en
Feedback
ကားတွန်းကားများ

ကားတွန်းကားများ

Open in Telegram

📈 Analytical overview of Telegram channel ကားတွန်းကားများ

Channel ကားတွန်းကားများ (@nangcartoon) in the Burmese language segment is an active participant. Currently, the community unites 25 140 subscribers, ranking 11 479 in the Movies category and 4 138 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 25 140 subscribers.

According to the latest data from 28 July, 2025, the channel demonstrates stable activity. Although there has been a change in the number of participants by -494 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 29 July, 2025), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

25 140
Subscribers
No data24 hours
-1237 days
-49430 days
Posts Archive
Moana 2 - 2024 👉https://t.me/+IpIyggJvsS0yNjA1 IMDb Rating (7.0) / Rotten Tomatoes (61%) Auli’i Cravalho က မိုအာနာအဖြစ် နဲ့
Moana 2 - 2024 👉https://t.me/+IpIyggJvsS0yNjA1 IMDb Rating (7.0) / Rotten Tomatoes (61%) Auli’i Cravalho က မိုအာနာအဖြစ် နဲ့ Dwayne "The Rock" Johnson ကပဲ မာဝီအဖြစ် ပြန်ပါဝင်ထားပါတယ်။ မိုအာနာအရင်ကားရဲ့ ထူးခြားချက်အတိုင်းပဲ သီချင်းလှလှတွေ စွန့်စားခန်းကောင်းကောင်းတွေနဲ့ ခံစားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း မိုအာနာတစ်ယောက် ကြီးပြင်းလာချိန်မှာ ဘိုးဘေးတွေရဲ့ ဆင့်ခေါ်မှုကြောင့် ပင်လယ်ပြင်ကြီးထဲကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတယ်။ ဒါကတော့ ကျွန်းအားလုံးအတွက် အန္တရာယ်ဖြစ်လာစေနိုင်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ကျိန်စာကို မရောက်ဖူးတဲ့ ပင်လယ်ပြင်အဆုံးစွန်ထိသွားပြီး ချေဖျက်ရမှာဖြစ်ပါတယ်။ ဒီတစ်ခါစွန့်စားခန်းကတော့ အရင်ထက် ပိုခက်ခဲနေသလို အနည်းငယ် ရင့်ကျက်လာတဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ မိုအာနာတစ်ယောက်လည်း ချိန်ဆစရာတွေ များလာပါတယ်။ ဒါပေမဲ့ အရင်ခရီးစဉ်လိုမဟုတ်ဘဲ လှေထိုးသား တစ်သိုက်နဲ့ ကြက်ကလေး ဝက်ကလေးတွေအပါ စွန့်စားခန်းဖွင့်လာရပြီး မာဝီနဲ့ အတူ ဘယ်လိုတွေ ခရီးဆက်ကြမလဲဆိုတာ ကြည့်ရမှာပါ။ (အညွှန်းရေးသားသူကတော့ Mr. Anderson ဖြစ်ပါတယ်။)

Sonic the Hedgehog 3 (2024) 👉https://t.me/+I2UL7NYXutYzNWU1 IMDb: 7.2/10 အကြည်ကြည့်ရပြီးဖြစ်တဲ့ အပြာရောင်ဆူးကောင် Sonic ကားလ
Sonic the Hedgehog 3 (2024) 👉https://t.me/+I2UL7NYXutYzNWU1 IMDb: 7.2/10 အကြည်ကြည့်ရပြီးဖြစ်တဲ့ အပြာရောင်ဆူးကောင် Sonic ကားလေးအသစ်ထွက်ရှိလာပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရှဲဒိုးဆိုတဲ့ Sonic လို ဆူးကောင်ပုံစံ အကောင်လေးကို ဂန်းဆိုတဲ့ အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးလိုက်ပြီး စမ်းသပ်ခဲ့ကြပါတယ်။ အဲ့ဒီစမ်းသပ်တဲ့ ပရော်ဖက်ဆာရဲ့ သမီးနဲ့ ခင်မင်လာပြီးတော့ အဲ့သမီးက ရှဲဒိုးကိုထောင်ထဲက လွတ်အောင် လုပ်ရင်း မတော်တဆ ‌ဆုံးသွားပါတယ်။ အဲ့ဒါကြောင့် နောက်နှစ်တွေအများကြီး ကြာပြီးနောက်ပိုင်း ရှဲဒိုးက ထောင်ထဲကပြေးလွတ်လာတာနဲ့ လက်စားချေဖို့လုပ်လာပါတယ်။ အဲ့လိုလက်စားချေဖို့လုပ်တဲ့အချိန် Sonic က သူကမ္ဘာမြေပေါ်ရောက်လာတဲ့ နှစ်ပတ်လည်အခမ်းအနားကို ဂန်းတို့အဖွဲ့အစည်းက ရောက်ချလာပြီး ရှဲဒိုးကို ဖမ်းပေးဖို့ Sonic ကိုတောင်းဆိုလာပါတယ် Sonic တို့က ဖမ်းနိုင်ပါ့မလား။ လက်စားချေချင်စိတ်ပြင်းနေတဲ့ရှဲဒိုးကရော ဘယ်သူတွေနဲ့ ပူးပေါင်းပြီး သူ့ရန်ငြိုးကို လောင်မြိုက်မလဲ။ Sonic တို့ကို ဆက်ဖမ်းမယ့် ပရော်ဖက်ဆာအက်ဂ်မန်းနဲ့ ဟာသတစ်ဖြတ်လေးတွေကြည့်ရမယ့်အပြင် Sonic တို့ ၃ယောက် အဖွဲ့မှာ ဘယ်လိုစည်းလုံးနိုင်မလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။ #Crdreview

မြွေဖြူမလေးဒဏ္ဍာရီ အတွဲ (၃) White Snake 3 : Afloat (2024) 👉 Channel Link အရင်ဝင်ပေးပါ https://t.me/+6_vKvHdDDGc0MTQ1 ဇာတ်ကား
မြွေဖြူမလေးဒဏ္ဍာရီ အတွဲ (၃) White Snake 3 : Afloat (2024) 👉 Channel Link အရင်ဝင်ပေးပါ https://t.me/+6_vKvHdDDGc0MTQ1 ဇာတ်ကားကြည့်ရန် 👉https://t.me/c/2173605665/9 ဇာတ်လမ်းအကျဉ်း 🌨တောင်ပိုင်းစုန့်မင်းဆက်ခေတ် လင်အန်းမြို့မှာ ရှောင်ပိုင်ဟာ အနှစ်ငါးရာကြာအောင် စောင့်ခဲ့ရပြီးနောက် အဆုံးမှာ အားရွှမ်း (ရွှီရွှန်း) ရဲ့ လူပြန်ဝင်စားခြင်းနဲ့ ကြုံရပြီး နှစ်ဦးသား တံတားကျိုးပေါ်မှာ ပြန်လည်ဆုံမိခဲ့ကြပါတယ် 🌨ရှောင်ပိုင်နဲ့ ရှောင်ချင်းဟာ ရှုပ်ထွေးတဲ့လမ်းမတွေထက်မှာ ပုန်းအောင်း‌ရင်း ရွှီရှန်းနှင့်အတူ သာမန်လူတွေအကြား သက်ဝင်လှုပ်ရှားတဲ့ ဘဝသစ်တစ်ခုကို စတင်ခဲ့ကြပါတယ် 🌨ဒါပေမယ့် မမျှော်လင့်ပဲ ဟန်ကျိုးမြို့မှာ ထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျင်းစန်းဘုရားကျောင်းမှ ပင်လယ်နတ်ဆိုးနှိမ်နင်းသူ ရောက်ရှိလာကာ ရှောင်ပိုင်နဲ့ ရှောင်ချင်းတို့ကို မြွေနတ်ဆိုးတွေအဖြစ် မတော်တဆ ထုတ်ဖော်မိသွားပါတယ် 🌨ရွှီရှန်းဟာ စပါးအုံးမြွေကြီးအဖြစ် ပြောင်းလဲသွားတဲ့ ရှောင်ပိုင်ကို မြင်လိုက်ရပြီး ထိတ်လန့်သွားတဲ့အခါ ... #Crdreview

Inside Out 2 (2024) Channel Link 👉 https://t.me/+6_vKvHdDDGc0MTQ1 Movie Link 👉 https://t.me/c/2173605665/8 Inside Out 1 အပြ
Inside Out 2 (2024) Channel Link 👉 https://t.me/+6_vKvHdDDGc0MTQ1 Movie Link 👉 https://t.me/c/2173605665/8 Inside Out 1 အပြီး ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ Animation film က Season 2 အနေနဲ့ ပရိသတ်ရှေ့ တစ်ဖန်ရောက်ရှိလာပါပြီ ဒီတစ်ခါ Season 1 မှာ ပါပြီးသား မိပျော်ရွှင်၊ ဒေါ်ဝမ်းနည်း၊ ဦးဒေါသ၊ ကိုကြောက်စိတ်၊ ဒေါ်ရွံရှာတို့အပြင် ခံစားချက်အသစ်တွေဖြစ်ကြတဲ့ မိပူပန်၊ ကိုရှက်ကြောက်၊ မယ်ငြီးငွေ့၊ အောက်မေ့ဘွားဘွားတို့နဲ့အတူ ရိုင်လေအန်ဒါဆန်ရဲ့ နေ့စဥ်ဘဝကို ထိန်းချုပ်သွားမှာဖြစ်လို့ ကြည်တောက်ရှင်းကြည့်ချင်သူများအတွက် ခုပဲတင်ပေးလိုက်ပါပြီနော် #Crdreview

ကာတွန်းရုပ်ရှင်တွဲတွေ ဖြစ်တဲ့ Despicable Me 4 လေးကားမြောက်လာပါပြီ။ Despicable Me 4 (2024) 👉https://t.me/cartoonmovie998/ ဇာတ
ကာတွန်းရုပ်ရှင်တွဲတွေ ဖြစ်တဲ့ Despicable Me 4 လေးကားမြောက်လာပါပြီ။ Despicable Me 4 (2024) 👉https://t.me/cartoonmovie998/ ဇာတ်လမ်းအကျဉ်းကတော့… ဗီ-လိန်တိုက်-ဖျ-က်-ရေး-အဖွဲ့ရဲ့အေး-ဂျင့် ဖြစ်လာတဲ့ ဂရု ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ သူ့ရဲ့ပြိုင်ဘက်ဟောင်း ဗီ-လိန် မက်ဆင်းကို ဖ-မ်း-ပေး-လိုက်ပါတယ်။ ဒါပေမဲ့ မက်ဆင်းက ထောင်-ကနေ ဖော-က်-သွားပြီး ဂရုကိုလက်-စား-ချေ-ဖို့ ကြိုးစားလာတဲ့အတွက် ဗီ-လိန်-တိုက်ဖျ-က်-ရေး-အဖွဲ့က ဂရုတို့ မိသားစုကို နာမည်ဝှက်နဲ့ မြို့လေးတစ်မြို့မှာ သွား ခြေ-ရာ-ဖျောက်-ခိုင်းထားလိုက်ပါတယ်။ အဲဒီမြို့မှာ သာမန်မိသားစုလို နေဖို့ကြိုးစားရင်း တလွဲတွေ ဖြစ်ပုံတွေ၊ မက်ဆင်းနဲ့ တို-က်-ခို-က်-ရပုံတွေကို မြင်ရမှာပါ။ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး မီနီယံတွေရဲ့ ဟာသတွေ ဂရုရဲ့တလွဲတွေနဲ့ ကြည့်ရမှာမို့ လူကြီးရောကလေးရော မိသားစုလိုက်ရော ကြည့်ဖို့အဆင်ပြေတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ #Crdreview

Dragonkeeper (2024) Movie Link 🖇️ https://t.me/cartoonmovie998/4 စပိန်-တရုတ်ဖက်စပ်ရိုက်ကူးထားတဲ့ Dragonkeeper ရုပ်ရှင်ကတော့
Dragonkeeper (2024) Movie Link 🖇️ https://t.me/cartoonmovie998/4 စပိန်-တရုတ်ဖက်စပ်ရိုက်ကူးထားတဲ့ Dragonkeeper ရုပ်ရှင်ကတော့ စိတ်ကူးယဥ်စွန့်စားခန်း Animation ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ရှေးဒဏ္ဍာရီလာနဂါးကြီးတွေကိုထိန်းကျောင်းနိုင်စွမ်း ရှိသူတွေအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကို တရုတ်နိုင်ငံ ဟန်မင်းဆက်ခေတ်မှာ အခြေတည်ထားပြီး အစေခံမလေးတစ်ယောက်ဖြစ်တဲ့ ပင်နဲ့ နဂါးကြီးလုံတန်စီတို့ရဲ့စွန့်စားခန်းခရီးစဥ်ကို လိုက်ပါ ကြည့်ရှု့ကြရမှာပါ။ လူသားတွေနဲ့နဂါးတွေဟာ ရှေးတုန်းက တစ်ခေတ်တစ်ခါမှာ အတူလက်တွဲစစ်တိုက်ခဲ့ကြဖူးပေမယ့် အာဏာမက်မောတဲ့ လူသားတွေကြောင့် နဂါးတွေဟာ ဖမ်းဆီးချုပ်နှောင်သတ်ဖြတ် ခံရပြီး မျိုးတုန်းတော့မယ့်အရေးနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ ဒါပေမဲ့ ရဲရင့်တဲ့ပင်ဆိုတဲ့မိန်းမငယ်လေးကတော့ ရှားရှားပါးပါး နဂါးတွေကို ထိန်းချုပ်နိုင်သူပီပီ အခက်အခဲတွေကိုကျော်ဖြတ်ပြီး နောက်ဆုံးလက်ကျန်နဂါးဥလေးကို ကယ်တင်ပေးနိုင်မှာလား ဆိုတာ ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ #Crdreview

Repost from N/a
Dragonkeeper (2024)

Mantra Warrior: The Legend of The Eight Moons (2023) IMDB: 5.9/10 SynopsisTrailersComplete cast ရှေးဟောင်းဒဏ္ဍာရီတွေအရ နှစ်ပေါင်း ၅၀၀ ကြာတိုင်းမှာ နတ်ဆိုးဝိဥာဉ်တွေကို ဆက်သွယ်ထိန်းချုပ်နိုင်တဲ့ “စတိ”နတ်စွမ်းအားဟာ မိန်းမပျိုတစ်ဦးရဲ့အသွင်နဲ့ နိုးထလာလိမ့်မယ်လို့ အဆိုရှိခဲ့တယ် အဲဒီစွမ်းအားဟာ အရာအားလုံးကို ဖန်တီးနိုင်သလို ဖျက်လည်းဖျက်ဆီးလိုက်နိုင်တာမို့ စကြဝဠာတစ်ခုလုံးရဲ့ ကပ်ဆိုးကြီး တစ်ခုလည်း ဖြစ်လာနိုင်ခဲ့တယ်ဝမ်နရာဂြိုဟ်ရဲ့ လမင်းရှစ်စင်း တစ်တန်းတည်းကျပြီး သေဆုံးခြင်းပင်လယ်နဲ့ အပြိုင်ဖြစ်သွားချိန်မှာ “စတိ”စွမ်းအား အမှားဘက်မရောက်အောင် ထိန်းသိမ်းပေးမယ့် မှော်ဝင် စစ်သည်တော်တွေ မွေးဖွားလာလိမ့်မယ်ဆိုတဲ့ ဒဏ္ဍာရီလည်း ရှိနေခဲ့တယ်ဒီဒဏ္ဍာရီတွေကို ယုံကြည်ခဲ့တဲ့ စစ်သူကြီးဆူခရစ်ပ်က မှော်ဝင်စစ်သည်တော်တွေ ဖြစ်လာနိုင်တဲ့ ဝါယု၊ဝေလာ၊ဘူစဘာဆိုတဲ့ တပည့်သုံးယောက်ကို စောင့်ရှောက်သင်ကြားပေးခဲ့ပြီး ဝမ်နရာဂြိုဟ်ရဲ့ဘုရင်ဖာလီလက်အောက်ကို ဝေလာနဲ့ ဘူစဘာကို သူလျှိုအဖြစ် စေလွှတ်ခဲ့တယ် ဝမ်နရာကို အုပ်ချုပ်သူ အယိုဒယားပြည့်ရှင်ရဲ့ သားတော်ရမ်ရဲ့ မိဖုရားဆီတာဟာ နတ်ဆိုးဝိဥာဉ်တွေနဲ့ ဆက်သွယ်နိုင်လာခဲ့တာမို့ “စတိ” စွမ်းအား နိုးထလာတော့မယ်ဆိုတဲ့ ဒဏ္ဍာရီ စတင်လာပါတော့တယ်အယိုဒယားရဲ့ ရန်သူ လုန်ကာဂြိုဟ်ဘုရင်ထွတ်စကန်က မင်းသမီးဆီတာကို ပြန်ပေးဆွဲသွားပြီး ဝမ်နရာဂြိုဟ်ကိုပါ ပုန်ကန်စေခိုင်းချိန်မှာတော့မင်းသမီးဆီတာကို ပြန်ကယ်တင်နိုင်ပါ့မလားဒဏ္ဍာရီလာ မှော်ဝင်စစ်သည်တော်တွေကရော တကယ်မွေးဖွားလာနိုင်မှာလားဂြိုဟ်တွေ ပုန်ကန်မှုကို ဖြေရှင်းနိုင်ပြီး စကြဝဠာမဟာမိတ်ကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ကားကြည့်ရန် 👉 https://t.me/cartoonmovie998/3

Mantra Warrior: The Legend of The Eight Moons (2023)
Mantra Warrior: The Legend of The Eight Moons (2023)

လုံးဝ အကြည်ဗားရှင်း လာပါပီ https://t.me/+8CUs_MTg4o8xN2I1
လုံးဝ အကြည်ဗားရှင်း လာပါပီ https://t.me/+8CUs_MTg4o8xN2I1

Kung Fu Panda 4 (2024) 👉https://t.me/+LQR_9YTyWc85YWNl ကွန်ဖူးပန်ဒါရဲ့ လေးကားမြောက်အဆက်ပါ။ ဒီကားမှာတော့ ပို ဟာ တောင်ကြားမြို
Kung Fu Panda 4 (2024) 👉https://t.me/+LQR_9YTyWc85YWNl ကွန်ဖူးပန်ဒါရဲ့ လေးကားမြောက်အဆက်ပါ။ ဒီကားမှာတော့ ပို ဟာ တောင်ကြားမြို့လေးရဲ့ ဆရာအသစ်ဖြစ်လာမှာဖြစ်ပြီး ဆရာအသစ်မဖြစ်ခင်မှာ သူ့ရဲ့နဂါးသူရဲကောင်းနေရာကိုဆက်ခံဖို့ တပည့်တစ်ယောက်ကိုမွေးထုတ်ပေးရမှာမလို့ တပည့်ရှာရင်း အရည်အချင်းရှိတဲ့မြေခွေးလေး ဂျန် ကိုတွေ့ပေမဲ့ အဲ့ဒီမြေခွေးလေးက ပိုကို သူ့ဆရာအဖြစ်မသတ်မှတ်တဲ့အခါ ဘယ်လိုတွေဖြစ်လာမလဲ... မှော်အစွမ်းထက်ပြီး ကြောက်စရာကောင်းတဲ့ The Chameleon ဆိုတဲ့ ပုတ်သင်ညိုတစ်ကောင်က အတိတ်က Tai Lung, Lord Shen နဲ့ Kai တို့လို လူဆိုးကြီးတွေကို ပြန်ခေါ်နိုင်တဲ့ထိစွမ်းအားကြီးလာတဲ့အခါ သူ့ကိုရင်ဆိုင်ရမယ့်နည်းလမ်းကိုအရေးတကြီးလိုအပ်လာတာကြောင့် ပိုနဲ့ ဂျန် တို့ဟာတောင်ကြားမြို့ကနေစွန့်ခွာပြီး ပထမဆုံးအကြိမ် ဒုစရိုက်မြို့တော်ဆီကို အတူထွက်လာတဲ့အခါ ဘာတွေနဲ့ကြုံလာရမလဲဆိုတာ .... အကြည်မထွက်သေးပါဘူး။

The Tiger’s Apprentice (2024) 👉https://t.me/nannkhamhom/195 နူဝါဆိုတဲ့ တရုတ်နတ်ဘုရားမက ဇာမဏီငှက်ရဲ့စွမ်းအားကိုသုံးပြီး လူသား
The Tiger’s Apprentice (2024) 👉https://t.me/nannkhamhom/195 နူဝါဆိုတဲ့ တရုတ်နတ်ဘုရားမက ဇာမဏီငှက်ရဲ့စွမ်းအားကိုသုံးပြီး လူသားတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီဇာမဏီရဲ့ စွမ်းအားဟာ ကောင်းတဲ့လူလက်ထဲရောက်ရင် ဖန်တီးနိုင်စွမ်းရှိပေမဲ့ မကောင်းတဲ့လူလက်ထဲရောက်ရင် ဖျက်ဆီးနိုင်စွမ်းကြီးတယ်။ အဲဒီဇာမဏီက ကျောက်တုံးတစ်ခုထဲရှိနေတယ်။ အဲဒီကျောက်တုံးကို အစောင့်အရှောက်လို့ခေါ်တဲ့လူက ကာကွယ်ရတယ်။ အဲဒီအစောင့်အရှောက်ကို ရာသီခွင်အကောင် ဆယ့်နှစ်ကောင်က ပြန်ကူညီပေးတယ်။ အဲဒီကျောက်ကိုလိုချင်နေတဲ့ မိစ္ဆာမကြီးက အစောင့်အရှောက်အဘွားကြီးနဲ့သူ့မြေးနောက် တစ်ချိန်လုံးလိုက်နေခဲ့တယ်။ ရာသီခွင်၁၂ကောင်ကလည်း သူတို့မြေးအဘွားကို ကာကွယ်ပေးခဲ့တယ်။ ကလေးကို စိတ်ပူတာမို့ သူတို့တွေ ဇာတ်မြုပ်ပြီး နေနေကြတယ်။ တစ်နေ့မှာ ကလေးက သွေးထဲကပါလာတဲ့ အစွမ်းကို ထုတ်သုံးလိုက်လို့ အဲဒီအစွမ်းကို အနံ့ခံမိသွားတဲ့ မိစ္ဆာမကြီးက သူတို့ဆီဆိုက်ရောက်လာခဲ့တဲ့အခါ ... #Credit_Review

Rise of the Guardians - 2012 https://t.me/nannkhamhom/194
Rise of the Guardians - 2012 https://t.me/nannkhamhom/194

Megamind Vs the Doom Syndicate (2024) 👉https://t.me/nannkhamhom/193 ရုပ်ဆိုးရင် ဗီလိန်လို့ထင်ကြတဲ့ လောကကြီးမှာ ရုပ်ဆိုးဆိုး
Megamind Vs the Doom Syndicate (2024) 👉https://t.me/nannkhamhom/193 ရုပ်ဆိုးရင် ဗီလိန်လို့ထင်ကြတဲ့ လောကကြီးမှာ ရုပ်ဆိုးဆိုး ဉာဏ်ကြီးရှင်လေး မွေးဖွားလာတာက ဗီလိန်ဖြစ်ဖို့ သတ်မှတ်ပေးလိုက်တာပါပဲ ဧရာမဦးခေါင်းကြီးရယ် အပြာရောင်အရေပြားရယ်ကြောင့် ဗီလိန်တွေရဲ့စံပြဖြစ်ခဲ့တာပါ၊ ဒီလိုဆိုတိုင်း ရုပ်ဆိုးပေမဲ့ စိတ်ထားမဆိုးဘဲ ဗီလိန်ကနေ ဟီးရိုးဖြစ်သွားတဲ့ ကမ္ဘာကျော်မီဂါမိုင်းကို လူတိုင်းမှတ်မိကြတယ်မလား ပထမဇာတ်ကားမှာတုန်းက ဗီလိန်တိုက်တန်ကို အနိုင်ပိုင်းခဲ့ပြီး မက်ထရိုမြို့ကို စောင့်ရှောက်နေခဲ့တဲ့ မီဂါမိုင်းတစ်ယောက်က ဒီဒုတိယဇာတ်ကားမှာတော့ Doom Syncidate ဆိုတဲ့ ဗီလိန်သူငယ်ချင်းဟောင်းအဖွဲ့ကို အနိုင်တိုက်ရတော့မှာပါ မက်ထရိုမြို့ကို ဒုက္ခပေးချင်တဲ့သူမှန်သမျှ Megamind က ရှင်းထုတ်ပစ်မယ့်အပြင် Megamind team ပါဖွဲ့စည်းပြီး အပီအပြင်ဆော်ကြတာမို့ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်ချင်ရင် ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်နော် Review by : EstherM

ဘာဘီ ချစ်သူများအတွက် 👇 Monster High: Frights, Camera, Action! (2014) https://t.me/barbieformyanmarsub
ဘာဘီ ချစ်သူများအတွက် 👇 Monster High: Frights, Camera, Action! (2014) https://t.me/barbieformyanmarsub

အမွှေစိန် ကြည့်မယ့်သူ 👇 Channel မှာ ဝင်ကြည့်ကြနော် https://t.me/Amuneseinlay98
အမွှေစိန် ကြည့်မယ့်သူ 👇 Channel မှာ ဝင်ကြည့်ကြနော် https://t.me/Amuneseinlay98

Wish - 2023 720p https://t.me/nannkhamhom/191 1080p https://t.me/nannkhamhom/192 ငယ်ငယ်က ကြယ်ကြွေပြီဆိုရင် အပြေးလေး မျက်စိမှိ
Wish - 2023 720p https://t.me/nannkhamhom/191 1080p https://t.me/nannkhamhom/192 ငယ်ငယ်က ကြယ်ကြွေပြီဆိုရင် အပြေးလေး မျက်စိမှိတ် ဆုတောင်းလိုက်ရမှ ကျေနပ်ကြတယ်မလား … အခုရော ကြယ်ကြွေရင် ဆုတောင်းနေတုန်းပဲလား … တိုင်းသူပြည်သားတွေရဲ့ ဆုတောင်းတွေကို ဘေးကင်းလုံခြုံဖို့ရာဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လက်ဝါးကြီးအုပ်ထားတဲ့ ဘုရင်တစ်ပါးရယ် ဆုတောင်းတွေက မိမိကိုယ်တိုင်မှတစ်ပါး တခြားသူနဲ့မသက်ဆိုင်ပါဆိုတဲ့ ခံယူချက်နဲ့ ကလေးမလေးတစ်ယောက်ရယ် သူတို့နှစ်ယောက်ကြား ကတောက်ကဆဖြစ်ရာကနေ မိသားစုတွေ ချစ်ရတဲ့သူတွေပါ ထိခိုက်လာရတော့ပါတယ် ကောင်းကင်က ကြယ်လေးတစ်လုံးကို ခူးဆွတ်ပြီး အကူအညီရလာတဲ့အခါ ဘုရင်ကြီး သိမ်းဆည်းထားတဲ့ ဆုတောင်းတွေကို မူလပိုင်ရှင်တွေဆီ ပြန်ပေးအပ်ဖို့လုပ်တဲ့ အာရှာတစ်ယောက် တားမြစ်မှော်အစွမ်းတွေနဲ့ အားကြီးနေတဲ့ အရှင်ဘုရင်ကို ကျော်ဖြတ်နိုင်ပါ့မလားဆိုပြီး အတူတူကြည့်ကြည့်ကြမယ်နော် 💫🌟 Review by Hsu

The Secret Life of Pets 2 (2019) 👉https://t.me/nannkhamhom/190 ကျွန်တော်တို့ ဇာတ်လိုက်လေး Max ဟာ အခုတော့ Duke နဲ့ အတော်လေး အ
The Secret Life of Pets 2 (2019) 👉https://t.me/nannkhamhom/190 ကျွန်တော်တို့ ဇာတ်လိုက်လေး Max ဟာ အခုတော့ Duke နဲ့ အတော်လေး အပေးအယူမျှသွားကြပါပြီ။ ဆိုတော့ အရင်ကလို သခင်နဲ့အတူ အပူအပင်ကင်းကင်းနေတော့မယ်ဆိုတဲ့အချိန်မှ Katie ဟာ ရုတ်တရက် အိမ်ထောင်ကျသွားပါတယ်။ ဒီလိုနဲ့ Liam ဆိုတဲ့ ကလေးလေး မွေးဖွားလာခဲ့ပါတယ်။ အာရုံနောက်တာ မကြိုက်တဲ့ Max တစ်ယောက် တိုင်ပတ်တာပေါ့ဗျာ။ မြင်မြင်ရာ အလွတ်မပေးတတ်တဲ့ Liam နဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ရင်းတိမ်းရင်းပဲ အချိန်တွေကုန်လာခဲ့ပါတယ်။ ဒီလိုနဲ့ Liam လေး အရွယ်ရောက်လာတဲ့အခါမှာ Max နဲ့ သံယောဇဉ်တွယ်လာခဲ့သလို Max ဟာလည်း မျက်စိရှေ့က အပျောက်မခံနိုင်လောက်အောင်ကို အဖြစ်သည်းလာခဲ့ပါတယ်။ Liam ကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင် ကာကွယ်ရင်း ဗျာများနေရတဲ့ Max အဖြစ်ကို မြင်ရမှာဖြစ်သလို တစ်ဖက်မှာလည်း ယုန်လေး Snowball ဟာ အရင်ကလို ယုန်ကြမ်းကြီး မဟုတ်တော့ဘဲ တိအကျိုးကို သယ်ပိုးထမ်းရွက်မဲ့ ဟီးရိုးတစ်ယောက်ဖြစ်လို့နေပါပြီ။ (အညွှန်းနဲ့ ဘာသာပြန်သူကတော့ Thet Hnin Hsu ဖြစ်ပါတယ်)