝင်ပေးကြပါအုံးရှင်။
၂၃ ရက်နေ့ကျရင် spin လှည့်ပြီး မဲဖောက်ပေးပါမယ်နော်။
ယောလဘွန်းးတို့ရေ...
ပေါက်တဲ့သူဘက်က ပို့ခလ ရှင်းရပါမယ်နော်။📌📌
#Rainbowonline_shop
လူတစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းကို သူတစ်ကယ်ချစ်တဲ့ သူကိုမှပြတယ်တဲ့
မောင်က ကျွန်မအပေါ် သည်းခံနိုင်မှုဆိုတာမရှိသလောက်ပါဘဲ
ဒါဆို ကျွန်မ အပေါ်မှာ မောင့်အချစ်တွေ မရှိဘူးဆိုတဲ့ သဘောတရားလား
ယုံစရာမကောင်းလိုက်တာမောင်ရယ်
#thuzarwin
အေးစက်ထဲကော်ဖီထဲကို
အလွမ်းတွေရောထည့်လိုက်ညီ.....၊
ခါးသက်လှတဲ့ အချစ်ကို
နာမရတဲ့ အဝေးက ရင်ခွင်တစ်စုံ
အကြောင်းကိုတွေး
ရေခဲလောက်အောင်အေးတဲ့
မန်းလေးရဲ့ ဆောင်းညမှ အစ်ကို
အနွေးဓာတ်တော့ရချင်သေး ပါရဲ့ ညီ
-မင်းဇံဝေ
Repost from ကဗျာ ဗိမ္မာန်
ခက်တော့ ခက်နေပြီ ငါ့ကောင်ရေ
နောက်ဘဝထိ ချစ်မယ်ပြောခဲ့တဲ့ သူကလည်း
အိမ်ထောင်တွေ ဘာတွေကျနေပြီး လိမ်တယ်...
ငါလည်း ဘယ်အားကျခံမလဲ
ဘယ်တော့မှ စောင့်မနေတော့ဘူးဆိုပြီး
ပြန်ညာခဲ့တာပေါ့ ။
-နေညိုရောင်ခြည်
ချစ်ခြင်းတရား
ဆိုတယ့်ခေါင်းစဉ်အောက်မှာ
မမ ချမှတ်ထားတဲ့ ဉပဒေနဲ့
လိုက်ရောညီထွေ ဖြစ်အောင်နေမယ်...၊
မောင့်ဘဝရဲ့ ပဲ့ကိုင်ရှင်က မမ....၊
မောင် ငရဲထက်ပိုပြီး
ပူလောင်နေရရင်
အဲ့တာမမကြောင့်ပဲဖြစ်မယ်
မောင် နိဗ္ဗာန်ထက်ပိုပြီး
ပြီးပြည့်စုံ ပျော်ရွင်နေရရင်လဲ
အဲ့တာ မမကြောင့်ပဲဖြစ်မယ်
မောင့်ဘဝ အရာလုံးက
မမ နဲ့ပဲသက်ဆိုင်နေမယ်...၊
ဟင့်အင်း မဟုတ်ဘူ မဟုတ်ဘူး
မမက မောင့်ဘဝရဲ့ အရာရာဖြစ်နေမယ်.....၊
-မင်းဇံဝေ
ကိုယ့်ကို ဘာနဲ့မှ ဆွဲမထားတဲ့
လူတစ်ယောက်ကို ချစ်ဖို့ ဆိုတာ
အရမ်း အန္တရာယ်ကြီးပါတယ် ။
အချိန်မရွေး ပြတ်တောက်သွားနိုင်တယ် ။
အချိန်မရွေး ဘာမဆို ဖြစ်သွားနိုင်တယ် ။
- မြကျေး
Repost from ကဗျာ ဗိမ္မာန်
ချစ်ရတာခက်လား
ဟင့်အင်း ချစ်ရတာမခက်ပါဘူး
ဒါဆိုဘာက ခက်တာလဲ ချစ်မြဲချစ်နေဖို့ကခက်တာ ။
-တာရာမင်းဝေ
-နော်ယာ
မနက်က ငါးပါးသီလ တည်ခဲ့တဲ့ကောင်
အခု မချစ်တော့ပါဘူးလို့လိမ်ခဲ့မိလို့
မုသာဝါရကံ ထိုက်ပြီထင်တယ် အမေရေ
တမလွန်ဘဝ မရောက်ပဲ ရှင်လျှက်နဲ့
ငရဲကျနေပြီဗျ့၊
ပူလောင်နေလိုက်ပုံများဗျာ
တီကောင်ကိုစားနဲ့ပတ်ထားသလို
အိပ်ယာထဲမှာ တွ့န်လိမ်ခွေခေါက်လို့ဗျ့
-မင်းဇံဝေ
Repost from ကဗျာ ဗိမ္မာန်
စောက်ဖြစ်မရှိသောကဗျာများ-၂
ငါပျိုးခဲ့တဲ့ပန်းလေး
ပျိုတွေခေါင်းထက်မှာ
အလှဝေဖြာနေမှာ ထပ်
ဘုရားစင်ပေါ်မှာ
သင်းရနံဖြာ နေမှာကို
ငါပိုလိုလားတယ်၊
မျှော်လင့်ချက်တွေစိုက်ပျိုးခြင်း
ကိုရှောင်ကြဉ်ပါ။
လူရဲ့စိတ်ဆိုတာ ပြောင်းလဲတက်ပါတယ်။
-မင်းဇံဝေ
Repost from ကဗျာ ဗိမ္မာန်
ပန်းတွေကို သတ်တဲ့ သတင်းကြားတဲ့ အခါ...
ကဗျာဆရာတွေ Gun တွေ ကိုင်လာကြလိမ့်မယ်။အဲ့အချိန် ဘယ်ကဗျာဆရာမှ ကဗျာဆန်နေမှာ မဟုတ်ဘူး........။
-ရွေစွန်ညို
#vdcrd
တစ်ယောက်ယောက်ကို ရှာဖို့
ကမ္ဘာဟာ လုံလုံလောက်လောက်
ကျဥ်းပါတယ်
ငါတို့ပဲ တစ်ယောက်နဲ့တစ်ယောက်
မခေါ်နိုင်မပြောနိုင်တဲ့အထိ
ချစ်ခဲ့ကြတာ...။ ။
ခွန်ဇော်လွင်
ချစ်ခြင်းမေတ္တာကို
ဈေးနှုန်းဖြတ်တိတ်ကပ်
တန်ဖိုးဖြတ်နိုင်မှ ပိုင်ဆိုင်တော့
သစ္စာတရားဟာ တစ်ဖြည်းဖြည်းခေါင်းပါး လာကြပြန်တယ်။
စာချုပ်မရှိ လက်မှတ်မထိုးတဲ့
ကတိစကားတွေ ကိုရှောင်ကြဉ်ပါ။
ဘဝတစ်ခုလုံး
စုတ်ပြတ်သွာနိုင်ပါတယ်မိတ်ဆွေ။
ကျတော့်ထံတွင်
ဗလာသာရှိနေတော့မည်
-မင်းဇံဝေ
ကိုယ်ကပေးပြီးသူကမရ
သူကပေးပြီးကိုယ်ကမရ
ထပ်တူမကျတဲ့မေတ္တာတွေနဲ့သာ
ကမ္ဘာကိုကျွန်တော်ထမ်းပိုးထားခဲ့ပါတယ်။
သက်တမ်းရှိသလောက်ဆပ်ကြကြေးဆို
ဝဋ်ဒုက္ခတွေဟာ
ကုန်နိုင်ပါ့မလားအချစ်ရယ်။
-ချောသွင်
Repost from ကဗျာ ဗိမ္မာန်
လေ၌ သူရဲ၊မြေ၌ စစ်ထန်
ဇာတိမာန် အတွက်
တော်လှန်ပေးဆပ်
ဇိမာန်ကြွေခဲ့ရတဲ့ ည၊
ကျွန်စိတ်ကိုဖျောက်
ကြောက်သွေးဖောက်တဲ့ ည၊
သူ့ဇိမာန်ကြွေ
သူ့သွေးမြေခ
အဏာမပြခဲ့ရတဲ့ ည၊
ငါတို့မေ့မရတဲ့ည။
တော်လှန်ကဗျာ ကိုပြေပြစ်စွာ ဟစ်နေလဲ
ငါ့ရင်ထဲတွင် ကမ္ဘာကြေရစ်မနေတဲ့ည
ကြယ်တွေကြွေတဲ့ တာမွေ ရဲ့ ညတစ်ည။
-မင်းဇံဝေ
Repost from ကဗျာ ဗိမ္မာန်
ငါစာဖတ်၍၊ မမြတ်တိုင်စေ
မရှုံးစေသား၊ပျင်းပြေနှစ်ခြိုက်၊
တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တလေ၊
တွေ့ငြားပေမှု၊စာပေကျေးကွန်၊
ငါ့ဝတ်ပွန်ပြီး၊ငါမွန်အမြတ်
ငါအတက်ဟု၊စာဖတ်သူအပေါ်
ခေါင်းကိုကျော်၍၊ ငါသော်ဆရာ၊
မလုပ်ပါတည်း။ ။
တက္ကသိုလ်ဘုန်းနိုင်
ဘယ်လိုမေတ္တာမျိုးနဲ့
ဘယ်လိုပဲ သွန်းလောင်းပြီး
ပျိုးခဲ့ ပျိုးခဲ့
အချိန်တန်လို့ လှပတဲ့
အပွင့်တစ်ပွင့် ပွင့်လာရင်
တန်ဖိုးဖြတ်ပြီး ဝယ်ယူနိုင်မှ
ပိုင်ဆိုင်ရမှာ။
မင်းပျိုးတဲ့ ပန်းက မင်းကို
လည်ပြန်ကြည့်မှာ မဟုတ်ဘူး ညီ
-မင်းဇံဝေ
လူငယ်တွေ အချစ်ကို
အဓိပ္ပာယ် ဖွင့်ဖို့ ကြိုးစားမိတယ့်လူငယ်တွေ
သေလူအတွက် တစ်သီးတစ်သန့်
ဖြစ်စေတဲ့ သေရည်တွေနဲ့
ဟောကြည့်ကြစမ်း
အသက်ရှုနေလျှက်နဲ့
သေနေကြတယ်
-မင်းဇံဝေ
