en
Feedback
S - Korea Channel (Series)

S - Korea Channel (Series)

Open in Telegram

📈 Analytical overview of Telegram channel S - Korea Channel (Series)

Channel S - Korea Channel (Series) (@omoutteoke) in the Burmese language segment is an active participant. Currently, the community unites 36 458 subscribers, ranking 7 790 in the Movies category and 3 988 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 36 458 subscribers.

According to the latest data from 09 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -587 over the last 30 days and by -19 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 8.78%. Within the first 24 hours after publication, content typically collects 2.46% reactions from the total number of subscribers.
  • Post reach: On average, each post receives 3 201 views. Within the first day, a publication typically gains 896 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Ongoing K-DRAMA https://t.me/Omoutteoke”

Thanks to the high frequency of updates (latest data received on 10 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

36 458
Subscribers
-1924 hours
-2027 days
-58730 days
Posts Archive
Spooky in Love (2026) https://t.me/+A5WY2HG32poxZGU1 ဒီဇာတ်လမ်းတွဲလေးဟာ ၂၀၁၁ ခုနှစ်က နာမည်ကြီးရုပ်ရှင် “Spellbound” ကို ဇာတ်လ
+4
Spooky in Love (2026) https://t.me/+A5WY2HG32poxZGU1 ဒီဇာတ်လမ်းတွဲလေးဟာ ၂၀၁၁ ခုနှစ်က နာမည်ကြီးရုပ်ရှင် “Spellbound” ကို ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Master's Sun တို့ Hotel Del Lunaတို့လို ဇာတ်လမ်းမျိုးကြိုက်သူတွေ ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ် Raina ဟိုတယ်ပိုင်ရှင်ဖြစ်တဲ့ သူဌေးသမီးလေး ချွန်းယောရီ (Park Eun Bin)ဟာ ထူးထူးဆန်းဆန်း သရဲတွေကိုမြင်နေရတဲ့သူဖြစ်တဲ့အပြင် သူ့ကိုထိမိတဲ့လူတွေကိုပါ သရဲတွေကိုလိုက်မြင်ရစေတဲ့ကျိန်စာလိုမျိုးစွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ တစ်ဖက်မှာလည်း အမှုစစ်ရုံးမှာမဖြေရှင်းနိုင်ဘဲ လက်ကျန်ဖြစ်နေတဲ့ လူသတ်မှုဟောင်းတွေကိုပဲ ဇွဲနပဲနဲ့လိုက်စုံစမ်းရတဲ့ တက်ကြွပြီးအလုပ်ကြိုးစားတဲ့ အမှုစစ်လေး မာဂန်းအု (Yang Se Jong)က လူသတ်သမားတွေကိုမကြောက်ဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲပေမဲ့ တကယ်တမ်းသူ့ရဲ့အကြီးမားဆုံးအားနည်းချက်က သရဲတစ္ဆေကိုအကြောက်ဆုံးပါ ဆိုတဲ့လူမျိုးဖြစ်နေတာပါ ဒီလိုနဲ့ ထူးခြားတဲ့စွမ်းရည်ရှိတဲ့ သူဌေးသမီးနဲ့ သရဲတအားကြောက်တတ်တဲ့ ထက်မြက်တဲ့အမှုစစ်လေးတို့ မထင်မှတ်ထားတဲ့ လူသတ်မှုဟောင်းတစ်ခုရဲ့သဲလွန်စကနေတဆင့် စတင်ဆုံတွေ့မိကြရာကနေ အမှုတွေကိုဘယ်လိုအတွဲညီညီရင်ဆိုင်ဖြေရှင်းသွားကြမလဲ

The East Palace (2026) https://t.me/+kBqhwYlZxDljMzc1 မင်းသား Nam Joo-Hyuk, မင်းသမီး Roh Yoon-Seo နဲ့ မင်းသားကြီး Cho Seung-W
+4
The East Palace (2026) https://t.me/+kBqhwYlZxDljMzc1 မင်းသား Nam Joo-Hyuk, မင်းသမီး Roh Yoon-Seo နဲ့ မင်းသားကြီး Cho Seung-Woo တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်-သရဲကားသစ်လေး ထွက်ရှိလာပါပြီ။ ညဉ့်နက်သန်းခေါင်ယံချိန် ဘုရင်မင်းမြတ်ရဲ့ အိပ်ဆောင်မှာ အရိပ်တစ်ခုနဲ့အတူပေါ်လာတဲ့ ကြောက်မက်ဖွယ်သရဲတစ်ကောင် ဘုရင့်လည်ပင်းကိုညှစ်ထားပြီး အဲဒီသရဲ တိုက်လိုက်တဲ့ ကျိန်စာကတော့ "ဘုရင့်သွေးသားရင်းချာတွေကို အကုန် အမြစ်ဖြတ်ရှင်းလင်းပစ်မယ်"တဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ က တော်ဝင်မိသားစုကို တုန်လှုပ်ချောက်ချားစေခဲ့တဲ့ ဘေးအန္တရာယ်ကြီးက ထပ်ပြီး တစ်ဖန်စတင်လာပြီဖြစ်ကြောင်း ရိပ်မိသွားတဲ့ ဘုရင်လည်း သရဲတစ္ဆေတွေကို မြင်နိုင်ရုံသာမက ဝိညာဉ်ကမ္ဘာထဲ ဖြတ်သန်းသွားလာပြီး ဓားနဲ့ခုတ်သတ်နိုင်တဲ့ အစွမ်းကိုပါ ပိုင်ဆိုင်ထားတဲ့ ဂူချွန်းဆိုသူနဲ့ သရဲတစ္ဆေတွေရဲ့ အသံကိုကြားနိုင်တဲ့ နန်းတွင်းသူ စိမ်းဂန်းတို့ကို နန်းတော်မှာ စွဲကပ်နေတဲ့ ကျိန်စာကို ဖယ်ရှားဖို့အတွက် လျှို့ဝှက်တာဝန်ပေးလိုက်ရာ တကယ်ပဲ ဘယ်လိုအငြိုးအတေးတွေကြောင့် တော်ဝင်သွေးသားတွေကို အမြစ်ဖြတ်ချင်နေရတာ ဖြစ်မလဲဂူချွန်းနဲ့ စိမ်းဂန်းတို့ကရော ဒီနန်းတွင်းကျိန်စာကို ဘယ်လိုပုံစံနဲ့ ဖြေရှင်းပေးသွားမလဲ...?

Love Hurts (2026) https://t.me/+WpJPKtMBZ4I5YzE1 ဒီတစ်ခေါက်မှာတော့ အချစ်ဦးဇာတ်လမ်းလေးကို ဖြူဖြူစင်စင်နဲ့ ရင်ခုန်စဖွယ် ပုံဖော်
+2
Love Hurts (2026) https://t.me/+WpJPKtMBZ4I5YzE1 ဒီတစ်ခေါက်မှာတော့ အချစ်ဦးဇာတ်လမ်းလေးကို ဖြူဖြူစင်စင်နဲ့ ရင်ခုန်စဖွယ် ပုံဖော်ထားတဲ့ BL ဒရမ်မာသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Main Cast တွေအနေနဲ့ Sweet Blood ထဲက မင်းသား Kang Seon-Ho နဲ့ His Man S1 မှာ ပါဝင်ဖူးတဲ့ Kim Chan-Gyu တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - အတန်းထဲမှာ အမြဲ အဆင့်ဘိတ်ဆုံး ရနေတဲ့ ဂင်ဒိုဂျင်း (Kim Chan-Gyu) ကို စံပြကျောင်းသားလေး အီဂျယ်ဝန်း (Kang Seon-Ho) က စာကူပြပေးရင်း သူတို့နှစ်ဦးကြားမှာ သံယောဇဉ်တွေ စတင် ပေါက်ဖွားလာခဲ့ပါတယ် .. ။ ကံကြမ္မာက မျက်နှာသာမပေးလို့ ဝေးကွာသွားခဲ့ကြရပေမဲ့လည်း .. တက္ကသိုလ် ရောက်သည့်တိုင်အောင် ဒိုဂျင်းရဲ့ ရင်ထဲမှာတော့ ဂျယ်ဝန်းက နေရာယူထားဆဲပါပဲ ။ အဲဒီလိုနဲ့ တစ်နေ့ ကျောင်းအသွားလမ်းမှာ ဒိုဂျင်းတစ်ယောက် ဂျယ်ဝန်းနဲ့ ပြန်လည် ဆုံစည်းဖြစ်တဲ့အခါမှာတော့... ချစ်တတ်လာအောင် သင်ပေးပြီး နာကျင်မှုတွေနဲ့ ထားခဲ့ပေမဲ့လည်း တစ်သက်လုံး မေ့မရနိုင်တာကတော့ "အချစ်ဦး"ပါတဲ့... အထက်တန်းတုန်းက စတင်ခဲ့ကြတဲ့ ရေစက်လေးက အတိတ်ရဲ့ နာကျင်မှုအဖြစ်ပဲ ကျန်ရစ်နေခဲ့မှာလား... မျှော်လင့်ချက်မီးပွားလေးအဖြစ် ပြန်လည် အသက်ဝင်လာမလားဆိုတာ ...?

Dream To You (2026) https://t.me/+vD6jcn4F0MAyYjRl “အိပ်မက်” နဲ့ “အချစ်” ဒီစကားလုံးနှစ်လုံးကို ကြားလိုက်တာနဲ့ အများစုက ရင်ခုန
+3
Dream To You (2026) https://t.me/+vD6jcn4F0MAyYjRl “အိပ်မက်” နဲ့ “အချစ်” ဒီစကားလုံးနှစ်လုံးကို ကြားလိုက်တာနဲ့ အများစုက ရင်ခုန်သံတွေ မြန်လာတတ်ကြမှာပါ ဒီအနှစ်သာရကို အခြေတည်ထားတဲ့ Rom-Com ဒရမ်မာသစ်ကို တင်ဆက်ပေးလိုက်ပါတယ် မိဘ စီမံရာအတိုင်းနေရပြီး အိပ်မက်ဆိုလို့လည်း ရေရေရာရာမရှိတဲ့ အူဆူဘင်း နဲ့ စိတ်အားထက်သန်မှုရှိပြီး ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့ အိပ်မက်မက်နေတဲ့ ဂျူအီဂျယ် အီဂျယ်နဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှ ဆူဘင်းရဲ့ ဘဝထဲမှာလည်း ပထမဆုံးအနေနဲ့ အိပ်မက်တစ်ခု စရှိလာခဲ့ပြီးနှစ်ဦးအတူဇာတ်ညွှန်းရေးသားကာ အနာဂတ်မှာ ရုပ်ရှင်အတူတူဖန်တီးကြမယ်လို့ပါ ကတိထားဖြစ်ခဲ့ကြပေမဲ့ ဇာတ်ညွှန်းကို ပြီးဆုံးအောင်တောင်မရေးလိုက်နိုင်ဘဲကွဲကွာသွားခဲ့ကြရပါတယ် အဲဒီလိုနဲ့ ၁၅ နှစ် ကြာတဲ့အခါ အောင်မြင်တဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်နေပြီဖြစ်တဲ့ ဆူဘင်းဟာစားဝတ်နေရေးကြောင့် အိပ်မက်ကို စွန့်လွှတ်ပြီး သတင်းထောက်မလေးလုပ်နေတဲ့ အီဂျယ်ရဲ့ရှေ့မှာပြန်ပေါ်လာခဲ့ပါတယ် ဆူဘင်းတစ်ယောက် အတိတ်ကရေးလို့မပြီးခဲ့တဲ့ ဇာတ်ညွှန်းနဲ့ရုပ်ရှင်တစ်ကားအတူဖန်တီးကြဖို့ အီဂျယ်ကို ကမ်းလှမ်းလိုက်ရာမှာတော့ သူတို့ရဲ့ငယ်ဘဝအိပ်မက်က အခုတစ်ခါမှာတော့ HappyEnding နဲ့ အဆုံးသတ်နိုင်မှာလား

The Apartment Job (2026) https://t.me/+T1sRzisAQtI2YTk1 ဘတ်ဟယ်ဂန်း(Ji Sung)ကတော့ အိုအေစစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းဖြစ်ပြီး
+6
The Apartment Job (2026) https://t.me/+T1sRzisAQtI2YTk1 ဘတ်ဟယ်ဂန်း(Ji Sung)ကတော့ အိုအေစစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းဖြစ်ပြီး ဂန်နမ်မှာ ထိပ်တန်းအဆင့် VIP တွေအတွက် တရားမဝင် လောင်းကစားရုံကို ဖွင့်လှစ်ထားသူပါ။ ဒါပေမဲ့ ယုံကြည်ထားခဲ့တဲ့ရဲအရာရှိရဲ့ သစ္စာဖောက်မှုကြောင့် လောင်းကစားရုံလည်း တစ်ရက် တစ်မနက်တွင်းချင်းမှာတင် ပြိုလဲသွားခဲ့ပြီး ဖခင်အရင်းလို လေးစားလိုက်နာခဲ့သူကပါ အဖမ်းခံလိုက်ရတာမို့ ဟယ်ဂန်းဟာ အခုချက်ချင်း ဝမ် ၁၀ ဘီလီယံ လိုအပ်နေတဲ့ အခြေအနေထဲ ကျရောက်သွားရပါတော့တယ်။ အဲဒီအချိန်မှာ ဟယ်ဂန်း မျက်စိကျမိသွားတာကတော့ True Value State တိုက်ခန်းရဲ့ ရေရှည်ပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေ ဝမ် ၁၇.၈ ဘီလီယံပါပဲ။ ပိုက်ဆံတွေကို အရယူဖို့အတွက် ဟယ်ဂန်းလည်း တိုက်ခန်းနေထိုင်သူများအသင်းရဲ့ ဥက္ကဌနေရာအတွက် ဝင်ရောက်ရွေးချယ်ခံဖို့ ဆုံးဖြတ်လိုက်တော့တာပေါ့။ ဒါပေမဲ့ သူ့ရဲ့အစီအစဉ်တွေက ဆက်တိုက်ဆိုသလိုရှုပ်ထွေးလာပြီး မထင်မှတ်ဘဲ တိုက်ခန်းရဲ့ မသမာမှုတွေကိုလိုက်လံဖြေရှင်းပေးဖို့ အကြောင်းဖန်လာတဲ့အခါ ဟယ်ဂန်းတစ်ယောက် တိုက်ခန်းနေထိုင်သူတွေရဲ့ သူရဲကောင်းကြီးပဲဖြစ်လာမလား နဂိုပန်းတိုင်အတိုင်း ငွေနောက်ပဲဆက်လိုက်မလား..?

Sin And Love (2026) https://t.me/monstrous_My/6901 အခုတစ်ခါမှာတော့ Thriller,Romance အမျိုးအစား BL Seriesလေးကို တင်ဆက်ပေးလိုက်
+4
Sin And Love (2026) https://t.me/monstrous_My/6901 အခုတစ်ခါမှာတော့ Thriller,Romance အမျိုးအစား BL Seriesလေးကို တင်ဆက်ပေးလိုက်ပါတယ် ရဲအရာရှိတွေ ၊ မူးယစ်ရာဇာတွေ၊ လျှို့ဝှက်အေးဂျင့်တွေ ၊ သူလျှိုတွေကြားမှာ အာဏာစနစ်ရဲ့ အလွှာတိုင်းက ပြိုလဲလုနီးပါးဖြစ်နေပါတယ် အများရဲ့အမြင်မှာတော့ တရားဥပဒေကို ကာကွယ်စောင့်ရှောက်နေတဲ့ ရဲအဖွဲ့အစည်းတစ်ခုလို့ ထင်ရပေမယ့်၊ အဲဒီအဖွဲ့အစည်းရဲ့ နောက်ကွယ်မှာတော့ အကျင့်ပျက်ခြစားမှုတွေ၊ လောဘတွေ၊ အာဏာလုပွဲတွေက မြို့ကို လွှမ်းမိုးချုပ်ကိုင်ထားပြီး လူ့အသက်တွေဟာ အပေးအယူလုပ်ဖို့ အသုံးချခံရတဲ့ အရာတစ်ခုသာ ဖြစ်လာခဲ့ပါတယ် အဲဒီလိုနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပြန်ပေးဆွဲတစ်ခု ဖြစ်ပွါးပြီးတဲ့အချိန်မှာတော့ အဲဒီအမှုကို စုံစမ်းရင်းနဲ့ နောက်ကွယ်က မြှုပ်နှံထားတဲ့ အလိမ်အညာတွေ အကျင့်ပျက်ခြစားမှုတွေနဲ့ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အတိတ်တွေက တစ်စတစ်စ ပေါ်ထွက်လာပါတော့တယ်ဒီလိုအန္တရာယ်တွေကြားထဲမှာ Se Hyun နဲ့ Hyeok Jae တို့နှစ်ယောက်က မမျှော်လင့်ဘဲတွေ့ဆုံဖို့ အကြောင်းဖန်လာတဲ့အခါ…။ အစပိုင်းမှာ သံသယတွေ၊အမုန်းတရားတွေနဲ့ စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက နွေးထွေးတဲ့ခံစားချက်တွေအဖြစ် ပြောင်းလဲသွားမလားဆိုတာ ...

Noona Is a Woman to Me S2 (2026) https://t.me/+9zL3dYXnVUc2M2Rl "ကိုကိုမကြိုက်ဘူး မောင်လေးမှ မောင်လေးပဲ" ဆိုတဲ့ သူတွေ လုံးဝ အ
+2
Noona Is a Woman to Me S2 (2026) https://t.me/+9zL3dYXnVUc2M2Rl "ကိုကိုမကြိုက်ဘူး မောင်လေးမှ မောင်လေးပဲ" ဆိုတဲ့ သူတွေ လုံးဝ အကြိုက်တွေ့စေမဲ့ ဒီရှိုးလေးကတော့ Season အသစ်နဲ့အတူ ပြန်လည် ရောက်ရှိလာပါပြီ။ အခု season မှာလည်း S1 တုန်းက host တွေ ဖြစ်ကြတဲ့ 2PM အဖွဲ့ဝင် Woo Young, မော်ဒယ် Han Hye Jin နဲ့အတူ ရက်ပ်ပါ Din Din နဲ့ တို့က ပါဝင်ထားပါတယ်။ ဒီရှိုးမှာဆိုရင်တော့ မမတွေနဲ့ မောင်လေးတွေက အသက်ကွာဟချက် ဘယ်လောက်ရှိလဲဆိုတာ မသိရဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင်လုပ်ပြီး ဒိတ်ရမှာဖြစ်ပါတယ်... အသက်ကွာဟချက်ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ဘယ်လို ရင်ဆိုင်ကျော်လွှားပြီး အချစ်ကို ရှာကြမလဲ... တစ်ယောက်နဲ့ တစ်ယောက် ရိုးသားပွင့်လင့်ပြီး ရဲရဲရင့်ရင့်နဲ့ ဒိတ်လုပ်နိုင်ကြပါ့မလား... အူတူတူအတတနဲ့ မပွင့်တပွင့်မောင်လေးလား... ရဲရင့်ပြီး ပွင့်ပွင့်လင်းလင်းရှိတဲ့မောင်လေးလား... personality မျိုးစုံနဲ့ မောင်လေးတွေပါတဲ့အတွက် ကိုယ်သာဆိုရင်ရော ဘယ်လိုမောင်လေးမျိုး ရွေးချယ်ဖြစ်လောက်မလဲဆိုတာကို ကလိကလိနဲ့ ကြည့်ရမှာဖြစ်လို့ အမြန်ဆုံး ကြည့်လိုက်တော့နော်။

Better Late Than Single S2 (2026) https://t.me/+Wo6aI7jA_o9lNWVl အချစ်ကို ရှာဖွေနေတဲ့ FA လေးတွေအတွက် အထူးစီစဉ်ထားတဲ့ Better L
+5
Better Late Than Single S2 (2026) https://t.me/+Wo6aI7jA_o9lNWVl အချစ်ကို ရှာဖွေနေတဲ့ FA လေးတွေအတွက် အထူးစီစဉ်ထားတဲ့ Better Late Than Single ဆိုတဲ့ Dating Show လေးကတော့ Season 2 နဲ့အတူ ပရိသတ်ကြီးဆီကို ပြန်လည်ရောက်ရှိလို့လာပါပြီ။ အခုတစ်ခေါက် အစီအစဉ်မှာလည်း အချစ်ရေးအတွေ့အကြုံ နည်းပါးသူတွေ အချစ်ခရီးလမ်းကို စတင်လျှောက်လှမ်းဖို့ ပြင်ဆင်နေတဲ့ FA လေးတွေက တစ်နေရာတည်းမှာ ၉ ရက်အတူ နေထိုင်ရင်း ကိုယ့်ကိုယ်ကိုယ် စတိုင်ကျ မိမိုက်လာအောင် ပြင်ဆင်ကာ မြားနတ်မောင်တွေဆီက အကြံဉာဏ်ကို ရယူပြီးတော့ လက်တွဲဖော်ကို ရှာဖွေသွားကြမှာပဲဖြစ်ပါတယ်။ ဒီလို စိတ်လှုပ်ရှားစရာ ၉ ရက်တာ ခရီးစဉ်လေးရဲ့ အဆုံးမှာတော့ ဘယ်သူတွေက ရင်ခုန်သံချင်း ထပ်တူကြပြီးတော့ ချိုမြန်တဲ့ အချစ်ခရီးလမ်းလေးကို အတူလျှောက်လှမ်းသွားမလဲ... FAလေးတွေ ရိုကြမဲ့ Dating showဖြစ်တာကြောင့် တခြား Dating showတွေနဲ့မတူတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာ အသေအချာပဲမို့လို့ အတူ ရင်ခုန်စွာနဲ့ စောင့်ကြည့်လိုက်စို့နော်။

Family Register (2026) https://t.me/+heqgt_hLtoAzZTVl ဟန်းဂုတက္ကသိုလ်ကနေ ကိုးရီးယားပန်းချီ မေဂျာနဲ့ ဘွဲ့ရထားပြီး ကိုယ်ရဲ့ ပန်
+3
Family Register (2026) https://t.me/+heqgt_hLtoAzZTVl ဟန်းဂုတက္ကသိုလ်ကနေ ကိုးရီးယားပန်းချီ မေဂျာနဲ့ ဘွဲ့ရထားပြီး ကိုယ်ရဲ့ ပန်းချီကားတွေကို အသက်သွင်းကာ တစ်ကမ္ဘာလုံးက နှစ်သက်အားပေးကြတဲ့ အန်နီမေးရှင်းကို ဖန်တီးဖို့ အိပ်မက်မက်နေတဲ့ အန်နီမေးရှင်း ဖန်တီးသူလေး နာဂျီနီဟာ အပြင်ပန်းမှာတော့ ထုတ်လုပ်ရေးကုမ္ပဏီ ကိုယ်စားလှယ် ဖခင် ချာမင်ဂီ နဲ့ နာမည်ကြီး တယောကြီးပညာရှင် မိခင် နာဆယ်ရီ တို့ရဲ့ အရိပ်အောက်မှာ ကြီးပြင်းလာတဲ့ ရွှေမင်းသမီးလေးလို့ ထင်ရပေမဲ့ ဆယ်ကျော်သက်အရွယ်မှ သိလိုက်ရတဲ့ အမှန်တရားကတော့ သူဟာ မိသားစုတစ်စုကို ပျက်စီးစေပြီးမှ မွေးဖွားလာတဲ့ တရားမဝင်ကလေးဆိုတာပါပဲ ။ တစ်ဖက်မှာလည်း ခင်ပွန်းဖြစ်သူ ချာမင်ဂီရဲ့ သစ္စာဖောက်မှုကြောင့် ပျော်ရွှင်မှုတွေအစိတ်စိတ်အမြွှာမြွှာ ကွဲကြေခဲ့ရတဲ့ မယားကြီး နိုယောင်းဂျူ ကတော့ လက်ရှိမှာ အဆိုသင်တန်းဖွင့်လှစ်ရင်း ဘဝကို ဆက်လက် ဖြတ်သန်းလို့နေပါတယ် အပြစ်သားလို့ တံဆိပ်တပ်ခံရပြီး မွေးဖွားလာတဲ့ မိန်းကလေး ၊ အချစ်ကို ခိုးယူခဲ့တဲ့ အမျိုးသမီး ၊ အချစ်ကို လုယူခံလိုက်ရတဲ့ အမျိုးသမီး အမုန်းတရားတွေနဲ့ ရစ်ပတ်ထားတဲ့ သူတို့သုံးဦးရဲ့ ကံကြမ္မာက ဘယ်လိုတွေ ဆက်ဖြစ်မလဲ

Guardian: The Lonely and Great God 10th Anniversary (2026) https://t.me/+r7t4bSHJjUg1Njc1 ပရိသတ်ကြီးတို့ ရင်ထဲမှာ ၁၀ နှစ်တိုင
+2
Guardian: The Lonely and Great God 10th Anniversary (2026) https://t.me/+r7t4bSHJjUg1Njc1 ပရိသတ်ကြီးတို့ ရင်ထဲမှာ ၁၀ နှစ်တိုင်တိုင် စွဲကျန်နေခဲ့တဲ့ Goblin ဒရမ်မာရဲ့ Main Cast တွေ ဖြစ်ကြတဲ့ Gong Yoo, Lee Dong-Wook, Kim Go-Eun, Yoo In-Na တို့က အထူးအစီအစဉ်လေးနဲ့အတူ ပြန်လည်ရောက်ရှိလာပါပြီ။ ဒရမ်မာထဲမှာ အွန်းထက်က ဖယောင်းတိုင်မီးမှုတ်ပြီး မှင်စာဦးလေးကြီးကို ပထမဆုံးအကြိမ် ဆင့်ခေါ်လိုက်မိတဲ့ အထင်ကရ ရိုက်ကွင်းနေရာလေးဖြစ်တဲ့ ဂျူမွန်းဂျင်ပင်လယ် တည်ရှိရာ ဂန်းနွန်းမြို့ကို အမှတ်တရခရီး ထွက်ခွာကြမှာပါ။ နာမည်ကြီး ဇာတ်ဝင်ခန်းတွေကို ပြန်လည် သရုပ်ဖော်ပြရင်း အရင်က တစ်ခါမှ ထုတ်ဖော်မပြခဲ့ဖူးတဲ့ ရိုက်ကွင်းနောက်ကွယ်က စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကိုပါ ပြောပြပေးသွားမှာမို့လို့ ဒရမ်မာထဲကထက် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ သူတို့ ၄ ဦးရဲ့ အစစ်အမှန် chemistry တွေကို ကြည့်ရှုဖို့အတွက် မှင်စာသတို့သမီးရဲ့ အမှတ်တရတွေထဲ တစ်ခေါက်ပြန်ပြီး အလည်သွားလိုက်ရအောင်နော်။

Love In Sync (2026) https://t.me/+WwkjTnK5ApQ5OWM1 ယူဂျီအန်းဟာ တစ်ချိန်က အင်မတန် အောင်မြင်ခဲ့တဲ့ အိုင်ဒေါအဖွဲ့ဝင်ဟောင်းတစ်ဦးဖ
+2
Love In Sync (2026) https://t.me/+WwkjTnK5ApQ5OWM1 ယူဂျီအန်းဟာ တစ်ချိန်က အင်မတန် အောင်မြင်ခဲ့တဲ့ အိုင်ဒေါအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိခင်ဖြစ်သူရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက်မှာ စိတ်ခံစားချက်တွေကို ဖိနှိပ်ပြီး ကြီးပြင်းလာခဲ့သူဖြစ်လို့ သူတပါးအပေါ် ကိုယ်ချင်းစာစိတ် ကင်းမဲ့နေသူပါ။ အဲဒါကြောင့်လည်း သူမရဲ့ သရုပ်ဆောင် အရည်အချင်းအပေါ် ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရသူပေါ့...။ တစ်ဖက်မှာလည်း ချာအွန်းဟွမ်ဟာ သူတပါးရဲ့ ခံစားချက်တွေကို အလွန်အကျွံ လိုက်ခံစားတတ်သူတစ်ဦးဖြစ်ပြီး၊ ထူးခြားတဲ့ ဆွေးနွေးအကြံပေးမှု နည်းလမ်းတွေကြောင့် နာမည်ကျော်ကြားနေတဲ့ စိတ်ပညာအကြံပေး ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ မျှော်လင့်မထားတဲ့ မတော်တဆမှုကြောင့် သူ့ရဲ့ဘဝနဲ့ စိတ်အခြေအနေတွေ ပြိုကွဲသွားခဲ့ရပြီး အပြောင်းအလဲတွေဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကိုယ်ချင်းစာစိတ်မရှိတဲ့ ယူဂျီအန်းနဲ့ သူတပါးရဲ့ ခံစားချက်တွေကို အလွန်အကျွံ ခံစားပေးတတ်တဲ့ ချာအွန်းဟွမ်တို့နှစ်ဦး အပြန်အလှန် ခံစားချက်တွေ ဝေမျှမိရာကနေ ဘယ်လိုအချစ်ဇာတ်လမ်းလေး ဖြစ်ပေါ်လာမလဲ

The Husband (2026) https://t.me/+rE5z4vMSWGMxODI1 ဂန်ထယ်ဂျူ (Nam Koong-min) ဟာ အောင်မြင်ကျော်ကြားတဲ့ အာရုံကြောခွဲစိတ်ဆရာဝန်တစ
+5
The Husband (2026) https://t.me/+rE5z4vMSWGMxODI1 ဂန်ထယ်ဂျူ (Nam Koong-min) ဟာ အောင်မြင်ကျော်ကြားတဲ့ အာရုံကြောခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး Uri Hamkke ဆေးရုံရဲ့ ဆေးရုံအုပ်လည်းဖြစ်ပါတယ်။ လူအများအမြင်မှာ စံပြဇနီးမောင်နှံလို့ထင်ရပေမဲ့ လက်တွေ့မှာတော့ ဆေးရုံဖောင်ဒေးရှင်းရဲ့ဒါရိုက်တာချုပ်ဖြစ်သူ ဇနီး ဂိုဆယ်ယွန်း (Lee Seol) နဲ့ အိမ်ထောင်ရေးကအက်ကြောင်းထပ်ပြီး ပြိုကွဲလုနီးပါးဖြစ်နေပါပြီ။ အလှည့်အပြောင်းကတော့ သူတို့နှစ်ဦး ကွာရှင်းဖို့ သဘောတူညီချက်ရပြီး နောက်တစ်ရက်မှာပဲ ဇနီးဖြစ်သူ ဂိုဆယ်ယွန်းတစ်ယောက် အစအနမကျန်ပြန်ပေးဆွဲခံလိုက်ရခြင်းပါ ဒီဖြစ်ရပ်မှာ ခင်ပွန်းဖြစ်သူဂန်ထယ်ဂျူဟာ အဓိကသံသယရှိသူဖြစ်လာတာကြောင့် ရဲတပ်ဖွဲ့ရဲ့ လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရပြီး သူဟာ ဝရမ်းပြေးတစ်ယောက်အဖြစ် ပုန်းအောင်းရင်း ဇနီးဖြစ်သူကိုကယ်တင်ဖို့ အချိန်နဲ့အမျှ အသည်းအသန် လိုက်လံရှာဖွေရပါတော့တယ် ဒီလိုနဲ့ ရက်စက်တဲ့ ပြန်ပေးဆွဲသမား နိုမန်ဟီး (Kim Dae-myung) နဲ့ ထိပ်တိုက်ရင်ဆိုင်ရင်း သူတို့အိမ်ထောင်ရေးနောက်ကွယ်က ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ၊ ဆေးရုံတွင်းက အာဏာလုပွဲတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတဲ့အခါမှာဘယ်လိုစိတ်ဝင်စားစရာကောင်းတာတွေ ဆက်ဖြစ်မလဲဆိုတာ

Fan Service (2026) https://t.me/+YQpdx0QA91BkOTVl (စုစုပေါင်း ၆ ပိုင်း ရှိသည်ကို ၁ ပိုင်းတည်းအပြီး ပေါင်းပြီး တင်ဆက်ပေးထားပါတ
+4
Fan Service (2026) https://t.me/+YQpdx0QA91BkOTVl (စုစုပေါင်း ၆ ပိုင်း ရှိသည်ကို ၁ ပိုင်းတည်းအပြီး ပေါင်းပြီး တင်ဆက်ပေးထားပါတယ်ရှင်) အခုတစ်ခေါက်မှာတော့ Idol နဲ့ Fan ကြားက ဆက်ဆံရေးတစ်ခုအကြောင်းကို ရိုက်ပြထားတဲ့ ကိုရီးယား BL ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. သရုပ်ဆောင်တွေအနေနဲ့ မင်းသား Kim Chan Kyu, မင်းသား Kim Chang Min, မင်းသား Yangon Jae Woo အပြင် မင်းသား Kwak Geon Hee ကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း နာမည်ကြီး သရုပ်ဆောင်ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ မင်းသား ဂင်ဂွန်းအူ (Kim Chang Min) ဟာ ဖျော်ဖြေရေးလောကရဲ့ ဖိအား Saeseng Fan တွေရဲ့ နောက်ယောင်ခံလိုက်မှုတွေကို စိတ်ကုန်နေသူ တစ်ဦးပါ... တစ်နေ့ သာမန်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့ ဂျယ်ယွန်းကို နောက်ယောင်ခံလိုက်သူအဖြစ် မှားယွင်းစွပ်စွဲရာမှ ကိစ္စတွေ ရှုပ်ထွေးလာတဲ့အခါမှာတော့ .. ဘယ်လိုမျိုးတွေ ဖြစ်သွားမလဲ .. မြင်ကတည်းက မတည့်ကြတဲ့ သူတို့ ၂ ယောက်ကရော ဘယ်အချိန် ဘယ်လို ချစ်မိသွားကြမလဲဆိုတာကို Fan Service ဆိုတဲ့ 2026 ခုနှစ်ထွက် BL ကားအသစ်လေးမှာ ရင်ခုန် ခံစားကြည့်လိုက်ပါဦးနော် ။

upcoming Ongoing k-drama Lists (july 2026) 2026- ဇူလိုင်လမှာ ထုတ်လွှင့်ပြသသွားမယ့် ကေဒရာမာများ 🍃🌦️🌧️☔ 1. The Husband (July
+9
upcoming Ongoing k-drama Lists (july 2026) 2026- ဇူလိုင်လမှာ ထုတ်လွှင့်ပြသသွားမယ့် ကေဒရာမာများ 🍃🌦️🌧️☔ 1. The Husband (July 4, KBS) 2. Love In Sync (July 4, Disney plus) 3. Family Register (July 6, MBC) 4. The Apartment Job (July 11, JTBC) 5. Dream To You (July 13, ENA) 6. The East Palace (July 17, Netflix) 7. Spooky In Love (July 18, tvN) 8. A Shop For Killers2 (July 22, Disney plus) 9. Love On The Menu (July 25, KBS) 10. A Bonafide Killer (July 31, MBC) #July2026 #Ongoing #Kdrama #List

Agent Kim Reactivated (2026) https://t.me/+HYBnO-9C6I02Yzk9 Action, drama ဇာတ်လမ်းတွဲအသစ် ကောင်းကောင်းလေးကို မျှော်လင့်နေကြတဲ
+2
Agent Kim Reactivated (2026) https://t.me/+HYBnO-9C6I02Yzk9 Action, drama ဇာတ်လမ်းတွဲအသစ် ကောင်းကောင်းလေးကို မျှော်လင့်နေကြတဲ့ ပရိသတ်ကြီးတိုအတွက် မင်းသား So Ji Sub ရဲ့ Drama အသစ်လေး Agent Kim Reactivated နဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအကျဉ်း *** အသေးစားဘဏ်လေး တစ်ခုမှာ ဌာနမှူးရာထူးဖြင့် အလုပ်လုပ်နေတဲ့ ဌာနမှူးဂင် (So Ji Sub) ဟာ သမီးဖြစ်သူ မင်ဂျီကို ပျိုးထောင်ရင်း ရပ်တည်နေတဲ့ တစ်ကိုယ်တော်ဖခင် တစ်ဦးဖြစ်ပါတယ်....။ အခုအချိန်မှာ သာမန်လူတစ်ဦးအဖြစ် နေထိုင်နေတဲ့ ဌာနမှူးဂင်ဟာ အတိတ်မှာတော့ မြောက်ကိုရီးယားရဲ့ အလိုရှိဆုံး စာရင်းထဲက သူလျှိတစ်ဦးဖြစ်တဲ့အပြင် .. တောင်ကိုရီးယားဘက်မှာလည်း ထိုအတိတ်ကအကြောင်းအရာဟာ ပေါ်ထွက်လို မရတဲ့ အချိန်ကိုက်ဗုံးတစ်လုံးလို ဖြစ်နေတဲ့အချိန်မှာပဲ .. သမီးဖြစ်သူ မင်ဂျီတစ်ယောက် ပျောက်ဆုံးသွားတဲ့အခါ .. ချစ်ရတဲ့ သမီးလေးကို ကယ်တင်ဖို ဌာနမှူးဂင်တစ်ယောက် ဘယ်လိုမျိုး ရုန်းကန်သွားမလဲ .. သူ့အတိတ်က သရုပ်မှန်ကိုရော ဖော်ထုတ်သွားမလား အရာအားလုံးကိုရော ရင်းပစ်မှာလားဆိုတာ

Notes from the Last Row (2026) https://t.me/+SpZzbD-Xk7dkYWM1 နာမည်ကြီး စပိန်ပြဇာတ်ကို အခြေခံရိုက်ကူးထားပြီး Exhuma ထဲက မင်းသ
+1
Notes from the Last Row (2026) https://t.me/+SpZzbD-Xk7dkYWM1 နာမည်ကြီး စပိန်ပြဇာတ်ကို အခြေခံရိုက်ကူးထားပြီး Exhuma ထဲက မင်းသားကြီး Choi Min-Sik နဲ့ Weak Hero Class ထဲက မင်းသား Choi Hyun-Wook တို့ရဲ့ သရုပ်ဆောင်အားပြိုင်ပုံတွေကို အားရဖွယ်ကြည့်ရှုရမဲ့ Neflix စီးရီးသစ်လေး ထွက်ရှိလာပါပြီ။ - ဇာတ်လမ်းအကျဉ်း - စာရေးဆရာတစ်ယောက်အနေနဲ့ အောင်မြင်မှုမရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ သိမ်ငယ်စိတ်တွေနဲ့ ထွေးပိုက်ရှင်သန်နေရတဲ့ ကိုးရီးယားစာပေပါမောက္ခ ဟောမွန်းအို (Choi Min-Sik)... ကျောင်းသားတွေရဲ့ အဆင့်မမီတဲ့ စာမူတွေက သူ့အတွက် ဝေဖန်ဖို့တောင် တန်ဖိုးမရှိဘူးလို့ ခံစားနေရချိန်မှာပဲ စာသင်ချိန်တိုင်း နောက်ဆုံးတန်းမှာ ထိုင်လေ့ရှိတဲ့ အင်ဂျင်နီယာကျောင်းသားလေး အီဂန်း (Choi Hyun-Wook) ရဲ့ ဝတ္ထုက သူ့ကို အံ့အားသင့်သွားစေခဲ့ပါတယ်။ ဆွဲဆောင်မှုရှိပြီး ခန့်မှန်းရခက်တဲ့ အီဂန်းရဲ့ စာအရေးအသားတွေအပေါ် ပါမောက္ခ ဟောမွန်းအိုတစ်ယောက် ရူးသွပ်မတတ် စွဲလမ်းမိသွားတဲ့အခါမှာတော့... တကယ်ပဲ အီဂန်းရေးသားတဲ့ ဝတ္ထုတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ... ဆရာဖြစ်သူရဲ့ လွန်ကျူးတဲ့ စွဲလမ်းမှုက တပည့်ကို ဘယ်လိုနွံထဲ ဆွဲချသွားမလဲ

The Prosecutor's Proposal (2026) https://t.me/+9zwdPqjK3fJmMTNl ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် Mystery - Romance BL ကာ
+2
The Prosecutor's Proposal (2026) https://t.me/+9zwdPqjK3fJmMTNl ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် Mystery - Romance BL ကားသစ်လေး ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ~ လွန်ခဲ့တဲ့ ၁၅ နှစ်က ဖြစ်ပွားခဲ့တဲ့ ကာစီနိုလောကရဲ့ အင်အားကြီး သူဌေးတစ်ဦး အသတ်ခံခဲ့ရတဲ့ အမှုကြောင့် လူငယ်လေး ၂ယောက်ရဲ့ ဘဝဟာ ငရဲလို ဘဝမျိုးထဲ ကျရောက်သွားပါတော့တယ်။ တစ်ယောက်က ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကို ခံစားနေရတဲ့ "နစ်နာသူရဲ့သား" ဖြစ်လာခဲ့ပြီး နောက်တစ်ယောက်ကတော့ သူ့အဖေရဲ့ သွေးစွန်းနေတဲ့ လက်ကြောင့်ပဲ " လူသတ်သမားရဲ့သား" ဆိုပြီး အမည်းစက် ထင်သွားရပါတယ်။ နှစ်တွေကြာပြီးနောက်မှာတော့ ထို ၂ ယောက်ကို ကံကြမ္မာက အမှုစစ်နဲ့ စုံစမ်းစစ်ဆေးရေးမှူးအဖြစ်နဲ့ ပြန်လည်တွေ့ဆုံစေခဲ့ပါတော့တယ်။ မလွတ်မြောက်နိုင်တဲ့ သံသရာဝဲဂယက်ကြီးထဲမှာ ပိတ်မိနေကြတဲ့ သူတို့ ၂ ယောက်ဟာ ကော်ပိုရေးရှင်ကြီး တစ်ခုနဲ့ အမှုစစ်ရုံးအထိ ချိတ်ဆက်နေတဲ့ အကျင့်ပျက်ခြစားမှုကြီးကို ဖော်ထုတ်ဖို့ ကြိုးစားကြရင်း ရှုပ်ထွေးတဲ့အခြေအနေမှာ တစ်ယောက်အတွက် တစ်ယောက်က အားနည်းချက်ဖြစ်သလို ကယ်တင်ခြင်းလည်း ဖြစ်လာကြပြီး အမှုကို ဖြေရှင်းသွားနိုင်မလား

See You at Work Tomorrow! (2026) https://t.me/+48FZK46vQhU0OWI1 ချာဂျီယွန်း (Park Ji Hyun)ဟာ ဆယ်အွန်းအီလက်ထရွန်းနစ်ကုမ္ပဏီမှာ
+5
See You at Work Tomorrow! (2026) https://t.me/+48FZK46vQhU0OWI1 ချာဂျီယွန်း (Park Ji Hyun)ဟာ ဆယ်အွန်းအီလက်ထရွန်းနစ်ကုမ္ပဏီမှာ လုပ်သက် ၇ နှစ်ရှိတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး သူမရဲ့အလုပ်ကျွမ်းကျင်မှုနဲ့ ထက်မြက်မှုတွေကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ယုံကြည်မှုကိုရရှိထားသူလည်းဖြစ်ပါတယ် ဒါပေမဲ့ သူမဟာ အလုပ်နဲ့ပတ်သက်ပြီး စိတ်ကုန်လာသလို အချစ်ရေးမှာလည်း အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျလာပါတော့တယ် အဲဒီလို သူမရဲ့ နေ့စဉ်ဘဝထဲကို စိတ်သဘောထားခက်ထန်ပြီး အေးစက်တဲ့ အထက်လူကြီးဂန်ရှီအူ(Seo In Guk)က ရောက်ရှိလာပါတယ် အမှားတစ်ခုတွေ့တာနဲ့ အပြစ်ရှာတတ်လွန်းတဲ့ အထက်လူကြီးဂန်ရှီအူနဲ့ အလုပ်ပြီးမြောက်အောင်လုပ်ဆောင်ရမယ့် ဝန်ထမ်းချာဂျီယွန်းတို့ကြားမှာ နေ့တိုင်းလိုလို ပဋိပက္ခတွေဖြစ်ပွားနေပါတော့တယ် အဲဒီလိုနဲ့ တစ်နေ့မှာတော့ ကုမ္ပဏီရဲ့အရေးကြီးတဲ့စီမံကိန်းတစ်ခုကို အတူလုပ်ဆောင်ရင်း .. အချင်းချင်းရဲ့ မထင်မှတ်ထားတဲ့ဘက်အခြမ်းကို မြင်လိုက်ရတဲ့အခါမှာတော့... ရန်သူလိုလို မိတ်ဆွေလိုလိုနဲ့စတင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ရုံးခန်းတွင်းအပြိုင်အဆိုင်တွေကြားမှာ ဘယ်လိုမျိုး ချစ်ခြင်းမေတ္တာအဖြစ် ပြောင်းလဲသွားမလဲ

IU CONCERT : THE WINNING [Pt.1+ Pt.2] (2025) IMDb Rating (9.0) https://t.me/+Rtp1Kenmp_k4Mjg9 အဆိုပိုင်းတင်မက သရုပ်ဆောင်ပိုင်
+1
IU CONCERT : THE WINNING [Pt.1+ Pt.2] (2025) IMDb Rating (9.0) https://t.me/+Rtp1Kenmp_k4Mjg9 အဆိုပိုင်းတင်မက သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်ပေါင်းများစွာရဲ့ အချစ်တွေကို ရရှိထားတဲ့ မမလှလှ IU ရဲ့ (၁၀၀) ကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးဖြစ်တဲ့ "The Winning" က ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဖျော်ဖြေပွဲလေးဟာဆိုရင်တော့ IU ရဲ့ ပွဲဦးထွက်ပြီးနောက် ပထမဆုံး အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ World Tour ရဲ့ Encore ပွဲစဉ်လေးဖြစ်ပြီး တောင်ကိုးရီးယား တစ်ကိုယ်တော် အမျိုးသမီး အဆိုတော်တွေထဲမှာ ပထမဆုံးအနေနဲ့ Seoul World Cup Stadium မှာ ဖျော်ဖြေနိုင်ခဲ့တဲ့ မှတ်တိုင်ထူစင်မြင့်လေးဆိုလည်း မမှားပါဘူး။ UAENA တို့ရဲ့ ဟိန်းထွက်နေတဲ့ လက်ခုပ်သံတွေ၊ အားပေးဟစ်အော်သံတွေနဲ့အတူ ခမ်းနားထည်ဝါတဲ့ ဖျော်ဖြေမှုမြင်ကွင်းတွေကို ရှုစားရင်း IU ရဲ့ နာမည်ကြီးသီချင်းတွေကို ပြန်လည် ခံစားနားဆင်နိုင်ဖို့အတွက် အခုပဲ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါတော့နော်။

Teach You a Lesson (2026) https://t.me/+qj-XNqVa_EdlZGI1 Taxi Driver လို တရားမျှတမှုဖော်ဆောင်ပေးတဲ့ အက်ရှင်ဇာတ်လမ်းတွေကို စော
+4
Teach You a Lesson (2026) https://t.me/+qj-XNqVa_EdlZGI1 Taxi Driver လို တရားမျှတမှုဖော်ဆောင်ပေးတဲ့ အက်ရှင်ဇာတ်လမ်းတွေကို စောင့်မျှော်နေသူများအတွက် Netflix ကနေ ထွက်ရှိလာတဲ့ webtoon-based ဒရမ်မာသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ မင်းသား Kim Moo-Yul နဲ့ မင်းသားကြီး Lee Sung-Min၊ မင်းသမီး Jin Ki-Joo၊မင်းသား Pyo Ji-Hoon တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - စည်းကျော်လာကြတဲ့ ကျောင်းသား၊ မိဘနဲ့ ကျောင်းဆရာတွေကြောင့် ယိုယွင်းပျက်စီးလာတဲ့ ပညာရေးစနစ်ကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ပညာရေးဝန်ကြီး ချွဲဂန်ဆော့ (Lee Sung-Min) ရဲ့ ဦးစီးမှုအောက်မှာ တည်ထောင်လိုက်တဲ့ "ပညာရေးဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးဌာန"... ဒီဌာနရဲ့အဓိက တာဝန်ကတော့ ကျောင်းတွေမှာ ဖြစ်ပွားနေတဲ့ ကျောင်းတွင်းအနိုင်ကျင့်မှု၊ အာဏာပြမှု အစရှိတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးဖို့ပါပဲ။ အဆိုပါ တာဝန်ကို အကောင်အထည်ဖော်ဖို့အတွက် ကြီးကြပ်ရေးမှူး နာဟွာဂျင်း (Kim Moo-Yul) ဦးဆောင်တဲ့ အဖွဲ့က ပြဿနာရှိနေတဲ့ ကျောင်းတွေဆီကို ကိုယ်တိုင် သွားရောက်ပြီးတော့ နစ်နာသူဘက်က‌နေ မားမားမတ်မတ် ရပ်တည်ပေးပြီး ကျူးလွန်သူတွေကို ဘယ်လို ပညာပေးဆုံးမသွားမှာလဲ..