cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

Advertising posts
2 822
Subscribers
+424 hours
+137 days
+2130 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Photo unavailableShow in Telegram
ယနေ့ နံနက် ၁၁:၂၀ အချိန်၌ မိုးကုတ်မြို့ ဘုရားငါးဆူ စေတီ အနီး၌  စစ်သွေးကြွ TNLA ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်။ လက်ရှိ၌ မိုးကုတ်မြို့၌ တိုက်ပွဲများ ပြင်းထန်ဆဲဖြစ်သည်။ 11:30 AM ၊ ဇွန် -၃၀ #PeopleMedia
Show all...
👍 5
စစ်နိုင်ဖို့ကအဓိက ပလောင် TNLA ရဲ့ တစ်ကျော့ပြန် နယ်မြေကျူးကျော်မှုစစ်ပွဲတွေကို လေ့လာကြည့်တဲ့အခါ တပ်တွေကို ရှောင်ကွင်းပြီး မြို့ထဲကို အလုံးအရင်း နဲ့ ဝင်ကာ မြို့ကို ခြေကုတ်ရရှိရေး ကြိုးပမ်းလုပ်ဆောင်နေတာ တွေ့ရ တယ် ။ မြို့ထဲမှာခြေကုတ်ရောက်ပြီးကာမှ သက်ဆိုင်ရာ နယ်မြေခံတပ်တွေကို ပြန်လည် တိုက်ခိုက်ပြီး နယ်မြေဒေသ တစ်ခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ရေး ဗျူဟာကို ကျင့်သုံး နေတာကိုလည်း တွေ့ရပြန်တယ်။ သဘောကတော့ မြို့ထဲကို သူတို့ခြေကုတ် ရရင်  အင်တာနက် ခေတ်မှာ ဓာတ်ပုံရိုက် ပြ ဝါဒ ဖြန့်ချိရုံနဲ့ စိတ်ဓာတ်ရေးအရအသာ စီး ရသွားပြီ ဖြစ်သလို ဒီပုံရိပ်တွေကြောင့် ပဲ မိမိတပ်တွေ ရော မိမိပြည်သူလူထုကပါ စိတ်ထိခိုက်မှုတွေ ဖြစ်လာစေခြင်းဖြင့် စိတ်ဓာတ်ရေးရာ အရ အသာစီးရဖို့  ဦးစွာ ကြိုးပမ်းလုပ်ဆောင်လာတဲ့ သဘောပဲ။ ဒါကလည်း ရှေ့မှာဖြစ်ခဲ့တဲ့ ၁၀၂၇ တုန်းက အတွေ့အကြုံတွေအရ လုံခြုံရေး တပ်တွေဟာ မြို့ပတ်လည် အပြည့်အဝ လုံခြုံရေး ယူနိုင်စွမ်းအားနည်း နေတာ ကို သိရှိခဲ့ခြင်း ၊  မြို့ထဲကို ခြေကုတ် ရပြီး ချိန်မှာ မိမိတပ်တွေ အနေနဲ့ မြို့နေ ပြည်သူလူထု ထိခိုက်မှာစိုးလို့ ပြင်းပြင်း ထန်ထိန် ဗုံးကျဲတိုက်ခိုက်လေ့ မရှိတဲ့ အချက်ကို သိရှိခဲ့ခြင်း စတဲ့ အချက်တွေ ကို  အခွင့်အရေးတစ်ရပ်အနေဖြင့် အသုံးချ တိုက်ခိုက်နေတာတွေ့ရတယ်။ တလောက ၁၀၂၇ စစ်ပွဲအတွေ့အကြုံ နဲ့ ပတ်သက်ပြီး နမ့်ခမ်းမြို့မှာ နေခဲ့တဲ့ အမျိုးသမီးတစ်ယောက် ပြောတာကို သတိရမိတယ်။ နမ့်ခမ်းမြို့ ကို ပလောင်တွေဝင်တော့ တပ်က တော်တော်ညှာတယ်တဲ့ ။ လူတွေ အဆောက်အ ဦး တွေ ထိခိုက်မှာ စိုးလို့ ပြင်းပြင်းထန်ထန် တုံ့ပြန်မတိုက် ခိုက်ဖူးလို့ ဆိုပါတယ် ။မြို့ထဲကို လည်း လေယာ ဥ်နဲ့ ဗုံးလာမကျဲတော့ TNLA က တဖြည်းဖြည်းနဲ့ နေရာယူလာရာ ကနေ နောက်ဆုံး တစ်မြို့ လုံးကို ရောက်ကုန်တော့တာပဲ ။နောက်မှ နမ့်ခမ်းမြို့ပြင်မှာ ရှိတဲ့ တပ်မကုန်းကို ပလောင် က တိုက်ပါသတဲ့။မြို့တွင်း တိုက်ပွဲလို့ ပြောကြပေမယ့် ကျမ တို့ နမ့်ခမ်းမြို့ ကတော့ တအားကြီး မပျက်စီးလိုက်ပါဘူး လို့ ပြောပြပါတယ်။ အဲဒီလို ပြောပြတဲ့ အမျိုးသမီးက ရှမ်းတိုင်း ရင်းသူ တစ် ဦး ဖြစ်ပြီး အခုတော့ သူတို့ စီးပွားရေး အရ ဆိုင်ခန်းပြန်ဖွင့် တာ ပလောင် က တစ် လ သိန်း ၁၂၀ တောင်းလို့ မဖွင့်နိုင်တော့ဘဲ ရန်ကုန်ရှိ ဝန်ထမ်းဖြစ်တဲ့ သူယောကျာ်းဆီကို ပြန်ရောက်နေပါပြီ။ ဆိုတော့ ပြောချင်တာ က ရန်သူ့ဗျူဟာ ကို ကျွန်တော် တို့ သိပြီ ဖြစ်လို့ ဘာလုပ် သင့်တယ် ဆိုတာကို အကောင်းဆုံး ရွေးချယ်တုံ့ပြန်နိုင်ဖို့ လိုပါတယ်။ အဓိက တော့ ပြင်းပြင်းထန်ထန် ဗုံးကျဲ တိုက်ခိုက်ဖို့ လိုပါတယ် ။ အမေရိကန်တွေ တောင် မြို့သိမ်းတိုက်ပွဲတွေမှာ ဖွတ်ဖွတ် ညက်ညက်ကျေအောင် ဗုံးကျဲပြီး ကာမှ မြို့ကို သိမ်းပါတယ် ။ အလံတက် စိုက်ပါ တယ် ။ ၂၀၀၄ ခုနှစ် ဖာလူဂျာမြို့သိမ်း တိုက်ပွဲမှာ လူစည်ကားရာ ဈေးခေါင်းမိုး ပေါ်ကို ဗုံးကျဲချခဲ့လို့ လူ ၅၀၀ ကျော်ပြ ၁၀၀၀ နီးပါး  ဒဏ်ရာရခဲ့တာကို ကြည့်ရင် ကိုယ်တွေ လည်း ဘာမှ ညှာစရာမရှိပါ ဘူး။ စစ်နိုင်ဖို့ က သာ အဓိကပါ။ နပိုလီယန် ပြောခဲ့သလိုပဲ ၊ တိုင်းပြည် အတွက်အလုပ်လုပ်တာ  ဥပဒေချိုးဖောက် တယ် ဆိုတာ မရှိဘူး ဆိုတဲ့ အတိုင်းရဲရဲရင့်ရင့် တုံ့ပြန် ချေမှူန်းကြရမယ် ။ နယ်မြေကျူးကျော်ရန်စလာတဲ့ TNLA အကြမ်းဖက် သူပုန်တွေ ကို အမြစ်ပြတ် ချေမှူန်းကြရမယ့် တာဝန်ဟာ မိကောင်း ဖခင်သားသမီးများဖြစ်တဲ့ မြန်မာ တိုင်းရဲ့ တာဝန်  ဖြစ်တာမို့ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်နဲ့ မြန်မာ့သွေးကို ပြကြပါ။ အောင်နိုင်သူ (ဇွဲကပင်)
Show all...
👍 6
Photo unavailableShow in Telegram
ယနေ့စက်သုံးဆီစျေးနှုန်းများ
Show all...
👍 5
Photo unavailableShow in Telegram
June 30 (2024) မင်္ဂလာရှိသော မနက်ခင်းပါခင်ဗျာ 🌄🌅🌄 လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ 🙏🏻🙏🏻🙏🏻 ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ 🙏🏻🙏🏻🙏🏻 ကောင်းမွန်သောနေ့ရက်များကိုလည်းပိုင်ဆိုင်နိုင်ကြပါစေ 🙏🙏🙏 #YGRNews
Show all...
🙏 9👍 3
သီပေါမှာ လမ်းတွေ ဖြတ်တောက်လိုက်တာကြောင့် ဆွမ်းကိစ္စ ခက်ခဲလာလို့ စာသင်နေတဲ့ ကိုရင်တွေ နေရပ်ပြန် ဇွန် ၂၈၊ ၂၀၂၄ Shy V (VOM) သီပေါမှာ လမ်းတွေ ဖြတ်တောက် လိုက်တာကြောင့် ဆွမ်းကိစ္စ ခက်ခဲလာလို့ ဇွန်လ ၂၇ ရက်မှာ စာသင်နေတဲ့ ကိုရင်တွေ မိမိ နေရပ် ပြန်ကုန်ကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ "သီပေါက ကိုရင်လေးတွေ ကိုယ့်ရွာကိုယ် ပြန်ကြရတယ်။ ရေဟော် ဘုန်းကြီး စာသင်တဲ့ကျောင်းက။ ကိုရင် အပါး ငါးရာ လောက်ရှိတယ်။ ခုတော့ စားသောက်ဖို့ ခက်ခဲကုန်ကြပြီလေ။ ရွာဝေးရွာနီး အဆင်ပြေသလောက် ပြန်ပို့ကြရတာ" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
Show all...
👍 6😱 2
တရားဆိုတာ နာရတယ်။ နာလို့ရှိရင် ဒီဘဝ အပြည့်အဝ နားမလည်လည်း မျိုးစေ့ကလေးတော့ ဖြစ်သွားတယ်။ နောင်ဘဝအတွက် မျိုးစေ့ရတယ်ဆိုတာ နည်းတာ မဟုတ်ဘူး။ မျိုးစေ့ကလေး ရသွားနိုင်တယ်။ အေး ဒီလိုလေးတောင် ဘုရားသာသနာနဲ့ ကြုံတဲ့အချိန်လေးမှာ မျိုးစေ့လေးတောင် မရလိုက် လို့ရှိရင် နောင်ဘဝ အပင်ဆိုတာ မမျှော်လင့်လေနဲ့။ သံသရာထဲမှာ မျှော်လင့်စရာအကြောင်းမရှိဘူး။ ဘုရားနဲ့တွေ့လည်းပဲ မကျွတ်နိုင်တဲ့ နလပိန်းတုန်းပဲ ဖြစ်မှာပဲ။ အေး  တရားဓမ္မကို နားမလည်ဘူး။ ဒီဘဝမှာ နားလည် နိုင်တဲ့ စွမ်းအားမရှိခဲ့ဘူး။ နားမလည်ခဲ့ဘူး။ တရားဆိုတဲ့အသံ နားထဲ တောင် မရောက်ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ နောက်ဘဝလည်းပဲ ရောက်ဖို့ သိပ်မရှိတော့ဘူး။ ဝေးသထက် ဝေးသွားတတ်တယ်။ ဒါကမဖြစ်ဘူး မပြောနဲ့။ ပဉ္စက္ကပုဏ္ဏား လင်မယား ကဿ     ပ မြတ်စွာဘုရား လက်ထက်က နာမရူပဆိုတဲ့ စကားလုံးနဲ့ ရှင်း ဟောတာ တစ်ခါတည်း အနာဂါမ်တန်းဖြစ်တယ်လေ။ ဘာဖြစ်လို့ ဖြစ်တာတုန်းဆိုတော့ "နာမရူပ"ဆိုတဲ့ စကားလုံးလေးကို ကြားခဲ့ဖူးလို့တဲ့။ အတိတ်က အကြောင်းနဲ့ ပြန်ဆက်ပေးတာ။ ဘယ်အရာမှ ပျောက်သွားတာမရှိဘူး၊ online ဖြစ်နေတာ။ ကိုယ့်သန္တာန်မှာ ဖြစ်သွားတဲ့ အသိဉာဏ်တစ်ခုဟာ အခုခေတ်စကားနဲ့ ပြောရင် online ဖြစ်နေတာ။ online ဖြစ်နေတယ်ဆိုတာ နောက်ထပ် အကြောင်းတစ်ခု ပေါင်းလိုက်တာနဲ့တစ်ပြိုင်နက် သူကပေါ်လာမှာ။ အေး ဒါကြောင့်မို့လို့ မြတ်စွာဘုရား သာသနာနဲ့ ကြုံတွေ့နေတဲ့အချိန်လေးမှာ မိမိတို့ တရားဓမ္မကို လေ့လာသင့်တယ်။ နားလည်အောင် မှတ်ယူသင့်တယ်။ လေ့လာသင့်တယ်။ အဲဒီလို မှတ်ယူလေ့လာခြင်းဟာ ဘယ်တော့မှ အလဟဿ     မဖြစ်ဘူးတဲ့။ လုပ်ထားတဲ့ အရာတွေဟာ အလဟဿ      သဲထဲရေသွန် ဖြစ်တယ်ဆိုတာ မရှိဘူးတဲ့။ အဲဒါကြောင့်မို့လို့ အင်မတန်မှ ခိုင်မြဲတယ် ဒီအသိ ဉာဏ်တွေ ဆိုတာ အနိစ္စသဘောတရားအရ ပျောက်သွားပေမယ့်လို့ သူ့ရဲ့ စွမ်းရည်သတ္တိတွေက ကျန်ရစ်တယ်။ ကြည့်လေ ငယ်ငယ်တုန်းက "က ခ" မရေးတတ်တဲ့ အချိန်မှာ ဆရာ ဆရာမတွေဆီက သင်ထားတာ ကြီးတော့ ပျောက်သွားလား? ဘယ်ပျောက်မလဲ။ ငယ်ငယ်တုန်းက ရေးတတ်တာ သင်ထားတာဟာ ကြီးတော့ ပျောက်သွားတာမှ မဟုတ်တာ။ အသိဉာဏ်ဆိုတာ ပျောက်မသွားဘူးတဲ့။ ပြန်ပေါ်လာတယ်။ ဒါကြောင့်မို့လို့ တရားဓမ္မကို လေ့လာ လိုက်စားကြရတယ်။ ကျင့်ကြံကြိုးကုတ် အားထုတ်ကြရတယ်။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏
Show all...
👍 7
Photo unavailableShow in Telegram
ယနေ့စက်သုံးဆီစျေးနှုန်းများ
Show all...
👍 5
Photo unavailableShow in Telegram
June 29 (2024) မင်္ဂလာရှိသော မနက်ခင်းပါခင်ဗျာ 🌄🌅🌄 လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ 🙏🏻🙏🏻🙏🏻 ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ 🙏🏻🙏🏻🙏🏻 ကောင်းမွန်သောနေ့ရက်များကိုလည်းပိုင်ဆိုင်နိုင်ကြပါစေ 🙏🙏🙏 #YGRNews
Show all...
🙏 9
ကျောက်မဲ Asia World ဝန်းထဲမှာရှိတဲ့ ၀န်ထမ်း လူ ၄၀ ဦးခန့်ကို အကြမ်းဖက် TNLA တွေ ဖမ်းပြီး လူသားတံတိုင်းလုပ်ထား။ TNLA အကြမ်းအဖွဲများ အဆိုပါ AsiaWorld ၀န်းအတွင်း စခန်းချနေထိုင်လျက်ရှိ။
Show all...
👍 3
🔥🔥🔥ပြည်သူတွေမျက်ရည်ကျနေပြီ🔥🔥🔥 ကျောက်မဲမှာ အကြမ်းဖက်TNLA အဖွဲ့မှ ပြည်သူများရဲ့ပစ္စည်းများကို ဓါးပြတိုက်ခြင်း ခိုးယူခြင်းများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် ကျောက်မဲဒေသခံပြည်သူများမှာ စိတ်ဒုက္ခတွေရောက်နေကြ။ နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်သမားတွေကို ထိရောက်ပြတ်သားစွာ ချေမှုန်းပေးဖို့ ပြည်သူတွေတောင်းဆိုနေ။
Show all...
👍 3
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.