en
Feedback
[TLT] Moelone MSub (5)

[TLT] Moelone MSub (5)

Open in Telegram

🚩 Channel was restricted by Telegram

Show more

📈 Analytical overview of Telegram channel [TLT] Moelone MSub (5)

Channel [TLT] Moelone MSub (5) (@moelonemsub5) in the English language segment is an active participant. Currently, the community unites 10 820 subscribers, ranking 38 759 in the Movies category and 8 261 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 820 subscribers.

According to the latest data from 08 September, 2024, the channel demonstrates stable activity. Although there has been a change in the number of participants by -135 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“🚩 Channel was restricted by Telegram”

Thanks to the high frequency of updates (latest data received on 09 September, 2024), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

10 820
Subscribers
No data24 hours
No data7 days
-13530 days
Posts Archive
Five Feet Detective ( 2024 )
Five Feet Detective ( 2024 )

.

.

Welcome to my Channel https://t.me/Moelone

Attack of the Meth Gator (2023) ********* ထူးထူးဆန်းဆန်း ဘက်ဂျက်ကားလေးကြည့်ချင်တဲ့ သူတွေအတွက် Attack Of The Meth Gator လို့ခေါ်တဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံခြားမှာ Meth(မက်သ်) လို့ခေါ်တဲ့မူးယစ်ဆေးတွေကို လူသုံးများကြပြီး ဒီကားထဲမှာပါတဲ့ မိကျောင်းက အဲ့ဒီမက်သ်တွေ အများကြီးကို စားလိုက်တဲ့အတွက် ဟိုက်ပြီးတော့ လူတွေ လိုက်သတ် မက်သ်တွေလိုက်ရှာနေတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဘယ်ကနေဘယ်လိုစဖြစ်တာလည်းဆိုတော့ ဖလော်ရီဒါမှာရှိတဲ့ ကျွန်းတစ်ကျွန်းမှာ မက်သ်တွေကို ကိုယ်တိုင်ချက်လုပ်ပြီး ရောင်းနေတဲ့ လူနှစ်ယောက်ကို ရဲတွေလိုက်ဖမ်းရာကနေ ရေကန်ထဲကို ဆင်းပြေးရင်း မိကျောင်းအစားခံလိုက်ရတာ ဖြစ်ပါတယ်။မိကျောင်းစားထားတဲ့အထဲမှာ မက်သ်တွေပါ ပါပြီး ထူးထူးဆန်းဆန်း အဲ့ဒါကြောင့်ပဲ မိကျောင်းကြီးက အကောင်ကြီး လာပြီး ပိုလည်း အားကြီးလာပါတော့တယ်။ဒါပေမယ့် မူးယစ်ဆေး တွေရဲ့ ထုံးစံအတိုင်းပဲ အဲ့ဒီမိကျောင်းကြီးက မက်သ်တွေကို ထပ်တောင့်တလာပြီး ကျွန်းပေါ်မှာရောနေရာအနှံ့မှာပါ လိုက်ရှာ ပါတော့တယ်။အဲ့ဒါကြောင့် ဒီလိုကြီးမားတဲ့ မိကျောင်းကြီးကို ရှင်းပစ်ဖို့အတွက် ကျွန်းပေါ်ကရဲမှူးက တခြားတစ်နေရာမှာ တာဝန် ထမ်းဆောင်နေတဲ့ DEA အရာရှိဖြစ်တဲ့ သူ့သားဒန်တေးကိုပြန်ခေါ် ခဲ့ရပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီမိကျောင်းကြီးကို ရှင်းပစ်ဖို့အပြင် ဒီလို ပြဿနာတွေဖြစ်အောင် ဖန်တီးနေတဲ့ မက်သ်ချက်တဲ့ဓာတ်ခွဲခန်းတွေ ကိုပါ ဘယ်လိုအမြစ်ဖြတ်သွားမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်..

Attack of the Meth Gator (2023)
Attack of the Meth Gator (2023)

Welcome to my Channel https://t.me/Moelone

Camino (2008) ========== IMDb - 7.4 မက်ဒရစ်မြို့မှာ နေထိုင်တဲ့ ၁၁ နှစ်အရွယ် ကာမီနိုဆိုတဲ့ကောင်မလေးဟာ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွင်စွာဖြတ်သန်းနေတဲ့ သာမန်ကျောင်းသူလေးတစ်ဦးဖြစ်ပါတယ်။ သူမတို့မိသားစုဟာ ဘာသာရေးကိုင်းရှိုင်းပြီးတော့ အမေဖြစ်သူဟာ ကာမီနိုအပေါ်မှာ ချုပ်ချယ်တတ်လို့ ကာမီနိုဟာ အမေထားပေးတဲ့ အချက်အပြုတ်သင်တန်းကို တက်နေရပေမယ့် ပြဇာတ်ကိုသာ စိတ်ဝင်စားနေရှာတာပါ။ ပြီးတော့ ကာမီနိုလေးဟာ ကျောရိုးအဆစ်လွဲနေတဲ့အတွက် ပုံမှန် ဆေးစစ်ရပါတယ်။ ဒီလိုနဲ့ တစ်နေ့ ကာမီနိုလေးတစ်ယောက် ကျောရိုးက မခံမရပ်နိုင်အောင် နာကျင်လာတဲ့အတွက် ဆေးရုံမှာ ဆေးစစ်တဲ့အခါ ကျောရိုးအဆစ်လွဲနေတာမဟုတ်ဘဲ ကျောရိုးအဆစ်ပေါ်မှာ ကင်ဆာအကြိတ် တည်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ပုံမှန်ဆယ်ကျော်သက်ကျောင်းသူလေး ကာမီနိုရဲ့ ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရပါတော့တယ်။ ဒီဇာတ်ကားလေးမှာ ကာမီနိုက အရွယ်နဲ့မလိုက်အောင် ဘာသာရေးကိုင်းရှိုင်းပြီး ရင့်ကျက်ပုံတွေ၊ သာမာန်ကျောင်းသူတွေလို မနေရဘဲ ကင်ဆာကုသဖို့ စွန့်လွတ်လိုက်ရတာတွေ၊ ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်မှုကို မေးခွန်းထုတ်လာမိတာတွေကို ဝမ်းနည်းဖွယ်ရာရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အခြေခံဇာတ်ကားလေးဖြစ်ပါတယ်။

Camino (2008)
Camino (2008)

Welcome to my Channel https://t.me/Moelone

A Walk in the Woods (2015) ================== ခုတစ်ခါမှာတော့ စိတ်ရှုပ်စရာ လူမှုဘဝကနေ စွန့်ထွက်ပြီး အက်ပလန်ချန်တောင်ပေါ် ခြေဆန့်ကြသူနှစ်ဦးရဲ့ ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် 2015 က ထွက်ရှိခဲ့ပြီး Robert Redford ၊ Nick Nolte ၊ Emma Thompson တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ စာကောင်းသာ ရေးတတ်ပေမဲ့ စကားအပြောအဆို မတတ်လှတဲ့ စာရေးဆရာတစ်ယောက် တစ်ရက်မှာတော့ သူ့ပတ်ဝန်းကျင်ကို ငြီးငွေ့ပြီး သဘာဝသို့ တစ်ကိုယ်တော် ခြေဆန့်ဖို့ပြင်ပါတယ် ဒါပေမဲ့ မိန်းမက ခွင့်မပြုတော့ နီးစပ်ရာ အဖော်လိုက်စပ်ရာကငယ်စဉ်က တွဲဖက်ကျော် ကတ်ဇ် ဆိုသူတစ်ဦးသာ သူ့နောက်လိုက်ဖို့ ပေါ်လာပါတယ် ငယ်စဉ်က ကတောက်ကဆတွေရှိခဲ့ပေမဲ့ နှစ် ၄၀ ကြာပြီးမှ ဖြစ်ခဲ့သမျှကို ပြည်ဖုံးကား ကာချပြီး အက်ပလန်ချန်ခရီးစဉ်ကို အတူစတင်ကြပါတော့တယ်။ အတွင်းသိသူငယ်ချင်း နှစ်ဦးသား ငယ်ကျိုးငယ်နာဖော်ရင်း လမ်းတစ်လျှောက်မှာ အခက်အခဲ‌ပေါင်းစုံကျော်ဖြတ်ရင်းက မိတ်ဆွေစစ်နဲ့ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို ဘယ်လိုပြန်ရှာဖွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးကိုကြည့်ပြီး ဝေဖန်ခံစားလိုက်ပါ။

A Walk in the Woods (2015)
A Walk in the Woods (2015)

Welcome to my Channel https://t.me/Moelone

The Last Family (2016) ============== ဒီတစ်ခါ ဖြစ်ရပ်မှန်အပေါ်ပြန်လည်အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ပိုလန် ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ ဇဂျီစွာဗ် ဘက်စင်စကီဟာ သူ့ရဲ့ စိတ္တဇဆန်ဆန် အိပ်မက်ဆန်ဆန် ပန်းချီကားတွေကြောင့် နာမည်ကျော်ကြားခဲ့သူတစ်ဦးပါ။ ပန်းချီဝါသနာပါသူတွေနဲ့ ပန်းချီကားတွေအကြောင်း လေ့လာရတာသဘောကျသူတွေကတော့ သူ့လက်ရာပန်းချီကားတွေကို မြင်ဖူးတွေ့ဖူးကြမှာပါ။ ဇဂျီစွာဗ်ရဲ့ပန်းချီကားတွေဟာ ခေတ်သစ် အနုပညာလက်ရာတွေအပေါ် လွှမ်းမိုးမှုရှိတယ်လို့ ပြောရင်လည်း မှားမယ်မထင်ဘူးဗျ။ Horrorဆရာတစ်ဆူဖြစ်တဲ့ Guillermo del Toroကလည်း သူ့ရဲ့ပရိတ်သတ်တစ်ဦးဖြစ်တယ်လို့ ပြောဖူးပါသေးတယ်။ ဒါကြောင့်မို့လို့လည်း သူတို့ရဲ့ဖန်တီးမှုတွေဟာ ပဟေဠိဆန်ပြီး ခြောက်ခြားဖို့ကောင်းနေတာလို့ ထင်တယ်ဗျ။ ဒီရုပ်ရှင်ကတော့ ဇဂျီစွာဗ် ဘက်စင်စကီရဲ့ ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဇဂျီစွာဗ် ဘတ်စင်စကီရဲ့ ဘဝဟာလည်း သူဆွဲခဲ့တဲ့ ပန်းချီကားတွေလိုပဲ ရှုပ်ထွေးပြီး ထူးဆန်းပါတယ်။ သူ့မှာ ဇိုရှာလို့ခေါ်တဲ့ မိန်းမတစ်ယောက်ရှိပြီး တောမက် ဘက်စင်စကီဆိုတဲ့ သားတစ်ယောက်လည်း ရှိပါသေးတယ်။ တောမက်ကတော့ ပြဿနာခဏခဏရှာတတ်တဲ့ စိတ်ဝေဒနာသည်လေးတစ်ဦးလို့ပဲ ပြောရမယ်ဗျ၊ ဒါပေမယ့် သူကလည်း ရုပ်ရှင်ဘာသာပြန်နဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူ တစ်ဦး ဖြစ်ခဲ့ပြန်ပါသေးတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီမိသားစုဝင်တွေရဲ့ သေဆုံးပုံတွေကလည်း တစ်မျိုးစီ ထူးခြားပြီး စဉ်းစားစရာဖြစ်နေတာပါပဲ။ ဒီလိုအဖြစ်ဆိုးတွေကပဲ ဇဂျီစွာဗ်ရဲ့ ပန်းချီတွေကို ခြောက်ခြားဖို့ကောင်းစေခဲ့တာလား၊ ပန်းချီကားတွေရဲ့ အဓိပ္ပာယ်ကရော ဘာလဲ စတာတွေက အဖြေရှာရခက်တဲ့ မေးခွန်းတွေပါ။ ဒီလိုထူးဆန်းတဲ့ပန်းချီတွေကိုဆွဲခဲ့တဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ ဘဝအကြောင်းကို နားလည်ချင်ရင်တော့ ဒီရုပ်ရှင်ကိုသာကြည့်လိုက်ပါဗျ။ ရိုက်ကူးထားသူကလည်း ပိုလန်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Jan P. Matuszyńskiဖြစ်ပါတယ်။ Ratingရလဒ်ကောင်းတွေလည်း ရရှိထားတာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ညွှန်းချင်ပါတယ်ဗျာ။

The Last Family (2016)
The Last Family (2016)

Welcome to my Channel https://t.me/Moelone

The Last Full Measure (2019) ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ဗီယက်နမ်စစ်ပွဲမှာ ပါဝင်ခဲ့တဲ့အငြိမ်းစား တပ်ကြပ်ကြီးတစ်ယောက်ရောက်လ
+3
The Last Full Measure (2019) ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ဗီယက်နမ်စစ်ပွဲမှာ ပါဝင်ခဲ့တဲ့အငြိမ်းစား တပ်ကြပ်ကြီးတစ်ယောက်ရောက်လာတယ်… လေတပ်က စစ်သည်တစ်ယောက်ရဲ့ သူရဲကောင်းဘွဲ့နဲ့ပတ်သက်ပြီးလာခဲ့တာပါ… တပ်ကြပ်ကြီးလာခဲ့တဲ့အကြောင်းရင်းက အမေရိကန်ရဲ့အမြင့်ဆုံးသူရဲကောင်းဘွဲ့ဖြစ်တဲ့ Medal of Honor မပေးလို့ ရောက်လာတာပါ… ဒီကိစ္စတစ်ခုလုံးပြန်လည်စုံစမ်းပြီး Medal Of Honor ပေးသင့်မပေးသင့် ဆုံးဖြတ်ပါတော့တယ်.. သူက အဲ့ဒီလို ရစေချင်လောက်အောင် ဒီလေတပ်စစ်သည်ဟာ စစ်ပွဲအတွင်း ဘာလိုတွေများစွမ်းဆောင်ခဲ့တာလဲ… ဒီစစ်ကားက တော်တော်ကြီးကိုကောင်းပါတယ်…စုံစမ်းမေးမြန်းနေတာကို တစ်လှည့်ပြလိုက် ရှေ့တန်းစစ်မြေပြင်ရဲ့ ကြောက်စရာ တိုက်ပွဲတွေကိုတစ်လှည့်ပြလိုက်နဲ့ တကယ့်ကို လန်းပါတယ်…စစ်ကားကြိုက်သူတို့ အတွက် လက်မလွှတ်သင့်ပါကြောင်း..

Welcome to my Channel https://t.me/Moelone

The Coldest City ( 2023 ) ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံကို ကျူးကျော်ထားတဲ့ ဂျပန်တွေဟာ လက်နက်ချခဲ့ပါတယ် အဲဒီအချိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက တုန်းပေဆိုတဲ့ မြို့လေးမှာ အုပ်ချုပ်သူမဲ့နေတဲ့ အခြေအနေမှာ ဒုစရိုက်သမားတွေနဲ့ ပြည့်နှက်နေသလို မကောင်းတဲ့ အင်အားစုတွေဟာ ဒီမြို့လေးမှာ ကြီးစိုးနေပါတယ်။ သူငယ်ချင်းရဲ့ မိသားစုဖြစ်တဲ့ ဖန်းမိသားစုတစ်စုလုံး အသတ်ခံလိုက်ရတာအပြင် ဖူရှန်းဘဏ်က လူ ၃၇ ယောက် အသက်ပေးလိုက်ရတဲ့ အမှု‌ကြောင့် လက်စားချေဖို့အတွက် ပင်းမြို့ကို ရောက်လာခဲ့တဲ့ လက်ဖြောင့်သေနတ်သမား ကုညန့်၊ ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်တဲ့ လီမိသားစုက သခင်ကြီး လီဟွမ်နဲ့ သားဖြစ်သူ လီချင့်၊ ကုညန့်ကို ကူညီပေးမယ့် လုပ်ကြံသတ်ဖြတ်သူ လောင်ကျောင်း၊ ပင်းမြို့မှာ နေရာရဖို့ မကောင်းမှုအားလုံးကို ကျူးလွန်နိုင်တဲ့ လောဘဇောတိုက်နေတဲ့ စီးပွားရေးသမားတွေ... တစ်မြို့လုံးမှာ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေကြားမှာ ကုညန့်ရဲ့ လက်စားချေဖို့ အစီအစဥ်ဟာ အောင်မြင်နိုင်ပါ့မလား လုပ်ကြံသတ်ဖြတ်သူဖြစ်တိုင်း မကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို သက်သေပြသွားမယ့် လောင်ကျောင်းကရော ကုညန့်ကို ဘယ်လောက်အထိ ကူညီသွားမလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ အားပေးကြပါဦး ဒီဇာတ်ကားဟာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲကာလမှာ တိုင်းပြည်ကာကွယ်ရေးမှာ တစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ သေနတ်သမားတွေကို ကိုယ်စားပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်

Welcome to my Channel https://t.me/Moelone