en
Feedback
M Cinema - 3

M Cinema - 3

Open in Telegram

WELCOME CIN3MA

Show more
1 212
Subscribers
No data24 hours
No data7 days
-330 days
Posts Archive
The Monk and the Gun 2023 - 1080p ဇာတ်ကားသစ်

The Monk and the Gun (2024) ဇာတ်ကားသစ် ဒီရုပ်ရှင်အကြောင်းကိုမပြောချင် ကျွန်တော်တို့ သိထားရမှာလေးတွေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကြောင်းလေးတွေကို သိမှ ဒီရုပ်ရှင်လေးကပေးချင်တဲ့ ရသကိုအပြည့်အဝခံစားနိုင်မှာ ဖြစ်လို့ပါ။ လက်ရှိကျွန်တော်တို့ နေနေကြတဲ့ ကမ္ဘာကြီးဟာ အင်မတန်ပူပြင်းလှတဲ့ သဲကန္တာရကြီးဆိုပါစို့. အဲလိုဆိုရင် ဒီကားထဲမှာပါတဲ့ ဘူတန်နိုင်ငံလေးဟာ အိုအေစစ်လိုမျိုးနိုင်ငံလေးပါပဲ။ ဘူတန်နိုင်ငံဆိုတာ ကုန်းတွင်းပိတ်နိုင်ငံသေးသေးလေးဖြစ်ပြီး တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကြားမှာတည်ရှိပါတယ်။ နိုင်ငံက အရမ်းသေးပြီး နေထိုင်တဲ့လူဦးရေက တစ်နိုင်ငံလုံးပေါင်းမှ တစ်သန်းလောက်တောင် မပြည့်ပါဘူး။ ဒီရုပ်ရှင်ဇာတ်ကြောင်းကို အခြေတည်ထားတဲ့ ၂၀၀၆ ခုနှစ်ဝန်းကျင်အချိန်လောက်မှာ အဲဒီ့နိုင်ငံလေးကို ဘုရင်စနစ်နဲ့ပဲ အုပ်ချုပ်နေခဲ့တာပါ။ ဆိုတော့ ဘုရင်ကြီးရဲ့ ဩဇာဟာ ပြည်သူတိုင်းအပေါ်မှာ သက်ရောက်ပြီး ပြည်သူတိုင်းကလည်း သူတို့ရဲ့ဘုရင်ကြီးကို ချစ်ခင်မြတ်နိုးကြပါတယ်။နောက်ပြီး ဘူတန်နိုင်ငံဟာ ဗုဒ္ဓဘာသာအဓိက ကိုးကွယ်တဲ့နိုင်ငံဖြစ်ပြီး သူတို့ရဲ့ ဘုရင်ကြီးဟာလည်း မေတ္တာတရားနဲ့ပေါင်းစပ်ပြီး ပြည်သူတွေကို အုပ်ချုပ်တာကြောင့် သူတို့တိုင်းပြည်လေးဟာ လောဘဒေါသမောဟတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အတော်လေးနည်းပါးပါတယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကိုတိုင်းတာတဲ့ GDP ညွှန်းကိန်းဟာ ဘူတန်နိုင်ငံမှာ အလုပ်မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ GDP ကို ပြည်သူတွေရဲ့ ပျော်ရွှင်မှုနဲ့ တိုင်းတာတာပါတဲ့။ စာတွေအရ 1990 လောက်ကတည်းက သူတို့ဆီမှာ ပလပ်စတစ် မသုံးစွဲရသလို ၊ သစ်ပင်ဝါးပင်တွေကို ခုတ်ယူခြင်းကိုလည်း လုံးဝ တင်းကြပ်စွာ တားဆီးထားပါတယ်။ တောရိုင်းတိရစ္ဆာန်တွေအား ဖမ်းဆီးစားသောက်ခြင်းကိုလည်း လုံးဝတားမြစ်ထားပြီး အသားငါးစားဖို့အတွက် အိန္ဒိယနိုင်ငံဘက်ကနေပဲ တင်သွင်းခွင့် ပြုပါသတဲ့။ နောက် ဖိုဝါဒအားကောင်းဖို့ဆိုတာ ဘူတန်မှာ မဖြစ်နိုင်ပါဘူး။ အိမ်ထောင်မှုတခုရဲ့ အရေးကြီးတဲ့ ကဏ္ဍတွေကို အမျိုးသမီးတွေကပဲ ဦးစီးကြရသလို အမွေခွဲရင်တောင် အမျိုးသမီးများကပဲ ပိုရပါသတဲ့။ဆိုတော့ အပေါ်က အကြောင်းအရာတွေကို ကျွန်တော်တို့ သိထားမှာသာ ဒီရုပ်ရှင်လေးက ပေးချင်တဲ့ အနှစ်သာရကို ကောင်းကောင်းကြီး ခံစားလို့ရမှာပါ။ ဆိုတော့ ဒီရုပ်ရှင်ကို Oscar ဆု စကာတင်စာရင်းဝင်ခဲ့တဲ့ “Lunana: A Yak in the Classroom” ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဘူတန်လူမျိုး ဒါရိုက်တာ Pawo Choyning Dorji ရဲ့ နောက်ထပ်ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်တဲ့ “The Monk and The Gun” နဲ့ မိတ်ဆက်ပေးပါရစေ.ဒီရုပ်ရှင်လေးကိုတော့ ဘူတန်နိုင်ငံရဲ့ ဘုရင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ကာလဖြစ်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ဝန်းကျင်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်. ရုပ်ရှင်လေးလို့ သုံးနှုန်းရတဲ့ အကြောင်းအရင်းကတော့ ဒီရုပ်ရှင်ကိုကြည့်ရင်းနဲ့ ဘူတန်နိုင်ငံရဲ့ သဘာဝအလှတွေအပြင် ဘူတန်လူမျိုးတွေရဲ့ ပွင့်လင်းရိုးသားဖြူစင်မှုတွေကို အထင်းသားတွေ့မြင်နိုင်လို့ပဲဖြစ်ပါတယ်. ဒါ့အပြင် အဲဒီ့ ၂၀၀၆ ခုနှစ်တာကာလမှစပြီး ဘူတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သက်တမ်းအနုဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ဖော်ဆောင်နေတဲ့ ကာလာဖြစ်ပါတယ်.ဒီရုပ်ရှင်လေးမှာတော့ သူတို့ဘူတန်နိုင်ငံမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲကြီးအတွက် တစ်ခါမှမဲပေးခဲ့ဖူးခြင်းမရှိတဲ့ တောရွာက ပြည်သူတွေကို အစမ်းရွေးကောက်ပွဲလုပ်ပေးတာမျိုးလေးတွေ၊ အဲဒီ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရွာသားတွေ၊ ဘုန်းကြီးတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကလူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကို ဟာသလေးနှောပြီး စိတ်ဝင်စားဖို့ကောင်းအောင် ဒါရိုက်တာက ချပြထားပါတယ်.အဲဒီအချိန်မှာပဲ နိုင်ငံထဲကဩဇာတိက္ကမရှိတဲ့ ဆရာတော်တပါးက သူ့လက်အောက်က ပဉ္ဇင်းငယ်တပါးကို သေနတ်တလက် ရှာဖွေခိုင်းပါတယ်။ တိုက်ဆိုင်စွာပဲ အမေရိကက ရှားပါးလက်နက်တွေ ရှာဖွေစုဆောင်းသူ အမေရိကန်သား တဦးကလည်း ဘူတန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာတာ ဖြစ်တယ်။ ယင်းနောက်မှာတော့ သူတို့တွေ ဘာလုပ်ကြလဲ ၊ ဘာကြောင့် ဒီသေနတ်ကို လိုချင်ကြရသလဲ ဆိုတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဇာတ်လမ်းနဲ့အတူ စီးမြောပြီး ပြုံးမိရင်း စိတ်ကြည်နူးချမ်းမြေ့စွာနဲ့ ကြည့်ရှု့ကြရမယ့် ရုပ်ရှင် ဖြစ်ပါတယ်။

The Monk and the Gun 2023 - 1080p ဇာတ်ကားသစ်
The Monk and the Gun 2023 - 1080p ဇာတ်ကားသစ်

Geocentric Crisis (2023) အသစ်စက်စက်

အန္တရာယ်တို့ကြီးစိုးလေသော Geocentric Crisis (2023) အသစ်စက်စက် ဇာတ်လမ်းအကျဥ်း ဒီဇာတ်လမ်းလေးက အခြား Sci-Fi ကားတွေလိုပဲ အနာဂတ်ရဲ့အချိန်ကာလတစ်ခုကို ဇာတ်အိမ်တည်ထားပါတယ် ~ နောက်နှစ်ပေါင်းများစွာကြာပြီးတဲ့ အနာဂတ်မှာတော့ ကမ္ဘာမြေကြီးရဲ့ ဖန်လုံအိမ်အာနိသင်ဟာ ပိုမိုဆိုးရွားလာတဲ့အတွက် ပတ်ဝန်းကျင်ယိုယွင်းလာပြီး  လူတွေဟာ ရှင်သန်ဖိုအတွက် မြေအောက်မြိုတော်ကို ပြောင်းရွှေ့နေထိုင်ရပါတယ် ~ ဒါပေမဲ့ နေထိုင်တာ ကြာမြင့်လာတဲ့အခါမှာတော့ မြေအောက်မြိုတော်ရဲ့ စွမ်းအင်အရင်းအမြစ်တွေဟာ တစ်နေ့တခြား ဆုတ်ယုတ်လာပြီး မြေအောက်ရဲ့ သက်ရှိဦးရေ  အဆမတန်တိုးပွားလာမှုကြောင့် လူတွေဟာ မြေအောက်မှာလည်း နေထိုင်လိုမရတော့ပဲ ကမ္ဘာမြေပြင်ပေါ်သို ပြန်လည်အခြေချနေထိုင်ဖို နည်းလမ်းတစ်ခုကို စဉ်းစားရပါတော့တယ် ~ ပညာရှင်တိုရဲ့ အမျိုးမျိုးတွက်ချက်မှုတွေ ပြီးသွားတဲ့နောက်မှာ လူသားတွေကို မြေပြင်ပေါ်သိုပိုဆောင်နိုင်မယ့် ပရောဂျက်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်ကြပါတယ် ~ ဒါပေမဲ့ စတင်စမ်းသပ်သည့်နေ့မှာပဲ အဆိပ်ရှိတဲ့ ဓာတ်ငွေ့တွေ လွတ်ထွက်လာပြီး မြေအောက် မို‌ဒေါ် အိမ်မြှောင်တွေဟာ ချက်ချင်းဆိုသလို ကြီးမားသော သားရဲကောင်များအဖြစ်သို ပြောင်းလဲသွားတဲ့ အခါမှာ  .  .  . မြေအောက်ပြည်သူတွေဟာ အဲ့ဒီသားရဲကောင်ကြီးတွေရဲ့ အန္တရာယ်ကနေ လွတ်မြောက်နိုင်ပါ့မလား? မြေပြင်ပေါ်ကို ဦးတည်တဲ့ တစ်စီးတည်းသော ရထားခရီးစဥ်ကြီးက‌ရော အဆုံးသတ်မှာ အဆင်ပြေပြေနဲ့ ကမ္ဘာမြေပြင်ပေါ်ကို ရောက်ရှိသွားမလား? စတာတွေကို ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ကြည့်ရှုရမယ့်ကားလေးပဲ  ဖြစ်ပါတယ်

Geocentric Crisis (2023) အသစ်စက်စက်
Geocentric Crisis  (2023) အသစ်စက်စက်

Snow Valley 2024

Snow Valley (2024) Thriller, Horror, Comedy ပိတ်ရက်ကိုအပန်းဖြေဖို့ နှင်းလျှောစီးစံအိမ်ကိုရောက်လာကြတဲ့ လော်ရာနဲ့ ဟိသ်ဆိုတဲ့ စု
Snow Valley (2024) Thriller, Horror, Comedy ပိတ်ရက်ကိုအပန်းဖြေဖို့ နှင်းလျှောစီးစံအိမ်ကိုရောက်လာကြတဲ့ လော်ရာနဲ့ ဟိသ်ဆိုတဲ့ စုံတွဲမှာ လော်ရာက ဆေးသုတေသနအတွက် စာတမ်းတင်ဖို့ကြိုးစားနေတဲ့ ထက်မြက်တဲ့မိန်းကလေးဖြစ်ပြီး ဟိသ်ကတော့ စီးပွားရေးမှာအောင်မြင်ဖို့ကြိုးစားနေတဲ့ ပျော်ပျော်နေတတ်တဲ့ လူငယ်လေးဖြစ်ပါတယ်။ ခင်ပွန်းလောင်း ဟိသ်ကို အဲလောက်ချမ်းသာတဲ့လူလို့ထင်မထားတဲ့ လော်ရာဟာ ခမ်းနားလွန်းတဲ့ နှင်းလျှောစီးစံအိမ်ကြီးကိုမြင်လိုက်ရချိန်မှာ အံ့အားသင့်ခဲ့ရပါတယ်။ လက်ထပ်ခွင့်တောင်းခံရလို့ပျော်နေခဲ့တဲ့ လော်ရာနဲ့ လုပ်ငန်းအောင်မြင်လို့ပျော်နေတဲ့ ဟိသ်တို့အတွက် မမျှော်လင့်တဲ့ ဧည့်သည်နဲ့အတူ စံအိမ်ကြီးရဲ့လျို့ဝှက်ချက်တွေ ဖုံးကွယ်ထားတဲ့ကိစ္စတွေဟာ မုန်တိုင်းနဲ့အတူပေါ်လာချိန်မှာတော့.....

သေမိန့်ကျ၀ရမ်းပြေး (1080p) The Pig, The Snake and The Pigeon 2024 ဇာတ်ကားသစ်

သေမိန့်ကျ၀ရမ်းပြေး ဇာတ်ကားသစ် The Pig, The snake and The Pigeon 2024 Rating 8.5/10 ရရှိထားတဲ့ ထိုင်၀မ်နာမည်ကြီးရုပ်ရှင်အသစ်စက
သေမိန့်ကျ၀ရမ်းပြေး ဇာတ်ကားသစ် The Pig, The snake and The Pigeon 2024 Rating 8.5/10 ရရှိထားတဲ့ ထိုင်၀မ်နာမည်ကြီးရုပ်ရှင်အသစ်စက်စက် ဇာတ်လမ်းအကျဉ်း ၀ရမ်းပြေး ချန်ကွေလင်ဟာ သူ့ကိုယ်သူ ကင်ဆာရောဂါနောက်ဆုံးအဆင့်ရောက်နေပြီး မကြာခင်သေတော့မယ်ဆိုတာ သိလိုက်ရပါတယ် မသေခင် သူ့နာမည်ကိုလူတွေမှတ်မိနေအောင်လုပ်ချင်ခဲ့တာကြောင့် အလိုရှိ၀ရမ်းပြေးစာရင်းနံပါတ်သုံးမှာ ရှိ‌နေတဲ့ ချန်ကွေလင်ဟာ စာရင်းထိပ်ဆုံးမှာ ရှိတဲ့ နံပါတ်တစ်ဟောင်ကောင်ငနဲ နဲ့ နံပါတ်နှစ်မှာရှိတဲ့နွားခေါင်း ဆိုတဲ့၀ရမ်းပြေးနှစ်ကောင်ကို ရှင်းပစ်ဖို့ကြိုးစားပါတော့တယ် ဘယ်လိုပဲဖြစ်ဖြစ် သေတော့မဲ့လူဆိုပြီး မသေခင်မှာ ဘာကိုမှမကြောက်မရွံ့နဲ့ ဆိုက်ကိုဆန်ဆန် ရူးမိုက်တော့မယ်ဆုံးဖြတ်လိုက်တဲ့အခါ ......

The Soul Reaper (2023) ဇာတ်ကားသစ်

The Soul Reaper (2023) ဇာတ်ကားသစ် IMDb - 6.2/10 နာမည်ကြီးနေတဲ့ ဗီယက်နမ် Horror ကားလေးကို စီအမ်ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဓားပြလူနည်းစုအုပ်စုတစ်စုဟာ နေရာရွှေ့ပြောင်းရင်း တစ်နှစ်ပတ်လုံးနှင်းတွေကျနေတဲ့ တောင်ပေါ်လေးတစ်နေရာမှာ အခြေချနေထိုင်ခဲ့ပါတယ်။ အဲဒီရွာလေးမှာ ထူးဆန်းတာကတော့ ရွာလူကြီးမိသားစုကလွဲပြီး ကျန်ရွာသားတွေက တောင်အောက်ကို မဆင်းနိုင်ပါဘူး။ သူတို့ရွာရဲ့ ထူးခြားမှုနောက်တစ်ခုကတော့ မှောင်လာရင် နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေ ထကြွတယ်လို့ သတ်မှတ်ထားပေမဲ့ ရွာရဲ့ပွဲတစ်ခုခုလုပ်စရာရှိရင် ညဘက်မှာပဲ ကြွက်မျက်နှာဖုံးတွေတတ်ပြီး လုပ်ကြတာပါပဲ။ ဒီလိုနဲ့ ရွာလူကြီးသမီးဖြစ်သူ ဖုန်ရဲ့ မင်္ဂလာပွဲကိုလည်း ရွာရဲ့အစဉ်အလာအတိုင်း ညဘက်မှာကျင်းပတာပေါ့။ အဲဒီမှာပဲ ငယ်ငယ်ကတည်းက ဝိညာဉ်တွေကို မြင်နိုင်တဲ့ ဖုန် ဟာ အနီရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ပေမဲ့ ကျန်တဲ့သူတွေကတော့ မမြင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ နေလာရင်း သူတိုရွာမှာ ထူးဆန်းစွာနဲ့ လူတွေ တစ်ယောက်က နှစ်ယောက် သေဆုံးလာခဲ့တဲ့နောက်မှာတော့ ရွာသားတွေဟာ ရွာမှာမနေရဲဘဲ တောင်အောက်ဆင်းဖို့ လမ်းရှာရင်း ဘယ်လိုတွေ ဆက်ဖြစ်မလဲ..... လူတွေကို သတ်နေတဲ့သူကရော ဘယ်သူဖြစ်မလဲ..... ဖုန်မြင်လိုက်တဲ့ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးကရော ဘယ်သူများလဲ ..... ဆိုတာတွေကို ဂမ္ဘီရဆန်ဆန်နဲ့ စိတ်ဝင်တစားကြည်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou နဲ့ Mary ပဲ ဖြစ်ပါတယ်။ #ChannelMyanmar

The Soul Reaper (2023) ဇာတ်ကားသစ်
The Soul Reaper (2023) ဇာတ်ကားသစ်

Battle of Snakes (2023) ဇာတ်ကားသစ်

Battle of Snakes (2023) လူသူဝေးတဲ့နေရာကို ကူးစက်စေတဲ့ ဓာတုအညစ်အကြေးအရည်တွေကို စွန့်ပစ်ဖို့ ကြိုးစားတဲ့ မ သ မာ`လူတစ်စုကြောင့်
Battle of Snakes (2023) လူသူဝေးတဲ့နေရာကို ကူးစက်စေတဲ့ ဓာတုအညစ်အကြေးအရည်တွေကို စွန့်ပစ်ဖို့ ကြိုးစားတဲ့ မ သ မာ`လူတစ်စုကြောင့် ပင်လယ်ထဲ ပြောင်းလဲမှုကြီးတစ်ခုဖြစ်ခဲ့တယ်… တစ်ဖက်မှာလည်း ပူတင်းဆိုတဲ့ သမီးလေးနဲ့ သားအဖသံယောဇဉ် ရင်ကြားစေ့ဖို့ ကြိုးစားနေတဲ့ လင်ဟောက်တုန်းတို့ သားအဖကလည်း… သူငယ်ချင်း မာဖန်း ကျေးဇူးနဲ့ ပင်လယ်ခရီးစဉ်စတင်ဖို့ဖြစ်ခဲ့တယ်… လင်ဟောက်တုန်းနဲ့ မာဖန်းတို့က ကိုယ်ပိုင်တိရစ္ဆာန်ဥယျာဉ် အသေးလေး ဖွင့်ထားတာဖြစ်ပြီး ဟောက်တုန်းမှာ ရှောင်ဟေးဆိုတဲ့ လိမ်မာလွန်းတဲ့ မျောက်ဝံတစ်ကောင်ရှိတယ်… ဒီမျောက်ဝံကို အချိန်ပေးလွန်းတာကြောင့်လည်း ကွာ ရှင်း ဖို့ဖြစ်လာပြီး သူ့သမီးလေး ပူတင်းနဲ့လည်း သူစိမ်းဆန်သွားခဲ့တာပေါ့…ဒီလိုနဲ့ ဖင်အန်းသင်္ဘောကြီးရဲ့ အပျော်ခရီးစဉ်စခဲ့တာပေါ့… ဒီခရီးစဉ်က ဘာကို အကြောင်းပြုတာလဲ… ဘာကြောင့် တိ ရ စ္ဆာန် တွေကို ဖိတ်ကြားခဲ့ရတာလဲ… နောက်ပြီး အပျော်ခရီးစဉ်ကြီး ဘယ်လို အဆုံးtတ်သွားမှာလဲ… စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာမို့ ကြည့်ရတာ အရှုံးမရှိစေမယ့် ကားကောင်းတစ်ခုပါ…

Sixty Minutes (2024) ဇာတ်ကားသစ်

Sixty Minutes (2024) ဇာတ်ကားသစ် Action, Adventure, Drama ဒီနှစ် အစမှာ ထွက်ရှိလာတဲ့ ဂျာမန် အက်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ O
Sixty Minutes (2024) ဇာတ်ကားသစ် Action, Adventure, Drama ဒီနှစ် အစမှာ ထွက်ရှိလာတဲ့ ဂျာမန် အက်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ Octavioက MMA fighter တစ်ယောက်ပါ။ သူ့ အသက် ၁၉နှစ်မှာ သူ့ exနဲ့ ရထားတဲ့ သူသိပ်ချစ်ရတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ သူ့သမီးလေးမွေးနေ့မှာမှ သူ လက်ဝှေ့ထိုးရမယ့် ပွဲက ၃ခါလောက် အချိန်ရွှေ့ဆိုင်းနေတာပါ။ သူ့သမီးလေး မွေးနေ့ကို အချိန်မီ မရောက်နိုင်မှာ စိုးရိမ်နေတဲ့ သူ့ဆီကို ကြိုးဝိုင်းထဲ ဝင်ခါနီးဆဲဆဲမှာ သူ့ Ex ဆီက ဖုန်းဝင်လာပါတယ်။ နောက်တစ်နာရီအတွင်း မရာက်လာနိုင်ရင် သူ့ကို မိဘ အုပ်ထိန်းခွင့်မပေးနိုင်တော့ဘူးလို ပြောလာပါတယ်။ ဒီလိုနဲ့ Octavioတစ်ယောက် ဘာကိုမှ လှည့်မကြည့်ဘဲ သမီးဆီရောက်ဖို ထွက်လာခဲ့ပေမယ့် သူ့နောက်ကို လူတွေက တောက်လျှောက်လိုက်လာနေခဲ့တာပါ။ လမ်းတစ်လျှောက် ကြုံရတဲ့ အခက်အခဲတွေ အနှောင့်အနှေးတွေကို ကျော်ဖြတ်ပြီး သမီးဖြစ်သူဆီ ဘယ်လိုအရောက်သွားမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Mayhem (2023) ဇာတ်ကားသစ်

Mayhem 2023 ဇာတ်ကားသစ် အညွှန်း ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ IMDB 6.3 ရရှိထားပြီး Rotten tomatoes မှာ 79% အထိရရှိထားတဲ့
+1
Mayhem 2023 ဇာတ်ကားသစ် အညွှန်း ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကတော့ IMDB 6.3 ရရှိထားပြီး Rotten tomatoes မှာ 79% အထိရရှိထားတဲ့ The Raid တို့ John Wick တို့လိုမျိုး အက်ရှင်ကောင်းကောင်း Cinematography ကောင်းကောင်းလေးနဲ့ ၂၀၂၃ ကထွက်ရှိထားတဲ့ ပြင်သစ်-ထိုင်း အက်ရှင်ဇာတ်ကြမ်းလေးပဲဖြစ်ပါတယ်။ လက်ဝှေ့သမားဟောင်း ထောင်ထွက်ဖြစ်တဲ့ ဆမ်တစ်ယောက် ထောင်ထဲက ထွက်လာပြီးနောက် သမားရိုးကျရှာစားချင်ပြီး မိသားစုနဲ့အေးဆေးနေချင်တာပါ။ ဒါပေမဲ့လည်း ကံမကောင်းအကြောင်းမလှဘဲ အရင်က သူ့ရဲ့ဒုစရိုက်မှုတွေက သူ့ဆီတစ်ကျော့ပြန်လှည့်လာတဲ့အခါ… သမီးလေးဓားစာခံဖြစ်ခဲ့ရတော့ ဆမ်တစ်ယောက် ဘယ်လိုတွေများ ကလဲ့စားလိုက်ချေမလဲ။ ဘယ်လိုတွေ ဒီလောကကနေ ရုန်းထွက်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။ အညွန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။

Hachiko 2023 1080p WEB-DL CM