en
Feedback
Time traveller MM Anime

Time traveller MM Anime

Open in Telegram
1 619
Subscribers
No data24 hours
-127 days
-2930 days
Posts Archive
Sheel Girl အေအိုင်နည်းပညာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းကြိုက်သူတွေအတွက် စိတ်ဝင်စားမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ လူသားDNAနဲ့နာနိုနည်းပညာ
Sheel Girl အေအိုင်နည်းပညာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းကြိုက်သူတွေအတွက် စိတ်ဝင်စားမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ လူသားDNAနဲ့နာနိုနည်းပညာပေါင်းစပ်ထားတဲ့ ကောင်မလေးတစ်ယောက်ဟာ လက်တွေ့စမ်းသပ်ခန်းမှာရုတ်တရက်နိုးလာပြီးတော့ ထွက်ပြေးသွားခဲ့ပါတယ်။မှတ်ဉာဏ်တွေရှုပ်ထွေးနေတဲ့ကောင်မလေးက မှတ်ဉာဏ်အပိုင်းအစတွေနောက်လိုက်ရင်း သူဘယ်လိုလဲဆိုတာကိုရှာဖွေနေခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကောင်မလေးထွက်ပြေးတဲ့အချိန်မှာ မအူမလည်နဲ့ကူညီခဲ့တဲ့ကောင်လေးကလဲ အတိတ်မေ့နေတဲ့ကောင်မလေးကို ပစ်မထားရက်ပဲ အမြဲနောက်ကလိုက်ကူညီနေခဲ့တယ်။ ကောင်မလေးရဲ့မှတ်ဉာဏ်တွေတဖြည်းဖြည်းနဲ့ ပြန်ပေါ်လာတဲ့အခါ သူကနာမည်ကြီးဇီဝဗေဒပါမောက္ခကြီးတစ်ယောက်ရဲ့ သမီးဖြစ်နေတာကိုသိလိုက်ရပြီး သူ့အဖေလုပ်ကြံခံရတာတွေကိုပါမှတ်မိလာတယ်။ မှတ်ဉာဏ်အပိုင်းအစတွေကိုဖော်ထုတ်ရင်း နောက်ဆုံးအမှန်တရားဟာ သူထင်သလိုဖြစ်နေပါ့မလား…… သူတို့၂ယောက်ရဲ့သရုပ်မှန်ဟာဘာတွေဖြစ်နေမလဲ…… Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🍿 https://t.me/c/2134378934/567

Kuman Thong ဇာတ်လမ်းအကျဉ်းဖိလစ်ပိုင်တစ်ကိုယ်ရည်မိခင်တစ်ဦးဖြစ်တဲ့ ကလာရာဟာ သမီးဖြစ်သူကေတီနဲ့အတူ သူ့ခင်ပွန်းလောင်းဖြစ်လာမယ့် စို
+1
Kuman Thong ဇာတ်လမ်းအကျဉ်းဖိလစ်ပိုင်တစ်ကိုယ်ရည်မိခင်တစ်ဦးဖြစ်တဲ့ ကလာရာဟာ သမီးဖြစ်သူကေတီနဲ့အတူ သူ့ခင်ပွန်းလောင်းဖြစ်လာမယ့် စိုင်းချွန်ဆိုတဲ့ကောင်လေးရဲ့မိခင်ဖြစ်သူနဲ့တွေ့ဖို့ ထိုင်းနိုင်ငံကိုထွက်လာခဲ့ပါတယ်။ကလာရာဟာ မကြာသေးခင်က သားငယ်ဖြစ်သူကို မတော်တဆမှုနဲ့ဆုံးရှုံးထားရတဲ့အတွက် အခုချိန်ထိ သောကတွေဖိစီးနေဆဲဖြစ်ပြီးသူလာရောက်တွေ့ဆုံတဲ့ယောက္ခမ‌လောင်းကြီးကလည်း သူ့ကိုအခုတစ်မျိုးတော်ကြာတစ်မျိုးဆက်ဆံတဲ့အတွက် စိတ်ဆင်းရဲနေရပါတယ်။တစ်နေ့မှာတော့ လမ်းမှာတွေ့တဲ့ စိတ္တဇဝေဒနာသည်အဘွားကြီးတစ်ယောက်ရဲ့တိုက်တွန်းမှုနဲ့အမှန်အမှားမခွဲခြားနိုင်တဲ့ ကလာရာဟာ သူ့သားရဲ့အရိုးပြာတွေနဲ့ကူမန်ထုံအရုပ်ကိုစီရင်မိခဲ့ပြီး အဲ့ဒီအရုပ်အိမ်ကိုစရောက်တဲ့ညကစလို့ အစကတည်းက မငြိမ်းချမ်းတဲ့ သူတို့အိမ်မှာ အခြောက်အလှန့်တွေ ပြဿနာတွေတောက်လျှောက်ဆက်လာပါတော့တယ်။ #credit Channel Link 🖇️ https://t.me/+8TsAu3OVGi0wNmM1 Movie Link 🍿 https://t.me/c/2197232172/31

Black 2024 (အမှောင်လောက) ဟိုးတစ်ချိန်ပေါ့ ညအမှောင်အချိန်မှာ မိဘတွေက သဘောမတူလို့ ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲတစ်တွဲ၊ သူတို့ကို
Black 2024 (အမှောင်လောက) ဟိုးတစ်ချိန်ပေါ့ ညအမှောင်အချိန်မှာ မိဘတွေက သဘောမတူလို့ ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲတစ်တွဲ၊ သူတို့ကို လိုက်ပြီးကူညီပေးနေတဲ့သူကတော့ သူတို့ရဲ့အချစ်ဆုံးသူငယ်ချင်းပေါ့။ သူငယ်ချင်းဖြစ်သူရဲ့ ကမ်းခြေအိမ်မှာ ပုန်းခိုပြီးတော့ နေခဲ့ကြတာပေါ့။ အဲဒီစုံတွဲမသိလိုက်တာကတော့ ကောင်မလေးဖြစ်သူကို သူငယ်ချင်းဖြစ်သူကလည်း တိတ်တိတ်လေးချစ်နေပြီးတော့ သူ့ဆီကို လာအကူအညီတောင်းမိတဲ့အတွက် ရင်ထဲမှာ အစိုင်အခဲတွေရှိနေတယ်ဆိုတာပါပဲ …..လက်ရှိကာလအချိန်မှာတော့ လူငယ်စုံတွဲလေးဖြစ်တဲ့ ဗာဆန့်နဲ့ အာညာတို့ဟာ ဘားမှာ ပြဿနာဖြစ်ခဲ့ပြီးတော့ အခုလက်ရှိအိမ်ကနေ ကမ်းခြေအိမ်ကို ပြောင်းရွေ့လာဖို့ ဖြစ်လာပါတော့တယ်။ သူတို့စုံတွဲ ကမ်းခြေအိမ်ကို ရောက်သွားတဲ့အခါမှာတော့ ဘယ်လိုကိစ္စတွေ ဖြစ်လာမလဲ…… ဟိုးတစ်ချိန်တုန်းက ခိုးရာလိုက်ပြေးခဲ့တဲ့ စုံတွဲနဲ့ ဗာဆန့်တို့စုံတွဲကရော ဘာတွေ ဆက်စပ်နေမလဲ …… ဘယ်လို ရှုပ်ထွေးနက်နဲတဲ့ ပြဿနာတွေကြားထဲမှာ ဘယ်လို ခြောက်ခြားဖွယ်ရာတွေ ကြုံတွေ့ကြရမလဲဆိုတာကို ကြည့်ရှုရမယ့် Thriller ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် Channel Link 🖇️ https://t.me/+8TsAu3OVGi0wNmM1 Movie Link 🖇️ https://t.me/c/2197232172/28

Sarip.....odhaa Saniv.....aaram (2024) "စနေကောင်" တောင်းဆိုမှုလေးတစ်ချို့ရှိနေတဲ့ တေလဂူးအက်ရှင်ကားအသစ်စက်စက်ကို အမြန်ဆုံးတင်ဆ
Sarip.....odhaa Saniv.....aaram (2024) "စနေကောင်" တောင်းဆိုမှုလေးတစ်ချို့ရှိနေတဲ့ တေလဂူးအက်ရှင်ကားအသစ်စက်စက်ကို အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ် ယင်ကောင်မင်းသား ခေါ်ကြတဲ့ Nani ရဲ့ ဈေးအကြီးဆုံးရုပ်ရှင်ဖြစ်ပြီး ရီဗျူးကောင်းလေးတွေလည်း အသင့်အတင့် ရထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ဆူယာခေါ် စနေကောင်ဟာ "ဒေါသအင်မတန်ကြီးသူပါ ဒါကိုသိတဲ့ သူ့အမေက ဒေါသထိန်းချုပ်နည်းတစ်ခုကို သင်ပေးခဲ့တယ် ဘယ်လိုလဲဆိုတော့ တစ်ပတ်မှာခြောက်ရက် ဒေါသအတိုင်း စိတ်လိုက်မာန်ပါမလုပ်ဘဲ ဒေါသထွက်ရတဲ့အကြောင်းရင်းကို ရေးမှတ်ထားပြီး စနေနေ့မှာမှ အဲဒီလူကို ဒေါသထွက်နေတုန်းပဲဆိုရင် ကြိုက်တာသာလုပ်ပါလို့ သူ့အမေက ပြောခဲ့တာပါ#credit Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🖇️ https://t.me/c/2134378934/562

Alien Romulus (2024) ဝေးလန်း-ယူတာနီ ကုမ္ပဏီလက်အောက်မှာ စာချုပ်ကြောင့်ကျွန်တွေလို အလုပ်လုပ်ပေးနေရပြီး ဘယ်ကိုမှ သွားခွင့်မရှိတဲ
Alien Romulus (2024) ဝေးလန်း-ယူတာနီ ကုမ္ပဏီလက်အောက်မှာ စာချုပ်ကြောင့်ကျွန်တွေလို အလုပ်လုပ်ပေးနေရပြီး ဘယ်ကိုမှ သွားခွင့်မရှိတဲ့အလုပ်သမားလူငယ်အုပ်စုလေးဟာ ယူဗာဂါဂြိုလ်ကို အရမ်းထွက်သွားချင်နေကြပါတယ်။ တစ်နေ့မှာတော့ လူမရှိတော့တဲ့ယာဉ်တစ်စီး မျောနေတာကိုတွေ့ပြီး အဲဒီယာဉ်ကို ခိုးပြီးတော့ကိုလိုနီကနေ ထွက်ပြေးဖို့ စုပေါင်းကြိုုးစားချပါတယ်။အဲဒီအထဲမှာ စက်လူသား အန်ဒီလည်း ပါဝင်ပါတယ်။ ဒါပေမဲ့သူတို့ယာဉ်ကနေ အေးခဲလောင်စာမလောက်လို့ နောက်ထပ်စခန်းပျက်တစ်ခုကို ကပ်ပြီး ဝင်ရှာမိလိုက်ချိန်မှာတော့ စခန်းထဲမှာလူတွေသေပြီး ကျန်နေတဲ့ ကပ်ပါးကောင် ဂြိုလ်သားမျိုးစိတ်တွေနဲ့ရင်ဆိုင်ရပါတော့တယ်။ အာကာသ သိပ္ပံ ဟော်ရာတွေရဲ့ ထုံးစံအတိုင်းလွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ ဘယ်သူတွေ သေကျန်ခဲ့မလဲဘယ်သူတွေ ရှင်ကျန်ခဲ့မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့အမျိုးအစားပဲ ဖြစ်ပါတယ်။ 🧏‍♀ ရုပ်ရှင် ကြည့်ရန် Channel ကို အရင် Join ပေးပါနော် 💋 Channel Link https://t.me/+Lux2x60FRoc3ZWM1 Movie Link 🎥 https://t.me/c/2134378934/560

ဇာတ်လမ်းအစမှာတော့ သေမင်းအရိပ်အဖွဲ့ကဂျပန်ယာကူဇာဂိုဏ်း တစ်ခုကိုဝင်ရောက်သုတ်သင်ပုံကိုတွေ့ရမှာဖြစ်ပြီး အရိပ်တွေအများကြီးထဲကတစ်ယော
+1
ဇာတ်လမ်းအစမှာတော့ သေမင်းအရိပ်အဖွဲ့ကဂျပန်ယာကူဇာဂိုဏ်း တစ်ခုကိုဝင်ရောက်သုတ်သင်ပုံကိုတွေ့ရမှာဖြစ်ပြီး အရိပ်တွေအများကြီးထဲကတစ်ယောက်ဖြစ်တဲ့ ၁၃ ကတော့သနားညှာတာမိပြီးတုံ့ဆိုင်းမိခဲ့တဲ့အတွက်ရာထူးကနေရပ်နားခံလိုက်ရပါတော့တယ်ကြေးစားလူသတ်သမားဆိုတာကလည်းသနားကြင်နာမှုတွေညှာတာမှုတွေရှိလို့မရတဲ့အလုပ်ဖြစ်တဲ့အတွက် ၁၃ ကတော့တော်တော်နဲ့စစ်ဆင်ရေးပြန်လုပ်ခွင့်မရခဲ့ပါဘူးဒီလိုနဲ့စစ်ဆင်ရေးမရဘဲ ကြောင်ပျောက်နေတဲ့ ၁၃ ရဲ့အာရုံကိုသူနဲ့တစ်တိုက်တည်းနေနေတဲ့သားအမိ ၂ ယောက်ကဖမ်းစားသွားပါတော့တယ်အမေဖြစ်သူကသူတို့နေထိုင်ရာဂျာကာတာမြို့မှာလက်ဝါးကြီး အုပ်ထားတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ဒုစရိုက်သမားကြီးတွေနဲ့ ပတ်သတ်ပြီးပိုက်ဆံရှာနေတဲ့အတွက်သိပ်မကြာခင်မှာပဲအသတ်ခံခဲ့ရပါတော့တယ်ဒီလိုနဲ့ကျန်ခဲ့တဲ့ကောင်လေးကိုမောင်လေးတစ်ယောက်လိုစောင့်ရှောက် နေချိန်မှ အဲ့ဒီလူဆိုးတွေက သက်သေဖျောက်ဖို့ကောင်လေးကိုပါ ဖမ်းခေါ် သွားတဲ့အချိန်မှာတစ်သက်လုံးလူသတ်ခဲ့တဲ့လက်နဲ့ အဲ့ဒီကောင်လေးရဲ့ အသက်တစ်ချောင်းကိုဘယ်လိုပြန်ကယ်မလဲဆိုတာကို အက်ရှင်အကြမ်းစား တွေနဲ့ကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် #credit Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🍿 https://t.me/c/2134378934/558

ကြေးစားဓားသမား (捉刀人) Blade of Fury (2024) ငယ်ငယ်ကကြည့်ခဲ့ရတဲ့ ရှောင်လင်ကတုံးကလေး (ခေါ်)ကျန်ကျောင်းပေါက်စလေး Shi Xiao Long (As
+1
ကြေးစားဓားသမား (捉刀人) Blade of Fury (2024) ငယ်ငယ်ကကြည့်ခဲ့ရတဲ့ ရှောင်လင်ကတုံးကလေး (ခေါ်)ကျန်ကျောင်းပေါက်စလေး Shi Xiao Long (Ashton Chen) ရဲ့ရုပ်ရှင်ကားသစ်လေးတစ်ကား ထွက်လာပြန်ပါပြီ ဇာတ်လမ်းအကျဉ်း ကြေးစားဓားသမားဖြစ်တဲ့ တောခွေး နာမည်နဲ့အလုပ်လုပ်နေတဲ့ ဖေရှင်းဟာ ရုံးတော်အလိုရှိ ၀ရမ်းပြေးများကို ဖမ်းပေးပြီး ဆုကြေးငွေယူတဲ့သူဖြစ်ပါတယ် တနေ့မှာတော့ ရုံးတော်အလိုရှိ ဓားပြတစ်ယောက်ကိုဖမ်းပြီး ရတနာရှာရာကနေ ထူးဆန်းတဲ့ မိန်းမတစ်ယောက်နဲ့ ‌မထင်မှတ်ဘဲဆုံတွေ့ခဲ့ပါတယ် တောခွေးတစ်ယောက် အဲဒီမိန်းမကို တရားရုံးတော်ကို ပြန်အပ်လိုက်ပေမဲ့ သူ့ကိုပါ အမှုပတ်လာခဲ့တဲ့အခါမှာတော့ ...... အာဏာအောက် ခါးမညွှတ်ချင်တဲ့ တောခွေးတစ်ယောက် နောက်ကွယ်က ဖြစ်ရပ်တွေကို ရှင်းရှင်းသိလိုက်ရတဲ့အခါ ....... အပြစ်မဲ့သူတွေကိုကယ်တင်ဖို့နဲ့  တရားမျှတမှုအတွက် သူဘယ်လိုတိုက်ခိုက်သွားမလဲဆိုတာ ကြည့်လိုက်ကြရအောင် #crd_org_owner Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🍿 https://t.me/c/2134378934/555

Show Me the Ghost(2021) ဟိုဒူနဲ့ရယ်ဂျီတိုဟာ သူတိုဘဝနဲ့ အိမ်မက်တွေအတွက် ရုန်းကန်နေကြရတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ တစ်န
Show Me the Ghost(2021) ဟိုဒူနဲ့ရယ်ဂျီတိုဟာ သူတိုဘဝနဲ့ အိမ်မက်တွေအတွက် ရုန်းကန်နေကြရတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ ဟူဒိုက အချောင်စျေးနဲ့ အိမ်ကောင်းကောင်းတစ်လုံးကို ရလိုက်ပါတယ်။ ရယ်ဂျီကလည်း မိဘအိမ်ကနှင်ထုတ်ခံထားရတော့ ဟူဒိုရဲ့အိမ်အသစ်မှာ ကပ်နေပါတော့တယ်။ အရမ်းကောင်းပြီး အရမ်းတန်တယ်လို ထင်ထားတဲ့အိမ်ကြီးမှာ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု စဖြစ်လာပါတော့တယ်။ ကြောက်ဖို့ကောင်းတဲ့အိမ်ကြီးမှာလည်းမနေရဲ တစ်ခြားလည်းအိမ်ပြောင်းပြေးစရာမရှိပိုက်ဆံလည်းမရှိတဲ့ သူငယ်ချင်းနှစ်ယောက် အိမ်ကြီးမှာဆက်နေနိုင်ဖို ဘယ်လိုဉာဏ်များပြီးဘယ်လိုကြိုးစားကြမလဲဆိုတာကို ဟာသနှောပြီးရိုက်ကူးထားတဲ့ သရဲကားလေးပဲ ဖြစ် ပါတယ်။ #credit Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🍿 https://t.me/c/2134378934/552

Ho-ld Yo-ur Bre-ath (2024) သဲမုန်တိုင်းတွေ ဆက်တိုက်ကျနေပြီ အစာရေစာရှားပါးတဲ့၊ ရောဂါထူပြောတဲ့ ကပ်ဘေးကြုံနေရတဲ့ မြို့ လေးတစ်မြိ
Ho-ld Yo-ur Bre-ath (2024) သဲမုန်တိုင်းတွေ ဆက်တိုက်ကျနေပြီ အစာရေစာရှားပါးတဲ့၊ ရောဂါထူပြောတဲ့ ကပ်ဘေးကြုံနေရတဲ့ မြို့ လေးတစ်မြို့အကြောင်းကို ရိုက်ပြထားတာပါ။ အဲဒီမြို့ရဲ့ ဒေသပုံပြင်ထဲမှာ မီးခိုးရောင်လူကြီးဆိုတာရှိ ပါတယ်။ အဲဒီလူကြီးက သဲမှုန်တွေနဲ့အတူ ရောပါလာနိုင်တဲ့အစွမ်းရှိပြီး သူ့ကိုရှုမိတဲ့သူတွေက သူခိုင်းတဲ့ မကောင်းတာတွေအကုန်လုပ်မိတတ်ပါတယ်တဲ့။ အဲဒီ မြို့လေးမှာပဲ ယောကျ်ားဖြစ်သူက ခရီးသွားနေပြီး သမီးနှစ်ယောက်ကို စောင့်ရှောက်ရင်း ကျန်နေခဲ့ တဲ့ အမေတစ်ယောက်ရှိတယ်။ အဲဒီမြို့ထဲက ထူးဆန်းတဲ့ ကြောက်စရာလူသေမှုတွေအပြီးမှာ သူတို့ရဲ့ အိမ်ကိုလည်း လူစိမ်းတစ်ယောက်ရောက်လာပါတယ်။ အဲဒီလူက လူကောင်းလား လူဆိုးလား၊ ဒါမှ မဟုတ် မိစ္ဆာအစစ်လားဆိုတာကို ပဟေဠိတွေကြားထဲကနေ ဝေခွဲရင်း အသက်ရှင်ဖို့ ကြိုးစားရတဲ့ ဟော် ရာအမျိုးအစားပါပဲ။ #credit Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🍿 https://t.me/c/2134378934/550

How To Make Millions Before Grandma Dies ( 2024 ) ⛱ ယောကျာ်းရင့်မာကြီးတွေတောင် မျက်ရည်ဝဲရတဲ့ရုပ်ရှင် .....☘ ဘဝမှာ ဘယ်အချိန်မဆ
+1
How To Make Millions Before Grandma Dies ( 2024 ) ⛱ ယောကျာ်းရင့်မာကြီးတွေတောင် မျက်ရည်ဝဲရတဲ့ရုပ်ရှင် .....☘ ဘဝမှာ ဘယ်အချိန်မဆို  အ‌ရေးကြီးဆုံးကမိသားစုပါပဲ။ ဒီရုပ်ရှင်ဟာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်သူဖြစ်ခြင်းရဲ့ လူသားဆန်တဲ့ဘဝဖော်ညွှန်းထားပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ M ဆိုတဲ့လူငယ်လေးဟာ လူငယ်သဘာဝအတိုင်း ဘဝကိုအလေးမထားပဲနေခဲ့ရာမှ သူ့ရဲ့အဖွားမှာကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတာသိလိုက်ရတဲ့ M ဟာ အဖွားစီမှ အမွေကိုမက်မောပြီးပြုစုစောင့်ရှောက်တဲ့ရင်းကနေ အဖွားနဲ့မြေးတို့ရဲ့ နှစ်ယောက်ကြားကချစ်ခြင်းမေတ္တာကိုဖော်ညွန်းထားတဲ့ဇာတ်ကားလေးဖြစ်လို့  ကိုယ်တိုင်တွေကြုံသလို မျိုးခံစားရမည့်ဇာတ်ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။ #credit Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🖇️ https://t.me/c/2134378934/548

Salaar 2023

Salaar: Part 1 – Ceasefire (2023) ဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လို့ခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ် ပဒေသရာဇ
+1
Salaar: Part 1 – Ceasefire (2023) ဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လို့ခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ် ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါတစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ ပြန်လာကူညီမယ်လို့ ကတိပြုခဲ့ပါတယ် အင်အားရှိသူသာအနိုင်ရတဲ့ နေရာတစ်ခုမှာ ဒေဗာရဲ့အကူအညီကိုလိုအပ်လာတဲ့အခါမှာတော့….အဲ့လိုအရှုပ်ထုပ်တွေထဲကို ဖခင်ရဲ့ရန်ငြိုးဟောင်းတွေရှိတာမသိပဲ အိန္ဒိယကို အမေရိက ကပြန်လာခဲ့တဲ့ အာဒယာ(ရှရူသီ) ပါ ရောက်လာတဲ့အခါမှာတော့ ဇာတ်လမ်းကတော့ ကြည့်ရင်းနဲ့ပဲခံစားကြဖို့ပြောချင်ပါတယ် ဘာဟုဗလီတစ်ယောက် ရာမယနမှာ ချာခဲ့သမျှ အတိုးနဲ့ကြမ်းပြထားတာမို့ Prabhas ဖန်များ တဝကြီးအားပေးနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🖇️ https://t.me/c/2134378934/545

📌Update Dia Prices Twilight pass - 34000 ks Starlight - 12K Weekly pass-6500ks (Kpay 💳) Weekly pass-6600ks (Wave 💳) 💎11=900 💎22=2000 💎33=3200 💎44=4100 💎56=4600 💎112=8700 💎86 - 5300Ks 💎172 -10100Ks 💎257 -14900Ks 💎343 -19700Ks 💎429 -24800Ks 💎514 -29500Ks 💎600 -34000Ks 💎706 -38800Ks 💎878 - 48400Ks 💎963 - 53500Ks 💎1049 - 58500Ks 💎1135 -62800Ks 💎1412 -76500Ks 💎2195 -115500Ks 💎2538 - 134800ks 💎3688 - 192800Ks 💎9288 - 482500Ks Buy @Miko_Chan_0_0 Waiting time 5 to 10 mins

My Boo (2024)IMDb Rating (6.5) Netflix က ထွက်ရှိလာတဲ့ ထိုင်းသရဲဟာသကားလေးရပါပြီ။ ဂျိုးဆိုတဲ့ gamer ကောင်လေးတစ်ယောက်ဟာ ဘဝကို ရေ
+1
My Boo (2024)IMDb Rating (6.5) Netflix က ထွက်ရှိလာတဲ့ ထိုင်းသရဲဟာသကားလေးရပါပြီ။ ဂျိုးဆိုတဲ့ gamer ကောင်လေးတစ်ယောက်ဟာ ဘဝကို ရေသာခိုအချောင်လိုက် ပေါ့ပေါ့နေပေါ့ပေါ့စားရှင်သန်လာရင်းနဲ့ သူဌေးဖြစ်သူ သူ့အဘိုးဆုံးသွားတော့ အမွေထုပ်ကြီးကြီးရဖို့ မျှော်လင့်နေပေမဲ့ ကံဆိုးချင်တော့ သေတမ်းစာက သူ့နာမည်အရောက်မှာ အဆုံးသတ်သွားသတဲ့။ ဒီတော့ အစ်ကိုဖြစ်သူက ဂျိုးကိုသနားတာနဲ့ပဲ သူ့အမွေထဲက ပါထုန်ထာနီကအိမ်ကြီးကို ညီဖြစ်သူဂျိုးကို ခွဲပေးလိုက်တော့တာပေါ့။ ဘာအလုပ်မှလုပ်မစားတဲ့ဂျိုးလည်း အမွေရပြီဆိုတာနဲ့ အမွေရထားတဲ့အိမ်ကြီးကို ရောင်းစားဖို့ဆိုပြီး ပွဲစားခေါ်ပြီး ချက်ချင်းလာအကြည့်မှာ အိမ်ထဲက သရဲတွေနဲ့ ပက်ပင်းတိုးပါတော့တယ်။တကယ်တော့ ဒီအိမ်ကြီးမှာ လွန်ခဲ့တဲ့နှစ်တွေက ဓားပြတိုက်တုန်းက အိမ်ကြီးရှင်သခင်မလေးအနုန်နဲ့အတူ အစေခံနှစ်ယောက်ပါ လူမသိသူမသိအသတ်ခံလိုက်ရပြီး သရဲအဖြစ် မကျွတ်မလွတ်ဖြစ်နေကြတာပါ။ဒီတော့ အိမ်ကိုရောင်းချင်တဲ့ဂျိုးနဲ့ ဘဝမကူးနိုင်ရင် အိမ်ကဖယ်မှာမဟုတ်တဲ့ သရဲ ၃ ကောင် ဘယ်လိုအလွဲ‌တွေနဲ့ရှေ့ဆက်ကြမလဲဆိုတာ ရှုစားကြပါဦး။ #credit Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🖇️ https://t.me/c/2134378934/541

Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🍿 https://t.me/c/2134378934/538
Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🍿 https://t.me/c/2134378934/538

Terrifier(2016) ဒီကားဟာ ပိုးစိုးပက်စက်သတ်ဖြတ်တဲ့အခန်းတွေပါတဲ့ Slasher Horror အမျိုးအစားမို့ အသက်မပြည့်သေးသူတွေနဲ့အသည်းငယ်သူတွ
Terrifier(2016) ဒီကားဟာ ပိုးစိုးပက်စက်သတ်ဖြတ်တဲ့အခန်းတွေပါတဲ့ Slasher Horror အမျိုးအစားမို့ အသက်မပြည့်သေးသူတွေနဲ့အသည်းငယ်သူတွေအတွက်မဟုတ်ဘူးလို့ပြောချင်ပါတယ်။ တယ်ရာနဲ့ ဒေါင်းန် တို့သူငယ်ချင်းနှစ်ယောက်ဟာ ဟောလိုးဝင်းပါတီတစ်ခုကအပြန်မှာ ပီဇာဆိုင်ကိုသွားကြပါတယ်။ ဆိုင်ထဲဝင်သွားပြီးမကြာခင် လူပြက်ဝတ်စုံနဲ့လူတစ်ယောက်လည်း ရောက်လာပြီး တယ်ရာကိုကြက်သီးထဖွယ် မျက်တောင်မခတ်စိုက်ကြည့်နေပါတော့တယ်။ တော်တော်အရက်မူးနေတဲ့ ဒေါင်းန်ဟာ ထိုလူပြက်ကို ကျီစယ်နောက်ပြောင်ခဲ့ပြီးနောက် သူငယ်ချင်း ၂ယောက်အိမ်ပြန်ဖို့အလုပ်မှာ ကားဘီးပေါက်နေတာတွေ့လိုက်ရပါတယ်။ တယ်ရာဟာ အစ်မဖြစ်သူကိုလာခေါ်ဖို့အကူအညီတောင်းပြီး အနီးအနားကဂိုထောင်တစ်ခုထဲကို သန့်စင်ခန်းလိုက်ရှာဖို့ဝင်သွားပါတယ်။ ဒေါင်းန်တစ်ယောက်တည်းကားပေါ် ရှိနေချိန် ရေဒီယိုမှာ လူပြက်တစ်ယောက်ဟာ ပီဇာဆိုင်ဝန်ထမ်း၂ဦးကိုရက်ရက်စက်စက်သတ်သွားကြောင်းကို အံ့သြစွာကြားလိုက်ရပြီးနောက်၊ ကားတံခါးဖွင့်သံနဲ့အတူ ကားထဲရောက်လာသူကို သူ့သူငယ်ချင်းတယ်ရာအမှတ်နဲ့ စကားပြောနေရင်း လှည့်ကြည့်လိုက်တဲ့အခါ… #credit Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🖇️ https://t.me/c/2134378934/536

klaantha (2024) “ထိတ်လန့်သည်းဖို” ပိတ်ရက်ရှည်မှာ အပျင်းတော်ပြေစေဖို့ ကန်နာဒါစကားပြော အိန္ဒိယသည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ကား တင်ဆ
klaantha (2024) “ထိတ်လန့်သည်းဖို” ပိတ်ရက်ရှည်မှာ အပျင်းတော်ပြေစေဖို့ ကန်နာဒါစကားပြော အိန္ဒိယသည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ပရိုဂရမ်တစ်ခုအတွက် သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ရဖို့ အပြင်းအထန်ရှာနေရတဲ့အမျိုးသမီးတစ်ယောက်။ ဘယ်မှာမှရှာမရတဲ့အဆုံး စာကြည့်တိုက်ကိုသွားတော့ စာကြည့်တိုက်မှူးက စာအုပ်တစ်အုပ်ထုတ်ပြပါလေရော။ အသည်းတထိတ်ထိတ်ရင်တဖိုဖိုတင်မက အသည်းတွေပြုတ်ကျပြီး ရင်တွေနာရမဲ့ဇာတ်လမ်းတဲ့။စာအုပ်ကိုစဖွင့်လိုက်တော့တွေ့ရတာ အဖေရယ် အမေရယ်က လင်ကောင်းသားကောင်းရဖို့ အသည်းအသန်ကြိုးစားခြင်းခံနေရတဲ့ ကောင်မလေးတစ်ယောက်။ အမေတစ်ခုသားတစ်ခုရယ်နဲ့ အမေ့လောင်းရိပ်ကမလွတ်ဘဲ မိန်းမကောင်းလေးနဲ့ရဖို့ နားပူနားဆာလုပ်ခံနေရတဲ့ အမေချစ်သားလေးတစ်ယောက်။ ဒီနှစ်ယောက်က ချစ်သူတွေဖြစ်ပြီး မိဘတွေမသိအောင် ခရီးအတူထွက်ဖို့ကြိုးစားကြတဲ့အခါ။ ခရီးမှာ မထင်မှတ်ထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာအဖြစ်အပျက်တွေကို ရင်ဆိုင်ရတဲ့အခါမှာတော့… #credit Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🍿 https://t.me/c/2134378934/534

Yubisaki to Renren [ A Sign of Affection ] EP1 Link- #Time_Travller_anime_mm #completed
+2
Yubisaki to Renren [ A Sign of Affection ] EP1 Link- #Time_Travller_anime_mm #completed

Virundha 2024 ဂျွန်အာဘရာဟမ်ဆိုတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာကီရာလာ-တမီလ်နန်ဒူနယ်စပ်တံတားမှာကားကိုပဲတွေ့ပြီးတော့အလောင်းကိုတေ
Virundha 2024 ဂျွန်အာဘရာဟမ်ဆိုတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာကီရာလာ-တမီလ်နန်ဒူနယ်စပ်တံတားမှာကားကိုပဲတွေ့ပြီးတော့အလောင်းကိုတော့ ၅ရက်အကြာမှရေထဲမှာသေနေတာကိုတွေ့ခဲ့ရပါတယ်။အလောင်းစစ်ဆေးမှုလုပ်တဲ့အချိန်မှာဂျွန်ဟာသေဆုံးတာ၄ရက်သာရှိသေးပြီးတော့ရေထဲကိုရောက်နေတာဟာလည်း၂ရက်သာရှိသေးတယ်လို့စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ဒီလိုနဲ့ ဆန်းကြယ်နေတဲ့ဒီအမှုကိုရဲတွေဟာလည်းဖြေရှင်းနိုင်ဖို့လုပ်ဆောင်နေပါတယ်။တစ်ဖက်မှာတော့ကင်ဆာရောဂါကြောင့်ဆုံးပါးသွားခဲ့ရတဲ့အဖေကိုအောက်မေ့တဲ့အနေနဲ့သုံးဘီးသမားလေးကဖခင်ဆုံးသွားတဲ့ ဗုဒ္ဓဟူးနေ့မှာကင်ဆာသည်တွေကိုဆေးရုံဆီအခမဲ့ပို့ဆောင်ပေးလျက်ရှိပါတယ်။ဒီလိုနဲ့သုံးဘီးမောင်းပြန်လာရာကနေအိမ်နားတစ်နေရာမှာ မတော်တဆမှုတစ်ခုကိုကူညီဖို့သွားရင်းသေခါနီးဆဲဆဲမိန်းမတစ်ယောက်ဟာသူ့ကိုမသေခင်အကူအညီတောင်းသွားခဲ့ပါတယ်။တိုက်ဆိုင်ချင်တော့အဲဒီမိန်းမဟာဟိုးရှေ့ရက်ကမှဆုံးသွားခဲ့တဲ့ဂျွန်အာဘရာဟမ်ဆိုတဲ့သူရဲ့ဇနီးသည်ဖြစ်နေခဲ့တာပါပဲ။ဒီလိုနဲ့သုံးဘီးဆရာဟာဒီရှုပ်ထွေးဆန်းကြယ်လှတဲ့အမှုထဲမှာပါဝင်လာခဲ့ရင်းကနေဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် #credit Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🍿 https://t.me/c/2134378934/532

Colourrs of Love (2024) အချစ်ရောင်စဉ် ရာဗီးကဆရာဝန်တစ်ဖြစ်လဲငယ်ရွယ်ချောမောတဲ့ လူငယ်လေးတစ်ယောက်ပါ ဆရာဝန်ဆိုပေမဲ့လိင်ပိုင်းဆိုင်
Colourrs of Love (2024) အချစ်ရောင်စဉ် ရာဗီးကဆရာဝန်တစ်ဖြစ်လဲငယ်ရွယ်ချောမောတဲ့ လူငယ်လေးတစ်ယောက်ပါ ဆရာဝန်ဆိုပေမဲ့လိင်ပိုင်းဆိုင်ရာကုထုံးဆရာဝန်မို့ ရှေးရိုးစွဲ လူကြီးတွေကနှာခေါင်းရှုံ့ကြပါတယ် လက်ထပ်ပွဲစီစဉ်တိုင်းလည်းကောင်မလေးဘက်ကမိဘတွေကရာဗီးရဲ့အလုပ်ကြောင့် အမြဲတမ်းငြင်းပယ်ခဲ့တာချည်းပါပဲရာဗီးတစ်ယောက် အချစ်ဆုံးရည်းစားနဲ့လမ်းခွဲပြီးတဲ့နောက်အမေဖြစ်သူကလည်းအနားမှာမရှိတော့ပိုပြီး စိတ်ဓာတ်အကြီးအကျယ်ကျကာ စိတ်ကျရောဂါကြောင့်စိတ်ကျန်းမာရေးကုထုံးယူရတဲ့အထိပါဖြစ်လာပါတော့တယ်အဲဒီနောက်မှာတော့သူ့ဘဝရဲ့အချစ်ကိုတစ်ဖန်ပြန်ရှာတွေ့နိုင်ဦးမလား သေဆုံးသွားတဲ့သူ့ရဲ့အချစ်တွေပြန်လည်မွေးဖွားလာနိုင်မှာလားဆိုတာကို ခံစားကြည့်ရှုလိုက်ကြပါဦး #credit Channel Link 🖇️ https://t.me/+Lux2x60FRoc3ZWM1 Movie Link 🍿 https://t.me/c/2134378934/530